Major Razer

Major Razer This is the New Brand that will bring to Myanmar People

28/08/2023
10/08/2023
08/08/2023

ဇူလိုင်လကုန်အထိ EV လျှပ်စစ်သုံးလူစီး မော်တော်ယာဉ်အစီးရေ (၅၇၉)စီး မှတ်ပုံတင်ထား

================================================

EV လျှပ်စစ်သုံးမော်တော်ယာဉ် စတင်သွင်းကတည်းကစပြီး ပြီးခဲ့ဇူလိုင်လကုန်အထိ EV လူစီးမော်တော်ယာဉ် ( ၅၇၉ ) စီး မှတ်ပုံတင်ထားတယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရသိရပါတယ်။အဲ့ဒီEVယာဉ်တွေထဲကုန်တင်ယာဉ်(ဝန်ပေါ့)နှစ်စီးလည်း ပထမဆုံးအကြိမ်တင်သွင်းလို့ မှတ်ပုံတင်ခွင့်ပြုထားပါတယ်။ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ က လျှပ်စစ်သုံးယာဉ် အမျိုးအစားတွေအတွက် အခွန်နှုန်းထားတွေကို သုညရာခိုင်နှုန်းအထိ လျှော့ချ သတ်မှတ်ထားပါတယ်။

အဲ့ဒီ EV ကုန်တင်ယာဉ်(ဝန်ပေါ့)တွင် (ပစ်ကပ်)၊Single Cab ၊ လိုက်ထရပ်နဲ့တင်ဆောင်နိုင်အား (၃)တန်နဲ့(၃)တန်အောက် ဗန်၊ထရပ်ယာဉ်တို့ပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။ဒါ့အပြင် EV လျှပ်စစ်သုံး နှစ်ဘီး၊သုံးဘီယာဉ်ရေ( ၂၄၅၄) စီး ဇူလိုင်လကုန်အထိ မှတ်ပုံတင်ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

အဲ့ဒါကြောင့် EV လျှပ်စစ်သုံးမော်တော်ယာဉ် အမျိုးမျိုး (၃၀၃၃) စီး ခွင့်ပြုပေးထားတယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရသိရပါတယ်။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်။ ကားနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းတွေ၊ သတင်းအကြောင်းအရာတွေကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်လို့ CarsDB fb page ကို Like & Share လုပ်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။

CarsDB.com
မြန်မာနိုင်ငံသားတိုင်း ကားပိုင်ဆိုင်နိုင်စေရမည်။

07/08/2023
07/08/2023
02/08/2023

ကိုယ့်အိမ်ကကိုယ့်အိမ်က မီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား စမ်းသပ်နည်းတွေရှိတယ်
မီတာခနဲ့ ချိန်ပြီး သုံးချင်လား ဒါလေးသိမှဖြစ်မယ်..
ဥပမာ တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင် အဲ့၅၀ဖိုးပဲသုံးချင်တယ် အိမ်ကမီးချောင်း ဘယ်နှစ်နာရီ ဖွင့်ခံမလဲ ဆိုတာမျိုးပေါ့..
မီတာမှာ တစ်ယူနစ်တက်အောင် ဒီပစ္စည်းလေးကို ဘယ်လောက်ကြာကြာ သုံးရင်တက်လဲ သုံးရမလဲ.
ပေးလိုက်ရတဲ့မီတာခ ဟုတ်မှဟုတ်ရဲ့လား. TVလေးတစ်နေ့မှ တစ်နာရီလောက်ကြည့်တာ ငွေအား ဖြင့် ဘယ်လောက်ကုန်သွားလဲ..
စက်ပြင်ဆရာတွေ တစ်နေကုန် ခဲဂေါက်ထိုးထားတယ် unit ဘယ်လောက်တက်သွားမလဲ.
တစ်ချို့ ဆိုင်ခန်းငှါးတဲ့ အဒေါ်ကြီးတွေက စက်ပြင်ဆိုင်ဆို မီတာခ အရမ်းကျတယ် ထင်နေတာ ဘယ်လိုပြန်ပြောပြရပါမလဲ..
စတာတွေကို လူအများရှင်းအောင် နည်းပညာပိုင်းကို သိပ်အလေးမပေးဘဲ ပြောကြည့်ချင်ပါတယ်.
မီးပူကို တစ်နာရီ ဆက်တိုက် တိုက်ရင် မီတာမှာ တစ်ယူနစ် 1 unit တက်မယ် (အော်တိုပိတ်ပိတ်သွားချိန်မပါ).
ဘာဖြစ်လို့လဲဆိုတော့ မီးပူဟာ Watt 1000 ရှိလို့..
Watt 1000 ရှိတဲ့ပစ္စည်းကို တစ်နာရီကြာအောင်သုံးရင်..
တစ်ယူနစ် တက်တယ်
အဲ့ဒါက ဖော်မြူလာပဲ 1000 watt တစ်နာရီ = 1 unit
တစ်နာရီကို unit ဘယ်လောက်တယ်တယ် သိရင်..
နှစ်နာရီသုံးတယ်ဆို ၂ နဲ့မြောက်ပေါ့
သုံးနာရီသုံးတယ်ဆို ၃ နဲ့မြောက်ပေါ.
အလွယ်လေး မခက်သေးဘူးနော်..
ဒါဆို ကိုယ်မီးပူတိုက်နေတာ ဘယ်နှစ်နာရီဆို ဘယ်နှစ်ယူနစ်တက်မလဲ သိပြီပေါ့..
ဟုတ်ပြီ ကျွန်တော် ကျွန်မ ခုသုံးနေတဲ့ ပစ္စည်းက watt 1000 မှ မဟုတ်တာဗျာ.
အိမ်မှာ လေးပေ မီးချောင်း တစ်ချောင်း ထွန်းထားတယ် အဲ့လေးပေ မီးချောင်းက Watt 40 ပဲ ရှိတာ..
ဘယ်နှစ်နာရီ ထွန်းထားရင် တစ်ယူနစ်တက်မလဲ ပိုက်ဆံဘယ်လောက် ကုန်မလဲ
ဟုတ်ပြီ ကျွန်တော်တို့ သိချင်တာ ၃ မျိုး ရှိတယ်၊ မီတာမှာ unit ဘယ်လောက် တက်သွားလဲ အချိန်တစ်ခုအားဖြင့် ထွန်းထားတယ် ငွေဘယ်လောက် ကုန်သွားပြီလဲ..
တစ်ယူနစ် မီတာမှာ တက်အောင် ဘယ်လောက်ကြာကြာ သုံးရမလဲ စတဲ့ အချိန်ရယ် ငွေရယ် ယူနစ်တက်သွားတာရယ်.
အဲ့မှာ ငွေကုန်ကြေးကျ တွက်တာက မီတာယူနစ်တက်သလောက် ငွေကုန်တာမို့ မီတာယူနစ် ဘယ် လောက် တက်သလဲ ဆိုတာကိုပဲ အရင်တွက်ရမယ်.
်ပြီးမှ တစ်ယူနစ်မီတာခနဲ့ မြောက်ပေါ့ ဟုတ်ပြီ ပြောနေတာတွေ ရှုပ်တယ်ညအလွယ်ပဲပြောမယ်ဗျာ
ကိုယ်သုံးမယ့်ပစ္စည်းရဲ့ Watt ကို 1000 နဲ့စားရင် တက်သွားမယ့် ယူနစ်ရမယ်..
(တစ်နာရီသုံးရင် အဲ့လောက်တက်မယ်လို့ ဆိုလိုတာ) အဲ့ Watt ကို 1000 နဲ့ စားတာကို ပြောင်းပြန် ပြန်တွက်လိုက်.
1000 ကို Watt နဲ့ပြန်စားလိုက် လို့ပြောတာ အာ့ဆို unit မရတော့ဘူး မီတာမှာ တစ်ယူနစ်တက်အောင် ဘယ်လောက်ကြာကြာ သုံးလို့ရ မလဲ ဆိုတဲ့ အချိန်ကို ရတယ်ဗျာ.
အဲ့တော့ ဒီလို မှတ် 1000 (နဲ့) စားရင် ယူနစ် ရတယ် ..1000 (ကို) စားရင် အချိန် ရတယ်
ဥပမာ အပေါ်က ၄ ပေမီးချောင်း Watt 40 အဲ့ Watt 40 ကို 1000 (နဲ့) စား 401000 = 0.04 unit ရတယ်
အဲဒါဟာ ၄ ပေမီးချောင်းကို တစ်နာရီထွန်းရင် မီတာမှာ တက်မယ့်ယူနစ် 0.04 ရတယ် unit ရပြီဆို ပိုက်ဆံသိချင်ရင် တစ်ယူနစ်ကို၅၀ ဆို 0.04 ၅၀ ပေါ. တစ်ယူနစ်ကို ၇၀ဆို 0.04 ၇၀ ပေါ. မြောက်ကြည့်ကြပေါ့..
နောက်တစ်နည်းက အပေါ်ကတွက်နည်းကို ပြောင်းပြန်လှန် 1000 (ကို) Watt 40 နဲ့စား 1000 40 = 25 နာရီ ရတယ် အဲ.ဒါက ၄ ပေ မီးချောင်းကို ၂၅ နာရီကြာအောင်ထွန်းမှ မီတာမှာ တစ်ယူနစ်ပဲ တက်မယ်လို့ ဆိုလိုတာပဲ
ဥပမာ ဘုရားစင်မှာထွန်းလေ့ရှိတဲ့ 5 Watt မီးသီး အစိမ်းလေးကို ထွန်းမယ်ဆိုရင် 1000 5 = နာရီ ၂၀၀ လောက်ကြာအောင်ထွန်း ထား မှ မီတာမှာ တစ်ယူနစ်ပဲ တက်မှာပါ..
အဲတော့ 1000 နဲ့စားတော့ ယူနစ်ပြ ပြောင်းပြန်လှန်တော့ အချိန်ရ ဒါလေး နဲ့တင် အများပြည်သူ သိရတွက်ရအဆင်ပြေလှ အင်း နည်း နည်း အဆင့်မြှင့်ကြည့်မယ်ဗျာ နာရီဝက်ပဲ မီးချောင်းထွန်း ရင်ကောဗျာ..
၁၅ မီးနစ်ပဲ သုံးမယ်ဆိုရင်ကောဗျာ အာ.ဆို နည်းနည်းလေးတော့ ရှုပ်ပြီဗျ Watt ကို 1000 နဲ့စားလို့ ရတာကို နာရီဝက်ပဲ သုံးရင် 1/2 နဲ့ ထပ်မြောက်ဗျ ဘာလို့ဆို နာရီဝက်က တစ်နာရီရဲ့ နှစ်ပုံပုံရင် တစ်ပုံဖြစ် နေလို့
၁၅မီးနစ်ပဲ သုံးတယ်ဆိုပြီး ၁၅နဲ့သွားမြေက်လို့မရဘူးဗျ ၁၅မီးနစ်သည် တစ်နာရီရဲ့ လေးပုံတစ်ပုံဖြစ်လို့ 1/4 နဲ့ထပ်မြောက်ဗျ..
အသုံးပြုချိန်က နာရီနဲ့ပဲ တွက်ရလို့ဗျ မီးနစ်နဲ့တွက်ရင် killowatt hour ဆိုတဲ့ unit မရတော့လို့ပါ.
killowatt ဆိုတာကလည်း အခြားမဟုတ်ဘူးဗျ ကိုယ်သုံးတဲ့ပစ္စည်းရဲ့ watt ကို 1000 နဲ့စားလိုက်တဲ့ဖြစ်စဉ်ကို ပြောတာဗျ
မူရင်းတန်ဖိုးက watt အာ.ဒါကို 1000 နဲ့စားလိုက်တော့ killowatt ဖြစ်လာတာပေါ. သဘောက resistor တန်ဖိုး ထောင်ကျော် တဲ့အခါ 1200အုမ်းလို့ ဘယ်မှာခေါ်လို့လဲ..
1.2 K လို့ပဲ ခေါ်ကြတာ အဲ့ဒါလည်း 1000 နဲ့ စားလိုက်တာပဲလေ ကီလိုဖွဲ့လိုက်တယ်ဆိုပါစို့ဗျာ အဲ့ သဘော ပဲ Watt ကို 1000 နဲ့စားလိုက် တာလည်း ကီလိုဖွဲ့လိုက်သလိုပဲမို့ killowattရယ်လို့ဖြစ်လာ တာ.
အဲ့ကီလိုဝပ်ကို နာရီနဲ့ထပ်မြောက်လို့ ကီလိုဝပ်နာရီ KWh = unit တန်ဖိုးဖြစ်လာတာ အဲ့တော့ သုံးစွဲ ပစ္စည်းရဲ့ Watt ကို 1000 နဲ့စား သုံးစွဲချိန် နာရီနဲ့ မြောက် တစ်လကုန် မီတာဘယ်လောက်တက်လဲ သိချင်ရင် ရက်ပေါင်း ၃၀ နဲ့ ထပ်မြောက် မီတာမှာ တိုက်ကြည့်ပေါ့
မီတာအရမ်းလည်မြန်နေလို့မသင်္ကာရင်မီးပူတစ်နာရီတိုက်လို့တစ်ယူနစ်ပဲတက်တယ်ဆိုပုံမှန်ပဲ ပေါ.အထဲကဖွဲ့စည်းပုံကြောင့်လည် နှုန်း နှေးတာမြန်တာ ကိုယ့်အလုပ် ဟုတ်ဘူးလေ
တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင် ၅၀ကို မီးနစ်၆၀နဲ့စား တစ်မီးနစ်ကို ပြား၈၃ပြားလောက် ကျတယ်ပေါ. အဲ့တော့ ဘယ်လောက်ဖိုး သုံးမလဲ ကြာကြာသုံးရင် များများကုန်မယ် များများသုံးရင် မြန်မြန်ကုန်မယ် 1000(နဲ့)စားရင်unit ရမယ် 1000(ကို)စားရင်အချိန်ရမယ် ဒါလေး ပါပဲ.
မီတာယူနစ်တွက်ရန် ဆော့ဝဲလ် အောက်က လင့်မှာ
Download ဆွဲလို့ရပါတယ်နော်။
Download ဆွဲရန်လင့် - https://sizl.ink/DGNMo

်းပညာများ
်းပညာအထွေထွေမှတ်စုများ
messenger...cb
m.me/konay1360

မူရင်းတင်သူအားလေးစားစွာဖြင့် 🅲🆁🅴🅳🅸🆃ပေးပါသည်

အားလုံးအဆင်ပြေပါစေ

backup pageလေးကိုလည်း
Follow လုပ်ထားပေးပါဦးနော်

👇👇👇👇👇👇လင့်
https://www.facebook.com/profile.php?id=100091583646195&mibextid=

telegram သုံးတဲ့မိတ်ဆွေများအပ်ထားကြပါဦး
👇👇👇👇👇👇👇
https://t.me/konay1360

TikTok သုံးတဲ့မိတ်ဆွေများအပ်ပေးကြပါဦး
👇👇👇👇👇👇👇👇
https://www.tiktok.com/.n1360?_t=8duvlqGz4jq&_r=1

အသစ်အသစ်သော
နည်းပညာဗဟုသုတများ
ဘာသာရေးဗဟုသုတများ
စာပေဗဟုသုတများနှင့်
သုတရသအစုံအလင်များကို
နေ့စဥ်တင်ဆက်ပေးလို့
page လေးကို Follow လုပ်ထားပါ

🅟.🅝---နည်းပညာများ
Page လေးကို
Like & Share လုပ်ပေးပါဦးနော်...။

02/08/2023
31/07/2023

လယ်ယာမြေကို တရားဝင် အိမ်ဆောက် ဆိုင်ဆောက် သုံးလို့ရအောင် ဘယ်လို လုပ်ရမလဲ။

လယ်ယာမြေကို အခြားနည်းသုံးစွဲရန် ခွင့်ပြုချက် လျှောက်ထားရမှာပါ။ လယ ၃၀ ခွင့်ပြုချက် (အရင်က လ/န ၃၉) လျောက်တယ် ခေါ်ပါတယ်။ ခွင့်ပြုချက် ရရင် သတ်မှတ်တဲ့ နည်းအတိုင်း သုံးလို့ရပါပြီ။ လယ်မြေအမျိုးအစားကို ဗဟိုထိတင်ပြ ခွင့်ပြုချက်ရမှ အသုံးပြုနိုင်မှာဖြစ်ပြီး လယ်မြေမဟုတ်တဲ့ ကျန်လယ်ယာမြေတွေကိုတော့ ပြည်နယ်တိုင်းအဆင့်က ခွင့်ပြုချက်ရရင် အသုံးပြုနိုင်ပါတယ်။ ခွင့်ပြုချက်ရတာနဲ့ မြေငှါးဂရန်ပါ ဆက်လျောက်လိုက်ပါ။ ဒါဆိုရင် တရားဝင်လဲ သုံးလို့ရသလို့ အမည်ပေါက် မြေပိုင်ဆိုင်မှုလည်း ခိုင်မာသွားပါပြီ။

လယ်ယာမြေမှာ မစိုက်ပျိုးပဲ အခြားနည်းသုံး (အိမ်ဆောက်၊ ဆိုင်ဆောက်၊ စီပွားရေး လုပ်ငန်းအတွက် စိုက်ပျိုးခြင်းမှအပ အသုံးပြု) ချင်ရင် မြို့နယ် မြေစာရင်းဦးစီးဌာနကတဆင့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ အရ လျှောက်ရပါတယ်။ မြို့နယ်မြေစာရင်း ဦးစီးဌာနနဲ့ လယ်စီအဖွဲ့ အဆင်ဆင့်တို့ကပဲ အမှုတွဲဖွင့်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။

ပုံစံ (၇)မရသေးတဲ့ လယ်ယာမြေကို လယ်ယာမြေဥပဒေပါ ပြဌာန်းချက်အရဆိုရင် လျောက်လို့ မရနိုင်ပါဘူး။ ဥပဒေ ပုဒ်မ ၃ (ဃ) လယ်ယာမြေ လုပ်ပိုင်ခွင့်မှာ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေကို လက်ရှိထားပြီး စိုက်ပျိုးလုပ်ကိုင် အသုံးချခြင်းလို့ ဆိုပါတယ်။ ပုံစံ (၇) ရှိသူမှာ အခွင့်အရေး (၃) ရပ်ရပါတယ်။ လက်ရှိထားခွင့်၊ စိုက်ပျိုးခွင့်၊ မြေအသုံးချခွင့် ဖြစ်ပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူဆိုတာ ပုံစံ (၇) ရသူ၊ သူ့မှာသာ ဒီအခွင့်အရေး (၃) ခုရတဲ့အတွက် ပုံစံ (၇) ရမှသာ အခြားနည်းသုံးနိုင်ခွင့် လျှောက်လို့ ရမဲ့သဘော ဖြစ်ပါတယ်။

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျောက်ထားလာရင် စိစစ်ရမယ့် စီစစ်ချက်မှာတော့ ပထမ ပုံစံ (၇) ရ/မရ စိစစ်ပါ။ မရရင် ဘာကြောင့် မရတာလဲ၊ ဘာကြောင့် ထုတ်မပေးတာလဲ ဆိုတာကို စီစစ်ပါ၊ သက်ဆိုင်ရာ ဌာနများက ထောက်ခံချက်တွေ ရယူပါလို့ ဆိုတဲ့အတွက် ပုံစံ (၇) မရသေးလည်း လျှောက်နိုင်တဲ့ သဘောတွေ ပါနေတာ တွေ့ရပါတယ်။ လက်ရှိ မြေပြင်မှာလည်း ပုံစံ (၇) ရှိရှိ မရှိရှိ အခြားနည်းသုံးဖို့ လျှောက်ထား ကြပါတယ်၊ မြေစာရင်း ဌာနနဲ့ လယ်စီအဖွဲ့က စိစစ်တဲ့အခါ မရှိဘူး ဆိုရင်လည်း ဘာကြောင့် ပုံစံ (၇) မရှိတာလဲ ဆိုတာကိုဖော်ပြ၊ သက်ဆိုင်ရာ ဌာနများက ထောက်ခံချက်ယူပြီး တင်ပြ လျှောက်ထားကြပါတယ်။ ခွင့်ပြုနေတာလဲ ရှိပါတယ်။

အချုပ်အားဖြင့် တင်ပြချင်တာက မိမိအသုံးပြုနေတဲ့ လယ်ယာမြေကို တရားဝင် အခြားနည်းသုံးလို့ရအောင် ပုံစံ ၇ ရှိရှိ မရှိရှိ လယ ၃၀ လျောက်လိုက်ပါ။ ခွင့်ပြုချက် ရရင် သုံးလို့ရပါပြီ။ ခွင့်ပြုချက်ရတာနဲ့ မြေငှါးဂရန် ဆက်လျောက်ပြီး ဂရန်အမည်ပေါက်ယူလိုက်ပါ။ စိတ်ချလက်ချ ခိုင်ခိုင်မာမာ သုံးနိုင် ငှားနိုင် ရောင်းနိုင်ပါပြီ။

_____________________
လူကြီးမင်းတို့ လိုအပ်လျှက်ရှိသည့် အိမ် / ခြံ / မြေ / ကွန်ဒို / တိုက်ခန်း / စက်မှုဇုန် / ဟိုတယ် / စက်ရုံ /စရင်းများ
ငှားလို ရောင်းလို ဝယ်လိုပါက
ဖုန်းဆက်မေးမြန်နိုင်ပါတယ်

09 2500 29 352 (PH)

09-777 555 605 (Viber )

Myanmar Home Real EstateServices Co.,ltd

31/07/2023
28/07/2023

ကရင်ပြည်နယ်မှာ EV လျှပ်စစ်သုံးယာဉ် ထုတ်လုပ်တပ်ဆင်နိုင်ရေး ကုမ္ပဏီတချို့နဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ တွေ့ဆုံ

============================================================

ကရင်ပြည်နယ် ဘားအံစက်မှုဇုန်အတွင်းမှာ EV လျှပ်စစ်သုံးယာဉ် ထုတ်လုပ်တပ်ဆင် နိုင်ဖို့ဆောင်ရွက်နေတဲ့ Precision Auto Engineering ကုမ္ပဏီ နဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ ၂၄ ရက်နေ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ ဧည်ခန်းမမှာတွေ့ဆုံဆွေးနွေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ EV လျှပ်စစ်သုံးမော်တော်ယာဉ်တွေထုတ်လုပ်ဖို့ အစိုးရအနေနဲ့ ပြည်ပကုမ္ပဏီတွေ ကမ်းလှမ်းတာတွေရှိနေတာပါ။ပြီးခဲ့ရက်ပိုင်းကလည်း တရုတ်နိုင်ငံအနေနဲ့သီလဝါအထူးစီးပွားရေးဇုန်မှာ လျှပ်စစ်ကားတွေထုတ်လုပ်တပ်ဆင်ဖို့ ကမ်းလှမ်းမှုတွေရှိနေပြီး မြန်မာလုပ်ငန်းရှင်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ အနေနဲ့တရုတ်နိုင်ငံရဲ့EV လျှပ်စစ်သုံးမော်တော်ယာဉ်ထုတ်လုပ်တဲ့စက်ရုံတွေကိုသွားရောက်လေ့လာမှုတွေပြုလုပ် နေပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆွေးနွေးမှုတွေပြလုပ်နေတဲ့ ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၄၉ သန်း ရင်းနှီးမြှုပ်နှံထားပြီး ကရင်ပြည်နယ် ဘားအံစက်မှုဇုန်မှာ မော်တော်ယာဉ်ထုတ်လုပ်တပ်ဆင်ဖြန့်ဖြူးရောင်းချနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ EV Project တပ်ဆင်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်။ ကားနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းတွေ၊ သတင်းအကြောင်းအရာတွေကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်လို့ CarsDB fb page ကို Like & Share လုပ်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။

CarsDB.com

17/07/2023

တနှစ်အတွင်း မိမိကိုယ်ကို ဘယ်လိုပြောင်းလဲမလဲ?

လက်ရှိအလေ့အကျင့်တွေ၊ စိတ်ဓာတ်အနေအထားတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ဘယ်လိုမှ အပြောင်းအလဲတခုကို ဖန်တီးလို့မရဘူး

မလိုအပ်တာတွေကို ထားခဲ့ရမယ်၊ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲရမယ်
လုပ်သင့်တာတွေကို လုပ်ရမယ်

လူတယောက်အနေနဲ့ မိမိကိုယ်ကိုပြောင်းလဲတော့မယ်ဆိုရင် ချက်ချင်းကြီးပြောင်းလဲလို့မရဘူး
ပြီးရင် ဒီလိုပြောင်းလဲတဲ့အခါမှာ စိတ်ရှည်ရတယ်၊ စည်းကမ်းရှိဖို့လည်း လိုပါတယ်

ဒီနေ့မှာ တနှစ်အတွင်း လူတွေမမှတ်မိနိုင်လောက်အောင် တိုးတတ်ပြောင်းလဲသွားတဲ့လူတယောက်ဖြစ်ဖို့ လိုက်နာရမယ့်အကြောင်းအရာတွေကို TopTenကနေ ပြောပြပေးသွားမှာပါ
ကြည့်ကြရအောင်




စာဖတ်ပါ

လူတယောက်ရဲ့ ဘဝအောင်မြင်မှု၊ တိုးတတ်မှုအပိုင်းမှာ စာဖတ်ခြင်းဟာ အရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်
ကိုယ့်အတွက် အကျိုးရှိစေမယ့် စာအုပ်တွေကို ဖတ်ဖို့လိုတယ်
ကိုယ့်လုပ်ငန်း ကိုယ်အသက်မွေးဝမ်းကြောင်း လုပ်ငန်းအတွက် အကျိုးရှိစေမယ့် စာအုပ်တွေကို ဖတ်ရမယ်

စာအုပ်တအုပ်မှာ စာမျက်နှာ ၃၀၀ ပါတယ်ဆိုပါစို့။ ခုမှစဖတ်မယ့်သူအတွက် အများကြီးဘဲ
သို့သော် တနေ့ကို စာမျက်နှာ ၂၀ဘဲ ဖတ်မယ်ဆိုရင် ရက်၂၀ပြည့်တာနဲ့ စာအုပ်တအုပ် ဖတ်ပြီးပြီ

ဒါကြောင့် နေ့စဉ် စာဖတ်တဲ့အကျင့်ကို မွေးမြူပါ

အပြုသဘောဆောင်တတ်တဲ့စိတ်ဓာတ်ကို လေ့ကျင့်မွေးမြူပါ

လူတိုင်းမှာ အခက်အခဲဆိုတာရှိတယ်၊ ပြဿနာဆိုတာရှိတယ်
အခက်အခဲတခုခုတွေ့တိုင်း စိတ်ရှုပ်တတ်တဲ့အကျင့်ကိုဖျောက်ပြီး ဟုတ်ပြီ ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ စိတ်မွေးဖို့လိုတယ်

နောက်တချက်က Facebookတို့ YouTube တို့မှာရှိတဲ့ လူတွေကို စိတ်ခွန်အားပေးတဲ့ ဗီဒီယိုတွေကို ကြည့်ရှုနားဆင်သင့်တယ်

အပေါင်းအသင်းရွေးပါ

လူတယောက်ရဲ့ အောင်မြင်ခြင်း တိုးတတ်ခြင်းဟာ သူရွေးချယ်တဲ့ အပေါင်းအသင်းတွေပေါ်မှာ အများကြီးမူတည်တယ်

အမြဲသောက်စားနေတဲ့သူတွေနဲ့ပေါင်းရင် ခင်ဗျားလည်း တဖြည်းဖြည်း သောက်စားတတ်လာမယ်
စီးပွါးရေးသမားတွေနဲ့ပေါင်းရင် ခင်ဗျားလည်း စီးပွါးရေးသမားဖြစ်လာမှာဘဲ

လူဆိုတာ တူရာစုတဲ့သဘောရှိပါတယ်။
ဒီတော့ ကိုယ်တိုင်ကလည်း အပေါင်းအသင်းကောင်းတယောက်ဖြစ်ဖို့ အရေးကြီးပါတယ်

ပျော်ရွှင်စေမယ့် အရာတွေကိုလုပ်ပါ

ဒီလိုပြောလို့ အရက်တွေဆေးလိပ်တွေ သောက်မနေနဲ့ဦး
​တယောက်ထဲရှိတဲ့အချိန် ဘယ်အရာတွေက ငါ့ကိုပျော်စေလဲဆိုတဲ့ မေးခွန်းကို မေးပါ

ခရီးတွေထွက်ချင်လား? ခရီးထွက်လိုက်
ဂီတာတီးသင်တန်း တတ်ချင်လား? တတ်လိုက်

အခြားသူတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲ? ဘယ်လိုတွေးမလဲ? ဆိုတာတွေကို ခေါင်းထဲက ထုတ်ထားလိုက်
ကိုယ်ပျော်စေမယ့်အရာတွေကို စလုပ်ပါ

အလေ့အကျင့်ဆိုးတွေကို ဖျောက်ပါ

မိမိကိုယ်ကို ပြောင်းလဲတော့မယ်ဆိုရင် အရင်က အလေ့အကျင့်ဆိုးတွေကို ထားခဲ့ရတော့မယ်
အချိန်ဆွဲတတ်တယ်ဆိုရင် လုပ်စရာပေါ်လာတဲ့အခါ ချက်ချင်း ထလုပ်လိုက်ပါ

အိပ်ရာစောစောမထဘူးဆိုရင် ညကို စောစောအိပ်ပြီး အိပ်ရာစောစောထနိုင်အောင် လေ့ကျင့်ပါ
လမ်းဘေးစာတွေ ဆီကြော်စာတွေ အမြဲစားနေတယ်ဆိုရင် အဲ့အစား အသီးအရွက် များများပြောင်းစားပါ
အားကစားလုပ်ရမှာ ပျင်းတယ်ဆိုရင် Gym မှာသွားကစားတာဖြစ်ဖြစ်၊ လမ်းလျောက်တာဖြစ်ဖြစ် စလုပ်ပါ

ကျန်းမာရေးကို ဦးစားပေးပါ

လူတယောက်ရဲ့ ကျန်းမာရေးဟာ သူစားတဲ့အစားအသောက်အပေါ်မှာ အများကြီးမူတည်ပါတယ်
ဒီတော့ ဆီကြော်စာတွေ လမ်းဘေးစာတွေစားမယ့်အစား အသီးအရွက်များများစားပါ

အားကစားလုပ်ပါ
တနေ့ကို ခြေလှမ်းပေါင်း ၁၀၀၀၀ ပြည့်အောင် လျောက်ပါ
အိပ်ရေးဝဝအိပ်ပါ

အရာရာကို ရင်ဘတ်ကြီးနဲ့ မခံစားနဲ့

ခင်ဗျားယုံကြည်ရပါတယ်ဆိုတဲ့သူတွေရဲ့ နောက်ကျောကို ဓားနဲ့ထိုးတာတွေ ခံရမယ်
ချစ်ရသူနဲ့ စွန့်ပြစ်ခြင်းကိုလည်း ခင်ဗျား ခံရမယ်

ဘာတွေဘဲဖြစ်ဖြစ် ရင်ဘတ်ကြီးနဲ့ မခံစားပါနဲ့
ဟုတ်ပြီ သူလုပ်ရက်သေးတာဘဲ
သူ့ထိုက်နဲ့သူ့ကံပေါ့ ဒီလိုတွေးပြီး မကောင်းတဲ့သူတွေကို ဘဝထဲကနေ ထုတ်ပစ်လိုက်ပါ

Skill အသစ်အသစ်တွေကို အမြဲသင်ယူပါ

ခင်ဗျားမှာ မရှိသေးတဲ့ ဈေးကွက်မှာ လိုအပ်နေတဲ့ Skill တွေကို သင်ယူပါ
Video editing ပညာရပ်တွေ မတတ်သေးဘူးလား? သင်ယူလိုက်ပါ
ပြီးရင် လုပ်ငန်းခွင်မှာ ပြန်အသုံးချ

ဒါဟာ ခင်ဗျားဘဝ ခင်ဗျားဝင်ငွေကို တိုးတတ်စေမယ့် အကောင်းဆုံးနည်းဘဲ

တရားထိုင်ပါ

တနေ့ကို အနည်းဆုံး ၅မိနစ် တရားထိုင်ပါ

တရားထိုင်းခြင်းအားဖြင့် စိတ်ဖိအားတွေ လျော့လာမယ်
စိတ်ကျရောဂါကို ကာကွယ်ပြီးသားဖြစ်မယ်
အာရုံစူးစိုက်မှု ပိုကောင်းလာမယ်
စိတ်ခံစားချက်တွေ ပိုတည်ငြိမ်လာမယ်
မကောင်းတဲ့အတွေးတွေကို ရှင်းထုတ်နိုင်လာမယ်

15/07/2023

လယ်ယာမြေအား တရားဝင်လူနေထိုင်ခွင့်မြေအမျိုးအစားအဖြစ် ပြောင်းလဲလိုပါက အောက်ပါအချက် အလက်များ သိရှိထားသင့်ပါသည်။
___________________________________
ဦးစိုင်းအောင်မြင့်ဦး LL.B [ ၅၊၇၊၂၀၂၃]

၁။ ပထမဦးစွာ မြေအမျိုးအစားများကို ခွဲခြားဖော်ပြရမည်ဆိုပါက လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ)၊ဂရန်မြေ၊လိုင်စင်မြေ၊ပါမစ်မြေ၊စကွာတာမြေ၊ကျူးကျော်မြေနှင့်သာသနာပိုင်မြေဟူ၍ သီးခြားစီရှိကြပါတယ်။ ထိုအထဲမှ လူနေထိုင်ခွင့်ရှိသော မြေ အမျိုးအစားများအား ခွဲခြားဖော်ပြရလျှင် မြေပိုင်မြေ(ဘိုးဘွားပိုင်မြေ)၊ ဂရန်မြေ၊လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေတို့ဖြစ်ကြတယ်။

၂။ လယ်မြေဆိုသည်မှာ စပါးသီးနှံများစိုက်ပျိုးရန်အတွက်ဖြစ်ပြီး လယ်ယာမြေဆိုသည်မှာ နှစ်ရှည်ပင်များ စိုက်ပျိုးသီးနှံများ ထုတ်လုပ်ရန်အတွက် သတ်မှတ်ထားသောမြေအမျိုးအစားပင်ဖြစ်သည်။

၃။ ၂၀၁၂ ခုနှစ်၊လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ကိုင်နေသူများနှင့် လယ်ယာမြေလုပ်ကိုင်လိုသူများသည် လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ကိုရယူရန် .............

အခြားနည်းသုံးစွဲခွင့်ရသော်လည်း (၁၀)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လယ်ယာမြေ ဥပဒေ အရ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်သည် ပုံစံ-၇ ရှိသူ၏ အခွင့်အရေး ဆိုသော်လည်း၊ ပုံစံ-၇ မရှိသည့် လယ်ယာမြေကို လူနေအိမ်ရာမြေအဖြစ် အသုံးပြုရန် အခွင့်အရေး လုံးဝမရှိ ဟု မဆိုပါ။ ရရှိနိုင်သည့် အခြေ အနေမှာ ပထမအချက်အဖြစ် လယ်ယာမြေ ဟူသည့် စကားရပ် အဓိပ္ပါယ်ဖွင့်ဆိုချက် အပေါ် အခြေခံ ပါသည်။ လယ်ယာမြေ ဟူသည့် စကားရပ်ကိုဖွင့်ဆိုရာတွင် ဒုတိယဝါကျ၌ “ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး အဆောက်အအုံနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင် ၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေများ မပါဝင်။” ဟူ၍ ချွင်းချက်ပေးထားပါသည်။ ဤသို့သော ပြဌာန်း ချက်သည် ရုပ်သိမ်းပြီးဖြစ်သော ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေတွင်လည်း “သို့ရာတွင် မြို့ရွာအတွင်း တည်ရှိသော လူနေအိမ်ရာ အဖြစ် လက်ရှိထားသည့် မြေ မပါဝင်ချေ။” ဟု ပြဌာန်းပေးခဲ့ပါသည်။

ထိုပြဌာန်းချက်အရ ထိုစဉ်ကာလက ၃ (ခ) လက်မှတ် 3 (b) Certificate ဟု ခေါ်ကြသည့် လယ်ယာမြေ ဟူသော စကားရပ်တွင်အကျုံးမဝင်ကြောင်း သက်သေခံလက်မှတ် ကို ထုတ်ပေးပြီး မြေဂရန် လျှောက်ထားခွင့် ရရှိခဲ့ပါ သည်။ ယခု လယ်ယာမြေ ဥပဒေအရလည်း ဥပဒေ စတင်အာဏာတည်သည့် ၃၁-၈-၂၀၁၂ ရက်နေ့တွင် ယခင်က လယ်ယာမြေဖြစ်သော်လည်း မြို့ရွာနှင့် ထိစပ်လျှက်ရှိသည့် လယ်ယာမြေများတွင် မြို့ရွာ တိုးချဲ့၍ နေအိမ် ဆောက်လုပ်အသုံးပြုထားသည့် လယ်ယာမြေများအတွက် အလားတူ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

သို့ရာတွင် ယခု လယ်ယာမြေ ဥပဒေအရ ယင်းသို့သော သက်သေခံလက်မှတ် ထုတ်ပေးရေးအတွက် မည်သူကိုမျှ လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်း မရှိပါ။ သို့ အတွက် မြေစာရင်းဌာန (လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန) ၏ မြေမှတ်တမ်းများတွင် မြေမျိုးကြီးအားဖြင့် လယ်ယာမြေ ဟု မှတ်တမ်းပေါ်နေသော်လည်း၊ မြေ ပြင်တွင် စိုက်ပျိုးရေးအတွက် အသုံးမပြုသည့် အနေ အထား၌ ပုံစံ-၇ လျှောက်ထားပါက ကွင်းဆင်းစိစစ်ချက်အရ စိုက်ပျိုးရေးအတွက် အသုံးပြုရန် လက်ဝယ်ထားရှိခွင့်ဖြစ်သော ပုံစံ-၇ ကို ထုတ်ပေးမည်ဆိုလျှင် သဘာဝ မကျ ဖြစ်ပါမည်။ ထိုကဲ့သို့သော အခြေအနေများအတွက် ထွက်ပေါက်မှာ အခြားနည်းသုံးစွဲခွင့် လျှောက်ထားရန်သာ ရှိပါတော့သည်။ ယင်းသို့သောအခြေအနေအတွက် ဗဟိုလယ်စီ၏ ညွှန်ကြားချက်တွင် လယ်ယာမြေကို အခြား နည်း သုံးစွဲခွင့် လျှောက်ထားရာတွင် ပုံစံ-၇ မရှိသည့်အတွက် “လုပ်ပိုင်ခွင့်ပြု လက်မှတ် မရှိပါက အဆိုပါ လယ် ယာမြေကို လုပ်ပိုင်ခွင့်အား မည်သို့ လွှဲ ပြောင်း ရယူသည်၊ လွှဲပြောင်းပေးရန် သဘောတူညီချက် ရှိ/မရှိ ကတိခံ ဝန်ချက် ရှိ/မရှိ နှင့် ရှိပါက မူရင်း သို့မဟုတ် မိတ္တူ ရယူစစ်ဆေးပြီး ပူးတွဲရန်” ဟု ဖွင့်ပေးထားပါသည်။ ဤနည်း လမ်းအရ လျှောက်ထား ခွင့်ပြုခြင်း အချို့ကိုလည်း ကြားသိနေရပါသည်။

လယ်ယာမြေကို ပုံစံ-၇ မရှိသော်လည်း အခြားနည်းသုံးစွဲခွင့် ဒုတိယနည်းလမ်းမှာ လယ်ယာမြေ ဥပဒေ စတင် အာဏာတည်ပြီး နောက်ပိုင်းတွင် မြို့ရွာ နယ်နိ မိတ် ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်ပါသည်။ ရပ်ကွက် နယ်နိမိတ် ပြင် ဆင်ခြင်း၊ ကျေးရွာ နယ်နိမိတ် ပြင်ဆင်ခြင်းတို့အတွက် ပြည်ထောင်စု အစိုးရအဖွဲရုံး ဝန်ကြီးဌာန (ယခင်က ပြည်ထဲရေး ဝန်ကြီးဌာန) က အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါသည်။ ယင်းသို့ တိုးချဲ့သည့် မြေများသည် လယ်ယာ မြေများဖြစ်ပါက၊ အခြားနည်း သုံးစွဲခွင့် လျှောက်ထား၍ ခွင့်ပြုမည်ဖြစ်ပါသည်။

( ဆက်လက် တင်ပြပါမည် )


#တွဲလက် - Construction

04/07/2023

အိမ်‌သုတ်ဆေး တွက်နည်း
~~~~~~~~~~~~~~~~~~
အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံများ၏ အလျားနှင့် အရှည်‌ပေများ အားလုံးကို ပေါင်းပါ၊ ထို့နောက် ရလာသော အဖြေကို အခန်း၏အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကြတ် အထိ)ဖြင့် မြှောက်ပါ၊ ရလာသော အဖြေသည် ယင်းအခန်း၏ 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐨𝐨𝐭𝐚𝐠𝐞 ဖြစ်ပါသည်။

ဆေးသုတ်ရမည့် 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐨𝐨𝐭𝐚𝐠𝐞 တွက်နည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တံခါးရွက်နှင့် ပြူတင်းပေါက်များသည် မတူညီသော ဆေးအမျိုးအစား သုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်၊ ယေဘူယျအားဖြင့် တံခါးတစ်ချပ်ချင်းစီ အတွက် (𝟐𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နှင့် ပြူတင်းပေါက် တစ်ခုချင်းစီအတွက် (𝟏𝟓) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ရမည် ဖြစ်ပါသည်။

ရလာသော အဖြေသည်‌ ဆေးသုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာ ဖြစ်ပါသည်၊ ယင်းဧရိယာကို တစ်ဂါလံမှာ (𝟑𝟓𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 ရှိတဲ့အတွက် (𝟑𝟓𝟎) ဖြင့် စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)ကို ရရှိပါမည်၊ အဖြေတွင် စားကြွင်းက (𝟎.𝟓) ထက်နည်းပါက ကွာတား (𝟐) ဗူးဖြင့် လုံလောက်နိုင်သော်လည်း (𝟎.𝟓) ထက်များပါက (𝟏) ဂါလံ ဝယ်ရပါမည်။

𝟏𝟒 𝐱 𝟐𝟎 ပေအခန်း အမြင့် (𝟖) ပေ တံခါး (𝟐) ပေါက်၊ ပြူတင်းပေါက် (𝟐) ခုရှိသော အခန်းကို ဥပမာ အနေနဲ့ တွက်ပြပေးပါမည်။

𝐂𝐞𝐢𝐥𝐢𝐧𝐠 ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~
𝐂𝐞𝐢𝐥𝐢𝐧𝐠 ၏ အလျား‌ပေ x အနံပေ = 𝐂𝐞𝐢𝐥𝐢𝐧𝐠 𝐀𝐫𝐞𝐚
𝟏𝟒 𝐱 𝟐𝟎 = 𝟐𝟖𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

𝐂𝐞𝐢𝐥𝐢𝐧𝐠 အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
𝟐𝟖𝟎 ÷ 𝟑𝟓𝟎 = 𝟎.𝟖

ထိုအဖြေအရ 𝐂𝐞𝐢𝐥𝐢𝐧𝐠 ဆေးတစ်ထပ် သုတ်ရန် (𝟏) ဂါလံ လိုအပ်ပါမည်၊ (𝟐) ထပ်သုတ်လျင် (𝟐) ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
~~~~~~~~~~~~
နံရံတစ်ချပ်ချင်းစီ၏ အ‌လျားပေကို ပေါင်းပါ။
𝟏𝟒 + 𝟐𝟎 + 𝟏𝟒 + 𝟐𝟎 = 𝟔𝟖 ပေ

နံရံဧရိယာ တွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့် မြှောက်ပါ။
𝟔𝟖 𝐱 𝟖 = 𝟓𝟒𝟒 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ဆေးတကယ်သုတ်ရန် လိုအပ်သောနံရံ ဧရိယာကို ရှာရန် တံခါး (𝟏) ချပ်စီတိုင်း အတွက် (𝟐𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ပါ (𝟐𝟎 𝐱 𝟐 = 𝟒𝟎)၊ ပြူတင်းပေါက် တစ်ခုချင်းစီတိုင်း အတွက် 𝟏𝟓 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ပါ (𝟏𝟓 𝐱 𝟐 = 𝟑𝟎)
𝟓𝟒𝟒 - 𝟕𝟎 = 𝟒𝟕𝟒 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

နံရံ အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
𝟒𝟕𝟒 ÷ 𝟑𝟓𝟎 = 𝟏.𝟒

ထိုအဖြေအရ နံရံ ဆေးတစ်ထပ် သုတ်ရန် (𝟏) ဂါလံ (𝟐) ကွာတားနှင့် (𝟐) ထပ်သုတ်လျင် (𝟐) ဆ လိုအပ်ပါမည်။

တံခါးနှင့် ပြူတင်းပေါက် ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~~~~~~~~~~~~~
𝟐𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 = တံခါး (𝟏) ချပ်
တံခါးအရေအတွက်ကို (𝟐𝟎) ဖြင့် မြှောက်ပါ။
𝟐 𝐱 𝟐𝟎 = 𝟒𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ပြုတင်းပေါက် အရေအတွက်ကို (𝟕.𝟓) ဖြင့်မြှောက်ပါ။
𝟐 𝐱 𝟕.𝟓 = 𝟏𝟓 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ထိုနောက် ရလာတဲ့ အဖြေများကို ပေါင်းပါ။
𝟒𝟎 + 𝟏𝟓 = 𝟓𝟓

ပြီးလျှင် 𝟑𝟓𝟎 ဖြင့်စားပါ။
𝟓𝟒 ÷ 𝟑𝟓𝟎 = 𝟎.𝟏𝟔

ထိုအဖြေအရ တံခါးနှင့် ပြူတင်းပေါက် အတွက် ဆေး (𝟏) ကွာတား ဝယ်ဖို့ လိုအပ်မည် ဖြစ်ပြီး တံခါးနှင့် ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံး သုတ်မည်ဆိုပါက အဖြေကို (𝟐) ဖြင့် မြှောက်ရမည် ဖြစ်ပါသည်။

ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ထပ်ဖတ်ချင်တယ်ဆိုရင်တော့ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်🙋‍♀️🙋‍♂️



23/06/2023
23/06/2023

CPU ရွေးချယ်တဲ့အခါမှာ i3, i5, i7 သိယုံနဲ့ မလုံလောက်ဘူးနော်။

နာမည်နံပါတ်အပြည့်အစုံကိုဖတ်ပြီး ဘယ်လိုအဓိပ္ပာယ်ရှိတာဆိုတာ အနည်းငယ်နားလည်သင့်ပါတယ်။

✅ Intel®Core™ i7-1065 G7 ဆိုတဲ့နာမည်မှာဆိုရင် i7 အနောက်ကကပ်ရက် 10 ဆိုတာ 10th Generation ကိုပြောတာဖြစ်ပြီး 65 ဆိုတာကတော့ အဆင့်မြှင့်တင်ထားတဲ့ SKU (Stock Keeping Unit) နံပါတ်ပဲဖြစ်ပါတယ်... SKU နံပါတ်မြင့်လေလေ နောက်ဆုံးပေါ်ဖြစ်လေလေပါပဲ။

⚠️ ဒါပေမယ့်လည်း အမျိုးအစားမတူတဲ့ CPU ကိုတော့ SKU နံပါတ်နဲ့ နှိုင်းယှဥ်လို့မရပါဘူး။

✅ CPU Generation ကိုရေးတဲ့အခါမှာ 10th Generation CPU တွေကစလို့ ဂဏန်း (၂)လုံးပြောင်းသွားပေမယ့် Generation အနှိမ့်တွေမှာတော့ ဂဏန်း (၁)လုံးပဲဖြစ်ပြီး SKU နံပါတ်က ဂဏန်း (3)လုံးနဲ့ရေးပါတယ်။

⚠️ For Example ↔️ Intel®Core™ i7-9750H

💁‍♂️ နာမည်တွေ၊ နံပါတ်အပြည့်အစုံတွေရဲ့ နောက်မှာပါတဲ့ အက္ခရာကလည်း သူ့အဓိပ္ပါယ်နဲ့သူရှိပါတယ်။

▪️G1-G7 က ဂရပ်ဖစ်နည်းပညာသစ်ကို ရည်ညွှန်းတာဖြစ်ပြီး ပုံရိပ်ရည်အသွေးအမြင့်စားတွေသုံးမယ့်သူတွေအတွက်ပိုသင့်တော်ပါတယ်။
▪️E ဆိုတာက Embedded ဖြစ်ပြီး ပါဝါစားတာလျော့ကျစေပါတယ်။
▪️F ကတော့ Requires discrete graphics ဖြစ်တဲ့ Graphic တစ်ပါတည်းမပါလာဘူး။ Graphic Card သပ်သပ်စိုက်ဖို့လိုပါတယ်။
▪️G ကတော့ ဂရပ်ဖစ်တစ်ပါတည်းပါတဲ့ အမျိုးအစားပါ။
▪️H ကတော့ High performance ကို ရည်ညွှန်းပါတယ်။ ပါးလွှာပြီးသယ်ယူရလွယ်တဲ့အပြင် စွမ်းဆောင်ရည်ကောင်းတယ်ဆိုတဲ့ Laptop CPU ဖြစ်ပါတယ်။
▪️HK ကတော့ စွမ်းဆောင်ရည်ကောင်းတဲ့အပြင် unlocked လုပ်လို့ပါရပါတယ်။
▪️K သီးသန့်ကတော့ unlocked အဓိပ္ပါယ်ပါ။
▪️S က Special Edition အထူးထုတ်
▪️T က Power-optimized lifestyle ပါတဲ့။ ပါဝါစားသက်သာစေချင်တဲ့သူတွေအတွက် ပိုသင့်တော့ပါတယ်။
▪️U က လည်း ပါဝါစားတာသက်သာစေတဲ့ Laptop မှာအသုံးပြုတဲ့ CPU ပါ။
▪️Y ကတော့ Laptop မှာ ပါဝါမစားအောင်အထူးလုပ်ဆောင်ထားတဲ့ CPU ဖြစ်ပါတယ်။

✅ အကြမ်းဖျင်းမှတ်နိုင်တာက စွမ်းဆောင်ရည်ကောင်းလေလေ ပါဝါပိုစားလေဖြစ်ပါတယ်။ ပုံမှန်လောက်ပဲသုံးပြီး ဘက်ထရီကြာကြာသုံးချင်တဲ့သူတွေအတွက်ကတော့ ပါဝါစားသက်သာတဲ့အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။

ယခုဖော်ပြထားသော အကြောင်းအရာသည် Synnex Myanmar မှ ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါတယ် …

လေးစားစွာဖြင့်
Myanmar Pyi - Online Class

Address

Kamayut
11041

Website

Alerts

Be the first to know and let us send you an email when Major Razer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share