Paras1te

Paras1te Wildrift နဲ့ပတ်သက်တဲ့ guide, gameplay, meme တွေ ကိုတင်ဆက်ပေးသွားမှာပါ !

ဆိုးဆိုးဝါးဝါး ချိုးချိုးဖျက်ဖျက် ထဲမှ "ဟိုက်ဆံဘ"Tg - https://t.me/Paras1teAintGae
03/02/2025

ဆိုးဆိုးဝါးဝါး ချိုးချိုးဖျက်ဖျက် ထဲမှ "ဟိုက်ဆံဘ"

Tg - https://t.me/Paras1teAintGae

အဲ့တာ ီးလုပ်ရမှာလား Matchmaking စုပ်တာကျ ထည့်မပြောဘူး
27/01/2025

အဲ့တာ ီးလုပ်ရမှာလား Matchmaking စုပ်တာကျ ထည့်မပြောဘူး

We care about your game experience and we're working hard to protect it 👊 (2/3)

23/01/2025

ပိုးဟပ် နှစ်သက်သူ 🪳🪳

ဤကလစ် ဖြစ်ပေါ်လာအောင် ဖန်တီးပေးခဲ့သောသူ Pyay Thar Tin အား ကျေးဇူးအထူး တင်ရှိ၏ ။

Tg - https://t.me/Paras1teAintGae

Time limited Skin တစ်ခု အလကား ပေးနေလျက် !Free Skin ပေးတာတော့ အထူးအဆန်း မဟုတ်ပေမယ့် အခုလို Time limited Skins တွေကို free...
23/01/2025

Time limited Skin တစ်ခု အလကား ပေးနေလျက် !

Free Skin ပေးတာတော့ အထူးအဆန်း မဟုတ်ပေမယ့် အခုလို Time limited Skins တွေကို free ပေးတာဟာ ပထမဆုံး ဖြစ်‌တာကြောင့် Riot ကို ကျေးဇူးတင်လို့ မဆုံးပါဘူး ။

ဘာပေါက်" Time limited skin ဖြစ်တာတစ်ခုတည်းနဲ့ တင် အရမ်းတန်နေပါပြီ၊ ဖောက်ဖို့ ဘာ Mission မှလဲ လုပ်စရာ မလိုသလို ပုံး ဆယ်ခု အလကား ဖွင့်ရုံဘဲ ဖြစ်တာမို့ လက်လွှတ် မခံကြဖို့ အသိပေးအပ်ပါတယ် ။

ကျနော်ကတော့ Zoe ပေါက်တယ် ။ မိတ်ဆွေတို့လည်း ဘာ‌စကင်တွေ ပေါက်ကြလည်း ဆိုတာ Telegram မှာ လာရောက် ကြွားဝါလိုက်ကြပါ ။

Tg - https://t.me/Paras1teAintGae

Patch 6.0 ရဲ့ free legendary skin ရနိုင့်မယ့် Event လာပါပြီ !!ဒီ event နဲ့ တစ်ပုံစံတည်း အရင် patch ကလာခဲ့ဖူးတာမို့ ထွေ"ထ...
16/01/2025

Patch 6.0 ရဲ့ free legendary skin ရနိုင့်မယ့် Event လာပါပြီ !!

ဒီ event နဲ့ တစ်ပုံစံတည်း အရင် patch ကလာခဲ့ဖူးတာမို့ ထွေ"ထူး" ရှင်းပြစရာသိပ်မရှိပါဘူး။ Mission လုပ်၊ point တွေစု၊ 2 လပိုင်း 9 ရက်နေ့ နောက်ဆုံးထားပြီး chest‌ ပေးမယ်၊ အဲ့ခါကျကိုယ်စုခဲ့တဲ့ point နဲ့ ညီမျှတဲ့ chest ကို unlock လုပ်။

Free Legendary လို့ဘာလို့ ပြောလည်း ‌ဆိုတော့ Legendary Skin ရဲ့ ရနိုင်ခြေ % က Epic skin ရဲ့ % နဲ့ အတူတူဖြစ်နေတာမလို့ပါ။ အဲ့တော့ legendary မပေါက်တောင် Epic ကောင်း" တစ်ခုက တော့ ရမှာပါ ။

ဒီ event ရဲ့ Daily mission တွေမှာပါတဲ့ Aram ကို Premade Party ဆော့ဖို့ သူငယ်ချင်းတွေကို ဒီမှာလာရှာလို့ရပါတယ်

Tg - https://t.me/Paras1teAintGae

Patch 6.0 မှာ အသစ် ပါလဲလာတဲ့ Collected Legends အကြောင်း !!သိချင်ရှိရင် comment မေးမြန်းခဲ့လိုရပါတယ် !Telegram - https://...
10/01/2025

Patch 6.0 မှာ အသစ် ပါလဲလာတဲ့ Collected Legends အကြောင်း !!

သိချင်ရှိရင် comment မေးမြန်းခဲ့လိုရပါတယ် !

Telegram - https://t.me/Paras1teAintGae

17/12/2024

🚨 မိတ်ဆွေအားလုံးကို ဒီရာသီမှာ အဆုံးအစွန်ထိ Grind ဖို့ တိုက်တွန်းခြင်း 🚨

ဒီ ရာသီမှာ free skin အများဆုံးပေးတာပါ။ ဘယ်လိုယူရမလဲ၊ လဲရမလဲ ဆိုတာ သေချာနားလည်ပြီး လုပ်ရင် Skin ကောင်း" တစ်ခုမက ရဖို့က လုံးဝ သေချာပါတယ် ။

အဲ့တော့ ပွဲ အပြီးမှာ Gold Treasure Coin ရတာကို Maximize လုပ်ဖို့ သတိထားရမည့် အချက်တွေရှိပါတယ်။

- Full party ဆော့ပါ။ Gold Treasure Coin ရနိုင်တဲ့ % ကို 30% ကို 60% ထိ boost လို့ရပါတယ်။

- 3 star companion ရှိရင် ပွဲထဲကို ခေါ်ပြီး မဖြစ်မနေဆော့ပါ။ 3 star မရှိရင်လဲ 2,1 ခေါ်ပါ။ 3 star ဆိုရင် 5.5% reward boost ရ‌တာမို့ ရှိရင် gold coin ရနိုင်ချေ အများဆုံးပေါ့။ (ကျနော်လဲ 3 star မရှိဘူး။ 1 star ကောင်လေးနဲ့ဘဲ ဆော့တာ၊ အခု တစ်ကြိမ်လဲပြီးပြီ)

- ဆော့တဲ့ အခါ Takedown များ" ရအောင်ကြိုးစားပါ။ MVP ရရင်ကော မရဘူးလားလို့ မေးလို့ရတယ်။ MVP ရတိုင်း Gold Coin မရပါဘူး၊ ကျနော်ကြုံဖူးလို့ပြောတာပါ။ S, A ရအောင်ရည်ရွယ်ပြီးဆော့ပါ။ အဲ့ကြောင့် Takedown (Assistance) များ"ရမှ S, A ကရတာမလို့၊ Team fight များ"မှာ ဝင်ချပါ။

- ဘာ mode ဆော့" ရတယ်ဆိုပေမယ့်။ Rank ထက် AURF, Showdown, တို့လို Time limited mode တွေကို အသားပေးဆော့ကြပါ။ Why? ဘာလို့လဲ ဆိုတော့ ပွဲအရေအတွက် များ"ဆော့မှ Gold Treasure Coin မကြာ" ရမှာပါ။ အဲ့ကြောင့် Rank တွေ ဆော့ရင်း လောင်‌တာထက် ဆာရင် ကိုယ်နဲ့ ကိုယ့် Party chill ဖြစ်စေမယ့် Mode ကို ရွေးဆော့ပါ ။

တူ"ဆော့ကစားဖို့ Party ရှာချင်တယ်ဆိုရင်တော့ ကျွန်ုပ် TG ချန်နယ် မှာ ချစ်မိတ်ဆွေ တွေအများကြီးနဲ့အတူ လာဆက်သွယ် ဆော့ကစားလိုက်ပါ !!

Telegram - https://t.me/Paras1teAintGae

Viktor Viktor Viktor
16/12/2024

Viktor Viktor Viktor

The Foreshadowing : Arcane မှ Viktor ၏ ရှေ့ပြေးနိမိတ်များ

Arcane ကို ကြည့်ပြီးတဲ့သူတိုင်း Viktor ကို မုန်းတဲ့သူ၊ မကြိုက်တဲ့သူ၊ ကြိုက်တဲ့သူတွေ အသီးသီးရှိကြမှာပါ။ ‌ဘာကြောင့်လဲဆိုတာဟာ show ရဲ့ plot ကြောင့်လည်း ဖြစ်နိုင်သလို၊ ကိုယ့်ရဲ့ personal preference ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ‌ကတော့ Viktor ကို Season 1 တည်းက Arcane ထဲမှာ အကြိုက်ဆုံး character တစ်ယောက်အဖြစ် သဘောကျခဲ့တာဖြစ်ပြီးတော့၊ ဒီနေ့မှာ Arcane ရဲ့ brilliant scenes တွေထဲကမှ Viktor ရဲ့ Character Development ကို ဦးတည်ညွှန်ပြနေတဲ့ Foreshadowing ကို ပြောပြသွားပါမယ်။

Viktor ဟာ တီထွင်ရတာတွေကို ငယ်စဉ်ကတည်းက အကျွမ်းတဝင် ရှိခဲ့တဲ့ Undercity က ဒုက္ခိတ တစ်ယောက်။ ဒီ scene မှာ Viktor ဟာ တခြား ကလေးတွေလို ပြေးလွှား မကစားနိုင်တာကြောင့် တစ်ယောက်တည်း အရုပ်သင်္ဘောလေး တစ်ခု တီထွင်နေတာချိန် Sky ဆိုတဲ့ ကလေးမလေးတစ်ယောက်ဟာ ကျောက်ဆောင်အပေါ်က စိတ်ဝင်တစား ချောင်းကြည့်နေခဲ့ပါတယ်။

Viktor သတိထားမိပေမဲ့ အာရုံမရခဲ့ဘူး။ Sky စိတ်ဝင်စား‌နေတယ်ဆိုတာကိုလည်း Viktor တစ်ယောက် နားမလည်ခဲ့ပါဘူး။

သူရဲ့အရုပ်လေးကိုဘဲ သံပတ်ပေးရင်း၊ ဆက်ကလိနေတုန်းမှာ Sky ဟာ အဝေးကနေ လှမ်းခေါ်လို့ ထွက်သွားရတာကို Viktor ဂရုမစိုက်ခဲ့ဘူး။ (Sky တစ်ယောက် Hexcore ကြောင့် သေဆုံးသွားတဲ့ အချိန်မှသာ Viktor ဟာ စပြီး အကြောင်းစုံ နားလည် သဘောပေါက်သွားကာ ငိုချင်းချပါတော့တယ်။ Sky ရဲ့ သေဆုံးမှုဟာ သူကြောင့်ပါလို့ အပြစ်တင်လို့မဆုံးဘဲ Su***de လုပ်ဖို့အထိတောင် ကြံစည်ခဲ့တာပါ။)

ဒီလိုနဲ့ပဲ သူ့အရုပ်လေးကို ရေစီးထဲ စတင်မျှောလိုက်တဲ့အချိန်မှာ အရုပ်လေးဟာ အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းကောင်းကြီး အလုပ်လုပ်တာကို Viktor တစ်ယောက် ကြည့်ရင်း၊ ခဏတာ ပြုံးပျော်ရင်း အရုပ်လေးနောက်ကို စလိုက်ပါတော့တယ်။

ရေစီးနဲ့အတူ သံပတ်အရှိန်ကြောင့် အရုပ်လေးဟာ ဒုက္ခိဖြစ်တဲ့ Viktor တစ်ယောက်အဖို့ လိုက်မမှီနိုင်တော့တဲ့အထိ အဝေးကို မြန်မြန်ဆန်ဆန် ရောက်သွားပါတော့တယ်။ တစ်ဖက်မှာတော့ Viktor ဟာ နောက်ကလိုက်ရင်း မပြေးနိုင်တော့ဘဲ ချော်လဲပြီး ကျန်ရစ်နေခဲ့ရတယ်။ (Hexcore ကြောင့် ခြေထောက်တစ်ဖက်ပြန်ကောင်းသွားချိန်မှသာ၊ သင်္ဘောဆိပ်ကမ်းမှာ Viktor ဟာ သူ့ဘဝရဲ့ ပထမဆုံး‌သောအကြိမ်အနေနဲ့ စတင်ပြေးခဲ့ဖူးတာပါ။)

Viktor ရဲ့ တီထွင်မှုဟာ သူ လက်လှမ်းမမှီ၊ မထိန်းချုပ်နိုင်တော့တဲ့အထိ အလုပ်ဖြစ်ပြီး၊ Viktor တစ်ယောက် သူရဲ့ခန္ဓာကြောင့် နောက်ကျကျန်ရစ်ခဲ့ကို Foreshadow လုပ်ထားတာဖြစ်ပါတယ်။

Viktor လဲကျရာကနေ ပြန်ထပြီး ရေစီးကြောင်းရဲ့ အဆုံးမှာ သူရဲ့ အရုပ်လေးကို လိုက်ရှာပါတော့တယ်။ ရေစီးကြောင်းရဲ့ အဆုံး၊ မှောင်နက်နေတဲ့ ဂူကြီးထဲမှာ Viktor ရဲ့ အရုပ်လေးကို ကိုင်ထားပြီး စိတ်ဝင်တစားကြည့်နေတဲ့ Singed ကို Viktor တွေ့သွားတဲ့အခါ...၊ Science ကို စိတ်ဝင်စားတာချင်း တူသော်လည်း ရည်ရွယ်ချက်နဲ့ ခံယူချက်တွေ ကွဲလွဲတာမျိုး တည်ရှိတာကို Singed ဆီကတဆင့် Viktor စတင် သဘောပေါက်သွားပါတော့တယ်။

သူရဲ့ တီထွင်မှု (အရုပ်သင်္ဘော) လေး ကဘဲ Singed ဆီကို ခေါ်ဆောင်ပေးခဲ့တာပါ။ ကြီးလာတော့လည်း Hexcore ကို နားမလည်နိုင်တော့လို့ Singed ရဲ့ အကူအညီလာတောင်းရင်း Viktor တစ်ယောက် The Machine Herald အဖြစ် ဖြည်းဖြည်းချင်း စတင်ပြောင်းလဲကာ၊ The Glorious Evolution ဆိုတဲ့ ကံကြမ္မာကို လက်တွေ့ပမာဖြစ်အောင် ကြိုးစားဖန်းတီးပါတော့တယ်။

Author: Paras1te
Image: (ig)
Series: Arcane (2021-2024)

! ယခုဆောင်းပါးကို AnemoiVerse မှ စစ်ဆေး၊ တည်းဖြတ်၍ တင်ဆက်ပေးထားခြင်းဖြစ်ပါသည်။ မည်သည့်နေရာမှာမျှ ပြန်လည်သုံးစွဲခွင့်မပြုပါ။

Address

Magway

Website

Alerts

Be the first to know and let us send you an email when Paras1te posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share