Letpadan Thadin

Letpadan Thadin ပဲခူးတိုင်း လက်ပံတန်းမြို့နယ်၏ သတင်းများကိုဖော်ပြပါသည်
(1)

"ညက၈ခွဲလောက်မှာ ကန်ကြီးလမ်းက စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ထည့်လိုက်တာ ဘန်ကာတော့ ပျက်ဆီးသွားတယ် စခအသေအပျောက်တော့ မသိ...
23/01/2024

"ညက၈ခွဲလောက်မှာ ကန်ကြီးလမ်းက စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ထည့်လိုက်တာ ဘန်ကာတော့ ပျက်ဆီးသွားတယ် စခအသေအပျောက်တော့ မသိရသေးဘူး။ အဲ့ဂိတ်က ခမုံဘက်ကို သွားတဲ့ဂိတ်လေ စခ၁၀ကောင်လောက် ပုံမှန်စောင့်ပြီး ပြည်သူတွေကို ငွေညှစ်တာကြောင့် တိုက်ခိုက်ရတာပါ"ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ Tharyarwaddy 8 City ကိုပြောပါတယ်။

လက်ပံတန်းမြို့နယ်အတွင်း စစ်ဆင်ရေးတွေ အင်တိုက်အားတိုက်နဲ့ လုပ်ဆောင်နိုင်ဖို့အတွက် ""ရွှေတန်းမြေမှမိစ္ဆာရှင်းမယ့်လက်များ"" အမည်ဖြင့် သိန်းကိုးရာကမ်ပိန်းအနေနဲ့ မဲလက်မှတ်တွေကို ရောင်းချနေ​ပြီး ကံစမ်းမဲလက်မှတ်တစောင်ကို မြန်မာငွေ ကျပ်တစ်သောင်း ၊ထိုင်းငွေ ဘတ်တစ်ရာ သတ်မှတ်ထား​ပြီး ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ဝယ်ယူနိုင်ကြောင်း သိရပါသည်။

သတင်း - ထိုက်ကြီး
စာတည်း- ကိုမိုက်

=============================
Tharyarwaddy 8 City မှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါပလက်ဖောင်းများတွင် ဖက်ရူနိုင်ပါသည်။

Facebook စာမျက်နှာ 👇👇👇
https://www.facebook.com/profile.php?id=100071042152240&mibextid=gik2fB

Telegram ချန်နယ် 👇👇👇
https://t.me/tharyarwaddy8city

YouTube ချန်နယ် 👇👇👇
https://youtube.com/

#လက်ပံတန်း
#စစ်ကောင်စီစစ်ဆေးရေးဂိတ်
#တိုက်ခိုက်ခံရ #ဘန်ကာပျက်ဆီး

လက်ပံတန်းဗျူဟာလမ်းအထွက်က စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ဘန်ကာပျက်ဆီး

Tharyarwaddy 8 City ဇန်နဝါရီ ၂၃ ၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက လက်ပံတန်းမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် မနေ့ညပိုင်းက တိုက်ခိုက်ခံရပြီး ဘန်ကာပျက်ဆီးသွားကြောင်း သိရသည်။

လက်ပံတန်းမြို့၊ ကံကြီးလမ်းရှိ မဟာဗျူဟာလမ်းအထွက် စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၂၂ရက် ယမန်နေ့ည ၈နာရီ ၃၀မိနစ်ခန့်မှာ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဘန်ကာပျက်ဆီးပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတော့ကို မသိရသေးကြောင်း သိရပါတယ်။

"ညက၈ခွဲလောက်မှာ ကန်ကြီးလမ်းက ဗျူဟာလမ်းစစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ထည့်လိုက်တာ ဘန်ကာတော့ ပျက်ဆီးသွားတယ် စခအသေအပျောက်တော့ မသိရသေးဘူး။ အဲ့ဂိတ်က ခမုံဘက်ကို သွားတဲ့ဂိတ်လေ စခ၁၀ကောင်လောက် ပုံမှန်စောင့်ပြီး ပြည်သူတွေကို ငွေညှစ်တာကြောင့် တိုက်ခိုက်ရတာပါ"ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ Tharyarwaddy 8 City ကိုပြောပါတယ်။

လက်ပံတန်းမြို့နယ်အတွင်း စစ်ဆင်ရေးတွေ အင်တိုက်အားတိုက်နဲ့ လုပ်ဆောင်နိုင်ဖို့အတွက် ""ရွှေတန်းမြေမှမိစ္ဆာရှင်းမယ့်လက်များ"" အမည်ဖြင့် သိန်းကိုးရာကမ်ပိန်းအနေနဲ့ မဲလက်မှတ်တွေကို ရောင်းချနေ​ပြီး ကံစမ်းမဲလက်မှတ်တစောင်ကို မြန်မာငွေ ကျပ်တစ်သောင်း ၊ထိုင်းငွေ ဘတ်တစ်ရာ သတ်မှတ်ထား​ပြီး ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ဝယ်ယူနိုင်ကြောင်း သိရပါသည်။

သတင်း - ထိုက်ကြီး
စာတည်း- ကိုမိုက်

=============================
Tharyarwaddy 8 City မှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါပလက်ဖောင်းများတွင် ဖက်ရူနိုင်ပါသည်။

Facebook စာမျက်နှာ 👇👇👇
https://www.facebook.com/profile.php?id=100071042152240&mibextid=gik2fB

Telegram ချန်နယ် 👇👇👇
https://t.me/tharyarwaddy8city

YouTube ချန်နယ် 👇👇👇
https://youtube.com/

#လက်ပံတန်း #ဗျူဟာလမ်းအထွက်
#စစ်ကောင်စီစစ်ဆေးရေးဂိတ်
#တိုက်ခိုက်ခံရ #ဘန်ကာပျက်ဆီး

20/01/2024

လက်ပံတန်းမှာ ပြည်သူ့စစ်အတွက် လူစုမပေးတဲ့ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်ဖမ်းဆီး

လက်ပံတန်း Tharyarwaddy 8 City ဇန်နဝါရီ ၂၀ ၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက လက်ပံတန်းမြို့နယ် ရေငံအုပ်စု၊ ကြို့ပင်စခန်းကျေးရွာနှင့် ထန်းပင်ချောင်ကျေးရွာတွေမှာ စစ်ကောင်တပ်က ပြည်သူ့စစ်အတွက်ဟုဆိုကာ အရပ်သားပြည်သူတွေကို အကြမ်းဖက်လူစုနေကြောင်း သတင်းရရှိပါသည်။

ဇန်နဝါရီလ ၂၀ရက် နံနက် ၉နာရီခန့်တွင် ရေငံ‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုနိုင်ဦးအား ပြည်သူ့စစ်အတွက် လူစုမပေးတာကြောင့် စစ်ကောင်စီတပ်သားများက လာ‌ရောက်ဖမ်းဆီးပေမယ့် လွတ်မြောက်သွားပါသည်။

" အုပ်ကြီးကိုလာဖမ်းတာ အုပ်ကြီးထွက်ပြေးလို့လွတ်သွားတယ် ၊ သူတို့(စစ်ကောင်စီတပ်သားများ) က ပြည်သူ့စစ်အတွက်ဆိုပြီး လူစုခိုင်းတာပါ၊ တအုပ်စုလုံးက ရွာတွေကို အုပ်ကြီးက အစည်းအဝေးခေါ်ပြောတော့ အားလုံးပြည်သူ့စစ်ထဲမဝင်ဘူး ငြင်းတော့ လူစုမပေးလို့ လာဖမ်းတာ" ဟု အမည်မဖော်လို အုပ်ချုပ်ရေးမှူးတစ်ဦးက Tharyarwaddy 8 City ကို အတည်ပြုပြောဆိုပါသည်။

အုပ်ချုပ်ရေးမှူး ကိုနိုင်ဦး အား စစ်ကောင်စီတပ်က အတင်းအဓမ္မ တာ၀န်ပေးထားတာဖြစ်ပြီး ၄င်းသည် ဒေသခံများနှင့် ဆက်ဆံရေးကောင်းသူဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် လက်ပံတန်းမြို့နယ်ရှိ ကျေးရွာများတွင် ပြည်သူ့စစ်အတွက် မ၀င်ချင်တဲ့ ပြည်သူတွေဟာ တောတောင်တွေထဲကို တိမ်းရှောင်နေကြပြီး၊ ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရပါသည်။

လက်ပံတန်းမြိုနယ်အတွင်း ပြည်သူစစ်ခေါင်းစဉ်တပ်ပြီး တိုက်ပွဲများတွင် လူသားဒိုင်းလုပ်ရန်နှင့် ပြည်သူအချင်းချင်း တိုက်ခိုက်ခိုင်းရန် ရည်ရွယ်ချက်ဖြင် အတင်းအဓမ္မ ခြိမ်းခြောက်လူစုခြင်းများ ပြုလုပ်နေကြခြင်း‌တို့ကို ရပ်တန်းကရပ်ကြရန် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ၁၆ရက်နေ့တွင် သတိပေးစာထုတ်ပြန်ထားပါတယ်။

ထို့အပြင် ဆက်လက်လုပ်ဆောင်နေပါက ကူညီအားပေးနေသူများပါမကျန် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၄င်းထုတ်ပြန်စာမှာ သတိပေးထားသည်။

သတင်း - ထိုက်ကြီး
စာတည်း- ကိုမိုက်

=============================
Tharyarwaddy 8 City မှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါပလက်ဖောင်းများတွင် ဖက်ရူနိုင်ပါသည်။

Facebook စာမျက်နှာ 👇👇👇
https://www.facebook.com/profile.php?id=100071042152240&mibextid=gik2fB

Telegram ချန်နယ် 👇👇👇
https://t.me/tharyarwaddy8city

YouTube ချန်နယ် 👇👇👇
https://youtube.com/

#လက်ပံတန်း
#စစ်ကောင်စီခန့်
#အုပ်ချုပ်ရေးမှူး
#စစ်ကောင်စီပြန်ဖမ်း

ကျနော်နဲ့ရင်းနှီးတဲ့ တပ်ဖွဲ့အတော်များများဟာ မိုးတွင်းကာလမှာတုန်းက အတော်ဒုက္ခရောက်ကြပါတယ်။ ငှက်ဖျားတွေဖြစ်ကြတဲ့အပြင် စားရ...
19/01/2024

ကျနော်နဲ့ရင်းနှီးတဲ့ တပ်ဖွဲ့အတော်များများဟာ မိုးတွင်းကာလမှာတုန်းက အတော်ဒုက္ခရောက်ကြပါတယ်။ ငှက်ဖျားတွေဖြစ်ကြတဲ့အပြင် စားရေးသောက်ရေးအတွက် ရိက္ခာပြတ်လပ်သွားတဲ့အထိ အလှူငွေကုန်သွားလို့ လွန်စွာပင်ပန်းဆင်းရဲခဲ့ကြပေမယ့် ခံယူချက်ကောင်း စိတ်ဓာတ်ကောင်းတွေ ရှိကြသူများ​မို့သာ ဒီအခြေအနေတွေက ကျော်လွှားနိုင်ကြတာပါ။

ထို တပ်ရင်း၊တပ်ခွဲတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေး၀န်ကြီးဌာန(MOD)အောက်က အဖွဲ့တွေဆိုပေမယ့်လည်း NUGဟာ နိုင်ငံအ၀န်းက လက်အောက်ခံတပ်ရင်း တပ်ဖွဲ့တွေကို လက်နက်နဲ့ ရိက္ခာများအား ပြည်သူ့ပံ့ပိုးမှုများနဲ့ ထောက်ပံ့ရတာကြောင့် ပြည့်စုံတဲ့ထောက်ပံ့မှုမျိုး မရရှိတဲ့အတွက် သာယာ၀တီခရိုင်က တပ်ရင်း၊တပ်ဖွဲ့တွေဟာ ပြည်သူလူထုထံမှ အလှူငွေ ထောက်ပံ့မှုများကို မျှော်လင့်ခဲ့ကြဖူးကြောင်း သိရပါတယ်။

ခရိုင်တွင်းလူဦးရေထက်၊ (စစ်ကောင်စီတပ်ထောက်ခံသူတွေနဲ့ကြားနေတွေမပါ) ကျန်သူတွေနဲ့ တပ်ရင်း၊တပ်ဖွဲ့တွေ အစောပိုင်းထဲက ကူရင်းလှူရင်းနဲ့ သာယာ၀တီခရိုင်မှာ အရွေ့တခုကို ဖော်ဆောင်ဖို့ မကြိုးစားခဲ့တာကိုလည်း အားနည်းချက်တစ်ရပ်အနေနဲ့ရှု့မြင်ပါတယ်။

လက်ရှိအချိန် ပြည်သူစစ်အတွက် မဲတွေနှိုက်ပြီး မဲပေါက်လို့ စစ်ထဲမ၀င်ရအောင် ပေူရတဲ့ ငွေပမဏဟာ မြန်မာငွေသိန်း၂၀ကနေသိန်း၅၀ထိ ပေါက်ဈေးရှိနေကြောင်း စုံစမ်းသိရှိရပါတယ်။

မဲနှိုက်ရမှ PDF"တ"ရအောင်လည်း PDFဟာကျနော်သိသလောက်ဆို ရိုးမအတွင်းက နယ်မြေများကိုသာ အကောင်းဆုံး စိုးမိုးထားနိုင်တာဖြစ်ပြီး၊ မြို့သိမ်းတိုက်ပွဲအတွက် ပြည်သူလူထုထည့်၀င်ဖို့ လိုအပ်ကြောင်း ဆော်ဩခဲ့ဖူးပါတယ်။

သို့သော် ပြည်သူကပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယခင်ရက်ပိုင်းကပဲကြည့်မယ်ဆို အုတ်ဖိုမြို့နယ်က ပြည်သူ့စစ်ဖွဲ့ဖို့ အကြမ်းဖက်လူစုနေတဲ့ စစ်ကောင်စီတပ်ကို ၃၈၀၁တပ်ရင်းနဲ့ ၃၈၀၂တပ်ရင်းက ပူးပေါင်းအဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး၊ ပြည်သူ၃၀လောက်ကို အရကယ်ထုတ်တာဟာဆိုလျှင် သေးသေးမွှားမွှားကိစ္စရပ်ဟု ထင်ကောင်းထင်နိုင်ပါတယ်။

အဲဒီထက်ပိုနိုင်ကြောင်း ပြောပါရစေ၊ ပြည်သူက ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့အပြင် ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးအဆင့်ထားရှိတာလည်း မြင်တွေ့ရပါတော့တယ်။

သာယာ၀တီခရိုင်အတွင်းက ပြည်သူလူထုတွေအနေနဲ့က စစ်ကောင်စီတပ် အမြစ်ဖြတ်ရေးဆိုတာထက် ခရိုင်အတွင်းမှာ အေးအေးချမ်းချမ်းဖြစ်စေဖို့အတွက် များများလှူ၊ မြန်မြန်ထောက်ပို့ပြီး အတွင်းသတင်းတွေရအောင်ယူ အမြဲသတင်းပို့ကြခြင်းဖြင့် နိုင်ရာတော်လှန်ရေးတာ၀န်တရပ်ကို ထမ်းဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

=============================
Tharyarwaddy 8 City မှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါပလက်ဖောင်းများတွင် ဖက်ရူနိုင်ပါသည်။

Facebook စာမျက်နှာ 👇👇👇
https://www.facebook.com/profile.php?id=100071042152240&mibextid=gik2fB

Telegram ချန်နယ် 👇👇👇
https://t.me/tharyarwaddy8city

YouTube ချန်နယ် 👇👇👇
https://youtube.com/



#ဆောင်းပါး
#မဲနှိုက်ရမှPDFတကြလေသလား?
#ပြင်ပဆောင်းပါးရှင်ကိုမြတ်ထင်

မဲနှိုက်ရမှ PDF "တ"ကြလေသလား?
------------------------------------------------------
By - ပြင်ပဆောင်းပါးရှင် ကိုမြတ်ထင်

အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ယနေ့အချိန်အထိ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ သူရဲ့စစ်တပ်မှာ တပ်သားလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံအ၀န်း ပြည်သူ့စစ်ဆိုတာဖွဲ့ဖို့ ယခင်ကထက် ယခုရက်ပိုင်းတွေမှာပိုမိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာပါတယ်။

အဲ့ဒီလို ပြည်သူ့စစ်ဖွဲ့ဖို့ အကြမ်းဖက်လူစုနေတဲ့အထဲမှာ ပဲခူးတိုင်းမှာ အရှိန်အဟုန်နဲ့ လုပ်ဆောင်လာပြီး သာယာ၀တီခရိုင်ထဲက သာယာ၀တီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းနဲ့ နတ်တလင်းမြို့နယ်တွေလည်း ပါ၀င်လာပါတယ်။

ထိုသို့ပြည်သူ့စစ်အဖွဲ့ မဖွဲ့ခင်အချိန်ကာလ (ကုန်ဆုံးသွားသော) ခုနှစ် အနည်းငယ်ကိုပြန်ကြည့်မယ်ဆိုပါက သာယာ၀တီခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တပ်ရင်း၃၈၀၁၊ တပ်ရင်း၃၈၀၂ ဆိုပြီးအခြေပြုတည်ရှိနေတာ ၂နှစ်ကျော်ကြာမြင့်ပြီဖြစ်သလို မြို့ပြလှုပ်ရှားမှုတွေလုပ်ဆောင်နေတဲ့ UG (မြေအောက်ပြောက်ကျားတပ်ဖွဲ့) အချို့ဟာလည်း ၃နှစ်နီးနီး ရှိနေပါပြီ။

PDFအဖွဲ့တွေဟာ ပဲခူးရိုးမကို အခြေပြုကာစစ်ရေးလှုပ်ရှားမယ်ဆိုတဲ့အကြောင်း၊ စစ်ဆင်ရေးနယ်မြေအဖြစ်ကတဖုံ တရား၀င်ကြေညာပြီး စစ်တိုက်လေ့ရှိကြပါတယ်။

လက်ရှိအချိန်ထိလည်း ၎င်းတပ်ရင်းတပ်ခွဲများက တရား၀င်ထုတ်ပြန်ထားသော စစ်ဆင်ရေးနယ်မြေ၊ စိုးမိုးနယ်မြေတွေကို ဆက်လက်စိုးမိုးထားဆဲဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

အဲ့ဒီတပ်ရင်းတပ်ဖွဲ့တွေဟာ ပဲခူးရိုးမထဲမှာ အခြေချလှုပ်ရှားနေတာကြောင့် စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းတွေထိုးနေပြီး ဒီကနေ့အချိန်အထိ စစ်ကောင်စီတပ်သားများဟာ ဒဏ်ရာရသူတွေ သေဆုံးအလောင်းတွေကိုသာ ကောက်ပြီး တပ်ဆုတ်နေရဆဲဖြစ်ပါတယ်။

တပ်ရင်း၃၈၀၁နဲ့ တပ်ရင်း၃၈၀၂တို့အပါအ၀င် သာယာ၀တီခရိုင်အတွင်းက တော်လှန်ရေးအဖွဲ့တွေဟာ တောတောင်တွေထဲမယ် အနေဆင်းရဲ အစားဆင်းရဲနဲ့ စစ်ဆင်ရေးတွေကို အဆင်ပြေသလို ဖော်ဆောင်နေကြရပါတယ်။

ကျနော်နဲ့ရင်းနှီးတဲ့ တပ်ဖွဲ့အတော်များများဟာ မိုးတွင်းကာလမှာတုန်းက အတော်ဒုက္ခရောက်ကြပါတယ်။ ငှက်ဖျားတွေဖြစ်ကြတဲ့အပြင် စားရေးသောက်ရေးအတွက် ရိက္ခာပြတ်လပ်သွားတဲ့အထိ အလှူငွေကုန်သွားလို့ လွန်စွာပင်ပန်းဆင်းရဲခဲ့ကြပေမယ့် ခံယူချက်ကောင်း စိတ်ဓာတ်ကောင်းတွေ ရှိကြသူများ​မို့သာ ဒီအခြေအနေတွေက ကျော်လွှားနိုင်ကြတာပါ။

ထို တပ်ရင်း၊တပ်ခွဲတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေး၀န်ကြီးဌာန(MOD)အောက်က အဖွဲ့တွေဆိုပေမယ့်လည်း NUGဟာ နိုင်ငံအ၀န်းက လက်အောက်ခံတပ်ရင်း တပ်ဖွဲ့တွေကို လက်နက်နဲ့ ရိက္ခာများအား ပြည်သူ့ပံ့ပိုးမှုများနဲ့ ထောက်ပံ့ရတာကြောင့် ပြည့်စုံတဲ့ထောက်ပံ့မှုမျိုး မရရှိတဲ့အတွက် သာယာ၀တီခရိုင်က တပ်ရင်း၊တပ်ဖွဲ့တွေဟာ ပြည်သူလူထုထံမှ အလှူငွေ ထောက်ပံ့မှုများကို မျှော်လင့်ခဲ့ကြဖူးကြောင်း သိရပါတယ်။

ခရိုင်တွင်းလူဦးရေထက်၊ (စစ်ကောင်စီတပ်ထောက်ခံသူတွေနဲ့ကြားနေတွေမပါ) ကျန်သူတွေနဲ့ တပ်ရင်း၊တပ်ဖွဲ့တွေ အစောပိုင်းထဲက ကူရင်းလှူရင်းနဲ့ သာယာ၀တီခရိုင်မှာ အရွေ့တခုကို ဖော်ဆောင်ဖို့ မကြိုးစားခဲ့တာကိုလည်း အားနည်းချက်တစ်ရပ်အနေနဲ့ရှု့မြင်ပါတယ်။

လက်ရှိအချိန် ပြည်သူစစ်အတွက် မဲတွေနှိုက်ပြီး မဲပေါက်လို့ စစ်ထဲမ၀င်ရအောင် ပေးရတဲ့ ငွေပမာဏဟာ မြန်မာငွေသိန်း၂၀ကနေ သိန်း၅၀ထိ ပေါက်ဈေးရှိနေကြောင်း စုံစမ်းသိရှိရပါတယ်။

မဲနှိုက်ရမှ PDF"တ"ရအောင်လည်း သာယာဝတီခရိုင်က PDFတပ်ရင်းတပ်ဖွဲ့များဟာ ကျနော်သိသလောက်ဆို ရိုးမအတွင်းက နယ်မြေများကိုသာ အကောင်းဆုံး စိုးမိုးထားနိုင်တာဖြစ်ပြီး၊ မြို့သိမ်းတိုက်ပွဲအတွက် ပြည်သူလူထုတွေအနေနဲ့ ပံ့ပိုးထည့်၀င်ဖို့ လိုအပ်ကြောင်း ဆော်ဩခဲ့ဖူးပါတယ်။

သို့သော် ပြည်သူကပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယခင်ရက်ပိုင်းကပဲကြည့်မယ်ဆို အုတ်ဖိုမြို့နယ်က ပြည်သူ့စစ်ဖွဲ့ဖို့ အကြမ်းဖက်လူစုနေတဲ့ စစ်ကောင်စီတပ်ကို ၃၈၀၁တပ်ရင်းနဲ့ ၃၈၀၂တပ်ရင်းက ပူးပေါင်းအဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး၊ ပြည်သူ၃၀လောက်ကို အရကယ်ထုတ်တာဟာဆိုလျှင် သေးသေးမွှားမွှားကိစ္စရပ်ဟု ထင်ကောင်းထင်နိုင်ပါတယ်။

အဲဒီထက်ပိုနိုင်ကြောင်း ပြောပါရစေ၊ ပြည်သူက ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့အပြင် ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးအဆင့်ထားရှိတာလည်း မြင်တွေ့ရပါတယ်။

သာယာ၀တီခရိုင်အတွင်းက ပြည်သူလူထုတွေအနေနဲ့က စစ်ကောင်စီတပ် အမြစ်ဖြတ်ရေးဆိုတာထက် ခရိုင်အတွင်းမှာ အေးအေးချမ်းချမ်းဖြစ်စေဖို့အတွက် များများလှူ၊ မြန်မြန်ထောက်ပို့ပြီး အတွင်းသတင်းတွေရအောင်ယူ အမြဲသတင်းပို့ကြခြင်းဖြင့် နိုင်ရာတော်လှန်ရေးတာ၀န်တရပ်ကို ထမ်းဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

=============================
Tharyarwaddy 8 City မှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါပလက်ဖောင်းများတွင် ဖက်ရူနိုင်ပါသည်။

Facebook စာမျက်နှာ 👇👇👇
https://www.facebook.com/profile.php?id=100071042152240&mibextid=gik2fB

Telegram ချန်နယ် 👇👇👇
https://t.me/tharyarwaddy8city

YouTube ချန်နယ် 👇👇👇
https://youtube.com/



#ဆောင်းပါး
#မဲနှိုက်ရမှPDFတကြလေသလား?
#ပြင်ပဆောင်းပါးရှင်ကိုမြတ်ထင်

18/01/2024

အမှတ်(၂)စစ်ဒေသခွဲ စစ်ဆင်ရေးနယ်မြေအတွင်း ပြည်သူ့စစ်ဖွဲ့စည်းဖို့ အားပေးကူညီသူများကို ထိရောက်စွာ အရေးယူသွားမည်

===========================

ယခုစာမျက်နှာသည် NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တရားဝင်သတင်းစာမျက်နှာဖြစ်ပါသည်။

သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို https://t.m/tharrawaddydistrictpdfgroup တယ်လီဂရမ်ချန်နယ်တွင်လည်း ဝင်ရောက်ကြည့်ရူနိုင်ပါသည်။

#သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

18/01/2024

ယခုလိုလှူဒါန်းပေးတဲ့ထောက်ပို့အလှူရှင်အားအထူးပဲလေးစားဂုဏ်ပြုအပ်ပါတယ်

18/01/2024

ယခုလိုလှူဒါန်းပေးပါသောထိုင်းနိုင်ငံ Om-nolမြို့နယ်ဖေ့ကစင်120လမ်းPCMစက်ရုံအလုပ်သမားများထောက်ပို့အဖွဲ့အဖွဲ့အားအထူးပဲလေးစားဂုဏ်ပြုအပ်ပါသည်။

14/01/2024

ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတိပေးထုတ်ပြန်ချက်

ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆင်ရေးလှုပ်ရှားမှုများနှင့် သတင်းထုတ်ပြန်ချက်များကို အောက်ပါတယ်လီဂရမ်ချန်နယ်တွင် ဖော်ပြပေးသွားပါမည်။

တယ်လီဂရမ်လင့် 👇👇👇

https://t.me/letpadanpdf

#ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

14/01/2024
01/01/2024

၂။လက်ပံတန်းမြို့နယ်
၂၀၂၃ခုနှစ်အတွင်း လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦး၊ စစ်ကောင်စီထောက်တိုင်၄ဦး သေဆုံးခဲ့ပြီး ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

၃။မင်းလှမြို့နယ်
၂၀၂၃ခုနှစ်အတွင်း မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၄၀ဦး၊ စစ်ကောင်စီထောက်တိုင် ၁၅ဦး သေဆုံးခဲ့ပြီး သာယာတီခရိုင်တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ ၅၊ တပ်ခွဲ၃၊ တပ်ခွဲ ၂၊ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။


၄။မိုးညိုမြို့နယ်
၂၀၂၃ခုနှစ်အတွင်း မိုးညိုမြို့နယ်တွင် မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များနဲ့ စစ်ကောင်စီထောက်တိုင်များ သေဆုံးခြင်းမရှိကြောင်းတွေ့ရှိရပါတယ်။

၅။အုတ်ဖိုမြို့နယ်
၂၀၂၃ခုနှစ်အတွင်း အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦး၊ စစ်ကောင်စီထောက်တိုင် ၂၁ဦး သေဆုံးခဲ့ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon GBK၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက်ဟီးရိုးပြောက်ကျားတပ်ဖွဲ့ ၊ အုတ်ဖိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

၆။ကြို့ပင်ကောက်မြို့နယ်
၂၀၂၃ခုနှစ်အတွင်း ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦး၊ စစ်ကောင်စီထောက်တိုင် ၇ဦး သေဆုံးခဲ့ပြီး
တပ်ရင်း ၃၈၀၂ လက်အောက်ခံ
တပ်ခွဲ​ ၁ Dragon Brothers GBK၊ တပ်ခွဲ ၆ Black Dragon GBK၊ တပ်ရင်း ၃၈၀၁ လက်အောက်ခံ တပ်ခွဲ​ ၁ YoMa GBK၊တပ်ခွဲ ၅ ကြို့ပင်ကောက်ဟီးရိုးပြောက်ကျားတပ်ဖွဲ့တို့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

၇။ဇီးကုန်းမြို့နယ်
၂၀၂၃ခုနှစ်အတွင်း ဇီးကုန်းမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု တစုံတရာ မတွေ့ရှိရသေးပဲ သာယာဝတီခရိုင်ရှစ်မြို့နယ်တွင် အငြိမ်သက်ဆုံးမြို့တမြို့လဲ ဖြစ်ပါတယ်။

၈။နတ်တလင်းမြို့နယ်
၂၀၂၃ခုနှစ်အတွင်း နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ဦး၊ စစ်ကောင်စီထောက်တိုင် ၂ဦး သေဆုံးခဲ့ပြီး တပ်ရင်း ၃၈၀၁ လက်အောက်ခံ တပ်ခွဲ ၂ Phoenix D F၊ တပ်ခွဲ ၃ နတ်စစ်သည်၊ တပ်ခွဲ ၄ MRFနှင့်
မဟာမိတ်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ယခုဖော်ပြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ
စစ်ကောင်စီထောက်တိုင်များ၏ သေဆုံးစာရင်းမှာ မြေပြင်တွင် ယခုထက်များပြားနိုင်ပြီး မိမိတို့ Tharyarwaddy 8 City အနေနဲ့ လက်လှမ်းမီသလောက် ပြုစုထားခြင်းသာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို စိစစ်အတည်ပြု ကိုးကားဖော်ပြထားခြင်းသာဖြစ်ပါတယ်။

သတင်း ~ Tharyarwaddy 8 City ဝိုင်းတော်သားများ
စာတည်း ~ ရာမန်
ရုပ်သံတည်းဖြတ် ~ အနတ္တ

=============================
Tharyarwaddy 8 City မှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါတယ်လီဂရမ်ချန်နယ်တွင် ဖက်ရူနိုင်ပါသည်။

Telegram ချန်နယ်လင့် 👇👇👇
https://t.me/tharyarwaddy8city


#သာယာဝတီခရိုင်
#၂၀၂၃ခုနှစ် #စစ်ရေးသတင်းအနှစ်ချုပ်

30/12/2023

ကံစမ်းမဲတစ်စောင်
မြန်မာငွေ - ကျပ်တစ်သောင်း
ထိုင်းဘတ် - ဘတ်တစ်ရာ

ကမ်ပိန်းဆုမဲဖွင့်ရက်---11.2.2024ရက် #တာဝန်ခံ-ကိုကိုအောင်

21/12/2023
19/12/2023

သာယာ၀တီခရိုင်က စက်သုံးဆီ ၀ယ်ယူသူတချို့ စစ်ကောင်စီတပ်၏ ရှောင်တခင် ဖမ်းဆီးခြင်းခံရ

Tharyarwaddy 8 City / ဒီဇင်ဘာ ၁၉ ၂၀၂၃

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖို၊ ကြို့ပင်ကောက်၊ မင်းလှနှင့် နတ်တလင်းမြို့နယ်တို့တွင် စက်သုံးဆီ တန်းစီ၀ယ်ယူနေသည့် ပြည်သူများကို စစ်ကောင်စီတပ်သားများက ရှောင်တခင်၀င်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း သိရှိရပါသည်။

ဖမ်းဆီးခံရသူများကို ငွေကြေးပေးမှ ပြန်လည်လွတ်​ပေးကြောင်း သိရှိရကာ အများစုမှာ ဆိုင်ကယ်လိုင်စင် ယာဥ်မောင်းလိုင်စင် မပြည့်စုံဟုဆိုသည့် အကြောင်းပြချက်ဖြင့် ရှောင်တခင် ဝင်ရောက်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း နတ်တလင်း ဒေသခံတဦးကပြောသည်။

"ဆီတွေက တန်းစီတာတောင် လိုသလောက်မရပါဘူးဗျာ၊ ခုလိုက်ပါဖမ်းနေတယ်လေ၊ ကျနော့် ဆိုင်ကယ်ကလည်း လိုင်စင်မရှိဘူးဆိုတော့ ဘယ်မှမသွားပဲနေရမယ့်ပုံဖြစ်နေပြီ၊ အဖမ်းခံရသူတွေဆီက တသိန်းပေးမှ လွတ်တယ်ဆိုတော့ ကျနော်ကတော့ဘယ်မှမသွားတော့ဘူး"ဟု နတ်တလင်းမြို့ခံ ဦးမွန်ကြီး (အမည်လွှဲ)က Tharyarwaddy 8 City ကိုပြောပါတယ်။

လက်ရှိအချိန်တွင် သာယာ၀တီခရိုင်အတွင်း ဓာတ်ဆီ ၁လီတာလျှင် ကျပ် ၅၀၀၀ အထက် စျေးပေါက်ကာ အပြင်စျေးကွက်တွင် ဓာတ်ဆီ ၁လီတာလျှင် ကျပ် ၈၀၀၀ ပေးရသဖြင့် စက်သုံးဆီဆိုင်ကြီးများရှေ့၌ ညအိပ်စောင့်ဆိုင်းကာ တန်းဆီ ဝယ်ယူနေရပြီး စစ်ကောင်စီ၏ ယခုလို ဖမ်းဆီးမှုများကြောင့် ပြည်သူများ တပူပေါ်နှစ်ပူဆင့် ဒုက္ခများရပြန်သည်။

ဓာတ်ပုံ - သာယာဝတီတိုးဂိတ်နှင့် အင်းရွာကြားရှိ MAX ဆီဆိုင်တွင် ပြည်သူများ ဆီဝယ်ရန် စောင့်ဆိုင်းနေကြစဥ်

သတင်း~လွတ်လပ်ငြိမ်း(နတ်တလင်း)
စာတည်း~ ကျော်ကြီး

=============================
Tharyarwaddy 8 City မှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါပလက်ဖောင်းများတွင် ဖက်ရူနိုင်ပါသည်။

Facebook စာမျက်နှာ 👇👇👇
https://www.facebook.com/profile.php?id=100071042152240&mibextid=gik2fB

Telegram ချန်နယ် 👇👇👇
https://t.me/tharyarwaddy8city

YouTube ချန်နယ် 👇👇👇
https://youtube.com/


#စက်သုံးဆီတန်းစီ #စစ်ကောင်စီ၀င်ဖမ်း

လက်ပံတန်းမြို့နယ်တွင် ပြီးခဲ့တဲ့ အောက်တိုဘာလမှ ယနေ့အထိ ၂လအတွင်း ပြည်သူ၁၀ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံရသူ အများ...
16/12/2023

လက်ပံတန်းမြို့နယ်တွင် ပြီးခဲ့တဲ့ အောက်တိုဘာလမှ ယနေ့အထိ ၂လအတွင်း ပြည်သူ၁၀ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံရသူ အများစုမှာ မိသားစုနှင့် အဆက်အသွယ် မရကြပေ။

ဓာတ်ပုံ - ဖမ်းဆီးခံရသူ ဦးသန်းမြတ်စိုးအား သာယာဝတီထောင်ရှေ့၌ တွေ့ရစဥ် (ပုံဟောင်း)

သတင်း စာတည်း - ရာမန်

========================
Tharyarwaddy 8 Cityမှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါတယ်လီဂရမ်ချန်နယ်တွင်လည်း ဖက်ရူနိုင်ပါသည်။
တယ်လီဂရမ်လင့်👉👇👈

https://t.me/tharyarwaddy8city

လက်ပံတန်းက စစ်တပ်ထောက်ခံသူတဦး စက်သုံးဆီ စျေးတက်တာ ဝေဖန်မှုကြောင့် စစ်ကောင်စီဖမ်းဆီး

လက်ပံတန်း ဒီဇင်ဘာ ၁၆ ၂၀၂၃ Tharyarwaddy 8 City

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက လက်ပံတန်းမြို့နယ်တွင် စစ်တပ်ထောက်ခံသူတဦး စက်သုံးဆီ စျေးတက်တာ ဝေဖန်မှုကြောင့် မနေ့မနက်ပိုင်းမှာ စစ်ကောင်စီမှ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

လက်ပံတန်းမြို့ ဘီလင်းတန်းရပ်ကွက်မှာ နေထိုင်တဲ့
ဦးသန်းမြတ်စိုးအား ဒီဇင်ဘာလ ၁၅ရက် ယမန်နေ့ နံနက် ၁၀နာရီခန်မှာ စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ ဦးသန်းမြတ်စိုးမှာ စစ်တပ်ထောက်ခံသူဖြစ်ကာ ယခုရက်ပိုင်းအတွင်း စက်သုံးဆီစျေးတက်သည့်ဖြစ်စဥ်အား ဝေဖန်ရေးသားခြင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက် နိုင်ငံအတွင်း ပြည်သူလူထု ဒုက္ခရောက်နေ​ရကြောင်း မကြာခဏဆိုသလို ဝေဖန်ရေးသားမှုများကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်သည်ဟု မြို့ခံတွေက ဆိုသည်။

"ဘီးလင်းတန်းက သန်းမြတ်စိုးကို မနေ့မနက် ၁၀နာရီလောက်မှာ စစ်တပ်က လာဖမ်းသွားတယ် သူကခုရက်ထဲ ဆီစျေးတက်တဲ့ကိစ္စ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ဝေဖန်ရေးတဲ့ကိစ္စ၊ စကစလက်ထက်မှာ ကုန်စျေးနှုန်းကြီးတာ၊ မီတာရုံးကဝန်ထမ်းတွေ မီတာခတွေ မတရားတောင်းတာ၊ အဲ့လိုကိစ္စတွေကို လူမှုကွန်ယက်မှာ ရေးတင်နေတာကြောင့် ရဲနဲ့စစ်တပ်က သိပ်မကြည်တာကြာပြီ ခုမှသူအဖမ်းခံရတာ"ဟု အမည်မဖော်လို ၄င်း၏ မိတ်ဆွေတဦးမှ Tharyarwaddy 8 Cityကို ပြောပါတယ်။

လက်ပံတန်းမြို့နယ်တွင် ပြီးခဲ့တဲ့ အောက်တိုဘာလမှ ယနေ့အထိ ၂လအတွင်း ပြည်သူ၁၀ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံရသူ အများစုမှာ မိသားစုနှင့် အဆက်အသွယ် မရကြပေ။

ဓာတ်ပုံ - ဖမ်းဆီးခံရသူ ဦးသန်းမြတ်စိုး (ပုံဟောင်း)

သတင်း- သုခ‌ဧရာ(လက်ပံတန်း)

စာတည်း - ရာမန်

========================
Tharyarwaddy 8 Cityမှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါတယ်လီဂရမ်ချန်နယ်တွင်လည်း ဖက်ရူနိုင်ပါသည်။
တယ်လီဂရမ်လင့်👉👇👈

https://t.me/tharyarwaddy8city

08/12/2023

ပဲခူးအနောက်ခြမ်းမှာ NLD ရပ်ကျေးအမှုဆောင်နဲ့ ပါတီဝင်အချို့ ဆက်တိုက်ဖမ်းခံနေရ

ပဲခူး၊ ဒီဇင်ဘာ‌ ၅၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်း၊ ပေါင်းတည်နဲ့ နတ်တလင်းမြို့နယ်က NLD ရပ်ကျေးအမှုဆောင်အချို့နဲ့ ပါတီဝင်တို့ကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်လာတယ်လို့ ဒေသတွင်း NLD ပါတီဝင်တဦးက ပြောပါတယ်။

လက်ပံတန်းမြို့အနောက်ဘက်၊ ပျဥ်းကတိုးကုန်းအုပ်စုက အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ဥက္ကဌ ဦးဝင်းအောင်ကျော်နဲ့ အတွင်းရေးမှူး ဦးမောင်မောင်တာတို့ကို ဒီဇင်ဘာ ၁ ရက် ည ၈ နာရီလောက်မှာဖမ်းဆီးခဲ့ပြီး ပေါင်းတည်မြို့ပေါ်က ရပ်ကျေးအတွင်းရေးမှူး ၁ ဦးကိုတော့ နိုဝင်ဘာလ နောက်ဆုံးအပတ်ထဲမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ပေါင်းတည်မြို့က NLD ရပ်/ကျေး အတွင်းရေးမှူးကိုတော့ ဖမ်းဆီးစစ်ဆေးပြီး နေ့ချင်းပြန်လွှတ်ခဲ့ပေမယ့် လက်ပံတန်းမြို့နယ်က NLD ပါတီ ဥက္ကဌနဲ့ အတွင်းရေးမှူးကိုတော့ ဖမ်းဆီးထားဆဲဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်အထိ မိသားစုနဲ့ တွေ့ခွင့်မရသလို ဘယ်မှာချုပ်ထားတယ်ဆိုတာလည်း မသိရဘူးလို့ ဆိုပါတယ်။

အလားတူ နတ်တလင်းမြို့နယ်၊ တာပွန်မြို့က အသက် ၇၀ အရွယ် NLD ပါတီဝင် ဦးအောင်ကြီးကိုလည်း စစ်ကောင်စီတယ်လီဂရမ်မှာ ဖော်ပြခံရပြီးနောက် နိုဝင်ဘာလ ၁၅ ရက်အစောပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“တော်လှန်ရေးရဲ့ အရှိန်ကို ဘယ်လိုမှ ထိမ်းမရတော့ ပြည်သူ့တော်လှန်ရေးကိုမနိုင်တော့ ပြည်သူကိုကျတော့လည်း တံဆိပ်ကပ်မရတော့ ဘာမှမလုပ်တဲ့ NLD ပါတီဝင်တွေ၊ အနီလို့ ထင်တဲ့သူတွေကို ပတ်မဲနေတာ။" လို့ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီမြို့ခံ ပါတီဝင်တဦးက သုံးသပ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၄ / ၂၀၂၃ နဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် နိုဝင်ဘာလ ၁ ရက်အထိ NLD လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦးအပါအဝင် အဖွဲ့ဝင်စုစုပေါင်း ၁၂၉၀ ဦး ဖမ်းဆီးခံထားရတယ်လို့ ဆိုထားပါတယ်။

ပုံစာ - သာယာဝတီမြို့NLD ပါတီရုံး (ပုံဟောင်း)။

သတင်း - ခန့်အောင်၊ စာတည်း - လင်း
#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #လက်ပံတန်း #ပေါင်းတည် #ဖမ်းဆီး #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း
မြေလတ်အသံ page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
*****************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/

08/12/2023

ယ္ခုလိုလှူဒါန်းပေးပါသောထောက်ပို့အကိုအားအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ

08/12/2023

ယခုလိုလှူဒါန်းထောက်ပို့ပေးပါသောJIGSAW အဖွဲ့အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ

07/12/2023

[English Below]
အဓမ္မပြုကျင့်မှုဖြင့် သံသယရှိသူကို ရဲစခန်းတွင် ရိုက်နှက်စစ်ဆေးရာမှ လက်လွန်သေဆုံး

4 Dec 2023 By MPA CJ 002

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ဆွံ့အ၊ နားမကြားအမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့ သည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့သောအမျိုးသားကို လက်ပံတန်းမြို့မရဲစခန်းအတွင်း ရိုက်နှက်စစ်ဆေးရာမှ လက်လွန်သေဆုံးသွားခဲ့ကြောင်း ဒေသခံများကဆိုသည်။

အဓမ္မပြုကျင့်မှုဖြင့် သံသယရှိသူအမျိုးသားကို ရပ်ကွက်နေပြည်သူများ၏ အကြောင်းကြားချက်အရ အ ခင်းဖြစ်သည့်နေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာပင် လာရောက်ဖမ်းဆီးသွားခဲ့ပြီး ထိုနေ့ညမှာပင်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

“ကောင်မလေးက စကားမပြောတတ်ဘူး။ အခင်းဖြစ်တဲ့နေ့က သူ့မိဘတွေအိမ်မှာမရှိဘူး။ ပြန်လာမှ ငို နေလို့မေးကြည့်တော့မှ ကျူးလွန်ခံရတာကိုသိတာ။ ဘယ်သူကျူးလွန်လဲဆိုတာကိုမေးမရဘူး။ ကောင် မလေး အန်တီရဲ့ယောကျ်ားကလည်း အဲ့ဒီအိမ်ကိုအဝင်အထွက်ရှိတော့ ကျူးလွန်သူဆိုပြီး ရပ်ကွက်ကလူ တွေက ရဲစခန်းကိုဖုန်းဆက်အကြောင်းကြားလိုက်တာ”ဟု ၎င်းကဆိုသည်။

ထို့နောက် စွပ်စွဲခံရသူအမျိုးသားသည် အချုပ်ခန်းအတွင်း မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးသည်ဟု ရဲစခန်း မှ အကြောင်းကြားလာခဲ့ပြီး အလောင်းအား မိသားစုထံပြန်လည်ပေးအပ်ခြင်းမရှိဘဲ သင်္ဂြိုလ်လိုက် ကြောင်း သေဆုံးသူအမျိုးသား၏ မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ဆုံးသွားပြီတဲ့၊ အခန်းထဲမှာ တစ်ယောက်ထဲထားတဲ့အချိန် ကြိုးဆွဲချဆုံးသွားတာတဲ့၊ အလောင်းပြန်မ ပေးဘူး။ ခန္ဓာကိုယ်မှာလဲ ဒဏ်ရာတွေတွေ့တယ်ပြောတယ်။ မနေ့က(ဒီဇင်ဘာ ၃) သင်္ဂြိုလ်လိုက်တယ်” ဟု ၎င်းကဆိုသည်။

သေဆုံးသူအမျိုးသားသည် ပြစ်မှုကျူးလွန်သူအမှန်တကယ်ဖြစ်နေသည့်တိုင်အောင် တရားဥပဒေအရ ချ မှတ်ထားသည့် ပြစ်ဒဏ်ကိုသာပေးသင့်ပြီး ယခုကဲ့သို့ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းမှာ ဥပဒေမဲ့လုပ် ရပ်တစ်ခုဖြစ်ကြောင်း ရှေ့နေတစ်ဦးကဆိုသည်။

“ပြစ်ဒဏ် ကျူးလွန်လား၊ မကျူးလွန်ဘူးလာဆိုတာ သေချာစစ်ဆေးရမှာလေ။ တကယ်လို့ ပြစ်မှူကျူး လွန်ခဲ့တယ်ဆိုရင်တောင် ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးရမှာ။ အခုလို ဥပဒေမဲ့ နှိပ်စက်သတ်ဖြတ်တာက ဒီနိုင် ငံမှာ ဥပဒေမရှိတော့ဘူးဆိုတာကို ပြသနေတာပဲ” ဟု ၎င်းကသုံးသပ်သည်။

သေဆုံးသူအမျိုးသားမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိသူတစ်ဦးဖြစ်ပြီး အရက်အလွန်အကျွံ သောက်သုံး ခဲ့ခြင်းကြောင့် စိတ်ကျန်းမာရေးချို့တဲ့နေသူတစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/34mec
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

စာတည်း - ကိုလင်း
#ပဲခူး #လက်ပံတန်း #အမျိုးသမီးငယ် #အဓမ္မပြုကျင့်

[English Version]

A R**e Suspect killed after inspected beating at the Police Station

4 Dec 2023 By MPA CJ 002

The police arrested a suspected man for forcibly ra**ng a disabled young girl in Lepantan township of Bago Region, and he was killed at the police station when being inspected with beating, according to residents.

“The police arrested a man suspected of r**e according to notification by residents on the day of incident of December 2. After that, he was killed that night,” a local man said.

“The girl r**ed cannot speak because she is a disabled person. On the day of the incident, her parents were not at home. When they came back, she was crying. So, her parents asked her, and then they know that she had been r**ed. But she didn’t tell who r**e her when they asked. The husband of the girl's aunt was going in and out of that house, so people in the neighborhood called the police station to report him as a committed person," he said.

“Then the police station informed the family that the accused man had hanged himself in custody, so they buried the dead body without returning it to the family,” said a person close to the dead man's family.

"The police said that he hanged himself when he was alone in the room. But they did not return the dead body to his family. I hear injuries were found on the dead body and he was buried yesterday,” he said.

“The dead man should only be given the punishment prescribed by law even if he committed, and this kind of torturing and killing is an illegal act,” a lawyer said.

"It must be checked to make sure whether he committed or not. Even if he committed a crime, he should be punished under the law. This unlawful torture and killing shows that there is no rule of law in this country," he concluded.

The dead man is 40 years old and has poor mental health due to drinking too much alcohol, according to locals.

Translator: Grace

02/12/2023

လက်ပံတန်းက NLDပါတီဝင်၂ဦးကို စစ်ကောင်စီတပ် အင်အားသုံးရိုက်နှက်ဖမ်းဆီး

လက်ပံတန်း ဒီဇင်ဘာ ၂ ၂၀၂၃ Tharyarwaddy 8 City

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက လက်ပံတန်းမြို့နယ်က NLDပါတီဝင် ၂ဦးကို စစ်ကောင်စီတပ်က မနေ့ညပိုင်းမှာ အင်အားသုံး ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးရွာက အုပ်ချုပ်ရေးမှူး ဌေးနိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်သား ၂၀ခန့်ဖြင့် ၄င်းရွာတွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်ကျေးဥက္ကထ ဦးဝင်းအောင်ကျော် နှင့် အတွင်းရေးမှူး ဦးမောင်မောင်တာတို့၏ နေအိမ်များအတွင်းသို့ ဒီဇင်ဘာ၁ရက် ယမန်နေ့ည ၈နာရီ ၃၀မိနစ်ခန့်တွင် အတင်းအဓမ္မ ဝင်ရောက်၍ အင်အားသုံးကာ အကြမ်းဖက် ရိုက်နှက်
ဖမ်းစီးသွား​ပြီး ယနေ့ညပိုင်းအထိ ဖမ်းဆီးခံရသူ၂ဦးနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။

"မနေ့ည၈ခွဲလောက်မှာ ပျဥ်းကတိုးကုန်းက NLD ရပ်ကျေးဥက္ကထ ဦးဝင်းအောင်ကျော်နဲ့ အတွင်းရေးမှူး ဦးမောင်မောင်တာတို့ကို အဲ့ရွာက အုပ်ကြီး ဌေးနိုင်ဦးဆောင်ပြီး စစ်ခွေး၂၀လောက်နဲ့ အိမ်ထဲကို အတင်းဝင်ဖမ်း ရိုက်နှက်ပြီး ကားနဲ့ခေါ်သွားကြတယ် ခုထိတော့ ဘာ့ကြောင့်ဖမ်းတယ်ဆိုတာနဲ့ ဘယ်မှာဖမ်းထားလဲဆိုတာ မသိရသေးဘူး"ဟု အမည်မဖော်လိုသူ ဒေသခံတဦးမှ Tharyarwaddy 8 Cityကို ပြောပါတယ်။

ယခု NLDပါတီဝင်၂ဦးအား ဖမ်းဆီးရာတွင် ဦးဆောင်သည့် အုပ်ချုပ်ရေးမှူး ဌေးနိုင်မှာ စစ်ကောင်စီအတွတ် အလုပ်လုပ်ပေးနေသူဖြစ်ကာ ဒေသတွင်းမှ လူငယ်များအား ပျူစောထီးနှင့် စစ်တပ်အတွတ် အင်အားစုဆောင်းပေးခြင်း၊ မူးယစ်ဆေးဝါးများအား လက်ပံတန်း မင်းလှနှင့် မိုးညိုမြို့နယ်တို့တွင် ဖြန့်ဖြူးခြင်း၊ စစ်တပ်နှင့်ရဲအား ဆက်ကြေးပေး၍ လောင်းကစားဝိုင်းများအား ဦးဆောင်ပြုလုပ်နေကာ ပြည်သူများကို ဖိနှိပ်ဒုက္ခပေးနေသည့်အတွတ် နံမည်ဆိုးဖြင့် လူသိများသူဟု သိရသည်။

သတင်း စာတည်း - ရာမန်

========================
Tharyarwaddy 8 Cityမှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါတယ်လီဂရမ်ချန်နယ်တွင်လည်း ဖက်ရူနိုင်ပါသည်။
တယ်လီဂရမ်လင့်👉👇👈

https://t.me/tharyarwaddy8city

25/11/2023

သာယာ၀တီခရိုင်တွင် စစ်ကောင်စီမှ ပေါ်တာ‌ဆွဲမည်ဆိုသည့်သတင်းကြောင့် လူငယ်တွေ PDFထဲ၀င်ရောက်မှုများပြားနေ

နို၀င်ဘာ ၂၅ ၂၀၂၃ Tharyarwaddy 8 City

ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက လူငယ်တွေကို စစ်ကောင်စီမှ မတရားဖမ်းဆီးကာ ပေါ်တာဆွဲပြီး စစ်တပ်ထဲ အတင်းအဓမ္မ ၀င်ရောက်ခိုင်းမည်ဆိုသည့် သတင်းကြောင့် PDFထဲ ဝင်ရောက်ရန် ဆက်သွယ်သူ များပြားနေကြောင်း စုံစမ်းသိရသည်။

သာယာ၀တီခရိုင်တွင် အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံ တပ်ရင်းများဖြစ်ကြသည့် တပ်ရင်း ၃၈၀၁ နှင့် တပ်ရင်း ၃၈၀၂ ဟူ၍ တပ်ရင်း ၂ရင်းဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များလည်း ဖွဲ့စည်းထားပါသည်။

စစ်ကောင်စီက သာယာ၀တီခရိုင်အတွင်းရှိ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးကာ စစ်တပ်အတွတ် အင်အားစုဆောင်းရန် အကြောင်းအမျိုးမျိုးပြ ဖမ်းဆီး၍ ပေါ်တာဆွဲနေသည့် ဖြစ်စဥ်တချို့ရှိနေသလို လူငယ်များလည်း မကြာခဏ ပျောက်ဆုံးတာတွေ ရှိနေပါတယ်။

ထို့ကြောင့် သာယာ၀တီခရိုင် ရှစ်မြို့နယ်အတွင်းက လူငယ်များသည် PDFများထံ ချိတ်‌ဆက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အဖွဲ့တွေဆီမှာ တာဝန်ထမ်းချင်တယ်ဆိုပြီး ဆက်သွယ်လာကြတဲ့သူက တနေ့တနေ့ကို ဆယ်ဂဏန်းအထက်မှာ ရှိနေပါတယ် ဒီအထဲမှာ အများစုက လူငယ်တွေဖြစ်ပြီး မအလတပ်က ပေါ်တာဆွဲမယ်ဆိုတဲ့သတင်းနဲ့ လူငယ်တချို့ကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး စစ်တပ်ထဲ ထည့်တာမျိုးတွေ ပျူစောထီးအဖြစ် အင်အားစုဆောင်းတာမျိုးတွေ ရှိနေတဲ့အတွတ် စစ်တပ်နဲ့ပျူထဲတော့မဝင်ဘူး PDFထဲဝင်မယ်ဆိုပြီး ချိတ်ဆက်လာကြတာ"ဟု သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက Tharyarwaddy 8 City သတင်းဌာနကို ပြောသည်။

"အခုလက်ရှိတော့ ချိတ်ဆက်လာကြသူတွေကို အကန့်အသတ်နဲ့ပဲ စိစစ်လက်ခံနေပါတယ် ရှိနေတဲ့ရဲဘော်တွေကိုတောင် လက်နက်က အကုန်မတပ်ဆင်ပေးနိုင်ဖြစ်နေတယ် လူငယ်တွေအနေနဲ့ PDFထဲ မဝင်ရလို့ စိတ်မပျက်ကြပါနဲ့ လက်နက်ကိုင်မှ PDFမဟုတ်ဘူး လက်နက်ကိုင်နေကြတဲ့ PDFတွေအတွတ် နိုင်သလောက် နောက်ကနေ ပံ့ပိုးပေးတာလဲ PDFပါပဲ"ဟု ၎င်းကဆက်ပြောသည်။

သာယာ၀တီခရိုင်တွင် တိုက်ပွဲဖော်ဆောင်မှုတွေ မကြာခန လုပ်ဆောင်နေပြီး ယခုအချိန်ထိ ပဲခူးရိုးမ အနောက်ခြမ်းက သက်ဆိုင်ရာနယ်မြေများကို PDFများက စိုးမိုးထားကြောင်း သိရသည်။

ဓာတ်ပုံ - သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phoenix D F ရဲဘော်များ

သတင်း - ကြောင်လူမိုက်
စာတည်း - ရာမန်

========================
Tharyarwaddy 8 Cityမှ ရေးသားတင်ပြနေသည့် သတင်းများအား အောက်ပါတယ်လီဂရမ်ချန်နယ်တွင်လည်း ဖက်ရူနိုင်ပါသည်။
တယ်လီဂရမ်လင့်👉👇👈

https://t.me/tharyarwaddy8city

24/11/2023

သာယာ၀တီခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လူမှုကွန်ယက်စာမျက်နှာများ

ပဲခူးတိုင်း၊ သာယာ၀တီခရိုင်အတွင်း၌ လှုပ်ရှားဆောင်ရွက်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်း တပ်ခွဲများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တရားဝင်အသုံးပြုနေသည့် လူမှုကွန်ယက်စာမျက်နှာများကို ပြည်သူများ သိရှိစေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။
-------------------------------------------------------------------

သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100091398384806&mibextid=ZbWKwL

====================================

သာယာဝတီခရိုင်တပ်ရင်း ၊ တပ်ရင်းအမှတ် -၃၈၀၁
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/P23801?mibextid=ZbWKwL

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁တွင် ပါဝင်သည့် တပ်ဖွဲ့များ

တပ်ခွဲ(၁) YOMA GBK
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇 https://www.facebook.com/profile.php?id=100086851028849&mibextid=ZbWKwL

တပ်ခွဲ(၂) Phoenix D F
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇 https://www.facebook.com/profile.php?id=100080818478616&mibextid=ZbWKwL

တပ်ခွဲ(၃) နတ်စစ်သည်
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇 https://www.facebook.com/profile.php?id=100075986600083&mibextid=ZbWKwL

တပ်ခွဲ(၄) MRF-Nattalin 3801
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=61550833680697&mibextid=ZbWKwL

တပ်ခွဲ(၅) တပ်ရင်း၃၈၀၁/တပ်ခွဲ၅ ကြို့ပင်ကောက်heroပြောက်ကျားတပ်ဖွဲ့့
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=61553157372069&mibextid=ZbWKwL

====================================

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ P23802
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100093636782024&mibextid=ZbWKwL

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂တွင် ပါဝင်သည့် တပ်ဖွဲ့များ

တပ်ခွဲ(၁) Dragon Brothers GBK
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=61551029252119&mibextid=ZbWKwL

တပ်ခွဲ(၂) သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100070294786077&mibextid=ZbWKwL

တပ်ခွဲ(၃) သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၃
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100094260488593&mibextid=ZbWKwL

တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100075583826392&mibextid=ZbWKwL

တပ်ခွဲ(၄) ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100084433522698&mibextid=ZbWKwL

တပ်ခွဲ(၄) Monyo People Defence Force
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/monyopeopledefenseforce?mibextid=ZbWKwL

တပ်ခွဲ(၅) သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100094250526442&mibextid=ZbWKwL

တပ်ခွဲ(၆) Black Dragon”PDF
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100083173845026&mibextid=ZbWKwL

====================================

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဒေသကာကွယ်ရေးအဖွဲ့များ

သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=61553211249490&mibextid=ZbWKwL

သာယာဝတီဂဠုန်တပ်ဖွဲ့
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=61550925189973&mibextid=ZbWKwL

လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
ရွှေတန်းမြေသူရဲကောင်းများ
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/SDM.INFOR?mibextid=ZbWKwL

မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100094377079595&mibextid=ZbWKwL

မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
Monyo People Defence Force
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/monyopeopledefenseforce?mibextid=ZbWKw

အုတ်ဖိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
Okpo PDF
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100083274013974&mibextid=ZbWKwL

ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကြို့ပင်ကောက်မြို့နယ်
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100083556283392&mibextid=ZbWKwL

ဇီးကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
ZIGON PDF
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/profile.php?id=100083172790157&mibextid=ZbWKwL

နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
ဖေ့ဘွတ်စာမျက်နှာလင့်👇👇👇
https://www.facebook.com/ntnpdf?mibextid=ZbWKwL


-----------------------------------------------------------------------
ယခုစာမျက်နှာသည် NUGအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တရားဝင်သတင်းစာမျက်နှာဖြစ်ပါသည်။သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို https://t.me/tharrawaddydistrictpdfgroup တယ်လီဂရမ်ချန်နယ်တွင်လည်း ဝင်ရောက်ကြည့်ရူနိုင်ပါသည်။

#သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

Address

Letpandan

Website

Alerts

Be the first to know and let us send you an email when Letpadan Thadin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Letpandan media companies

Show All