Lashio News Agency

  • Home
  • Lashio News Agency

Lashio News Agency Lashio News Agency is a news agency accredited by the Ministry of Information of the Government of the Republic of the Union of Myanmar.

တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ ကုန်းတွင်းပိုင်း ဝင်ရောက်ခဲ့မှု့အပြီးမှာ အရှေ့တောင် အာရှနိုင်ငံများတွင် မိုးကြီးပြီး ရေကြီး...
11/09/2024

တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ ကုန်းတွင်းပိုင်း ဝင်ရောက်ခဲ့မှု့အပြီးမှာ အရှေ့တောင် အာရှနိုင်ငံများတွင် မိုးကြီးပြီး ရေကြီးရေလျှံမှု့တွေ ဖြစ်ပေါ်နေတာပါ။

တောင်ပေါ်ဒေသဖြစ်တဲ့ ရှမ်းတောင်တန်းများတည်ရှိရာ တောင်ကြီးမြို့ နှင့် တောင်ကြီးမြို့အောက်ပိုင်းဒေသရှိ ရွှေညောင် - ညောင်ရွှေ - အောင်ပန်း - ကလောတို့တွင်လည်း ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှု့ကြောင့် ရေကြီးရေမြုပ်မှု့များ ဖြစ်ပေါ်နေပါတယ်။

ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၁) ရက်နေ့ နံနက်ပိုင်းမှာလည်း မကြုံစဖူးအဖြစ် ရွှေညောင်မြို့မဈေး ရေမြုပ်နေတဲ့အပြင် ရွှေညောင်-ညောင်ရွှေ လမ်းပိုင်းပေါ်တွင်လည်း ရေလျှံနေလျှက်ရှိပြီး ရေဘေးဒုက္ခကို ပြည်သူများ ရင်ဆိုင်နေရပါတယ်။

ရှမ်း/မြောက်မှ စစ်ဘေးရှောင်အများစုကလည်း ယခုလက်ရှိရေမြုပ်ဧရိယာမှာ ယာယီလာရောက်ဌားရမ်းနေထိုင်နေကြသူများပြီး လက်တလော ဒုက္ခရောက်နေကြရပါတယ်။

လားရှိုးမြို့သို့ ပျံသန်းပြေးဆွဲနေသည့် လေကြောင်းလိုင်းများ တိုက်ပွဲကြောင့် ခရီးစဉ်များဖျက်သိမ်း=========================...
03/07/2024

လားရှိုးမြို့သို့ ပျံသန်းပြေးဆွဲနေသည့် လေကြောင်းလိုင်းများ တိုက်ပွဲကြောင့် ခရီးစဉ်များဖျက်သိမ်း
=======================================

၃ ရက် ၊ ဇူလိုင် ၂၀၂၄ ၊ လားရှိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် တကျော့ပြန်ဖြစ်နေသည့် ထိတွေ့ တိုက်ပွဲများကြောင့် လားရှိုးမြို့သို့ ပျံသန်းပြေးဆွဲနေသည့် လေကြောင်းလိုင်းများ ယနေ့ ( ဇူလိုင် ၃ ) ရက်နေ့တွင် ခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်သည်ဟုသိရသည်။

" ဒီနေ့ခရီးစဉ်တွေ အကုန်ဖျက်သိမ်းလိုက်တဲ့သဘောပေါ့ .... မနက်ဖြန်တော့ ဘာမှန်းမသိသေးဘူး ။ ပြန်ဖွင့်မဖွင့်က မနက်ဖြန်မှ သိရတော့မှာ" ဟု လေကြောင်းလိုင်းတခုမှ တာဝန်ရှိသူက ပြောပြသည်။

လားရှိုးမြို့နယ်အတွင်း မနေ့ည(၁၁) နာရီလောက်မှစ၍ ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေပြီး လားရှိုးမြို့ပေါ်ကနေ လက်နက်ကြီးပစ်ကူပေးနေသည့် အမြောက်သံများ ယမာန်နေ့ညမှ ယခု သတင်းရေးသားနေချိန်ထိ အဆက်မပြတ်ကြားနေရသည်။


ဓါတ်ပုံ - လားရှိုးလေဆိပ်တွင်ဆိုက်ရောက်ထားသည့် လေယာဉ်တစင်းပုံ (ပုံဟောင်း )

လားရှိုးမြို့မှာ မီးပြတ်သွားတာကြောင့် စက်သုံးဆီဝယ်ယူမှု့များပြားနေ=======================================၂၆ ၊ ဇွန်လ (၂၀၂...
26/06/2024

လားရှိုးမြို့မှာ မီးပြတ်သွားတာကြောင့် စက်သုံးဆီဝယ်ယူမှု့များပြားနေ
=======================================

၂၆ ၊ ဇွန်လ (၂၀၂၄) ၊ လားရှိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်မှာ ဇွန်လ(၂၅) ရက်နေ့ နံနက်ပိုင်းကတည်းက လျှပ်စစ်မီးရရှိမှု့ ပြတ်တောက်သွားတာကြောင့် စက်သုံးဆီတွေ ဝယ်ယူသူတွေနဲ့ ကြိတ်ကြိတ်တိုးနေပါတယ်။

မီးပြတ်တာ (၂၄) နာရီရှိခဲ့ပြီဖြစ်ပြီး ယနေ့မနက်ကစ၍ မီးစက်နိုးရန်နှင့် စက်သုံးဆီ ကြိုတင်စုဆောင်းသူများကြောင့် မြို့ပြင်စက်သုံးဆီ အရောင်းဆိုင်များပါမက မြို့လည် အဝိုင်းနားက ဆိုင်တွေမှာပါ ကားတန်းနေလျှက်ရှိသည်။

" မီးပြတ်တော့ မီးစက်နိုးဖို့ ဆီလိုတာရယ် ကားဆီကြိုဖြည့်ချင်တာရယ်ကြောင့် ဒီမနက်ဆီလာထည့်တာ လမ်းတွေပါပိတ်ကြပ်ကုန်တယ်" ဟု ဒေသခံတစ်ဦးကဆိုသည်။

စက်သုံးဆီအရောင်းဆိုင်မှလည်း " 92 တွေကို မပြတ်အောင် ဖြည့်ပေး ရောင်းပေးပါတယ် .... ဒီမနက်တော့ 95 တွေဘဲ ရောင်းပေးထားနိုင်တယ် နေ့လည်တော့ ပြန်ရောင်းပေးမှာပါ။လူတွေက တခုခုဆို စိုးရိမ်ပြီး လုထည့်ကြတော့ ကြိတ်ကြိတ်တိုးကုန်တယ်။ဆီက အသင့်ရှိပါတယ်။ ဆီပြတ်စရာအကြောင်း မရှိသေးပါဘူး " ဟုဆိုသည်။

မနေ့က လားရှိုးမြို့သို့ လျှပ်စစ်ဓါတ်အားပေးပို့နေသည့် မန်ဆန်ရေကျ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစနစ် ရပ်ဆိုင်းနေပြီး ကုန်းညောင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစနစ်ပါရပ်တန့်နေတာကြောင့် ယခုစာရေးသားနေချိန်အထိ လျှပ်စစ်မီးပြန်လည်ရရှိမှု့ မရှိသေးပေ။


Photo - Lashio News Agency

သီပေါနဲ့ လားရှိုးကြား ဆွတ်လန်းရွာအနီး ဆွတ်လန်း တံတား ဖောက်ခွဲဖျက်ဆီးခံထားရတဲ့ အနေအထားဖြစ်ပါတယ်။ကျောက်မဲမြို့နယ်အတွင်း နှ...
25/06/2024

သီပေါနဲ့ လားရှိုးကြား ဆွတ်လန်းရွာအနီး ဆွတ်လန်း တံတား ဖောက်ခွဲဖျက်ဆီးခံထားရတဲ့ အနေအထားဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်အတွင်း နှင့် နောင်ချိုမြို့နယ်အတွင်း ယနေ့ ( ၂၅-၆-၂၀၂၄) ရက်နေ့ မနက်ပိုင်းက နှစ်ဘက်တိုက်ပွဲများ ပြန်လည်ဖြစ်ခဲ့ပြီး ယခုလို ပြည်ထောင်စုလမ်းပေါ်က တံတားငယ်တခု ပျက်ဆီးခဲ့ပြန်တာ ဖြစ်ပါတယ်။


Photo - Credit

ရှမ်း(မြောက်) ၊ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများပြန်ဖြစ်======================================၂၅ ဇွန် ၊ ၂၀၂၄ ခုနှစ် - ...
25/06/2024

ရှမ်း(မြောက်) ၊ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများပြန်ဖြစ်
======================================

၂၅ ဇွန် ၊ ၂၀၂၄ ခုနှစ် - လားရှိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ယနေ့ (၂၅-၆-၂၀၂၄) ရက်နေ့ နံနက်(၆) နာရီက ပြန်လည်စတင်ဖြစ်ပွားခဲ့တဲ့ ရှမ်းမြောက်ဒေသတွင်း ကျောက်မဲ-နောင်ချို လမ်းပိုင်းက တကျော့ပြန်တိုက်ပွဲများကြောင့် ယနေ့ နံနက်ပိုင်းမှာတော့ ကျောက်မဲမြို့ပေါ်မှာ အသွားအလာမရှိ တိတ်ဆိတ်နေပါတယ်။

" မနက်(၆) နာရီလောက်ကစပြီး လက်နက်သံတွေကြားတာပေါ့ .... မနက်ကျ လူတွေ အပြင်မထွက်ရဲကြဘူးလေ ... အသွားအလာလည်း နည်းတယ် မရှိသလောက်ဖြစ်သွားတာ " ဟု ကျောက်မဲမြို့မှ ဒေသခံတစ်ဦးက ပြောပြသည်။

" ကျောက်မဲ-နောင်ချို လမ်းပိုင်းအခြေအနေကတော့ သတိထားသွားလာသင့်ပါတယ် .... အခုက တိုက်ပွဲဖြစ်နေတော့ ယခင် နောင်ချို - ကျောက်ဂူ လမ်းကနေဘဲ လားရှိုးကို ပတ်ရမယ့် အခြေအနေပြန်ဖြစ်လာတယ်" ဟု ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

ရှမ်းမြောက်ဒေသတွင်း တိုက်ပွဲများပြန်ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေး ပြောဆိုမှု့များ ယခုသတင်းသီတင်းပါတ်အတွင်း ထွက်ပေါ်လာပြီးနောက် ယနေ့တွင် နှစ်ဘက်ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်လာခဲ့သည်။


Photo - Credit

15/06/2024

စဉ့်အင် ဖောင်ကူးနေရာတွင် ယနေ့ညနေ ( 15-6-2024) က ကား ၂ စီးတင်ကာ ကမ်းကပ်စဉ် ကားများရေထဲပြုတ်ကျလျှက်ရှိနေ

တစီးမှာ လားရှိုးအခြေစိုက် ကမ္ဘောဇ နာရေးကူညီမှု့အသင်းမှ လူနာတင်ယာဉ်တစ်စီးဖြစ်ပြီး တစ်စီးမှာ ခရီးသည်တင် ကားတစီးဖြစ်သည်။

ရှမ်းမြောက်လမ်းပေါ်ရှိ ကျင်သီယာယီသစ်သားတံတား ချောင်းရေကြီးနေ၍ ဖြတ်သန်းခွင့် ယာယီပိတ်ထားရ================================...
26/05/2024

ရှမ်းမြောက်လမ်းပေါ်ရှိ ကျင်သီယာယီသစ်သားတံတား ချောင်းရေကြီးနေ၍ ဖြတ်သန်းခွင့် ယာယီပိတ်ထားရ
===================================

၂၆ ရက် ၊ မေလ - ၂၀၂၄ ( လားရှိုး)

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ - ကျောက်မဲကြားရှိ ကျင်သီယာယီတံတား ယနေ့တွင် ချောင်းရေကြီးနေသဖြင့် ယနေ့ မေလ (၂၆) ရက်နေ့ မနက်ပိုင်းကစပြီး ယာယီဖြတ်သန်း၍ မရနိုင်သေးကြောင်း သိရသည်။

ကျောက်မဲ - သီပေါ လမ်းပိုင်းတွင် ခရီးတိုစေပြီး လတ်တလောအားထားနေရသော ကျင်သီချောင်းကူး ယာယီသစ်သားခင်းတံတား ဤကဲ့သို့ ဖြတ်သန်းမရ၍ ယနေ့ ခရီးသည်တင်ယာဉ်များ ပိတ်မိစောင့်ဆိုင်းနေရလျှက်ရှိသည်။

" ဒီမနက်ခရီးထွက်လာတာ မန္တလေးကိုသွားမလို့ .... ကျင်သီနားရောင်တော့ ချောင်းရေကြီးနေတာနဲ့ ဖြတ်မရလို့ ပြန်လှည့်ပြန်ခဲ့ရတယ် " ဟု ခရီးသွားတစ်ဦးက Lashio News Agency သို့ပြောပြသည်။

ယခုရက်ပိုင်း လေဖိအားနည်းရပ်ဝန်းကြောင့် ရှမ်းမြောက်တခုလုံး နီးပါး မိုးရွာသွန်းနေတာကြောင့် ယာယီတံတားများထိုးထားသည့် လမ်းပိုင်းများနှင့် ကွင်းရှောင်တောလမ်းတွင် သွားလာရခက်ခဲနေသည်။

ယခုမိုးကြောင့် လားရှိုး- မူဆယ် ခရီးလမ်းသည်လည်း ရွံဗွက်များဖြင့် ပိုမိုဆိုးရွားကာ သွားလာရခက်တော့မည်ဖြစ်သည်။

Written by : Thein Min Tun ( Lashio )

Photo Credit - Ko Nay Ko Nay
Photo Credit - Ko Nay Ko Nay

လားရှိုးတွင် UID , Smart Card ပြုလုပ်ရန် တိုကင်လာယူကြသည့် အများပြည်သူများ ခရိုင်(လဝက) ရုံးအထိ လူတန်းကြီးဖြစ်============...
11/05/2024

လားရှိုးတွင် UID , Smart Card ပြုလုပ်ရန် တိုကင်လာယူကြသည့် အများပြည်သူများ ခရိုင်(လဝက) ရုံးအထိ လူတန်းကြီးဖြစ်
======================================

၁၁ ရက် ၊ မေလ (၂၀၂၄) ၊ လားရှိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရှိ အများပြည်သူများသည် (လဝက က ထုတ်ပေးတဲ့ UID , Smart Card ရရှိဖို့ အရင်ဆုံးတိုကင်ယူရန် တန်းစီနေကြသော လူအတန်းလိုက်ကြီးကို လားရှိုး (EPC) ရုံးဝန်းနားမှသည် လားရှိုးခရိုင်(လဝက) ရုံးပေါက်အထိ ယနေ့ (၁၁-၅-၂၀၂၄) ရက်နေ့ နံနက်ပိုင်းကနေ ယခု စာရေးနေချိန်အထိ မြင်တွေ့ရသည်။

မြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ ပြောင်းလဲကြရမည့် Electronic စနစ်ဖြင့် မှတ်တမ်းတင်ထားတဲ့ QR ကုဒ်ပါ နိုင်ငံသားစိစစ်ရေးကဒ်ပြား အဆင့်မြင့်တင်ခြင်းအား တနိုင်ငံလုံးအတိုင်းအတာနှင့် ပြုလုပ်ပေးခဲ့သည်မှာ ၂၀၂၃ ခုနှစ်ကတည်းက ဖြစ်သည်။

လတ်တလော တွင် နိုင်ငံသားတိုင်းမဖြစ်မနေပြုလုပ်ဖို့ ထပ်မံဆော်ဩခြင်းများ ရှိထားသည့်အတွက် ရပ်ကွက်အတွင်း ပြုလုပ်ပေးခဲ့သည့် အချိန်တွင်မမှီလိုက်သူများအား ယခုကဲ့သို့ ရုံးပိတ်ရက်(စနေ) ဖြစ်လင့်ကစား တိုကင်များ ထုတ်ပေးနေသည်ဟုသိရသည်။

" မနက်(၇)နာရီကတည်းက တိုကင်ပေးတာ ခုထိတော့ အလှည့်မကျသေးဘူး .... တိုကင်ကတော့ (၁၇) ရက်နေ့အထိရောက်နေပြီ" ဟု ကိုယ်တိုင် စီတန်းနေသူတစ်ဦးက ယနေ့ မနက်ပိုင်းက လားရှိုးနယူးစ်အေဂျင်စီသို့ ပြောပြသည်။

တိုကင်ရရှိသူများသည် သတ်မှတ်ရက်အတွင်း EID အရင်စစ်ရမှာဖြစ်ပြီး( ကွန်ပျူတာစာရင်းတွင် အိမ်ထောင်စု နှင့် မှတ်ပုံတင်ပါအချက်အလက် မှန်/မမှန် စစ်ဆေးခြင်း) အား အရင်ဆုံးပြုလုပ်ထားမှာဖြစ်ပြီး Smart Card လျှောက်ထားရန် မျက်လုံး စကင်ဖတ်ခြင်း၊ လက်ဗွေများ စကင်ဖတ်ခြင်းများ ဆက်လက်ပြုလုပ်ပြီးလျှင် A4 စာရွက်တပိုင်းစာ စာရွက်လေး တရွက်ရမှာဖြစ်ပါတယ်။

ထိုစာရွက်ငယ်အား မှတ်ပုံတင်အရွယ်အနေဖြင့် ပြန်ချုံ့ကာ ပလပ်စတစ်လောင်း၍ ခရီးသွားသည့်အခါတ်ုင်း လက်ရှိမှတ်ပုံတင်နှင့် အတူတကွ က်ုင်ဆောင်နေကြသည်။

နောက်ဆုံးရရှိတဲ့ သတင်းအရ (၂၃-၅-၂၀၂၄) ရက်နေ့အထိ တိုကင်ရက် ရောက်ရှိနေပြီဖြစ်သည်။


Photo Credit
Photo- Credit , NWT Fb and Others

Passport ( ပက်စပိုစ့် ) လုပ်ရန် လားရှိုးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ၂၀၂၄ မေလ (၂)ရက်နေ့မှစ၍ Online Appointment Sy...
02/05/2024

Passport ( ပက်စပိုစ့် ) လုပ်ရန် လားရှိုးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ၂၀၂၄ မေလ (၂)ရက်နေ့မှစ၍ Online Appointment System ( အွန်လိုင်းစနစ်အသုံးပြု၍ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းစနစ်) ဖြင့်သာ လက်ခံတော့မည်ဖြစ်သဖြင့်

ယခင်ကဲ့သို့ တန်းစီစောင့်ဆိုင်း၍ Passport လုပ်လို့မရတော့ကြောင်း သိရသည်။


ဓါတ်ပုံ - Credit

လားရှိုးမြို့တွင် သင်္ကြန်အတွင်း ဈေးပိတ်ရက်များအား လားရှိုးမြို့နယ်စီပင်သာယာရေးဌာနမှ ထုတ်ပြန် -
12/04/2024

လားရှိုးမြို့တွင် သင်္ကြန်အတွင်း ဈေးပိတ်ရက်များအား လားရှိုးမြို့နယ်စီပင်သာယာရေးဌာနမှ ထုတ်ပြန် -

လားရှိုး - တာချီလိတ်လားရှိုး - ဟဲဟိုး   အသွားအပြန် လေကြောင်းလိုင်းများ လတ်တလောပြေးဆွဲနိုင်ခြင်း မရှိသေးပါ။MNA လေကြောင်းလ...
17/03/2024

လားရှိုး - တာချီလိတ်
လားရှိုး - ဟဲဟိုး အသွားအပြန် လေကြောင်းလိုင်းများ လတ်တလောပြေးဆွဲနိုင်ခြင်း မရှိသေးပါ။

MNA လေကြောင်းလိုင်းမှ ၂၀၂၄ ခုနှစ် မတ်လ(၂၀) နောက်ပိုင်း လားရှိုး- မန်းလေး ပြေးဆွဲနိုင်ရန် ပြင်ဆင်နေကြောင်း နောက်ဆုံးသတင်းရရှိပါသည်။

လာရှိုးလေဆိပ်သို့ လေယာဉ်ခရီးစဉ်များ မတ်လ(၁၉) ရက်နေ့မှ စ၍ ပြန်လည်ပြေးဆွဲတော့မည်=====================================၂၀၂၄ ...
16/03/2024

လာရှိုးလေဆိပ်သို့ လေယာဉ်ခရီးစဉ်များ မတ်လ(၁၉) ရက်နေ့မှ စ၍ ပြန်လည်ပြေးဆွဲတော့မည်
=====================================

၂၀၂၄ ခုနှစ် ၊ မတ်လ (၁၆) - လားရှိုး
Written by - Thein Min Tun

MAI & Mingalar (ယခင် AIR KBZ ) လေကြောင်းလိုင်း မှ မတ်လ (၁၉ )ရက်နေ့မှ စတင်၍ လာရှိုးလေဆိပ်သို့ ပြန်လည်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

အစောဆုံး ဆင်းသက်မည့်အချိန်သည် ၂၀၂၄ ခုနှစ် မတ်လ (၁၉) ရက်နေ့ မွန်းလွဲ (2:25) ဖြစ်မည်ဖြစ်ပြီး အောက်တွင် နေ့အလိုက်ဆင်းသက်မည့် အချိန်အား သက်ဆိုင်ရာလေကြောင်းလိုင်းများမှ ထုတ်ပြန်လာသည်။

✅K7-848 _ RGN -LSH -RGN _ 1425;1620 - 1635;1830 for ( 19 Mar 2024)

✅K7-848 _ RGN -LSH -RGN _ 1200;1355- 1410;1605 for ( 21,22,24,26,28,29 & 31 )



Source - KD Travel

15/03/2024

Breaking News
=============

လားရှိုးသို့ လေကြောင်းလိုင်းများ (16-3-2024) ရက်နေ့တွင် စတင်ပြန်လည် ပြေးဆွဲတော့မည်ဟု သိရ။

လားရှိုးမြို့တွင် ညမထွက်ရ အမိန့်အား လိုက်နာမှု့မရှိပါက ပြင်းထန်စွာအရေးယူမည်ဟု ထပ်မံကြေညာ================================...
07/03/2024

လားရှိုးမြို့တွင် ညမထွက်ရ အမိန့်အား လိုက်နာမှု့မရှိပါက ပြင်းထန်စွာအရေးယူမည်ဟု ထပ်မံကြေညာ
=======================================

လားရှိုးတွင် မာရှယ်လောအချိန်ဖြစ်သည့် ည(၆) နာရီမှ နောက်တနေ့ နံနက် (၆) နာရီအတွင်း မထွက်ရ အမိန့်အား လိုက်နာမှု့မရှိပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း ရပ်ကွက်များတွင် ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့တွင် ထပ်မံသတိပေးလှည့်လှည်ကြေညာ ....


Photo - Credit

လားရှိုးမြို့ ရပ်ကွက်တွေထဲမှ လဝက က ကွင်းဆင်းပြီး Biometric လုပ်ပေးကြပါတယ်။ (အချို့က အခြားအကြောင်းအရာနဲ့ အထင်အမြင်လွဲနေကြ...
23/02/2024

လားရှိုးမြို့ ရပ်ကွက်တွေထဲမှ လဝက က ကွင်းဆင်းပြီး Biometric လုပ်ပေးကြပါတယ်။ (အချို့က အခြားအကြောင်းအရာနဲ့ အထင်အမြင်လွဲနေကြတာရှိပါတယ်)

Biometric က ကျွန်တော်တို့ လက်ရှိသုံးနေကျ မှတ်ပုံတင်ကို Smart Card ပြောင်းလဲဖို့ အချက်အလက် ပြန်ယူတဲ့နေရာမှာ အဆင့်မြှင့်တင်ခြင်းဖြစ်ပါတယ်။

နိုင်ငံတကာ စံနှုန်းတွေနဲ့ သွားနေတဲ့ စတစ်ဖြစ်ပါတယ်။ Biometric System က်ု လုပ်ဆောင်ရာမှာ ဝဲ လက်ဗွေ (၄) ခု ၊ ယာ လက်ဗွေ(၄) ခု အပြင် ဘယ်/ညာလက်မတွေကို Scan ဖတ်ပြီး ၊ မျက်လုံးကိုလည်း Scan ဖတ်ပါတယ်။ မိမိမျက်နှာပုံကိုလည်း ရိုက်ပေးပါတယ်။ ( ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတကာမှာလား ဒီစနစ်ဘဲ ကျင့်သုံးကြပါတယ်)

အဲ့တော့ EID ဆိုတဲ့ မိမိကိုယ်ရေးအချက်အလက် မှန်ကန်လားဆိုတာကို အရင်သိရှိရပါမယ်။

** EID ( ကွန်ပျူတာ မှတ်တမ်း စာရင်းတွင် လက်ရှိ မှတ်ပုံတင်ပါ အချက်အလက်နဲ့ ကိုက်ညီခြင်း ရှိ/မရှိ ပြန်လည်စိစစ်ခြင်း)

ဒါတွေပြည့်စုံပြီဆိုရင်တော့ Biometric စာရင်းသွင်းရန် လျှောက်လွှာကို လက်ရေးဖြင့် ကိုယ်တိုင်ဖြည့်စွက်ပြီး သက်ဆိုင်ရာ Biometric စာရင်းသွင်းပေးမယ့် လဝက ဝန်ထမ်းဆီမှာ (ငွေကြေးတစုံတရာပေးရန်မလိုဘဲ )အလှည့်ကျ တန်းစီ စနစ်ဖြင့် ဆောင်ရွက်နိုင်ပါတယ်။

စာရင်းသွင်းပြိးလျှင် မိမိဓါတ်ပုံ ၊ QR code ပါတဲ့ အဖြူအမည်း အချက်အလက်စာရွက်လေးတရွက် ထုတ်ပေးပါလိမ့်မယ်။

အဲ့စာရွက်လေးကို မှတ်ပုံတင်အရွယ်အစား ပြန်ချုံ့ပြီး ကိုယ်နှင့်မကွာဆောင်ထားပြီး ခရီးထွက်လို့ရပါကြောင်း သိသလောက်တင်ပြပေးရပါတယ်။

ပြည်သူ့ဝန်ဆောင်မှု့အား လျင်မြန်စွာဆောင်ရွက်ပေးနေပါသော လားရှိုးမြို့နယ် လဝက ဦးစီးအရာရှိနှင့် လဝက ဝန်ထမ်းများအားလည်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။


Photo - credit

07/02/2024

လားရှိုးမြို့ သုခလမ်း
(၇-၂-၂၀၂၄) ညနေ (၄:၄၅) ခန့်
စန်းရွှင်ဟိုတယ် အနီး ပေါက်ကွဲမှု့တခုဖြစ်ပွားကြောင်းသိရ

Breaking News============လားရှိုး ရပ်ကွက်(၃) RD စက်ပစ္စည်းဆိုင်အနီး ပေါက်ကွဲမှု့ တခု (၃၀-၁-၂၀၂၄) ခုနှစ် ယနေ့ မွန်းလွဲ (၂...
30/01/2024

Breaking News
============

လားရှိုး ရပ်ကွက်(၃) RD စက်ပစ္စည်းဆိုင်အနီး ပေါက်ကွဲမှု့ တခု (၃၀-၁-၂၀၂၄) ခုနှစ် ယနေ့ မွန်းလွဲ (၂) နာရီခန့်က ဖြစ်ပွား


Photo - Credit

လားရှိုး-သီပေါ လမ်းပိုင်းရှိ စဉ့်အင်ချောင်းကို ဖြတ်လို့ရမယ့် ယာယီတံတားအား မြင်ရစဉ် Photo - credit
27/01/2024

လားရှိုး-သီပေါ လမ်းပိုင်းရှိ စဉ့်အင်ချောင်းကို ဖြတ်လို့ရမယ့် ယာယီတံတားအား မြင်ရစဉ်


Photo - credit

Address


Alerts

Be the first to know and let us send you an email when Lashio News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lashio News Agency:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share