Lord-Shen.

Lord-Shen. Still trying.💗

06/10/2024

ငြိမ်တဲ့ရေက နစ်တတ်တယ်

ငြိမ်တဲ့ခွေးက ကိုက်တတ်တယ်

အနေအေးတဲ့ လူက ပိုရက်စက်တတ်တယ် ....

တစ်ခါတလေ ငြိမ်နေခြင်းက အန္တာရယ် ရဲ့ အငွေ့သက်တစ်ခါပဲ။

#စာတို #စာသား

05/10/2024
01/10/2024

မိဘ စကားကို ဉီးနှောက်ထဲမှာ သိမ်းထားပါ။

ချစ်သူ စကားကို နှလုံးသား ထဲမှာ သိမ်းထားပါ။

ပတ်ဝန်းကျင် စကားကိုတော့ ခြေဖဝါးအောက်မှာ

သိမ်းထားပါ။

#စာတို

19/09/2024

ဘယ်သူကမှ ကိုယ့်ကို ကူညီဖို့

လူဖြစ်လာတာ မဟုတ်တဲ့အတွက်

တစ်ယောက်တည်းဖြစ်နေရင်တောင်

ကိုယ့်အားကိုယ်ကိုးပြီး

လှလှပပ ရှင်သန်ရဲရမာပေါ့။

19/09/2024

ခါးနာရင် လိမ်းဆေးရှိတယ်

အားနာရင် လိမ်းဆေးမရှိဘူး

ဒါကြောင့်

ငြင်းသင့်တာ ငြင်း

ပြတ်သားသင့်တာ ပြတ်သားပါ

အားနာတတ်တဲ့ အကျင့်က

ကောင်းကျိုးပေးတာ နည်းတယ်။

#စာတို

18/09/2024

အဆင်ပြေတယ်ဆိုတာလဲ ခဏပဲ

အဆင်မပြေဘူးဆိုတာလဲ ခဏပဲ

အလိုလေးတွေးပြီး....

လောကဓံ တရားတေကို ရင်ဆိုင်ကြ။

#စာတို #စာပေ

18/09/2024

စကားတတ်တိုင်းလဲ မပြောနဲ့...

အစားဝင်တိုင်းလဲ မစားနဲ့...

ဉစ္စာ ရှိတိုင်းလဲ မကြွားနဲ့...

ရာထူးမြင့်တိုင်းလဲ မမောက်မာနဲ့...

အန္တရာယ်များ လွန်းလို့ပါ။

#စာတို #စာသား

13/09/2024

လမ်းပျောက်နေလို့ စိတ်ဓာတ်မကျပါနဲ့...

ကိုယ်လျောက်မယ့် လမ်းကို ကိုယ်တိုင်ပဲ

ဖောက်ရမာပါ။

#စာတို

12/09/2024

ကြိုးစားတဲ့သူတိုင်း မအောင်မြင်ပေမဲ့

အောင်မြင်နေတဲ့ သူတိုင်းကတော့

ကြိုးစားခဲ့ကြပါတယ်။

#စာတို #စာပေ #စာသား

11/09/2024

ပါးစပ်ပိတ်နေတဲ့ ငါးက

အနည်းဆုံးတော့

ငါးမျှားချိတ်မှာ မမိဘူး။

#စာတို #စာသား

10/09/2024

ဘဝကို ကြက်တူရွေး လိုမနေဘဲ

သိန်းငှက်လို ကျင့်ကြံပါ ။

ကြက်တူရွေးက စကားတတ်ပေမဲ့

မြင့်မပျံနိုင်ဘူး။ သိန်းငှက်က နူတ်ဆိတ်ပေမဲ့

မိုးထိအောင် ပျံနိုင်တယ်။

#စာတို #စာသား #စာပေ

09/09/2024

ငါးကြီးကြီး လိုချင်ရင်

ပင်လယ်ထဲ သွားပါ

ဒါပေမဲ့ မုန်တိုင်းတော့ ရှိလိမ့်မယ်။

#စာတို

💗
23/08/2024

💗

Lifestyle.
23/08/2024

Lifestyle.

16/07/2024

ကားမောင်းတဲ့လူတိုင်း အဆင့်နှစ်ဆင့်ကို
ဖြတ်သန်းရပါတယ် .....
******************************

ပထမတစ်ဆင့်ကတော့ ကားမောင်းသင်ရမယ်၊
ဒုတိယကတော့ ကားမောင်းလိုင်စင် ဖြေရပါမယ်။

အောင်ရင် လိုင်စင်ရပြီး ကားမောင်းတတ်ပြီလို့
မထင်လိုက်ပါနဲ့ဦး၊ ကားမောင်းလိုင်စင်ရတိုင်း
ကားမောင်းတတ်တယ်လို့ထင်ရင်
အမှားကြီးမှားသွားနိုင်ပါတယ်။
လိုင်စင်ကိုင်ထားပြီး ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်းမသိသူတွေ ဒုနဲ့ဒေး ပါ။

ဒါကြောင့် ကားတစ်စီးကို ကျွမ်းကျင်စွာ
မောင်းနှင်တတ်ဖို့အတွက်
မသိမဖြစ်သိထားရမယ့်
အခြေခံအကြောင်းအရာလေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။

◼️လက်ကိုင်ဂွေကို မှားယွင်းစွာ ကိုင်ဆောင်ခြင်း ၊

မြို့တွင်းမှာမောင်းမယ်ဆိုရင်တော့ ၃ နာရီနဲ့ ၉ နာရီ အနေအထားတွေကို ကိုင်ရမှာဖြစ်ပြီး၊
အမြန်လမ်းမှာဆိုရင်တော့ ၄ နာရီနဲ့ ၈ နာရီ
အနေအထားတွေကိုင်ပြီး မောင်းနှင်ရင်
လူသက်သာပါတယ်။
(၂ နာရီနဲ့ ၁၀ နာရီ အနေအထားတွေကတော့
လေအိတ်မပါတဲ့ကားဟောင်းတွေ၊
လက်ကိုင်ဂွေကြီးမားတဲ့ကားတွေနဲ့
ပါဝါစတီယာရင်စနစ်မပါဝင်တဲ့ ကားတွေအတွက်ပါ) လက်ကိုင်ဂွေကို လက်ဖဝါးနဲ့တွန်းထားတာမျိုးတွေဟာ လက်ချော်တတ်တာကြောင့် လက်နှစ်ဖက်နဲ့
ခိုင်မြဲစွာဆုပ်ကိုင်ပြီး မောင်းပါ။

◼️လက်ကိုင်ဂွေ နှင့် နီးကပ်စွာထိုင်ခြင်း ၊

လူအများစု အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ကြတဲ့
အကြောင်းအရာလေးတစ်ခုကတော့ လေအိတ်ပါပဲ။ ယာဉ်မတော်တဆမှုဖြစ်လို့ လေအိတ်ပွင့်လာခဲ့ရင်
လက်ကိုင်ဂွေနဲ့နီးကပ်စွာ ရှိနေခဲ့ပါက
နံရိုးကျိုးတာတွေ၊ မီးလောင်သလို
အပူလောင်တာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကားတစ်စီးကိုမောင်းနှင်တော့မယ်ဆိုရင် လက်ကိုင်ဂွေနဲ့ အနည်းဆုံး တစ်ပေခွဲလောက်
အကွာအဝေးရှိနေရပါမယ်။

◼️တာယာလေပေါင် ပုံမှန်မစစ်ဆေးခြင်း ၊

ယာဉ်မောင်းသမား အများစုဟာ
လေချိန်ဖို့ အနည်းငယ်ပျင်းတတ်ကြလေ့ရှိပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီဆိုင်တွေမှာ
လေချိန်လို့ရတာတောင် ချိန်ဖို့ပျင်းနေတတ်ကြ
ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့
လမ်းမကြုံရင် (သို့) ကားမောင်းနေရင်း
ဆိုင်တွေ့မှ ဝင်ချိန်တတ်ကြပါတယ်။
တာယာဟာ သင့်ကားရဲ့အရေးအကြီးဆုံး
အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက်
ပုံမှန်လေချိန်တာမျိုးတွေပြုလုပ်ပေးသင့်ပြီး
ခရီးဝေးသွားမယ့်အခါမျိုးတွေမှာ
နိုက်ထရိုဂျင်လေထိုးသွားကြဖို့
အကြံပေးလိုက်ပါရစေ။

◼️ဘေးမှန်များ အချိန်အဆလွဲနေခြင်း ၊

လမ်းပြောင်းခါနီးနဲ့ ဘက်ဆုတ်တဲ့ အချိန်တွေမှာ
ဘေးမှန်က အချိန်အဆလွဲနေရင်
မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ။ အခန့်မသင့်ရင် နောက်ဆုတ်တုန်း
လူတိုက်မိတာတို့ ၊လမ်းပြောင်းတုန်း သူများကား သွားပွတ်မိတာတို့ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဘေးမှန်နှစ်ဖက်လုံးကို
နောက်ကော ဘေးကော
နှစ်ဘက်စလုံး ထင်မြင်အောင်
သေချာချိန်ထားဖို့လိုအပ်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ အားလုံး အဆင်ပြေကြပါစေ။
ကျေးဇူးတင်ပါသည်။

 #မြန်မာစကားပုံများ  #စကားပုံ
06/07/2024

#မြန်မာစကားပုံများ #စကားပုံ

05/07/2024
04/07/2024

လူချစ်လူခင်ပေါစေမည့် အကောင်းဆုံး(၁၀)ခု

(၁) ပြုံးပါ။
𝐒𝐦𝐢𝐥𝐞.

အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။

(၂) နားထောင်ပါ။
𝐋𝐢𝐬𝐭𝐞𝐧.

တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။

(၃) မနှိုင်းယှဉ်ပါနဲ့။
𝐃𝐨 𝐧𝐨𝐭 𝐜𝐨𝐦𝐩𝐚𝐫𝐞.

သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။

(၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။
𝐃𝐨 𝐧𝐨𝐭 𝐞𝐱𝐩𝐞𝐜𝐭 𝐚𝐧𝐲𝐭𝐡𝐢𝐧𝐠.

လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။

(၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။
𝐇𝐮𝐦𝐛𝐥𝐞 𝐲𝐨𝐮𝐫𝐬𝐞𝐥𝐟.

သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။

(၆) ချီးမွမ်းစကားပြောဆိုပါ။
𝐒𝐩𝐞𝐚𝐤 𝐩𝐫𝐚𝐢𝐬𝐞.

တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။

(၇) သူများမကောင်းကြောင်း မပြောပါနဲ့။
𝐃𝐨 𝐧𝐨𝐭 𝐬𝐚𝐲 𝐛𝐚𝐝 𝐭𝐡𝐢𝐧𝐠𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐭𝐡𝐞𝐫𝐬.

သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။

(၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။
𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭 𝐰𝐢𝐭𝐡 𝐩𝐞𝐨𝐩𝐥𝐞.

လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။

(၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။
𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐞 𝐚 𝐩𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐚𝐭𝐭𝐢𝐭𝐮𝐝𝐞.

ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။

(၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။
𝐒𝐭𝐚𝐲 𝐭𝐡𝐞 𝐰𝐚𝐲 𝐲𝐨𝐮 𝐚𝐫𝐞.

ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။




#မေတ္တာဖြင့်ပြန်လည်မျှဝေခြင်း

Address

Tada-U
Mandalay

Website

Alerts

Be the first to know and let us send you an email when Lord-Shen. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lord-Shen.:

Share