Kyonpyaw News

Kyonpyaw News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyonpyaw News, Media/News Company, Kyonpyaw.

"အပျော်မှသည် အပျက်ဆီသို့"(၁)သူရို့နာမည်ကအတော်လှသည်။ "K" ... "E" ... "Happy Water" တဲ့။သူရို့က ညမှောင် အခန်းမှောင်မှောင် ...
04/04/2023

"အပျော်မှသည် အပျက်ဆီသို့"
(၁)
သူရို့နာမည်ကအတော်လှသည်။ "K" ... "E" ... "Happy Water" တဲ့။
သူရို့က ညမှောင် အခန်းမှောင်မှောင် High အခန်းထဲတွင် DJ သံညံညံဖြင့် တွေ့နိုင်သည်။
(၂)
"E" ဆိုတာက Ecstasy ....။ Stimulant drug group စိတ်ကြွဆေးအုပ်စုထဲတွင် ခေါင်းခါဆေးဟုနာမည်ကြီးသော စိတ်ထင်ယောင်ထင်မှားလည်းဖြစ်စေသည့် (Hallucinogen) မူးယစ်ဆေးတစ်မျိုးဖြစ်သည်။ E အား Tablet ဆေးပြားအနေဖြင့်တွေ့နိုင်ပြီး recreational drug သို့မဟုတ် club drug အနေဖြင့် တဒင်္ဂပျော်မွေ့စရာအနေဖြင့် စွဲလန်းစေသည့် မူးယစ််ဆေးတစ်မျိုးဖြစ်သည်။ E ၏ mechanism မှာ ခန္ဓာကိုယ်တွင်းမှ Dopamine ၊ Noradrenaline ၊ Serotonin ဟူသော Hormone ဟော်မုန်း ၃ မျိုးကို ထွက်လာရန် လှုံံ့ဆော်ပေးသည်။ Dopamine hormone သည် စိတ်ကို တက်ကြွလာစေပြီး အားအင်ပြည့်လာသလိုခံစားစေပြီး တဒင်္ဂ ထင်မှတ်မှားစေသော ပျော်ရွှင်မှုကိုရစေသည်။ Noradrenaline hormone သည် နှလုံးခုန်မြန်စေ၍ သွေးပေါင်တက်စေသည်။ (သွေးတိုးရှိသူများ အတွက် အန္တရာယ်ရှိပါသည်။) Serotonin hormone သည် စိတ်ကို တက်ကြွစေကာ လိင်စိတ်ကို နှိုးဆွမှု ပေးပါသည်။
E ၏ အာနိသင်မှာ ၂ နာရီမှ ၄ နာရီခန့်အထိ သက်ရောက်စေပြီး အာနိသင် ကုန်ခါစတွင် စိတ်ကျခြင်း၊ စိတ်စုစည်းရန်ခက်ခဲခြင်း၊ စိတ်ဂဏှာမငြိမ်ဖြစ်ခြင်းတို့ဖြစ်စေသည်။
ထိုသို့ဖြစ်ခြင်းကို အရှိန်တင်သည့်အနေဖြင့် "K" ကို ရှုကြလေသည်။
(၃)
နောက်ထပ် စိတ်ကြွဆေးတစ်မျိုးကတော့ ကိုကင်း Co***ne ဖြစ်သည်။ Coke ၊ Crack ၊ Big C ဟုလည်း ခေါ်ကြသေးသည်။ ထိုစိတ်ကြွဆေးအမျိုးအစားအနက် မြန်မာနိုင်ငံတွင် အခုနောက်ပိုင်းပို၍ ခေတ်စားလာသည်မှာ Happy Water ဆိုသည့် နာမည်လှလှပေးထားသော နတ်ဆိုးရည်ဖြစ်သည်။ Happy Water ထဲတွင် Ketamine ၊ Ectasy ၊ methamphetamine ၊ diazepam ၊ Caffeine ၊ Tramadol စသည့် စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးများကို အမှုန့်ကြိတ်၍ အအေးတစ်ခုဖြင့်ရောကာ အရည်ဖျော်ထားခြင်းဖြစ်သည်။ သူသည်လည်း ဆေးအာနိသင် ၂ နာရီကျော်ကြာမြင့်ပြီး အာနိသင်ပျယ်ပါက စိတ်ကျခြင်း၊ စိတ်စုစည်းရန်ခက်ခဲခြင်း၊ စိတ်ဂဏှာမငြိမ်ခြင်းတို့ဖြစ်စေသည်။
(၄)
အထက်ဖော်ပြပါ E တို့ Happy Water တို့ DJသံ၏ စီးချက်ပြင်းပြင်းဖြင့် နှလုံးအား မောင်းနှင်မှုအောက်တွင် ပျက်ပျယ်စအချိန် ကယောင်ကတမ်းမဖြစ်မီတွင် ဆရာကြီး K နှင့် အရှိန်တင်ကြသည်။
K ခေါ် Ketamine ကို မေ့ဆေးအနေဖြင့်၁၉၆၄ တွင် Clinical Tray တွင် စတင်စမ်းသပ်ခဲ့ပြီး အခြား မေ့ဆေး၊ ထုံဆေးများထက် Side effect နည်းခြင်း၊ soft ဖြစ်ခြင်း၊ အာနိသင်အချိန်တိုတောင်းခြင်းတို့ကြောင့် ကလေးလူနာများ၊ တိရစ္ဆာန်များကို ခွဲစိပ်ကုသရာ၌ မေ့ဆေးအဖြစ် စတင်အသုံးပြုခဲ့ကြသည်။ ဆေးအမည်ကို Ketalar ၊ Ketaset၊ Vetalar ဟူ၍ အမည်တတ်ကြသည်။ Ketamine သည် အခြား သမားရိုးကျ မေ့ဆေးများနှင့်မတူသောအာနိသင်မှာ လူနှင့် စိတ်မကပ်သည့်အတွက် ဆေးပညာအခေါ်အဝေါ်အရ Dissociative Anesthesia ဟု သတ်မှတ်ကြသည်။ K ခေါ် Ketamine သည်ဦးနှောက်၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်း cortical ဟုခေါ်သည့် အစိတ်အပိုင်းနှစ်ခုကို အဆက်အသွယ်ဖြတ်တောက်လိုက်သည်။ ထိုအခါ ဦးနှောက်၏ လုပ်ငန်းစဉ်များသည် အရောရောအထွေးဖြစ်ကာ ခန္ဓာကိုယ်နှင့် စိတ် အာရုံအသိ ကင်းကွာသွားပြီး ခန္ဓာကိုယ်ကမူလျနရာတွင်ရှိသော်လည်း စိတ် သို့မဟုတ် အာရုံအသိက လွင့်မျောနေလေသည်။ ထိုသည်ကို K Hole ဟု ခေါ်ကြသည်။
Ketamine ကြောင့် Dopamine Hormone ထွက်လာပြီးစိတ်ထင်ယောင်ထင်မှားဖြစ်ကာ တဒင်္ဂ သာယာပျော်ရွှင်သည့် ခံစားမှု (Euphoria)ကို ရရှိသယောင်ဖြစ်စေသည်။
(၅)
သို့သော် အထက်ပါမူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေသောဆေးများသည် နှလုံးအား ပြင်းထန်စွာခိုင်းစေခြင်း၊ သွေးတိုးခြင်းတို့ဖြစ်စေသောကြောင့် နှလုံးရောဂါအခံရှိသူများ၊ သွေးတိုးရောဂါရှိသူများသည် ရုတ်တရက် Shocked ဖြစ်ကာ အသက်ဆုံးပါးသည်အထိ ဖြစ်နိုင်သည်။ သာမန်လူများတွင်လည်း ရေရှည်တွင် နှလုံးထိခိုက်ခြင်း၊ သွေးတိုးခြင်းတို့ ဖြစ်လာပါမည်။ ထို့အပြင် စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးများဖြစ်သဖြင့် စိတ်စေစားရာလိုက်မလုပ်ပါက ဦးနှောက်အတွင်းမှ ယိုစီးလာသော Hormone များက အန္တရာယ်ဖြစ်စေနိုင်သဖြင့် အဆက်မပြတ်ကခုန်ခြင်း၊ ခေါင်းယမ်းခြင်း၊ လက်မြှောက်ထားရခြင်း၊ ရေများများသောက်ရခြင်း၊ ရှုဆေးရှုခြင်း ယက်ခတ်ခြင်းစသည့် ကုစားမှုများကို ပြုလုပ်နေရပြီး ထိုသို့မလုပ်ပါက Shocked ရနိုင်သဖြင့် နဘေးက အသိရှိသေးသူက ထိုသို့ပြုလုပ်ရန် လှုံ့ဆော်ပေးရသည်။ ထိုမူးယစ်ဆေးများသည် Drug တို့၏ ထုံးစံအတိုင်း ရေရှည်တွင် ထိလာငြိလာစေရန် Dose တက်လာသည့်အတွက် နောက်ပိုင်းတွင် စွဲလန်းစိတ်ဖြင့် လုပ်မိလုပ်ရာများ လုပ်ကိုင်လာမိတတ်သည်။
အသည်း၊ ကျောက်ကပ်နှင့် နှလုံးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်သည်။ မျိုးပွားဆိုင်ရာပြဿနာများလည်း ရှိသဖြင့် ကိုယ့်၏ မျိုးဆက်များသည် ကိုယ်၊ စိတ်ချို့ယွင်းမှုများဖြင့် မွေးဖွားလာနိုင်သည်။ မိမိကိုယ်တိုင်လည်း မှတ်ဉာဏ်လျော့နည်းလာခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန်သောကရောက်ခြင်း၊ ထင်ယောင်ထင်မှားများဖြစ်ခြင်း၊ မေ့လျော့ခြင်းစသည့် ဆိုးကျိုးတွေအထိ ခံစားရနိုင်ပါသည်။

ထို့အပြင် အမျိုးသမီးများအဖို့ အသိလွတ်သဖြင့် ကိုယ့်ကို မည်သူက ဘာလုပ်သွားသည်ကို မသိနိုင်တော့ပဲ နောက်ဆက်တွဲ အရှက်တကွဲအကျိုးနည်းဖြစ်တတ်ပါသည်။
(၆)
အနောက်နိုင်ငံနယ်ချဲ့များသည် ၁၉ ရာစုက ကြွယ်ဝ၍ ပညာရည်ပြည့်ဝသော တရုပ်ကို နယ်ချဲ့နိုင်ရန် ဘိန်းစစ်ပွဲကို ဆင်နွှဲခဲ့သည်။ ယခုအခါတွင်လည်း မြန်မာနိုင်ငံအား ကိုလိုနီလက်ဝေခံ သြဇာခံဖြစ်လာစေရန် တပ်မတော်အားပြိုကွဲအောင် စစ်ရေးအရအကူအညီပေးခြင်း၊ ဘာသာရေးအရဖိနှိပ်ခြင်း သိမ်းသွင်းခြင်း၊ စီးပွားရေးအရ ကန့်သတ်ခြင်း၊ မီဒီယာအားဖြင့် အသိမှားများရစေခြင်း၊ ဒလျှို ဒလန် လောက်ကောင်များကို INGO အသွင်ဖြင့်မွေးမြူခြင်း စသည်တို့ကို စနစ်တကျ အကွက်ဖော်၍ ဆောင်ရွက်နေကြပြီး Drug War သည်လည်း သူရို့၏ Strategy တစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် တာဝန်အရှိဆုံးအစိုးရရော၊ ပြည်သူများကပါ အမျိုးသားရေးအသိဖြင့် ထိန်းသိမ်းကာကွယ်တားဆီးသွားသင့်ပါကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။
ချစ်ခြင်းဖြင့်
ကိုအောင်
welovemyanmar

မြန်မာတို့နှင့်အလွဲများ  ~~~~~~~~~~~~~မြန်မာသည် မဟုတ်တာကို အလွန်ကြွားဝါချင်လှ၏ ။ ရေခဲသေတ္တာ ကို ဧည့်ခန်းတွင်ထားခဲ့ကြသည် ...
03/04/2023

မြန်မာတို့နှင့်အလွဲများ
~~~~~~~~~~~~~
မြန်မာသည် မဟုတ်တာကို အလွန်ကြွားဝါချင်လှ၏ ။ ရေခဲသေတ္တာ ကို ဧည့်ခန်းတွင်ထားခဲ့ကြသည် ၊ အ၀တ်လျှော်စက်ကို အိမ်ရှေ့တွင်လူမြင်အောင်ပြ၏ (ထားစရာနေရာမရှိသဖြင့်ထားရခြင်းကို မဆိုလို ) ၊မှန်ဗီရို ၇ှိုးကေ့ဈကိုဧညျ့ခနျးတှငျထားကာ ထို မှန်ဗီရို ထဲတွင် လက်ဘက်ရည် ပန်းကန် ( Tea Set ) များကို အလှထည့်ထားကြသည်မှာ လူ ၅၀ ခန့်ကို လက်ဖက်ရည်တိုက်၍ ရသည် ။ သို့သော် ထို Tea Set များကိုအပြင်ထုတ်၍ အသုံးပြုတာတော့ တစ်ခါမှမမြင်ဖူးချေ။

တခါကရွာတစ်ရွာတွင် ရေရှားပါးသဖြင့် နိုင်ငံခြားသားအလှူရှင်များကို ထိုရွာသို့ခေါ်သွားဖူးသည် ။ နိုင်ငံခြားသားများသည် သူတို့နိုင်ငံတွင်သိပ်ပြီးချမ်းသာကြသူများမဟုတ် ။ စေတနာထက်သန်သောကြောင့် ငွေကြေးများစုပေါင်းကောက်ခံပြီး စက်ရေတွင်းတူးရန်လာလှူကြခြင်းဖြစ်သည် ။ တစ်ရွာလုံး ၀မျးသာအားရ အလှူရှင်တွေ နှင့် နှုတ်ဆက်ကြ ၊ဓာတ်ပုံရိုက်ကြသည် ။ညကျတော့ ဆိုင်းသံ ဗုံသံတွေကြားရသဖြင့် နိုင်ငံခြားသားများကသွားကြည့်ကြသည် ။ ဘာအခမ်းအနားလဲဟုမေးကြည့်ရာ ရွာ ကစုပေါင်းပြီးဌားထားသော အငြိမ့် ဖြစ်နေသည် ။ စုပေါင်းရှင်ပြုပွဲတခုအတွက် အောင်ပွဲကျင်းပကြခြင်းဖြစ်ပါသတဲ့ ။ အငြိမ့်ငှားခကိုတော့ရွာသားများစုပေါင်းထည့်ကြသည် ။ အငြိမ့်ငှားရမ်းခစျေးနှုန်းကိုမေးကြည့်ရာ စက်ရေတွင်းတူးခ အပြီးအစီးစျေးနှုန်း လောက်ပင်ဖြစ်နေ၏ ။ နိုင်ငံခြားသားအလှူရှင်များမှာ အံ့သြလွန်းသဖြင့် ခေါင်းတခါခါ လည်တခါခါဖြစ်ကုန်ကြသည် ။ ရေတွင်းတူးဖို့ လှူမညျ့အလှူ၇ှငျမပေါျသောျ လည်း တစ်ရွာလုံးမှာ တိုက်ခံအိမ်တွေ အများကြီးရှိသည် ၊ စကိုင်းနက် ရုပ်သံစလောင်းများကိုလည်း အိမ်တော်တော်များများတွင်တွေ့ခဲ့ရသည်။

နိုင်ငံခြားသား စက်ရေတွင်းအလှူရှင်များမှာ အိုးကမပူ ၊ စလောင်းကပူသလို ဖြစ်နေကြသည် ။ငပိသည်က အိပ်နေပြီး ဆားသည်က ယင်မောင်းနေရသလိုဖြစ်နေသည် ။ မြန်မာတို့က အပေါ်ယံတွေမှာ တလွဲဆံပင်ကောင်းကြသည် ။ မြွေကိုက်၍မကြာခနလူသေသောရွာတွင် မြွေဆိပ်ဖြေဆေး ရေခဲသေတ္တာထဲမှာ အသင့်ထည့်ဆောင်ထားကြဖို့ မည်သူမျှစိတ်မ၀င်စားကြချေ။

ပြောရလျှင် မြန်မာတို့သည်အပေါ်ယံကြော ကိုအတော်အလေးထားသော လူမျိုးဖြစ်သည် ။သာသနာ့ဘောင်၀င်ဖို့ ရှင်ပြုတာပင် ဆယ်ပါးသီလ၊သင်္ကန်းတောင်း၊ရှင့်ကျင့်၀တ်စသည်တို့ရဖို့မရဖို့ထက် ၊၀န်းခင်းဖို့ ၊ ဆင်နှင့်ရှင်လောင်းလှည့်ဖို့၊ နာမည်ကြီးအငြိမ့် ထည့်ဖို့ပို၍အားသန်ကြသောလူမျိုးဖြစ်သည်။

အ၀တ်အစား၀တ်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်ဖို့ ၊ ရာသီဥတုနှင့်လိုက်ဖက်ဖို့၊ မိမိသွားသော အခမ်းအနားနှင့်လျော်ညီဖို့ဆိုတာထက် ဝါဖို့ကြွားဖို့ကို အဓိကထားကြသည်။

အလှူလုပ်ရာတွင် လိုအပ်နေသော နေရာကို ထိထိရောက်ရောက်လှူဒါန်းဖို့ထက် မုခ်ဦးကြီးများတွင်ကမ္ဗည်းထိုးပြီးနာမည်ကြီးဟိန်းနေအောင်မြင်ရသောနေရာတွင်လှူချင်ကြသည်။

သရဝဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၁၃.၃.၂၀၂၀
Credit.

ဖန်ဆင်းရှင်ကြီးဟာ..တစ်နေ့မှာ နွားတစ်ကောင်ဖန်ဆင်းလိုက်သတဲ့။ပြီးတော့ နွားကိုပြောတယ်။"မင်းလယ်ထဲမှာ တစ်နေကုန် လယ်သမားတွေအတွက...
03/04/2023

ဖန်ဆင်းရှင်ကြီးဟာ..
တစ်နေ့မှာ နွားတစ်ကောင်
ဖန်ဆင်းလိုက်သတဲ့။
ပြီးတော့ နွားကိုပြောတယ်။

"မင်းလယ်ထဲမှာ တစ်နေကုန်
လယ်သမားတွေအတွက်
လယ်ထွန်ပေးရမယ်။မြက်ပဲစားရမယ်။
မင်းကို သက်တမ်း နှစ် ၅၀ပေးမယ်"
ဆိုတော့.. နွားက ကန့်ကွက်တယ်။

"ကျွန်တော် အဲ့လောက် ပင်ပင်ပန်းပန်းလုပ်ရပြီးမှ
မြက်ပဲစားရမယ် ဆိုတော့
သက်တမ်း ၂၀ပဲယူပါ့မယ်။
ပိုတာ ပြန်သိမ်းထားလိုက်ပါ"
ဖန်ဆင်းရှင်က သဘောတူလိုက်တယ်။
&&&&&

နောက်တစ်ရက်မှာ မျောက်တစ်ကောင်
ဖန်ဆင်းပြန်သတဲ့။
ပြီးတော့ပြောတယ်။

"မင်းက လူတွေကို ပျော်တော်ဆက်ရမယ်။
သူတို့ ရယ်မောအောင် ပျော်ရွှင်အောင်
မင်းလုပ်ပေးရမယ်။ ကျွမ်းထိုးပြရမယ်။

ငှက်ပျောသီးစားရမယ်။
သက်တမ်း နှစ် ၂၀ပေးမယ်။ ဆိုတော့
မျောက်က ကန့်ကွက်ပြန်တယ်။

"ပျော်တော်ဆက်ရမယ်။
ကျွမ်းလည်းထိုးပြရမယ်။
ငှက်ပျောသီးပဲ စားရမယ်ဆိုတော့
ပင်ပန်းလွန်းတယ်။
သက်တမ်း ၁၀နှစ်ဆို ရပါပြီ။
ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်တယ်။
&&&&&

တတိယရက်မှာ ခွေးတစ်ကောင်ဖန်ဆင်းပြန်သတဲ့။
ပြီးတော့ ပြောတယ်။
"မင်းက အိမ်ပေါက်ဝမှာ နေရမယ်။
ရန်သူ သူစိမ်းတွေလာရင်
ဟောင်ပေးရမယ်။ အိမ်ရှင်တွေစားလို့
ပိုတဲ့စားကြွင်း စားကျန်တွေ
စားရမယ်။ မင်းကို ၂၅ နှစ်သက်တမ်းပေးမယ်။
ခွေးက ကန့်ကွက်ပြန်သတဲ့။

"တစ်နေကုန် အိမ်ရှေ့ပေါက်မှာ
ထိုင်ဟောင်ပေးရမယ်။
ဟုတ်လား။ ၁၅ နှစ်ဆို တော်ပါပြီဗျာ။
ပိုတာ ပြန်သိမ်းထားလိုက်ပါ။
ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်တယ်။
&&&&&

စတုတ္ထရက်မှာတော့ လူတစ်ယောက်ကို
ဖန်ဆင်းလိုက်သတဲ့။
ပြီးတော့ ပြောတယ်။

"မင်းက တစ်နေကုန် ဘာအလုပ်မှ
လုပ်စရာမလိုဘဲ အိပ်လိုက် စားလိုက် ပျော်လိုက် ပါးလိုက်နဲ့ဘဝကို အရသာ ရှိရှိ ဇိမ်ခံနေရုံပဲ။
မင်းကို သက်တမ်း နှစ် ၂၀ပေးမယ်။

လူက ကန့်ကွက်တယ်။
"ဒီလောက် ကောင်းတဲ့ဘဝ နှစ် ၂၀ တိုလွန်းပါတယ်။
ဖန်ဆင်းရှင်ကြီး နှုတ်ဆိတ်သွားတော့တယ်။
&&&&&

"ဒါဆို ဒီလိုလုပ်။
နွားက နှစ် ၃၀ ပြန်ပေးသွားတယ်။
မျောက်က ၁၀ နှစ်
ခွေးက ၁၀နှစ်။ အဲဒီနှစ် ၅၀ ကို
မင်း သဘောကျရင် ယူလိုက်။
ဒါဆို မင်း
နှစ် ၇၀နေလို့ရသွားမယ်။
ဖန်ဆင်းရှင်နဲ့လူသားတို့
သဘောတူလိုက်ကြတော့တယ်။
&&&&&

ဒါ့ကြောင့် လူသားတွေဟာ ဘဝရဲ့ အစ
နှစ် ၂၀မှာ စားလိုက် သောက်လိုက်
ပျော်လိုက် ပါးလိုက်နဲ့ နေရပြီး၊
နောက် နှစ် ၃၀ လုံးလုံး နွားလို ရုန်းကန်ပြီး
မိသားစုကိုလုပ်ကျွေး၊ နောက် ၁၀ နှစ်မှာ
ပင်စင်ယူသွားပြီး မြေးတွေကို
ရယ်မောအောင် ပျော်တော်ဆက်ရတဲ့ဘဝ၊
နောက်ထပ် ၁၀နှစ်မှာတော့
အိမ်မှာပဲနေရပြီး အိမ်စောင့်ရတဲ့အလုပ်ကို
လုပ်ရပါတော့တယ်။

ဒါကြောင့် သင့်ကိုယ်သင်
အကောင်းဆုံးနေထိုင်ပါ
မိတ်ဆွေသူငယ်ချင်းကိုတန်ဖိုးထားပါ နေ့ရက်တိုင်းပြုံးဖို့မမေ့ပါနဲ့. . .

Credit....

မြန် မာ နိုင် ငံ ဒေ သ တ ချို့ မှာ ဒ လံ လို့ ပြော ရင် ဘယ် သူ ပြော ပြော ယုံ တဲ့ လူ တ ချို့ ရှိ နေ တယ် ။ အဲ့ ဒီ စိတ် နဲ့ အ ...
03/04/2023

မြန် မာ နိုင် ငံ ဒေ သ တ ချို့ မှာ ဒ လံ လို့ ပြော ရင် ဘယ် သူ ပြော ပြော ယုံ တဲ့ လူ တ ချို့ ရှိ နေ တယ် ။ အဲ့ ဒီ စိတ် နဲ့ အ ကြွေး ရှင် တွေ ၊ ရန် ဖက် တွေ အ သတ် ခံ ကြ ရ ခဲ့ ဖူး တယ် ။

အဲ့ လောက် အ သိ ဉာဏ် မဲ့ နေ ကြ ပြီ ။

တည် ဆောက် ဖို့ က ခက် ပြီး ကြာ တယ် ။ ဖျက် စီး ဖို့ က မြန် ပြီး လွယ် တယ် ။ တည် ဆောက် ဖို့ က ပညာ တတ် တွေ လို ပြီး ဖျက် စီး ဖို့ က ၄ တန်း မ အောင် ရင် တောင် လွယ် လွယ် လေး လုပ် လို့ ရ နေ တယ် ။

မြန် မာ နိုင် ငံ မှာ ဖျက် စီး ဖို့ လုပ် နေ တဲ့ သူ တွေ အား ကောင်း နေ တော့ ဘယ် လို လုပ် အ မှန် တ ရား တွေ ရှင် သန် နိုင် တော့ မှာ လဲ ။ ကောင်း တာ တွေ ဘယ် လို လုပ် ဖြစ် လာ တော့ မှာ လဲ ။

ရိုး ရိုး ရှင်း ရှင်း လေး ဖြေ ရှင်း လို့ ရ တဲ့ ပြ ဿ နာ ကို တ မင် ကြီး သွား အောင် လုပ် ပြီး ဘ ဝ ပေါင်း များ စွာ ပျက် စီး စေ ခဲ့ ကြ တဲ့ အ ဖြစ် ကို နှ မျော မိ တယ် ။

ပါး စပ် နဲ့ စိတ် ကို မ ထိန်း နိုင် ကြ လို့ မြန် မာ နိုင် ငံ မှာ သိန်း သန်း ချီ တဲ့ လူ့ ဘ ဝ တွေ ပျက် စီး ခဲ့ ကြ ရ တယ် ။

ကိုယ့် ကြောင့် ဘယ် သူ ဘယ် နှစ် ယောက် ဒု က္ခ ရောက် ဘ ဝ ပျက် သွား ရ ပြီ လဲ တွေး ကြည့် ပေါ့ ။ ဝဋ် ဆို တာ သေ ချာ ပေါက် လည် မှာ ပါ ။ သံ သ ရာ ဆို တာ ဒီ တစ် ဘ ဝ တည်း မ ဟုတ် ပါ ဘူး ။

အ မှန် တ ရား က ဘာ လဲ ဆို ဘယ် လို ဖြေ ကြ မ လဲ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )

လက်ရှိအနေအထားအရ တိုင်းပြည်တိုးတက်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပါတယ်။လာဘ်ပေးလာဘ်ယူ အဂတိမှုတွေကိုထိန်းမယ်၊ပြည်တွင်းအကြမ်...
02/04/2023

လက်ရှိအနေအထားအရ တိုင်းပြည်
တိုးတက်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပါတယ်။

လာဘ်ပေးလာဘ်ယူ အဂတိမှုတွေကိုထိန်းမယ်၊

ပြည်တွင်းအကြမ်းဖက်မှုတွေကို
အစွမ်းကုန်နှိမ်နင်းပြီးတည်ငြိမ်သွား
မယ်ဆိုရင် အခွင့်အလမ်းကောင်း
တွေ အများကြီး ရနိုင်သောကာလပါ။

CRD

နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး

ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုနှင့် ယနေ့ကမ္ဘာ့အရေးများကို မြန်မာတို့ကစားကွက်၏ သက်ရောက်မှုများမှာ-

နစက ၏ ပြန်တမ်းအမိန့်စာတစ်စောင်သည်

အမေရိကန်နှင့် အနောက်အုပ်စုတို့အတွက် ????

ASEAN ကလည်း မြန်မာပြည်တွင်းရေးကို မစွက်ပါဘူးဖြစ်သွားပြီ

စင်ကာပူကလည်း လေကြောင်းလိုင်းပြန်ဆွဲပါတော့မည် ပြောပြီ

တောင်ကိုရီးယားကလည်း အလုပ်သမားတွေ လက်ခံပါတော့မည်

ဂျပန်ကလည်း မြန်မာ့ကားစျေးကွက် EV Car တွေ တရုတ်ထိုးဖောက်လာကာ
စျေးကွက်ပျောက်မှာ ကြောက်နေပြီ

UN ကလည်း ICRC နဲ့ ပြန်လည်အစပျိုးဝင်လာပြီ

မကြမီ India က လာမည်။

မကြာခင် မြန်မာနိုင်ငံအိမ်တွင်းရေးကို မစွက်ဖက်ပါဘူး
အကျိုးတူပူးပေါင်းဆောင်ရွက်ပါရစေဆိုပြီး ဘယ်နိုင်ငံတွေ ဆက်လက်ပေါ်လာမလဲစောင့်ကြည့်ရင်း.???

😋😋😋😋😋😋😋😋😋😋
Kyaw Swar

02/04/2023

" အ မှန် တ ရား က ဘာ လဲ ( 2 ) "

အ စ္စ ရေး နိုင် ငံ မှာ ကာ ကွယ် ရေး ဝန် ကြီး Yoav Gallant ကို ဝန် ကြီး ချုပ် နေ တန် ရာ ဟု က မတ် လ ၂၆ ရက် တ န င်္ဂ နွေ နေ့ မှာ ထုတ် ပယ် လိုက် တယ် ။

အ ကြောင်း က တ ရား ရေး စ နစ် ကို ပြောင်း လဲ မယ့် အ စီ အ စဉ် ကို ရပ် ထား ဖို့ တောင်း ဆို ခဲ့ လို့ ပါ ။

သူ က အ စ္စ ရေး မှာ တ ရား စီ ရင် ရေး ကို ဥ ပ ဒေ ပြု ရေး အ ဖွဲ့ လွှတ် တော် က လွှမ်း မိုး ဆုံး ဖြတ် နိုင် ခွင့် ရှိ တယ် ဆို တဲ့ ဥ ပ ဒေ ပြ ဌာန်း မှာ ကို မ လို လား လို့ ကန့် ကွက် ခဲ့ တာ ။

တ ရား ရေး ကို လွှတ် တော် က လွှမ်း မိုး ဆုံး ဖြတ် မယ် ဆို တာ တ ရား သူ ကြီး က အ မတ် တွေ အောက် ရောက် သွား စေ တာ ပေါ့ ။ တ ရား စီ ရင် ရေး မ လွတ် လပ် ဘူး ဆို ပြီး အ မြဲ ပြော ဆို ဖိ အား ပေး ပိတ် ပင် နေ တဲ့ သူ တွေ ဘာ ဆက် ပြော ကြ မ လဲ မ သိ ဘူး ။

လွတ် လပ် စွာ တ ရား စီ ရင် ပိုင် ခွင့် ကို ဥ ပ ဒေ ပြု အ မတ် တွေ က ထိန်း ချုပ် မှာ ကို ခွင့် ပြု မှာ အ မေ ရိ ကန် ရဲ့ မ ဟာ မိတ် အ စ္စ ရေး ဖြစ် နေ တော့ ဘယ် အ နောက် နိုင် ငံ တွေ ဘာ ပြော မ လဲ ကြည့် ရ မှာ ပေါ့ ။

ရု ရှား က မြန် မာ စစ် တပ် ကို လက် နက် တွေ ရောင်း ပေး တာ ဒေ သ တွင်း ငြိမ်း ချမ်း ရေး ကို ခြိမ်း ခြောက် တယ် ၊ အ မေ ရိ ကန် လုံ ခြုံ ရေး ကို ခြိမ်း ခြောက် တယ် လို့ အ မေ ရိ ကန် က ပြော တယ် ။

မြောက် ကို ရီး ယား က အ မေ ရိ ကန် ကို တိုက် ရိုက် ကို ခြိမ်း ခြောက် တာ တင် မ က ဘူး တ ကယ် ကို နျူ လက် နက် နဲ့ ပစ် မယ် လို့ ထုတ် ပြော ထား တာ ကို အ မေ ရိ ကန် အ သံ မ ထွက် ရဲ ဘူး ။ ဟို က တ ကယ် တီး မှာ ။

မြောက် ကို ရီး ယား နဲ့ မြန် မာ က ဘယ် သူ က အ မေ ရိ ကန် လုံ ခြုံ ရေး ကို ခြိမ်း ခြောက် နေ တာ လဲ ။ မြန် မာ က ကော အ မေ ရိ ကန် လုံ ခြုံ ရေး ကို ဘယ် လို နည်း နဲ့ ခြိမ်း ခြောက် နေ တာ လဲ ။

တောင်ပေါ်သား(Channel), [4/2/23, 4:27 PM]
မြောက် ကို ရီး ယား က ရု ရှား ဆီ ကို စစ် သည် တွေ စေ လွှတ် ဖို့ တောင် စဉ်း စား နေ ပြီ ။ ပူ တင် နဲ့ တွေ့ ပြီး ပြန် လာ တဲ့ တ ရုတ် စ နက် ကင်း ပါ့ မ လား တောင် မ သိ ဘူး ။

မြန် မာ စစ် တပ် ကို လက် နက် တွေ ရောင်း တာ ဒေ သ တွင်း လုံ ခြုံ ရေး ငြိမ်း ချမ်း ရေး ကို ခြိမ်း ခြောက် တယ် ဆို ရင် ထိုင်း မှာ ကော် ဘ ရာ စစ် ဆင် ရေး လေ့ ကျင့် တာ တို့ ၊ ဖိ လစ် ပိုင် မှာ စစ် စ ခန်း အ သစ် ၄ ခု ဖွင့် တာ တို့ ၊ သြ စ တြေး လျား မှာ နျူ ရေ ငုတ် သ င်္ဘော တွေ တည် ဆောက် တာ တို့ ၊ ထိုင် ဝမ် နဲ့ ဂျ ပန် တောင် ကို ရီး ယား တို့ ကို လက် နက် ရောင်း ချ နေ တာ တို့ က ဒေ သ တွင်း နိုင် ငံ တွေ ကို ခြိမ်း ခြောက် နေ တာ မ ဟုတ် ဘူး လား ။

မြန် မာ နိုင် ငံ က အ ကြမ်း ဖက် တွေ ကို အ မေ ရိ ကန် လက် နက် ထောက် ပံ့ နေ တာ မြန် မာ အ ပြစ် မဲ့ ပြည် သူ တွေ နေ့ စဉ် သေ ကြေ နေ ရ ပြီး အ ခြေ ခံ အ ဆောက် အ အုံ တွေ နေ့ တိုင်း ပျက် စီး နေ တာ နဲ့ ယူ က ရိန်း စစ် ကို ငြိမ်း ချမ်း ရေး လုပ် ခွင့် မ ပြု ဘဲ လက် နက် တွေ ဆက် တိုက် ထောက် ပံ့ ပေး နေ တာ တွေ ကြောင့် ယူ က ရိန်း ပျက် စီး နေ ရ တာ ကို အ မေ ရိ ကန် အ င်္ဂ လန် တို့ မ သိ ချင် ဟန် ဆောင် နေ ကြ တယ် ။

ကွန် မြူ နစ် အာ ဏာ ရှင် နိုင် ငံ တ ရုတ် ကို ပိတ် ဆို့ ဖို့ ဆို ပြီး အာ ရှ ဒေ သ အ နှံ့ မှာ ပြ ဿ နာ ရှာ နေ တဲ့ အ မေ ရိ ကန် က သူ့ နိုင် ငံ ဘေး က ဖီ ဒယ် ကက် စ ထ ရို ပြီး တော့ ညီ ရာ အူးလ် ကက် စ ရို ကို အာ ဏာ လက် ဆင့် ကမ်း ပေး ခဲ့ တဲ့ ကျူး ဘား ကို ဘာ မှ မ ပြော ဘူး ။

ပြော လို့ ပြ ဿ နာ ဖြစ် ရင် အ မေ ရိ ကန် နိုင် ငံ ပါ ကောင်း ကောင်း နေ ရ မှာ မ ဟုတ် ဘူး ဆို တာ တ ရုတ် ကို လုပ် နေ တဲ့ အ မေ ရိ ကန် တွေ သိ ပါ တယ် ။

ယူ က ရိန်း စစ် နောက် ပိုင်း မှာ နေ တိုး အ ဖွဲ့ ပို စည်း လုံး သွား တယ် လို့ အ မေ ရိ ကန် က ပြော ပေ မယ့် ရို မေး နီး ယား က နေ တိုး အ ဖွဲ့ က နေ နှုတ် ထွက် မယ် လို့ ပြော ပြီး နေ တိုး တပ် ဖွဲ့ တွေ ရို မေ နီး ယား နိုင် ငံ ထဲ က ထွက် သွား ကြ ဖို့ ရို မေး နီး ယား ဝန် ကြီး ချုပ် Mihai Loan Lasca က ကြေ ငြာ တယ် ။

နေ တိုး အ ဖွဲ့ ထဲ နေ တာ ရု ရှား ရဲ့ နျူ လက် နက် စာ မိ နိုင် လို့ ကြား နေ နိုင် ငံ အ ဖြစ် ပဲ ရပ် တည် တော့ မယ် တဲ့ ။

နေ တိုး အ ဖွဲ့ ဝင် တူ ရ ကီ က လည်း ရု ရှား က S 400 လေ ကာ စ နစ် ကို ဝယ် လို့ ဆို ပြီး အ မေ ရိ ကန် က ရောင်း ချ ပေး မယ် လို့ ပြော ထား တဲ့ F 35 တိုက် လေ ယာဉ် တွေ မ ရောင်း ပေး တော့ ဘူး တဲ့ ။

ယူ က ရိန်း စစ် ကြောင့် EU နိုင် ငံ ပြည် သူ တွေ ပို ညီ ညွတ် လာ တယ် လို့ ပြော ပြီး အ င်္ဂ လန် ၊ ပြင် သစ် ၊ ချက် ရီ ပတ် ပ လစ် ၊ ဂျာ မ ဏီ အ စ ရှိ တဲ့ ဥ ရော ပ နိုင် ငံ တွေ မှာ ယူ က ရိန်း စစ် ကြောင့် ဖြစ် လာ တဲ့ ပြ ဿ နာ တွေ အ တွက် ဆ န္ဒ ပြ ပွဲ တွေ ဆက် တိုက် ဖြစ် နေ ကြ ပြီး ပြင် သစ် မှာ ဆို အ င်္ဂ လန် ဘု ရင် ချားလ် တောင် ခ ရီး စဉ် ဖျက် သိမ်း လိုက် ရ တယ် ။

EU နိုင် ငံ တွေ ထဲ မှာ စ က တည်း က ဟန် ဂေ ရီ က ရု ရှား ကို ပိတ် ဆို့ အ ရေး ယူ တာ မ ပါ ဝင် ခဲ့ တဲ့ အ ပြင် အ ခု ရု ရှား သ မ္မ တ ပူ တင် ကို ICC က ဖမ်း ဝ ရမ်း ထုတ် တာ ကို ICC လက် မှတ် ထိုး ထား တဲ့ အ ဖွဲ့ ဝင် နိုင် ငံ ဖြစ် တာ တောင် ဖမ်း မ ပေး နိုင် ဘူး လို့ တ ရား ဝင် ထုတ် ပြန် တယ် ။

ရု ရှား စီး ပွား ရေး ပြို ကျ အောင် Swift တွေ ပိတ် ၊ ရု ရှား လောင် စာ ဓာတ် ငွေ့ တွေ ပိတ် ၊ ပိုက် လိုင်း တွေ ဖောက် ခွဲ လုပ် ခဲ့ ပေ မယ့် ပြို ကျ နေ တာ အ မေ ရိ ကန် နဲ့ နေ တိုး အ ဖွဲ့ နိုင် ငံ က ဘဏ် တွေ ပါ ။ ရု ရှား က လောင် စာ ရောင်း ချ ရ ငွေ ပို တောင် ရ ခဲ့ ပြီး ရု ရှား ရူ ဘယ်လ် ငွေ ပို တောင် ခိုင် မာ သွား တယ် ။

Nord stream ပိုက် လိုင်း ဖောက် ခွဲ ခံ ရ တာ ကို စုံ စမ်း စစ် ဆေး ပေး ဖို့ ရု ရှား ရယ် တ ရုတ် ရယ် ဘ ရာ ဇီး ရယ် က ကု လ သ မ ဂ္ဂ ကို တောင်း ဆို တာ ကု လ သ မ ဂ္ဂ က ပယ် ချ လိုက် တယ် ။ အ မေ ရိ ကန် လုပ် ရပ် ဆို အ ရေး မ ယူ ရ ဘူး လို့ ကု လ သ မ ဂ္ဂ ပ ဋိ ညာဉ် မှာ ပါ လား ။

အ မေ ရိ ကန် ဘဏ် တွေ ပြို တာ စိတ် မ ပူ ဖို့ သ မ္မ တ က ပြော နေ ပေ မယ့် အ မေ ရိ ကန် ဒေါ် လာ နဲ့ အ မေ ရိ ကန် ဘွန်း တွေ ကို ယုံ ကြည် မှု ကျ ပြီး အ မေ ရိ ကန် မှာ စီး ပွား ရေး recessions က သေ ချာ ပေါက် ဖြစ် လာ မှာ ပါ ။

ယူ က ရိန်း စစ် မှာ ငြိမ်း ချမ်း ရေး လုပ် ပေး မယ့် တ ရုတ် ကို အ ယုံ အ ကြည် မ ရှိ ဘူး လို့ အ မေ ရိ ကန် က ဆို ပေ မယ့် တ ရုတ် ငြိမ်း ချမ်း ရေး လုပ် ပေး တဲ့ အီ ရန် နဲ့ ဆော် ဒီ က လက် ဆွဲ နှုတ် ဆက် ပြီး သံ တ မန် ပြန် ဆက် သွယ် မယ့် အ ပြင် တ ရုတ် ရု ရှား တို့ လုပ် ထား တဲ့ BRICS အ ဖွဲ့ ထဲ ကို ဝင် ဖို့ တောင် အ ဆို ပြု ထား ကြ ပြီ ။

က မ္ဘာ ကြီး မှာ တ ကယ့် အ ဖြစ် အ ပျက် ရယ် အ မေ ရိ ကန် ပြော တာ ရယ် ဆို ပြီး ရှိ တယ် ။

တ ကယ့် အ ဖြစ် အ ပျက် ကို အား ကောင်း တဲ့ အ နောက် မီ ဒီ ယာ တွေ က ဖျောက် ဖျက် ထား ကြ ပြီး အ မေ ရိ ကန် ပြော တဲ့ တ လွဲ တွေ ကို ဝေ ဝေ ဆာ ဆာ ဖော် ပြ ပေး ကြ တယ် ။

တောင်ပေါ်သား(Channel), [4/2/23, 4:27 PM]
ဒါ ကြောင့် က မ္ဘာ့ နိုင် ငံ သား အ များ စု က အ မေ ရိ ကန် ပြော တာ လုပ် တာ ကို သာ အ မှန် လို့ အ ထင် ရှိ ကြ တယ် ။

ဒီ လို မီ ဒီ ယာ အ သာ စီး ရ ထား တဲ့ အ နောက် နိုင် ငံ ပြော သ မျှ ယုံ ပြီး အ နောက် နိုင် ငံ တွေ ကို သာ ယုံ ကြည် အား ကိုး နေ ကြ တဲ့ သူ တွေ ရှိ တဲ့ နိုင် ငံ တွေ မ တည် ငြိမ် ရ ပါ ဘူး ။ မ မှန် တာ တွေ ကို ယုံ နေ ပြီး ပေါက် က ရ တွေ လျောက် လုပ် နေ တတ် ကြ လို့ ။

တ ကယ့် အ မှန် တ ရား က ဘာ လဲ ဆို လေ့ လာ လေ မြင် နိုင် လေ ဖြစ် ပါ လိမ့် မယ် ။

အ မေ ရိ ကန် သာ လျှင် အ မှန် တ ရား ပါ ပဲ အ မေ ရိ ကန် နဲ့ အ ပေါင်း အ ပါ တွေ ပြော တာ မှန် တယ် ၊ လုပ် တာ မှန် တယ် ဆို ပြီး ခံ ယူ ထား ရင် လည်း သ ဘော ပါ ပဲ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )

02/04/2023

'' အ မှန် တ ရား က ဘာ လဲ " (1)

ကိုယ့် ကြောင့် သူ များ ပျက် စီး တယ် ဆို ဗု ဒ္ဓ ဘာ သာ အ ယူ အ ရ င ရဲ ကြီး ပါ တယ် ။ ဝဋ် ကြွေး လို ဖြစ် ရင် ဝဋ် လည် လိမ့် မယ် ။

င ရဲ ကြီး တယ် ဆို တာ ပြု ခဲ့ တဲ့ မ ကောင်း မှု အ ကု သိုလ် တွေ အ တွက် င ရဲ မှာ သွား ခံ ရ တာ ။

ဝဋ် လည် တယ် ဆို တာ င ရဲ ခံ ပြီး တောင် လူ့ ဘ ဝ ပြန် ရောက် ရင် ပြု ခဲ့ တဲ့ အ တိုင်း ဘ ဝ ပေါင် များ စွာ အ ကြိမ် ပေါင်း များ စွာ ပြန် ခံ ရ တာ ။

ကာ ယ ကံ ၊ ဝ စီ ကံ ဘယ် ကံ နဲ့ ပြု ပြု တစ် ဖက် လူ ဒု က္ခ ရောက် ပျက် စီး ရ ရင် ကိုယ် လည်း ပြန် ပြီး ပျက် စီး ရ မှာ ပဲ ။ ဈန် အ ဘိ ဉာဏ် မ ရ တဲ့ သာ မာန် ပု ထု ဇဉ် တွေ က တော့ မ နော ကံ နဲ့ တော့ သူ များ ပျက် စီး အောင် လုပ် လို့ မ ရ ဘူး ကိုယ် တိုင် ကို ပဲ ပျက် စီး စေ လိမ့် မယ် ။

ကြည့် မြင် တိုင် မှာ အ သက် ၃၀ အ ရွယ် အ မျိုး သား တစ် ယောက် YBS အ တိုက် ခံ ပြီး သေ ကြောင်း ကြံ တယ် ။ သူ အဲ့ လို လုပ် တာ ကို တ ခြား လူ တစ် ယောက် က မ သ င်္ကာ လို့ Vdo လိုက် ရိုက် နေ လို့ သူ့ လုပ် ရပ် ကို သိ ခဲ့ ကြ တယ် ။ အ ရင် လည်း အဲ့ လို လုပ် ဖူး တယ် ဆို တယ် ။

နောက် ဆုံး ကိ စ္စ မ ဖြစ် ခင် ရက် အ နည်း ငယ် မှာ မော် တော် ယာဉ် ထိ ခိုက် မှု ကြောင့် အ သက် ဆုံး ရှုံး ခဲ့ ရင် နေ့ ချင်း ပြီး နစ် နာ ကြေး သိန်း ၃၀ ထုတ် ပေး တယ် လို့ သ တင်း ဖတ် လိုက် ရ တယ် ။

သူ အ သက် ကို သိန်း ၃၀ နဲ့ လဲ ဖို့ ကြိုး စား တာ လား ။

မှန် မ မှန် မ သေ ချာ ပေ မယ့် အဲ့ ဒီ လူ က မိန်း မ ဆုံး သွား ပြီ ဖြစ် တဲ့ က လေး ၃ ယောက် ရှိ တဲ့ CDM တစ် ယောက် ဖြစ် တယ် လို့ တစ် နေ ရာ မှာ ဖတ် လိုက် ရ တယ် ။

တောင်ပေါ်သား(Channel), [4/2/23, 4:26 PM]
CDM တွေ နဲ့ ပတ် သက် ပြီး လာ ပြော ပြ ကြ တဲ့ စိတ် မ ကောင်း စ ရာ ဇာတ် လမ်း တွေ တော် တော် များ များ သိ ထား ခဲ့ ရ ပါ တယ် ။ CDM နဲ့ CDM လုပ် ခိုင်း တဲ့ သူ တွေ မှန် ခဲ့ ကြ လား မှား သွား ပြီ လား မ ပြော တတ် တော့ ပါ ဘူး ။

ကိုယ့် ကြောင့် သူ များ ဘ ဝ တွေ ပျက် ခဲ့ ရ လား ၊ သူ များ ကြောင့် ကိုယ့် ဘ ဝ ပျက် ခဲ့ ရ လား ဆို တာ ကံ တွေ ပါ ပဲ ။

ရွာ တွေ ကို မီး ရှို့ တာ လည်း ရေး ပေး ပါ အုံး တဲ့ ။ ဘယ် က မီး ရှို့ တာ ကို ရေး ပေး ရ မှာ လဲ မ သိ ဘူး ။

မြန် မာ နိုင် ငံ မှာ ပ ညာ နည်း ကြ တော့ အ မုန်း တ ရား တွေ များ ပြီး အ မှန် တ ရား ပျောက် နေ ပြီ ။

ရွာ တွေ ကို ဘယ် သူ မီး ရှို့ လည်း အ တိ အ ကျ ကျွန် တော် မ သိ ပါ ဘူး ၊ စစ် သ ဘော အ ရ နှစ် ဖက် စ လုံး က ရှို့ တာ လည်း ဖြစ် နိုင် ပါ တယ် လို့ ပြန် ဖြေ ခဲ့ တယ် ။

ဘယ် လောက် မှန် တာ ပြော ပြော မ ယုံ ဘူး ဆို တဲ့ သူ မျိုး အ များ ကြီး အ ခု အ ရေး အ ခင်း နောက် ပိုင်း မှာ တွေ့ ခဲ့ ရ ပြီး ပါ ပြီ ။ Man U အား ပေး သူ နဲ့ nld အား ပေး သူ ကို မ ငြင်း နဲ့ လို့ ဆို တဲ့ အ ထိ တ ကယ် ကို ကိုယ် တွေ့ အ ကြိမ် ပေါင်း များ စွာ ရင် ဆိုင် ခဲ့ ရ ဖူး ပြီး ပါ ပြီ ။

ကိုယ် က Man U fan ပါ ။ အဲ့ လောက် မ ငြင်း တတ် ပါ ဘူး ။

သူ တို့ အ ချင်း ချင်း ပြော တာ ကို သာ အ မှန် ထင် ကြ ပြီး သူ တို့ မ ဟုတ် တာ နဲ့ သိ ကြား မင်း ဆင်း ပြော တောင် မ ယုံ ဘူး ဆို တဲ့ လူ မျိုး တွေ လို့ ပြော ရင် မ ယုံ မ ရှိ ကြ နဲ့ အဲ့ ဒါ မျိုး တ ကယ် မြန် မာ ပြည် မှာ အ များ ကြီး ရှိ နေ တယ် ။

သူ တို့ အ ယူ နဲ့ မ ကိုက် ညီ တဲ့ စ ကား ပြော မိ ရင် တစ် စား ပွဲ ထဲ ရီ ရီ မော မော စား သောက် နေ တောင် ထ ရိုက် မယ့် ပုံ စံ အ ထိ စိတ် တွေ ပြောင်း သွား တတ် ကြ တယ် ။

တစ် ဖက် က ပြော လို့ တစ် ဖက် က မ ယုံ ရင် ညှိ နှိုင်း လို့ မ ရ ဘူး ။ မြန် မာ ပြည် မှာ ကြား က လူ ပြော ရင် တောင် မ ယုံ ဘူး ဆို တဲ့ အ ထိ လူ တွေ ဖြစ် နေ ကြ တယ် ။

မြန် မာ နိုင် ငံ ငြိမ်း ချမ်း ဖို့ ဖြစ် လာ နိုင် ပါ့ အုံး မ လား ။ စု က္က တေး နဲ့ အ နော် ရ ထာ လို တစ် ယောက် မ ရှိ မှ ဖြစ် မယ် ဆို တဲ့ ပုံ စံ ရည် ရွယ် နေ ကြ တာ လား ။

Generation A တွေ ကို အ မုန်း တွေ သင် မ ပေး ကြ ပါ နဲ့ လို့ သ တိ ပေး လို ပါ တယ် ။ သူ တို့ အ ချိန် မှာ မျှော် လင့် လို့ ရ အောင် ပါ ။

NLD ရဲ ရဲ တောက် တစ် ယောက် ရှိ တယ် ။ သူ က ဘာ ပြ ဿ နာ မှ မ ရှိ ခင် က တည်း က ကိုယ့် ကို လာ ပြီး စ ကား ပြော ဆွေး နွေး နေ ခဲ့ တဲ့ သူ ။ nld ဖက် က ရွေး ကောက် ပွဲ ဝင် ဖို့ ထိ စိတ် ရှိ ခဲ့ တယ် ။

ပြ ဿ နာ ဖြစ် လာ တော့ သူ လည်း NLD နည်း တူ ဆ န္ဒ ပြ လှုတ် ရှား ပါ တယ် ။ မိ ဘ တွေ က အ သက် ကြီး ပြီ ။

တစ် ခါ သူ့ ရွာ ထဲ စစ် တပ် ဝင် လာ လို့ ထွက် ပြေး တော့ အ သက် ကြီး နေ တဲ့ သူ့ မိ ဘ က မ ပြေး နိုင် တော့ ဘူး ထား ပြီး ပြေး ရ တယ် ။ သူ ရွာ ပြင် ထွက် ပြေး နေ တုံး သူ့ မိ ဘ ရွာ ထဲ ကျန် ခဲ့ တဲ့ အ ကြောင်း နဲ့ စား ရေး သောက် ရေး ကို စိတ် ပူ တဲ့ အ ကြောင်း ကိုယ့် ကို ဖုန်း ဆက် ပြော လာ ပါ သေး တယ် ။

ကိုယ် က ဘာ လို့ ပြေး တာ လဲ မ ဟုတ် တာ လုပ် မ ထား ရင် ပြေး စ ရာ မ လို ပါ ဘူး လို့ ပြော တော့ " မ ပြေး လို့ ရွာ ထဲ ကျန် ခဲ့ ရင် ၊ ကျန် ခဲ့ တဲ့ သူ ကို စစ် တပ် က ဘာ မှ မ လုပ် ရင် ဒ လံ လို့ သတ် မှတ် ကြ တယ် " လို့ ပြန် ဖြေ တယ် ။

သူ တို့ နေ ရာ က ဖုန်း လိုင်း လည်း သိပ် မ မိ တတ် ဘူး ။ သူ ကိုယ့် ဆီ ဖုန်း ဆက် ရင် လည်း တစ် ခါ တ လေ လိုင်း မ ကောင်း လို့ ဘာ သံ မှ မ ကြား ပါ ဘူး ။

နောက် ပိုင်း တင်း မာ မှု တွေ မြင့် လာ တော့ သူ က ပ ညာ တတ် ဘွဲ့ ရ ဆို တော့ သ တိ ထား လုပ် ကြ ဖို့ ရွာ က လူ တွေ ကို သ တိ ပေး တယ် ။

ကံ ဆိုး ချင် တော့ ဖုန်း လိုင်း မိ အောင် ရွာ ထဲ က ထွက် ပြီး လိုင်း မိ တဲ့ နေ ရာ က ဖုန်း ဆက် ရ တဲ့ သူ့ ကို ၄ တန်း အ ထိ သာ ပ ညာ သင် ထား တဲ့ ရွာ ထဲ က အ မျိုး သ မီး က ဒ လံ လို့ စ စွတ် စွဲ တယ် ။

NLD အ မာ ခံ ဖြစ် ခဲ့ တော့ တည်း တည့် လည်း မ ပြော ဘဲ နောက် ကွယ် မှာ လိုက် ဖွ တယ် ။

နောက် ဆုံး အဲ့ ဒီ လူ ရဲ့ မိ သား စု ဝင် တွေ က နင့် ကို အဲ့ လို စွတ် စွဲ နေ ကြ ပြီ ရွာ က လက် မ ခံ ကြ တော့ ဘူး လို့ ဖွင့် ပြော လာ မှ စိတ် မ ကောင်း ဝမ်း နည်း စွာ နဲ့ ရွာ က ထွက် ပြေး ခဲ့ ရ တယ် ။ ဒေါ သ တွေ လည်း ထွက် လို့ ပေါ့ ။ ကို

ရွာ ပြန် လို့ လည်း မ ရ တော့ ဘူး ။ သက် ကြီး မိ ဘ တွေ ကို လည်း ပြန် တွေ့ ခွင့် မ ရ တော့ ဘူး ။ ပြ ဿ နာ တွေ မ ဖြစ် တဲ့ မြို့ တစ် ခု မှာ သူ တတ် တဲ့ ပ ညာ နဲ့ အ လုပ် လုပ် ပြီး မိ ဘ ထောက် ပံ့ နေ ရ တယ် ။ သူ့ ကို မ ဟုတ် တန်း တ ရား စွတ် စွဲ ခဲ့ တဲ့ ၄ တန်း သာ ပ ညာ သင် ဘူး တဲ့ ရွာ သူ ကို လည်း စိတ် ဆိုး နေ တာ ပေါ့ ။

နိုင် ငံ နဲ့ ချီ ပြီး ကယ် တင် မယ် ဆို တဲ့ သူ တွေ က ၄ တန်း သာ ရှိ တဲ့ မိန်း မ တစ် ယောက် ရဲ့ စ ကား ကို မျက် စိ မှိတ် ယုံ ကြ တယ် ။ ကိုယ့် ရွာ အ တွက် ပို အ ကျိုး ပြု နိုင် တဲ့ ဘွဲ့ ရ တစ် ယောက် ကို ဖြတ် သန်း လာ တဲ့ ကာ လ ရပ် တည် ချက် လုပ် ဆောင် ချက် တွေ ကို မ ကြည့် တော့ ဘဲ သတ် မယ် ဖြတ် မယ် ဆို တဲ့ အ ထိ လုပ် ကြ တယ် ။

တောင်ပေါ်သား(Channel), [4/2/23, 4:26 PM]
မြန် မာ နိုင် ငံ ဒေ သ တ ချို့ မှာ ဒ လံ လို့ ပြော ရင် ဘယ် သူ ပြော ပြော ယုံ တဲ့ လူ တ ချို့ ရှိ နေ တယ် ။ အဲ့ ဒီ စိတ် နဲ့ အ ကြွေး ရှင် တွေ ၊ ရန် ဖက် တွေ အ သတ် ခံ ကြ ရ ခဲ့ ဖူး တယ် ။

အဲ့ လောက် အ သိ ဉာဏ် မဲ့ နေ ကြ ပြီ ။

တည် ဆောက် ဖို့ က ခက် ပြီး ကြာ တယ် ။ ဖျက် စီး ဖို့ က မြန် ပြီး လွယ် တယ် ။ တည် ဆောက် ဖို့ က ပတဲ့ တတ် တွေ လို ပြီး ဖျက် စီး ဖို့ က ၄ တန်း မ အောင် ရင် တောင် လွယ် လွယ် လေး လုပ် လို့ ရ နေ တယ် ။

မြန် မာ နိုင် ငံ မှာ ဖျက် စီး ဖို့ လုပ် နေ တဲ့ သူ တွေ အား ကောင်း နေ တော့ ဘယ် လို လုပ် အ မှန် တ ရား တွေ ရှင် သန် နိုင် တော့ မှာ လဲ ။ ကောင်း တာ တွေ ဘယ် လို လုပ် ဖြစ် လာ တော့ မှာ လဲ ။

ရိုး ရိုး ရှင်း ရှင်း လေး ဖြေ ရှင်း လို့ ရ တဲ့ ပြ ဿ နာ ကို တ မင် ကြီး သွား အောင် လုပ် ပြီး ဘ ဝ ပေါင်း များ စွာ ပျက် စီး စေ ခဲ့ ကြ တဲ့ အ ဖြစ် ကို နှ မျော မိ တယ် ။

ပါး စပ် နဲ့ စိတ် ကို မ ထိန်း နိုင် ကြ လို့ မြန် မာ နိုင် ငံ မှာ သိန်း သန်း ချီ တဲ့ လူ့ ဘ ဝ တွေ ပျက် စီး ခဲ့ ကြ ရ တယ် ။

ကိုယ့် ကြောင့် ဘယ် သူ ဘယ် နှစ် ယောက် ဒု က္ခ ရောက် ဘ ဝ ပျက် သွား ရ ပြီ လဲ တွေး ကြည့် ပေါ့ ။ ဝဋ် ဆို တာ သေ ချာ ပေါက် လည် မှာ ပါ ။ သံ သ ရာ ဆို တာ ဒီ တစ် ဘ ဝ တည်း မ ဟုတ် ပါ ဘူး ။

အ မှန် တ ရား က ဘာ လဲ ဆို ဘယ် လို ဖြေ ကြ မ လဲ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )

ဂျပန်ချေးငွေ ယန်း(၃၁)ဘီလျံဖြင့် ဆောင်ရွက်နေသည့် ပဲခူးမြစ်ကူး သန်လျင်တံတား (အမှတ် ၃) စီမံကိန်းတည်ဆောက်မှု (၇၅)ရာခိုင်နှုန...
02/04/2023

ဂျပန်ချေးငွေ ယန်း(၃၁)ဘီလျံဖြင့် ဆောင်ရွက်နေသည့် ပဲခူးမြစ်ကူး သန်လျင်တံတား (အမှတ် ၃) စီမံကိန်းတည်ဆောက်မှု (၇၅)ရာခိုင်နှုန်းကျော်ပြီးစီး

စော
ပဲခူးမြစ်ကူး သန်လျင်တံတား(အမှတ် ၃)ကို ဂျပန်ချေးငွေ ယန်း (၃၁)ဘီလျံဖြင့် တည် ဆောက်နေကြောင်း တံတားဦးစီးဌာနမှသိရသည်။

လက်ရှိတွင် တည်ဆောက်ရေးစီမံကိန်းသည် (၇၅ ဒသမ ၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး တည်ဆောက်ခြင်းလုပ်ငန်းများကို ၂ဝ၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ပြီးစီးရန်လျာထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ကုန်စည်စီးဆင်းမှုတွင် အဓိကအရေးပါသည့် ရန်ကုန် သန်လျင်-သီလဝါ အထူးစီးပွားရေးဇုန်ကို လွယ်ကူစွာဆက်သွယ်သွားလာနိုင်စေရေးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တံတားတည်ဆောက်ရေးစီမံကိန်းအတွက် JICA က သက်သာသော အတိုးနှုန်း ODA ချေး ငွေ ဂျပန်ယန်း(၃၁)ဘီလျံဖြင့်တည်ဆောက်နေပြီး ပြန်ဆပ်ကာလကို နှစ်(၄ဝ) သတ်မှတ် ထားကြောင်း သိရသည်။

တံတားသည် အရှည် (၈၆၃၈ ဒသမ ၈၆‌)ပေရှိပြီး အပိုင်းသုံးပိုင်းခွဲ၍ တည်ဆောက်နေခြင်းဖြစ်သည်။

ထို့ပြင် တံတားအမျိုးအစားသည် သံကူကွန်ကရစ်သံမဏိကြိုးဆိုင်းဖြစ်၍ ဂျပန်နည်းပညာဖြင့် ဂျပန်အတိုင်ပင်ခံ အင်ဂျင်နီယာများနှင့်‌ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားတည်ဆောက်ပြီးစီးပါက သန်လျင်မြို့နယ်အတွင်းရှိ စီးပွားရေးဇုန်၊ ခရမ်းနှင့်သုံးခွမြို့နယ်တို့အပါအဝင် ပဲခူးတိုင်းသို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
NP News

မြန်မာနိုင်ငံရေးအခက်အခဲများကို လျင်မြန်စွာဖြေရှင်းနိုင်မှာမဟုတ်သလို အဖြေရှာနိုင်ဖို့က မြန်မာကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရ...
02/04/2023

မြန်မာနိုင်ငံရေးအခက်အခဲများကို လျင်မြန်စွာဖြေရှင်းနိုင်မှာမဟုတ်သလို အဖြေရှာနိုင်ဖို့က မြန်မာကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရမှာဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ပြော

ဂျန်ဇက်

မြန်မာနိုင်ငံရေးပဋိပက္ခများက ခက်ခဲရှုပ်ထွေးလှပြီး၊ အလျင်အမြန် ဖြေရှင်းနိုင်မယ်လို့ မမျှော်လင့်ထားကြောင်း၊ မြန်မာနိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်အောင် မြန်မာအစိုးရကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရမှာဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ် ကန်ကင်ဟွမ် "မြန်မာပြည်သူတွေဟာ သူတို့ရဲ့အနာဂတ်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ် ရမှာဖြစ်တယ်။ အာဆီယံအဖွဲ့ကြီးဟာ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာအောင် စီစဉ်ဆောင်ရွက်ရတာတွေနဲ့ အခြား ကူညီတွေသာ လုပ်ပေးနိုင်မှာဖြစ်တယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက်က ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရ ဆိုသောမူဝါဒအတိုင်း ရပ်တည်သွားမှာဖြစ်ကြောင်း၊ ဒါပေမယ့်လည်း မြေပြင်မှာ အကြမ်းဖက် မှုများ ရပ်တန့်နိုင်စေဖို့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာထိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံဟာ မြန်မာနိုင်ငံရေး ကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး ၂ဝ၂၁ ခုနှစ်၊ ဧပြီလက နစကခေါင်းဆောင်နဲ့တွေ့ဆုံပြီး အာဆီယံသဘောတူညီချက် ငါးချက်ကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အာဆီယံသဘောတူညီချက်များ တိုးတက်မှုမရှိတဲ့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာ နစကကို ဝေဖန် ပြစ်တင်မှုများ ရှိနေကြောင်း သိရပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေးနဲ့ ပတ်သက်ပြီး အာဆီယံ ASEAN charter ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့စုစည်းညီညွှတ်မှုများကို ခြိမ်းခြောက်မှုများလည်း ရှိနေ ကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ နစကတာဝန်ရှိသူများနဲ့ စေ့စပ်ဆွေးနွေးပြီး ဖြေရှင်းနိုင် မယ်လို့ မျှော်လင့်ထားတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် က ပြောပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာလည်း မြန်မာနိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်အောင် သံတမန်ရေးလမ်းကြောင်း နဲ့ သတိထားလုပ်ဆောင်နေတယ်လို့လည်း ၎င်းက ပြောပါတယ်။
NP News

အိန္ဒိယနိုင်ငံက နယ်စပ်ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကို လျှော့ချမည်Pika အိန္ဒိယဗဟိုအစိုးရသည် ကုန်သွယ်မှုမ...
02/04/2023

အိန္ဒိယနိုင်ငံက နယ်စပ်ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကို လျှော့ချမည်

Pika

အိန္ဒိယဗဟိုအစိုးရသည် ကုန်သွယ်မှုများ ပိုမိုလွယ်ကူချောမွေ့စေရန်၊ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန်၊ အမေရိကန် ဒေါ်လာအသုံးပြုမှုလျှော့ချခြင်းကို အထောက်အကူဖြစ်စေရန် နှင့် ရူပီးကို ကမ္ဘာသုံးငွေကြေးအဖြစ် ပြောင်းလဲရန် မျှော်လင့်ထားသည့် နိုင်ငံခြားကုန်သွယ်မှု မူဝါဒအသစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုဝန်ကြီး Piyush Goyal က မတ်လ(၃၁)ရက်တွင် ထုတ်ဖော်ပြသခဲ့သော FTP 2023 သည် ဧပြီလ(၁)ရက်တွင် စတင်အကျုံးဝင်ခဲ့ကြောင်း သိရသည်။ အိန္ဒိယသည် ယူကရိန်းစစ်ပွဲကြောင့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခံထားရသော ရုရှား နှင့် အပြန်အလှန်ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာအစား ရူဘယ်ငွေနှင့် ရူပီး အသုံးပြုမှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံသည် ရေနံစိမ်းတင်သွင်းမှုများတွင် ရူပီးငွေ ပေးချေမှုစနစ်ကို ပြောင်းလဲရန် သဘောတူညီခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံသည် ရူပီးကိုအသုံးပြုပြီး အိန္ဒိယနိုင်ငံ နှင့် အပြန်အလှန်ကုန်သွယ်မှုများ လုပ်ဆောင်ရန် နောက်ဆုံးသဘောတူညီထားသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။

အဆိုပါ မူဝါဒအသစ်အရ အိန္ဒိယနိုင်ငံသည် (၂ဝ၃ဝ) ပြည့်နှစ်တွင် နိုင်ငံ၏ ပြည်ပတင်ပို့မှုများကို အမေရိကန် ဒေါ်လာ (၂)ထရီလီယံထိ မြှင့်တင်ရန် စီစဥ်နေကြောင်း သိရသည်။ အဆိုပါအစီအစဥ်တွင် FTP အကျိုးခံစားခွင့်များ ကို e-commerce တင်ပို့မှုတွင် ချဲ့ထွင်ခြင်းနှင့် အမြန်ချောပို့မှုမှတစ်ဆင့် ပို့ကုန်တန်ဖိုး ကန့်သတ်ချက်ကို နှစ်ဆ တိုးခြင်းကဲ့သို့သော ကျယ်ပြန့်သည့် အဆင့်များစွာ ပါဝင်ကြောင်းသိရသည်။

FTP 2023 သည် e-commerce အသုံးပြုသူများအတွက် သိုလှောင်မှုများလွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ် ကြောင်း သိရသည်။ ပထဝီနိုင်ငံရေး တင်းမာမှုများကြားတွင် ထောက်ပံ့ရေးကွင်းဆက်များ ရပ်တန့်သွားခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှေးကွေးခြင်းတို့ကြောင့် အိန္ဒိယ၏ ကုန်သွယ်မှုသည် မကြာသေးမီနှစ်များအတွင်း ထိခိုက်နစ်နာခဲ့ရကြောင်း သိရသည်။
NP News

“အမေရိကန်ဒေါ်လာ နန်းကျမယ့်အရေး စီးပွား‌ရေးပါမောက္ခ ဘာပြောသလဲ” (ဘာသာပြန်ဆောင်းပါး)မောင်တင်ထွန်း (နတ်မောက်) မကြာသေးခင်က De...
02/04/2023

“အမေရိကန်ဒေါ်လာ နန်းကျမယ့်အရေး စီးပွား‌ရေးပါမောက္ခ ဘာပြောသလဲ” (ဘာသာပြန်ဆောင်းပါး)

မောင်တင်ထွန်း (နတ်မောက်)

မကြာသေးခင်က Democracy at Work ရဲ့ ပရိတ်သတ်တစ်ဦးက “ တကယ်လို့ အမေရိကန် ဒေါ်လာဟာ ကမ္ဘာတဝှမ်းလုံးမှာ လွှမ်းမိုးနိုင်တဲ့ ကမ္ဘာ့အရန်ငွေကြေးအဖြစ်ကနေ နေရာဖယ်ပေးရမယ်ဆိုရင် ဘယ်လိုတွေဖြစ် လာမလဲ၊ အမေရိကန်ပြည်ထောင်စုအတွင်းမှာ စီးပွားရေးအရ ဘယ်လို ဂယက်ရိုက်ခတ်မှုတွေရှိမလဲ၊ အကြီးအကျယ်ပြို လဲသွားမှာလား” ဆိုတာ သိလိုပါတယ်လို့ မေးပါတယ်။

အဲဒီအမေးကို ပါမောက္ခ ရစ်ချတ် ဝုလ်ဖ်က ဒီလိုဖြေထားပါတယ်။

ဟုတ်ပါတယ်။ ဒေါ်လာငွေကြေးဟာ သူ့ရဲ့အဓိကကျတဲ့အခန်းကနေ တဖြည်းဖြည်းချင်းဆုတ်ခွာ ပေးနေရပါပြီ။ ဒီအတွက် အငြင်းပွားစရာမရှိပါဘူး။ အငြင်းပွားစရာက ဒီဖြစ်စဉ်ဟာ ဘယ်လောက်မြန်မြန်ဆန်ဆန်ဖြစ်လာမှာလဲဆိုတာနဲ့ ဘယ်တော့လဲဆိုတာပါ။ ဖြစ်လာမှာလား မဖြစ်ဘူးလား ဆိုတဲ့ ပြဿနာမဟုတ်တော့ပါဘူး။

ဒီလို ရှုမြင်တာကို လက်ယာနိုင်ငံရေးသမားတွေနဲ့ အမေရိကန် အရင်းရှင်စနစ်ကို မျက်စိစုံမှိတ် ထောက်ခံသူ တချို့ကတော့ သဘောတူကြမှာမဟုတ်ပါဘူး။ ဒါတောင်မှ ဒေါ်လာဟာ ကမ္ဘာ့လုံးဆိုင်ရာ အဆင့်ကနေ သိသိသာသာကြီး လျှောကျလာနေပြီဆိုတာ သူတို့တွေ့မြင်ကြမှာပါ။
အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့ငွေကြေးနယ်ပယ်မှာ လွှမ်းမိုးတဲ့နေရာကို ဒုတိယကမ္ဘာစစ်အပြီး လွန်ခဲ့တဲ့ ၇၅ နှစ်လောက်ကတည်းက ရခဲ့ပါတယ်။ တချို့နိုင်ငံတွေမှာ ဒေါ်လာကို သူ့ကိုယ်ပိုင်ငွေကြေးနဲ့အတူတရားဝင်သုံးစွဲ တာရှိသလို၊ သူတို့ဗဟိုဘဏ်တွေမှာ ရွှေနဲ့အတူ အရန်ငွေကြေးအဖြစ် သိမ်းဆည်းတာမျိုးရှိပါတယ်။ ဒါက သူတို့ ကိုယ်ပိုင်ငွေကြေးရဲ့ ခိုင်မာမှုကိုပြသဖို့ နဲ့ ထောက်ကူဖို့ဘဲဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေက ဒေါ်လာကို ပိုအသုံးပြုလေလေ၊ ဒါမှမဟုတ် ပိုယုံကြည်လေလေ၊ တခြားနိုင်ငံတွေမရနိုင်တဲ့ စီးပွားရေးအကျိုးအမြတ်တွေကို အမေရိကန်က ခံစားရလေလေပါဘဲ။
ပထမဆုံးအနေနဲ့ ရှင်းရှင်းလေးမြင်ရတာတစ်ခုပြောပါ့မယ်။ ကျွန်တော်တို့အမေရိကန်က ကမ္ဘာကို ဒေါ်လာပေးလိုက်တာနဲ့ တခြားနိုင်ငံက ကုန်ပစ္စည်းတွေ ဝယ်လို့ရပါတယ်။ ပြင်သစ်က ဝိုင်တွေ၊ တရုတ်က လူသုံးကုန်ပစ္စည်းတွေနဲ့ အိန္ဒိယက နည်းပညာပစ္စည်းတွေအတွက် သိပ်အဖိုးမတန်တဲ့ စက္ကူပေါ်မှာ တန်ဖိုးတစ်ခုသတ်မှတ်ရိုက်နှိပ်ထားတဲ့ ‌ဒေါ်လာ၊ ဒါမှမဟုတ် အီလက်ထရောနစ် ညီမျှကိန်းတစ်ခု (ဒစ်ဂျစ်တယ် မန်းနီး) ဆိုတာကို ပေးလိုက်ရုံပါဘဲ။
သေသေချာချာစဉ်းစားကြည့်ရင် တော်တော်အံ့သြစရာကောင်းပါတယ်။ တစ်ကမ္ဘာလုံးက ထုတ်လုပ်တဲ့ စားစရာ၊ စည်းစိမ်ဥစ္စာတွေကို (တကယ်တမ်းမှာ) ဘယ်တော့မှ တောင်းခံမှုလုပ်လေ့မရှိတဲ့ တန်ဖိုးသတ်မှတ် ဖော်ပြထားတဲ့ ဒေါ်လာဆိုတဲ့စာရွက်ကလေးတွေပေးပြီး အမေရိကန်က ဝယ်ယူပါတယ်။ ဘာဖြစ်လို့ တောင်းခံမှု မလုပ်သလဲဆိုတော့ အဲဒီဒေါ်လာကို သူတို့က ယုံကြည်လက်ခံပြီး- သူတို့အချင်းချင်း ရောင်းကြ၊ ဝယ်ကြ၊ သိုလှောင် သိမ်းဆည်းကြတာတွေလုပ်နေကြလို့ပါဘဲ။

နောက်ပြီး သူတို့ဆီမှာ ပိုလျှံလာနေတဲ့ ‌ဒေါ်လာတွေကို အမေရိကန်အစိုးရဆီပြန်ပို့ပြီး ငွေချေးပေးပါသေးတယ်။ (အစိုးရငွေချေးစာချုပ်တွေဝယ်တာကိုဆိုလိုသည်) ဒီလိုနည်းနဲ့ ကျွန်တော်တို့ အမေရိကန်အစိုးရက တိုက်ခိုက်တဲ့စစ်ပွဲတွေ၊ အစိုးရအသုံးစားရိတ်တွေကို တခြားနိုင်ငံတွေက ငွေကြေးထောက်ပံ့ပေးပါတော့တယ်။

ဒါက အလွန်အရေး ကြီးပါတယ်။ အမေရိကန်အစိုးရက ဒီလိုချေးငှားခြင်းအားဖြင့် ဘတ်ဂျက်လိုငွေကို ဖြည့်တင်းဖို့ အမေရိကန်ပြည်သူတွေဆီက အခွန်တွေအများကြီး ကောက်ဖို့မလိုတော့ပါဘူး။ အဲဒီလို အများကြီး အခွန်ကောက်မဲ့အစား သူတို့ကိုချေးပေးချင်နေတဲ့ နိုင်ငံခြားအစိုးရတွေဆီကို ငွေချေးစာချုပ်တွေရောင်းပါတယ်။ ဒါကြောင့် ဒေါ်လာငွေဟာ ကမ္ဘာ့အရန်ငွေကြေးဖြစ်တာကြောင့် အမေရိကန်ရရှိတဲ့ အကျိုးကျေးဇူးတွေက အများကြီးဘဲလို့ ပြောရတာဖြစ်ပါတယ်။

တကယ်လို့ ဒေါ်လာရဲ့ အရေးပါမှု ကျဆင်းသွားမယ်ဆိုရင် တခြားနိုင်ငံတွေမှာ ဒေါ်လာကို လက်ခံ သုံးစွဲတာ လျော့နည်းလာမယ်။ ရပ်ဆိုင်းသွားမယ်ဆိုရင် အထက်ကပြောခဲ့တဲ့ အကျိုးကျေးဇူးတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ အမေရိကန်စီးပွားရေးအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာမှာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုကျဆင်းသွားဖို့ဆိုတာ ပထဝီနိုင်ငံရေးနဲ့ ဆိုင်ပါတယ်။
ကမ္ဘာ့တခြားနိုင်ငံတွေက ထုတ်ကုန်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူသုံးကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ အမေရိကန်ပြည်ထောင်စုကိုတင်ပို့တဲ့အခါ အမေရိကန်အစိုးရက စိတ်ကြိုက်ရိုက်နှိပ်ထားတဲ့ ဒေါ်လာငွေစက္ကူနဲ့ ပေးချေလိုက်ရုံပါဘဲ။ အဲဒီအကျိုးကျေးဇူးကို အမေရိကန်တွေခံစားရသလို တခြားနိုင်ငံတွေလည်း ရရှိခံစားချင်ကြပါတယ်။ အဲဒီလိုဖြစ်ချင်တဲ့ နိုင်ငံတွေထဲမှာ ယူရို သုံးတဲ့ ဥရောပနိုင်ငံတွေ၊ ယွမ်သုံးတဲ့ တရုတ်နိုင်ငံ စသဖြင့်ပါဝင်ကြပါတယ်။ အဲဒီ ရည်မှန်းချက်ကို တကယ်ရအောင်လက်တွေ့လည်း ကြိုးစားနေကြပါတယ်။
အခုတလော BRICS ဘရစ် ဆိုတဲ့အဖွဲ့က အရေးကြီးတဲ့ ခြေလှမ်းတစ်ခုလှမ်းလိုက်တယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေ ပါဝင်တဲ့အဖွဲ့။ နောက်ထပ်လည်း ခြောက်နိုင်ငံကနေ ဆယ်နိုင်ငံလောက်အထိ တိုးချဲ့ပါဝင်လာမယ့် ဒီအဖွဲ့က တစ်ကမ္ဘာလုံး လူဦးရေရဲ့ တစ်ဝက်လောက်ရှိလာလိမ့်မယ်။ သူတို့က သူတို့ အချင်းချင်းကြားမှာ ဒေါ်လာကို အခြေမခံတဲ့ စီးပွားကုန်သွယ်ရေးကို လုပ်ကြမှာပါ။ သူတို့အထဲမှာ စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်ရဲ့ ယွမ်ငွေကို ဖြစ်ဖြစ်၊ ဒါမှမဟုတ် သီးသန့်ဖန်တီးထားတဲ့ ငွေကြေးတစ်ခုခုကိုပဲဖြစ်ဖြစ် အသုံးပြုဖို့ ရည်မှန်းထားတယ်။ ဒါဟာ အသိသာအထင်ရှားဆုံး အပြောင်းအလဲပါဘဲ။

နောက်ထပ် အဖြစ်အပျက်တစ်ခုရှိပါသေးတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုနဲ့ အရှေ့အလယ်ပိုင်းက ကမ္ဘာ့ရန်ဖြစ်ခဲ့ကြတဲ့ ဆော်ဒီအာရေးဗျနဲ့ အီရန်တို့ဟာ ပြေလည်မှုရသွားကြပြီး အပြန်အလှန်သံတမန်အဆက်အသွယ်လုပ်နေကြပြီ။ ဒီမှာသတိထားဖို့က ဆော်ဒီအာရေးဗျနိုင်ငံဆိုတာ ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူဆိုတာပါ။ တရုတ်ဟာ ဆော်ဒီအာရေးဗျ ရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်ကိုကျော်တက်သွားပြီ။ ဒီအပြောင်းအလဲက တော်တော်အရေးကြီးပါတယ်။ ဆော်ဒီရဲ့ အဓိက ရောင်းကုန်က ရေနံစိမ်းပါ။ ရေနံကို အရောင်းအဝယ် လုပ်ကြတဲ့အခါ အရင်ကဒေါ်လာနဲ့ဘဲ စာရင်းရှင်းနေရာကနေ အခုအခါ တရုတ်ယွမ်ငွေနဲ့တန်ဖိုး သတ်မှတ်စာရင်းရှင်းဖို့ ဆွေးနွေးနေကြပါပြီ။ သူတို့အခေါ်အားဖြင့် ပက်ထရိုယွမ် ပေါ့။

ဒါကြောင့် ဒီနောက်ပိုင်းနှစ်တွေမှာ ဒေါ်လာစျေးဟာ (တခြားနိုင်ငံငွေနဲ့ လဲနှုန်းမှာ) ကျဆင်းလာလိမ့်မယ်။ အဲဒီလိုအမေရိကန်ဒေါ်လာစျေးကျတဲ့အတွက် အမေရိကန်နိုင်ငံထဲကိုတင်သွင်းတဲ့ နိုင်ငံခြားကုန်ပစ္စည်းတွေဟာ စျေးကြီးလာလိမ့်မယ်။ ကုန်စျေးနှုန်းတွေကြီးလာပြီး ငွေဖောင်းပွမှုနှုန်း မြင့်လာမယ်။ ကျွန်တော်တို့ရဲ့ ‌ဒေါ်လာငွေ တန်ဖိုးကျလာပြီး၊ အမေရိကန်ထုတ် ကုန်ပစ္စည်းတွေက ပိုစျေးပေါလာမှာဖြစ်တဲ့အတွက် ထုတ်ကုန်တင်ပို့ တဲ့နိုင်ငံအဖြစ်ပြောင်းလဲရမှာပါ။ ဒီလိုအပြောင်းအလဲ လုပ်ဖို့က အမြဲလိုလို အခက်အခဲရှိပါတယ်။ အဲဒီအတွက် ပြင်ဆင်မထားရင်၊ အဲဒီအတွက် ကောင်းကောင်းစီမံခန့်ခွဲမှုမလုပ်ခဲ့ရင် အကြပ်အတည်းတွေထွက်ပေါ်လာနိုင်ပါတယ်။ အဲဒီ အခက်အခဲအကြပ်အတည်းတွေက အမေရိကန်ရဲ့ ဘဏ်စနစ်ကို ဖြိုလှဲတဲ့အထိ ခြိမ်း ခြောက်လာနိုင်ပါတယ်။

ဒါကြောင့်ပြောချင်တာက ဒါဟာ အန္တရာယ်ရှိပါတယ်။ ဒါဟာ ရှည်လျားတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ထိန်းညှိမှုပါ။ အမေရိကန်တွေအတွက် သဘောပေါက် လက်ခံနားလည်ဖို့ အလွန်ခက်ခဲတဲ့ အချိန်ကာလဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့ဟာ ယနေ့မှာ နောက်ဆုံးဆယ်စုနှစ်တွေမှာတုန်းကလို ကမ္ဘာကို လွှမ်းမိုးထားနိုင်တဲ့ ပလေယာ မဟုတ်တော့ပါဘူး။ အဲဒီကာလတွေက ကုန်ဆုံးသွားပါပြီ။ ပိုအရေးကြီးတာက ပကတိ လက်တွေ့ အခြေအနေနဲ့ ကိုက်ညီတဲ့ တောင်းဆိုချက်တွေ ပေါ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ တနေ့တခြား အဲဒီအခြေအနေက ပိုပိုပြီး မှန်ကန်လာလို့ဖြစ်ပါတယ်။

- Democracy At Work ချန်နယ်မှ Ask Prof Wolff: Is the U.S. Dollar in Trouble? ကိုဆီလျော်အောင် ဘာသာပြန်ပါသည်။

Richard David Wolff မက်ဆာချူးဆက် အမ်းဟတ်စ် တက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ တစ်ဦးဖြစ်သည်။ ယေးလ် တက္ကသိုလ်၊ နယူးယော့ စီးတီးတက္ကသိုလ်၊ အူးတား တက္ကသိုလ်၊ ပဲရစ် ဆိုဘုန်း တက္ကသိုလ်တို့တွင်လည်း စီးပွားရေးပညာကို သင်ကြားပေးခဲ့သည်။

NP News

Address

Kyonpyaw

Website

Alerts

Be the first to know and let us send you an email when Kyonpyaw News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share