Myanmar- Rohingya Daily News_ MRDN.

Myanmar- Rohingya Daily News_ MRDN. Myanmar Rohingya Daily News Today Genocide Rohingya Muslim Daily News. please don't forget to follow our page like share follow

Myanmar Rohingya Daily News Today

18/03/2022
18/03/2022

ARSA mafiya group.

16/03/2022

ထံုးစံအတိုင်း လူမုန်းခံပြီး ဒီကမ်ပိန်းမှာပါဝင်ပေးကြဖို့ တိုက်တွန်းအားပေးပါရစေ။

ခရစ်ယာန်မဟုတ်သူတွေအများစုက ဘာလည်းနားမလည်လို့ လာလာပြန်မေးကြတာမို့ ဒီကမ်ပိန်းအကြောင်းလေး အနည်းငယ်မြန်မာလိုရှင်းပြပါရစေ။

ဘာကမ်ပိန်းလဲ?
ကမ်ပိန်းလေးကတော့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) မှာ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကိုလည်း သင်းအုပ်အရာ သိက္ခာတင်ခွင့် (ordination) ပေးဖို့လှံု့ဆော်တဲ့ ကမ်ပိန်းဖြစ်ပါတယ်။

ဘယ်လိုပါဝင်နိုင်ပါသလဲ?
ကမ်ပိန်းမှာပါဝင်နိုင်တဲ့နည်းလမ်းကတော့ ကိုယ့်ရဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုခုမှာ ကိုယ့်ဓါတ်ပံုနဲ့အတူ မတ်လ ၁၆ ရက်နေ့မှာတင်ပေးရမှာပါ။

“We support Women Ordination in Kachin Baptist Convention”
လို့တင်ပြီးပါဝင်ရမှာပါ။

ဘာကြောင့်ပါဝင်သင့်တာလဲ?
အခြားတိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ရှမ်း၊ အခါ စတဲ့နှစ်ခြင်းခရစ်ယာန်အသင်းတော်တွေမှာ အမျိုးသမီးသိက္ခာတော်ရဆရာမတွေ၊ သင်းအုပ်တွေ အများကြီးရှိလာပြီ ဖြစ်ပေမယ့် ကချင်နှစ်ခြင်းခရစ်ယာန်မှာတော့ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေဟာ ခွဲခြားထားခံရပြီး အမျိုးသမီးမို့ သိက္ခာတင်ခွင့်မရ (သင်းအုပ်ဖြစ်ခွင့်မရ) တာတွေရှိနေဆဲဖြစ်ပါတယ်။

ဒါဟာအသင်းတော်အတွင်းမှာရှိနေတဲ့ stereotypes တွေ discriminatory mindset တွေကြောင့်ပါ။

သိက္ခာ တော်ရ ဆရာ/ဆရာမဖြစ်မှသာ ကောင်းချီးပေးနိုင်၊ ပွဲတော် (ခရစ်တော်၏နောက်ဆံုးညစာကိုပံုဆောင်သော ရေနှစ်ခြင်းခံပြီးသူတွေပါဝင်လို့ရတဲ့ တစ်လတစ်ခါပြုမြဲဖြစ်တဲ့ အထူးပွဲတော်)၊ လူသေလို့ မြေချတဲ့အခါ မြေသို့အပ်နှံပေးတာတွေ၊ မင်္ဂလာပွဲမှာ လက်ထပ်ကောင်းချီးပေးရတာတွေ ပြုလုပ်ခွင့်ရတာဖြစ်ပါတယ်။

သိက္ခာတော်ရ ဆရာ/မတွေနဲ့ သာမာန်ဓမ္မအမှုတော်ဆောင်တွေဟာ ပါဝါ၊ အကျိုးခံစားခွင့်၊ လစာ၊ ဆံုးဖြတ်ပိုင်ခွင့် စတာတွေမှာ အများကြီးကွာခြားမှုရှိပါတယ်။

အမျိုးသမီးတွေကို သိက္ခာတင်ခွင့် (ordination) မပေးခြင်းဟာ အမျိုးသမီးဖြစ်လို့ ခွဲခြားဆက်ဆံမှုသက်သက်သာဖြစ်ပါတယ်။ ကျမ်းစာထဲမှာလည်း အဲ့လိုခွဲခြားမထားသလို အခြားနှစ်ခြင်းခရစ်ယာန်အသင်းတော်တွေမှာတောင် ခွင့်ပြုထားတာ သက်သေအထောက်အထားများစွာရှိပါတယ်။

ကျွန်မကမိရိုးဖလာ မိဘခရစ်ယာန်မို့ ခရစ်ယာန်ဖြစ်လာတဲ့သူမဟူတ်ပါ။ ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တို့ထိမှုနဲ့ ကိုယ်တိုင်ဘုရားက လမ်းပြပို့ဆောင်မှုကြောင့် ခရစ်ယာန်အဖြစ်ကို ဂုဏ်ယူစွာ ရွေးချယ်ကိုးကွယ် သက်ဝင်ယံုကြည်သူဖြစ်ပါတယ်။

ကျွန်မတန်ဖိုးထားစွာ လုပ်ဆောင်နေတဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစံုနဲ့ ခွဲခြားဆက်ဆံမှုမှန်သမျှကို တွန်းလှန်ဖယ်ရှားလိုတာမို့ ဒီကမ်ပိန်းမှာ ပါဝင်ပါတယ်။ အခြားသူများကိုလည်း ပါဝင်ဖို့ တိုက်တွန်းနိုးဆော်ပါတယ်။

အမြင်မတူရင် ကချင်-ဗမာ ကပြားဖြစ်ခြင်းအပေါ်အခြေခံ ထပ်ဆင့်ခွဲခြားပြီး ရိုင်းစိုင်းစွာ မန့်ခြင်း၊ ဆဲဆိုခြင်း သည်းခံပါလို့

“We support Women Ordination in Kachin Baptist Convention”

ဗိုလ်ချုပ်မှူးကြီး နိုင်ငံတောဝန်ကြီးးချုပ် နိင်ငံတောစီမံအုပ်ချုပ်ရေး                                     ကောင်စီ ဥဣဌ    ...
16/03/2022

ဗိုလ်ချုပ်မှူးကြီး
နိုင်ငံတောဝန်ကြီးးချုပ်
နိင်ငံတောစီမံအုပ်ချုပ်ရေး ကောင်စီ ဥဣဌ
နိုင်ငံတောစီမံအုပ်ချုပ်ရေး ကောင်စီရုံး
နေပြည်တော်

အကြောင်းအရာ လူကုန်ကူး ပွဲစားကို သက်ဆိုင်ရာဌါနမှာ အရေယူးနိုင်ပါရန် တင်ပြခြင်းကီစ။

အထက်ပါအကြောင်းအရာ ကီစနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် က ထွက်ခွါးလာပြီး ခိုလုံနေထိုင်သော် တဖက်နိုင်ငံ ဘင်ဂလာဒေ့ရှ် ဒုကသည်းစခန်းများမှာ နေထိုင်သူများ လျှောက်ထားအပ်ပါသည်။
၎င်းလူကုန်ကူး ပွဲစား က ရန်ကုန်တိုင်းဒေသကြီး သင်ဃကျွန်းမြို့နယ် င/ကရပ်ကွက် မာဃလမ်း အိမ်အမှတ် (၁၀/၆၂ )၃ လွှာ တိုက်ခန်း၌ နေသူ ဇေါ်နိုင်(ခ)အုစ်မာန် (ဘ) မောင်လ(ခ)ရှူးကုရ် မှတ်ပုံတင် အမှတ် ၁၂/ဒတဂ(နိုင်)၁၁၇၃၇၂ ကိုင်ဆောင်သူ ဖုန်းနံပတ် ၀၉၆၈၆၈၆၂၅၅၁ /၀၉၉၇၂၆၀၆၅၃၅ /၀၉၄၃၅၄၇၃၆၀၁ ကိုင်ဆောင်သူသည် တဖက် ဘင်ဂလာဒေရှ့်နိုင်ငံ ဒုကခသည်းစခန်းမှာနေသူများကို မလေးရှားနိုင်ငံ သို့ပိုးပေမည်ဟုပြော်ဆိုပြီး ဖြာယောင် သွေးဆောင် ပြီး ခေါ်ပါသည်။ မဟာ လူကုန်ကူး ပွဲစား ဇေါ်နိုင် က ခေါ်ဆောင်လာသော ဒုခကသည်းများကို ရန်ကုန်တိုင်းဒေသကြီး ရောက်ရှိပြီး လူ တယောက် အတွက် ငွေ ကျပ် သိန်း (၁၀၀) ကျော် တောင်ဆိုပါသည်။ အကယ်၍ မပေးဆပ်နိုင်ပါက ရိုက်နိပ်ဆက် အသက်ငယ် အမျိူးသမီး များကို အဓမပြုခြင်း မုဒိန်းချင်ပြီး မယားငှါး အာဖြင့် အခြား သူများကို ရောင်လိုက်ပါသည် မဟာ လူကုန်ကူး ပွဲစား ဇေါ်နိုင် က တဖက် ဘင်ဂလာဒေရှ့်နိုင်ငံ ဒုကသည်းစခန်းမှာနေထိုင်သော အသက်ငယ် အမျိူးသမီး တယာက်ကို မလေးရှားနိုင်ငံ သို့ပိုးပေမည်ဟုပြော်ဆိုပြီး ဘင်ဂလာဒေရှ့်နိုင်ငံ ဒုကသည်းစခန်းမှာ စစ်တွေမြို့သို့ ခေါ်ဆောင်လာပြီး အထူ မှတ်ပုံတင် ပြုလုပ်ပြီး လူကုန်ကူး ပွဲစား ဇေါ်နိုင်က လက်ထပ် ခဲပြီး မယားငယ် အဖြစ် သူတိုနှစ်ေယာက် အတူနေထိုင်ခဲပါသည် ။
ပထမ အကြိမ်း အထူ မှတ်ပုံတင် နံပါတ် ၁၁/စတန(ပြု)၀၀၃၇၆၂ ယာစ်မိန်း (ဘ) အဂျူမူလာ ဖြစ်သည် ဒုတိယ အကြိမ်း အထူး မှတ်ပုံတင် နံပါတ် ၁၁/စတန(ပြု)၀၀၄၅၂၀ ကူဆန်နုရ် (ဘ) မာမတ်ခင် ဖြစ်ပါသည်။ ၎င်း မှတ်ပုံတင် နံပါတ် ၂ ခု ဟာ ကိုင်ဆောင်ထာသော အမျိူးသမီးက ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း သရေကုန်တန်ကျေရွာအုပ်စု ယာစ်မိန်း (ဘ) အဂျူမူလာ သည် တဖက် ဘင်ဂလာဒေရှ့်နိုင်ငံ ဒုကခသည်းစခန်းမှာ နေထိုင်သော ဒုကသည်း (UNHCR) (R.g) နံပါတ် (HP9-00029167)ကိုင်ဆောင်သူမသည်။
ထိုဖြင့် လူကုန်ကူး ပွဲစားကို သက်ဆိုင်ရာဌါနမှာ သိရှိပြီး လူကုန်ကူးမှူးထာဆီးနိုင်ပါရန် စုံစဉ်းစစ်ဆေးပြီး အရေယူးနိုင်ပါရန် လမ်းတပိုင် မှာ ဖမ်းဆီး အရေယူးသည် ပြည်သူ လူထို ကို သာနာညှာထားပါရန် ကျွန်တော်တို့ ဒုကသည်းစခန်းမှာ တောင်ပန် တောင်ဆိုပါသည်။ ခိုင်လုံသော် အထောက်အထား သက်သေ လိုပါကViber နံပါတ် ၀၀၆၀၁၁၆၉၃၉၈၈၇၄ ဆက်သွယ်နိုင်ပါသည် ။
သို့ဖြစ်ပါ၍ လူကုန်ကူး ပွဲစားကို သက်ဆိုင်ရာဌါနမှာ သိရှိပြီး လူကုန်ကူးမှူးထာဆီးနိုင်ပါရန် စုံစဉ်းစစ်ဆေးပြီး အရေယူးနိုင်ပါရန် ကျွန်တော်တို့ ဒုကသည်းစခန်းမှာက နိုင်ငံတောဝန်ကြီးးချုပ် ထံသို့ လျှောက်ထားအပ်ပါသည်

ရိုဟင်ဂျာခေါင်းဆောင်မိုဟစ်ဘွလ္လာကိုသတ်ဖြတ်ဖို့ ARSA ခေါင်းဆောင်က အမိန့်ပေးစေခိုင်းခဲ့ကြောင်း တရားခံလေးဦးထွက်ဆိုUnicodeမတ...
16/03/2022

ရိုဟင်ဂျာခေါင်းဆောင်မိုဟစ်ဘွလ္လာကိုသတ်ဖြတ်ဖို့ ARSA ခေါင်းဆောင်က အမိန့်ပေးစေခိုင်းခဲ့ကြောင်း တရားခံလေးဦးထွက်ဆို

Unicode
မတ် ၁၆၊ ၂၀၂၂ Myanmar Muslim Media

ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်ဘွလ္လာကိုလုပ်ကြံသတ်ဖြတ်ဖို့ အာရကန်ကယ်ဆယ်ရေးတပ်ဖွဲ့(ARSA) ခေါင်းဆောင် အာတာအူလ္လာအဘူ အမ်မာဂျန်အူနီက အမိန့်ပေးစေခိုင်းခဲ့တာဖြစ်ကြောင်း ဒီသတ်ဖြတ်မှုမှာ လူ၂၅ဦးဝန်းကျင် ပါဝင်ခဲ့ကြောင်း ဒီအမှုမှာပါဝင်ပတ်သက်မှုအတွက် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ တရားခံလေးဦးက တရားရုံးဝန်ခံထွက်ဆိုချက်ထဲမှာ အချက်အလက်တွေကိုထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာသတင်းအရင်းအမြစ်တွေက ပြောကြားခဲ့ပါတယ်။

တရားခံလေးဦးဟာ အာဇီဇူလ်ဟာ့ဂ်၊ ဟာမစ်ဟူစိန်၊ နာဇင်မ်အိုဒင် နဲ့ မက်ဒ်အီလီယက်စ် တို့ဖြစ်ပါတယ်။ သူတို့ဟာ ARSA အဖွဲ့ဝင်တွေလို့ယူဆရပြီး ဒီသတ်ဖြတ်မှုမှာပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ဝန်ခံထွက်ဆိုခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ရက်နဲ့ နိုင်ဝင်ဘာ ၁၄ရက်ကြား ကော့ဘဇားခရိုင် တရားစီရင်ရေး အောက်တရားရုံးမှာဝန်ခံထွက်ဆိုခဲ့တာဖြစ်ပါတယ်။ အာရကန်ရိုဟင်ဂျာ ငြိမ်းချမ်းရေးနဲ့လူ့အခွင့်အရေးအသင်း ဥက္ကဌ မိုဟစ်ဘွလ္လာဟ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၉ရက်နေ့မှာ ကော့ဘဇားခရိုင်ရဲ့ ဥခီယာက ကုတုပလောင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မကောင်းတဲ့လူတစ်ချို့က ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ ဒီလူသတ်မှုအတွက် ကျန်ရစ်သူသူ့မိသားစုက ARSA ကိုစွပ်စွဲပြစ်တင်ထားပါတယ်။

တရားခံတစ်ဦးဖြစ်သူ မက်ဒ်အီလီယက်စ်က သူ့ရဲ့ဝန်ခံထွက်ဆိုချက်ထဲမှာ မိုဟစ်ဘွလ္လာဟာ ရိုဟင်ဂျာတွေပြန်လည်ပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်အတွက် တက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြောင်း ဒါကို ARSA က ဆန့်ကျင်ကြောင်း ထွက်ဆိုထားပါတယ်။ မူးယစ်မှောင်ခိုမှုတွေနဲ့ ငွေညှစ်ခြိမ်းခြောက်မှုတွေကို သူ့ရဲ့ဆန့်ကျင်တဲ့ရပ်တည်ချက်ကြောင့် ARSA ခေါင်းဆောင်တွေရဲ့အမိန့်နဲ့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

မိုဟစ်ဘွလ္လာဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ အရမ်းကိုလူကြိုက်များထင်ရှားသူဖြစ်လာကြောင်း နောက်တရားခံတစ်ဦးဖြစ်သူ အဇီဇူလ်ဟာ့ဂ်က ပြောပါတယ်။ သူဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ အတွင်း ARSA ရဲ့လှုပ်ရှားမှုတွေအတွက် အနှောက်အယှက်အတားအဆီးတစ်ခုဖြစ်လာခဲ့ပါတယ်။ မိုဟစ်ဘွလ္လာကိုလုပ်ကြံသတ်ဖြတ်ဖို့ အစီအစဉ်ကို ARSA အကြီးအကဲ အာတာအူလ္လာဟ်က အမိန့်ပေးစေခိုင်းခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၇ရက်နေ့ ည ၁၁နာရီဝန်းကျင်လောက်မှာ ဒုက္ခသည်စခန်း-၁ အခန်းထဲမှာအပြီးသတ်ခဲ့တာဖြစ်ပါတယ်။

နောက်တရားခံတစ်ဦးဖြစ်သူ ဟာမစ်ဟူစိန်က သူ့ရဲ့ဝန်ခံထွက်ဆိုချက်ထဲမှာ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၂၉ရက်နေ့မှာ သူတို့တွေဟာ ညနေပိုင်း မူစတာဖာကာမယ်လ်ရဲ့အိမ်မှာစုဝေးခဲ့ကြကြောင်း အဲဒီမှာ မျက်နှာဖုံးတွေဝတ်ဆင်ထားတဲ့ အဗ်ဒူရ်ရာဟင်မ်အပါအဝင် လူ၁၂ယောက်ကိုတွေ့ခဲ့ကြောင်း အားလုံးဟာ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ထားကြကြောင်း ထွက်ဆိုခဲ့ပါတယ်။ နာဂျင်မ်အိုဒင်ရဲ့ ဝန်ခံထွက်ဆိုချက်ထဲမှာတော့ ဂျာဟစ်ဟူစိန်က မိုဟစ်ဘွလ္လာကို နှစ်ကြိမ်ပစ်သတ်ခဲ့ကြောင်း ဖိုယက်ဇ်အွလ္လာက သူ့ကိုတစ်ကြိမ်ပစ်သတ်ကြောင်း နောက် ဆိုမီအိုဒင်က သူ့ကိုထပ်ပစ်ခတ်ခဲ့ကြောင်း စုစုပေါင်း ၅ကြိမ်လောက်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူ၁၅ဦးကိုဖမ်းဆီးခဲ့ပါတယ်။ နောက်ဆုံးဖမ်းဆီးခံရသူက မော်လာနာဇာကာရီယာဖြစ်ပြီး မတ်လ ၆ရက်နေ့ကဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ ARSA အိုလမာအဖွဲ့အကြီးအကဲအဖြစ် လူသိများပါတယ်။ Prothom Alo သတင်းဌာနနဲ့စကားပြောဆိုမှုအတွင်း မိုဟစ်ဘွလ္ဘာသတ်ဖြတ်ခံရမှုကိုစုံစစ်းစစ်ဆေးနေတဲ့ ဥခီယာရဲစခန်းက စစ်ဆေးရေးအရာရှိ ဂါဇီဆာလော်ဒင်က မိုဟစ်ဘွလ္လာဟာ ARSA ခေါင်းဆောင် အာတာအူလ္လာရဲ့ အမိန့်နဲ့ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒီလူသတ်မှုမှာ လူပေါင်း၂၅ဦးထက်မနည်း ပါဝင်ပတ်သက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“ARSA ခေါင်းဆောင်အခုဒီမှာတော့မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သိထားသလောက် ဒီလူသတ်မှုမှာပါဝင်ခဲ့တဲ့ သူနဲ့ပတ်သက်သူတစ်ချို့ ဒီမှာရှိနေပါတယ်။ သူတို့ကိုဖမ်းဆီးရမိဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်” လို့သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

En.prothomalo.com သတင်းဌာနပါ Gazi Firoz ရေးသားသည့် “ARSA chief ordered assassination of Mohibullah” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

Zawgyi

ရိုဟင်ဂျာခေါင်းဆောင်မိုဟစ်ဘွလ္လာကိုသတ်ဖြတ်ဖို့ ARSA ခေါင်းဆောင်က အမိန့်ပေးစေခိုင်းခဲ့ကြောင်း တရားခံလေးဦးထွက်ဆို

မတ် ၁၆၊ ၂၀၂၂ Myanmar Muslim Media

ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်ဘွလ္လာကိုလုပ်ကြံသတ်ဖြတ်ဖို့ အာရကန်ကယ်ဆယ်ရေးတပ်ဖွဲ့(ARSA) ခေါင်းဆောင် အာတာအူလ္လာအဘူ အမ်မာဂျန်အူနီက အမိန့်ပေးစေခိုင်းခဲ့တာဖြစ်ကြောင်း ဒီသတ်ဖြတ်မှုမှာ လူ၂၅ဦး၀န်းကျင် ပါ၀င်ခဲ့ကြောင်း ဒီအမှုမှာပါ၀င်ပတ်သက်မှုအတွက် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ တရားခံလေးဦးက တရားရုံး၀န်ခံထွက်ဆိုချက်ထဲမှာ အချက်အလက်တွေကိုထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာသတင်းအရင်းအမြစ်တွေက ပြောကြားခဲ့ပါတယ်။

တရားခံလေးဦးဟာ အာဇီဇူလ်ဟာ့ဂ်၊ ဟာမစ်ဟူစိန်၊ နာဇင်မ်အိုဒင် နဲ့ မက်ဒ်အီလီယက်စ် တို့ဖြစ်ပါတယ်။ သူတို့ဟာ ARSA အဖွဲ့၀င်တွေလို့ယူဆရပြီး ဒီသတ်ဖြတ်မှုမှာပါ၀င်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ၀န်ခံထွက်ဆိုခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ရက်နဲ့ နိုင်၀င်ဘာ ၁၄ရက်ကြား ကော့ဘဇားခရိုင် တရားစီရင်ရေး အောက်တရားရုံးမှာ၀န်ခံထွက်ဆိုခဲ့တာဖြစ်ပါတယ်။ အာရကန်ရိုဟင်ဂျာ ငြိမ်းချမ်းရေးနဲ့လူ့အခွင့်အရေးအသင်း ဥက္ကဌ မိုဟစ်ဘွလ္လာဟ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၉ရက်နေ့မှာ ကော့ဘဇားခရိုင်ရဲ့ ဥခီယာက ကုတုပလောင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မကောင်းတဲ့လူတစ်ချို့က ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ ဒီလူသတ်မှုအတွက် ကျန်ရစ်သူသူ့မိသားစုက ARSA ကိုစွပ်စွဲပြစ်တင်ထားပါတယ်။

တရားခံတစ်ဦးဖြစ်သူ မက်ဒ်အီလီယက်စ်က သူ့ရဲ့၀န်ခံထွက်ဆိုချက်ထဲမှာ မိုဟစ်ဘွလ္လာဟာ ရိုဟင်ဂျာတွေပြန်လည်ပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်အတွက် တက်ကြွတဲ့အခန်းကဏ္ဍကနေ ပါ၀င်ခဲ့ကြောင်း ဒါကို ARSA က ဆန့်ကျင်ကြောင်း ထွက်ဆိုထားပါတယ်။ မူးယစ်မှောင်ခိုမှုတွေနဲ့ ငွေညှစ်ခြိမ်းခြောက်မှုတွေကို သူ့ရဲ့ဆန့်ကျင်တဲ့ရပ်တည်ချက်ကြောင့် ARSA ခေါင်းဆောင်တွေရဲ့အမိန့်နဲ့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

မိုဟစ်ဘွလ္လာဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ အရမ်းကိုလူကြိုက်များထင်ရှားသူဖြစ်လာကြောင်း နောက်တရားခံတစ်ဦးဖြစ်သူ အဇီဇူလ်ဟာ့ဂ်က ပြောပါတယ်။ သူဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ အတွင်း ARSA ရဲ့လှုပ်ရှားမှုတွေအတွက် အနှောက်အယှက်အတားအဆီးတစ်ခုဖြစ်လာခဲ့ပါတယ်။ မိုဟစ်ဘွလ္လာကိုလုပ်ကြံသတ်ဖြတ်ဖို့ အစီအစဉ်ကို ARSA အကြီးအကဲ အာတာအူလ္လာဟ်က အမိန့်ပေးစေခိုင်းခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၇ရက်နေ့ ည ၁၁နာရီ၀န်းကျင်လောက်မှာ ဒုက္ခသည်စခန်း-၁ အခန်းထဲမှာအပြီးသတ်ခဲ့တာဖြစ်ပါတယ်။

နောက်တရားခံတစ်ဦးဖြစ်သူ ဟာမစ်ဟူစိန်က သူ့ရဲ့၀န်ခံထွက်ဆိုချက်ထဲမှာ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၂၉ရက်နေ့မှာ သူတို့တွေဟာ ညနေပိုင်း မူစတာဖာကာမယ်လ်ရဲ့အိမ်မှာစုဝေးခဲ့ကြကြောင်း အဲဒီမှာ မျက်နှာဖုံးတွေ၀တ်ဆင်ထားတဲ့ အဗ်ဒူရ်ရာဟင်မ်အပါအ၀င် လူ၁၂ယောက်ကိုတွေ့ခဲ့ကြောင်း အားလုံးဟာ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ထားကြကြောင်း ထွက်ဆိုခဲ့ပါတယ်။ နာဂျင်မ်အိုဒင်ရဲ့ ၀န်ခံထွက်ဆိုချက်ထဲမှာတော့ ဂျာဟစ်ဟူစိန်က မိုဟစ်ဘွလ္လာကို နှစ်ကြိမ်ပစ်သတ်ခဲ့ကြောင်း ဖိုယက်ဇ်အွလ္လာက သူ့ကိုတစ်ကြိမ်ပစ်သတ်ကြောင်း နောက် ဆိုမီအိုဒင်က သူ့ကိုထပ်ပစ်ခတ်ခဲ့ကြောင်း စုစုပေါင်း ၅ကြိမ်လောက်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူ၁၅ဦးကိုဖမ်းဆီးခဲ့ပါတယ်။ နောက်ဆုံးဖမ်းဆီးခံရသူက မော်လာနာဇာကာရီယာဖြစ်ပြီး မတ်လ ၆ရက်နေ့ကဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ ARSA အိုလမာအဖွဲ့အကြီးအကဲအဖြစ် လူသိများပါတယ်။ Prothom Alo သတင်းဌာနနဲ့စကားပြောဆိုမှုအတွင်း မိုဟစ်ဘွလ္ဘာသတ်ဖြတ်ခံရမှုကိုစုံစစ်းစစ်ဆေးနေတဲ့ ဥခီယာရဲစခန်းက စစ်ဆေးရေးအရာရှိ ဂါဇီဆာလော်ဒင်က မိုဟစ်ဘွလ္လာဟာ ARSA ခေါင်းဆောင် အာတာအူလ္လာရဲ့ အမိန့်နဲ့ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒီလူသတ်မှုမှာ လူပေါင်း၂၅ဦးထက်မနည်း ပါ၀င်ပတ်သက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“ARSA ခေါင်းဆောင်အခုဒီမှာတော့မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သိထားသလောက် ဒီလူသတ်မှုမှာပါ၀င်ခဲ့တဲ့ သူနဲ့ပတ်သက်သူတစ်ချို့ ဒီမှာရှိနေပါတယ်။ သူတို့ကိုဖမ်းဆီးရမိဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်” လို့သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

En.prothomalo.com သတင်းဌာနပါ Gazi Firoz ရေးသားသည့် “ARSA chief ordered assassination of Mohibullah” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

မောင်တောမြို့နယ်တွင် မွတ်ဆလင်အမျိုးသားတစ်ဦးသေဆုံးမှု စုံစမ်းစစ်ဆေးနေBNA(သတင်းတို)မောင်တော၊ မတ် ၁၅။ရခိုင်ပြည်နယ်၊မောင်တော...
15/03/2022

မောင်တောမြို့နယ်တွင် မွတ်ဆလင်အမျိုးသားတစ်ဦးသေဆုံးမှု စုံစမ်းစစ်ဆေးနေ

BNA(သတင်းတို)
မောင်တော၊ မတ် ၁၅။

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ငါးစားကြူးကျေးရွာမှာ မွတ်ဆလင်အမျိုးသားတစ်ဦး လည် ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေမှုကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

အဲဒီအမျိုးသားကို မတ်လ ၁၃ ရက် ညနေပိုင်းက ငါးစားကြူးကျေးရွာအဝင် တံတားအောက်မှာ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတာဖြစ်ပြီးတော့ သေဆုံးသူဟာ အသက် ၄၀ အရွယ်ရှိပြီလို့ ရခိုင်ပြည်နယ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

“ခုလိုအနေအထားမှာ မောင်တောမှာရှိတဲ့ လူတွေအ ကုန်လုံးသတိထားဖို့လိုပါတယ်။အဲလိုပဲ ပြစ်မှုကျူး လွန်သူတွေကိုလည်း မြန်မြန်ဖော်ထုတ်ပေးဖို့လိုပါမယ်”ဟု မောင်တောမြို့မှ မွတ်ဆလင်တစ်ဦးက ပြောပါတယ်။

ခုသေဆုံးမှုဖြစ်ခဲ့တဲ့ ငါးစားကြူးမွတ်ဆလင် ကျေး ရွာဟာ မောင်တောမြို့နယ်မြောက်ပိုင်းမှာ တည်ရှိပြီးတော့ အနီးအနားမှာ ရခိုင်ကျေးရွာတွေ မရှိပါဘူး။

သေဆုံးသူရဲ့အလောင်းအနီးမှာတော့ သွေးတွေပေ ကျံနေတဲ့ ဓားရိုးမပါဓားဦးချွန် ၁ ချောင်းကို တွေ့ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-ရခိုင်နေ့စဉ်

ငပလီမြို့တွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားBNA(သတင်းတို)သံတွဲ၊ ...
15/03/2022

ငပလီမြို့တွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထား

BNA(သတင်းတို)
သံတွဲ၊ မတ် ၁၅။

သံတွဲမြို့နယ် ငပလီမြို့မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရပြီးတော့ ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးထားပါတယ်။

ငပလီမြို့၊ ဂျိတ္တောရပ်ကွက်၊ ဈေးငယ်မှာ အဒေါ်နှင့်အတူ ဈေးရောင်းနေတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ဟာ မတ်လ ၁၄ ရက်က ည ၁၀ နာရီခွဲခန့်ကဈေးဆိုင်မှ နေအိမ်သို့ ပြန်လွတ်လိုက်ချိန်မှာ အိမ်ကိုမရောက်တဲ့အတွက် လိုက်ရှာတဲ့အခါ ည ၁၁ နာရီခွဲခန့်မှာ အကွက်(၃)၊ ဂျိတ္တောရပ်ကွက်၊ ငပလီမြို့ လမ်းပေါ်မှာ ငိုနေတာကို တွေ့ရှိခဲ့ပါတယ်။

အဒေါ်ဖြစ်သူက ငိုနေတဲ့အကြောင်းကို မေးမြန်းတဲ့အခါမှာတော့ ငပလီမြို့ အကွက်(၄)၊ ဂျိတ္တောရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက စကားပြောစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားပြီးတော့ ငပလီမြို့မြပြင်ရပ်ကွက်၊ မြို့ရှောင်လမ်း APOLLO KTV ရှေ့သို့ အရောက်မှာ အလိုမတူဘဲ ၁၅ မိနစ်ခန့် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ကောင်စီက ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်သူကို မတ်လ ၁၅ ရက်မှာ ဖမ်းဆီးရမိခဲ့ပြီးတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

ဓာတ်ပုံ-ပြစ်မှုကျူးလွန်သူကိုတွေ့ရစဉ်/ ရခိုင်နေ့စဉ်

ကိုယ်အစွမ်းအစမရှိတာကို ပေါ်တင်ဝန်ခံလိုက်ကြပါ••••••••••••••••••••••••••••••••••••••••••••••အစွန်းရောက်ရခိုင်အများစုမကြာခဏ...
14/03/2022

ကိုယ်အစွမ်းအစမရှိတာကို ပေါ်တင်ဝန်ခံလိုက်ကြပါ
••••••••••••••••••••••••••••••••••••••••••••••
အစွန်းရောက်ရခိုင်အများစုမကြာခဏမေးတာက " ငါတို့
စစ်ဖြစ်တဲ့အချိန်မင်းတို့ ဘာသံထွက်ပေးကြလဲ " ဆိုတဲ့အ
မေးပါ

ဟုတ်ကဲ့ ဒီကိစ္စကိုရှင်းပါ့မယ်

AA ဟာ ၂၀၂၀ အာရကန်အိမ်ကိုအကောင်အထည်ဖေါ်ဖို့
၂၀၁၈ ဇန် (၄) ရက်မှာ ဘာရန်ငြိုးမှမရှိခဲ့ပဲ နယ်ခြားစောင့်
ရဲတွေကို စတိုက်ပြီးမီးမွေးခဲ့တယ်

တစ်တိုင်းပြည်လုံး ၂၁ ပင်လုံနဲ့ အပစ်ရပ်ရေးလုပ်နေတဲ့အ
ချိန် AA တစ်ဖွဲ့တည်းသာ ချွန်ပြီးဗြောက်ဖေါက်ခဲ့တာဖြစ်ပြီး
လူအများက အံ့သြခဲ့ရတဲ့အပြင် ကိုယ်ပိုင်လွတ်လပ်တဲ့နိုင်
ငံထူထောင်မယ်လို့ ကြွေးကြော်သံနဲ့အတူ စစ်တိုက်ခဲ့ကြ
တာပဲ မဟုတ်ပါလား

AA က စစ်မီးမွေးတယ် ရခိုင်တွေကိုယ်တိုင်ကလည်း အဖ
ရခိုင်နိုင်ငံထူထောင်မယ်ဆိုပြီးလက်သီးလက်မောင်းတန်း
နေချိန် ပြည်မနေပြည်သူတွေက " AA တွေစစ်မီးမမွေးပါ
နဲ့ အာရကန်နိုင်မထူထောင်ပါနဲ့" လို့ အသံထွက်ပေးရင်
လက်ခံကြပါ့မလား ? လက်ခံနိုင်ကြမှာလား ?

သေချာတယ် အဲအချိန်ခင်ဗျားတို့က အာရကန်နိုင်ငံမှအာရ
ကန်နိုင်ငံဖြစ်နေချိန် မခွဲထွက်ကြပါနဲ့ စစ်ပွဲရပ်ကြပါလို့ပြော
ရင် ခင်ဗျားတို့ကိုယ်တိုင် ခါးခါးသီးသီးငြင်းကြပါလိမ့်မယ်
ငါရို့အခွင့်အရေးကိုတိုက်ယူနေတာ လာမပြောနဲ့ဆိုပြီးပြန်
ရန်တွေ့ကြပါလိမ့်မယ်

ခွဲထွက်ဖို့လမ်းကြောင်းနဲ့စစ်မီးမွေးခဲ့သူ AA နဲ့ ကူညီပံ့ပိုးသူ
တို့ " ထင်" တစ်လုံးနဲ့ ဇာတ်ရှိန်တက်နေချိန် ပြည်မနေပြည်
သူတွေဖက်ကတော့ ခွဲထွက်သွားနိုင်ရင်လည်း ခွဲထွက်သွား
ကြပေါ့ ကောင်းတယ် အားပေးတယ် ဆိုတဲ့ မုဒိတာစိတ်နဲ့
ဘာမှမပြောခဲ့ကြတာဖြစ်တယ်

စစ်ဖြစ်တဲ့အချိန် အသံမထွက်ပဲ ခုကျမှဘာလို့အသံထွက်လဲ

ဒီမေးခွန်းကိုမဖြေခင် ပထမဦးဆုံး AA ကိုပြန်မေးချင်တယ်
တ်ုက်ယူမှရမယ့် အချုပ်အခြာအာဏာကို တိုက်ယူမယ့်အစား
အပစ်ရပ်ဖို့ချည်း ဘာလို့လုပ်နေကြရတာလဲ? လူထုလည်း
ဒါကို မရှင်းဘူး

ဒီအချိန် တစ်ပြည်လုံးကပြည်သူတွေက ရခိုင်နိုင်ငံထူထောင်
သွားတာကို ကန့်ကွက်မယ့်သူမရှိပဲ အားလုံးထောက်ခံကြ
မှာအသေအချာပဲ .. ခွဲထွက်သွားကြပါလို့လည်း တိုက်တွန်း
နေတယ်... တိုက်ယူလိုက်ရင် ရနိုင်မယ်လို့လည်း ထင်တယ်

အခြေအနေလည်းပေးနေတယ် အချိန်အခါလည်းသင့်နေ
တယ် .. ဒါကိုပဲ ခွဲထွက်လိုက်ရမလား .. ငါတို့ခွဲထွက်မှာ
သိပ်ကြောက်နေကြတယ်.. မနာလိုနေကြတယ်လို့ အရှက်
ပြေစကားတွေပြောလာတော့ မခက်ပေဘူးလား

တစ်ချိန်က တိုက်လို့ရရင်ယူသွားပါစေဆိုတဲ့စိတ်နဲ့ ကြည်ဖြူ
တဲ့စိတ်နဲ့ အသံတိတ်ပေးခဲ့ကြတယ် .. AA အလုပ်မဖြစ်ခဲ့ဘူး

ဒီနေ့ တိုက်ယူပါ ခွဲထွက်သွားကြပါလို့ သဒ္ဒါတရားအပြည့်နဲ့
အသံထွက်ပေးနေတယ် ... AA အလုပ်မဖြစ်ဘူး

ခွဲထွက်ချင်တယ် နိုင်ငံထူထောင်မယ်လို့ အော်နေတဲ့သူတွေ
ကို တိုက်လည်း မတိုက် ခွဲလည်းမထွက်ကြပဲ အူကြောင်ကြား
လုပ်နေကြလို့ ဘာလုပ်နေကြလဲလို့ မေးတာ မနာလိုတယ်
တဲ့လား

တော်ပါတော့ငနီတို့ရာ....

ခင်ဗျားတို့က လင်လိုချင်တာကလည်း တစ်ပိုင်းကိုသေနေပြီ
ဒုတ်ထိုးခံရမှာလည်းကြောက်နေသေးတယ်ဆိုတော့ ကျနော်
ရို့ ဘာအစွမ်းအစမှ မရှိပါဘူးဗျာ လို့သာ ဝန်ခံလိုက်ကြပါ
တော့

😇😇

14/03/2022

" ကျွန်တော်..... လူကြီးဖြစ်ပြီ အမေ "

"စာဗျို့...စာ.... စာ....
ဗျို့... အရီးသောင်းအေး ...
သြော် တစ်ယောက်မှ မရှိဘူးလားမသိဘူး.. "
" ဟင် ကိုရင် သာလှ...
တော်က ဘယ်ကဘယ်လို ကျုပ်တို့ဆီ စာလာပို့တာလဲ "
" လူညိုက တို့ရွာက လူတစ်ယောက်နဲ့ ကြုံလို့ သူ့အ​မေအတွက်
စာထည့်ပေးလိုက်တာဟ.. ရော့.. ဟေ့... ငါ သွားပြီ "
" အမေရေ... အမေ.. ကိုကြီး ဆီက စာတဲ့"
" ဟဲ့ သြော် ရှပ်ပြာရှပ်ပြာနဲ့ ဖြေးဖြေးလာစမ်းပါ.. ခဏခဏ ခလုပ်တိုက်လဲတာလဲ အမှတ်မရှိဘူး... ဒီ အေးစိန်မ တယောက်ကတော့လေ "

​သတင်းမကြားဘာမကြား ဆိုင်းမဆင့်ဗုံမဆင့် သားကြီးဆီကစာကိုလှမ်းယူရင်း ဒေါ်သောင်းအေးတစ်ယောက် သားကို တိုး၍သတိရလာမိသလို...
" ဟဲ့ ...သြော်..ဒီအေးစိန်မနှယ်...
ငါစာမတတ်တာ နင်သိသားနဲ့... ငါ့သားစာ ငါ့ကိုအရင်လာဖတ်ပြစမ်း... အလုပ်တွေ ခဏထားလိုက်ဦး.. ငါ့သားစာက အရေးကြီးတယ်... ဒီကိုအရင်လာ... "
သူသားကို အဖြစ်သည်းပြန်ကောဟု မျက်စောင်းတရွယ်ရွယ်ဖြင့်
" သြော်... အမေရယ်... လာပါပြီ...
နေစမ်းပါဦး... အမယ်... စာမှာ ခေါင်းစဥ်တပ်ထားသေး...
ကျွန်တော်လူကြီးဖြစ်ပြီ အမေ တဲ့ ​..အမလေး အမေ့သား မိန်းမကောက်ယူလိုက်ပြီး ခုမှမလုံမလဲ လှမ်းအကြောင်းကြားတာနေမှာ"
"ဟယ် ဒီကောင်မလေးနှယ်... ကိစ္စတစ်ခုကို အကုန်အစင်မသိဘဲ အပေါ်ယံကြည့်ပြီး မဝေဖန်ရဘူးလို့ အမေပြောထားတာ မှတ်ကိုမထားဘူး"
" ဟီး... အမေကလဲ... သမီးဖတ်ပြမယ်နော်.. အဟမ်း.. "

" အမေ ကျွန်တော်လူညို စာရေးလိုက်ပါတယ် ။ အမေကော ညီမလေးကော နေကောင်းကျန်းမာဖို့ ကျွန်တော် သတိရတိုင်း ဆုတောင်းဖြစ်တယ် အမေ။ အမေ့ကို ကျွန်တော် အရင်ကပြော​​ပြဖူးတဲ့ NGO တစ်ခုမှာ ကျွန်တော် အလုပ်လုပ်နေတယ် ။ ကျွန်တော် မြို့တက်ပြီး ဘကြီးတို့အိမ်ကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ စုံစမ်းရင်း လက်လှမ်းမီရာ NGO နဲ့ဆိုင်တဲ့ သင်တန်းလေးတွေတက် လုပ်အားပေးတွေ ဝင်လုပ်ခဲ့တာတွေက အလုပ်လျှောက်တော့ ပိုအဆင်ပြေခဲ့တယ် အမေရဲ့။
သြော်... မေ့တော့မလို့... တစ်ခု ပြောပြရအုန်းမယ် အမေ.....
NGO က အလုပ်လျှောက်လွှာတွေရဲ့ အားသာချက်က အနည်းဆုံးဘွဲ့ရရမှာ
ဆိုပေမယ့်လေ ကျွန်တော်က ကံကောင်းစွာနဲ့ဘဲ သင်တန်းနဲ့အလုပ်သင် အတွေ့အကြုံတွေသာမက ဆယ်တန်းကလဲ အောင်ပြီးသား အရမ်းလည်း ကြိုးစားတယ်ဆိုတော့ လက်ခံခဲ့တယ် အမေရ.. ကျွန်တော်ဗျာ... ကျွန်တော်တို့ မောင်နှမ နှစ်ယောက်စလုံးကို စာမတတ်ခဲ့မသင်ခဲ့ရရှာတဲ့ အမေက ပင်ပင်ပန်းပန်းရှာကျွေးရင်း အထက်တန်းအောင်တဲ့အထိ ပညာသင်ပေးခဲ့တာ ကို ပိုပိုကျေးဇူးတင်လာမိတယ် အမေ။
အဖေမရှိထဲက ရုန်းကန်ခဲ့ရတဲ့ အမေ... ကျွန်တော်တို့မောင်နှမကို အိမ်အလုပ်ကလွဲရင် ကျန်တာမလုပ်ခိုင်းဘဲ တာဝန်ကျေခဲ့တဲ့ အမေ...
လွမ်းလိုက်တာအမေရယ်...
အမေ့ကြောင့်လဲ ဒီပညာအရည်အချင်းသတ်မှတ်ချက်က အသက်ရှူချောင်စေခဲ့တယ်။ ရွာက ကိုရင်ဖိုးအေးက ဆယ်တန်းမှမအောင်ဘဲ NGO မှာလုပ်နေတာလို့ အမေမေးချင်နေမှာပေါ့။ ဒါက ရှားမှရှား အမေရေ... အရမ်းကိုအတွေ့အကြုံတွေများပြီးအလုပ်မှာ အားကိုးရတယ်ဆိုမှ ရတာ အမေရေ..
နို့မို့ဆိုလို့ကတော့ အနိမ့်ဆုံးအထက်တန်းအောင်မှ ရမှာ... အင်္ဂလိပ်စာလဲ အနည်းအပါး ရေးတတ်ဖတ်တတ်ရင် ပိုအဆင်ပြေသဗျ.. ဒါကလဲ အခြေခံလောက်ရရင် သင်တန်းတွေမှာ သင်ပေးပါတယ်။ ကိုယ်ကတော့ ဆက်လေ့လာရတာပေါ့ဗျာ။

ကျွန်တော်တို့ အခု အလုပ်လုပ်နေတဲ့ နေရာက ရခိုင်ဘက်က စစ်ဘေးရှောင် စခန်းတွေမှာ အမေ... စီမံချက်နဲ့ စားဝတ်နေရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနေတာ အမေရ...
အလွယ် ပြောရရင်တော့ အမေရာ.. စစ်ဘေးရှောင်တွေ နေဖို့အတွက် ခိုင်ခံ့အောင် ယာယီ အဆောက်အအုံတွေ၊ ဆေးပေးခန်းတွေ၊ တခြားလိုအပ်မယ့် အသုံးအဆောင် ပစ္စည်းတွေ၊ ယာယီ စာသင်ကျောင်းတွေ စတဲ့ အခြေခံလိုအပ်ချက်တွေ အဓိက ဖြည့်ဆည်းပေးနေတာပေါ့ အမေ...

ကျွန်တော်ဗျာ မြို့ပေါ်ကနဲ့ ကျွန်တော်တို့ရွာက ကလေးတွေကို ခေါ်ပြချင်လိုက်တာ... ဒီက ကလေးတွေဆိုရင် စစ်ဘေးရှောင်နေရတာ ကြာပြီဆိုတော့ ပညာရေးတပိုင်းတစ ဆုံးခန်းမတိုင် စကိုမစရသေးတဲ့ ကလေးတွေမှ အများကြီး... သူတို့တွေနဲ့စာရင် ကျွန်တော်တို့မှာ အင်တာနက်ကပဲသင်မလား...အဆင်သင့်သင်ပေးမယ့် ဆရာတွေရှိပြီးသား...ဒီမှာတော့ တခါတလေ ဖုန်းလိုင်းတောင် ကောင်းကောင်းမပေါ်ဘူး အမေရေ... မီးဆိုလဲ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖယောင်းတိုင် အားကိုးခဲ့ရာကနေ ဆိုလာခေတ် ရွာမှာရောက်နေပြီမလားဗျ.. ဒီမှာတော့ဗျာ.. ဖယောင်းတိုင်လဲ ချွေတာသုံးနေရတာဆိုတော့ ကလေးတွေစာကြည့်ဖို့က နေ့အလင်းရောင်ပဲ အဓိကအားကိုးနေရတာ အမေရေ...
အဲ့ဒါကြောင့် ရွာနဲ့ မြို့ပေါ်က လူငယ်​တွေ ကြိုးစားကြပါလို့...

⏩ဒီစခန်းတွေကနေ ဘယ်မှ မသွားနိုင်တဲ့ သူတို့ထက်စာရင်
⏩ဝင်ငွေမရှိ အလုပ်လုပ်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့သူတို့ထက်စာရင်ကျွန်တော်တို့က အများကြီး သာတာပေါ့ဗျာ...

စိတ်ကူးအိပ်မက်တွေ ဟပ်ချလောင်းဆို အကောင်အထည်ဖော်လို့မရရင်တောင် အိပ်မက်အပိုင်းအစလေးတွေ တစ်စတစ်စ အကောင်အထည်ဖော်ဖို့ လမ်းစ
အခွင့်အရေး နှိုင်းယှဥ်လို့မရအောင်ကို ကွာခြားပါတယ်။

ပြီးတော့ အစားအသောက်တွေလဲ ပုံမှန်ထောက်ပို့လမ်းကြောင်းတွေက လမ်းမှာ အခြေအနေမတည်ငြိမ်လို့ ပိတ်မိသွားရင် တစ်ခါတစ်လေ အတော် အကြပ်တွေ့တယ် အမေရ။ အ​မေ သိလား... အမေ့သားကြီး ကျွန်တော်လေ...... ချွေတာစားတတ်​နေပြီ ။ ရွာမှာလို ရွာထိပ်စျေး ပြေးဝယ်လို့လဲ မရသလို မြို့မှာလို စူပါမားကတ်တွေဆီ ဖုတ်ဖတ်ခါထသွားလို့လဲ မရဘူးဗျ ....
အဲ့ဒါကြောင့် ရွာနဲ့ မြို့ပေါ်ကလူတွေ ဒီလိုကာလတွေမှာ စိတ်ဓာတ်မကျကြဘဲ အားတင်းထားကြပါလို့... ကျွန်တော်တို့ထက်ပိုဆိုးတဲ့ ပိုဒုက္ခရောက်တဲ့ သူတွေအများကြီးပါ..

ဒီဘက်မှာ ခေါင်းပြားအောင် အိပ်နေကြချိန်... ကျွန်တော်တို့ဘက်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေများဖြစ်လို့ အသံတွေများကြားရချိန် ဇီးကွက်မျက်လုံးကို ဖြစ်သွားတာပဲ အမေရေ....

ဒါတောင် ကျွန်တော်တို့အဖွဲ့က ဒုက္ခအရောက်ဆုံး အခက်ခဲဆုံးနေရာတွေကနေ စပြီး အကူအညီပေးနေပေမယ့် ကျွန်တော်တို့လက်လှမ်းမမီသေးတဲ့ ကူညီနိုင်ဖို့အားထုတ်နေတဲ့ တခြားနေရာတွေလဲ ရှိ​နေသေးတယ် အမေ။ အလှူရှင်တွေရော၊ အဖွဲ့အစည်းရဲ့ အကူအညီနဲ့ရော သင်တန်းပေးပြီးသား လုပ်အားပေး ဆရာတွေ ရောက်လာပြီးစာသင်ကြတော့ ကလေးတွေများ​ပျော်လိုက်ကြတာဆိုတာ။ ကျွန်တော်တောင် တစ်ခါတစ်လေ လုပ်အားပေး ဝင်သင်ပေးဖြစ်သေးတယ်။ မိဘတွေဆိုတာလဲ အိုးပစ်အိမ်ပစ် အလုပ်လက်မဲ့ဖြစ် စီးပွားဥစ္စာတွေဆုံးရှုံးခဲ့ရပေမယ့် သူတို့ကလေးတွေကို ဒီလိုပညာသင်နိုင်တာမြင်တော့ ဝမ်းသာလုံးဆို့ငိုလိုက်ကြတာဗျာ.. ကျွန်တော် ​ယောကျ်ားရင့်မာကြီးတောင် မျက်ရည်ဝဲတယ်၊ တကယ်။

တကယ်တော့ ဒီအလုပ်က အများအကျိုးထက် ကိုယ့်ကျိုးရှေးရှုတတ်ပြီး အတ္တအမြဲကြီးနေမယ်ဆို အတော်အဆင်မပြေဘူးဗျ။ အဓိကကတော့ စိတ်နေစိတ်ထားပေါ့ အမေ။ စိတ်နေစိတ်ထားက တကယ့်ကို အဟုတ်ကို အရေးကြီးတာ အမေရ။ သားတို့ NGO တွေက ဝင်ငွေအများကြီးရပေမယ့် တချို့နေရာတွေမှာ ကိုယ်ကျိုးစွန့် စွန့်လွှတ်စွန့်စားရတာတွေ ရှိတယ် အမေ။ သြော်.. ကျွန်တော် မြို့တက်လာတုန်းက အပေါင်ခံထားတဲ့ အမေ့ရဲ့ မင်္ဂလာဦးနားကပ်လေး ပြန်ရွေးဖို့ရယ်၊ ဆယ်တန်းဖြေထားတဲ့ ညီမလေး တက္ကသိုလ် တွေတက်ခွင့်ရရင် တက်ဖို့ရယ်၊ ရွာမှာ
အမေ အရမ်းဖြစ်ချင်ခဲ့တဲ့ အလှူ့အမလုပ်လို့ရအောင်ရယ် ကျွန်တော် အဆင်ပြေတဲ့နေရာရောက်ရင် ငွေပို့ပေးလိုက်မယ် အမေ။

တစ်ခါတစ်လေ နှစ်ဖက်ထိတွေ့မှုဖြစ်ကြလို့ တိုက်ပွဲတွေ ဖြစ်လာပြီဆို လိုအပ််ရင်ပြေးရအောင်၊ ကူရအောင် အသင့်ပြင်ထားရတာမျိုးလဲ ရှိတယ်​ဗျ။ မတော်တဆ ကိုယ်ရှိရာ လက်နက်ကြီးကျ ပြီး အသက်အန္တရာယ်လဲ ရှိရင်ရှိနိုင်သေးတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ အမေရာ။ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ပါ။ အမေ့သားကြီး အမေသင်ပေးလိုက်​တဲ့ ပညာတွေနဲ့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနေနိုင်ပြီဆိုတာသာ အမေတွေးတွေးပြီး ဂုဏ်ယူစမ်းပါဗျာ။ အမေကြွားချင်ရင် တစ်ရွာလုံးလဲ ပတ်ကြွားလိုက်ပါဗျ "အမေ့သားကြီး လူကြီးဖြစ်ပြီ" လို့"...
လူညို့စာက ပြီးဆုံးသွားလေပြီ။

မပြီးဆုံးသေးသည်က ....
ဒေါ်သောင်းအေး ရဲ့ ဝမ်းသာပီတိအဟုန်တောက်ပနေသော မျက်ရည်စ
တလက်လက်နဲ့ မျက်ဝန်းများ...

အေးစိန်မရဲ့ အစ်ကိုဖြစ်သူအတွက် စိုးထိတ်မိသော်လဲ ဂုဏ်ယူ၍
အနာဂတ်အတွက် ကြိုးစားလျှောက်လှမ်းဖို့ ဆုံးဖြတ်ချလိုက်ဟန် တင်းတင်းစေ့ပိတ်ထားသော နှုတ်ခမ်းလွှာများ သာ ဖြစ်လေသတည်း။
(TheKap'volunteer)




သာသနာရေးဝန်းကြီး သူရဦးအောင်ကို အလုပ်နှင့် ထောင် ၁၂ နှစ် ချမှတ်ခံရဧရာဝတီ၊ မတ် ၁၄၊ ၂၀၂၂အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ...
14/03/2022

သာသနာရေးဝန်းကြီး သူရဦးအောင်ကို အလုပ်နှင့် ထောင် ၁၂ နှစ် ချမှတ်ခံရ

ဧရာဝတီ၊ မတ် ၁၄၊ ၂၀၂၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား အဂတိမှုလေးမှုဖြင့် စွပ်စွဲတရားစွဲဆိုထားရာ ယနေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်သည်။

သူရဦးအောင်ကိုအနေဖြင့် နိုင်ငံတော်မှ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ် ၈ မျိုးအား နှစ်စဉ်ချီးမြှင့်ရာ၌ သက်ဆိုင်ရာပုဂ္ဂိုလ်များထံမှ ငွေကျပ်သိန်းတရာနှင့် ကျပ်သိန်း ၃၀၀ တန် Blank Cheque တစောင်အား လက်ခံရယူခြင်း၊ လုပ်ငန်းရှင်တဦးထံမှ လုပ်ငန်းများရေရှည်အဆင်ပြေစေရန် ပေးအပ်သည့် ကျပ် ၁၀၀၅ သိန်းတန်ဖိုးရှိ ကားတစီးလက်ခံရယူခြင်း၊ ရွှေအလေးချိန် ၂၀ ကျပ်သားခန့်ရှိ ရွှေပန်းကန်တချပ်အား ကျသင့်တန်ဖိုးပေးချေခြင်းမရှိဘဲ လက်ခံရယူခဲ့သည်ဟုဆိုကာ စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး စစ်ကောင်စီက သူရဦးအောင်ကိုအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၄ မှုဖွင့်လှစ်တရားစွဲဆိုခဲ့ပြီး တမှုလျှင် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့်ထောင် ၁၂ နှစ်ကျခံစေရန် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ယနေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

သူရဦးအောင်ကိုသည် ၎င်းတာဝန်ယူရသည့် ကာလအတွင်း နိုင်ငံတော်သံဃမဟာနယကအဖွဲ့(မဟန)နှင့် စင်ပြိုင်ဖြစ်လာသည့် အာဏာသိမ်းစစ်တပ်အား ထောက်ခံသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအမည်ရှိ မ.ဘ.သ အဖွဲ့အား ဖျက်သိမ်းရေးကြိုးပမ်းလုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။

ရက္ခိုင်ပြည်ထဲက ကမ္ဘာ့ရှားပါးရတနာဆင်တောင်BNA(Article/Enviroment)မောင်တော၊မတ်လ ၁၄။အနောက်ဖက်ကမယူတောင်တန်းမြန်မာနိုင်ငံမြေပ...
14/03/2022

ရက္ခိုင်ပြည်ထဲက ကမ္ဘာ့ရှားပါးရတနာဆင်တောင်

BNA(Article/Enviroment)
မောင်တော၊မတ်လ ၁၄။

အနောက်ဖက်ကမယူတောင်တန်း

မြန်မာနိုင်ငံမြေပုံကို စတင်ရေးဆွဲသည့် အနောက်ဖ က်တံခါးမှ အရှေ့ဖက်သို့သွားလျှင် မယူတောင်တန်းကြီးကို တွေ့မြင်နိုင်သည်။

ထိုမယူတောင်တန်းမှာ အနောက်ဖက်နယ်ခြားတွင်တည်ရှိနေသဖြင့် အလွန်အရေးပါသည့်အတွက် ဒု တိယကမ္ဘာ့စစ်အတွင်းက ရထားလမ်းဖောက်လုပ်ပြေးဆွဲခဲ့ဖူးသည်။

အဆိုပါရထားလမ်းဟောင်းမှာ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်အတွက် အလွန်အရေးပါသည့် မယူတောင်ကျော်ဖြတ်ကားလမ်းဖြစ်လာခဲ့သည်။

ထိုကားလမ်းသည် မယူတောင်တန်းကို ဖြတ်ကျော်ဖောက်လုပ်ထားသဖြင့် ကားလမ်းဘေး တောင်ကမ်း ပါးယံများ၌ သွားလာနေသည့် တောဆင်ရိုင်းများကို မကြာခဏမြင်တွေ့ရတတ်သည်။

တခါတရံ ကားလမ်းမပေါ်တွင်ပင် သွားလာနေသည့် တောဆင်ရိုင်းများကိုလည်း တွေ့ရတတ်သဖြင့် ကားသမားများ သတိထားမောင်းနှင်ရသည်။ဆင်နှင့်တိုးလျှင် ကားကိုရှေ့ဆက်မတိုးနိုင်ဘဲ ဆင်လမ်းဘေးကို ဆင်းသွားသည်အထိ ရပ်တန့်စောင့်နေရတတ်သည်။

ထိုမယူတောင်တန်းသည် မယူမြစ်နှင့်နတ်မြစ်အ ကြားတွင်တည်ရှိပြီး စစ်တကောင်းတောင်တန်း၏ အဆက်ဖြစ်ပြီး မြောက်၊အနောက်မြောက်မှ အရှေ့ တောင်ဘက်သို့ သွယ်တန်းလျက်ရှိသည်။

၎င်းတောင်တန်း၏ အမြင့်ဆုံးအပိုင်းမှာ ပေပေါင်း ( ၂၁၇၄)ခန့် မြင့်ပြီး (၅၂) မိုင်ခန့် ရှည်လျားသည်။

ထိုတောင်တန်းသည် မောင်တော၊ဘူးသီးတောင်နှင့်ရသေ့တောင်စသည့် မြို့နယ်သုံးခုအတွင်းတည်ရှိနေကာ ဇီဝမျိုးကွဲပေါင်းများစွာလည်း ရှိနေသည်။

အဆိုပါမယူတောင်တန်းကြီးမှာ တောဆင်ရိုင်းများ ၏ ရတနာစံအိမ် သို့မဟုတ် ကမ္ဘာ့ရှားပါးရတနာဆင်တောင် ဟုဆိုလျင်လည်းမမှားပေ။

ထိုမယူတောင်တန်းတွင် ကမ္ဘာ့ရှားပါးရတနာအဖြစ်သတ်မှတ်ထားသော ထူးခြားသည့် ဆင်ဖြူတော်များလည်း ပေါ်ထွက်ခဲ့သည်။

၎င်းတောင်တန်းကြီးမှ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ ဆယ်စုနှစ်အတွင်းဆင်ဖြူတော်ခြောက်စီး ပေါ်ထွန်းခဲ့သည်။

ထိုမယူတောင်တန်းတွင် ဆင်ကောင်ရေ ၃၀၀ ကျော်နေထိုင်လျက်ရှိပြီး ရခိုင်ဒေသတွင် တောဆင်ရိုင်းအများဆုံးတွေ့ရှိရသည့် တောင်တန်းတစ်ခုလည်းဖြစ်သည်။

ထိုသို့တောဆင်ရိုင်းများ ပေါများသည့် မယူတောင် တွင် သစ်တောပြုန်းတီးလာခြင်း၊ဆင်စာပင်များဖြစ်သော ဝါးတောများပြုန်းတီးလာခြင်းကြောင့် လူနှင့်ဆင်အကြား ပဋိပက္ခမျိုးစုံ ကြုံတွေ့လာရသည်။

ဆင်နှင့်လူထိပ်တိုက်တွေ့မှုများ

လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်ကပင် မယူတောင်တန်းမှဆင်များမှာ လူနေကျေးရွာအနီး စပါးခင်းများသို့ဝင်ရောက် စားသောက်လာခြင်းကို မောင်တောဒေသ မြောက်ပိုင်းမှ လယ်သမားများ ရင်ဆိုင်လာရသည်။

ထို့အပြင် မယူတောင်အနီး အင်းအိုင်ချောင်းမြောင်းများတွင် ငါးရှာသွားသူများ၊တောထဲဟင်းခူးသွားသူများလည်း ဆင်နှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မောင်တောမြို့နယ်၊ရွှေတောင်ကျေး ရွာမှ အမျိုးသားတစ်ဦးနှင့်အမျိုးသမီး နှစ်ဦးတို့သည် မေယုတောင်ခြေအနီး ငါးရှာသွားစဉ် တောဆင်ရိုင်းတစ်ကောင်နှင့်ထိပ် တိုက်တိုးပြီး ဆင်တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

ထိုတိုက်ခိုက်မှုကြောင့် အသက် ၃၀ အ ရွယ်၊အမျိုး သမီးတစ်ဦးသေဆုံးခဲ့ပြီး အသက် ၆၀ အရွယ်၊အမျိုးသမီးကြီးတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ရွှေတောင်ကျေးရွာသည် မကြာသေးမီက မယူတောင်ခြေရှိ ငွေတောင်ကျေးရွာအနီးတွင် အသစ်တည်ခဲ့သော ကျေးရွာလည်းဖြစ်သည်။

ယင်းမတိုင်မီ ၂၀၁၉ ခုနှစ်၊ဇွန်လ ၂၈ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ကံသာယာကျေးရွာမှ အသက် ၄၈ နှစ်အရွယ်၊အမျိုးသားတစ်ဦးသည် မယူတောင်ခြေရှိယာခင်းမှ ရွာသို့အပြန်တွင် တောဆင်ရိုင်းနင်းသတ်ခံရပြီး သေဆုံးခဲ့သည်။

၎င်းအပြင် ၂၀၁၉ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းကလည်း မောင်တောမြို့နယ်၊ နယ်မြေ(၄)၊ကျောက်ချောင်း(ရွာသစ်) ကျေးရွာသားတစ်ဦး တောဆင်ရိုင်း အနင်းခံရ၍ ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ ၂၃ ရက်၊နံနက်ပိုင်းကလ ည်း မောင်တောမြို့နယ်မြောက်ပိုင်း၊မီးတိုက်ချောင်းဝ၊ရဲကင်းစခန်းခြံစည်းရိုးတံခါးအား တောဆင်ရိုင်းများလာရောက်ဖျက်ဆီးခဲ့ဖူးသည်။

အဆိုပါ တောဆင်ရိုင်းများအား ခြောက်လှန့်ပစ်ခတ်သဖြင့် တောဆင်ရိုင်းတစ်ကောင်မှာ ဦးခေါင်းသေ နတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ်၊နိုဝင်ဘာလ၂၈ ရက်က ရသေ့တောင်မြို့နယ်၊ပိတောက်မြိုင်ကျေးရွာသားတစ်ဦးသည် စပါးခင်းသို့ တောဆင်ရိုင်းများလာရောက် စားနေ သည်ကို သွားရောက်ခြောက်လှန့်မောင်းထုတ်စဉ် ဆင်နှမောင်းဖြင့် ဖျစ်ညှစ်သတ်ဖြတ်ခြင်းခံခဲ့ရသည်။

“ဒီနှစ်ပိုင်းမှာ ဆင်ကောင်ရေတိုးပွားတာလည်းဖြစ်နိုင်သလို တောထဲ လူအဝင်အထွက်နည်းပါးတာကြောင့် ဆင်တွေရဲ့သွားလာနေထိုင်ရာနေရာတွေ ကျယ်ပြန့်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ”ဟု ဆင်ဖမ်းအဖွဲ့တွင် ဆင်ဆရာဝန်အဖြစ် နှစ်အတော်အကြာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက သုံးသပ်သည်။

ဆင်စာ၊လူစာ

မယူတောင်တန်းအလယ်ခန့်ရှိ ဘူးသီးတောင်မြို့ နယ်၊သစ်တောရွာဆင်စခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာဖူးသည်။

ယင်းဆင်စခန်းတွင် တောဆင်ရိုင်းများကို သီချင်း ဆိုပြီး လေ့ကျင့်နေပုံများ၊ဆင်စာအဖြစ် ငှက်ပျော ပင် နှင့်တံမြက် စည်းပြုလုပ်သည့်အပင်(ထမဇိုင်းပင်)များကို တကူးတက ခုတ်ကျွေးနေသည်ကို လေ့လာခွင့်ရခဲ့သည်။

“ဆင်တွေက ခုဆိုရင်တောင်ထဲထိ မသွားကြတော့ဘူး။တောင်ခြေတောတန်းထဲမှာပဲ ဆင်းနေကြတ ယ်။ရွာနားထိလာပြီး စိုက်ခင်းတွေကို ဝင်ရောက်စားသောက်လာတတ်တယ်။စပါးမှည့်ချိန်ဆို အုပ်လိုက်လာပြီး စားကြတယ်။ဒါကြောင့် စပါးစိုက်ဖို့ လူတွေ စိတ်ပျက်လာကြတယ်။”ဟု မောင်တောမြို့နယ် မြောက်ပိုင်းမှ လယ်သမားတစ်ဦးက ဆိုသည်။

ယခုနှစ်ပိုင်းတွင် တောဆင်ရိုင်းများသည် ရသေ့တောင်မြို့နယ်၊ဒုံးပိုက်ကျေး ရွာအနီး ကားလမ်းဘေးနားအထိ လာရောက်ကြပြီး မောင်တောမြို့နယ် ကျောက်ပန်းတူကမ်းခြေအနီးသို့ရောက်လာတတ် သည်ဟုလည်း ဒေသခံများက ပြောသည်။

မောင်တောမြောက်ပိုင်း၊လောင်းဒုံ၊ အောင်ဇေယျ၊ဖားဝပ်ချောင်းအစရှိသ ည့်ကျေးရွာများအနီး စပါးခင်းများသို့ လာရောက် စားသောက်လာကြသည်ဟု ဆိုကြသည်။

ထို့အပြင် နတ်မြစ်နားအထိ ဆင်းလာသည်ကိုလည်း ယခုနောက်ပိုင်း တွေ့လာရသည်ဟု ဒေသခံများကပြောသ ည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၈ ရက်ကလည်း မောင်တောမြို့နယ်၊နံသာတောင်ရွာနှင့်သာယာကုန်းကျေး ရွာကြားသို့ အကောင် ၂၀ ခန့် ပါဝင်သော တောဆင်ရိုင်းတစ်အုပ် ရောက်ရှိလာခဲ့သည်။

အဆိုပါဆင်အုပ်ပြန်သွားသည့်အခါ ဆင်အုပ်ရောက်ရှိခဲ့ရာ လယ်ကွင်းတွင်ပင် သေဆုံးနေသည့် မွေးက င်းစဆင်ထီးကလေး ၁ ကောင်ကို ဒေသခံများကတွေ့ရှိခဲ့ရသည်။

ထိုမွေးကင်းစဆင်ပေါက်မှာ အလျား ၂ ပေ၊အမြင့် ၁ ပေခွဲရှိ ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရဘဲ သေဆုံးနေခြင်းဖြစ်သည့်အတွက် ဆင်ကြီးများ မ တော်တဆနင်းမိသဖြင့်သေဆုံးခဲ့ခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်း ပြောဆိုကြသည်။

“ဆင်မတွေက ကလေးမွေးကြတဲ့အခါ မွေးကင်းစဆင်ကလေးကို အားနဲ့ ထူမ တ်ကြတာရှိတယ်။ဒါမှမဟုတ် ပထမသားပေါက်တဲ့ဆင်မဆိုရင် နာကျင်တာကြောင့်ပဲဖြစ်ဖြစ် ကြောက်လန့်၍သော်ဖြစ်ဖြစ် သားဇောနဲ့ သော်ဖြစ်ဖြစ် မွေးပြီးပြီးချင်း ဆင်ပေါက်စကို လှည့်ပတ်ကြည့်တတ်ကြတယ်။အားနဲ့ တွန်းထုတ်ကြတာရှိတတ်တယ်။အဲဒီအခါ မခံနိုင်လို့ ဆင်ကလေးတွေ သေဆုံးတာတွေလည်းဖြစ်တတ်ပါတယ်။”ဟု ဝါရင့် ဆင်ဦးစီးတစ်ဦးကလည်း သူ့အတွေ့အကြုံကို ရှင်းပြသည်။

မယူတောင်ခြေတွင် နေထိုင်ကြသည့် ကျေးရွာသားများသည် တောထဲသို့ဝင်လျင် ဆင်အန္တရာယ်ကို သတိထားသွားလာနေကြရပြီဟု ဆိုကြသည်။

“ဆင်တွေရှိနိုင်တဲ့နေရာကို ဝင်မိရင်တိတ်ဆိတ်စွာဝင်ရတယ်။ဆင်ခြေရာတွေ၊ဆင်ချေးတွေကိုမြင်ရင် ဆင်ရှိနေပြီဆိုတာ သိနိုင်တယ်။ဆင်ချေးအစိုဆိုရင် ဆင်က အနီးပတ်ဝန်းကျင်မှာ ရှိနိုင်တယ်။ဆင်တွေက အငြိမ်နေတဲ့သတ္တဝါမဟုတ်ဘူး။ဆင်ရဲ့နားရွက်က တစ်မိနစ်မှာ နှစ်ကြိမ်လောက် ခတ်နေတယ်။ ဒါမှမဟုတ် တောတိုးသံ၊သစ်ပင်တွေကို ချိုးစားသံတွေ ထွက်နေတယ်။ဒါမှမဟုတ်ရင် ဆင်တွေက နှာမောင်းနဲ့ သဲတွေကို ကိုယ်ပေါ်မှာ ပက်ဖြန်းနေတတ်တယ်။ဒါကြောင့် အသံကို နားစွင့်ထားရတယ်။ဒါမှ ဆင်ကို ကိုယ်က ဦးအောင်ရှောင်နိုင်မယ်။နမော်နမဲ့နဲ့သွားရင်တော့ ဆင်နှင့်ထိပ်တိုက်တိုးရင် အန္တရာယ်ပြုတာခံရနိုင်တယ်။ နှာမောင်းနဲ့ ကိုင်ပေါ က်တာတို့ ၊ကိုယ်နဲ့တိုက်တာတို့ လုပ်တတ်တယ်။” ဟု ဆင်ဖမ်းအဖွဲ့မှ ဆင်ဦး စီးတစ်ဦးက သတိပေးစကားဆိုသည်။

စိုက်ခင်းများကို ဆင်အန္တရာယ်က ဘယ်လိုကာကွယ်မလဲ

မောင်တောမြောက်ပိုင်းတွင်၊တောရိုင်းဆင်များကျေးရွာအနီးရှိ စပါးခင်းများသို့ညအချိန်လာရော က် စားသောက်သဖြင့် ဒေသခံများစပါးခင်းများပျက် စီးဆုံးရှုံးမှုများဖြစ်နေသည်ဟု ဒေသခံတောင် သူများ ကပြောဆိုကြသည်။

“ညနေကတည်းက ဆင်ကိုမီးထွန်းပြီး ခြောက်လှန့်နေရတယ်။မောင်တောမြောက်ပိုင်းမှာအောင်မင်္ဂ လာ၊ဖားဝပ်ချောင်း၊ငွေတောင်၊လောင်းဒုံ၊ရန်အောင်ပြင်၊မင်းခမောင်း၊မင်းကြီး၊တရိန်းရွာအားလုံး ကိုလာပြီးဖျက်ဆီးခံနေရတယ်။ခုက ဆင်ထိန်းလည်းမရှိတော့ ဆင်ကို တစ်ခုခုလုပ်လိုက်ပြန်ရင်လည်းအ ရေးယူခံရမှာစိုးလို့ လက်နဲ့အသံနဲ့ လိုက်နေရတဲ့အ နေအထားဖြစ်နေပါတယ်။” ဟု မောင်တောမြို့နယ်မြောက်ပိုင်း၊လောင်းဒုံကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

ယခင်က တောရိုင်းဆင်များ ရွာအနီးထိလာရောက်ခြင်းမရှိသော်လည်း ယခုနှစ်ပိုင်းတွင် စပါးရင့်မှည့်ချိန်တွင် တောဆင်ရိုင်းများမှာ တောင်ပေါ်မှ အုပ်စုလိုက်ဆင်းလာပြီး ကျေးရွာအနီးရှိ စပါးခင်းများသို့ လာရောက် စားလာခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တောဆင်ရိုင်းများမှာ တောင်ပေါ်သို့မတက်တော့ဘဲ တောစပ်များတွင်ပင် နေ့အချိန်နားနေကြပြီး ညအချိန်တွင် ကျေးရွာအနီး စပါးခင်းများသို့လာရောက် စားသောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဒေသခံများစိုက်ပျိုးထားသ ည့် စပါးခင်းများဖျက်ဆီးခံနေရသည့်အတွက် စပါးစိုက်ပျိုးသူနည်းပါးလာနေသည်ဟုလည်း ပြောကြသည်။

ဒေသခံလယ်သမားများအနေဖြင့် တောဆင်ရိုင်းများကို မောင်းထုတ်ပေးရန် လိုလားနေကြပြီး လက် ရှိတွင် အသံဖြင့်သာခြောက်လှန့်နေရကြောင်း သိရသည်။

ဒေသခံများ၏ စိုက်ခင်းများသို့ တောဆင်ရိုင်းများ ဝင်ရောက်စားသောက်မှုကိုကာကွယ်ရန်အတွက် ဘတ္ထရီဖြင့် အ သုံးပြု၍ရသည့် လျှပ်စစ်ခြံစည်းရိုးကို အသုံးပြုလာကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ယင်းလျှပ်စစ်ခြံစည်းရိုးကို စတင်အသုံးပြုနေသည်ဟု သိရသည်။

သို့ရာတွင် မယူတောင်ခြေတွင် နေထိုင်သူများအဖို့ လျှပ်စစ်ခြံစည်းရိုးနှင့် အလှမ်းဝေးကွာနေကြသေးသည်

လူနှင့်ဆင် ပဋိပက္ခဖြစ်ပွားမှုများကြောင့် သေကြေထိခိုက်မှုများစွာရှိပြီး ဆင်များကျူး ကျော်ဝင်ရော က်ခြင်းမှ ကာကွယ်ရန် လျှပ်စစ်ခြံစည်းရိုးကာရံခြင်းမှာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းလည်း သိရသည်။

ကြိုတင်မကာကွယ်လျှင် မျိုးသုဉ်းလာနိုင်

ရခိုင်ရိုးမဆင်ဘေးမဲ့တောအနီးတွင် အရေခွံများဖြတ်တောက်ခံရကာ သေဆုံးနေသော ဆင်တစ်ကောင်ကို ၂၀၁၆ ခုနှစ်က တွေ့ရှိခဲ့ကြသည်။ယင်းသည်ပင်လျင် ဆင်အရေခွံဈေးကွက် လိုအပ်ချ က်၏ သာဓကပြစရာဖြစ်ခဲ့သည်။

ယခင်က ဆင်စွယ်လိုသူများကြောင့် စွယ်စုံဆင်များ သတ်ဖြတ်ခံခဲ့ရသော်လည်း ယခုနောက်ပိုင်းတွင် ဆင်အရေခွံဈေးကွက် ဖြစ်ထွန်းလာသည့်အတွက် အရွယ်ရောက်သည့် မည်သည့်ဆင်မဆို သတ်ဖြတ်ခံလာရကြောင်းလည်း လေ့လာသူများကဆိုသည်။

တရုတ်တွင် ဆင်အရေခွံအတွက် ထွန်းသစ်စအွန်လိုင်းဈေးကွက်၏ဝယ်လိုအားကို ဖြည့်ဆည်းရန် ဆင်ခိုးဖမ်းသတ်ဖြတ်မှုမြင့်တက်လာသောကြောင့် အိမ်နီးချင်းမြန်မာနိုင်ငံတွင် ဆင်များအသက်ရှင်သန်ရေးအတွက် ခြိမ်းခြောက်နေသည်ဟု သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးသမားများက ၂၀၁၈ ခုနှစ်၊ဧပြီလ၂၄ ရက်တွင် သတိပေးခဲ့သည်ဟု AFP သတ င်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြန်မာပြည်အိမ်နီးချင်းတရုတ်နိုင်ငံသည် ဆင်ထုတ် ကုန်များအတွက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး ကြမ်း တမ်းသည့်ဆင်အရေခွံကိုကြိတ်ခြေပြီး အစာအိမ် (သို့မဟုတ်)လူအရေပြားနာမကျန်းမှုများကိုကုသရာ တွင် အသုံးပြုသည်ဟု သိရသည်။

ထို့အပြင် သွေးနီရောင်ပုတီးစေ့နှင့်ဆွဲသီးများပုံစံ လက်ဝတ်ရတနာအဖြစ် ပြုလုပ်ရောင်းချကြသည်ဟုလည်း သိရသည်။

ကမ္ဘာ့နိုင်ငံများထဲမှဆယ့်သုံးနိုင်ငံတွင်သာ အာရှဆင်များ နေထိုက်ကျက်စားပြီး အာရှတောဆင်ရိုင်းများ ၏ ၅၀ ရာ ခိုင်နှုန်းသည် အိန္ဒိယနိုင်ငံတွင် တည်ရှိ သည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၂၀၀၀ ခန့်သာရှိသော်လည်း အာရှဒေသတွင် အိန္ဒိယနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည့် ဆင်ကောင်ရေအများဆုံးပို င်ဆိုင်သည့် နိုင်ငံဖြစ်သည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တော

ရခိုင်ပြည်၊သံတွဲမြို့နှင့်ဂွမြို့နယ်အတွင်းရှိနေရာကို လွန်ခဲ့သည့် ၁၉၉၇ ခုနှစ်က ရခိုင်ရိုးမဆင်ဘေးမဲ့တောအဖြစ် နိုင်ငံတော်က သတ်မှတ်ခဲ့သည်။

ထိုနေရာမှာ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ထိစပ်နေသော မြေနေရာတွင် တည်ရှိပြီး (၁၇၅၅ ဒသမ ၇၀) စတု ရန်းကီလိုမီတာ ကျယ်ဝန်းသည်။

အဆိုပါဘေးမဲ့တောတွင် အာရှဆင်အကောင်ရေ ၁၀၀ ကျော်ခန့်ရှိရာ ဆင်မုဆိုးများ ဝင်ရောက်ဖမ်း ဆီးသတ်ဖြတ်မှုအန္တရာယ်မှကာကွယ်ရန် လိုအပ်နေသ ည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ တဖြည်းဖြည်းရှားပါးလာနေပြီး အချိန်မီထိန်းသိမ်းမှုမလုပ်ဆောင်နိုင်ပါက နော င်နှစ်ပေါင်း ၅၀ ခန့်တွင် တစ်နိုင်ငံလုံးရှိဆင်များ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။

ရှားပါးတောရိုင်းတိရစ္ဆာန်များအား ဖ မ်းဆီးသူများကို ထောင်ဒဏ် ၁၀ နှစ် (သို့မဟုတ်)ဒဏ်ငွေ ၅ သိန်းဖြစ်စေ၊ဒ ဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြော င်း ဥပဒေတွင်ပြဋ္ဌာန်းထားသော်လည်း ဆင်မုဆိုးများ ကို ဖမ်းဆီးတရားစွဲဆိုမှုများအလွန်အားနည်းနေသေးကြောင်းဆင်ထိန်းသိမ်းရေးလှုပ်ရှားသူများက
ဝေဖန်ထောက်ပြကြသည်။

၂၀၁၀ ပြည့်နှစ်အတွင်း ကောက်ယူခဲ့သောစာရင်းများအရ မယူတောင်တန်းပေါ်တွင် ဆင်ကောင်ရေ ၃၁၆ ကောင်ီရှိနေပြီး သစ်ထုတ်လုပ်ရေးလုပ်ငန်းများရှိသည့် သံတွဲခရိုင်အတွင်းတွင် ၁၅ ကောင်ခန့်သာရှိတော့ကြောင်း မြန်မာ့သစ်လုပ်ငန်း၊သစ်ထုတ်ရေးဌာနမှ သိရသည်။

ရခိုင်တွင် ရာဂဏန်းခန့်သာကျန်ရှိတော့သည့် တောဆင်ရိုင်းများကို စနစ်တကျထိန်းသိမ်းမှုများလိုအပ်နေပြီးဟု ပညာရှင်များက ထောက်ပြပြောဆိုကြသည်။

သစ်တောများပြုန်းတီးမှုကြောင့် စားကျက်မြေများ ကျဉ်းမြောင်းလာခြင်းနှင့်လူတို့၏အမဲလိုက်ခြင်းတို့ကြောင့် ဆင်အကောင်ရေလျော့ကျလာခြင်းဖြစ်ပြီးဆင်များမရှိပါက သဘာဝဂေဟစနစ်အတွက်များစွာထိခိုက်မှုများရှိနိုင်ကြောင်း သဘာဝပတ်ဝင်းကျင် ပညာ ရှင်များက ထောက်ပြသည်။

ရခိုင်ဒေသအတွင်း မျိုးတုံးပျောက်ကွယ်လုနီးပါး ကုန်းနေသတ္တဝါများဖြစ်သည့် “လူကို အန္တရာယ်ပြုနိုင်သော တိရစ္ဆာန်များအုပ်စု ”ထဲမှ “ဆင်၊ကျား”အစရှိသော သားရဲတိရစ္ဆာန်များအား ဖမ်းဆီးခြင်း၊သတ် ဖြတ်ခြင်း၊ရောင်းဝယ် ဖောက်ကားခြင်းများကို ရက္ခိုင့်ပြည်သူ့အာဏာ( Arakan Authority)သက်ရောက်သော ဒေသများအတွင်း လုံး၀မပြု လုပ်ကြရန် တား မြစ်သတိပေးချက် ကို ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာ ၁၇ ရက်နေ့က ULA/AA က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ၊ဘင်္ဂလာဒေ့ရှ်နိုင်ငံများနှင့်တဆက်တ ည်းရှိနေသည့် မယူတောင်တန်းတွင် ဆင်အုပ်များကို တွေ့ရှိရမှုများပြားလာသည်နှင့်အမျှ ဆင်မုဆိုးများအန္တရာယ်ကိုသတိထားပြီး ရက္ခိုင်ပြည်ထဲက ကမ္ဘာ့ရှားပါးရတနာ၊ဇီဝမျိုးစုံရှိနေသည့် သဘာဝဆင်တောင်ကြီးကိုလည်း ထိန်းသိမ်းကာကွယ်စောင့်ရှောင့်ကြဖို့ လူသားတိုင်းမှာ တာဝန်ရှိနေပေသည်။ ။

#မယူတောင် #ဆင် #ဆင်ဖြူ #ရက္ခိုင် # ထိန်းသိမ်းရေး #

(ဓာတ်ပုံ-၂၀၂၀ပြည့်နှစ်၊အောက်တိုဘာလ ၁၁ ရက် နေ့က၊မောင်တောမြောက်ပိုင်းတွင်တွေ့ရသည့် မယူတောင်တန်းကြီးထဲမှ တောဆင်ရိုင်းကြီးတစ်ကောင်
/ကိုအောင်ကျော်မိုး)

Address

Madaya
MYANMARROHINGYADAILYNEWSTODAY.MYANMAR.

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+601117859446

Alerts

Be the first to know and let us send you an email when Myanmar- Rohingya Daily News_ MRDN. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar- Rohingya Daily News_ MRDN.:

Videos

Share