Kyaw Ye Thu

Kyaw Ye Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Ye Thu, Digital creator, Mandalay.

25/01/2024
18/11/2023

နွေဦးဘဏ် အစုရှယ်ယာ ဝယ်ယူဖို့ ၁၀ရက်ပဲကျန်တော့တယ်နော်။

ICO Seed Round စဖွင့်တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ - ပထမဆုံးရက်မှာ နွေဦးဘဏ်ရှယ်ယာရှင်ဖြစ်ခွင့်ကို ကမ္ဘာအနှံ့မှ ဝယ်ယူခဲ့ကြတဲ့ အသုံးပြုသူ တစ်ဦးချင်းစီကို နွေဦးဘဏ်မှ ကျေးဇူးတင်ဂုဏ်ယူပါတယ်။

USD 10 Millions တန် နွေဦးဘဏ် အစုရှယ်ယာ ရောင်းချတဲ့ရက်
ပထမ ရက်ပြီးဆုံးတော့မှာဖြစ်ပြီး ကျန်တဲ့ ရက်တွေမှာလည်း

ဘဏ်အကောင့် မရှိသေးရင် အကောင့် တွေဖွင့်မယ်
ကိုယ်တိုင်ဝယ်မယ်ဆိုရင် ငွေသွင်း၊ USD Exchange လုပ်မယ်
(သို့မဟုတ်)
RM တွေကို ငွေလွှဲ အချက်အလက်ပြည့်စုံစွာ စာရင်းပေး ဆက်သွယ်ပြီး နိုင်မယ့်မြင်းကို ရဲရဲကြီး လောင်းကြေးမြှင့်ကြရအောင်နော်။

နွေဦးဘဏ်အစုရှယ်ယာ (SDB Token) = USD $0.001
အနည်းဆုံး ရင်းနှီးမြှုပ်နှံရမယ့် ပမာဏ = USD $10
ဝယ်ယူနိုင်မယ့် အချိန်ကာလ = 17 - 27 November 2023
_______________________
ICO Seed Round ရဲ့ press conference ကြည့်ရန် -
https://www.facebook.com/SpringDevBank/videos/804913018075651/

➡️ နွေဦးဘဏ် အကောင့်ဖွင့်ရန်
https://app.springdevelopmentbank.com/register

➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

17/11/2023

အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများတွေ့ဆုံပွဲ(တိုကျို)

အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေး န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်သွားမည် ဖြစ်ပါသည် ။

နေရာအခက်အခဲကြောင့် ကြိုတင်စာရင်းပေးသွင်းထားသူများကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပြီး ပွဲစီစဉ်နေချိန်အတွင်း လုံခြုံရေးအရ စီမံဆောင်ရွက်ထားမှုများအပေါ် ကြည်ဖြူစွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည် ။

🛑ကြိုတင်စာရင်းပေးသွင်းရန်

https://tinyurl.com/Nov19NUG

နေ့ရက် ။ ။ နိုဝင်ဘာလ(၁၉)ရက်၊တနင်္ဂနွေနေ့။
အချိန် ။ ။ ညနေ ၆:၄၅ မှ ၉:၀၀ နာရီ
(ညနေ ၆:၁၅ မှ စတင်ဝင်ရောက် နိုင်ပါသည်။)
နေရာ ။ ။ Ushigome Tansu Civic Hall(2F)
လိပ်စာ ။ ။ 15 Tansumachi, Shinjuku City, Tokyo 162-0833
(Toei-Oedo Line , Ushigome-Kakurazaka Station,A-1 exit)

17/11/2023
17/11/2023

ကိုမင်းကိုနိုင် ရေးဆွဲထားသော “ကြောင်ကလေးရဲ့နှလုံးသားပန်းချီကား”
"အိုးစည်တီးသံ မြိုင်စေဖို့ .. မိုးကုတ်မြေကိုကူကြစို့" fundraising အတွက် ကိုမင်းကိုနိုင် က ကိုယ်တိုင်ရေး ပန်းချီကား တချပ်ကို လှူဒါန်းထားပါတယ်။ ဒီပန်းချီကားရဲ့ အမည်က “ကြောင်ကလေးရဲ့ နှလုံးသား” ဖြစ်ပါတယ်။ ဒီပန်းချီကားကို စစ်ကြောင်း ၁၂၂၁၊၁၂၂၂၊၁၂၂၃ ပါဝင်တဲ့ မိုးကုတ် တပ်ရင်းတွေ အတွက် လေလံပစ်သွားမှာပါ။
"ကြောင်ကလေးရဲ့ နှလုံးသား" ဆိုတဲ့ ပန်းချီကားကို လေလံကြမ်းခင်းဈေး USD $1111 နဲ့ 14.11.2023 ည (၇:၀၀) နာရီမှာ စတင်လေလံတင်မှာပဲ ဖြစ်ပါတယ်။ USD $1111 ကတော့ နွေဦးတော်လှန်ရေးရဲ့ သင်္ကေတ တခုဖြစ်တဲ့ $1111 ကို ဂုဏ်ပြုတဲ့အနေနဲ့ $1111 သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။ လေလံဆွဲမည့်သူများမှ မိမိတို့ ပေးနိုင်တဲ့ လေလံဈေးနှုန်းများကို “D-Day Channel ” Page ရဲ့ ယခု လေလံPostတွင် Comment ၍လည်းကောင်း၊ “D-Day Channel ” Page Messenger သို့ စာပို့၍ လည်းကောင်း လေလံ bid နိုင်ပါတယ်။ လေလံ update တွေကို D-Day Channel Page ကနေ နေ့စဉ် Update လုပ်ပေးသွားပါ့မယ်။
လေလံငွေ ပေးချေမှုကို DMMK နဲ့ International Currency များဖြင့် လက်ခံသွားမှာ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် လုံခြုံရေးအရ ပြည်တွင်း Banking များ Pay များဖြင့် လက်ခံခြင်းမပြုပါဘူး။ လေလံနိုင်တဲ့အခါ ပန်းချီကားကို သက်ဆိုင်ရာ နိုင်ငံအလိုက် အိမ်အရောက်​ပေးပို့သွားမှာဖြစ်ပါတယ်။
လေလံနောက်ဆုံးပိတ်မည့် အချိန်ကတော့ 25.11.2023 ည(၉:၀၀) နာရီ အချိန်ပဲ ဖြစ်ပါတယ်။ လေလံအများဆုံးပေးနိုင်တဲ့သူက “ကြောင်ကလေးရဲ့ နှလုံးသား” ပန်းချီကားကို လက်ဝယ်ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။
#ကြောင်ကလေးရဲ့ နှလုံးသား

#ကြောင်ကလေးရဲ့ နှလုံးသား လေလံကော်မတီ။
မိုးကုတ်အခြေပြုတပ်ရင်းများ
https://www.facebook.com/profile.php?id=100083698236025
Admin

17/11/2023
14/11/2023

ကြွေလိုက်ကြပါဦး တို့လေလှိုင်းအစိုးရကို..

မဟာဗျုဟာဆိုတာ ဒါပါပဲ..💪🏻💪🏻

ဘက်ပေါင်းစုံကနေ တပြိုင်နက်၊ ထောင့်စေ့နေအောင် ယိုကွက်ဟာကွက် အနည်းဆုံးနဲ့ (ယိုကွက်ဟာကွက် ရှိရင်တောင် contingency plan ထားပြီး) ကုစားဖို့ ကြိုပြင်ထားကြမယ်ဆိုတာ ယုံတယ်။

📌 “မြို့သိမ်းဒေသတွေမှာရှိတဲ့ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများအပ်နှံထားတဲ့ ငွေကြေး၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက်များ ဘာဖြစ်ဖြစ် အားလုံးကို စနစ်ကျတဲ့ စာရင်းမှတ်သားမှူတွေနဲ့ စုစည်းထားပြီး အခြေနေတည်ငြိမ်တဲ့အခါ ပြည်သူ့ပိုင်ဆိုင်မှူများ ပြည်သူထံ ပြန်လည်အပ်နှံသွားနိုင်ရေးအတွက် စီမံဆောင်ရွက်နေပါသည်။“

📌 လူထုကြား များများပျံ့နှံ့စေဖို့ React, Comment, Share များများလုပ်ပေးကြပါဦးနော်။ ဒီသတင်းကို ပြည်သူတိုင်း သိရှိပျော်ရွှင်စေချင်ပါတယ်။

⭐️ The Unity is Our Strength ⭐️

#မမများနဲ့ပွဲကမယ် 💃🏻💃🏻

02/11/2023

-ရှမ်းမြောက်မှာလည်း "ဝုန်း"
-ကော့ကရိတ်မှာလည်း "အုန်း" နေကြပြီ။
ဒီလိုသတင်းကောင်းတွေ နေရာအနှံ့မှာကြားနိုင်ဖို့
"မိုးဗြဲ PDFအတွက် ပွိုင့်ဖိုက်တစ်လက်" ကမ်ပိန်းမှာလည်း
ကူကြပါစို့။

- နောက်ပိုင်းမှာ ဝေဟင်နဲ့တင့်ကားတွေကို အများဆုံးထုတ်သုံးပြီး တိုက်နေရတဲ့ စကစတပ်တွေကို အင်အားချိနဲ့သွားအောင် ပွိုင့်ဖိုက်တလက် အမြန်ရရှိအောင် ကူညီပေးကြပါ။(၂)လနီးပါး အချိန်ထိ "၃၀%" ပဲ ရရှိပါသေးတယ်။ ကံစမ်းမဲအစီအစဥ်လေးလည်း ပြုလုပ်ထားတာမို့ ကံစမ်းမဲလေး လာဝယ်ကြပါဦးခင်ဗျ။

- လကုန်တော့မယ်ဆိုတော့ မိမိတို့လစာထဲက မဲတစ်စောင်အတွက် ပွိုင့်ဖိုက် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ပေးကြပါဗျ။ ကံစမ်းမဲအစောင်ရေ များစွာကျန်သေးတဲ့အတွက်ကြောင့် "ကံစမ်းရင်းကူ မဲဝယ်ယူ"အစီအစဉ်ကို အမြန်ဆုံးပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျ။

🎁ကံစမ်းမဲကာလကို 👉အောက်တိုဘာလ(၂၀)ရက်နေ့မှ နိုဝင်ဘာလ(၁၅)ရက်နေ့အထိသာ သတ်မှတ်ထားတာမို့ အမြန်ဆုံး မဲအမြန်ကံစမ်းရင်း အာဏာရှင်ကိုတော်လှန်ကြစို့။

🎁ကံစမ်းမဲဖွင့်မည့်ရက်👉‌နိုဝင်ဘာလ(၂၀)ရက်နေ့။

🛑ကမ်ပိန်းကို အောက်ပါ Link၏ Chat boxတွင်
ကံစမ်းမဲဝယ်ယူ ပါဝင်အားဖြည့်ရန်👇
https://www.facebook.com/mbpdf05?mibextid=ZbWKwL

🛑တယ်လီဂရမ်မှ တိုက်ရိုက်ဆက်သွယ်‌
ထောက်ပို့ရန်Link👇
https://t.me/mbpdfp5

#မိုးဗြဲအတွက်ပွိုင့်ဖိုက်တစ်လက်

#ကံစမ်းမဲအစီအစဉ်

02/11/2023
30/10/2023
29/10/2023

📌 ၂၀၂၁ တုန်းက ဆန်၅ပြည်အိတ် ၃ အိတ် ဝယ်လို့ရတဲ့​ငွေက အခု ၁ အိတ်ပဲ ဝယ်လို့ ရပါတော့တယ် 📌

ကုန်​ဈေးနှုန်းရဲ့ ရိုက်ခတ်မှုက ပြည်သူအားလုံးအ​ပေါ် သက်​ရောက်တာ ဆို​ပေမဲ့ အ​ခြေခံပြည်သူ​တွေ၊ စစ်​ရှောင်​တွေအတွက်​တော့ ပိုလို့​တောင် ခက်ခဲကြပ်တည်းလာ​စေပါတယ်။

ဒါ​ကြောင့် ကိုယ့်မှာ ပိုလျှံတဲ့အထဲက နည်းနည်း​လောက်ဖြစ်ဖြစ် မျှ​ဝေကြရ​အောင်ပါခင်ဗျာ။

လဆန်းပိုင်းက ကျ​နော် ပို့စ်တင်ခဲ့တဲ့ "ထမင်းတစ်နပ် ကုသိုလ်ယူ" ကမ်ပိန်းကိုလည်း ​နောက်လ ​အောက်တိုဘာကုန်အထိ ထပ်တိုးထားပါတယ်။

ကုန်​ဈေးနှုန်းက တက်လာတဲ့အပြင် သတ်မှတ်ပမာဏရဲ့ ၁၂ % ပဲ ရ​သေးတာမို့ စစ်​ရှောင်စခန်း​တွေအတွက် မလုံ​လောက်​​သေးလို့ပါ။

မဲတစ်စောင်ကို
🔺Myanmar 10,000 MMK
🔺US 10 $
🔺Singapore 10 $
🔺Thai 200 Baht နဲ့ Perfect For Myanmar ကို တိုက်ရိုက်ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်။

ဆန်ပို့ပေးမယ်ဆိုတဲ့ သတင်းလေး ကြားလိုက်ရင်ကို စစ်​ရှောင်​တွေခမျာ တအားပျော်နေကြရတာပါ။ ဒါ​ကြောင့် ကချင်​မြေက စစ်​ရှောင်ပြည်သူ​​တွေအတွက် တတ်နိုင်သမျှ ကူ​ပေးကြ​စေချင်ပါတယ်။

တစ်​စောင်တတ်နိုင် တစ်​စောင်၊ ဆယ်​စောင်တတ်နိုင် ဆယ်​စောင်၊ ​ငွေမကူနိုင်လည်း ဒီပို့စ်​အောက်မှာ ကွန်မန့်​ပေးပြီး ပို့စ်ပိုပျံ့​​အောင် ကူညီ​ပေးလို့ ရပါတယ်။ တိုက်ရိုက်လှူချင်သူများအတွက် NUGPay QR Code ကိုလည်း ကွန်မန့်မှာ ပြထားပါတယ်။ ​ကျေးဇူးတင်ပါတယ်ခင်ဗျ။

၂၇.၉.၂၀၂၃

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Kyaw Ye Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share