West Mogok Channel

West Mogok Channel ငါသေပါစေ တရားနိုင်ပါစေ..

"ခွပ်ဒေါင်းတွန်သံ မိုးသို့ညံအဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွဲ" #ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် #အဆုံးသတ်တိုက်ပွဲတို့ဆင်နွှဲ
20/09/2021

"ခွပ်ဒေါင်းတွန်သံ မိုးသို့ညံ
အဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွဲ"


#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
#အဆုံးသတ်တိုက်ပွဲတို့ဆင်နွှဲ

မဝင်းမော်ဦးသို့ဒီနေ့ဟာ ခင်ဗျားကျဆုံးခဲ့တဲ့ ၃၃နှစ်မြောက်နေ့ ဖြစ်တယ် ။တော်လှန်ရေးသပိတ်တိုက်ပွဲဆီမသွားမှီ   အာဏာသိမ်းစစ်တပ်...
19/09/2021

မဝင်းမော်ဦးသို့

ဒီနေ့ဟာ ခင်ဗျားကျဆုံးခဲ့တဲ့ ၃၃နှစ်မြောက်နေ့ ဖြစ်တယ် ။
တော်လှန်ရေးသပိတ်တိုက်ပွဲဆီမသွားမှီ အာဏာသိမ်းစစ်တပ်ကပစ်သတ်မယ် ကြော်ငြာထားလို့ မိဘများ
တားကြတုန်းကပြောခဲ့တဲ့ "သမီးကကျောင်းမှာ အမာခံမဟုတ်၊ အသေခံတွေ"ဆိုတဲ့ စကားက ဘယ်လောက်တောင်များ ရဲဝံ့လိုက်သလဲ။နောက်ဆုံးထွက်သက်မတိုင်ခင် ဖခင်ကို မှာခဲ့တဲ့ " ဒီမိုကရေစီရမှ သမီးကိုအမျှဝေပါ" ဆိုတဲ့စကားက ၁၆နှစ်အရွယ်ခင်ဗျားရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ယုံကြည်ချက် ရဲ့သက်သေပဲ။

၂၀၁၅မှာ မိသားစုက အမျှဝေခဲ့ပြီဆိုပေမယ့် သူတို့ကိုယ်တိုင်က လက်ရှိနိုင်ငံရေး အခြေအနေအပေါ် အားရမှုမရှိသေးဘူးလို့ ဆိုခဲ့တယ်။၂၀၂၁ တော်လှန်ရေးအောင်ပွဲ ပြီးရင် ကျုပ်တို့အားလုံး ခင်ဗျားအတွက် ဒုတိယ အကြိမ် ထပ်အမျှဝေချင်တယ်။

ခင်ဗျားလိုရဲဝံ့တဲ့သူတွေ ယုံကြည်ချက်ပြင်းထန်တဲ့သူတွေဟာ ခေတ်အဆက်ဆက် မှာ ဒီမိုကရေစီအရေးအတွက်၊နိုင်ငံအတွက်စစ်အာဏာရှင်ကိုတော်လှန်ရင်း အသက်စွန့်ခဲ့ကြတယ်။

ခင်ဗျားတို့ ရှေ့က အသက်နဲ့ရင်းပေးဆပ်ပြီး သင်ကြား ပေးခဲ့တာတောင် ကျနော်တို့ဟာ သင်ခန်းစာ မယူခဲ့ဘူး။
စစ်အာဏာရှင်ကို အမြစ်မဖြတ်ဘဲ ဒီမိုကရေစီခေတ် ရောက်ချင်ခဲ့ကြသတဲ့လား?ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်သလဲ?ရွှေရည်စိမ်ဒီမိုကရေစီထဲ ယစ်မူးအိပ်ပျော်နေတဲ့ကျနော်တို့ဟာ စစ်အာဏာရှင်တွေ အာဏာပြန်သိမ်းလိုက်မှလန့် ဖြန့်နိုးလာကြတယ် ။
ခပ်လွယ်လွယ်မက်ခဲ့မိတဲ့ ရွှေရည်စိမ် အိပ်မက်ဟာ
ခပ်လွယ်လွယ်ပျက်သွားခဲ့တာပေါ့။

ဒါပေမယ့် တချို့ကတော့ အခုချိန်ထိ အိပ်ချင်ယောင်ဆောင်နေကြဆဲပါပဲ။ကိုယ်ကျိုးစီးပွား မထိခိုက်သရွေ့ တော်လှန်ရေးနဲ့ မဆိုင်သလို နေရင်း စစ်ဖိနပ်အောက်မှာပဲကျွန်အဖြစ် ဆက်အသက်ရှင်နေချင်တဲ့သူတွေပေါ့။
တချို့ကြတော့ အလုပ်မပါတဲ့ အပြောသက်သက်နဲ့ တော်လှန်ရေးမှာ နိုးထချင်ယောင်ဆောင် အာချောင်
နေကြတယ်။ ကိုယ်ကိုယ်တိုင်စိုက်ပျိုးပြီးရလာတဲ့ အသီးဟာ ပိုချိုစမြဲ ဆိုတာကို သူတို့ကိုသိစေချင်ရဲ့ ။
တော်လှန်ရေးခေတ် အဆက်ဆက်မှာ အပြောထက် အလုပ်သာအရေးကြီးကြောင်း နားလည်ပြီး လုပ်အားကြကြ ပါဝင်လာစေချင်မိတယ်။

မျက်မှောက် ၂၀၂၁ တော်လှန်ရေးမှာလည်းကျနော်တို့ဟာ ဆက်လက် အသက်ပေးတိုက်ပွဲဝင်နေကြဆဲပါပဲ မဝင်းမော်ဦးရေ။ မရှက်တက်တဲ့သူတစ်စုကတော့ စစ်ကျွန်အဖြစ် ပြားပြားဝပ်လို့ပေါ့။ဒါပေမယ့်ကျွန်တော်တို့ကတော့ ခေတ်အဆက်ဆက် စစ်အာဏာရှင် တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်တိုင်းရဲ့ ပေးဆပ်မှုတွေ၊ယုံကြည်ချက်တွေနဲ့ ထိုက်တန်အောင် အစွမ်းကုန်ကြိုးစားသွားမှာ။
ခေတ်အဆက်ဆက်ရဲ့ သွေးကြွေးဟာ ၂၁ တော်လှန်ရေးမှာ မုချအပြီးဆပ်နိုင်ရမယ်။ "အာဏာရှင်စနစ်ဟူသမျှကို အမြစ်ဖြတ်ပြီးမှသာဒီမိုကရေစီစနစ်ဆီရောက်နိုင်မယ်"ဆိုတဲ့ အချက်ကို မမေ့ပျောက်ပဲ တိုက်ပွဲမှ အောင်ပွဲဆီသို့ ဆက်လက် ချီတက်သွားမည်ဟု ကတိပေးရင်း အဆုံးသတ်လိုက်ပါတယ် အာဇာနည် မဝင်းမော်ဦးရေ။

#လေးစားလျှက်

#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#သေမှာမကြောက်သပိတ်မှောက်
ငါတို့သည် မဝင်းမော်ဦးမျိုးဆက်များသာ

"ဖက်ဆစ်ထုတ်ကုန် အားမပေး ငါတို့ အနာဂတ်အရေး"အာဏာသိမ်းခါစက ဖက်ဆစ်ထုတ်ကုန်တွေကို သပိတ်မှောက်ခဲ့ကြပါတယ်။သို့ရာတွင် ယခုအခါ အချ...
19/09/2021

"ဖက်ဆစ်ထုတ်ကုန် အားမပေး ငါတို့ အနာဂတ်အရေး"

အာဏာသိမ်းခါစက ဖက်ဆစ်ထုတ်ကုန်တွေကို သပိတ်မှောက်ခဲ့ကြပါတယ်။သို့ရာတွင် ယခုအခါ အချို့ပြည်သူများက မေ့မေ့လျော့လျော့ဖြင့်ပြန်လည် သုံးစွဲနေကြတာကို တွေ့ရပါတယ်။အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ယန္တရားကြီးကို အပြီးတိုင် ရပ်ဆိုင်းပစ်ဖို့အတွက် ပြည်သူလူထုတစ်ရပ်လုံးက အတူတကွ ကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။ တောခိုနေတဲ့ ရဲဘော်ရဲဘက်တွေက သူတို့တတ်စွမ်းသမျှ လုပ်ပေးနေတုန်းမှာ တောမခိုနိုင်တဲ့ မြို့ပေါ်နေ ပြည်သူတို့အနေနဲ့လဲ ကိုယ်တတ်နိုင်တာကို ကြိုးစားလုပ်ပေးဖို့ လိုအပ်ပါတယ်။ တောခိုနေသူတို့အတွက် လိုအပ်တာ လှူဒါန်းပေးတဲ့ နည်းတူစွာပဲ တစ်ဖက်က စစ်ကောင်စီဆီကို ငွေဝင်မယ့် လမ်းကြောင်းတွေကိုလဲ ဖျက်ဆီးပစ်ရပါမယ်။ အဲ့အတွက် စစ်တပ်ပိုင်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ လိုအပ်ပါတယ်။

သပိတ်မမှောက်ရင်ရော ဘာဖြစ်လို့လဲ?
သပိတ်မမှောက်ဘူးဆိုရင် စစ်တပ်ဘက်ကို ငွေဝင်စီးကြောင်း ရှိနေတဲ့အတွက် ပြည်သူတွေကို သတ်ဖြတ်မယ့် ကျည်ဆန်ဖိုး၊ လက်နက်ကြီးတွေ စသဖြင့် ဝယ်လို့ရအောင် ကူညီပေးသလို ဖြစ်သွားပါလိမ့်မယ်။ ပြည်သူတွေအနေနဲ့ ကိုယ့်ကို ပြန်ပစ်ဖို့ ကျည်ဖိုး ရှာပေးတာမျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့် ကိုယ့်ဆီကငွေ တစ်ပြားတစ်ချပ်မှ စစ်တပ်ဘက်ကို ရောက်မသွားဖို့အတွက် သေချာသပိတ်မှောက်ကြရပါမယ်။

ဘာတွေကို သပိတ်မှောက်ကြမလဲ?
အခုအချိန်မှာ မြန်မာဘီယာတို့ Rubyတို့ စတဲ့ စစ်တပ်ပိုင် ပစ္စည်းတွေကို ပြန်ပြီးသုံးနေတာတွေ ရှိလာပါတယ်။ ဒါကြောင့် စီးကရက်၊ ဘီယာစတဲ့ လူသုံးများတဲ့ ထုတ်ကုန်နဲ့ပတ်သတ်ပြီး သပိတ်မှောက်ရမယ့် ထုတ်ကုန်များကို ဖော်ပြပေးလိုပါတယ်။ ဘီယာမှာဆိုရင် Myanmar Beer, Myanmar Premium Beer, Adaman Gold, Dagon Beer, Mandalay Beer နဲ့ Black Shield တို့ဖြစ်ပြီး စီးကရက်ထုတ်ကုန်တွေက Red Ruby နဲ့ Premium Gold တို့ ဖြစ်ပါတယ်။

သပိတ်မှောက်တာကို ပိုထိရောက်အောင် ဘယ်လိုလုပ်မလဲ?
ဈေးကွက်ကွန်ရက်ဟာ အဓိကက ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ဝယ်ယူသူဆိုပြီး ကွင်းဆက်ကြီးရှိပါတယ်။ ဝယ်သူရှိလို့ ရောင်းသူရှိတယ်၊ ရောင်းသူရှိလို့ ထုတ်သူရှိတယ်၊ ထုတ်သူရှိလို့ ဝယ်သူရှိတယ်။ အဲ့အတွက် ကွင်းဆက်ဖြတ်ဖို့အတွက် အဓိကအခြေခံအနေနဲ့ ဝယ်သူတွေကစပြီး ဖြတ်ပစ်ကြပါမယ်။ တပ်ပိုင်းထုတ်ကုန်မှန်သမျှ မဝယ်ယူ၊ အားမပေးဘဲ နေပါမယ်။ ထိုနည်းလည်းကောင်း ရောင်းသူတို့ကလဲ တပ်ပိုင်းပစ္စည်းဆို ဆိုင်ပေါ်မတင်၊ မရောင်းချဘဲ နေရပါမယ်။

အခု Mytel Tower တွေ ကျိုးတဲ့အခါ စစ်တပ်ဘက်က အထိနာနေပါတယ်။ ဘီယာနဲ့ စီးကရက်က တိုင်ချိုးသလို သွားချိုးလို့မရတဲ့အတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေဘဲ မဝယ်ယူ၊ မသုံးစွဲ၊ မရောင်းချ၊ အားမပေး ဆိုပြီးတော့ပဲ တတ်နိုင်သမျှ သပိတ်မှောက်ဖို့လိုအပ်ပါတယ်။

"ကိုယ်တစ်ယောက်မလုပ်လည်း ဘာမှမဖြစ်ပါဘူး"ဆိုပြီးနေမယ်ဆိုရင် ကိုယ်လိုလူတွေတစ်စတစ်စများလာမယ်ဆိုရင် ဖြစ်လာမယ့်ငွေတွေက စစ်တပ်ကို အကျိုးအမြတ် အကြီးကြီးပေးသလို ဖြစ်သွားစေတဲ့အတွက် ပြည်သူတစ်ရပ်လုံးအနာဂတ်အတွက် ဖက်ဆစ်ထုတ်ကုန်မှန်သမျှသပိတ်မှောက်ကြဖို့ နှိုးဆော်တိုက်တွန်းအပ်ပါတယ်။


#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

06/07/2021

၇.၇.၁၉၆၂ မမေ့ကြနဲ့

ဆလိုင်းတင်မောင်ဦး သို့မဟုတ် တစ်နိုင်ငံလုံး ဂုဏ်ပြုရမည့် ကျောင်းသားအာဇာနည်▬▬▬▬▬▬▬▬▬▬“မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရ...
26/06/2021

ဆလိုင်းတင်မောင်ဦး သို့မဟုတ် တစ်နိုင်ငံလုံး ဂုဏ်ပြုရမည့် ကျောင်းသားအာဇာနည်
▬▬▬▬▬▬▬▬▬▬

“မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ”

အထက်ပါ စကားက မြန်မာ့သမိုင်းမှာ ကျောင်းသားခေါင်းဆောင်များအနက် တစ်ဦးတည်းသော ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦး ကြိုးစင်ပေါ်မှာ ပြောခဲ့တဲ့ သမိုင်းဝင်စကား ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသား ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်တွေဆီက မဆလ တစ်ပါတီစနစ်၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရာမှာ ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ထောင်နှစ်ကြိမ် ကျခဲ့ပါတယ်။ ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ဇွန်လ (၂၆) ရက်နေ့မှာ မဆလ စစ်အာဏာရှင်တို့က ကြိုးပေးကွပ်မျက်ခဲ့ကြပါတယ်။

စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူပေါင်းများစွာကို မတရား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ကြတာ အားလုံးအသိပါပဲ။ အဲ့လို ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားပေါင်းများစွာအနက် ဆလိုင်းတင်မောင်ဦးဟာ တဦးတည်းသော ကြိုးပေးကွပ်မျက်ခံရတဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်ပါတယ်။

ဆလိုင်းတင်မောင်ဦးဟာ နောက်ဆုံးအချိန် ကြိုးစင်ပေါ်မှာတောင် “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ” လို့ သမိုင်းဝင် ကြွေးကြော်စကား ပြောခဲ့ပါတယ်။

ယနေ့ ၂၀၂၁ ခု၊ ဇွန်လ ၂၆ ရက်နေ့ဆို ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့တာ (၄၅) နှစ်တိုင်ခဲ့ပြီ။

ကျောင်းသားခေါင်းဆောင် အာဇာနည် ဆလိုင်းတင်မောင်ဦးကို ကျနော်တို့ ပြည်သူလူထုတစ်ရပ်လုံးက လေးစား၊ ဂုဏ်ပြု၊ အောက်မေ့လျက် . . .

#ကြောက်ခေတ်ကို_မှောက်ပစ်ကြ

#ကမ္ဘာမကြေဘူး

#မလျော့ဘူး

#သွေးမအေးဘူး

#နောက်မဆုတ်ဘူး

#တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

#အရေးတော်ပုံ_အောင်ရမည်

14/06/2021

ခင်ဗျားတို့ ကျုပ်ကို ပစ်သတ်မယ်ဆိုတာ ကျုပ် သိပြီးသားပါ။ တကယ်တော့ ကျုပ်ကို အရှင်မဖမ်းသင့်ဘူးဗျ။ ဒါပေမဲ့ ဒီအရှုံးက တော်လှန်ရေး ဆုံးခန်းတိုင်တာ မဟုတ်ဘူး။ တခြားနေရာမှာ တော်လှန်ရေးက အောင်ပွဲခံမှာပါ

တော်လှန်ရေးသမားတစ်ယောက်ရဲ့တာဝန်က တော်လှန်ရေးတွေ ပိုပြီးထပ်လုပ်ဖို့ပဲ။ လက်နက်ကိုင်တိုက်ပွဲတိုင်းရဲ့ နောက်ဆုံးပန်းတိုင်က ပြည်သူကို ဂုတ်သွေးစုပ် အနိုင်ကျင့်နေတဲ့ မသမာတဲ့အစိုးရတိုင်းကို ဖြုတ်ချဖို့ပဲ

ရဲဘော်ချေဂွေဗားရား

တော်လှန်ရေးဆိုတာ အလိုလိုကြွေကျလာမယ့်ပန်းသီးတစ်လုံးမဟုတ်ဘူး..ကိုယ်တိုင်ချွေမှရမယ့် ပန်းသီးတစ်လုံး...ချေဂွေဗားရားHappy Bir...
14/06/2021

တော်လှန်ရေးဆိုတာ အလိုလိုကြွေကျလာမယ့်ပန်းသီးတစ်လုံးမဟုတ်ဘူး..
ကိုယ်တိုင်ချွေမှရမယ့် ပန်းသီးတစ်လုံး...

ချေဂွေဗားရား

Happy Birthday Che

13/06/2021

ကိုဌေးမြိုင်(ဒဂုန်တာရာ)..ရေ

ရန်သူကသေစေချင်တဲ့အခါ
မသေအောင်နေပေးရတာလဲ
တိုက်ပွဲတစ်ခုဗျ။

- ဗန်းမော်တင်အောင်

18/05/2021

ဇာဘုရင် ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာ ဖြစ်ရတဲ့
ရှရှားမလေးဟာ
အိပ်ယာထဲမှာ ငိုနေတယ်။

နေဝင်း ရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲ ဝင်နေတယ်။

ဒီနေ့ပွဲ ဟာ
ရှုံးရှုံးနိုင်နိုင် ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပွဲ မဟုတ်ဘူး
သူသေ ကိုယ်သေ အပြိုင်နွှဲ
ဝိညာဥ်ချင်းဆိုင် ရိုက်ခွဲတဲ့ပွဲ ဖြစ်တယ်...။

"ဟေ့ ကြိုးစင် "
ငါရင်ကော့ပြီး လာခဲ့မယ်

#ရွှေဘုန်းလူ

Rest In Power!မနေ့ကဖမ်းပြီး ဒီနေ့အလောင်းပြန်ပို့ခံရတဲ့ တော်လှန်ရေးကဗျာဆရာ ခက်သီ ရေးဖွဲ့ထားတဲ့ ဂူတာပြင်ကဗျာကို တလေးတစားပြ...
10/05/2021

Rest In Power!

မနေ့ကဖမ်းပြီး ဒီနေ့အလောင်းပြန်ပို့ခံရတဲ့ တော်လှန်ရေးကဗျာဆရာ ခက်သီ ရေးဖွဲ့ထားတဲ့ ဂူတာပြင်ကဗျာကို တလေးတစားပြန်လည် မျှဝေလိုက်ရပါတယ်။ (ဒါနဲ့ ကျွန်မ ဂူတာပြင်ရော၊ အင်းဒင်ရော ရောက်ဖူးတယ်။ စိတ်ချောက်ခြားစရာ အဖြစ်အပျက်တွေ။ 😰)

ဂူတာပြင်
----------

ငါတို့လည်း
ပျူ ၊သက်၊ကမ်းယံက နှောလာတဲ့ သွေးနှောတွေပဲ
သာကီသွေးဆိုတဲ့ ဒီအန်အေက
မင်းတို့ရဲ့ အရူးထမှုကို လျှာထုတ်ပြလိမ့်မယ်။

လူသားမျိုးနွယ်စု တခုဟာ
လူ့တန်ဖိုးသိမ်ဖျင်းသွားလောက်တဲ့အထိအောင်
ယဉ်ကျေးတဲ့ ကမ္ဘာမှာ
ရှိသင့်တော့လို့လား ။

တိရိစ္ဆာန်လို ခြံခတ်ပိတ်ဆို့ထားခံရတဲ့
လူသားမျိုးနွယ်စု တခုဟာ
လူသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေ
တားမြစ်ထိန်းချုပ်ခံထားရတဲ့
လူသားမျိုးနွယ်စုဟာ
လူနဲ့လူချင်းကို ဘုရားသခင်ရဲ့ အခွင့်ထူးခံလူသားတွေအဖြစ်
အားကျငေးမောရင်းသာ မျှော်ကြည့်နေရတဲ့
လူသားမျိုးနွယ်စုဟာ
ရှိနေသေးတယ်ဆိုရုံနဲ့
လူသားဆန်တဲ့ အခြားကမ္ဘာသားတွေမှာ တာဝန်ရှိသွားပြီ ။

ဂူတာပြင်မှာ
အင်းဒင်မှာ
အခြား ကမ္ဘာ့ တနေရာရာမှာ
မျိုးနွယ်စုတခုခုကို
ရည်ရွယ်ပြီးသတ်ဖြတ်နေတဲ့ ဂျီနိုဆိုက်တွေ ရှိနေရဲ့။

အတုံးအရုံး သေဆုံးသွားရတဲ့
ကလေးသူငယ် နဲ့ သက်ကြီးရွယ်အိုတွေ
ဘယ်လိုပြစ်မှု မျိုးနဲ့ သေဆုံးသွားရတယ်
သိလိမ့်မယ်မဟုတ်ဘူး
ဘုရားသခင်နဲ့တွေ့ရင် မေးကြလိမ့်မယ်
ကျွန်ုပ်တို့
အခုဆိုရင် ငရဲက လွတ်မြောက်ကြပြီမဟုတ်လား တဲ့ ။ ။

ခက်သီ
5-9-2019

(Credit- Tharaphe Hlaing)

Long Live ABFSU....(1936,May8-2021,May8)ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း(85)နှစ် ပြည့်ခဲ့လေပြီ...။ #စစ်အာဏာရှင်စန...
07/05/2021

Long Live ABFSU....
(1936,May8-2021,May8)
ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း
(85)နှစ် ပြည့်ခဲ့လေပြီ...။

#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်။

29/04/2021

ဖောက်ပြန်သူအပေါင်း
တီးတဲ့စောင်းမှာ
ခွပ်ဒေါင်းဘယ်အခါမှမက

⬛ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ...
28/04/2021

⬛ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (INUG) သို့ အိတ်ဖွင့်ပေးစာပေးပို့
(ဧပြီ၂၈ရက်၊ ၂၀၂၁ခု)

ဗကသများအဖွဲ့ချုပ်၊ ရတကသ၊ မတကသနှင့် BEGSC တို့ပူးတွဲပြီး ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ(INUG) ကို လိပ်မူလျက် ဧပြီ ၂၈ရက်နေ့ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါသည်။ တော်လှန်စစ်ဆင်နွှဲရေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်ရန်၊ CDM ဝန်ထမ်းများကို ထောက်ပံ့ရန်၊ ကြားကာလဖွဲ့စည်းပုံတစ်ရပ် ရေးဆွဲပြဌာန်းရန်တို့ကို အဓိကတိုက်တွန်းထားပြီး တိုက်တွန်းချက်(၅)ရပ် ပါဝင်ပါသည်။ မည်သည့်အကြောင်းပြချက်နှင့်မျှ ရန်သူစစ်အုပ်စုနှင့် စေ့စပ်ညှိနှိုင်းခြင်းမပြုရန်လည်း ထည့်သွင်းတိုက်တွန်းထားသည်ကို တွေ့ရသည်။

#သတင်းနှင့်ပြန်ကြားရေး
#ဗဟိုအမှုဆောင်အဖွဲ့

#ဗကသများအဖွဲ့ချုပ် #ရတကသ #မတကသ

❙ တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ပူးတွဲကြေညာချက်၂၀၂၁၊ ဧပြီ ၂၆ ယူကေနှင့်အိုင်ယာလန်မှ မြန်မာကျောင်းသားများသမဂ္ဂမှ အကြောင်း...
26/04/2021

❙ တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ပူးတွဲကြေညာချက်

၂၀၂၁၊ ဧပြီ ၂၆

ယူကေနှင့်အိုင်ယာလန်မှ မြန်မာကျောင်းသားများသမဂ္ဂမှ အကြောင်းကြားစာတစ်စောင်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဝမ်းနည်းစရာသတင်းများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ကြားသိရကြောင်းနှင့် ထိုအဖြစ်အပျက်များသည် ယူကေအစိုးရ၏ အကြမ်းဖက်အက်ဥပဒေ (၂၀၀၀ခုနှစ်) နှင့် ငြိစွန်းနေကြောင်းတွေ့ရှိရသဖြင့် ယူကေအစိုးရအနေနှင့်လည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာအရေးယူပေးရန် အိတ်ပိတ်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြောင်း သိရှိရသည်။ ထိုစာကို ယူကေအစိုးရဖက်မှ တစ်ပတ်အတွင်း ပြန်လည်အကြောင်းပြန်ခဲ့ခြင်းမရှိသောကြောင့် ကျောင်းသားထုမှ အစာငတ်ခံဆန္ဒပြမည်ဖြစ်ကြောင်းပါ တစ်ပါတည်းအကြောင်းကြားလာသည်။ ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂများမှ ယူကေရောက် မြန်မာကျောင်းသားများနှင့် တစ်သားတည်းရပ်တည်ပါကြောင်း မိမိတို့၏ သဘောထားကို ထုတ်ပြန်ကြေညာလိုက်သည်။

Crd

❙ THERE IS NO SUPREME SAVIOUR! ကယ်တင်ရှင် မရှိအောင်ဖုန်းမော် | ရတကသ [Feb 24, 2020]ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက "...
25/04/2021

❙ THERE IS NO SUPREME SAVIOUR! ကယ်တင်ရှင် မရှိ

အောင်ဖုန်းမော် | ရတကသ
[Feb 24, 2020]

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက "There is no supreme saviour!" ဆိုတဲ့စာကို သမဂ္ဂရုံးရှေ့မှာ ယနေ့ပြောင်းလဲချိတ်ဆွဲလိုက်ပါတယ်။ ဒီစာသားဟာ အင်တာနေရှင်နယ် သီချင်းပါ စာသား ဖြစ်တယ်။ ဒီစာကို သမဂ္ဂက "နိုင်ငံရေး အဆိုပြုချက်" တခုအနေနဲ့ ချိတ်တာဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရေးအဆိုတိုင်း အဆိုတိုင်းဟာ "တရားမျှတမှု" အကြောင်းကို တနည်းတဖုံပြောနေကြတာချည်းပဲဖြစ်တယ် လို့ကျနော်ယူဆတယ်။ "There is no supreme saviour!" ဆိုတဲ့ အဆိုဟာလည်း နိုင်ငံရေးအဆိုတခုအနေနဲ့ တရားမျှတမှု အကြောင်းကိုပြောနေတာပဲဖြစ်တယ်။ ဒီတော့ "There is no supreme saviour! ဆိုတဲ့ အဆိုက 'တရားမျှတမှု' အကြောင်းကို ဘာပြောသလဲ။"

"There is no supreme saviour!" "ကယ်တင်ရှင် ဆိုတာမရှိဘူး၊ နိုင်ငံရေးမှာ ကယ်တင်ရှင်ဆိုတာမရှိဘူး" ဆိုတဲ့အဆိုက တရားမျှတမှုအကြောင်းဘာပြောသလဲ။ ကျနော်တို့ဟာ ဘယ်တော့မှ တရားမျှတမှု အတွက် ကျနော်တို့ လုပ်ရမယ့် 'အလုပ်' ကို ဥပဒေ၊ စစ်တပ်၊ ရဲ၊အစိုးရ၊ ပါတီ စတာတွေဆီမှာ ပုံအပ်ထားလို့မရဘူးဆိုတာပဲဖြစ်တယ်။ နောက်ဆုံးမှာတော့ "တရားမျှတမှုကို နိုင်ငံရေးအတွင်းမှာ ဆောင်ကျဉ်းပေးမယ်၊ စီရင်ချက်ချပေးမယ်" ဆိုတဲ့ ယန္တရားတွေ၊ "ပြည်သူ့ အစိုးရ" တွေ၊ ငရဲတွေ၊ ဘုရားသခင်တွေ ဆိုတာမရှိဘူးလို့ ဆိုလိုတာဖြစ်တယ်။ တရားမျှတမှုကို အမြဲပေးနိုင်တယ်၊ စီရင်ပေးနိုင်တယ်ဆိုတဲ့ "ကယ်တင်ရှင်" ဆိုတာမျိုးမရှိဘူးလို့ဆိုလိုတာပဲဖြစ်တယ်။ ဒီတော့ အဲ့ဒီလိုအဓိပ္ပာယ်နဲ့ "ကယ်တင်ရှင်" ဆိုတာမရှိတာဖြစ်တယ်။ ဒီလို ကယ်တင်ရှင်မရှိတဲ့အလျောက် နောက်ဆုံးမှာတော့ " 'တရားမျှတမှု' ဟာ လူတွေကိုယ်တိုင်ပဲ ကိုယ့်လက်နဲ့ကိုယ် ဖော်ဆောင်ရမယ့်အရာပဲဖြစ်တယ်" လို့ ဆိုလိုတာဖြစ်တယ်၊ နောက်ဆုံးမှာတော့ "တရားမျှတမှုကိုဖြစ်စေဖို့အတွက် လူတွေကိုယ်တိုင်ပဲ စုပေါင်းလုပ်ဆောင် ကြရမှာဖြစ်တယ်" လို့ ဆိုလိုတာဖြစ်တယ်။

လူတွေဟာ တရားမျှတမှုအတွက် အလုပ်ကို ကယ်တင်ရှင် အဖွဲ့အစည်းတခုခု (သို့မဟုတ်) လူပုဂ္ဂိုလ်တယောက်ယောက် ဆီမှာအပ်ထားသရွေ့ လူတွေအတွက်ကျန်တဲ့ အလုပ်ဟာ "တရားမျှတမှုကို စောင့်ဆိုင်းနေရခြင်း" ထက်မပိုဘူး။ 'တရားမျှတမှု' အတွက် အကြီးဆုံးအန္တရာယ်ကဘာဖြစ်မလဲ။ ကျနော့်အမြင်မှာ အဲ့ဒီလိုမျိုး "တရားမျှတမှုကို တခုခု၊ တယောက်ယောက်ဆီကနေရဖို့ စောင့်နေရတယ်" "စောင့်ပါဦး" ဆိုတာကိုယ်တိုင်က တရားမျှတမှုအတွက်အကြီးဆုံးအန္တရာယ်ပဲဖြစ်တယ်။ မတရားမှုတွေကိုယ်တိုင်ဟာ ဘယ်လောက်ဆိုးရွားနေပစေ ကျနော်တို့ရဲ့ "စောင့်ပါဦး" ဆိုတာလောက် 'တရားမျှတမှု' အတွက်အန္တရာယ်ရှိတာ ဘာမှမရှိဘူး။ ဒါကြောင့် လက်ရှိခေတ်မှာ ကျနော်တို့ဟာ ဒီအဆိုကို ထပ်ခါထပ်ခါထုတ်ဖော်သတိပေးနေရမယ် "There is no supreme saviour!" "ကယ်တင်ရှင်မရှိ"။

(၂၀၂၀ ဖေဖော်ဝါရီတွင် ဖော်ပြခဲ့သော ဆောင်းပါးကို ပြန်လည်ဖော်ပြသည်)

Crd

ဧပြီ ၂၅၊ ၂၀၂၁◾ မိုးကုတ်မြို့ ရပ်ကွက်များရဲ့သွေးမအေး သပိတ်များ  ဓာတ်ပုံ - CJ   #မိုးကုတ်နွေဦးတော်လှန်ရေး
25/04/2021

ဧပြီ ၂၅၊ ၂၀၂၁

◾ မိုးကုတ်မြို့ ရပ်ကွက်များရဲ့သွေးမအေး သပိတ်များ



ဓာတ်ပုံ - CJ

#မိုးကုတ်နွေဦးတော်လှန်ရေး

❗စစ်အာဏာသိမ်းပြီး (၈၄)ရက်မြောက် ဧပြီ (၂၅)ရက် ည ၁၀နာရီ ထိ  အာဏာသိမ်း စစ်ကောင်စီ လက်ချက်ကြောင့် ကျဆုံးခဲ့သည့် သူရဲကောင်း (...
25/04/2021

❗စစ်အာဏာသိမ်းပြီး (၈၄)ရက်မြောက် ဧပြီ (၂၅)ရက် ည ၁၀နာရီ ထိ အာဏာသိမ်း စစ်ကောင်စီ လက်ချက်ကြောင့် ကျဆုံးခဲ့သည့် သူရဲကောင်း (၇၅၁)ဦးရှိပြီး၊ ဖမ်းဆီးချုပ်နှောက်ခံရဆဲ (၃၄၃၁)ဦးရှိကြောင်း AAPP သတင်းထုတ်ပြန်ချက် အရသိရသည်။

Crd_photo

▪️ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအများအဖွဲ့ချုပ်နှင့် အခြေခံပညာ ပညာရေး၀...
11/04/2021

▪️ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအများအဖွဲ့ချုပ်နှင့် အခြေခံပညာ ပညာရေး၀န်ထမ်းများ အထွေထွေသပိတ်ကော်မတီမှ ပေးပို့သော အိတ်ဖွင့်ပေးစာ

( ၁၀ရက်၊ ဧပြီလ၊ ၂၀၂၁ခု )

▪️တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထံသို့ တောင်းဆိုသော အနာဂတ်ပညာရေးကတိပြုလွှ...
04/04/2021

▪️တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထံသို့ တောင်းဆိုသော အနာဂတ်ပညာရေးကတိပြုလွှာ

အရေးတော်ပုံ အောင်ရမည်မတ်လတော်လှန်ရေး
26/03/2021

အရေးတော်ပုံ အောင်ရမည်

မတ်လတော်လှန်ရေး

အားလုံးစုဝေးဖက်ဆစ်တော်လှန်ရေးမတ်လ၂၇ ရက်
26/03/2021

အားလုံးစုဝေး
ဖက်ဆစ်တော်လှန်ရေး

မတ်လ၂၇ ရက်

 #ဖုန်းမော်နေ့ သမိုင်းဆောင်းပါး ဗကသများအဖွဲ့ချုပ် မှတ်တမ်းရေးရာကော်မတီနှင့် သတင်းနှင့်ပြန်ကြားရေးကော်မတီတို့မှ ဖြန့်ဝေပါ...
12/03/2021

#ဖုန်းမော်နေ့ သမိုင်းဆောင်းပါး
ဗကသများအဖွဲ့ချုပ် မှတ်တမ်းရေးရာကော်မတီနှင့် သတင်းနှင့်ပြန်ကြားရေးကော်မတီတို့မှ ဖြန့်ဝေပါတယ်။

Download links

Mega link - https://mega.nz/file/baQiGZpB -hmTb3VOTDKXsc3VV4gArNAlVkXVXekLZp3U
Drive - https://drive.google.com/file/d/10j8C8I2mhqRbaCda8asrM7XqL7jYauTe/view?usp=drivesdk

#ဗကသများအဖွဲ့ချုပ်
#သတင်းနှင့်ပြန်ကြားရေး
#မှတ်တမ်းရေးရာကော်မတီ

မနက်ဖြန် မတ်လ ၁၃ရက်နေ့ ကိုဖုန်းမော်နေ့ပါ၁၉၈၈ မတ်လ ၁၃ရက် နေ့ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကို အစပြုဖိုအတွက် ကိုဖုန်းမော် က...
12/03/2021

မနက်ဖြန် မတ်လ ၁၃ရက်နေ့ ကိုဖုန်းမော်နေ့ပါ
၁၉၈၈ မတ်လ ၁၃ရက် နေ့ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကို အစပြုဖိုအတွက် ကိုဖုန်းမော် ကျဆုံးခဲ့ရခြင်းဟာ မီးစတစ်ခုဖြစ်ခဲ့သလို အာဏာရှင်တွေကို ခြောက်ခြားစေခဲ့တဲ့ နွေညတစ်ညလည်း ဖြစ်ခဲ့ပါတယ်
နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ အာဏာရှင်စနစ်ကို မျိုးဆက်အသီးသီးက ရဟန်းရှင်လူကျောင်းသား ပြည်သူတွေ တော်လှန်ခဲ့ကြတာ အခုဆိုရင် ကျနော်တို့မျိုးဆက်အထိပါဘဲ
ဒီမိုကရေစီအရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်တွေအတွက် ဒီတိုက်ပွဲကို ကျနော်တို့ အနိုင်တိုက်ဖို့ လိုအပ်ပါတယ်
အရေးတော်ပုံ အောင်ရမည် ✊

ကနဖျင်းမထိုးရ
လူမစုရ
ရေအိုးမခွဲရ
စားမြိန်စာထုပ် မထည့်ရ
နံနက်စောစောချခဲ့ရတဲ့အသုဘ
ဖုန်းမော်ရေ အမျှ အမျှ
ကောင်းရာသုဂတိလားပါစေ

လျော်ကြေးအသင့်၌      ပျိုးမကြဲသော လက်တို့သည်      ရှိကြကုန်၏.....ငါတို့၏ ကောက်ရိတ်သိမ်းပွဲသို့       အိမ်မက်ထဲ၌ပင်      ...
11/03/2021

လျော်ကြေး

အသင့်၌
ပျိုးမကြဲသော လက်တို့သည်
ရှိကြကုန်၏.....

ငါတို့၏ ကောက်ရိတ်သိမ်းပွဲသို့
အိမ်မက်ထဲ၌ပင်
သင်...လာရန်မလို......

#တာရာမင်းဝေ

စစ်တန်းလျားကိုပြန်ပါ  #၂၀၀၈ဖွဲ့စည်းပုံအပြီးတိုင်ဖျက်သိမ်းရေး
09/03/2021

စစ်တန်းလျားကိုပြန်ပါ

#၂၀၀၈ဖွဲ့စည်းပုံအပြီးတိုင်ဖျက်သိမ်းရေး

HELLHOUNDS STILL AT LARGE!
08/03/2021

HELLHOUNDS STILL AT LARGE!

ဖုန်း မော် နေ့  #ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
08/03/2021

ဖုန်း မော် နေ့

#ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

အာဏာလုစစ်တပ်ကို ခွေးရူးမောင်းသလို မောင်းထုတ်ကြ #ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ #ဗမာ့နွေဦးတော်လှန်ရေး(2021)
07/03/2021

အာဏာလုစစ်တပ်ကို ခွေးရူးမောင်းသလို မောင်းထုတ်ကြ

#ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#ဗမာ့နွေဦးတော်လှန်ရေး(2021)

ငါ၏ ဦးခေါင်းသည် သွေးခြင်းခြင်း နီမြန်းလင့်ကစား ငါကား ဦးမညွတ် #စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်    #ငရဲခွေးကြီးလွတ်နေပြီ  #၂...
03/03/2021

ငါ၏ ဦးခေါင်းသည် သွေးခြင်းခြင်း နီမြန်းလင့်ကစား ငါကား ဦးမညွတ်

#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည် #ငရဲခွေးကြီးလွတ်နေပြီ #၂၀၀၈ဖွဲ့စည်းပုံဖျက်သိမ်းရေး

 #3.3.2021_7:00PM ယနေ့ ကျဆုံးသွား‌သော အာဇာနည်များ 😭😭စုစုပေါင်း - 52 ဦး ကျဆုံး 💔Yangon - 16 💔Dawei - 4 💔Myeik - 5 💔Bago -...
03/03/2021

#3.3.2021_7:00PM

ယနေ့ ကျဆုံးသွား‌သော အာဇာနည်များ 😭😭

စုစုပေါင်း - 52 ဦး ကျဆုံး 💔
Yangon - 16 💔
Dawei - 4 💔
Myeik - 5 💔
Bago - 2 💔
Mandalay - 10 💔
Mawlamyine - 2 💔
Pakkoku - 1 💔
Nay Pyi Taw - 1 💔
Htan Talan - 1 💔
Taung Twin Gyi - 1 💔
Myingyan- 2 💔
Monywa - 6 💔
Salin - 1 💔

❗ 😢😢😢

ကျေးဇူးပြုပြီးဒါလေး ပြိုင်တူတင်ကြရအောင်😥





02/03/2021

သပိတ်စစ်ကြောင်းစီမံခန့်ခွဲမှူ
▪️အောင်ခန့်မော်

သပိတ်စစ်ကြောင်းတခုမှာ လက်တွေ့ ပကတိ အခြေအနေကို မှန်မှန်ကန်ကန် ချင့်ချိန် ဆုံးဖြတ်နိုင်တဲ့ အတက်ကြွဆုံး အဖြောင့်မတ်ဆုံးနဲ့ အကင်းပါးဆုံး လူ ၄ - ၅ ယောက်ကနေ ၁၄ - ၅ ယောက်အထိ ခေါင်းဆောင်မှုအဖွဲ့တခု ရှိဖို့ လိုအပ်တယ်။ စစ်ကြောင်းရဲ့ အသက်ဟာ ခေါင်းဆောင်တွေရဲ့ လက်ထဲမှာပဲရှိတယ်။ ဒါကြောင့် အထူး သတိဝီရိယကြီးစွာ ချင့်ချိန် ဆုံးဖြတ်ဖို့ လိုအပ်တယ်။

သပိတ်စစ်ကြောင်း တခုမှာ အစ အလယ် အဆုံး သုံးခုစလုံး အရေးကြီးတယ်။ များသောအားဖြင့် စစ်ကြောင်းတွေရဲ့ တပ်ဦးဟာ အမာထည် ဖြစ်လေ့ရှိတယ်။ ရန်သူက လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တာကြောင့် အမာထည်ဖြစ်တဲ့ တပ်ဦးကနေ ရင်ဆိုင်တိုက်ခိုက်တာ အများဆုံးပဲ။ ဒါပေမဲ့ တပ်ဦးကို ဖြိုလို့ မရရင် နောက်ပိုင်းကနေ အလစ်အငိုက် ဝင်တိုက်လေ့ရှိတယ်။ ဒါကြောင့် စစ်ကြောင်းရဲ့ နောက်ပိုင်း လုံခြုံရေးဟာ အရေးကြီးတယ်။

ကျွန်တော်တို့ စစ်ကြောင်းတွေမှာ များသောအားဖြင့် တပ်ဦးနဲ့ နောက်ပိုင်းကို အမာခံ တည်ဆောက်ထားလေ့ရှိတယ်။ ဒါကြောင့် တခါတရံ ရန်သူက ခါးလယ်ကနေ ဖြတ်တိုက်တာမျိုးလည်း ရှိတယ်။ ခါးလယ်ကနေ ဖြတ်တိုက်တဲ့ အန္တရာယ်ဟာ ဖြစ်တောင့်ဖြစ်ခဲပါ။ ဒါပေမဲ့ ရှေ့နောက် နှစ်ဖက်ညှပ်ပြီး ခါးလယ်ကပါဝင်တိုက်ရင် ပထမဆုံး စပြိုတာ ခါးလယ်က ပြိုတာပဲ။ ဘာကြောင့်လဲဆိုတော့ ခါးလယ်မှာ အမာခံတပ်ဖွဲ့ မရှိတတ်လို့ပဲ။

စစ်ကြောင်းရဲ့ ခါးလယ်ပိုင်းဟာ ဒုတိယ အရေး အကြီးဆုံး နေရာပဲ။ နောက်ပိုင်းထက်တောင် ပိုအရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကြောင်းရဲ့ အသက်ကယ်ပေါက်ဟာ ခါးလယ်မှာ ရှိတယ်။ အဲဒါကို ကျွန်တော်တို့က စစ်ကြောင်းရဲ့ "ဂယ်ပေါက်" လို့ ပြောတယ်။ ဂယ်ပေါက်ပါ ပိတ်မိတဲ့ အခြေအနေမျိုးဟာ ကြုံတောင့်ကြုံခဲပါ။ ဒါပေမဲ့ ဖြစ်တတ်တယ်။ လမ်းနှစ်ဖက်မှာ နံရံမြင့် စည်းရိုးတွေ စက်ရုံ အုတ်တံတိုင်းမြင့်ကြီးတွေဟာ ဂယ်ပေါက်ကို ပိတ်တတ်တယ်။ ၁၉၈၈ ခုနှစ်တုန်းက တံတားနီ အရေးအခင်းဖြစ်တဲ့ အင်းလျားကန်ဘောင်ဟာ ဂယ်ပေါက် တခြမ်းလုံး ပိတ်နေတဲ့ အခြေအနေပဲ။

စစ်ကြောင်းရဲ့ ခါးလယ်ဆိုတာ အလယ်တည့်တည့် နေရာကိုပဲ ဆိုလိုတာ မဟုတ်ဘူး။ ဖောက်ထွက်လို့ ရတဲ့နေရာဟာ ခါးလယ်ပဲ။ ရပ်ကွက် လမ်းကြား လူနေ ထူထပ် သိပ်သည်းတဲ့ လမ်း နေရာတွေဟာ ခါးလယ်ပဲ။ ခါးလယ်မှာ ကေဒါတွေရှိရမယ်။ ကေဒါဆိုတာ ကျောရိုးကို ပြောတာပါ။ ကျောရိုးကို ခါးဆစ်တွေနဲ့ အပိုင်းလိုက် အဆစ်လိုက်ဖွဲ့စည်းထားသလို သပိတ်စစ်ကြောင်းဟာ အဆစ်အပိုင်းလိုက် ဖွဲ့စည်းထားတာမျိုး ဖြစ်ရမယ်။ ဥပမာ အမှတ် (၁) ရပ်ကွက် စစ်ကြောင်း၊ အမှတ် (၂) ရပ်ကွက်စစ်ကြောင်း၊ အမှတ် (၃) ရပ်ကွက် စစ်ကြောင်း စသဖြင့် ဖြစ်ရမယ်။ တက္ကသိုလ် စစ်ကြောင်းဆိုရင် မြန်မာစာ၊ သမိုင်း၊ သခ်ျာ၊ ရူပ စသဖြင့်ခွဲနိုင်တယ်။ ဗကသဆိုရင် တက္ကသိုလ်အလိုက် ခွဲနိုင်တယ်။ အထွေထွေ သပိတ်ကော်မတီစစ်ကြောင်းဆိုရင် မြို့နယ် အလိုက် ခွဲနိုင်တယ်။

အခု ရန်ကုန် အထွေထွေသပိတ်ကော်မတီဟာ စစ်ကြောင်းဖျောက်ပြီး အပိုင်းလိုက် ကဏ္ဍခွဲပီး ချီတက်နေတာ ကောင်းတယ်။ ရန်သူက အထွေထွေသပိတ်ကော်မတီ စစ်ကြောင်းကို အမဲလိုက်သလို လိုက်ရှာနေတယ်။ အထွေထွေ သပိတ်ကော်မတီရဲ့ တပ်ဦး အလံကိုင်ဟာ ဗကသပဲ။ ဒါဟာ လုံလောက်ပါတယ်။ သူတို့ဟာ လူငယ်တွေပဲ။ သူတို့ကို ဖြိုလို့ မရဘူး။ လူငယ်ဆိုတာ နေရာတိုင်းမှာရှိတယ်။ ကျောင်းသားသမဂ္ဂဆိုတာ နေရာတိုင်းမှာ ရှိတယ်။ ကျောင်းသားထိရင် ဘာဖြစ်တတ်တယ်ဆိုတာ စစ်အစိုးရက ကောင်းကောင်းကြီး သိပါတယ်။ ဒီပွဲမှာတော့ ကျောင်းသားကိုဖြိုလို့လည်း သပိတ်က ပြိုမှာ မဟုတ်ဘူး။ လူငယ်တွေဟာ လူထုလူတန်းစား လူ့အလွှာပေါင်းစုံမှာ သန္ဓေတည်နေတာမို့ပဲ။

လူငယ်တွေဟာ တက္ကသိုလ် ကျောင်းသားတွေ ဖြစ်တယ်။ လူငယ်တွေဟာ စက်ရုံ အလုပ်သမားတွေ ဖြစ်တယ်။ လူငယ်တွေဟာ မြို့နေဆင်းရဲသားတွေ ဖြစ်တယ်။ လူငယ်တွေဟာ ကျေးလက် တောင်သူ မိလက္ခူတွေ ဖြစ်တယ်။ လူငယ်တွေဟာ အဆိုတော်တွေလည်း ဖြစ်တယ်။ ရုပ်ရှင်သရုပ်ဆောင်တွေလည်း ဖြစ်တယ်။ ဆရာဝန် ရှေ့နေ အင်ဂျင်နီယာ ဝန်ထမ်း ဘာမဆို ဖြစ်နိုင်တယ်။ ဒီခေတ်ဟာ သူတို့ခေတ်ပဲ။ ဒီသမိုင်းဟာ သူတို့သမိုင်းပဲ။ ဒါကြောင့်လည်း ရန်သူက ဖြိုခွဲရ ခက်နေတာပဲ။ ဒါကြောင့်ပဲ ရန်သူ့ လက်မရွံလူသတ်သအား စနိုက်ပါတွေက လူငယ်တွေကိုချည့် ရွေးသတ်နေတာပဲ။ မတ်လ ၁ ရက်နေ့ မှာ မင်းအောင်လှိုင်က ခန္ဓာကိုယ်အောက်ပိုင်းချည့် ရွေးပစ်ခိုင်းတယ်လို့ တီဗွီကနေ လိမ်တယ်။ သေနတ်ဒဏ်ရာက ဦးခေါင်းပိုင်းချည့်ပဲ။

ကျွန်တော်တို့ဟာ သပိတ် စစ်ကြောင်း တခုချင်းအလိုက် ခေါင်းဆောင်အဖွဲ့ကို စနစ်တကျ စုစည်းရမယ်။ စစ်ကြောင်းတခုချင်းအလိုက် လူ ၄ - ၅ ယောက်ကနေ ၁၄ - ၅ ယောက်အထိ ခေါင်းဆောင်အဖွဲ့တခုစီ ရှိဖို့ လိုအပ်တယ်။ ဒါ့အပြင် လုံစည်းလို့ခေါ်တဲ့ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ပါရမယ်။ ဒီအဖွဲ့ဟာ အင်အားများဖို့ လိုပါတယ်။ စစ်ကြောင်းကို ဘေးကနေရံပေးတာ လက်ချင်းဆက် ကာကွယ်ပေးတာလုပ်နိုင်ဖို့ ခန္ဓာကိုယ် ကြံခိုင်သူ စိတ်ချရသူတွေနဲ့ ဖွဲ့စည်းဖို့လိုတယ်။

ဒါ့အပြင် ကျွန်တော်တို့ဟာ အရံကင်းအဖွဲ့နဲ့ ဗဟိုကင်းအဖွဲ့လည်း ပါရမယ်။ ဗဟိုကင်းအဖွဲ့က ခေါင်းဆောင်တွေကို ကယ်ထုတ်ဖို့ပဲ။ အရံကင်းအဖွဲ့က စစ်ကြောင်းလုံခြုံရေးအတွက် ကင်းတိုကင်းရှည်တွေချထားနိုင်ဖို့ပဲ။ စစ်ကြောင်း အင်အားထုထည် ကြီးမားတာနဲ့အမျှ ဒီအဖွဲ့တွေဟာ အရေးပါတယ်။ အခုခေတ်က ထူးခြားပါတယ်။ လူ ၄ - ၅ ယောက်နဲ့ မြို့ထဲ ပတ်နေတဲ့ သပိတ်အဖွဲ့တွေရှိတယ်။ အင်အား ထောင် သောင်း သိန်းဂဏန်းအထိရှိတဲ့ သပိတ် စစ်ကြောင်းကြီးတွေရှိတယ်။ ဒီလို စစ်ကြောင်းတွေမှာတော့ ရိက္ခာဆေးဝါး သူနာပြုယာဉ်အထိ ပါကြတယ်။ သားသမီးတွေကို လိုက်ပါ စောင့်ရှောက်နေကြတဲ့ မိဘတွေရဲ့ ကားတန်းတွေလည်း ပါတတ်ကြတယ်။

အခုခေတ်မှာ လူတိုင်းကိုယ်စီ လက်ကိုင်ဖုန်းတွေ ပါကြတယ်။ ဒါက သပိတ်လုံခြုံရေးအတွက် အထောက်အကူဖြစ်တယ်။ သပိတ်မှောက် ရဲဘော်တွေဟာ အချင်းချင်း သတင်းဖလှယ်နေကြရမယ်။ သပိတ်ခေါင်းဆောင်တွေနဲ့ သပိတ်မှောက်ရဲဘော်တွေရဲ့ ဆက်ဆံရေးဟာ အရေးကြီးတယ်။ သပိတ်ထဲမှာပဲ ခေါင်းဆောင်တွေက နောက်လိုက်ကိုသင်၊ နောက်လိုက်တွေက ခေါင်းဆောင်ကိုသင်၊ နောက်လိုက်အချင်းချင်းလည်း အပြန်အလှန် လေ့ကျင့် သင်ကြားပေးနေရမယ်။

သပိတ်စစ်ကြောင်းတိုင်းမှာ ထမ်းဆောင်စရာ တာဝန် ၃ ရပ်ရှိတယ်။
၁။ ခေါင်းဆောင်နဲ့ နောက်လိုက် တသားတည်းဖြစ်ရေး။
၂။ သပိတ်နဲ့ လူထု တသားတည်းဖြစ်ရေး။
၃။ ရန်သူ့တပ်ကို ဖြိုခွဲရေး
ဒီ ၃ ချက်ဟာ အဓိကပဲ။ ဒါကို ခိုင်ခိုင်မာမာ စွဲမှတ်ထားရမယ်။

လေးစားလျှက် /crd

"ပြေးစရာမြေ မရှိတော့တဲ့အခါကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ"-လှသန်း-
20/02/2021

"ပြေးစရာမြေ မရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ"

-လှသန်း-

သံလွင်ခက်တို့မျိုးဆက်-----------------------------------------------                                   မင်းခိုက်စိုးစန် ...
20/02/2021

သံလွင်ခက်တို့မျိုးဆက်
-----------------------------------------------
မင်းခိုက်စိုးစန်

(၁)

စစ်မြင်းတွေပြေးလွှား
ခွာသံတို့ကြားရပြီ .....။

(၂)

သူ့ကျင်းသူ နက်နက်တူးပြီးမိုက်တဲ့
အတ္တကြီးသူတစ်သိုက်ကတော့
ပန်းတွေရဲ့ အရုဏ်ဦးကိုပျက်သုဉ်း
သွေးညှီနံ့နဲ့ ဖုံးဘို့ကြိုးစားနေကြတယ် ၊

အဲ့ဒီ အရုဏ်ဦးဟာ
ငါတို့မျိူးဆက်သစ်ရဲ့ အနာဂတ်
သစ္စာပန်းရနံ့ တွေနဲ့ ဘောင်ခတ်ထားတယ် ....။

(၃)

"သစ္စာပန်း" တဲ့ ......
ပန်းတွေတောင်သစ္စာဆိုကြပေါ့ ၊
ဂိမ်းဆော့တဲ့ လူငယ်တွေ
ကမ္ဘာမကြေဆိုမှတော့
ပန်းတွေသစ္စာဆိုတာ ဘာဆန်းလဲ ၊

ကျေးဇူးပြု ပြီး ဒီပန်းတွေအားလုံးကို " Z " လို့ခေါ်ပါ ၊

ညစ်ပတ်တဲ့ လက်တွေနဲ့မခူးရ
လူသတ်တဲ့ လက်တွေနဲ့ မကိုင်ရ
ဟေ့ ! ဘီလူးတွေ နောက်ဆုတ်
သင်တို့ရဲ့အညှီအပုပ်ကို
ဒီပန်းတွေက မောင်းထုတ်ကြလိမ့်မယ် .....။

(၄)

ကာဆီးထားတဲ့ ဥပဒေနံရံတွေကို
ဖြတ်ထိုးဉာဏ်ဆိုတဲ့ သော့နဲ့ဖွင့်ဝင်
အကြမ်းမဖက်တဲ့
Z တွေရဲ့ နှလုံးရည်ဟာ
မော်ကွန်းတင်ခဲ့ပြီ ၊

"Z" ဆိုတာ ......

ဒီနိုင်ငံ ဒီပန်းတစ်ခင်းအတွက်
သူတို့ရဲ့ ဘဝအသစ်စက်စက်တွေကို
မြေသြဇာ အဖြစ်နဲ့ စိုက်ထားတာ ၊

Z တွေရဲ့ ကွန်ပျူ တာကီးဘုတ်
ကမ္ဘာကြီးကို ကိုင်လှုပ်ပစ်လိုက်တယ် ၊

သူတို့ဦးနှောက်ရဲ့တောက်ခေါက်သံ
ကမ္ဘာကြီးတစ်ခုလုံး ညံ သွားတယ် ......။

(၅)

ကျည်ဆန်တွေမှာ အာဏာရှိပေမယ့်
ပန်းတွေဆီမှာသာ အနာဂတ်ရှိတယ် ဆိုတဲ့ ရာဇသံ
သေနတ်ပြောင်းတွေထံကို ပို့လိုက်ပြီ ၊

အနာဂတ်မျိုးဆက်ရဲ့သစ္စာပန်းခင်း
စစ်မြင်းတွေ ခွာနဲ့ မနင်းစေရ ....၊
ငါတို့ ရွတ်ဆိုမယ့် သစ္စာအလင်းဟာ
ဘီလူးတွေလည်ပင်းကို
သံလျက်အစင်းစင်း ထိုးဖောက်
မီးဟုန်းဟုန်းတောက်စေသတည်း ..........။

#မင်းခိုက်စိုးစန်
၂၀၂၁

19/02/2021

ကျောင်းသားထုတေးသံ ✊

လမ်းမပေါ် ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီ ယဥ်ကျေးမှုပဲ... ဆန္ဒပြနေတာကို ဆူပူအောင်လှုံ့ဆော်နေတယ်ဆိုတဲ့ စစ်အုပ်စုဘက်က ရောင်တော်ပ...
04/02/2021

လမ်းမပေါ် ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီ ယဥ်ကျေးမှုပဲ... ဆန္ဒပြနေတာကို ဆူပူအောင်လှုံ့ဆော်နေတယ်ဆိုတဲ့ စစ်အုပ်စုဘက်က ရောင်တော်ပြန်လွှတ်တဲ့ စကားတွေကို ဆန့်ကျင်ကြပါ

#စစ်အာဏာရှင်စနစ်_ဖျက်သိမ်းပစ်
ွဲ့စည်းပုံဥပဒေ_ဖျက်သိမ်းရေး
#ဒီမိုကရေစီ_စံနှုန်းများနဲ့ကိုက်ညီပြီး_စစ်မှန်တဲ့ပြည်ထောင်စု_ပေါ်ပေါက်ရေး
#အာမခံချက်ရှိတဲ့_ဖွဲ့စည်းပုံတစ်ရပ်ပေါ်ပေါက်ရေး

 #ငရဲခွေးကြီးလွတ်နေသည်ငရဲခွေးကြီးလွတ်နေသည်မူရင်း - အိုးဝေဦးညိုမြဘာသာပြန် - ဦးတိုက်စိုးအဝီစိက ငရဲခွေးကြီးတကောင် လွတ်ထွက်လ...
04/02/2021

#ငရဲခွေးကြီးလွတ်နေသည်

ငရဲခွေးကြီးလွတ်နေသည်
မူရင်း - အိုးဝေဦးညိုမြ
ဘာသာပြန် - ဦးတိုက်စိုး

အဝီစိက ငရဲခွေးကြီးတကောင် လွတ်ထွက်လာပါတယ်။ ဤကမ္ဘာမြေပြင်မှာ သူရှိနေတဲ့အခိုက်အတန့်က လူတကာအဖို့ အော့ကြောလန်ရွံမုန်းစရာကြီးပါပဲ။ သူဟာ ခိုးဝှက်လိမ်ညာမှု၊ သစ္စာမရှိမှု၊ ခြေပုန်းခုတ်မှု၊ အတင့်ရဲမှု၊ ရာဂဖောက်ပြန်မှု၊ ရိုင်းစိုင်းမိုက်မဲမှုဆိုတဲ့ မကောင်းမှု ဒုစရိုက်တွေကြောင့် ငရဲမှာထာဝရခံရဖို့ စီရင်ချက်ကျပြီးသားဖြစ်ပါတယ်။
နာမည်ကျော်ကျောင်းသူအဆောင်က ခါးလှုပ်လှုပ် တင်ခါခါ မဒီဖြူပြာ တချို့ကိုလည်း ဦးလေးကြီးမူရာနဲ့ ပလီပလာမြှူဆွယ်ပြီး လူလည်လုပ်တတ်ပါရဲ့။ ဒီအပြင် ပေါ်ထင်ချင်တာကလည်း အလွန်ပါပဲ။ အားကစားပွဲ၊ ကျောင်းကပွဲ၊ အသင်းအပင်းကိစ္စတွေမှာ စိတ်ပါသယောင်ဟန်လုပ်ပြီး တကုတ်ကုတ်သွား၊ လူအများကတော့ ကျောက်ရောဂါဆိုးဝင်လာသလို သူ့ကို စက်ဆုပ်ရွံရှာကြပါတယ်။ သူ့ကိုယ်မှာ မြင်သာတဲ့အမှတ်တံဆိပ်ကတော့ သူ့မယားနဲ့ သံဝါသဖြစ်လို့ရလာတဲ့ လည်ပင်းက ဘင်နာအကျိတ်တွေ၊ မသတီစရာအနာခွက်တွေ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး တွေ့တဲ့လူက ငရဲပြည်ကို ပြန်ကန်ထုတ်လိုက်ပါ။

ယမမင်း

 #ဆရာဝန်တော်လှန်ရေးသမား ချေဂွေဗားရားအဖိနှိပ်ခံပြည်သူ့အတွက်ဆေးထိုးအပ်ကိုင်ဖို့လိုသလိုသေနတ်ကိုင်ဖို့လဲဝန်မလေးတဲ့လူစား။(စစ်...
04/02/2021

#ဆရာဝန်တော်လှန်ရေးသမား ချေဂွေဗားရား
အဖိနှိပ်ခံပြည်သူ့အတွက်
ဆေးထိုးအပ်ကိုင်ဖို့လိုသလို
သေနတ်ကိုင်ဖို့လဲဝန်မလေးတဲ့လူစား။
(စစ်တပ်ကအာဏာသိမ်းတာကိုဆန့်ကျင်တော်လှန်တဲ့ဗမာပြည်ကဆရာဝန်နဲ့သူနာပြု့ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဒီပို့စ်နဲ့ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်)

Burmese military in 1988ပြိုင်တူတွန်းရင် ရွေ့ကိုရွေ့ရမယ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအမိန့်တစ်ခုကြောင့်ပါဆိုတဲ့စကားနဲ့ ပြ...
04/02/2021

Burmese military in 1988

ပြိုင်တူတွန်းရင် ရွေ့ကိုရွေ့ရမယ်

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး

အမိန့်တစ်ခုကြောင့်ပါဆိုတဲ့စကားနဲ့ ပြည်သူလူထုနဲ့ရဟန်းသံဃာတွေရဲ့သွေးတွေ မြေကျခဲ့ရတာ
မျက်စိရှေ့မှာ သေနတ်ကျည်ဆန်ကဖြတ်ပြေးသွားတာ
ဘယ်တော့မှမမေ့ဘူး
စစ်သားတွေကို မမုန်းခဲ့ဘူး
စစ်သားတွေဆင်းရဲဒုက္ခရောက်နေတာတွေ့ရတိုင်းအခုထိ မျက်ရည်ဖြိုင်ဖြိုင်ကျတုန်းပဲ
ဒါပေမယ့် အဲ့ဒါခများတို့ရွေးခဲ့တဲ့လမ်းပဲ
တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ ဥပဒေကြောင့်နဲ့ ခများတို့ခြေပြတ်လက်
ပြတ်ဖြစ်တဲ့ထိစောင့်ပြီး အစွန့်ပစ်ခံစရာမလိုဘူး
လမ်းဘေးမှာ သူတောင်းစားလို စာအုပ်လိုက်ရောင်းစရာမလိုဘူး

ခများတို့နိုင်ငံကိုကာကွယ်မယ် ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ သံဓိဋ္ဌာန်နဲ့ စစ်တပ်ထဲ၀င်ခဲ့ကြတာမလား
ခများတို့အခု ဘာလုပ်နေရသလဲ
ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ငြိမ်းချမ်းမှုကို ခများတို့လက်နဲ့ ကိုယ်တိုင်ဖျက်ဆီးနေရပြီမလား

အောက်ခြေစစ်သားတွေ ခများတို့ဘာပြန်ရခဲ့သလဲ
ပြည်သူတွေရဲ့အမုန်းနဲ့ ခများတို့ဘဝတွေစုတ်ပြတ်သတ်မှုတွေချည်းပဲ ခေတ်အဆက်ဆက်ခများတို့ရခဲ့တယ်

အရင်းရှင်နဲ့ အာဏာရှင်တွေ သူတို့နဲ့ဆက်နွယ်နေတဲ့ အ၀န်းအဝိုင်းကလွဲလို့ ခများတို့ အောက်ခြေစစ်သားတွေ ဘာတွေများပြန်ရခဲ့လဲ ပြောစမ်းပါ

ခများတို့မှာမကြိုက်ရင်မကြိုက်ဘူး မလုပ်ချင်ရင်မလုပ်ချင်ဘူး ငြင်းခွင့်ရှိတယ် ထွက်ခွင့်ရှိတယ် လွန်ဆန်ခွင့်ရှိတယ်

ခများတို့နောက်မှာမိသားစုရှိလို့ လုပ်မရဘူး
OK ခများတို့သာ လွန်ဆန်ရဲရင် ခများတို့နောက်မှာမဲပေးထားတဲ့
ပြည်သူ၄၄သန်းရှိတယ်
ခများတို့ကို အငတ်မထားဘူး ခများတို့ကို အငတ် ထားမယ့်အစား ကျနော်တို့ပဲ အငတ်ခံလိုက်မယ်
ရောင်းချပေါင်နှံကျွေးစရာမရှိတော့တောင် အသားကို လှီးကျွေးမှာပါဗျ
ခများတို့ကို ကျနော်တို့ပြန်ကာကွယ်ပေးမှာပါ

အခု ဆရာ၀န်တွေက စပြီး CDC ကို ဦးဆောင်တယ်
အင်ဂျင်နီယာတွေ ဆရာဆရာမတွေ အစိုးရ၀န်ထမ်းတွေ မညီကြသေးဘူး
အေး သူတို့ ပါလာရင်တောင် ကျနော်တို့က လက်နက်မဲ့ပြည်သူတွေ
ခများတို့လို လက်နက်ကိုင်တွေက မိဘဆွေမျိုးတွေရဲ့အသက်ကိုရန်ရှာရင် ဘယ်သူကများ အသည်းမာနိုင်မလဲ
ခများတို့ရဲတွေ စစ်သားတွေပါ ဒီ CDC မှာ ပါ၀င်ပေးမှရကြမှာ

1988 အခုလို ပြည်သူလူထုတစ်ရပ်လုံး အုံကြွပီးလမ်းပေါ်ထွက်ဆူပူမှုကြောင့် ၂၇နှစ် ခွေးစားခံခဲ့ရတယ်

ဒါကြောင့် 2021 မှာ နည်းဗျူဟာပြောင်းမယ်

ကျနော်ပြည်သူ့၀န်ထမ်းမဟုတ်ဘူး
CDC ကို ငြိမ်ငြိမ်လေးထောက်ခံနေရတာကို လိပ်ပြာမလုံဘူး

ဒါကြောင့် ကျနော်တို့အလှည့်ရောက်ရင် သေသေကြေကြေ ကျနော်တို့ထွက်တိုက်မယ်

အခုခများတို့ အလှည့်မှာ ကျန်တဲ့ အစိုးရ၀န်ထမ်းတွေနဲ့အတူ ပါ၀င်ပူးပေါင်းပေးကြပါ
ကျနော်တို့ မကျေနပ်ချက်တွေကို ကမ္ဘာကသိဖို့လိုတယ်
အားလုံးညီညွတ်ဖို့ လိုတယ်
ကျနော်တို့အသံတွေကို ကမ္ဘာကကြားဖို့လိုတယ်
ကျန်ာတို့ အားလုံးရဲ့အကူအညီရဖို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ အကူအညီလိုတယ်

ပြိုင်တူတွန်းရင် ရွေ့ကိုရွေ့ရမယ်



စာကြွင်း
ကျနော် အဖမ်းမခံရမချင်း ဆက်ရေးမယ်
အဖမ်းခံရလည်းဆက်ရေးမယ်
သေသည်အထိတိုက်ပွဲ၀င်မယ်
ဤစာကို ကျနော် အပြည့်အ၀တာ၀န်ယူပါသည်

4.2.2021

Address

Mandalay

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 15:15
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 16:15
Saturday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when West Mogok Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share



You may also like