ZONIC gaming

ZONIC gaming Gaming is not life but we'r trying to do the best playing type without fake smiles so you guys need

New State ဆော့ရတာလဲလေးလိုက်တာ စိတ်ကမရှည်တော့ဘူး ကျားဖင်သာပြေးနှိုက်လိုက်တော့မယ် 🤣
11/11/2021

New State ဆော့ရတာလဲလေးလိုက်တာ စိတ်ကမရှည်တော့ဘူး ကျားဖင်သာပြေးနှိုက်လိုက်တော့မယ် 🤣

Pubg New state ကတော့ beta version ဆော့နေရသလိုမျိုး errorများစွာနဲ့ ပွဲထွက်လာခဲ့ပါတယ်။ နောက်ပိုင်း version တွေမှာတော့ ကော...
11/11/2021

Pubg New state ကတော့ beta version ဆော့နေရသလိုမျိုး errorများစွာနဲ့ ပွဲထွက်လာခဲ့ပါတယ်။ နောက်ပိုင်း version တွေမှာတော့ ကောင်းလာနိုင်ပါတယ်။

Server issues ကြောင့် unable to connect to the server ဖြစ်နေတာပါ မြန်မာစံတော်‌ချိန် (၁၂:၃၀) မှာ ပြန်ရပါလိမ့်မယ်အခုမှ ထွက...
11/11/2021

Server issues ကြောင့် unable to connect to the server ဖြစ်နေတာပါ မြန်မာစံတော်‌ချိန် (၁၂:၃၀) မှာ ပြန်ရပါလိမ့်မယ်

အခုမှ ထွက်တယ် error ကစပြီ😐

အဲ့ဒါ......အောင်ဆန်းနတ်မောက်ဘုန်းကျော်စာအုပ်မှ ကောက်နှုတ်တင်ပြသည်ရည်ရွယ်ချက်-အဲ့တာအစိုးရအလုပ်ငါတို့နဲ့မဆိုင်ဘူးဟုမိမိကို...
09/11/2021

အဲ့ဒါ......
အောင်ဆန်း

နတ်မောက်ဘုန်းကျော်စာအုပ်မှ ကောက်နှုတ်တင်ပြသည်

ရည်ရွယ်ချက်-အဲ့တာအစိုးရအလုပ်ငါတို့နဲ့မဆိုင်ဘူးဟုမိမိကိုယ်ကိုယ်မိမိခံယူထားသောသူများအတွက် ရည်ရွယ်သည်။

မြန်မာစကားတွင်ကား အစိုးရယူ၍ နိုင်ငံရေးစကားရှိ၏။အစိုးရဆိုသည်မှာ ဆယ်အိမ်ခေါင်းမှအစ ရှင်ဘုရင်အထိ အုပ်ချုပ်သူများကိုသာ သိကြ၏။အစိုးရသည် ပြည်သူတို့၏ ကိုယ်စားလှယ်ပြည်သူ့ဆန္ဒအရ ဖြစ်ရသည်ဆိုသော သဘောမှာ ကြာလေပျောက်လေဖြစ်လာသည်။အစိုးရမှာပြည်သူနှင့်အလှမ်းဝေးကွာနေ၏။လူတို့စိတ်တွင် သူ့အမျိုးနှင့် သူ့အမျိုးမှ ဖြစ်နိုင်သည်ဟုထင်မှတ်၏။သာကီဝင်တွေမှာ မင်းမျိုးဟုထင်မှတ်၏။ဤကားစသည့်လူတွေတုန်းကနားလည်နည်းမျိုးမဟုတ်တော့။စသည့်အခါတုန်းက အစိုးရတို့အကျိုးခံစားရသော အတန်းစားက မခံစားရသော အတန်းအစားကို သူမသိ ငါမသိ လှည့်ပတ်လိုက်သော အလိမ်မှာ သေသေချာချာကြည့်လျှင်ပေါ်ပေမည်။
ထိုသို့ပေါ်လာသော်လည်း ကြီးမားလှသော မောဟတရား ဖုံးလွှမ်းနေသူတို့မှာ အကျိုးခံစားရသော အတန်းအစား၏ အလွန်သိမ်မွေ့သော(ဝါ)ကိုယ်ကျိုးကလှုံ့ဆော်၍၊သူတို့ကိုယ်တိုင် လှည့်မှန်းမသိ လှည့်လာသောနည်းစနစ်ကြောင့် အလိမ်ခံရမှန်းမသိနိုင်တော့၊အကျိုးခံစားရသောမင်းသူဌေးသူကြွယ်တို့မှာလည်း ထိုကုသိုလ်ကြောင့်ဟုပြောလာ၏။အကျိုးမခံစားရသောသူတို့ကလည်း"ခများတို့ ကုသိုလ်ကြောင့်မဟုတ်ဘဲ ခများတို့ကစီမံလာတဲ့ အဓမ္မစနစ်ကြောင့်" ဟုမသိဘဲ"ငါတို့ကံကြောင့်ဟု"ထင်လာ၏။မြန်မာတွင်ကား အစိုးရဆိုသည့်နိုင်ငံရေးစကားသာရှိသဖြင့် အစိုးရမဟုတ်သည့်တိုင်းသူပြည်သားများမှာ အကြောင်းသေသေချာချာ မသိပင် မသိလင့်ကစား အစိုးရဆိုတာ သူတို့မဟုတ်ဟုကား သိကြမည်ပင်ဖြစ်၏။

လူညီသေးလားဟေ့ ခုထိဘယ်လိုကူရမှန်းမသိရင် click ပြီးသာ ပါဝင်ပေးကြပါ Click2donatehttps://t.me/click2donate2Click4kachinhttps...
05/11/2021

လူညီသေးလားဟေ့
ခုထိဘယ်လိုကူရမှန်းမသိရင် click ပြီးသာ ပါဝင်ပေးကြပါ

Click2donate
https://t.me/click2donate2

Click4kachin
https://t.me/Click4kachin

ClickForRevolution
https://t.me/clickforrevolution

Nway Oo Quiz
https://t.me/play2donate

The Guess Word
https://t.me/weClick4us

Su Yadanar's Adventures
https://t.me/SuYadanar_Adventures

Play2Support
https://t.me/play2support/3

Tha Din
www.t.me/thadin

Comicဖတ်တာကြိုက်ရင်
https://t.me/mmsubcomicsbyv

OneclickOneshoot
https://t.me/OneClickOneShoot

SupportPRA
https://t.me/WeSupportPRA

အချိန်ခဏပေးပါ
https://t.me/donatewithyourtime

လှူကြမယ်
https://t.me/hlukyaml

Listen&Donate
https://t.me/listen_and_donate

နားဆင်
https://t.me/nersintodonate21

DonatebyClicking
https://t.me/DonateByClicking21

ဘောလုံးပွဲကြည့်ဖို့
https://t.me/Youthssportsmedia

Multi-ethnic Unity
https://t.me/multiethnicunity

Comic crd

Player တွေ ကျသွားလို့တဲ့ဗျာ ဆော့ကြပါအုန်းဟတော်လှန်ရေးကြီးကမပီးသေးဘူး ခများတို့က ကောက်ရိုးမီးတွေလား ထန်တလန်မီးရှို့ခံရတုန...
04/11/2021

Player တွေ ကျသွားလို့တဲ့ဗျာ ဆော့ကြပါအုန်းဟတော်လှန်ရေးကြီးကမပီးသေးဘူး ခများတို့က ကောက်ရိုးမီးတွေလား ထန်တလန်မီးရှို့ခံရတုန်းကခဏပဲဝုန်းကနဲထဆော့ကြပီး ခု သွေးအေးသွားကြပြန်တာလား တကယ်စိတ်မကောင်းဘူး ဗမာတွေအမှတ်သည်းခြေမရှိဘူးလို့ထပ်အပြောမခံပါနဲ့တော့ 🙏

https://www.facebook.com/harrydoingsh*ts/photos/a.102635292026088/185670577055892/?type=3
30/10/2021

https://www.facebook.com/harrydoingsh*ts/photos/a.102635292026088/185670577055892/?type=3

Click ဖို့
https://t.me/click2donate2

ငွေကူချင်တယ်ဆိုရင်
https://www.facebook.com/Poe.Myanmar21/

Petition က မနက်ဖြန်နောက်ဆုံးတဲ့နော်

အကြမ်းဖက်စစ်ကောင်စီရဲ့ ဝင်ငွေရင်းမြစ်ကို ဖြတ်တောက်ဖို့ သင်ကိုယ်တိုင် လက်မှတ်ရေးထိုး ပါဝင်တောင်းဆိုပေးပါ။

1️⃣ Chevron Petition: https://actionnetwork.org/petitions/demand-chevron-stop-bankrolling-the-myanmar-military

2️⃣ Total Petition: https://actionnetwork.org/petitions/total-stop-being-an-accessory-to-min-aung-hlaing-the-myanmar-militarys-murder-campaign

3️⃣ Petition to Joe Biden to sanction MOGE: https://actionnetwork.org/petitions/president-biden-stop-oil-companies-from-bankrolling-the-myanmar-military

4️⃣ POSCO - support democracy and stop funding the Myanmar military junta!
https://actionnetwork.org/petitions/posco-support-democracy-and-stop-funding-the-myanmar-military-junta



Petition လတ်မှတ်ထိုးနည်း-

✍ First Name and Last Name တွင် မိမိ အမည်ထည့်ပါ

✍ Email တစ်ခုဖြည့်ရန် / နိုင်ငံရွေးပါ / ဖုန်းနံပါတ် (မထည့်လို့ ရသည်)

✍ Opt (ရွေးလည်း ရ၊ မရွေးလည်း ရသည်)

✍ Opt (Yes, No ) တွေ့လျှင် ကြိုက်နှစ်သက်ရာ ရွေးနိုင်သည်။ (Yes, သက်ဆိုင်သော စာများ ရရှိမည်/ No, သက်ဆိုင်သော စာများ မရရှိပါ)

✍ Comment တွင် Freeze Payments To Junta လို့ရေးရန်

👆 Add Your Name ကိုနှိပ်ပြီး Thank You For Support ပေါ်လာလျှင် ရပါပြီ။

သတိရတိုင်း အားတိုင်း Click ဖို့မ​မေ့ကြပါနဲ့Ph ​လေးတလုံးသုံး ထိုင် Click ရုံနဲ့အများကြီးလုပ်​ပေးနိုင်ပါတယ် Click ရတာကို ပ...
30/10/2021

သတိရတိုင်း အားတိုင်း Click ဖို့မ​မေ့ကြပါနဲ့
Ph ​လေးတလုံးသုံး ထိုင် Click ရုံနဲ့
အများကြီးလုပ်​ပေးနိုင်ပါတယ်
Click ရတာကို ပင်ပန်းတယ် ပျင်းတယ် ခံစား​နေရပါသလား ?

​သွေး ၊ ​ချွေး ၊ အသက်​​တွေကိုရင်းပြီး ​တော်လှန်​ရေးအတွက်​ ​​ပေးဆပ်​နေတဲ့ ရဲ​ဘော်​တွေကို သတိရ​ပေးပါ

စစ်​ခွေး​တွေရဲ့ မွင်းခါး​သတင်းတွေကို ပိုပြီးကြားသိချင်တယ်မလား ?
Bar သွား Club တက် အမြန်လွတ်လပ်ချင်ပြီလား ?
အရင်လို Game ​​တွေဆော့ပျော်ပါးချင်ပြီလား ?
ခရီး​တွေထွက်/ဓါတ်ပုံလှလှ​လေး​တွေ ရိုက်ချင်​နေကြပြီလား ?
ညဘက်​တွေ လက်ဖက်ရည်ဆိုင်ထိုင် ​ဘောပွဲကြည့်ပြီး ​ဘော်ဒါ​တွေ စုံချင်ပြီလား ?
လွတ်လပ်လုံခြုံတဲ့ ည​တွေကို ပိုင်ဆိုင်ချင်ပြီလား ?

များများ Click ရင် မြန်မြန် လွတ်​မြောက်နိုင်မှာပါ

ဒါ့​ကြောင့် Click ဖို့ မပျင်းပါနဲ့ ...🙏

#မူရင်းပုံပိုင်ရှင်အား အပြည့်အ၀ Credit ​ပေးပါသည်။

30/10/2021

ကျွန်ခံမှာလား၊တော်လှန်မှာလား

ကျွန်ခံမယ်ဆိုရင်တော့ ပုံမှန်အတိုင်းလေးပဲဂိမ်းလေးစထွင်းနေကိုယ်နဲ့မဆိုင်သလိုသာနေ
တော်လှန်မယ်ဆိုရင်တော့ ကိုယ်တတ်နိုင်တဲ့ဘက်ကဝိုင်းကူပေးကြပါ လှူချင်တယ်ပိုက်ဆံမရှိလို့အလုပ်မရှိလို့ဆိုရင်လဲ တော်လှန်နေတဲ့မြေပြင်ကလူတွေစီလှူလို့ရမယ့် ဂိမ်းလေးတွေ Page မှာတင်ပေးထားပါတယ်ဗျာ ငြိမ်မနေကြပါနဲ့ ရရာနေရာကနေတော်လှန်ပေးကြပါ လက်နက်ကိုင်တော်လှန်မှ တော်လှန်တယ်မဆိုပါဘူးဗျာ
မြင်နေကြားနေရတာတွေကတော်တော်ဒေါသထွက်စရာတွေဖြစ်နေပီ

Admin တော့ ၂၀၀၀ကျော်ရပီ
28/10/2021

Admin တော့ ၂၀၀၀ကျော်ရပီ

အခုဆိုရင် ပြုတ်ကျသွားတဲ့အခါ ရီဗိုက်ခလုတ်လေးနဲ့ ကြော်ငြာကြည့်ပြီး ဆက်ဆော့လို့ရနေပါပြီ။ ဆက်ဆော့ဖို့ကြည့်ရတဲ့ ကြော်ငြာဟာ ရိုးရိုး ရီစတက်လုပ်တဲ့ ကြော်ငြာထက် ၁၅ကျပ် နဲ့ ၅ကျပ်ဆိုတော့ ၃ဆပိုရပါတယ်။ ကိုယ်ဘယ်လောက်လှူခဲ့တယ်ဆိုတာလည်း စစ်ကြည့်လို့ရပါပြီ။ မသိသေးသူများအတွက် ထပ်ပြောရတာဖြစ်ပါတယ်နော်။

အပ်ဒိတ်တင်ဖို့ ပလေးစတိုးနဲ့ အေပီကေပျူးဝါးမှာ ရှာတင်လို့ရပါတယ်။ လင့်တွေက အတူတူပဲမို့ ပင်းန်ဒ် ပို့စ်မှာပဲ ကြည့်ပေးကြပါဦး 🤗

ဒီလ စုစုပေါင်းကတော့ ၁၃သန်းနားကပ်နေပါပြီ။

အိမ်ထဲကအိမ်ပြင်မထွက်ပဲသင်ကိုယ်တိုင် PDF တပ်သားတစ်ယောက်ဖြစ်နိုင်ပါပြီ! #ဘယ်လိုဖြစ်နိုင်မှာလဲဆိုရင်တော့ အောက်မှာပြထားတဲ့ P...
27/10/2021

အိမ်ထဲကအိမ်ပြင်မထွက်ပဲသင်ကိုယ်တိုင်
PDF တပ်သားတစ်ယောက်ဖြစ်နိုင်ပါပြီ!

#ဘယ်လိုဖြစ်နိုင်မှာလဲဆိုရင်တော့

အောက်မှာပြထားတဲ့ Play2Support ဆိုတဲ့
ဂိမ်းလေးကနေတစ်ဆင့်ဖြစ်နိုင်တယ်လို့ပြောပါရစေ ...

PlayStore
https://play.google.com/store/apps/details?id=com.mann.Play2Support

Telegram
https://t.me/play2support/3


Why ? 🤧🤧🤧
27/10/2021

Why ? 🤧🤧🤧

11/08/2021

လာကြွားတာ 😁 ဟဲဟဲ

15/07/2021

အောက်ဆီဂျင်တော့ရှိပြီ
ဘယ်လောက်နှုန်းနဲ့ရှူရမလဲ မသိတဲ့သူများး
လက်ချောင်းထိပ်ကလေးကို
အောက်ဆီမီတာနဲ့တိုင်းလို့ရတဲ့အဖြေကို ၉၄ ထဲကနှုတ် ရလာတဲ့ အဖြေကို ၄ နဲ့စားလို့ရတဲ့အဖြေဟာ ကိုယ်ရှူရမဲ့ flow rate ပဲ။

ဥပမာ ၉၄ - ၈၆ = ၈ ၄ =၂ ဆိုရင် ၂ မှာ ထားပေးမယ်

၄ နဲ့စားတဲ့အဖြေက အကြွင်းရှိနေရင် အဖြေကို ၁ ပေါင်းပြီးရှူပါ....

ဥပမာ ၉၄ - ၈၅ = ၉ ၄ = ၂ + ၁ = ၃ ထားပြီး ရှူပေးပါ...

အဆင်ပြေကြပါစေ....

Send a message to learn more.

14/07/2021

#အောက်ဆီဂျင်အိုးအားသန့်စင်ခြင်း
=======================
စက်မှုလုပ်ငန်းသုံးအောက်ဆီဂျင်ဂက်စ်ထဲ့ထားတဲ့အိုးတွေ၊ နိုက်ထရိုဂျင်န်ဂက်စ်ထည့်ထားတဲ့အိုးတွေ၊ ဂဟေဆော်တဲ့အာဂွန်ဂက်စ်ထည့်ထားတဲ့အိုးတွေ စတဲ့ gas cylinders တွေကို LMO ဆေးရုံသုံးအောက်ဆီဂျင်အရည်ထည့်မယ်ဆိုရင် ပြန်လည်သန့်စင်ရပါတယ်။

မသန့်စင်ခဲ့ရင် အိုးထဲမှာကပ်နေတဲ့ဘက်တီးရီးယားနဲ့ရောဂါပိုးမွှားတွေ၊ အညစ်အကြေးတွေ၊ ဆီကျန်တွေ၊ အမှုန်အမွှားတွေ၊ သံချေးတွေဟာ လူနာရှုသွင်းတဲ့အချိန်မှာ လူနာရဲ့အဆုတ်ထဲကိုပါသွားနိုင်ပါတယ်။

အခု post ကိုရေးဖြစ်တာဟာ လာမေးတဲ့ကျောင်းဆရာတစ်ယောက်ကြောင့်ဖြစ်ပါတယ်။

အဲ့ဒီ ဆလင်ဒါအိုးများကိုဆေးရင် ပုံထဲကလို အထက်အောက်ပြောင်းပြန်လှုပ်ပြီးဆေးရပါတယ်။ အောက်ပါ ဗီဒီယိုထဲမှာကြည့်ပါ။

https://www.youtube.com/watch?v=K122blZhla0&t=71s

​ဗီဒီယိုထဲမှာပါတဲ့စက်ဟာ လူကိုမထိခိုက်ရန် HSE နဲ့အညီ ဟိုက်ဒရောလစ်နဲ့လုပ်ထားတာပါ။ #ဘာမှအထွေအထူးမပါပါ။

အိုးထဲကို စတီးချောင်းတွေထည့်ကာ အဖုံးပိတ်ပြီး အပေါ်အောက်လှုပ်ခတ်ပေးတာပါ။ အတွင်းမှာသံချေးနဲ့ အမှုန်တွေ၊ ဂျီးတွေကပ်နေရင် စတီးချောင်းက ပွတ်တိုက်ခြစ်ချပါလိမ့်မယ်။

ဆလင်ဒါအိုးဟာလေးလို့ ခြေထောက်နဲ့လူကိုမထိခိုက်မိ၊ ခေါင်းကိုမရိုက်မိရန် သူတို့ကစက်နဲ့အဲ့လိုလှုပ်တာပါ။ 

ကျနော်တို့တိုင်နှစ်တိုင်ကြားမှာ အိုးချကာ ကြိုးပတ်ပြီးလှည့်ပေးလည်းအတူတူပါပဲ။
အထက်အောက်အိုးကို ဖင်ပြန်ခေါင်းပြန်လှည့်ပေးပါ။ (ရေဘူးထဲရေထည့်ပြီး ဖင်ပြန်ခေါင်းပြန်ထောင်လှုပ်ဆေးသလိုပါပဲ)

(လူမထိဖို့၊ မရိုက်မိဖို့သာအဓိကပါ)

အရင်ဆုံး သံချေးရှိမရှိကြည့်ပြီး ရှိရင်အရင်ဆေးသင့်ပါတယ်။

(၁) ကျနော့်အမြင်က sand blasting maching ရှိရင် သံချေးရှိရင် sand blasting နဲ့ ဖယ်ပစ်သင့်ပါတယ်။

သံချေးကိုအရင်ဖယ်ပြီးမှ ကျန်တဲ့ဆီနဲ့အမှုန်တွေကိုဖယ်ပစ်ပါ။

သံချေးကိစ္စက ရေငုပ်သမားတွေအတွက် အရေးကြီးတဲ့ကိစ္စပါ။ ရေအောက်ရေအနက်ကြီးမှာ ဂျီးအမှုန်ကကွာပြီး cylinder ရဲ့ valve ကိုပိတ်တာ ရှားရှားပါးပါးဖြစ်ဖူးပါတယ်။

နောက်တစ်နည်းက aluminum oxide အလုံးလေးများ ၃ ချိုးကို ၂ ချိုး နဲ့ရောပြီး ဆလင်ဒါတစ်ဝက်ပြည့်အောင်ထည့်ပါ။

(3000 psi 80 cu ft ဆလင်ဒါဆိုရင် aluminum oxide 17 cups နဲ့ ရေ 12 cups ရယ် ပန်းကန်ဆေးဆပ်ပြာရည် နည်းနည်းလေးရယ် ထည့်ကာ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိအထက်အောက်လှုပ်ခတ်ပေးပါ။)

အဲ့ဒီ sand blasting စက်ရော၊ aluminum oxide ရောမရှိရင် အထက်ကလို စတီးချောင်းလေးတွေထည့်ပြီး လုပ်ပါ။

(၂) Oil, Grease, Lubricants ဆီကျန်များဆေးခြင်း။

ပန်းကန်ဆေးဆပ်ပြာရည်ဇွန်းကြီးတစ်ဇွန်းကို ရေနွေးပူပူတစ်ဂါလံနဲ့ရောပြီး အိုးထဲထည့်ကာ အထက်အောက်အိုးကို ဖင်ပြန်ခေါင်းပြန်လှည့်ပေးပါ။

ပြီးရင်ဘုံဘိုင်ကရေထည့်ပြီး လေးငါးကြိမ်လောက်ဆေးပါ။ နောက်ဆုံးရေသွက်ထည့်ပြီး ဆပ်ပြာမြှုပ်ပျောက်သည်အထိနှစ်ကြိမ်လောက်ပြန်ဆေးပါ။

တတ်နိုင်ရင် ရေနွေးပူပူလောင်းထည့်ပြီးအဖုံးသန့်သန့်ပိတ်ကာ ဖင်ပြန်ခေါင်းပြန်လှုပ်ကာ နှစ်ကြိမ်ဆေးပြီး #ပြောင်းပြန်ရေစစ်ထားပါ။

ဆလင်ဒါထဲကို #ရေဘယ်တော့မှမကျန်ပါစေနဲ့။ ကားဘီးလေမှုတ်တဲ့ပိုက်နဲ့မှုတ်ရင် ရေခြောက်ပေမယ့် မသန့်ပဲဖြစ်သွားနိုင်ပါတယ်။

ရေနွေးပူပူနဲ့ဆေးချတဲ့အတွက် ရေခြောက်တာမြန်စေပါတယ်။ ရေနွေးမလောင်အောင်ဂရုစိုက်ပါ။

ထောင်ထားချိန်မှာလဲကျကာ ခြေထောက်ပေါ်ပြုတ်ကျတတ်ပါတယ်။ ဖြစ်နေကျမို့ သေသေချာချာသတိပေးပါတယ်။

ဂက်စ်ဆလင်ဒါခေါင်းကိုရိုက်မိခြင်းဟာ မကြာခဏဖြစ်လေ့ဖြစ်ထရှိတဲ့ လူကိုသေစေနိုင်တဲ့အထိအန္တရာယ်ရှိတဲ့ incident တစ်ခုပါ။

နေပူထဲမှာ အိုးပူလာသည်အထိ ထောင်ချထားလိုက်ရင် ရေငွေ့ရေကျန်ကုန်မှာသေချာပါတယ်။

(၃) အနံ့ရှိလို့ အနံ့ပျောက်စေချင်ရင် အောက်ပါအတိုင်း ရေနွေးပူနဲ့မဆေးခင်မှာလုပ်ပါ။

Baking soda မုန့်ဖုတ်ဆိုဒါ 1 cup ကို ရေတစ်ဂါလံနဲ့ရောပြီး အထက်အောက်လှုပ်ဆေးပါ။ အတွင်းမျက်နှာပြင်အားလုံးစိုသွားပါစေ။

ပြီးရင် 1/2 cup အိမ်သုံး vinegar အဖြူကို ရေတစ်ဂါလံနဲ့ရောပြီး အထက်အောက်လှုပ်ဆေးပါ။

အကယ်လို့အနံ့မပျောက်သေးရင် vinegar နဲ့ရေနဲ့ရောပြီး အထက်ပါအတိုင်းပြန်ဆေးပါ။

ရေနွေးပူမှုတ်စက်ရှိရင် ရေနွေးပူကို ဆလင်ဒါထဲမှုတ်ထည့်ပြီးပိုးသတ်နိုင်ပါတယ်။

အရေးကြီးတာက ဆလင်ဒါကိုမသုံးရင် ရေလုံးဝခြောက်သွေ့စေပြီးနောက် အဖုံးသန့်သန့်နဲ့ ပိတ်ထားပေးရပါတယ်။

ရေနွေးပူပူနဲ့ဆေးနိုင်လေ ပိုးသေလေပါပဲ။ လုံးဝခြောက်သွေ့အောင်ပြန်စောင့်ဖို့မမေ့ပါနဲ့။ မခြောက်သွေ့ပဲ ရေငွေ့ကျန်တာနဲ့ သံချေးလိုမျိုးတက်နိုင်ပါတယ်။

Richard Myo Thant
13-July-2021

Send a message to learn more.

အရေးပေါ် Oxygen မရခဲ့သည်ရှိသော်ခေါင်းအုံးအောက်မှာ ခုထားပြီး မှောက်ခုံ အိပ်ကြည့်ရင် သက်သာလာပါမယ်။ ပုံပါအတိုင်း အဲ့လို လေး...
14/07/2021

အရေးပေါ် Oxygen မရခဲ့သည်ရှိသော်

ခေါင်းအုံးအောက်မှာ ခုထားပြီး မှောက်ခုံ အိပ်ကြည့်ရင် သက်သာလာပါမယ်။ ပုံပါအတိုင်း အဲ့လို လေးတွေ ပုံစံပြောင်းပြီး အိပ်ပေးနော်။ အရမ်းလည်း စိတ်မပူကြပါနဲ့။

အဓိက က စိတ်ခွန်အား နဲ့ ကိုယ်ခံအား နော် 💪 ပုံမှန်လိုပဲ အသက်ရှူပေးပါ။ COVID ကြောင့် အစာမစားနိုင်တာလဲ မဟုတ်ဘူးနော်။ ကြိုက်တာသာစား စားနိုင်သလောက် ဝင်အောင်စားကြပါ။ 💪
ပြည်သူတွေမှာ ပြည်သူတွေပဲ ရှိတယ်။
အကုန်လုံး အားတင်းထားကြပါ။ 🙏😇

13/07/2021

Oxygen 14 July Yangon/Mandalay

ရန်ကုန်

📍Nwe Aye Bali ၊ ရန်ကုန်။
09976544981
မနက် (၅)နာရီလောက်က refill လုပ်ပေးပါမယ်။
Refill only ပါ။

📍မိတ်ဆွေတင်အောင်လွင်
၁၅၅/၁၅၆၊ နှင်းဆီလမ်း၊ အမှတ်၃စက်မှုဇုန်၊တောင်ဒဂုံ

095008390

📍မြရောင်ချယ်ဆိုင်

တိုက်(1) ၊ အခန်း(6) ၊ စက်မှုလမ်းမကြီး စက်မှုဇုန်(1) (42/က) အမှတ် (1)ရပ်ကွက် ရွှေပြည်သာ ။
095363582 (မနက် 8 နာရီမှဖုန်းပြန်ဆက်ရန်)

📍June Group
ဆိုင်(4)
(၂၅၂) ၊ ရန်ကုန်အင်းစိန်လမ်းနှင့်-ပါရမီလမ်းထောင့် ၊ (၁၆ ရပ်ကွက်) လှိုင်မြို့နယ်။
098619957 / 09796217069
(မနက် 8 မှပြန်ဆက်ပေးရန်)

📌မန္တလေး

📍မနောကြာဖြူပရဟိတအသင်း
၅၃လမ်း/မြရည်နန္ဒာရပ်ကွက်/ချမ်းမြသာစည်မြို့နယ် (ညနေ ၆/၆ခွဲမှစရပါမယ်)

09-752348362

📍MEC
အမှတ်10အကွက်3 ( ၁၀) လမ်း စက်မှုသင်တန်းကျောင်းအနီး ဒေါနဘွား အောင်မြေသာဇံ ။
(အိုးသေးပဲရနိုင်ပါတယ်။ မနက်ခင်း ၆/၇ လာခဲ့ပေးပါ)
09402627686

📍အမရပူရမြို့ ၊ ဗားကရာကျောင်းတိုက် ၊မန္တလေး။
မနက် (၇) နာရီမှာ အောက်ဆီဂျင်ရပါမယ်တဲ့။

📍 Aung 02
အိမ်အမှတ်(ပပ-၂၀/၆၅) ၊၆၄ x၆၅ လမ်းကြား၊ ပိတောက်လမ်းသွယ်၊စက်မှုဇုန်(၁)၊ မန္တလေးမြို့။
09798663944



HYB page မှဖုန်းဆက်မေးမြန်းပြီးတင်ပေးထားတာပါ။
မနက်ဖြန်အတွက်ဖုန်းလေးတွေတစ်ချက်ဆက်ပြီးမှသွားကြပါခင်မျာ။ အဆင်ပြေကြပါစေ။

ကျနော်တို့ ZONIC GAMING မှလဲ O2 ရနိုင်မယ့်နေရာတွေကိုတတ်နိုင်သလောက်စုစည်းပီးတင်ပေးပါ့မယ်ဗျ

Send a message to learn more.

13/07/2021

မန္တလေး မနက်ဖန်(၁၄)ရက်နေ့အတွက် အောက်ဆီဂျင်ရနိုင်သောနေရာများ 🚨‼️

✅မနက်ဖန် ၁၄ ရက်နေ့ မနက်(၇)တွင်
ဗားကရာကျောင်းတိုက် အမရပူရမြို့နယ်မှာ
အောက်ဆီဂျင်များ ရပါမည်

✅မနောကြာဖြူပရဟိတအသင်း
၅၃လမ်း/မြရည်နန္ဒာရပ်ကွက်/ချမ်းမြသာစည်မြို့နယ် (ညနေ ၆/၆ခွဲမှစရပါမယ်)

09-752348362

✅MEC
အမှတ်10အကွက်3 ( ၁၀) လမ်း စက်မှုသင်တန်းကျောင်းအနီး ဒေါနဘွား အောင်မြေသာဇံ ။
(အိုးသေးပဲရနိုင်ပါတယ်။ မနက်ခင်း ၆/၇ လာခဲ့ပေးပါ)
09402627686

✅ Aung 02
အိမ်အမှတ်(ပပ-၂၀/၆၅) ၊၆၄ x၆၅ လမ်းကြား၊ ပိတောက်လမ်းသွယ်၊စက်မှုဇုန်(၁)၊ မန္တလေးမြို့။
09798663944

Send a message to learn more.

13/07/2021

Oxygen မရသေးရင်ရှာလည်းရှာပါလူနာကိုဒီတိုင်းမထားနဲ့
1 အချက် လူနာကိုမှောက်လျက်အနေထားအတိုင်းအိပ်ယာ/မွေ့ရာပေါ်မှာမိနစ် ၃၀ ကနေ၂နာရီထိသူနေနိင်သလောက်နေခိုင်းပါ

၂ အချက် လူနာကိုညာဘက်စောင်းပြီ မိနစ် ၃၀ ကနေ ၂ နာရီထိနေခိုင်းပါ

၃ အချက် လူနာကို ၃၀/၆၀ ဒီဂရီအနေထားနဲ့ထိုင်ခိုင်းပြီမိနစ် ၃၀ ကနေ ၂ နာရီထိနေခိုင်းပါ

၄ အချက် လူကိူဘယ်ဘက်အနေထားစောင်းပြီ မိနစ် ၃၀ ကနေ ၂ နာရီထိနေခိုင်းပါ

၅ အချက် လူနာကို ခန္ဓာကိုယ်တစ်ဝက် မှောက်တဲ့အနေထားတိုင်း မိနစ် ၃၀ ကနေ ၂ နာရီခန့်ထိ နေခိုင်းပါ

၆ အချက် လူနာကိုပထမဆုံးအနေထားအတိုင်း လူနာကိုမှောက်လျက် အိပ်ယာပေါ်မှာမိနစ် ၃၀ ကနေဘ၂ နာရီ နေနိုင်သလောက်လည်းနေခိုင်းပါ ၁ ကနေ ၆ အထိလှည့်နေခိုင်းပါ

အဆင်ပြေကျပါစေဗျ(Covid-19 လူနာကို အောက်ဆီဂျင်ပြန်ရစေနည်းလေးပါ)

[Unicode]
Oxygen မရသေးရင်ရှာလည်းရှာပါလူနာကိုဒီတိုင်းမထားနဲ့
1 အချက် လူနာကိုမှောက်လျက်အနေထားအတိုင်းအိပ်ယာ/မွေ့ရာပေါ်မှာမိနစ် ၃၀ ကနေ၂နာရီထိသူနေသလောက်နေခိုင်းပါ

၂ အချက် လူနာကိုညာဘက်စောင်းပြီ မိနစ် ၃၀ ကနေ ၂ နာရီထိနေခိုင်းပါ

၃ အချက် လူနာကို ၃၀/၆၀ ဒီဂရီအနေထားနဲ့ထိုင်ခိုင်းပြီမနစ် ၃၀ ကနေ ၂ နာရီထိနေခိုင်းပါ

၄ အချက် လူကိူဘယ်ဘက်အနေထားစောင်းပြီ မိနစ် ၃၀ ကနေ ၂ နာရီထိနေခိုင်းပါ

၅ အချက် လူနာကို ခန္ဓာကိုယ်တစ်ဝက် မှောက်တဲ့အနေထားတိုင်း မိနစ် ၃၀ ကနေ ၂ နာရီခန့်ထိ နေခိုင်းပါ

၆ အချက် လူနာကိုပထမဆုံးအနေထားအတိုင်း လူနာကိုမှောက်လျက် အိပ်ယာပေါ်မှာမိနစ် ၃၀ ကနေဘ၂ နာရီ နေနိုင်သလောက်လည်းနေခိုင်းပါ ၁ ကနေ ၆ အထိလှည့်နေခိုင်းပါ

အဆင်ပြေကျပါစေဗျ(Covid-19 လူနာကို အောက်ဆီဂျင်ပြန်ရစေနည်းလေးပါ)

အရောင်းပို့စ်မတင်တာကြာလို့ တင်ဦးမယ်ဗျနိုင်ငံတော်အတွက်လဲ လူအားငွေအား တတ်နိုင်သလောက်ပါဝင်ထားတာမို့ စျေးချည်းရောင်းနေတယ်လိ...
01/04/2021

အရောင်းပို့စ်မတင်တာကြာလို့ တင်ဦးမယ်ဗျ
နိုင်ငံတော်အတွက်လဲ လူအားငွေအား တတ်နိုင်သလောက်ပါဝင်ထားတာမို့ စျေးချည်းရောင်းနေတယ်လို့ မထင်ကြပါနဲ့ဗျာ🙏

season သစ်အတွက် Rp unlock လုပ်ဖို့ UC တွေ ဝယ်ပီးကြပီလား? ကျနော်တို့ page မှာ UC 690 ကို 13000ထဲနဲ့ဝယ်လို့ရသေးတယ်နော်ရောင...
22/03/2021

season သစ်အတွက် Rp unlock လုပ်ဖို့ UC တွေ ဝယ်ပီးကြပီလား?
ကျနော်တို့ page မှာ UC 690 ကို 13000ထဲနဲ့ဝယ်လို့ရသေးတယ်နော်
ရောင်းသူဝယ်သူအဆင်ပြေအောင် ပုံမှန်အတိုင်းပဲ ရောင်းချပေးနေပါတယ်ခဗျ🙏

ဒီကာလကြီးမှာ ရောင်းသူဝယ်သူအဆင်ပြေအောင် UC စျေးချပေးထားပါတယ်ခဗျpage messengerမှာစိတ်ချယုံကြည်စွာ လာရောက်ဝယ်ယူနိုင်ပါတယ်အာ...
19/03/2021

ဒီကာလကြီးမှာ ရောင်းသူဝယ်သူအဆင်ပြေအောင် UC စျေးချပေးထားပါတယ်ခဗျ
page messengerမှာစိတ်ချယုံကြည်စွာ လာရောက်ဝယ်ယူနိုင်ပါတယ်
အားလုံးပဲအဆင်ပြေကြပါစေ🙏

ခိုးတော့မဆော့ကြနဲ့ကွာ...🥲🤌
18/03/2021

ခိုးတော့မဆော့ကြနဲ့ကွာ...🥲🤌

မဂ်လာပါ ခင်ဗျကျနော်တို့ page မှ Dia/UC များကို စျေးအပြောင်းလဲမရှိဘဲ အရင်နှုန်းထားအတိုင်း ဆက်လက်ရောင်းချပေးသွားပါမယ်ခင်ဗျ...
18/03/2021

မဂ်လာပါ ခင်ဗျ

ကျနော်တို့ page မှ Dia/UC များကို စျေးအပြောင်းလဲမရှိဘဲ အရင်နှုန်းထားအတိုင်း ဆက်လက်ရောင်းချပေးသွားပါမယ်ခင်ဗျ

ကျနော်တို့လဲ ဒီချိန်ဒီကာလကြီးမှာ စျေးရောင်းရတာအလွန်အားနာရပါတယ်

ရုတ်တရက်ကြီး အရောင်းရပ်ဖို့အဆင်မပြေတာမို့ နားလည်ပေးကြပါခင်ဗျာ

အရေးတော်ပုံအတွက် တိုက်ပွဲဝင်နေသူများလည်း စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ

အရေးတော်ပုံအောင်ရမည်💪

❗Moonton သည် China အပြည့်အဝ ဖြစ်ပါသည်     သူ့အကြောင်းတော့ ပြောစရာမရှိတော့ပါ     ဒါပေမယ့်     ဒီကိစ္စနဲ့ ပတ်သတ်ပီးတော့ ဆေ...
17/03/2021

❗Moonton သည် China အပြည့်အဝ ဖြစ်ပါသည်
သူ့အကြောင်းတော့ ပြောစရာမရှိတော့ပါ

ဒါပေမယ့်

ဒီကိစ္စနဲ့ ပတ်သတ်ပီးတော့ ဆော့တဲ့သူတွေ
အနေနဲ့ကော Seller တွေ အနေနဲ့ကော
ကျတော် အနည်းငယ် ရှင်းပြစရာလေး ရှိပါတယ်

------------------/

❗ဆော့တဲ့သူတွေအနေနဲ့က

Uninstall လုပ်ကြတယ် / လုပ်စရာမလိုပါဘူး
ကျနော်တို့ ဂိမ်းထဲကိုဝင်မယ် Match ရှာမယ်
ဝင်ဆော့နေမယ်ဆိုရင်တော့ ကျနော်တို့
ပိုက်ဆံတွေက သူတို့စီကို ဝင်နေဦးမှာပါ

ဒါကြောင့် ဝင်မဆော့ဖို့က အဓိကပါ ❌❌❌

Uninstall ရုံ နဲ့ သူတို့ဘက်ကို မထိခိုက်နိုင်ပါဘူး
ကျနော့်တို့ ဝယ်ပီးသားတွေက ပိုက်ဆံတွေ
ရောက်ပီးသွားတာမို့ ဘာမှလုပ်မရတော့ပါဘူး
အဓိက က နောက်ထပ် ပိုက်ဆံ ထပ်မဝင်ဖို့ပါ
ဂိမ်းထဲကိုဝင် Lobby မှာ Event လေးတွေကို
Free ယူနေရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး

ထပ်ပြောပရစေ အဓိက က ဝင်မဆော့ဖို့ပါ ❌❌❌

‎Myanmar နိုင်ငံက လူတွေအနေနဲ့ကတော့
Boycott ရမှာဖြစ်လို့ ဝင်ဆော့လို့မရပါဘူး ❌❌❌

ဒါပေမယ့် ကျနော်တို့ Page တွေ Acc တွေ မှာ
တစ်ခြားနိုင်ငံက ဆော့သူတွေ ဝယ်သူတွေ
ရှိနေပါတယ် သူတို့တွေက Event တွေ မတင်ရင်
Update တွေ မတင်ရင် လာလာမေးကြပါတယ်

အရင်ကဆို Wan Wan Event မှာ Error တက်ပီး
Collector တွေ Free ရကုန်ပါတယ် အဲ့လိုမျိုး
Event တွေသာရှိရင် ဂိမ်းကို မဆော့ဘဲ
ဝိုင်းယူကြပါ အဲ့ကောင်ကြီး တော်တော်ထိပါလိမ့်မယ်

ဒါတွေကြောင့်မို့ Event တွေ တင်သွားပရစေလို့
ကျနော်တစ်ချက် ခွင့်တောင်းချင်ပါတယ်

------------------/

❗Seller တွေ အနေနဲ့က

သူတွေအနေနဲ့ကျ Dia / Uc / Wc တွေ ရောင်းဖို့
ကုန်ကြမ်းတွေကို သိန်း နဲ့ ချီပီး ကြိုဝယ်ထားရပါတယ်
ကြိုဝယ်ထားကတည်းက ပိုက်ဆံက တစ်ဖက်ကို
ရောက်ပီးသွားပါဘီ ပြန်ယူလို့မရတော့ပါဘူး

အခုဆိုရင် ကျနော်တို့ Seller တွေစီမှာ သိန်းရာနဲ့ချီ
သိန်းဆယ်နဲ့ချီပီး ကုန်ကြမ်းတွေက ကျန်နေပါတယ်
ဒါတွေကုန်ဖို့အတွက် ကျနော်တို့ ဆက်ရောင်းရမှာပါ

Myanmar နိုင်ငံကလူတွေ မဝယ်ရင်တောင်
အခြားနိုင်ငံကလူတွေအတွက် ဒီကုန်ကြမ်းတွေ
ကုန်သည်ထိ ဆက်ရောင်းနေရဦးမှာပါ

ဒီကုန်ကြမ်းတွေကုန်တာ နဲ့ ကျနော်တို့နိုင်ငံရေး
ကိစ္စကြီး ပုံမှန်ပြန်ဖြစ်ပီး အဆင်ပြေသွားမှ
ပြန်လည် ရောင်းချပါမယ်

အခုတလောအတွင်း ရောင်းတာလေးကိုတော့
အပြစ်မမြင်ဖို့ အနူးအညွတ် တောင်းဆိုပါရစေ
🙏🙏🙏

16/03/2021

ကိုယ့်ဖက်မှာ သေနတ်ရှိရင်တောင် ထိပ်တိုက်ရင်ဆိုင်လို့ မရပါဘူးခင်ဗျာ..

မအလ စစ်တပ် မှာ လက်နက်အင်အား သာလွန်မှုရှိနေပါတယ်... စနစ်ကျတဲ့ စုဖွဲ့မှုရှိနေပါတယ်...

မျက်နှာချင်းဆိုင်ပြီး ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် မအလစစ်တပ်ပစ်တာကို အဓိပ္ပါယ်မရှိအသေခံပေးရမယ့်သဘောရှိတယ်...

ပြန်ချဖို့ စိတ်ကူးမရှိရင် ထိပ်တိုက်ရင်မဆိုင်ပါနဲ့...

ပစ်တော့မှ ထွက်မပြေးပါနဲ့... ကြိုတင် လူစုခွဲပါ...

ပြန်ချမယ်လို့ဆုံးဖြတ်ထားရင်လဲ... ထိပ်တိုက်ရင် မဆိုင်ပါနဲ့... အလစ်အငိုက်တိုက်ခိုက်ပါ...

လေးခွ နဲ့ အဝေးက လှမ်းပစ်တာလောက်က ထိရောက်မှုမရှိပါဘူး...

အသေမခံကြပါနဲ့...

ဒီအတိုင်း အသေခံနေလို့မရပါဘူး...

လက်တွေ့ကျတဲ့ မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ ဗျူဟာမျိုးကို အချင်းချင်းဆွေးနွေး ညှိနှိုင်း တိုင်ပင်ကြပါ...

မအလ တွေက ကျည်အစစ်နဲ့ တကယ်ပစ်သတ်နေတာပါ...

ထိပ်တိုက်ရင်ဆိုင်ပြီး “ဒို့ပြည်သူတွေညီရဲ့လားဟေ့” အော်ရမယ့် အချိန်မဟုတ်တော့ပါဘူး...

ထိပ်တိုက်ရင်ဆိုင်တာမျိုး ရှောင်ကြပါ...

တော်လှန်ရေးကာလကြီးမှာ အားနာနာနဲ့ အရောင်းပို့စ်လေးတင်ပါရစေရှင့်😥seasonလဲကုန်တော့မှာဆိုတော့ rank တွေလဲတင်သင့်သလောက်တင်ပီးက...
14/03/2021

တော်လှန်ရေးကာလကြီးမှာ အားနာနာနဲ့ အရောင်းပို့စ်လေးတင်ပါရစေရှင့်😥

seasonလဲကုန်တော့မှာဆိုတော့ rank တွေလဲတင်သင့်သလောက်တင်ပီးကြပီထင်ပါရဲ့😁

seasonသစ်အတွက် ucတွေကြိုဖြည့်ထားလို့ရပီနော်👈

seasonကုန်တဲ့နေ့မှဆိုရင် စျေးတက်တာ အားလုံးသိကြတယ်ဟုတ်?👀

dia တွေလဲ စျေးလျော့တုန်း လာဝယ်ထားကြပါလို့😗

% နဲ့ diamondတွေလျှော့စျေးရနေတော့ ခုချိန်skinဝယ်ရင်တန်မှတန်ပဲနော်

လူလိမ် page ပါ report ဝိုင်းထုပေးကြပါ ဒီကာလမှာ ငွေရှာဖို့အလွန်ခက်ခဲနေပါတယ် ဒီလိုမသမာတဲ့ page ကို report ထုပေးကြပါhttps:/...
11/03/2021

လူလိမ် page ပါ report ဝိုင်းထုပေးကြပါ
ဒီကာလမှာ ငွေရှာဖို့အလွန်ခက်ခဲနေပါတယ် ဒီလိုမသမာတဲ့ page ကို report ထုပေးကြပါ
https://www.facebook.com/dreamgaming223/

Hello!!!ကျနော်တို့ page မှာ UC အပြင် Dia တွေပါ ဝယ်ယူအားပေးနိုင်ပါပီဗျတိကျမြန်ဆန်တဲ့ reply တွေနဲ့ အမြန်ဆုံးဝန်ဆောင်မှုပေး...
09/03/2021

Hello!!!

ကျနော်တို့ page မှာ UC အပြင် Dia တွေပါ ဝယ်ယူအားပေးနိုင်ပါပီဗျ

တိကျမြန်ဆန်တဲ့ reply တွေနဲ့ အမြန်ဆုံးဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ

ယုံယုံကြည်ကြည်ဝယ်ယူအားပေးသူများကိုလဲ ကျေးဇူးတင်ပါတယ်🙏

မလေးရှားကလပ် ဆီလန်ဂေါ- ခ အသင်းမှာ ကစားနေတဲ့ လူငယ်မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်မှူး ဟိန်းထက်အောင်ဟာ အသင်းအတွက်ဂိုးသွင...
07/03/2021

မလေးရှားကလပ် ဆီလန်ဂေါ- ခ အသင်းမှာ ကစားနေတဲ့ လူငယ်မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်မှူး ဟိန်းထက်အောင်ဟာ အသင်းအတွက်ဂိုးသွင်းယူပြီးချိန်မှာ​ေတာ့ မြန်မာ့ဒီမိုက​ရေစီအရေးတော်ပုံ တိုက်ပွဲကို ထောက်ခံသည့် လက်၃ချောင်းထောင်ဟန်​​ဖြင့်အောင်ပွဲခံခဲ့ပါတယ်။
ဓာတ်ပုံ - Selangor Fc

Ace ရောက်ရင်အကောင်ပဲ လောက်ကောင်🙂
06/03/2021

Ace ရောက်ရင်အကောင်ပဲ
လောက်ကောင်🙂

ဒီ နေ့တွက် UC ဈေးနှုန်းလေးရပါပီ နော်ကြာချိန်ကတော့ ငွေလွှဲပီးငါးမိနစ်အတွင်းရအောင်ကြိုးစားဖြည့်ပေးပါတယ်ဗျ ယုံကြည်စိတ်ချ စွ...
06/03/2021

ဒီ နေ့တွက် UC ဈေးနှုန်းလေးရပါပီ နော်
ကြာချိန်ကတော့ ငွေလွှဲပီးငါးမိနစ်အတွင်းရအောင်ကြိုးစားဖြည့်ပေးပါတယ်ဗျ
ယုံကြည်စိတ်ချ စွာဖြင့်ဝယ်ယူအားပေးနိုင်ပါပီ 🤗🤗

02/03/2021

𝗙𝗢𝗨𝗥 𝗪𝗘𝗘𝗞𝗦 𝗨𝗡𝗗𝗘𝗥 𝗠𝗜𝗟𝗜𝗧𝗔𝗥𝗬 𝗖𝗢𝗨𝗣

𝗙𝗶𝗿𝘀𝘁 𝗪𝗲𝗲𝗸
https://m.facebook.com/story.php?story_fbid=276180493906743&id=100045443823141

𝗦𝗲𝗰𝗼𝗻𝗱 𝗪𝗲𝗲𝗸
https://m.facebook.com/story.php?story_fbid=276203903904402&id=100045443823141

𝗧𝗵𝗶𝗿𝗱 𝗪𝗲𝗲𝗸
https://m.facebook.com/story.php?story_fbid=276305897227536&id=100045443823141

𝗙𝗼𝘂𝗿𝘁𝗵 𝗪𝗲𝗲𝗸
https://m.facebook.com/story.php?story_fbid=276318373892955&id=100045443823141

Crd

အင်း ဘယ်သူကစမြှောက်ပေးလိုက်တယ်မသိဘူးအောက်ကပုံတွေမှာပြထားတဲ့ သံပြား 3mm အထူ သံချပ်ကာတွေကို တစ်စုံတစ်သောင်းနဲ့ရောင်းနေတာရှ...
02/03/2021

အင်း ဘယ်သူကစမြှောက်ပေးလိုက်တယ်မသိဘူး

အောက်ကပုံတွေမှာပြထားတဲ့ သံပြား 3mm အထူ
သံချပ်ကာတွေကို တစ်စုံတစ်သောင်းနဲ့ရောင်းနေတာ
ရှိတယ် ငွေတောင်အလှူခံလိုက်သေးတယ်
ဘယ်သူတွေအတွက်လည်းဆိုတော့ ဆန္ဒပြတဲ့အချိန်
ရှေ့ဆုံးတန်းက ကလေးတွေအတွက်တဲ့

စိတ်ကူးပေါက်ရာတွေကို အဲဒီလို အသက်နဲ့ရင်းပြီး
လက်တဲ့မစမ်းကြပါနဲ့ စဆရက တွေ အင်မတန်များတယ် အဲဒီသံချပ်ကာရဲ့အားနည်းချက်က ပထမကမ္ဘာစစ်သုံး
ကျည်ကာဝတ်စုံတွေနဲ့အတူတူပဲ

ဘယ်ကျည်မှမကာတဲ့အပြင် ဝတ်တဲ့လူတွေကို
မချိမဆန့်နဲ့သေအောင်ပါလုပ်သွားတယ်

သေနတ်တစ်လက်ဟာ ပစ်လိုက်တာနဲ့
တစ်ဖက်လူကို အန္တရာယ်နှစ်ခု တစ်ပြိုင်နက်ပေးတယ်
ပထမတစ်ခုက ကျည်ဆန် ဒုတိယတစ်ခုက
ပြောင်းထွက်ရှိန်ရိုက်ခတ်မှု Impact ပဲ

သေနတ်ထိမှန်တဲ့သူဟာ ကျည်ကြောင့်
သေတာအပြင် ကျည်မှန်တဲ့အရှိန်နဲ့သေတာပါရှိတယ်
(ဥပမာ) G 3 နဲ့ပစ်ရင် လက်ထိလက်ပြတ်
ခြေထိခြေပြတ်ဆိုတာ ၇.၆၂ ကျည်ရဲ့ impact ကို
ပြောတာ အရှိန်အရမ်းပြင်းတယ် အခုပြထားတဲ့
သံပြားဆို ကျည်ကိုလည်မကာနိုင်ဘူး
လက်ရှိတပ်မှာသုံးနေတဲ့ 5.56 ကျည်အတွက်လဲ မထူးသလို 9 mm ကျည်အတွက်လဲ closed range မှာ မကာနိုင်ပါဘူး

ပိုဆိုးတာက ကျည်ကြောင့်မသေဘဲ ကျည်မှန်တဲ့ဒဏ်ကြောင့်သေမှာ ဆယ်ပေါင်ထုနဲ့ရင်ဝကိုထုချလိုက်သလို
ခံစားရမယ် ရာဘာကျည်နဲ့ပစ်လို့ ရာဘာကျည်က
မဖောက်နိုင်ဘူးထား ရာဘာကျည်ရဲ့အရှိန်ဟာ
သာမန်သေနတ်တွေထက်ပိုပြင်းတယ် သံပြားဟာအဲဒီဒဏ်မခံနိုင်ဘူး။အတွင်းကို ချိုင့်ဝင်ပြီး နံရိုးတွေကျိုးမယ် ကလီစာတွေစိုက်မယ်အတွင်းကြေကြေမယ် ကိုယ်တွင်းသွေးထွက်လွန်ပြီးခွဲစိတ်ခန်းမရောက်ခင် သေမယ် first aid နဲ့ကယ်မရဘူး WW 1 တုန်းက သေကုန်တာ အဲဒါတွေကြောင့်သေကုန်တာ နောက်ပိုင်း အဲဒီကျည်ကာထုတ်ပေးရင်ကို မအေနှမမိုးမွှန်အောင်ဆဲကြတာဟ
အခုလည်း ခင်ဗျားတို့ စဆရကတွေက ကလေးတွေကို မြှောက်ပေးနေပြန်ပြီ

နောက်တစ်ခုရှိသေးတယ် အဲဒါက
tactical vest တွေပဲ ဒီနိုင်ငံမှာရောင်းတဲ့
vest အကုန်လုံး တစ်ခုမှ military grade မဟုတ်ဘူး။
အပျော်တမ်းဝတ်လို့ပဲရတယ် Air soft grade တွေ
ရောင်းတဲ့ကောင်များကလည်း ကိုယ့်ပစ္စည်းရောင်းရပြီးရော အလွန်တွေလုပ် ဝယ်တဲ့သူကလည်း သွေးတွေကြွနဲ့ ပိုဆိုးတာက သံပြားထည့်မယ်ဘာညာကလာသေး

မထူးဘူး စစ်သုံးကျည်ကာပြားတွေမဟုတ်ရင်
ဘယ်သံပြားမှသုံးစားမရဘူး စစ်သားတွေဝတ်တဲ့
တကယ့်စစ်သုံးကျည်ကာတွေ ကျည်ကာဒိုင်းတွေတောင် တစ်စုံဆို ဒေါ်လာသောင်းချီပေးရတယ် ဒါတောင်
အပြည့်အဝမကာကွယ်နိုင်ဘူး အဲဒါကို
မြန်မာငွေသိန်းဂဏန်း သောင်းဂဏန်းလောက်
ရှိတဲ့ဟာလေးနဲ့လုံပြီထင်ရင်တော့ မပြောတတ်ဘူး

ကျည်ကာဆိုတာ စစ်ဘက်မှာတောင် အတော်လေး
သုတေသနတွေလုပ်ပြီး စနစ်တကျချုပ်လုပ်ရတာ
အဲဒီတတ်ယောင်ကားတွေမြှောက်ပေးတာ ကြပ်ကြပ်လုပ် ဒုက္ခများမယ်

vest တွေထဲ sprayဘူးတွေ ဘာဗူးညာဗူးတွေထည့်မထားနဲ့ ကျည်ထောက်မှန်တာ အစလွင့်လာတာတွေ လာထိရင်
ဗူးကွဲတာ လက်ပစ်ဗုံးလိုပဲ

မင်းတို့တွေ ဆဲချင်ဆဲ မဆဲချင်နေ ငါပြောတာ
တစ်ယောက်နားဝင်လို့ တစ်ယောက်သက်သာလည်း
အမြတ်ပဲ ဒါပဲ

Crd
Zarni &
လင်း ထက် https://www.facebook.com/profile.php?id=100009593228768

ဒီနေ့ UC စျေးပါစျေးအနည်းငယ်တက်ပါတယ်ရှင့်live stream လေးကိုတော့ တော်လှန်ကြီးပီးမှ ပြန်စပေးပါ့မယ်admin တို့ဘက်ကလဲ ခုချိန် ...
01/03/2021

ဒီနေ့ UC စျေးပါ
စျေးအနည်းငယ်တက်ပါတယ်ရှင့်

live stream လေးကိုတော့ တော်လှန်ကြီးပီးမှ ပြန်စပေးပါ့မယ်
admin တို့ဘက်ကလဲ ခုချိန် stream လို့ အဆင်မပြေသေးလို့ပါ

UC စျေးပြန်ကျသွားပါပီတန်တုန်း မြန်တုန်း ဝယ်ထားကြပါမြန်ချက်ကတော့ ၅မိနစ်ပဲနော် အလွန်ဆုံးကြာ ၁၀မိနစ်😉
25/02/2021

UC စျေးပြန်ကျသွားပါပီ
တန်တုန်း မြန်တုန်း ဝယ်ထားကြပါ
မြန်ချက်ကတော့ ၅မိနစ်ပဲနော်
အလွန်ဆုံးကြာ ၁၀မိနစ်😉

ဟလို...သူရဲကောင်းတို့လက်တွေ့ဘဝမှာ ရဲဝင့်စွာ တိုက်ပွဲဝင်နေကြသလို pubg စစ်မြေပြင်၌လည်း skin အလန်းနဲ့ ယုံကြည်မှုရှိရှိ တိုက...
20/02/2021

ဟလို...သူရဲကောင်းတို့

လက်တွေ့ဘဝမှာ ရဲဝင့်စွာ တိုက်ပွဲဝင်နေကြသလို pubg စစ်မြေပြင်၌လည်း skin အလန်းနဲ့ ယုံကြည်မှုရှိရှိ တိုက်ပွဲဝင်နိုင်ရန် UC များ ပြန်လည်ရောင်းချပေးနေပါပြီ

မှတ်ချက်။
နိုင်ငံ့အ‌ရေး မကြည့်ဘဲ စီးပွားရေးပဲလုပ်နေတယ်လို့မထင်စေလို။ လမ်းပေါ်လည်း အလှည့်ကျထွက်နေကြသလို page အတွက်လည်း အလှည့်ကျလုပ်ဆောင်နေကြပါတယ်။

Let's fight together 💪💪💪
08/02/2021

Let's fight together 💪💪💪

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ZONIC gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share