ခေါက်ဆင့်သားလေးနည်းပညာ Mi Ba Kaya Zuu Mobile Service

  • Home
  • Myanmar
  • Kyonpyaw
  • ခေါက်ဆင့်သားလေးနည်းပညာ Mi Ba Kaya Zuu Mobile Service

ခေါက်ဆင့်သားလေးနည်းပညာ Mi Ba Kaya Zuu Mobile Service Mobile Service နည်းပညာ

" သူငယ်ချင်း "  ဆိုတာအားပေးစရာ ရှိရင်အားပေး လို့နေတာ သူငယ်ချင်းပါ။စားစရာ ရှိရင်ဝေစားနေကြတာလည်းသူငယ်ချင်းပါ။ပြောစရာ ရှိရင...
16/06/2024

" သူငယ်ချင်း " ဆိုတာ

အားပေးစရာ ရှိရင်
အားပေး လို့နေတာ
သူငယ်ချင်းပါ။

စားစရာ ရှိရင်
ဝေစားနေကြတာလည်း
သူငယ်ချင်းပါ။

ပြောစရာ ရှိရင်လည်း
ပွင့်လင်းစွာ ပြောဆို
တတ်တာလည်း
သူငယ်ချင်းပါ။

ရယ်စရာရှိ တူတူရယ်မော
ပြောဆိုပြီး နေတာလည်း သူငယ်ချင်းပါ။

ဝမ်းနည်းစရာ ရှိလည်း
ဖြေသိမ့်ပေးတာ
သူငယ်ချင်းပါ။

ဘယ်နေရာ ကို
ရောက်ရောက်
မမေ့တတ်တာ
သူငယ်ချင်းပါ။

ချစ်သူရှိရှိ မရှိရှိ ခေါ်ပြော
နှုတ်ဆက် တတ်တာ
သူငယ်ချင်းပါ။

စိတ်ရင်း အမှန်ကို
ဟန်ဆောင်ခြင်း မပါ
ဖော်ပြတတ်တာ
သူငယ်ချင်းပါ။

ကောင်းရင် တိုင်ပင်
ဆိုးရင် ဖြေရှင်းပေးနေ
တတ်တာလည်း
သူငယ်ချင်းပါ။

မိုက်ခြင်းကို ပြုပြင်
ကောင်းခြင်းကို
လမ်းညွန် ပေးတာ
သူငယ်ချင်းပါ။

အမြဲတမ်း စကားတွေ
ပြောနေဖို့ မလိုပါဘူး
စိတ်ရင်း အမှန်လေးနှင့်
ခင်ရင်လည်း သူငယ်ချင်းပါ။

စကားချိုချိုတွေ
သုံးနေဖို့လည်း မလိုပါဘူး
စေတနာနှင့် ဆုံးမတတ်တဲ့
စကားပြောတာလည်း
သူငယ်ချင်းပါ။

ငယ်ကတည်းက သူငယ်ချင်း
ဖြစ်နေဖို့ မလိုပါဘူး
ခင်တဲ့အချိန်ကစ
ဖြူစင်မေတ္တာနှင့်
ခင်ရင်လည်း
သူငယ်ချင်းပါ။

ဘယ်သွားမယ် ဘာလုပ်မယ်
ပြောနေဖို့ မလိုဘူး။

စကားပြောနေ ချိန်မှာ
မလိမ်မညာ တတ်ရင်လည်း
သူငယ်ချင်းပါ။

သတင်းတွေ အတင်းတွေ
ပြောပြနေဖို့ မလိုဘူး။

အလုပ်နှင့် ပတ်သက်ပြီး
မသိတာလေးတွေ
ပြောပြတာလည်း
သူငယ်ချင်းပါ။

အစစအရာရာ အတွက်
အကူအညီတွေ အမြဲပေးနေဖို့
မလိုဘူး။

အကူအညီလိုတဲ့ အခါ
ထွက် မပြေးတတ်တာလည်း
သူငယ်ချင်းပါ။

ငွေကြေး ပြည့်စုံ
ချမ်းသာသော သူလည်း
ဖြစ်နေစရာ မလိုဘူး။

မရှိအတူ ရှိအတူ
ပုံမှန် ခေါ်ပြော နေရင်လည်း
သူငယ်ချင်းပါ။

ပျော်စရာ ဟာသတွေ
အမြဲပြောနေဖို့ မလိုဘူး။

စိတ်မပျော်ရွှင်တဲ့ အခါ
ပြောလေသမျှ နားထောင်
ပေးတာလည်း
သူငယ်ချင်းပါ။

ခင်မင်မှုနှင့် သူငယ်ချင်း ဆိုတာ
သစ်ပင်လေး တစ်ပင်ပါပဲ။

သူငယ်ချင်းရေ
တို့တွေအမြဲ မမုန်းမမေ့ကြေး
ဆက်ခင် လို့ နေကြမယ် . . . . .

"ဘဝမှာ..- ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့- ဖွင့်မပြောဖြစ်ခဲ့တဲ့ -အမှန်တရားတွေ ရှိဖူးခဲ့တယ်။"ဘဝမှာ..- တစ်ခါတစ်လေ ငေးက...
16/06/2024

"ဘဝမှာ..
- ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့
- ဖွင့်မပြောဖြစ်ခဲ့တဲ့
-အမှန်တရားတွေ ရှိဖူးခဲ့တယ်။

"ဘဝမှာ..
- တစ်ခါတစ်လေ ငေးကြည့်နေရုံကလွဲပြီး
- ဘာဆို ဘာမှမတတ်နိုင်ခဲ့တဲ့
- အရာတွေ ရှိခဲ့ဖူးတယ်။

ဘဝမှာ
- နှိမ်ချတတ်သူတွေရဲ့ စကားလုံးကြောင့်
- ဆွဲနှုတ်ရခက်တဲ့ မြှားတစ်စင်း စိုက်ဝင် သလိုမျိုး
- ဒဏ်ရာတွေရခဲ့ဖူးတယ်။

ဒါကြောင့်...

ကိုယ့်အနား မနေချင်လို့ ထွက်သွား သူတွေကို
- တစ်ချက်လောက်တော့ ငဲ့ကြည့် သင့်တယ်လို့
- ပြန်မတမ်းတတော့ဘူး။

အပြုံးနဲ့ ကြည့်နေသူတွေရဲ့
- လက်ထဲကဓါးနောက်ကျောကို ထိုးဖို့လား
- ရင်ဘက် ထဲထိုးဖို့လား
- ပြန်လှည့် မကြည့်တော့ဘူး။

လက်ကမ်းမလိုနဲ့ လက်ကာသွားသူတွေရဲ့
- အရောင်ပြောင်းတတ်တဲ့ စိတ်ထဲမှာ
- ကိုယ်ချင်းစာတရား အစအနလေးများ ရှိလေမလားလို့
- ဝင်ချောင်းမကြည့်တော့ဘူး။

တစ်ကယ်တော့...
- တစ်ချို့ မျက်လုံးနဲ့ ကြည့်လည်း
- မမြင်နိုင်တဲ့ အရာတွေကို
- ကိုယ့်နှလုံးသားနဲ့ မြင်ခဲ့ရပြီးပြီပဲ။

လေးစားစွာဖြင့်
........

လူ့တစ်သက်၊ ရက် သုံးသောင်း သာ ********************ကိန်းဂဏန်း မြင်လိုက်တာနဲ့ ကျွန်တော် လန့်သွားခဲ့သည်။လူ့ဘဝက တကယ်ပဲ ရက်သုံ...
11/06/2024

လူ့တစ်သက်၊ ရက်
သုံးသောင်း သာ
********************

ကိန်းဂဏန်း မြင်လိုက်တာနဲ့ ကျွန်တော် လန့်သွားခဲ့သည်။

လူ့ဘဝက တကယ်ပဲ ရက်သုံးသောင်းပဲ ရှိတာလား။

မယုံလို့ တွက်ကြည့်လိုက်တယ်။

30,000÷ 365 = 83(နှစ်)
တကယ် ၈၃နှစ်ထိအသက်ရှင် ခဲ့ရင်တောင်
ပျှမ်းမျှ ရက် ၃သောင်းပဲ ရှိပါသည်။

ဒါတောင် ကျွန်တော်တို့ ရက်ပေါင်းဘယ်လောက်ကို မသိမသာကျော်ခဲ့ သလဲဆိုတာ ပြန်မနှုတ်ကြည့်ရသေးပါဘူး။

ကျွန်တော် အစက လူ့ဘဝကို ဖာသိဖာသာပဲထင်ခဲ့တာ။
ဒီနေ့ပြီး မနက်ဖြန်။
မနက်ဖြန်ပြီးသန်ဘက်ခါ။
သန်ဘက်ခါပြီး ဖိန်းနွှဲခါပေါ့။

ဒါပေမယ့် ဒီ ကိန်းဂဏာန်းကိုမြင်ပြီးတဲ့နောက်ပိုင်းမှ
လူ့ဘဝဟာ တိုတိုလေးပါလားဆိုတာ သိလိုက်ရတယ်။

သင် ငြိမ်ငြိမ်လေးထိုင်ပြီး တွေးခဲ့မိဖူးသလား။

သင့်ရဲ့ဘယ်နှစ်ရက်က ပျော်ရွှင်ခဲ့လဲ?
ဘယ်နှစ်ရက်က မပျော်ရွှင်ခဲ့သလဲ?
ဘယ်နှစ်ရက်က ဒေါသထွက်ခဲ့သလဲ?
ဘယ်နှစ်ရက်က ငြိမ်ငြိမ်သက်သက်ဖြတ်သန်းခဲ့လဲ?
ဘယ်နှစ်ရက်က ပြီးပြည့်စုံတယ်ခံစားရလဲ?
ဘယ်နှစ်ရက်က အထီးကျန်တယ်ထင်ရသလဲ?
ဘယ်နှစ်ရက်က မိမိကိုယ်ကိုယ် အတွက်လဲ?
ဘယ်နှစ်ရက်ကသူတစ်ပါးအတွက် ဖြစ်ခဲ့သလဲ?

ဒီလောက် လူ့ဘဝ ရက်ပေါင်းတိုတိုလေး အတွင်းမှာ....
ဘယ်လို အခိုက်အတန့်တွေက တန်ဖိုးအရှိဆုံးအချိန်တွေလဲ?
လူ့ဘဝဟာ တန်ဖိုးရှိမှန်း ကျွန်တော်တို့သိကြပါတယ်။

ဒါပေမယ့် ဘယ်နှစ်ယောက်ကများ
သွားတန်ဖိုးထားပေးတတ်ကြလို့လဲ??

ရှေးလူကြီးတွေပြောဖူးတယ်။
" ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းထိဖို့လွယ်မယ်..
လူဖြစ်ဖို့က ခဲယဉ်းတယ် ..
ဒါပေမယ့် သေဖို့ကတော့ မြေကြီးလက်ခတ်မလွဲဘူးဟေ့ -"တဲ့။

ဒါ့ကြောင့် ကျွန်တော်တို့တစ်ရက် အသက်ရှင်နိုင်သရွေ့ တစ်ရက် မိမိကိုယ်ကို ဘယ်လိုမြတ်နိုးရမလဲဆိုတာ
တွေးတတ်ဖို့လိုမယ်။

မိမိအိပ်မက်အတွက် အကောင်အထည်ဖော်နေစဉ်ဘေးက ဖြတ်သွားတဲ့ရှုခင်းကို ကြည့်ဖို့လဲ မမေ့ပါနဲ့။

လူ့ဘဝ ရက် သုံးသောင်းရဲ့ ကုန်ခါနီးကျမှ ဘေးကရှုခင်းတွေ မကြည့်ရမိပါလားလို့ နောင်တရနေလဲ မထူးတော့ပါ။

မိမိကိုယ်ကို နေရာလွတ်ပေးထားပါ။
မိမိရဲ့ အချိန်တွေကို အလုပ်က တစ်ကန့်..
မိသားစုက တစ်ကန့် ခွဲထားပါ။

ဖျော့တော့တော့နေရောင်ခြည်လေးကိုနင်းသွားရင်း ပန်းခြံထဲက မြက်ခင်းကြားက အုတ်လမ်းလေးပေါ်လျှောက်ကြည့်ပါ။

ငြိမ်သက်တဲ့ညအခါမှာ ဝရန်တာပေါ်က ပလက်ကုလားထိုင်ပေါ်ထိုင်ရင်း လပေါ်က နတ်သမီးလေးနဲ့ ယုန်ပြေးလွှားဆော့ကစားတာကို ကြည့်ရင်းကောင်းကင်ပေါ်က မိမိရဲ့ ဂြိုလ်ခွင်ကို ရှာကြည့်ပါ။

သေသေချာချာ စူးစူးစိုက်စိုက်လုပ်ကြည့်ပါ...
လူ့ဘဝထဲက ပုန်းအောင်းနေတဲ့
သင်လှည့်မကြည့်ခဲ့တဲ့ ရှုခင်းလှလှလေးတွေ
အများကြီး ကျန်သေးနေတယ်ဆိုတာ သင်ရိပ်စားမိလာမှာပါ။

အမည်မသိကဗျာဆရာ တစ်ယောက်ပြောဖူးတယ်။
" လူ့ဘဝကိုခံစားတတ်တဲ့ထဲမှာ
သဘာဝကိုခံစားတတ်ခြင်းက အကောင်းဆုံးဖြစ်တယ်တဲ့"
လူ့ဘဝဟာ နဂိုကတည်းက အရောင်အသွေးစုံစုံလင်လင် ရှိပြီးသားပါ။

အလုပ်..ကျောင်း.. ပိုက်ဆံ.. ဂုဏ်ဒြပ်.. တွေကလွဲရင် အခြား ကျွန်တော်တို့သွားရှာဖွေဖို့ အများကြီး အများကြီး ကျန်ပါသေးတယ်။

အရသာရှိတဲ့ စားသောက်ဖွယ်ရာ.. နွေးထွေးတဲ့ မိသားစုဘဝ..
ပြာလဲ့လဲ့ကောင်းကင်..
စိမ်းညိုညို မြက်ခင်း..
ဖြူဖွေးဖွေး တိမ်တိုက်..
ကျယ်ပြောလှတဲ့ ပင်လယ်ပြင်...
မြင့်မားလှတဲ့ တောင်တန်းတွေ..
သီချင်း.. အတွေး.. တရားဓမ္မ.. သူငယ်ချင်းသံယောဇဉ်..
စာပေ.. အားကစား.. တွေဟာ ကျောင်းစာအုပ် နဲ့ အလုပ်ပဲကလွဲရင်
ရှာဖွေသင့်တဲ့အရာတွေပါ....

တကယ်လို့ သင်က အလုပ်မှအလုပ်ပဲ..
ကျောင်းစာမှ ကျောင်းစာပဲလို့ ဖြစ်နေခဲ့ရင်တောင် အချိန်ပေးပြီး မိမိပတ်ဝန်းကျင်ကအလှများကိုခံစားကြည့်လိုက်ပါ..
ဒီအချိန်မှ မခံစားကြည့်ရင် ဘယ်အချိန်ကို စောင့်စားနေဦးမှာလဲ??
မိမိကိုယ်ကို မြတ်နိုးတတ် ချစ်တတ်ပြီး
အမြင်များပြောင်းလဲကြည့်ပေးပါ။

ကောင်းကင်က ဒီလိုပဲပြာတယ်။
သစ်ပင်တွေက ဒီလိုစိမ်းစိုတယ်။
လူ့ဘဝဟာလည်း တကယ်တော့ ဒီလိုပဲ လှပတယ်။
နှစ်တစ်ထောင်မှ တစ်ခါ မဖြစ်တဲ့လူ့ဘဝကို
တန်ဖိုး ထားတတ်နိုင်ကြပါစေ.....။

Credit to - စကားလက်ဆောင်
တရားလက်ဆောင်

တစ်ယောက်ထဲနေတတ်သွားတဲ့အခါ...။ဘယ်သူ့ဆီကဖြစ်ဖြစ်  ဘာကိုမှ မျှော်လင့်နေမှာ မဟုတ်တော့ဘူး...။ရယူလိုခြင်းတွေ မရှိတော့တဲ့စိတ်ဟာ...
08/06/2024

တစ်ယောက်ထဲနေတတ်သွားတဲ့အခါ...။

ဘယ်သူ့ဆီကဖြစ်ဖြစ် ဘာကိုမှ မျှော်လင့်နေမှာ မဟုတ်တော့ဘူး...။

ရယူလိုခြင်းတွေ မရှိတော့တဲ့စိတ်ဟာ အေးချမ်းတယ်...။

ပူပန်စရာတွေ စိတ်ညစ်စရာတွေကိုလည်း ထပ်ခါထပ်ခါ မတွေးဖြစ်တော့ဘူး...။

ပျော်ရွှင်ကြည်နူးစရာတွေကိုတွေးရင်း
ဘဝကို ပျော်ပျော်နေတယ်...။

ချစ်ခင်ရတဲ့လူနည်းစုနဲ့ဘဲ စကားတွေပြောဖြစ်တော့တယ်...။ ဘယ်သူစိမ်းနဲ့မှလည်း မရောဖြစ်တော့ဘူး...။

ဘယ်သူ့ကိုမှလည်း အားကိုးတကြီးနဲ့
မတိုင်ပင်ချင်တော့ဘူး... အကူညီတွေ
မတောင်းချင်တော့ဘူး...။

ဖြစ်တည်လာခြင်းတွေကို ကျေကျေနပ်နပ်ကြီး လက်ခံဖြစ်လာတယ်...။

စိတ်ရဲ့အလိုမကျတဲ့အခါတိုင်းမှာ ထုတ်မပြောဖြစ်တော့ဘူး...။ အဆင်ပြေအောင်ဘဲ ကြိုးစားပြီးနေလိုက်တယ်...။

တစ်ယောက်ထဲနေတတ်သွားတဲ့အခါ...
မှီခိုခြင်းတွေနဲ့ ခပ်ကင်းကင်းဖြစ်လာတယ်...။

တစ်ယောက်ထဲနေတတ်သွားတဲ့အခါ...
အလုပ်တွေ ပျော်ပျော်ပါးပါးလုပ်ရင်း တစ်နေ့တာကို ဖြတ်သန်းတယ်...။

တစ်ယောက်ထဲနေတတ်သွားတဲ့အခါ...
သီချင်းတွေနားထောင်တယ်
စာအုပ်တွေ ပိုဖတ်ဖြစ်တယ်...။

တစ်ယောက်ထဲနေတတ်သွားတဲ့အခါ...
သူစိမ်းတွေအတွက်နဲ့ အချိန်တွေ မကုန်တော့ဘူး... ပူ_ပန် စရာလည်းမလိုတော့ဘူး...။

တစ်ယောက်ထဲနေတတ်သွားတဲ့အခါ...
ဘယ်သူ့အကြောင်းမှ မတွေးတော့ဘဲ
ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေလေရဲ့...။

🌾🌾🌾                                                                                       သူများဆီက🌾 မေတ္တာလိုချင်ရင်ကို...
08/06/2024

🌾🌾🌾
သူများဆီက🌾 မေတ္တာလိုချင်ရင်
ကိုယ်က🌾 နွေးထွေးပေးဖို့မမေ့ပါနဲ့။

သူများဆီက🌾 ဂရုစိုက်မှု့လိုချင်ရင်
ကိုယ်လည်း🌾 ကြင်နာဖို့မမေ့ပါနဲ့။

သူများဆီက 🌾
ချိုသာတဲ့စကားသံတွေကြားချင်ရင်🌾
ကိုယ်လည်း ချိုချိုသာသာပြောဖို့မမေ့ပါနဲ့။🌾

သူများဆီက 🌾
နှုတ်ဆက်တာကိုလိုချင်ရင်🌾
ကိုယ်လည်း ပြုံးပြဖို့မမေ့ပါနဲ့။🌾

သူများဆီက 🌾
အကူအညီကိုလိုချင်ရင်🌾
ကိုယ်က ကျေးဇူးမမေ့ပါနဲ့။
🌾
မမေ့ပါနဲ့🌾
အရာရာတိုင်းဟာ🌾အသွားအပြန်ရှိပါတယ်။🌾

သူများဆီက လိုချင်ရင်🌾
ကိုယ်ကလည်း ပေးဖို့မမေ့ပါနဲ့။🌾

ကိုယ်ကမပေးချင်ဘဲ🌾
သူများဆီက မမျှော်လင့်ပါနဲ့။🌾

တစ်ဦးကမေတ္တာ🌾 တစ်ဦးကစေတနာပါ
မေတ္တာဟာ🌾 ရောင်ပြန်ဟပ်ပါတယ်။🌾

မွေးရာပါချမ်းသာလာတဲ့သူမှမဟုတ်ခဲ့ရင်ဘဝဆိုတာ တဆင့်ချင်းတက်ရတာပါ။အနိမ့်ဆုံးကနေ အမြင့်ဆုံးထိတန်းမရော​က်နိုင်ပေ့မဲ့အမြင့်ဆုံး...
07/06/2024

မွေးရာပါချမ်းသာလာတဲ့သူမှမဟုတ်ခဲ့ရင်
ဘဝဆိုတာ တဆင့်ချင်းတက်ရတာပါ။
အနိမ့်ဆုံးကနေ အမြင့်ဆုံးထိတန်းမရော​က်နိုင်ပေ့မဲ့
အမြင့်ဆုံးကနေ အနိမ့်ဆုံးထိ ပြုတ်ကျနိုင်ပါတယ်။
လဲကျတဲ့အခါ တတ်နိုင်သလောက် အမြန်ဆုံးပြန်ထပါ
ရောက်တဲ့နေရာမှာ အခြေခိုင်ဖို့က အရေးကြီးပါတယ်။
နှေးရင် နှေးလိမ့်မယ် တစိုက်မတ်မတ်လျောက်နေတဲ့သူ
အတွက်ကတော့ လိုရာပန်းတိုင် တနေ့တော့ရောက်ကိုရောက်ပါတယ်။

ကိုယ်ကောင်းပေမယ့်ကိုယ့်အပေါ်ပြန်မကောင်းတာဟာသူ့မှာကိုယ့်လောက်အသိတရားမရှိလို့ပါ..။ကိုယ်မကောင်းတာတောင်ကိုယ့်အပေါ်ပြန်ကောင်း...
05/06/2024

ကိုယ်ကောင်းပေမယ့်
ကိုယ့်အပေါ်
ပြန်မကောင်းတာဟာ
သူ့မှာ
ကိုယ့်လောက်အသိတရားမရှိလို့ပါ..။

ကိုယ်မကောင်းတာတောင်
ကိုယ့်အပေါ်
ပြန်ကောင်းနိုင်တာဟာ
သူ့မှာ
ကိုယ့်ထက်အသိတရားရှိလို့ပါ..။

အသိတရားခြင်း
မတူညီကြတော့
တုန့်ပြန်ပုံခြင်းလည်း
တူမှာမဟုတ်ပါဘူး..။

စိတ်ချမ်းသာမှုကို
လိုချင်တယ်ဆိုလျှင်တော့

အသိတရား
မရှိသူတွေရဲ့
တုန့်ပြန်မှုတွေကို
နားလည်ခွင့်လွှတ်ပေးပါ..။

အသိတရား
ရှိသူတွေရဲ့
လမ်းစဉ်ကိုလိုက်နိုင်အောင်
ကြိုးစားပါ..။

လူတိုင်းက
ကိုယ့်လိုမဟုတ်တာ
အမြဲနှလုံးသွင်းပါ..။

04/06/2024

ကျောထောက်နောက်ခံ မရှိတဲ့
အခြေခံလူတန်းစားလို ဘဝမှာ

အိပ်မက်နောက်ကို လိုက်ဖို့
ငွေနောက်ကို အရင်လိုက်ရတာပဲ

အိမ်မက်နဲ့ငွေ လက်ကျန် ညှိရတယ်
တစ်ဖက်ကို စောင်းလိုက်လို့မဖြစ်ဘူး

ပိုကြိုးစားရတယ် ပိုပင်ပန်းရတယ်
အောင်မြင်မှုတော့ ချိုမြိန်နေလိမ့်မယ်။

mybus ကဒ် ဟုတ်မဟုတ်စစ်နည်း *9666 # call 3 ရွေး၊ 3 ထပ်နှိပ်၊ MYBUS1 ပေါ်မည်၊မပေါ်ရင် 966 ဆက်သွယ်ကြည့်ပါ။
04/06/2024

mybus ကဒ် ဟုတ်မဟုတ်စစ်နည်း
*9666 # call 3 ရွေး၊ 3 ထပ်နှိပ်၊ MYBUS1 ပေါ်မည်၊
မပေါ်ရင် 966 ဆက်သွယ်ကြည့်ပါ။

စာအုပ်ပေါင်း (၅၀) ကို တစ်ရက်တည်းဖတ်ဖို့ မဖြစ်နိုင်ပေမယ့် အဲ့ဒီ စာအုပ်ပေါင်း (၅၀) အကြောင်းကိုတော့ တစ်ရက်တည်းနဲ့ သိနိုင်ပါ...
04/06/2024

စာအုပ်ပေါင်း (၅၀) ကို တစ်ရက်တည်းဖတ်ဖို့ မဖြစ်နိုင်ပေမယ့်
အဲ့ဒီ စာအုပ်ပေါင်း (၅၀) အကြောင်းကိုတော့ တစ်ရက်တည်းနဲ့ သိနိုင်ပါတယ်။ Link ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါပြီ။
(စာအုပ်အများစုတွင် pdf flie များပါဝင်ပါသည်)

(၁) ရွှေမိုးသည်း - အကြည်တော်
https://www.facebook.com/111451547370965/posts/111471664035620/

(၂) အယ်နီ - စံပယ်ဖြူနု
https://www.facebook.com/111451547370965/posts/111999007316219/

(၃) အောက်ခြေသန်းတစ်ထောင် - ဂျူး
https://www.facebook.com/111451547370965/posts/112138473968939/

(၄) အနာဂတ်နိုင်ငံတော် - ညီမင်းညို
https://www.facebook.com/111451547370965/posts/112258287290291/

(၅) သူခိုး - အကြည်တော်
https://www.facebook.com/111451547370965/posts/113242190525234/

(၆) ချစ်သောပန်းကလေး - မင်းလူ
https://www.facebook.com/111451547370965/posts/113351233847663/

(၇) အကြင်သူသည် - သိုးဆောင်း
https://www.facebook.com/share/p/VcTQHFNpBARdb8sH/?mibextid=oFDknk

(၈) ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား - မိုးမိုး (အင်းလျား)
https://www.facebook.com/111451547370965/posts/116932470156206/

(၉) ပျောက်သောလမ်းမှာ စမ်းတဝါး - မိုးမိုး (အင်းလျား)
https://www.facebook.com/111451547370965/posts/117683630081090/

(၁၀) မြိုင် - ဒဂုန်တာရာ
https://www.facebook.com/111451547370965/posts/118912133291573/

(၁၁) လေလွင့်သူ - မြသန်းတင့်
https://www.facebook.com/111451547370965/posts/119518383230948/

(၁၂) သားသို့ - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/120146613168125/

(၁၃) လင်္ကာဒီပချစ်သူ - ချစ်ဦးညို
https://www.facebook.com/111451547370965/posts/122984219551031/

(၁၄) မြကျွန်းညို မဟုတ်သော်လည်း - သိုးဆောင်း
https://www.facebook.com/111451547370965/posts/123358432846943/

(၁၅) ရူးအောင်ချစ်မယ့်လူ - လွန်stားထား
https://www.facebook.com/111451547370965/posts/123968766119243/

(၁၆) အမှတ်တရ - ဂျူး
https://www.facebook.com/111451547370965/posts/127803319069121/

(၁၇) ပန်းဒေါင်း - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/128275935688526/

(၁၈) ဂရုမစိုက်ခြင်း အနုပညာ - ချမ်းမြေ့ဝင်း
https://www.facebook.com/111451547370965/posts/129165638932889/

(၁၉) သွေး - ဂျာနယ်ကျော်မမလေး
https://www.facebook.com/111451547370965/posts/133104611872325/

(၂၀) ပိုချစ်ရတဲ့လူ ကိုယ်ပဲဖြစ်ပါစေ - ဂျူး
https://www.facebook.com/111451547370965/posts/137182431464543/

(၂၁) ကျွန်ုပ်နှင့် အဖေဒဲ့ပီ၏ ဘဝမှတ်တမ်း - ဆွေမင်း (ဓနုဖြူ)
https://www.facebook.com/111451547370965/posts/137589038090549/

(၂၂) ပန်းကျောင်း - မင်းလူ
https://www.facebook.com/111451547370965/posts/138992404616879/

(၂၃) သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် - တက္ကသိုလ်ဘုန်းနိုင်
https://www.facebook.com/111451547370965/posts/145170413999078/

(၂၄) တပြည်သူမရွှေထား - တက္ကသိုလ်ဘုန်းနိုင်
https://www.facebook.com/111451547370965/posts/148114947037958/

(၂၅) ငါတို့ခေတ်က တက္ကသိုလ် - ရွှေကူမေနှင်း
https://www.facebook.com/111451547370965/posts/149278836921569/

(၂၆) ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် - မြသန်းတင့်
https://www.facebook.com/111451547370965/posts/150944450088341/

(၂၇) မာလာရီ - ဂျာနယ်ကျော်မမလေး
https://www.facebook.com/111451547370965/posts/153909813125138/

(၂၈) မအိမ်ကံ - ခင်ခင်ထူး
https://www.facebook.com/111451547370965/posts/158316099351176/

(၂၉) The Guys of Rangoon - ခက်ဇော်
https://www.facebook.com/111451547370965/posts/160245865824866/

(၃၀) The Guys from Mandalay - ခက်ဇော်
https://www.facebook.com/111451547370965/posts/162486495600803/

(၃၁) ပေါ်လီယာနာ - ထင်လင်း
https://www.facebook.com/111451547370965/posts/166815241834595/

(၃၂) တိမ်တွေတောင်တွေနဲ့ ခရီးသည် - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/170253588157427/

(၃၃) ငြိမ်းကို ရှက်ပါ - မိုးမိုး (အင်းလျား)
https://www.facebook.com/111451547370965/posts/172634971252622/

(၃၄) ချစ်စရာ့ အိမ်ကလေး - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/173682947814491/

(၃၅) ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်သည် - သိုးဆောင်း
https://www.facebook.com/111451547370965/posts/175742387608547/

(၃၆) သူလိုလူ - ဂျာနယ်ကျော်မမလေး
https://www.facebook.com/111451547370965/posts/181242043725248/

(၃၇) သိသောသူမည်ကား ကြားပါစေ - သိုးဆောင်း
https://www.facebook.com/111451547370965/posts/182174866965299/

(၃၈) အထက်တန်းစားရေ - ပုညခင်
https://www.facebook.com/111451547370965/posts/184033773446075/

(၃၉) ရင်ခတ်ငြိမ်း - သရဝဏ် (ပြည်)
https://www.facebook.com/111451547370965/posts/184518170064302/

(၄၀) ပန်းမာန် - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/186142643235188/

(၄၁) ဘဝအိမ်မက်ပန်းအိမ်မက် - မစန္ဒာ
https://www.facebook.com/111451547370965/posts/187061743143278/

(၄၂) ဆုံလေရက်နှင့် လွမ်းလေခြင်း - ဂျူး
https://www.facebook.com/111451547370965/posts/189170672932385/

(၄၃) တိမ်ညိုမှာ ငွေဇာကွပ်ကယ်နှင့် - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/191892355993550/

(၄၄) မုန်း၍မဟူ - ဂျာနယ်ကျော်မမလေး
https://www.facebook.com/111451547370965/posts/194555842393868/

(၄၅) နတ်နေကိုင်း - အကြည်တော်
https://www.facebook.com/111451547370965/posts/195858518930267/

(၄၆) ငန်းကလေးရဲ့နှလုံးသား - လင်္ကာရည်ကျော်
https://www.facebook.com/111451547370965/posts/197739842075468/

(၄၇) အနောက်တောင်အရပ်မှ လာခဲ့သူ - ပုညခင်
https://www.facebook.com/111451547370965/posts/200079201841532/

(၄၈) နွမ်းလျအိမ်ပြန် - ကြည်အေး
https://www.facebook.com/111451547370965/posts/201741401675312/

(၄၉) အညာသူ အညာသား ကျွန်မဆွေမျိုးများ - ခင်ခင်ထူး
https://www.facebook.com/111451547370965/posts/203345998181519/

(၅၀) ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး - လယ်တွင်းသားစောချစ်
https://www.facebook.com/111451547370965/posts/205143541335098/

#မူရင်းတင်သူကိုလေးစားစွာခရက်ဒစ်ပေးပါတယ်

04/06/2024

VPN အရေးယူမှုများကြောင့် Facebook ကို မြန်မာနိုင်ငံမှာအသုံးပြုနိုင်ဖို့ ခက်ခဲလာနေပါပြီ ❗️❗️
ခေါက်ဆင့်သားလေးနည်းပညာ mi ba kyay zuu mobile service နဲ့ အဆက်အသွယ်မပျက်ရအောင် Telegram Channel ကို အခုထဲက Join ပေးထားကြပါဖို့ အသိပေးအပ်ပါတယ်ခင်ဗျာ။

Telegram @ ခေါက်ဆင့်သားလေးနည်းပညာ mi ba kyay zuu mobile service
Channel Join 👉 https://t.me/+2D3hn4aEjNU2N2Q1

ကိုယ်ကလွဲလို့ ကိုယ့်ဒူးကိုယ်တောင်မယုံရတဲ့ခေတ်မှာကိုယ့်အကြောင်းကို ဘယ်သူ့ကိုမှရင်ဖွင့်မပြမိအောင်နေတာကအကောင်းဆုံးပါပဲ။ကြည်...
03/06/2024

ကိုယ်ကလွဲလို့ ကိုယ့်ဒူးကိုယ်တောင်
မယုံရတဲ့ခေတ်မှာ
ကိုယ့်အကြောင်းကို ဘယ်သူ့ကိုမှရင်ဖွင့်မပြမိအောင်
နေတာကအကောင်းဆုံးပါပဲ။

ကြည်နေ
တည့်နေ အဆင်ပြေနေကြတုန်း
ဘာမှမဖြစ်ကြဘူး_
မသိသာဘူးဆိုပေမယ့်
နဲနဲလောက်များအဖုအထစ်လေးဖြစ်မသွားလိုက်နဲ့
ငယ်ကျိုးငယ်နာကအစပြန်ဖော်ပြတတ်တာ
လူတွေရဲ့အကျင့်ပဲ။

အရင်းနှီးဆုံးသူမို့
နှစ်ကိုယ့်တစ်စိတ်နေတဲ့သူမို့
ယုံကြည်ရလွန်းသူမို့ဆိုပြီး
ရင်ဖွင့်ပြလိုက်မိတတ်ကြတယ်။
ပြောမိတတ်ကြတယ်။

နောက်ဆက်တွဲအနေနဲ့
ကောင်းကျိုးထက် ဆိုးကျိုးကပိုများနေတတ်ပါတယ်။

ကိုယ်ခံစားရတဲ့ဝေဒနာအချို့ကို
သက်သာရာများရမလားဆိုတဲ့အတွေးနဲ့
တိုင်ပင်လိုက်ကြတယ်။

သူတို့ဆီကရလာမယ့်
နှစ်သိမ့်မှုက အလွန်ဆုံးခံ ၇ ရက် တစ်လပါ
အရာအားလုံးပြောင်းလဲနိုင်စွမ်းမရှိပါဘူး။

ဒါပေမယ့်
နောက်ပိုင်းအချိန်တွေမှာ
အကြောင်းတစ်ခုခုကြောင့်အဆင်မပြေဖြစ်တဲ့အခါ
သူတို့ပါးစပ်ကထွက်ကျလာမယ့်
စကားလုံးတွေက
အရင်ကကိုယ်ရင်ဖွင့်မိခဲ့တဲ့
တိုင်ပင်ခဲ့ဖူးတဲ့
ကိုယ်အကြောင်းတွေသာဖြစ်နေပါလိမ့်မယ်။

တစ်နည်းပြောရရင်
ကိုယ်တိုင်ချပြလိုက်မိတဲ့ကိုယ့်ရဲ့
အားနည်းချက်တွေပဲပေါ့။

ကိုယ့်ရဲ့ယုံကြည်စွာရင်ဖွင့်ပြလိုက်ခြင်းရဲ့အဆိုးဆုံးက
ဘဝပျက်တဲ့အထိဖြစ်လာနိုင်တယ်။

လက်ကြောင့်ကျေရုံသာရှိမယ်။
နှုတ်ကြောင့်သေရတဲ့ဘဝတွေလောကမှာ
အများကြီးရှိနေမှာပါ။

ဒါကြောင့်
ကိုယ့်အကြောင်းကို ဘယ်သူ့ကိုမှသိပ်မပြောမိစေနဲ့။

ကိုယ့်ရဲ့အတင်းကို
လူပုံအလယ်ချပြဖို့အတွက်
ကုန်ကြမ်းပေးလိုက်သလိုဖြစ်သွားတတ်တာကလွဲပြီး
ဘာမှပြောင်းလဲမသွားနိုင်ပါဘူး။

အ "တယ်လို့ ထင်မနေနဲ့ လူစိတ်ရှိနေလို့မယုတ်မာတာပဲရှိတာလက်တွေ့ သင်ပေးသွားတဲ့သူတွေနည်းတာမှ မဟုတ်တာလူစိတ်ရှိနေလို့ ပြန်မယုတ်မ...
02/06/2024

အ "တယ်လို့ ထင်မနေနဲ့ လူစိတ်ရှိနေလို့
မယုတ်မာတာပဲရှိတာ
လက်တွေ့ သင်ပေးသွားတဲ့သူတွေ
နည်းတာမှ မဟုတ်တာ
လူစိတ်ရှိနေလို့ ပြန်မယုတ်မာတာ ။

အနင်းခံရတဲ့ မြက်တွေဆိုတာရှင်သန်လာပြီဆိုရင် သာမန်အပင်တွေထက် ပိုသန်မာကြပါတယ်။ဘဝက အဖိအနှိမ်ခံနဲ့ တစ်သက်လုံး နေသွားရမှာမှမဟု...
02/06/2024

အနင်းခံရတဲ့ မြက်တွေဆိုတာ
ရှင်သန်လာပြီဆိုရင်
သာမန်အပင်တွေထက် ပိုသန်မာကြပါတယ်။

ဘဝက အဖိအနှိမ်ခံနဲ့
တစ်သက်လုံး နေသွားရမှာမှမဟုတ်တာ။
မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေအောက်မှာ
စိတ်ဓာတ်ကျသွားတာထက်
စိတ်နာတတ်အောင် လေ့ကျင့်ယူရမှာပါ။

ဒီနေ့အဆင်မပြေဘူးဆိုပြီး
ပြိုလဲသွားဖို့မလိုပါဘူး။
မနက်ဖြန်တွေမှာ ပြန်ရပ်တည်နိုင်ဖို့
အခွင့်အလမ်းတွေရှိပါသေးတယ်။

လောကဓံက ကြမ်းတယ်ဆိုတာ
ဘဝတွေသန်မာဖို့အတွက်
အဆင့်အဆင့် သင်ခန်းစာတွေပါပဲ။
မုန်းတိုင်းပြီးရင်
လေပြေဆိုတာ လာစမြဲပဲမဟုတ်လား။

အတွေးနွံထဲမှာပဲ စိတ်နှစ်မနေနဲ့။
ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်ပါ။

လူတိုင်းက သန်မာနေလို့တော့ ဘယ်ဟုတ်မလဲ။
လဲကျသွားမှာစိုးလို့
တောင့်ခံရင်း ရုန်းကန်းနေကြရတာပါ။

ဘဝက ခက်ခဲချင် ခက်ခဲမယ်
ကြမ်းတမ်းချင် ကြမ်းတမ်းမယ်။
ဒါပေမယ့် ဘယ်တော့မှ အရှုံးမပေးပါနဲ့။

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို  လူတွေသိတယ်  ဒါပေမယ့်  လူတိုင်းက မင်း ကောင်းကြောင်းကို  ပြောချင်ကြမှာ မဟုတ်ပါဘူး ...   ဘ...
31/05/2024

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို
လူတွေသိတယ်
ဒါပေမယ့်
လူတိုင်းက မင်း ကောင်းကြောင်းကို
ပြောချင်ကြမှာ မဟုတ်ပါဘူး ...

ဘာဖြစ်လို့လဲဆိုတော့ ....
မင်း မကောင်းကြောင်းကို ပြောဖို့
မင်း မှားမယ့် တကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ....။

မင်း အကြိမ်ကြိမ် ကူညီပေးခဲ့ဘူးတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းရဲ့ပေးဆပ်မှုကို
မှတ်သားထားကြမှာ မဟုတ်ပါဘူး

ဘာဖြစ်လို့လဲ ဆိုတော့ ....,
မင်းကို အပြစ်တင်ပြောဖို့
မင်း မကူညီ နိုင်မယ့် တစ်ကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ... ။

မင်း တော်တယ် ဆိုတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းအတွက်
ဂုဏ်ယူ ချီးမွမ်း ချင်နေကြမှာ မဟုတ်ပါဘူး

ဘာဖြစ်လို့လဲ ဆိုတော့....,
မင်းကို ကဲ့ရဲ့ မေးငေါ့ကြဖို့
မင်း ခြေချော်ပြီး ပြန်မထ နိုင်မယ့်နေ့ကို
သူတို့
စောင့်နေကြလို့ပါပဲ....။

စာဖတ်ခြင်း အကျိုးကျေးဇူးများ  (16) ချက်▪▪▪▪▪▪▪▪▪▪▪▪▪1. စာဖတ်ခြင်းသည် သင့်အား အသိပညာရရှိရန် ကူညီပေးသည်။2. စာဖတ်ခြင်းသည် မ...
31/05/2024

စာဖတ်ခြင်း အကျိုးကျေးဇူးများ (16) ချက်
▪▪▪▪▪▪▪▪▪▪▪▪▪

1. စာဖတ်ခြင်းသည် သင့်အား အသိပညာရရှိရန် ကူညီပေးသည်။

2. စာဖတ်ခြင်းသည် မှတ်ဉာဏ်ကို တိုးတက်စေသည်။

၃။ စာဖတ်ခြင်းသည် ဝေဖန်ပိုင်းခြားမှုနှင့် ပိုင်းခြားစိတ်ဖြာမှုစွမ်းရည်ကို အားကောင်းစေသည်။

4. စာဖတ်ခြင်းသည် သင့်အသက်မွေးဝမ်းကြောင်းကို တိုးတက်စေနိုင်သည်။

5. စာဖတ်ခြင်းသည် စာရေးစွမ်းရည်ကို တိုးတက်စေသည်။

6. စာဖတ်ခြင်းသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို လျော့နည်းစေသည်။

7. စာဖတ်ခြင်းသည် အာရုံစူးစိုက်မှုအားကောင်းစေပါသည်။

8. စာဖတ်ခြင်းသည် စိတ် လှုံ့ဆော်မှုကို တိုးတက်
စေသည်။

9. စာဖတ်ခြင်းသည် သင့်ကိုယ်ပိုင် အရှိန်အဟုန်ဖြင့် သင်ယူနိုင်စေပါသည်။

10. စာဖတ်ခြင်းသည် စိတ်ကူးဉာဏ်ကို လှုံ့ဆော်ပေးသည်။

11. စာဖတ်ခြင်းသည် စကားပြောစွမ်းရည်ကို တိုးတက်စေသည်။

12. စာဖတ်ခြင်းသည် စာနာမှုကို တိုးပွားစေသည်။

13. စာဖတ်ခြင်းသည် ပိုမိုကောင်းမွန်သော အိပ်စက်ခြင်းကို အထောက်အကူပြုသည်။

14. စာဖတ်ခြင်းသည် အဖော်ပြုခြင်းကို ပေးသည်။

15. စာဖတ်ခြင်းသည် သက်တမ်းတိုးနိုင်သည်။

16. စာဖတ်ခြင်းသည် သင့်အား စိတ်တူကိုယ်တူ ပုဂ္ဂိုလ်များနှင့် ချိတ်ဆက်ပေးသည်။

#မူရင်းရေးသာသူကိုခရေးဒစ်ပေးပါတယ်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

လက်ရှိအဆင်ပြေနေတဲ့ VPN ဆော့ဝဲများ 💥Free သုံးလို့ရတဲ့ VPN အတော်များများ လက်ရှိမြန်မာမှာ သုံးလို့မရကြပါဘူး။Turbo ၊ Tunnder...
31/05/2024

လက်ရှိအဆင်ပြေနေတဲ့ VPN ဆော့ဝဲများ 💥

Free သုံးလို့ရတဲ့ VPN အတော်များများ လက်ရှိမြန်မာမှာ သုံးလို့မရကြပါဘူး။
Turbo ၊ Tunnder နဲ့ GreenNet VPN တွေကတော့ လိုင်းကောင်းကောင်းနဲ့ သုံးလို့ရနေပါသေးတယ်တယ်။

Turbo VPN 💥
ဒီမှာဒေါင်းယူပါ - https://bit.ly/3V5H44m

Tunnder VPN 💥
ဒီမှာဒေါင်းယူပါ - https://bit.ly/3X4RDay

GreenNet VPN 💥
ဒီမှာဒေါင်းယူပါ - https://bit.ly/45bUIHV

အပြန်လှန်မှမဟုတ်ရင်ဘယ်အပေါင်းသင်းကိုမှ ပြုံးမပြတော့ဘူးဒါကရှိသင့်လို့ရှိလာတဲ့ မာနလို့ထင်ပါတယ်..၊သူတို့မှာ ဘဝရှိသလိုကျွန်တ...
28/05/2024

အပြန်လှန်မှမဟုတ်ရင်
ဘယ်အပေါင်းသင်းကိုမှ ပြုံးမပြတော့ဘူး
ဒါကရှိသင့်လို့ရှိလာတဲ့ မာနလို့ထင်ပါတယ်..၊

သူတို့မှာ ဘဝရှိသလို
ကျွန်တော့်မှာလဲ ဘဝရှိပါတယ်
လူသားတွေဖြစ်တာကြောင့် ဘယ်သူ့ကိုမှကြောက်ပြီး
သိမ်ငယ်နေမှာတော့မဟုတ်ပါဘူး
ခွဲခြားခံရပြီးတဲ့နောက် ကျွန်တော်
ရောပြီးမပေါတော့ပါဘူး..။

မုန်းလားဆို မဟုတ်ဘူး
ခင်လားဆိုလဲ အသင့်တင့်ပါပဲ
မေးရင်ဖြေမယ် ခေါ်ရင်ထူးမယ်
ဒါကကျွန်တော့်လူမှုရေးပါ
မကောင်းဘူးထင်ရင်တော့ ရှောင်ပေါ့..။

ကမ္ဘာကြီးကကျဉ်းကျဉ်းလေးလို့သာ ပြောတာပါ ။အခုဆိုကိုယ့်အချစ်ဆုံး သူငယ်ချင်းတွေနဲ့တောင် မတွေ့ရ ၊ မဆုံရတာ တော်တော်ကြာပြီ !!
27/05/2024

ကမ္ဘာကြီးက
ကျဉ်းကျဉ်းလေးလို့သာ ပြောတာပါ ။
အခုဆို
ကိုယ့်အချစ်ဆုံး သူငယ်ချင်းတွေနဲ့တောင်
မတွေ့ရ ၊ မဆုံရတာ တော်တော်ကြာပြီ !!

ကိုယ်ငွေကြေးကျပ်တည်းမှုခံစားနေရချိန်မှာ အကူအညီလိုအပ်နေတဲ့ တစ်စုံတစ်ယောက်ကို ကျန်ရှိတဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုသေးသေးလေးထဲ...
24/05/2024

ကိုယ်ငွေကြေးကျပ်တည်းမှုခံစားနေရချိန်မှာ အကူအညီလိုအပ်နေတဲ့ တစ်စုံတစ်ယောက်ကို

ကျန်ရှိတဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုသေးသေးလေးထဲကနေ ဘာမျှော်လင့်ချက်မှမပါတဲ့ မျှဝေပေးကမ်းမှုမျိုး လုပ်ဆောင်လိုက်ပါ

တစ်ဖက်သားကို ကိုယ့်ရဲ့အကောင်းတွေဝေမျှလိုက်လို့
အဲ့ကောင်းမွန်မှုတွေ ကိုယ့်မှာယုတ်လျော့သွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး

ဒါပေမဲ့ မေတ္တာစေတနာမှန်ဖို့တော့လိုတယ် ပေးနည်းမှန်ဖို့တော့လိုတယ်

အပေးအယူစိတ်ဓာတ် မျှော်လင့်ချက် အကျိုးလိုလို့ညောင်ရေလောင်းတဲ့စိတ်မျိုးကိုကိုယ်နဲ့ဖယ်ခွါထားဖို့လိုတယ်

တစ်ဖက်လူကို စေတနာထားလိုက်တယ် ပေးကမ်းဝေမျှလိုက်တယ်ဆိုတာ
လူအထင်ကြီးခံရဖို့နဲ့ တစ်ခုခုအကျိုးပြန်ရချင်တဲ့စိတ်မျိုး မဖြစ်နေရဘူး

တစ်ဖက်လူရဲ့ဒုက္ခအပူတွေကို
တစ်ခဏလောက် ငြိမ်အေးစေချင်တာ

ကိုယ်ဆင်းရဲဒုက္ခကျပ်တည်းမှု ဖြစ်ခဲ့ဖူးသလို
တစ်ဖက်လူကို အဲ့လိုခက်ခဲမှု မကြုံတွေ့စေချင်တာ

အဆင်ပြေစေချင်တာ ပျော်ရွှင်စေချင်တာ

စိတ်နှလုံးမချမ်းမြေ့ ဖြစ်နေချိန်မှာ
ကောင်းတဲ့စိတ်ခံစားချက်လေး အစားထိုးဖြစ်ပေါ်သွားအောင်
ကိုယ်နိုင်တဲ့ဘက်ကနေ ဒီဝန်ကိုထမ်းပေးချင်တာ

ဒီစိတ်ရင်းစေတနာကသာ
ကိုယ့်ဘဝရဲ့ကံကောင်းခြင်းတံခါးကိုဖွင့်ပေးမဲ့ သော့တံသာဖြစ်တယ်

မရှိလို့မလှူ မလှူတော့မရှိဆိုတဲ့သံသရာကို ကိုယ်ကစတင်ရပ်တန့်ဖို့လိုတယ်
ကိုယ့်ရဲ့စမှတ်ကို ကိုယ်တိုင်သတ်မှတ်ပြောင်းလဲဖို့လိုတယ်

(ငွေကြေး;ပစ္စည်းဥစ္စာ ယခုသင့်မှာမရှိနေလဲ ဘာဖြစ်သလဲ?)

တစ်ဖက်လူကို ကြည်လင်အေးချမ်းသွားစေမဲ့
ဖြူစင်တဲ့အပြုံးလေးတစ်ပွင့် သင့်မှာပိုင်ဆိုင်ထားတယ်

တစ်ဖက်လူရဲ့စိတ်ကို ကောင်းသောအရွေ့တစ်ခုဖြစ်သွားစေမဲ့
အပြုသဘောဆောင်တဲ့ ကောင်းသောစကားလေးတစ်ခွန်းနဲ့
ကံကောင်းခြင်းနဲ့ ပျော်ရွှင်ခြင်းကို သင်ဝေမျှလို့ရတယ်

ဒုက္ခရောက်နေတဲ့တစ်စုံတစ်ယောက်ကို ရည်မှန်းပြီး
စိတ်အတွင်းထဲကနေ ကိုယ့်မေတ္တာဓာတ်တွေ ပို့သပေးလို့ရတယ်

ကိုယ့်မှာရှိနေတဲ့1%သောကံဆိုးခြင်းတွေကို ပုံကြီးချဲ့နေမဲ့အစား
99%သောကိုယ့်ရဲ့ကံကောင်းခြင်းတွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ထုတ်ယူအသုံးချလိုက်ပါ

(သင်မှာ မြင်တွေ့ချင်တဲ့ဆန္ဒရှိရင် ကံကောင်းခြင်းတွေက ပြင်ပမှာမဟုတ်ဘူး... သင့်လက်ထဲမှာပါ)

" မျက်နှာဖုံးကို ခွာကြည့်ပါ "===================="စာ"တတ်သည် မတတ်သည် အဓိကမဟုတ်ပါ ။ဖတ်သည် မှတ်သည်သာအဓိကဖြစ်သည်....။"စကား"မ...
23/05/2024

" မျက်နှာဖုံးကို ခွာကြည့်ပါ "
====================

"စာ"
တတ်သည် မတတ်သည် အဓိကမဟုတ်ပါ ။
ဖတ်သည် မှတ်သည်သာအဓိကဖြစ်သည်....။

"စကား"
များသည် နည်းသည် အဓိကမဟုတ်ပါ ။
မှန်သည် မှားသည်သာ အဓိကဖြစ်သည်....။

"လူ"
ဖြူသည် မည်းသည် အဓိကမဟုတ်ပါ ။
စိတ်ဓာတ် ကောင်းသည် ညံ့သည်သာ အဓိကဖြစ်သည်...။

"ဘွဲ့စာရွက်ရ သူတယောက်ကလည်း
စာတတ်ဆိုတဲ့ နာမည်တစ်လုံး ခံယူနိုင်ပေမယ့် စာ,ဖတ်အား မှတ်အားနည်းလျှင် စာပေစိတ်ဝင်စားတဲ့ မူလတန်း ကျောင်းသားထက် စဉ်းစားဉာဏ်က ရှိချင်မှ ရှိလာပါလိမ့်မည်....

"အပြောကောင်းတဲ့ သူတယောက်လည်း
လူတွေယုံကြည်မှုများကိုရထားပေမယ့်
စကားနည်းတဲ့ သူတယောက်ထက် အမှန်တရား အမှန်စကားကို ပြောတတ်ချင်မှပြောလေပါလိမ့်မည်....

" ရုပ်ချော,လှ တဲ့သူတစ်ယောက်က ချစ်ခင်စရာ ကောင်းပေမယ့် သူ့ရင်တွင်း စာရိတ္တက ရုပ်ဆိုးလွန်းတဲ့ သူတစ်ယောက်ထက် ကောင်းချင်မှ ကောင်းနေပါလိမ့်မည်...

အပေါ်ယံမြင်နေသမျှဟာ လူသားတို့ရဲ့မျက်နှာဖုံးပါ
မခွာကြည့်နိုင်သေးပဲဆုံးဖြတ်ချက် များမပေးမိစေနဲ့။

မနက်အိပ်ယာနိုးတာနဲ့ စာပို့တယ်။ဘာပဲလုပ်လုပ် အသိပေးတယ်။အကောင်းအဆိုး တိုင်ပင်တယ်။ပျော်ရွင်မူ၊ဝမ်းနည်းမူတွေ မျှဝေပေးတယ်။ကျွန...
19/05/2024

မနက်အိပ်ယာနိုးတာနဲ့ စာပို့တယ်။
ဘာပဲလုပ်လုပ် အသိပေးတယ်။
အကောင်းအဆိုး တိုင်ပင်တယ်။
ပျော်ရွင်မူ၊ဝမ်းနည်းမူတွေ မျှဝေပေးတယ်။
ကျွန်တော်လိုချင်တဲ့
ချစ်ခြင်းမေတ္တာဟာ ဒါပါပဲ…။🌻🤍

မြင့်မြတ်တဲ့လူ့ဘဝကိုရတောင့်ရခဲရလာတဲ့အခိုက်အသက်ရှင်နေစဥ်ကာလမှာပေါ့ပေါ့ဆဆမနေပါနဲ့ပိုက်ဆံကိုရသမျှစုပါပိုက်ဆံရှိမှအဆင်ပြေမှာ...
18/05/2024

မြင့်မြတ်တဲ့လူ့ဘဝကို
ရတောင့်ရခဲရလာတဲ့အခိုက်
အသက်ရှင်နေစဥ်ကာလမှာ
ပေါ့ပေါ့ဆဆမနေပါနဲ့
ပိုက်ဆံကိုရသမျှစုပါ
ပိုက်ဆံရှိမှအဆင်ပြေမှာ
နောက်အမှားအမှန်ခွဲခြားနိုင်ဖို့ပညာကိုစုပါ
လာပြီးရင်ပြန်ကြရဦးမှာမို့
သံသရာအတွက်ကုသိုလ်တွေကိုစုသွားပါ

Credit

လူလိမ်ဆိုတာအလိမ်ခံရပြီးမှသိတာပါလူတိုင်းကိုမယုံနဲ့ယုံမိရင်အလိမ်ခံရပြီးသာမှတ်ဘဝပျက်သွားတဲ့လူတွေမှအများကြီးငွေ ပစ္စည်းဥစ္စာ...
17/05/2024

လူလိမ်ဆိုတာအလိမ်ခံရပြီးမှသိတာပါ
လူတိုင်းကိုမယုံနဲ့
ယုံမိရင်အလိမ်ခံရပြီးသာမှတ်
ဘဝပျက်သွားတဲ့လူတွေမှအများကြီး
ငွေ ပစ္စည်းဥစ္စာ ယုံကြည်မှု အချစ် ဆိုတဲ့အရာတွေဟာ အလိမ်ခံရတာအများဆုံးပါ

ပညာပေးတယ် သင်တယ်ဆိုတာခန်းမထဲမှ မဟုတ်ပါဘူးအဆင်ပြေတဲ့ ပတ်ဝန်းကျင်မှာအလျဥ်းသင့်သလို တည့်မတ်ပေးရင်အသိဥာဏ်ကြီးတဲ့ လူမူဝန်းကျင...
17/05/2024

ပညာပေးတယ် သင်တယ်ဆိုတာ
ခန်းမထဲမှ မဟုတ်ပါဘူး
အဆင်ပြေတဲ့ ပတ်ဝန်းကျင်မှာ
အလျဥ်းသင့်သလို တည့်မတ်ပေးရင်
အသိဥာဏ်ကြီးတဲ့ လူမူဝန်းကျင်ကောင်းဖြစ်တည်လာတာပါဘဲ

နှုတ်မစောင့်က ပျက်စီးရ(စ/ဆုံး)---------------------------------------တစ်ခါတုန်းက မြို့တစ်မြို့မှာ သူတစ် ပါး မကောင်းကြောင...
16/05/2024

နှုတ်မစောင့်က ပျက်စီးရ(စ/ဆုံး)
---------------------------------------
တစ်ခါတုန်းက မြို့တစ်မြို့မှာ သူတစ် ပါး မကောင်းကြောင်း အတင်းအဖျင်းတွေ လိုက်ဖွတတ်တဲ့ ဒေါ်ဘုမဆိုတဲ့အမျိုးသမီးတစ်ယောက် ရှိသတဲ့ကွယ်။ သူဟာ သူတစ်ပါးရဲ့ အားနည်းချက်၊ မကောင်းကွက်တွေ ကို ရှာဖွေစပ်စုပြီး ပုံကြီးချဲ့ ပြောဆိုတတ်သလို အလွန် ခင်မင်ကြတဲ့ မိတ်ဆွေတွေကြား ကုန်းချောကုန်းတိုက် တတ်သူဖြစ်လို့ ခဏခဏ ရုံးရောက်ဂါတ်ရောက်တဲ့ထိ ဖြစ်ရသတဲ့ကွယ်။

ဘယ်လောက်ပဲ အမှုပြဿနာတွေကြုံရ ကြုံရ ဒေါ်ဘုမဟာ အတင်းအဖျင်းပြော ကဲ့ရဲ့တတ်တဲ့ ဝါသနာကို မစွန့်လွှတ်နိုင်ဘူးတဲ့ကွယ်။ သူ့အကြောင်းကို သိကြတဲ့ သူ့ပတ်ဝန်းကျင် က လူတွေဟာ သူ့ကို အပေါင်း အသင်းတောင် မလုပ်ကြပေမဲ့လည်းသူဟာနောင်တမရဘဲအရင်လိုပဲ ပြဿနာတွေရှာနေတာပေါ့ကွယ်။ အဲဒီမြို့ ရဲ့ တရားသူကြီးဟာ ဒေါ်ဘုမကြောင့် ဖြေရှင်းရတဲ့အမှု ပြဿနာတွေများလွန်းလို့ စိတ်ညစ်နေရသတဲ့ကွယ်။

နောက်ဆုံးတော့ တရားသူကြီးဟာ ဆုံးမလို့ လည်းမရ၊ ဥပဒေနဲ့ သတိပေးလို့လည်းမရတဲ့ ဒေါ်ဘုမ ကို မြို့ စားမင်းထံ တိုင်ကြားလိုက်တော့တယ်။

မြို့စားမင်းလည်း ဒေါ်ဘုမကို-
“အတင်းမပြောရ၊ ကုန်းချောစကားမပြော ရ။ ပြောလျှင် နယ်နှင်ဒဏ်ပေးမည်”လို့ အမိန့်ချလိုက်ရ တော့သတဲ့ကွယ်။ ဒီတော့ အတင်းအဖျင်းမပြောဘဲ မနေနိုင်တဲ့ ဒေါ်ဘုမဟာ နေမထိ ထိုင်မသာနဲ့ စိတ် မချမ်းမသာဖြစ်နေတာပေါ့။ ဒါနဲ့ သူဟာ သူ့ အကျင့်ကို မဖျောက်နိုင်တဲ့အတွက် ဈေးကနေ ကြက်တူရွေး တစ်ကောင်ဝယ်ပြီး သူပြောချင်တဲ့ အတင်းအဖျင်းစကား တွေကို ကြက်တူရွေးဆီ ပြောပြသတဲ့။

သူပြောတဲ့အကြောင်း တွေထဲမှာ နယ်နှင်ဒဏ်ပေးမည်လို့ အမိန့်ထုတ်ထားတဲ့ မြို့စားမင်းအပေါ် မကျေနပ်ချက်တွေလည်း ပါနေတာပေါ့ ကွယ်။ သူ့ဝါသနာအတိုင်း သူပြောချင်တဲ့ စကားတွေကို ကြက်တူရွေးဆီပြောရင်း အချိန်တွေကြာလာတာကိုဒေါ်ဘုမ က သတိမထားမိဘူးတဲ့ကွယ်။ ဒီလိုနဲ့ တစ်နေ့မှာ မြို့စားမင်း ဟာ မြို့ထဲလှည့်လည်ရင်း အတင်းအဖျင်းပြောရတာဝါသနာ ပါတဲ့ ဒေါ်ဘုမနေထိုင်ရာရပ်ကွက်ထဲ ရောက်လာခဲ့တယ်။

အဲဒီအခါဒေါ်ဘုမရဲ့ ကြက်တူရွေးဟာ လှောင်အိမ်ထဲကနေ-
"အသုံးမကျတဲ့ မြို့စားမင်း။

စလောင်းဗန်းများကို📡 ကိုယ်တိုင် ချိန်ချင်သော📡 မိတ်ဆွေများအတွက်📡 စလောင်းချိန်နည်း အခြေခံအယူအဆများ📡 တပ်ဆင်ထားပြီး အကြောင်းအ...
15/05/2024

စလောင်းဗန်းများကို📡 ကိုယ်တိုင် ချိန်ချင်သော📡 မိတ်ဆွေများအတွက်📡 စလောင်းချိန်နည်း အခြေခံအယူအဆများ📡 တပ်ဆင်ထားပြီး အကြောင်းအမျိူးမျိူးကြောင့် ဗန်းအနေအထားရွေ့သွားသည့်အခါ ပြန်လည်ချိန်လိုပါက👇👇👇👇📡📡Apstar7, 76.5°Eအရပ်-အနောက်တောင်တည့်တည့်ဗန်း အနေအထား- ထောက်တိုင် မှ 58°မော့ပါLNB (ထိပ်ဖူး) အနေအထား - 4နာရီခွဲခန့်------📡📡📡PSI/IPM Receiver တပ်ဆင်ထားပြီး အကြောင်းအမျိူးမျိူးကြောင့် ဗန်းအနေအထားရွေ့သွားသည့်အခါ ပြန်လည်ချိန်လိုပါက👇👇👇👇Thaicom 5/6, 78.5°E📡အရပ်အနောက်တောင်တည့်တည့်မှအရှေ့ဘက်သို့5°ခန့်စောင်းပါ📡ဗန်း အနေအထား-ထောက်တိုင် မှ 60° မော့ပါ📡
ထိပ်ဖူး (LNB) အနေအထား - 5နာရီ📡📡📡📡📡🇹🇼🇹🇼🇹🇼📡📡📡📡 အထူးသတိပြုရန်မှာ စလောင်းဗန်း ဒေါင့်တိုင်သည် 90° ဒေါင့်မှန်ကျ တည့်မတ်နေရန် လိုအပ်သလို တည်ညိမ်နေရန် အထူး အရေးကြိး ပါသည်🇹🇼🇹🇼🇹🇼ဒိဂရီ ချိန်ဆရန် ဆော့ဝဲအောက်က linkမှာ..Download ဆွဲကာ မိမိ ဖုန်းမှာ ဆောင်ထားသင့်ပါတယ်🇹🇼🇹🇼🇹🇼⚽⚽⚽👇🏻👇🏻👇
http://bit.ly/400q4gk

🇹🇼🇹🇼🇹🇼⚽⚽⚽မည်သည့် sat တွေကို ဖမ်းချင်သည်ဖြစ်​စေ LNB အနေထား ဗန်အနေထား စတာတွေကို အလွယ်တကူပြပေးနိုင်တဲ့ sat lools APKဆောင်ထားလိုက်ရင် အလွယ်တကူ ပြသပေးပါလိမ့်မယ်apk ဖွင့်ပါ ဖုန်းကGPSနဲ့ INTERဖွင့်ထားပါ Sat Degree နေရာမှာ ကိုဖမ်းချင်တဲ့ satကိုရိုက်ထည့်ပါ ပီးရင်အောက်မှာNet ကိုနှိပ်လိုက်ပါ .. lnb အနေထား ဗန်းအနေထားကအစ ပြပေးပါလိမ့်မည် ဆော့ဝဲ ကို အောက်ကLinkမှာ Down ပါ
👇🏻👇🏻👇🏻
https://bit.ly/41odOrl
⚽⚽⚽🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼

အသုံးဝင်ဆော့ဝဲလ်များ ( ၆ ) မျိုး ✅ဖုန်းမှာမရှိမဖြစ် ဆောင်ထားရမဲ့ ဆော့ဝဲလ် ( ၆ ) မျိုးကိုတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်လေးတွ...
15/05/2024

အသုံးဝင်ဆော့ဝဲလ်များ ( ၆ ) မျိုး ✅

ဖုန်းမှာမရှိမဖြစ် ဆောင်ထားရမဲ့ ဆော့ဝဲလ် ( ၆ ) မျိုးကိုတင်ပေးလိုက်ပါတယ်။
ဒီဆော့ဝဲလ်လေးတွေ ဖုန်းထဲထည့်ထားရင် တော်တော်ပြည့်စုံနေပြီနော် 💯 ✅

ဒေါင်းယူလို့အဆင်ပြေအောင် ဆော့ဝဲလ်တစ်ခုချင်းစီကို လင့်ချပေးထားပါတယ်ဗျ ⬇️
အရမ်းကောင်းတဲ့ ဆော့ဝဲလ်မို့ ဆောင်ထားသင့်ပါတယ် ✅

🔶 ဖုန်းကို CCTV အဖြင့်အသုံးပြုနိုင်တဲ့ ဆော့ဝဲလ်
ဆော့ဝဲလ်ကို ဒီမှာဒေါင်းယူပါ - https://bit.ly/3R93MHZ

🔶 ဖုန်းမှာ ကာရာအိုကေဆိုလို့ရမဲ့ ဆော့ဝဲလ်
ဆော့ဝဲလ်ကို ဒီမှာဒေါင်းယူပါ - https://bit.ly/4dU2B95

🔶 အသံဖြင့် ဘာသာပြန်နိုင်တဲ့ ဆော့ဝဲလ်
ဆော့ဝဲလ်ကို ဒီမှာဒေါင်းယူပါ - https://bit.ly/4aoq3YV

🔶 ဖုန်းမှာ မှားဖျက်မိတဲ့ Photo ၊ Video တွေ ပြန်ရှာနိုင်တဲ့ ဆော့ဝဲလ်
ဆော့ဝဲလ်ကို ဒီမှာဒေါင်းယူပါ - https://bit.ly/3UPsIVY

🔶 ဖေ့ဘုတ်ပေါ်က ဗီဒီယိုတွေ HD အကြည်ဒေါင်းယူနိုင်တဲ့ ဆော့ဝဲလ်
ဆော့ဝဲလ်ကို ဒီမှာဒေါင်းယူပါ - https://bit.ly/3yfcrSi

🔶 ဖုန်းထဲက အမှိုက်တွေကို သန့်ရှင်းရေးပြုလုပ်နိုင်တဲ့ ဆော့ဝဲလ်
ဆော့ဝဲလ်ကို ဒီမှာဒေါင်းယူပါ - https://bit.ly/4bE02pk

အားလုံးအဆင်ပြေပါစေ

15/05/2024
•••ဘယ်အရာကိုမှ အစွဲမထားရင် ဘယ်လိုပေးဆပ်မှုမျိုးကမှ မပူလောင်ပါဘူး။•••ပေးတဲ့လက်က အေးချမ်းပါတယ်ယူတဲ့လက်က ပူလောင်ပါတယ်။•••သိ...
15/05/2024

•••ဘယ်အရာကိုမှ အစွဲမထားရင်
ဘယ်လိုပေးဆပ်မှုမျိုးကမှ မပူလောင်ပါဘူး။

•••ပေးတဲ့လက်က အေးချမ်းပါတယ်
ယူတဲ့လက်က ပူလောင်ပါတယ်။

•••သို့ပေမဲ့...
လောကမှာ ကိုယ်တိုင်လောင်ကျွမ်းပြီးမှ ပတ်ဝန်းကျင်ကို အလင်‌းပေးတဲ့ ဖယောင်းတိုင်လိုလူတော့ မဖြစ်ပါစေနဲ့။

•••မီးစာကုန်သွားရင် မှောင်မိုက်သွားမှာပါပဲ
အလင်းပေးနိူင်တုန်းတချိန်ကတော့ ကိုယ့်အနားရှိကြမှာပါ။

•••ဒါကြောင့် မီးစာမကုန်တဲ့အထိတော့ပေးဆပ်ပါ နောက်ထပ်လောင်စာရနိူင်မယ့် ဝန်းကျင်မှာပဲရှင်သန်ပါ။

•••မျှော်လင့်ချက်ဆိုတာထက် ကိုယ်ပေးသလောက်တန်ပြန်မယ့် ဆက်ဆံရေးတွေကိုပဲ
စိတ်ထဲနှစ်ထားပါ တချို့ကရေစိမ်စက္ကူလိုပဲ စာရေးလို့မရတော့ဘူး။

•••လိုရင်"သကြား"၊မလိုရင် "ခါး"တဲ့ဆက်ဆံရေးတွေကိုလည်းအရေးသိပ်မပေးနဲ့ ။
လောကမှာ အပြောင်းလဲလွယ်တဲ့ လူတွေကိုရှောင်ပါ။သူတို့စိတ်အပြောင်းအလဲ ကြားမှာရှင်သန်ရတဲ့ကိုယ့်စိတ်ပဲ ပိုပင်ပန်းရမှာပါ။

•••မေတ္တာပေးလို့ မေတ္တာပြန်ရမယ်သူရယ်
ယုံကြည်မှုကို တန်ဖိုးထားတဲ့သူရယ်
သစ္စာတရားကို အသက်ထက်မြတ်နိူးသူရယ်
ကျေးဇူးတရားကို အသိအမှတ်ပြုသူရယ် ဒီလိုလူတွေနဲ့တွေ့ရင် အလေးအနက်ထားပါ။

•••သင်အဆင်မပြေဖြစ်နေရင်တောင် သင့်အနားကဘယ်တော့မှာ"ဖယ်ခွာ"မသွားဘူး။
မှန်လိုဆက်ဆံရေးမျိုးနဲ့သာ ကျင့်သွား သူ့အလိုလို ဘယ်လိုလူမျိုးတွေ သင့်အနားမှာရှိနေလည်း ဆိုတာသိသွားရလိမ့်မယ်။

•••လူတစ်ယောက်အကြောင်းသိချင်ရင်
အဆင်မပြေ ကြည့်လိုက် သိသာစွာပြောင်းလဲသွားမယ့်ဆက်ဆံရေးတွေအများကြီးရှိတယ်။

•••ဒါကြောင့် ပေးဆပ်နိူင်သလောက်သာပေးဆပ်ပါ ပြန်ရမယ်လို့တော့မမျှော်လင့်ပါနဲ့ပူလောင်ပါတယ်။လိုအပ်တာထက်မပိုစေနဲ့
မနိူင်ဝန်မထမ်းပါနဲ့လောကမှာ လူ တချို့က" လိုသုံး"များတယ်။

Address

Myamnar
Kyonpyaw
3065

Telephone

+959695339229

Website

Alerts

Be the first to know and let us send you an email when ခေါက်ဆင့်သားလေးနည်းပညာ Mi Ba Kaya Zuu Mobile Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ခေါက်ဆင့်သားလေးနည်းပညာ Mi Ba Kaya Zuu Mobile Service:

Videos

Share

Category


Other Kyonpyaw media companies

Show All

You may also like