Layuu's

Layuu's Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Layuu's, Video Creator, Mandalay.

20/11/2021

I’m so lonely // D Vision

20/11/2021

ညီမ wall ထဲက highlight မှာ
တင်ထားတဲ့ vd ထဲကပုံက

ညီမ cow lay လား

20/11/2021

လှူတက်ရင်မြတ်ပါတယ်🌚

အဖေ့မှာ  ရင်ခွင်တစ်ခုပဲရှိတယ်ဒါပေမယ့်မိသားစုအားလုံး ခိုနားလို့ရတယ်။အဖေ့မှာ လက်နှစ်ဖက်ပဲ ရှိတယ်။ဒါပေမယ့်မိသားစုအားလုံး မှ...
11/11/2021

အဖေ့မှာ
ရင်ခွင်တစ်ခုပဲရှိတယ်

ဒါပေမယ့်

မိသားစုအားလုံး
ခိုနားလို့ရတယ်။

အဖေ့မှာ
လက်နှစ်ဖက်ပဲ ရှိတယ်။

ဒါပေမယ့်

မိသားစုအားလုံး
မှီခိုလို့ရတယ်။

အဖေ့မှာ
ခြေနှစ်ချောင်းပဲရှိတယ်။

ဒါပေမယ့်

မိသားစုအားလုံးကို
ရှေ့ဆောင်နိုင်တယ်။

အဖေ့မှာ
ဦးနှောက်တစ်လုံးပဲရှိတယ်။

ဒါပေမယ့်

မိသားစုအားလုံးအတွက်
အကြံကောင်း
ဉာဏ်ကောင်းတွေရှိတယ်။

အဖေ့မှာ
အားလပ်ချိန်နည်းတယ်။

ဒါပေမယ့်

အချိန်တိုင်းဟာ
မိသားစုအတွက်
ပေးဆပ်ဖို့အသင့်ပါပဲ။

အဖေဟာ
သူရဲကောင်း
တစ်ယောက်မဟုတ်ဘူး။

ဒါပေမယ့်

မိသားစုဘ၀
လုံခြုံစိတ်ချရဖို့
အကာအကွယ်
ပေးစွမ်းနိုင်တဲ့
ယောင်္ကျားကောင်း
တစ်ယောက်ပဲဖြစ်တယ်။

အမေ့ကိုချစ်သလို
အဖေ့ကိုလည်းချစ်ပါ။

အမေ့ကို
ဂရုစိုက်သလို
အဖေ့ကိုလည်း
ဂရုစိုက်ပါ။

အမေ့မေတ္တာကို
နားလည်သလို
အဖေ့ရဲ့
အကာအကွယ်ကိုလည်း
ယုံကြည်ပါ ။


's

သူ..ကျွန်တော် နဲ့ ပတ်သက်ပြီး ဘာကြောင့် တိတ်ဆိတ်သွားတယ် ဆိုတာတစ်ကယ် မသိခဲ့ဘူး။ဒါပေမဲ့....သူတိတ်ဆိတ်တိုင်း ကျွန်‌တော့်ဘက်က...
11/11/2021

သူ..
ကျွန်တော် နဲ့ ပတ်သက်ပြီး ဘာကြောင့် တိတ်ဆိတ်သွားတယ် ဆိုတာ
တစ်ကယ် မသိခဲ့ဘူး။

ဒါပေမဲ့....
သူတိတ်ဆိတ်တိုင်း ကျွန်‌တော့်ဘက်က လိုက်ပြီး တိတ်ဆိတ်ဖို့မှ မလိုအပ်ပဲလေ...

သူ့ကြောင့် ကျွန်တော် ငိုဘူးတယ်။

သူ့ကြောင့် ကျွန်တော် ရယ်ဘူးတယ်။

သူ့ကြောင့် ကျွန်တော် ပျော်ရွှင်ကျေနပ်ဘူးသလို

သူ့ကြောင့် အယောင်ယောင်အမှားမှားနဲ့ အလဲလဲအကွဲကွဲ ဖြစ်ဘူးတယ်။

အမှတ်တရတွေများသလို...
ခံစားချက်ပေါင်းများစွာလည်းထားခဲ့ရတဲ့သူ...

သိပ်ကို ကျေးဇူးတင်စရာကောင်းတဲ့သူပေါ့။

ဒါကြောင့်...
သူ တိတ်ဆိတ်သွားလည်း
ကျွန်တော် ပွင့်လင်းနေဆဲပါပဲ...

သူ မဆက်သွယ်တော့လည်း
ကျွန်တော် သတိရနေဆဲပါပဲ...

သူ ဆိုတာ...
ကျွန်တော့်အတွက် ပျောက်ပျက်သွားမဲ့အရာတစ်ခုမဟုတ်သလို ...
ဘုရားပေးခဲ့တဲ့ ဆုတစ်ခုဆိုတာကိုတော့ ...

ကျွန်တော့် ဒိုင်ယာရီလေးထဲ ထည့်ရေးပြီး သိမ်းထားလိုက်ပါ့မယ် ...📓



's

အချစ်စစ်ကတကယ်ရှိပါတယ်ချစ်တတ်တဲ့သူတွေနဲ့တွေ့တဲ့အခါမှာပေါ့..သတိရခြင်းဆိုတာ......ဘယ်တော့မှ မအိုမင်းသွားတဲ့အရှင်လတ်လတ် ခံစား...
10/11/2021

အချစ်စစ်ကတကယ်ရှိပါတယ်
ချစ်တတ်တဲ့သူတွေနဲ့တွေ့တဲ့အခါမှာပေါ့..

သတိရခြင်းဆိုတာ......
ဘယ်တော့မှ မအိုမင်းသွားတဲ့
အရှင်လတ်လတ် ခံစားမှုမျိုးပဲ......

ပျော်ပါတယ်ဆိုတဲ့ စကားလုံးလေးဟာ
မင်းဓါတ်ပုံအဟောင်းလေးထဲမှာပဲ
ပြည့်လို့နှက်လို့......

သတိတရနဲ့ပဲ အမြဲထုတ်ပိုးထားခဲ့တယ်.....။



's

နံပတ် (၁) ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ နံပတ် (၂) ကိုယ့် စိတ်ကို ပျော်အောင် ထားပါ။ နံပတ် (၃) ကိုယ့်အတွက် ကိုယ်ကြည့်ပါ။ နံပတ် ...
09/11/2021

နံပတ် (၁)
ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။

နံပတ် (၂)
ကိုယ့် စိတ်ကို ပျော်အောင် ထားပါ။

နံပတ် (၃)
ကိုယ့်အတွက် ကိုယ်ကြည့်ပါ။

နံပတ် (၄)
လှလှပပလေး နေပါ။

နံပတ် (၅)
အလုပ်တစ်ခုကို ရအောင်လုပ်ပါ။
(သေးသေးပဲဖြစ်ဖြစ် ကြီးကြီးပဲဖြစ်ဖြစ်)

နံပတ် (၆)
သူများပြောသော စကားများကြောင့် မငိုမိပါစေနဲ့။

နံပတ် (၇)
ဘယ်သူမှ တန်ဖိုးမထားရင်တောင်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။

နံပတ် (၈)
ဘယ်သူ့ကိုမှ အားမကိုးမိပါစေနဲ့။

နံပတ် (၉)
အကျိုးမရှိသော စကား/အလုပ်တွေအတွက်
အချိန်ကုန် မခံပါနဲ့။

နံပတ် (၁၀)
ဘာပဲဖြစ်ဖြစ် အမြဲတမ်း ပြုံးထားပါ။ ☺❤️

အခုလက်ရှိသုံးနေတဲ့ Facebook အကောင့်ကို ရုတ်တရက် deactivate လုပ်ပြီး တိတ်တိတ်ကလေး ပျောက်သွားကြည့် ...ဒါမှမဟုတ်ရုတ်တရက် မင...
09/11/2021

အခုလက်ရှိသုံးနေတဲ့ Facebook အကောင့်ကို
ရုတ်တရက် deactivate လုပ်ပြီး
တိတ်တိတ်ကလေး ပျောက်သွားကြည့် ...

ဒါမှမဟုတ်
ရုတ်တရက် မင်းသေဆုံးသွားလို့
မင်း Facebook အကောင့်က အသက်မဲ့သွားတယ်ဆိုပါစို့ ...

အချိန်ကြာတဲ့အခါ မင်းကို အားလုံး
အလိုလိုမေ့သွားကြပါလိမ့်မယ် ...

တချို့တွေ အမှတ်မထင် Mention ခေါ်ဖို့ ကြိုးစားတော့မှ
မင်းမရှိမှန်းသိသွားမယ် ... သတိရသွားမယ် ..

အရေးတကြီးမင်းဆီက အကူအညီလိုမှ
မင်းကို Hi ဖို့ကြိုးစားတဲ့အခါ မင်းမရှိမှန်း သိသွားကြမယ် ...
သတိရသွားမယ် ...

မင်း timeline ပေါ် တစ်ခုခုတက်ရေးဖို့
မင်းနာမည်ကို search box မှာရိုက်ကြည့်မှ
မင်းရှိမနေတော့ဘူးဆိုတာ သိသွားကြမယ် ...
သတိရသွားမယ် ...

မင်းတင်ဖူးတဲ့ ... မင်းရေးဖူးတဲ့
ဓာတ်ပုံတစ်ခုခု ... status တစ်ခုခုကို ပြန်ကြည့်ချင်တော့မှ
မင်းပျောက်သွားမှန်း သတိထားမိကြမယ် ...
သတိရကြမယ် ...

သူတို့ Memories မှာ မင်းပုံပါလာမှ
I miss you. Where are you?
You left us so early. ဆိုပြီး
အဲဒီ့ memory ပြန် share ပြီး ငိုပြ လွမ်းပြကြမယ် ...

တစ်ချိန်တုန်းက
မင်းလည်း လူတချို့ကို အဲဒီလိုပဲ မေ့ပျောက်ခဲ့တာပဲ ...

တစ်ချိန်မှာ
မင်းလည်း အဲဒီလိုပဲ မေ့ပျောက်ခံရမယ် ...

မထူးဆန်းပေမယ့်
ဝမ်းနည်းစရာအမှန်တရားဟာ
ကိုယ်တွေအားလုံးရဲ့ လက်တစ်ကမ်းမှာအဆင်သင့် ...

RIP လောက်နဲ့ပဲ ပြီးဆုံးသွားမယ့်
စစ်မှန်တယ်လို့ မင်းထင်ခဲ့ဖူးတဲ့
ချစ်ခြင်းမေတ္တာတချို့ရှိမယ် ...

မင်းနဲ့အတူ တွဲရိုက်ထားတဲ့ပုံတွေကို ပြန်ရှာ ...
အမှတ်တရပြန်တင်ပြီး like များများမျှော်လင့်မယ့်
သံယောဇဉ်အမည်ခံ ရွှေရည်စိမ် ခင်မင်မှုတွေရှိမယ် ...

မင်းနာရေးသတင်းအပိုင်းအစလေးကို တင်ပြီး
သံဝေဂယူချင်ယောင်ဆောင်မယ့်
ခပ်ယဲ့ယဲ့နှလုံးသားပိုင်ရှင်တချို့ရှိမယ် ...

ပြောချင်တာက
အခုမင်းနေထိုင်ရာ virtual (ပုံရိပ်ယောင်) ကမ္ဘာမှာ
မင်းကိုယ်မင်း ဇာတ်လိုက်ထင်နေပေမယ့်
တခြားသူတွေအတွက်တော့ မင်းဟာ ဖြတ်လျှောက်သာသာပါပဲ ...

သူတို့မြင်ကွင်းတွေထဲ
မင်းဖြတ်မလျှောက်တာ ကြာတဲ့အခါ
သူတို့ကမ္ဘာကနေ မင်းပျောက်ကွယ်သွားမှာပါ တဖြည်းဖြည်း ...

အေးခဲတိတ်ဆိတ်သွားတဲ့
ပုံရိပ်တချို့နဲ့ စာသားတွေပဲ မင်းကိုလွမ်းပြီးကျန်နေခဲ့မှာ ...

နာကျင်ဖွယ် ... ........

#မူရင်းရေးသားသူအားလေးစားစွာcreditပေးပါတယ်ရှင့်
#စာရေးစာဖတ်သူများအားလုံးကိုလေးစားလျှက်
#မေတ္တာဖြင့်မျှဝေပါသည်။

09/11/2021

တချို့က သူဌေးခင်တဲ့ ရောဂါရှိတယ်
သူဌေးပို့စ်မှ likeပေးတာ
သူဌေးပို့စ်မှ commentရေးတာ
သူဌေးမှ Birthday Wishလုပ်တာ
ဒါတောင်ဟိုက သူ့ကိုဘာမှပေးတာမဟုတ်ဘူးနော် ပိုက်ဆံရှိတယ်ဟေ့ဆိုတာနဲ့ တန်းခင်တာ🤣🤣

Edited: ရောဂါရင့်လာရင် Commentsချင်းအတူတူတောင် ကိုယ့်မန့်ကြီးကျော်ပီး သူဌေးမန့်မှ replyပြန်တာ

ရှေးလူကြီးသူမ_ဆိုရိုးစကားများ(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။ စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။(၂) အကောင်းပြောလျ...
07/11/2021

ရှေးလူကြီးသူမ_ဆိုရိုးစကားများ

(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။
စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။

(၂) အကောင်းပြောလျင် ချက်ချင်း ၀မ်းမသာပါနှင့်၊
မကောင်းပြောလျင်လည်း ချက်ချင်း ၀မ်းမနည်းပါနှင့်။

(၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။
လူသည်လည်း အကျင့်ပျက်ကို မမေ့။

(၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။
ထသည့်အခါ အပေါ်ကို ကြည့်ပါ။

(၅) မပုပ်သော အသီးကို ပိုးမထိုး။
မရှိသောသူကို သူခိုးမခိုး။

(၆) လက်ခြေတို့သည် ၀မ်းဗိုက်၏ ကျေးကျွန်ဖြစ်သည်။
မည်သူကမျှ အလကားခေါ်မကျွေးနိုင်။

(၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊
လူတိုင်းသည် အချစ်နှင့် မကင်း။

(၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊
မာနကြီးသူသည် စကားကျဲ၏။

(၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊
အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်။

(၁၀) အစားကြောင့် ချစ်ခင်တတ်၏၊
စကားကြောင့် မုန်းတတ်၏။

(၁၁) မြန်မြန်စားသော် နင်တတ်၏၊
မြန်မြန်ပြေးသော် ချော်လဲတတ်၏။

(၁၂) ချစ်လျှင် လက်ဆောင်အဖြစ် အလကားပေးရာ၏၊
အရောင်းအ၀ယ်ပြုလျင် အများတကာကဲ့သို့ စျေးယူရာ၏။

(၁၃) နှုတ်ချိုသော် ပုခုံး သက်သာ၏၊
နှုတ်ချိုသော် ဗိုက်ပြည့်၏။

(၁၄) ရေကန်ကို ဆဲဆိုလျင် ငါးသတ္တဝါတို့ စိတ်နာတတ်၏၊
ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။

(၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊
မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။

(၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊
သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။

(၁၇) အတူတကွ ဝိုင်း၀န်းစားမှ အရသာမြိန်၏၊
အတူတကွ ဝိုင်း၀န်းမမှ အလေးချိန်ပေါ့၏။

(၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊
ပညာရှိသည် တိတ်တိတ်နေတတ်၏။

(၁၉) တောချုံကိုလည်း မပျက်စေရာ၊
ယုံကိုလည်း မလွှတ်ထွက်စေရာ။

(၂၁) ကြာပန်းကိုလည်း မနွမ်းစေရာ၊
ရေကိုလည်း မနောက်စေရာ။

(၂၂) စားလို၍ မေးမြန်းတတ်သည်။
ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။

(၂၃) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊
ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။

(၂၄) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။
အမျိုးကွဲသောသားသမီးသည် တခြားသူဖြစ်သွား၏။

(၂၅) လူဖြစ်လာလျင် မအပါနှင့်၊
မိမိကျော ကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။

(၂၆) လက်ကျိုးလျင် အင်္ကျီထဲတွင်သာ ကျိုးပါစေ။

(၂၇) ပြောပြီးသော စကား၊ ဓားဖြင့်ခုတ်မိသွားသော အရာ၊
ကျိုးသွားသော ကျောက်ခဲတို့သည် မူလအတိုင်း ပြန်မဖြစ်တော့။

(၂၈) အပြောကြီးသောသူသည် ကျားအရှင်ကို ဖမ်းမိတတ်၏။

(၂၉) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊
ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။ အော်သံချင်း သိပ်မထူးပါဘူး။

(၃၀) လူသည် အသက်ရှူတာခြင်း ခြားနား၏။
တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။

(၃၁) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊
မလုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။

(၃၂) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။
ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။

(၃၃) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျနိုင်၊
နာခေါင်းဖြင့် စားလျင် ဗိုက်မ၀။ (အနံ့ခံရရုံဖြင့် ဗိုက်မ၀ဟု ဆိုလို၏)

(၃၄) သူတစ်ပါးကို လက်ညှိုးထိုး၊
ကိုယ်ဘက် သုံးချောင်းတိုး။
(လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊
လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းသည် ကိုယ့်ဘက်ကို လှည့်နေ၏)

(၃၅) ထက်လှစွာသော ဓားသည် သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။

(၃၆) အသွင်ပြောင်းသော သမန်းကျားသည် နွားကိုဖျောက်၏။
အသွင်ပြောင်းသော သူသည် အမျိုးပျောက်၏။

(၃၇) မကိုက်တတ်သော ခွေးသည် ဟောင်၏။
ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။

(၃၈) ဆင်ပြောင်ကြီးသည် သစ်တုံးကြီိးကို ချီနိုင်သကဲ့သို့
စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။

(၃၉) မတ်တပ်ရပ်လျင် အပေါ်ထုတ်တန်းကို ကြည့်ပါ၊
ထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါ။

(၄၀) ငါးရံ့သည် ရေထဲတွင် တစ်သက်လုံး နေသော်လည်း မဖြူ။
ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။

(၄၂) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊
သန်းက ခွေးကို ကိုက်သော် လည်း ခွေးမသေ။

(၄၃) ကံမကောင်းလျင် သစ်ပင်ကို အမီပြုသော်လည်း သစ်ပင်သည် လဲကျ၏၊
တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။

(၄၄) ဒုက္ခရောက်ချိန် ၀က်ဝံကိုရှောင်စဉ် ကျားနှင့် ၀င်တိုးတတ်၏။

(၄၅) ဝါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊
အိုးစည်လုပ်သူ ဝါးခေါင်းကို တီး။

(၄၆) ကိုရင်ကလေးသည် ကြေးစည်ကြီးကို ရိုက်ခတ်၍ အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ ကြေးစည်ကြီးသည် ကိုရင်ကလေးကို ပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည် ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏။

ှင်သုခမိန္ဒ

06/11/2021

အား အား 👀🌚

06/11/2021

ဟ🌚

05/11/2021

တစ်ကယ်လို့ မင်းပင်ပန်းရင်
ပြန်လာဖို့မမေ့ပါနဲ့
ဘာလို့လဲဆိုတော့ မင်းပြန်လာမယ့်နေ့ကို
အမြဲစောင့်နေတဲ့ အရူးလေးတစ်ယောက်ရှိတယ်

's

05/11/2021

အာ🥺🤒

's

05/11/2021

လိုက်ဖက်တဲ့ဘဝ // အာဇာနည် & ဝိုင်းစုခိုင်သိန်း

's

05/11/2021
05/11/2021

လူသားဆန်ပါ။

ဆေးလိပ်သောက်ပါ
အရက်သောက်ပါ
လိင်ဆက်‌ဆံပါ
ကိုယ်ချင်းစာစိတ် မွေးမြူပါ။

's

ပြောချင်တာကကွာလက်လေးတင်ကိုင်ယုံနဲ့လဲ ဂျိုပေါက်နိုင်တယ်ဆိုတာပဲ🌚 's
05/11/2021

ပြောချင်တာကကွာ
လက်လေးတင်ကိုင်ယုံနဲ့လဲ
ဂျိုပေါက်နိုင်တယ်ဆိုတာပဲ🌚

's

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ❓ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုကစက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီးမိနစ် (၆၀) ဟာ ၁ နာ...
04/11/2021

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ❓

ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက
စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး
မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။

ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?
ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့်
စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။

စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ..
ဆရာတို့ ဘယ်လိုဖြေကြမလဲ..?

အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ
ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500)
ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင်
အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။

စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။
ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက
ဆက်လက် ကျင့်သုံးခဲ့ပြီး
သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ
အသုံးချခဲ့ကြပါတယ်။

(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။
ရှေးအခါက နေ့ နှင့် ည အချိန်များကို
နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး
တွက်ခဲ့ကြတာဖြစ်ပါတယ်။

နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။
နေနာရီိရဲ့ အရိပ်ကိုကြည့်ပြီး
နေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာ
မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။
ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး
၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။

စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။

စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်
၁ နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။

အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။
Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။
အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)

ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..
၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင်
ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။
ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ
တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်…။

စာရေးသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

04/11/2021

's

03/11/2021

နေရာတိုင်းမှာ //cover

's

03/11/2021

ရင်ထဲကပဲချစ်လို့နေမယ် // ဟန်ဘိုဘိုထွန်း

's

ကျနော် လစာ တစ်လကို တစ်သိန်း ရတဲ့ အချိန်ကပေါ့။ ကျနော်သူဌေးက ကျနော့်ကို သူကိုင်ထားတဲ့ Smart Phone လေး ပေးကိုင်တယ်။အဲ့ဒီဖုန...
02/11/2021

ကျနော် လစာ တစ်လကို တစ်သိန်း ရတဲ့ အချိန်ကပေါ့။ ကျနော်သူဌေးက ကျနော့်ကို သူကိုင်ထားတဲ့ Smart Phone လေး ပေးကိုင်တယ်။

အဲ့ဒီဖုန်းက အဲ့ဒီအချိန် ၆ သိန်း ဝန်းကျင်လောက်ရှိတယ်။ ပြီးတော့ သူက ကျနော့်ကို မေးတယ်။ အကယ်၍များ ဒီဖုန်းဟာ မင်းလက်ထဲက ကျကွဲသွားမယ်ဆိုရင် မင်းလျော်နိုင်လားတဲ့...?

ကျနော် ပြန်ဖြေတယ် - ကျနော် မလျော်နိုင်ပါဘူး။ ကျနော်ရတဲ့လစာ မိသားစုကို ပြန်ထောက်ပံ့ရလို့ ပိုလို့ ကျနော်မလျော်နိုင်ပါဘူး။

သူက ကျနော့်ကိုပြောတယ် - မှတ်ထားတဲ့။ တန်ဘိုးကြီးတဲ့ ပစ္စည်းတခုကို လူတစ်ယောက်က မင်းကို ယုံကြည်ရလို့ အပ်လိုက်ပြီဆိုရင် - အဲ့ဒီယုံကြည်မှုကို တန်ဘိုးထားပါတဲ့။

မင်းလက်ထဲရောက်နေတဲ့ ဒီဖုန်းကို ဘယ်တော့မှ ကျမကွဲအောင် ထိန်းသိမ်းပြီးတော့ မင်းကိုင်ပါတဲ့။ ဒီလိုပဲ ငါမင်းကို ယုံကြည်လို့ အပ်ထားတဲ့ သိန်းနှစ်ရာနီးပါး ပေးရတဲ့ ကားကိုလည်း - မင်းပိုင်တဲ့ ကားသကဲ့သို့ ဂရုစိုက်ပြီ မောင်းပါတဲ့။

မင်းရတဲ့လစာ တစ်သိန်း - မင်းကို အပ်ထားတာ သိန်းရာချီတန်တဲ့ ပစ္စည်း - တန်ဘိုးကြီးတဲ့ပစ္စည်းကို ယုံကြည်ရလို့ အပ်ထားတာ ဖြစ်တယ်။

မင်းမလျော်နိုင်ရင် ထိန်းသိမ်းရမှာ မင်းတာဝန်ဖြစ်တယ် - စည်းကမ်းရှိရမှာ မင်းတာဝန်ဖြစ်တယ်။ အကယ်၍ မင်းလျော်နိုင်တဲ့အချိန်ရောက်လာလို့ မင်းလျော်ပေးတယ်ဆိုရင်လည်း - ငါတို့ ယုံကြည်မှုတွေ ပျက်သွားမှာ ဖြစ်သလို - မင်းဟာလည်း ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့လူ ဖြစ်သွားမယ်။

မင်းမှတ်ထားပါတဲ့ - လောကကြီးမှာ လူတွေရဲ့ ယုံကြည်မှုကို ရပြီဆိုရင် မင်းဘဝမှာ ငွေမလိုတော့ဘူးတဲ့။ သူတို့ ပိုက်ဆံနဲ့ မင်းအလုပ်လုပ်လို့ ရပြီတဲ့။

ဒီတော့ ခုလိုပဲ ယုံကြည်ထိုက်သူဖြစ်အောင် မင်းအမြဲတစေ ကြိုးစားပါတဲ့။ အဲ့ဒီစကား သေသည့်တိုင် ကျနော် မှတ်ထားတယ်။ အဲ့ဒီအတိုင်းကျနော် ကြိုးစားတယ်။

ဒီနေ့တော့ ဒီစကားကို လူငယ်တွေကို မျှဝေပေးခြင်းဖြစ်တယ်။ ကိုယ်ဟာ ကုမ္ပဏီတစ်ခုမှာ ယာဥ်မောင်းအလုပ်လုပ်နေတယ်ဆိုရင် - အဲ့ဒီကားကို မတိုက်အောင်မောင်းရမှာ ညီတို့ရဲ့တာဝန်ဖြစ်တယ်။

ဘယ်သူမှားမှား ကိုယ်ကရှောင်ပါ။ ထပ်ပြီးတော့ မှတ်ထားပါ။ လောကမှာ ကိုယ်မလျော်နိုင်တဲ့ ပစ္စည်းကို ကိုယ့်ကို ယုံကြည်လို့ အပ်ထားတယ်ဆိုရင် အဲ့ဒီယုံကြည်မှုကို ဘာအကြောင်းကြောင်းနဲ့မှ မပျက်ပြားစေနဲ့။

ခု ပုံထဲက ဖုန်းတွေ ကျကွဲသွားရင်လည်း ကျနော် အဲ့ဒီဖုန်းတန်ကြေးထက် အဆပေါင်းများစွာ ပြန်လျော်ပေးနိုင်တယ်။ သို့ပေမဲ့ ကျမကွဲအောင် ကျနော်ထိန်းသိမ်းပြီး ကိုင်တယ်။

ဒါကြောင့် လူငယ်တွေကို မှာချင်တာက အနာဂတ်မှာ အောင်မြင်ချင်ရင် ယုံကြည်ထိုက်သူဖြစ်အောင် ကြိုးစားကြပါလို့ မှာကြားရင်း....ဤမျှသာ။


's

လက်ကို ခနခနဆေးပါ 🌚 's
02/11/2021

လက်ကို ခနခနဆေးပါ 🌚

's

02/11/2021


's

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Layuu's posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category