𝗞𝗮𝘆𝗮𝗵𝗟𝗶𝗣𝗵𝘂

  • Home
  • Myanmar
  • Loikaw
  • 𝗞𝗮𝘆𝗮𝗵𝗟𝗶𝗣𝗵𝘂

𝗞𝗮𝘆𝗮𝗵𝗟𝗶𝗣𝗵𝘂 ꤒꤢꤧ꤬ꤗꤟꤥ꤬ꤙꤢꤧ꤬ꤞꤤ꤭ ꤕꤟꤥꤒꤢ꤬ꤕꤚꤟꤢꤧ꤬

08/12/2024

အာရက္ခတပ်တော် (AA)က မောင်တောမြို့ နခခ ၅ ကို မသိမ်းမီ အချိန်ပိုင်းအနည်းငယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရင်ဖွင့် ကူညီတောင်းခံနေတဲ့ရုပ်သံ

နိရဉ္စရာ၊ ဒီဇင်ဘာ ၈/၂၀၂၄

မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန် နခခ (၅)ကို အာရက္ခတပ်တော်က မသိမ်းမီ အချိန်ပိုင်းအနည်းငယ်အတွင်းမှာ စစ်ကောင်စီ အောက်ခြေတပ်ဖွဲ့ဝင်တွေ မီဒီယာကတစ်ဆင့် ရင်ဖွင့် ကူညီတောင်းခံနေခဲ့ကြတာဖြစ်ပါတယ်။

စကခ (၁၅) တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းလည်း တပ်သားတွေကို စွန့်ခွာပြီး ကိုယ်လွတ်ရုန်းသွားပြီလို့ ပြောဆိုပါတယ်။

စစ်ကောင်စီ အောက်ခြေတပ်သားတွေရဲ့ ဘ၀အခြေအနေမှန်ကို ဒီရုပ်သံဖိုင်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

05/12/2024

ဟား...😥

လူငယ်တွေ PDF ဝင်မယ်ဆိုရင်ဘာတွေ ပြင်ဆင်ဖို့လိုမလဲကိုယ့်အမြင် ပြောရမယ်ဆိုပထမဆုံး တချက်ကတော့ကိုယ်ရေးအချက်အလက်လုံခြုံရေးက အသ...
18/02/2024

လူငယ်တွေ PDF ဝင်မယ်ဆိုရင်
ဘာတွေ ပြင်ဆင်ဖို့လိုမလဲ
ကိုယ့်အမြင် ပြောရမယ်ဆို

ပထမဆုံး တချက်ကတော့
ကိုယ်ရေးအချက်အလက်
လုံခြုံရေးက အသက်လိုပဲ
အရေးကြီးတာကို မမေ့ပါနဲ့

PDF ဝင်မယ်လို့ ဆုံးဖြတ်ပြီး
ဘယ်အဖွဲ့အစည်းထဲဝင်မလဲ
မေးမြန်း ချိတ်ဆက်ကတည်း
မိမိကိုယ်ရေးအချက်အလက်
လုံခြုံရေးကို ဂရုစိုက်ဖို့လိုမယ်

နောက်တချက်ကတော့ မိမိရဲ့
ကိုယ်ရေးအချက်အလက်လုံခြုံရေးဟာ
မိမိ မိသားစု အသိုင်းအဝိုင်းရဲ့
လုံခြုံရေးဖြစ်တယ်ဆိုတာမမေ့နဲ့

စစ်ကောင်စီရဲ့ ယု-တ်မာမှုဟာ
ဘယ်လောက်ဆိုးရွားလဲဆိုတာ
ထွေထူးပြောဖို့ မလိုတာကြောင့်
အဲအပိုင်းက သိမယ်ထင်ပါတယ်

နောက်တချက် မိမိဝင်မယ့် အဖွဲ့အစည်းရဲ့
နောက်ခံအချက်အလက် လက်ရှိ
မြေပြင်တို-က်ပွဲဝင်မှုအခြေအနေ
လက်ရှိ စစ်လ-က်နက်အင်အား
အကြ-မ်းဖျဉ်းလောက် သိအောင်
စုံစမ်းထားနိုင်ဖုိ့ လိုအပ်လိမ့်မယ်

PDF ဝင်ဖို့ ချိတ်ဆက်တဲ့အခါမှာ
ယုံကြည်စိတ်ရတဲ့ တော်လှန်ရေး
အဖွဲ့အစည်းဖြစ်တာ မ-ေ-သချာသေ့ရွ
ကိုယ့်ကိုယ်ရေးအချက်အလက်မှန်
လုံးဝမပေးဖို့က အရေးကြီးပါတယ်

အရေးကြီးဆုံး တချက်ကတော့
PDF ဝင်ဖို့ တကယ်ေ-သချာရဲ့လား
မိမိစိတ်ကို ေ-သ-ချာသုံးသပ်ပါ
အောက်ပါအချက်တွေ ဆုံးရှုံးမှာ
တကယ်ရွေးချယ်နိုင်လားဆိုတာ
ကိုယ့်ကိုယ်ကို ပြန်ဖြေခိုင်းကြည့်ပါ

PDF ထဲ ဝင်မယ်ဆိုရင် အချိန်မရွေး
မိမိအသ-က် ဆုံးရှုံးနိုင်တယ်ဆိုတာ
လက်ခံနိုင်လား လွတ်လပ်မှု ဆုံးရှုံးခံနိုင်လား
ပင်ပန်းဆင်းရဲ အနေဆင်းရဲခံနိုင်လား
ကိုယ်ချစ်ရသူတွေနဲ့ အဝေးနေရာမှာ
နေနိုင်လား ဆိုရှယ်မသုံးပဲနေနိုင်လား
အဖွဲ့အစည်းထဲ အလုပ်လုပ်နိုင်လား

မမျှော်လင့်ထားတဲ့ အခြေအနေဆိုးတွေ
ရင်ဆိုင်ကြုံလာရင် ခံနိုင်ရည်ရှိပြီလား
မျှော်လင့်ထားသလို မဖြစ်လာတဲ့အခါ
ရင်ဆိုင်နိုင်လား ကိုယ်ရွေးချယ်မှုနောက်
ဖြစ်လာတဲ့ ဘယ်လိုအခြေအနေမဆို
ဒေါင်ကျကျ ပြားကျကျ ရင်ဆိုင်နိုင်လား
လက်ခံနိုင်လား ကိုယ့်ကိုယ်ကိုပြန်မေးပါ

အနည်းဆုံး ၂ နှစ်မှ ၅ နှစ်လောက်ထိ
PDF ထဲ တာဝန်ယူနိုင်တာ ေ-သချာလား
တော်လှန်ရေး အောင်မြင်ပြီးရင်တောင်
PDF က တိုင်းပြည်လုံခြုံရေးအတွက်
ဆက်လက်တာဝန်ယူပေးရမှာဖို့ PDF ထဲ
ဝင်ပြီးရင် အဲလောက်ထိ တာဝန်ယူနိုင်မှ
ဖြစ်မယ်ဆိုတာကို တွေးထားဖို့ လိုပါမယ်

စစ်မှုထမ်းဥပခေကို ရှောင်ဖို့အတွက်
ဘာဖြစ်ဖြစ် PDF ထဲပဲ ဝင်မယ်ဆိုရင်
ဒီအချက်တွေ မစဉ်းစားထားတဲ့အခါ
တကယ်ရင်ဆိုင်ရတဲ့အခါ စိတ်ဓါတ်ကျပြီး
နောက်မှ ပြန်ပြင်ချင်လို့ မရတာသိပါ

လက်တွေ့မှာ အခုပြောတာထက်ပိုတဲ့
အခြေအနေတွေ ရင်ဆိုင်ရဖို့ရှိတယ်
ဆိုတော့ ဒီအချက်တွေလည်း သိပြီး
PDF ထဲ တကယ်ဝင်တော့မယ်လို့
ဆုံးဖြတ်ချက် အပြ-တ်ချပြီးပြီဆိုရင်
ကိုယ်ဝင်မယ့် အဖွဲ့အစည်းထဲရောက်ဖို့
ေ-သ-ချာစီစစ်ပြီး ချိတ်ဆက်ဖို့လိုမယ်
အလောတကြီးမလုပ်ပါနဲ့ အချိန်ယူပါ
ေ-သ-ေ-သ-ချာချာ စီစစ်နိုင်ဖို့လုပ်ပါ

ချိတ်ဆက်မှု အဆင်ပြေပြီဆိုရင်တော့
ဘယ်လိုလမ်းကြောင်းကနေ ဘယ်လို
လာနိုင်လဲဆိုတာ လမ်းခရီးမှာ ဆောင်ရန်
ရှောင်ရန် သတိပြုရန် လိုအပ်တာတွေ
ေ-သ-ချာ လေ့လာမေးမြန်းပြီးမှသွားပါ

အရေးကြီးဆုံး နောက်တချက်ကတော့
ကိုယ် PDF ဝင်မယ်ဆိုတာ ကိုယ်ကလွဲ
ဘယ်သူ့ကိုမှ ထုတ်မပြောလိုက်မိပါစေနဲ့
တော်လှန်ရေးမှာ ကိုယ်ရေးအချက်အလက်
လုံခြုံရေးဆိုတာ မိမိအသ-က်ပဲဆိုတာကို
တော်လှန်ရေးထဲရှိနေသရွေ့ မမေ့ပါနဲ့

@@

MEC ရဲ့ information
23/01/2024

MEC ရဲ့ information

22/01/2024

ကရင်နီမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်မှ Drone
တွေစတင်အသုံးပြုနေပြီ သိရ
Video ကတော့
ရုရှား-ယူကရိန်း ပဋိပက္ခမှာ
အစွမ်းပြခဲ့တဲ့ $20000တန်
Iran Shahed-136 Kamikaze Drone ရန်သူရဲ့ ဌာနချုပ်တွေ၊ လက်နက်ခဲယမ်းသိုလှောင်သိမ်းဆည်းထားတဲ့ ဂိုဒေါင်တွေ၊ ရန်သူရဲ့ လက်နက်စက်ရုံတွေ၊ Single target တွေကို သုတ်သင်ရှင်းလင်းတဲ့နေရာတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတာထက် ပိုပြီးတိကျထိရောက်စေမှာဖြစ်ပြီး အဖိုးနည်းဝန်ပါဖြစ်စေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုအတွက် အရမ်းအသုံးဝင်စေမှာ ဖြစ်ပါတယ်

19/01/2024

တပည့်တို့အလင်းဝင်လိုက်ပြီ ဗိုလ်လေး😂

15/11/2023

ငါတို့နိင်နေပြီဆိုတဲ့ကြွေးကြော်မှုတွေရဲ့နောက်မှာ
လူငယ်တွေရဲ့ အလောင်းတွေရှိတယ် အဲ့ဒါတွေကို မျက်ကွယ်ပြုပြီး
သာယာနေတဲ့ လူတစ်စုကိုမုန်းတယ်
😥😥😥

12/11/2023

ကရင်နီသားကွ ဘာမှတ်နေလဲ💪🇵🇾
#ကရင်နီငှက်ကင်

ကရင်နီမှ ငှက်ကင်လေးပါ😁
12/11/2023

ကရင်နီမှ ငှက်ကင်လေးပါ😁

11/11/2023

☎☎☎☎
အရေးပေါ်နံပါတ်တွေပါ
အခြေအနေ မငြိမ်သေးသရွေ့
အရေးပေါ်ကယ်ဆယ်ရေးကားများ သွားလာခြင်းပြုလုပ်နိုင်သေးမည်မဟူတ်ပါကြောင်း
အခြေအနေ အနည်းငယ်ငြိမ်မှသာခေါ်ပေးကြပါ..
(09796797959
09771904530
09797867845
09401312080
09697211060
095600962
09674393966)ရွှေလွိုင်ကော်....

09698254493
09428313254 မိုးကောင်းကင်ပရဟိတ အသင်း

လက်နက်ကြိး ထိမှန်သော လူနာများ
အခြေအနေ အရ မရောက်လာနိုင်မူများ
ရှိပါက နားလည်ပေးကြပါရန်...

လွိုင်ကော် - ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ  ၊ လွိုင်ကော်- ဆီဆိုင် လမ်းမကြီးများအားအသုံးပြု၍ အသွားအလာမပြုလုပ်ကြသေးပါရန...
11/11/2023

လွိုင်ကော် - ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ ၊ လွိုင်ကော်- ဆီဆိုင် လမ်းမကြီးများအားအသုံးပြု၍ အသွားအလာမပြုလုပ်ကြသေးပါရန် မေတ္တာရပ်ခံချက်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက် ။

ကရင်နီပြည်နယ်တွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော စစ်ရေးအခြေအနေများအရ " လွိုင်ကော် - ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ နှင့် လွိုင်ကော်- ဆီဆိုင် " လမ်းမကြီးများအားအသုံးပြု၍ အသွားအလာမပြုလုပ်ကြပါရန် မိဘပြည်သူများအား မေတ္တာရပ်ခံအပ်ပါသည်။

အထက်ဖော်ပြပါ နေရာများအနီးတစ်ဝိုက်တွင် နိုဝင်ဘာလ (၁၁)ရက်နေ့ မှစ၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် မိမိတို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် အများပြည်သူများအနေဖြင့် ခရီးသွားလာခြင်း နှင့် နေအိမ်ပြင်ပထွက်၍ သွားလာခြင်းများအား မလိုအပ်လျင် မပြုလုပ်ကြဘဲ လုံခြုံသောနေရာများတွင်သာ နေထိုင်ကြပါရန် အထူးတိုက်တွန်းလိုပါသည်။

စစ်ရေးသတင်းများကိုလည်း မလိုအပ်သေးပါက ဆိုရှယ်မီဒီယာများပေါ်တွင်ရေးသားထုတ်ပြန်ခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံလိုပြီး စစ်ဆင်ရေးများ ပြီးပြတ်မှသာ မိဘပြည်သူများအား အသိပေးထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF

မြို့တွေကို တော်လှန်ရေးရဲဘော်တွေဝင်လာတဲ့အခါ ထိတွေ့မှုတွေဖြစ်ခဲ့ရင် မြို့နေပြည်သူတွေအနေနဲ့ ..(၁) ကူညီဖို့ မကြိုးစားပါနဲ့....
10/11/2023

မြို့တွေကို တော်လှန်ရေးရဲဘော်တွေဝင်လာတဲ့အခါ ထိတွေ့မှုတွေဖြစ်ခဲ့ရင် မြို့နေပြည်သူတွေအနေနဲ့ ..

(၁) ကူညီဖို့ မကြိုးစားပါနဲ့..

(၂) စပ်စုဖို့ မစဉ်းစားပါနဲ့..

(၃) ဘေးလွတ်ရာကို အရင်သွားပါ..

(၄) မြေညီထပ်လိုနေရာ နံရံတွေကြားမှာ ``ဝပ်" နေပါ..

(၅) ပြတင်းပေါက်မှ ခေါင်းပြူကြည့်မယ်မလုပ်ပါနဲ့..

(၆) ဓါတ်ပုံ/ဗွီဒီယိုရိုက်ဖို့ မကြိုးစားပါနဲ့..

(၇) ``live" လွှင့်ဖို့ မလုပ်ပါနဲ့..

ဘာဖြစ်လို့လဲဆိုတော့..
မြို့ထဲဝင်လာတဲ့ရဲဘော်တွေဟာ ကြိုတင်လေ့ကျင့်ပြင်ဆင်လာသူတွေဖြစ်ပြီး.. ရန်သူနဲ့ရင်ဆိုင်နိုင်အောင်လုပ်လာသူတွေဖြစ်လို့.. အရပ်သားတွေက ကြားမှာကန့်လန့်ခံနေရင် လုပ်ရကိုင်ရခက်ပါတယ်..

ပြီးတော့..
ကိုယ်တိုင်လည်းအန္တရာယ်ကြီးပါတယ်..

ရဲဘော်တွေကို ပြေးဖို့၊ ပုန်းဖို့နေရာလုပ်ပေးရမယ့် ဆန္ဒပြကာလမဟုတ်တော့ပါဘူး.. စစ်တိုက်နေကြတာဖြစ်လို့.. သူတို့လမ်းကြောင်း သူတို့စီစဉ်ထားပြီးသားပါ.. တိုက်ပွဲဖြစ်နေစဉ် ကူဖို့ကို လုံးဝမစဉ်းစားပါနဲ့..

တိုက်ပွဲတွေဘာတွေပြီးလို့ သာမန်အချိန်မှာ ကူနိုင်တာရှိရင်ကူပါ.. တိုက်ပွဲမဖြစ်သေးတဲ့ အခုလိုအချိန်မှာ ရဲဘော်တွေကိုငွေကြေး၊ ဆေးဝါး၊ ရိက္ခာတွေအတွက်လှူတာမျိုးဟာ ပိုပြီးထိရောက်ပါတယ်..

တိုက်ပွဲဖြစ်မှ မကူညီချင်ပါနဲ့..
ကူတာမဖြစ်ဘဲ အာလုံးအန္တရာယ်ဖြစ်စေနိုင်လို့ပါ..

ဒါကြောင့်.. မြို့တွင်းတိုက်ပွဲတွေဖြစ်လာရင်.. အထက်က အချက် (၇)ချက်ကိုလိုက်နာပေးပါလို့ တောင်းဆိုပါရစေ..

‌လေးစားစွာဖြင့်..

#အရေးတော်ပုံအောင်ရမည်

ဘာappမှ မသုံးပဲFacebookမှာကိုယ့်ကိုစောက်ဖတ်မလုပ်တဲ့သူတွေကို unfriendလုပ်နည်း
10/11/2023

ဘာappမှ မသုံးပဲ
Facebookမှာကိုယ့်ကိုစောက်ဖတ်မလုပ်တဲ့သူတွေကို unfriendလုပ်နည်း

08/11/2023

အဘ အဘနဲ့ ဂန့်ကုန်ပြီ😂

31/10/2023

😂

09/10/2023

သင်တန်းတက်တုန်းက မိမိနှင့်သူငယ်ချင်းများ😂

26/09/2023

ကယန်းသီချင်းမြူးမြူးလေး နားထောင်ကြမယ်

18/09/2023

မြန်မာ့အကြီးဆုံးသတ္တုသိုက်က
မော်ချီးသတ္တုသိုက်တဲ့
#မော်ချီး

Address

Loikaw

Website

Alerts

Be the first to know and let us send you an email when 𝗞𝗮𝘆𝗮𝗵𝗟𝗶𝗣𝗵𝘂 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share