SK ဇာတ်လမ်းတွဲတွေကြည့်ကြမယ်

  • Home
  • Myanmar
  • Kamayut
  • SK ဇာတ်လမ်းတွဲတွေကြည့်ကြမယ်

SK ဇာတ်လမ်းတွဲတွေကြည့်ကြမယ် ဇာတ်လမ်းတွဲကောင်းကောင်းလေးတွေကြည့်ကြမယ်
(1)

ငါ လဲ သင်္ချာ ပုစ္ဆာတွေ တွက်နေရရင် ကို ပျော်နေတာ
28/01/2024

ငါ လဲ သင်္ချာ ပုစ္ဆာတွေ တွက်နေရရင် ကို ပျော်နေတာ

Park Shin Hye နဲ့ Park Hyung S*k တို့ရဲ့ come back ဒရာမာအသစ် လာပါပီ 😍😍Doctor Slump[2024]K-Drama MMSubEP 1 မြန်မာစာတန်းထိ...
28/01/2024

Park Shin Hye နဲ့ Park Hyung S*k တို့ရဲ့ come back ဒရာမာအသစ် လာပါပီ 😍😍

Doctor Slump[2024]
K-Drama MMSub

EP 1 မြန်မာစာတန်းထိုး
အပတ်စဥ် စနေ - တနင်္ဂနွေ
Telegram link 🍁👇🇰🇷👇🍁

https://t.me/Satkyar04moviechannel/12?single

ဇာတ်လမ်းအညွှန်း
*****************
The Heirs ထွက်ပြီး ၁၀ နှစ်အကြာမှာ main lead တွေအဖြစ်
အတူ ပြန်လည် လက်တွဲသရုပ်ဆောင်ဖို့ဖြစ်လာတဲ့ Park Shin Hye နဲ့ Park Hyung S*k တို့ရဲ့ ဒရမ်မာအသစ်လေး ထွက်ရှိလာပါပြီ။
Yeo Jeong-woo (Park Hyung-sik) ဟာဆိုရင် ဘယ်တော့မှ ပထမနေရာကို လက်လွတ်ဖူးခြင်း မရှိသူပါ။
တစ်နေ့ Jeong-woo ရဲ့ အခန်းထဲကို Nam Ha-neul (Park Shin-hye) ဆိုတဲ့ ကျောင်းသူလေး ကျောင်းပြောင်းလာပါတယ်။
Ha-neul ဟာဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုရလဒ်ရရှိဖို့အတွက်
၁၂၀ ရာခိုင်နှုန်း အားထုတ်တတ်တဲ့ စာကြမ်းပိုးမလေးပါ။
တစ်ကျောင်းတည်းမှာ အဆင့်တစ်နှစ်ယောက်ရှိလို့ မရတဲ့အတွက်
သူတို့နှစ်ယောက်က အချင်းချင်း မုန်းတီးပြီး အကြိတ်အနယ် ပြိုင်ဆိုင်တဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပေါ့။
အဲဒီလိုနဲ့ အထက်တန်းကျောင်းပြီးနောက် ကွဲကွာသွားပြီး ၁၄ နှစ်အကြာမှာ
Jeong-woo နဲ့ Ha-neul တို့ ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။


28/01/2024

ဖမ်းခံချင်တဲ့သူတွေ Join ထားကြနော်

Flex X Cop 🚨

ဖမ်းခံချင်နေကြပြီမလား🌚
ဒီဘဲနဂိုထဲက တောင့်ဖြောင့်နေတာ သိပေမယ့်
ခုက သောက်ရမ်းကိုချောနေတာဟေးးးး

Jan 26 ရက်နေ့ SBS ကထုတ်လွှင့်မယ့် Flex X Cop မှာ အရာရာပြည့်စုံနေတဲ့ အိမ်တော်က သူဌေးလေးဖြစ်ပေမယ့် ရာဇဝတ်မှုတွေကိုဖော်ထုတ်ဖို့ ရဲအရာရှိဖြစ်လာတဲ့ Jin Yi Soo အနေနဲ့တွေ့ရမှာဖြစ်ပါတယ်။

Park Ji-Hyun ကတော့အကြမ်းဖက်ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် Lee Gang-Hyun အနေနဲ့ပါ၀င်ထားပြီး

၂ယောက်သားဘယ်လိုတွေကြမ်းကြမလဲဆိုတာ Jan 26 ကြရင်ကြည့်လို့ရပါပြီ။

Telegram Channel Link -https🍁👇🇰🇷👇🍁

://t.me/destined_with_you_Channel01/290?single

25/01/2024

😁😁😁😁😁😁

အချိန်ခရီးသွားတွေကြီးကြည့်ရလို့ ငြီးလာရင် အက်ရှင်လေးပြောင်းကြည့်လို့ရမယ့်  ဦး ရဲ့အက်ရှင်ကားသစ်လေးဖြစ်တဲ့ 'A Shop for kil...
23/01/2024

အချိန်ခရီးသွားတွေကြီးကြည့်ရလို့ ငြီးလာရင် အက်ရှင်လေးပြောင်းကြည့်လို့ရမယ့်
ဦး ရဲ့အက်ရှင်ကားသစ်လေးဖြစ်တဲ့
'A Shop for killers' ဆိုတဲ့ဇာတ်ကားသစ်

ဂျောင်ဂျီအန်းဟာဆိုရင် မိဘတွေဆုံးပါးသွားပြီးတဲ့နောက် ဦးလေးဖြစ်သူနဲ့သာ အတူနေပြီး ကြီးပြင်းခဲ့ရပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ဦးလေးဖြစ်သူဟာလည်းပဲ ထူးဆန်းစွာနဲ့ သေဆုံးသွားခဲ့ပြီး ရှော့ပင်းမောကြီးတစ်ခုပဲ အမွေအနေနဲ့ ချန်ထားခဲ့ပါတယ်။
အဲဒီရှော့ပင်းမောကြီးဟာ ဦးလေးရဲ့ သေဆုံးမှုနောက်ကွယ်က တရားခံနဲ့ ပတ်သက်နေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ....
တပတ်၂ပိုင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာထုတ်လွှင့်မှာဖြစ်ပြီးအပိုင်း(၈)ပိုင်းပါ,ပါတယ် .

A Shop For Killers 2024 🍁🇰🇷🍁
( မြန်မာစာတန်းထိုး )

Channel link 🍁👇🍁
https://t.me/yaungnioomoviechannel14/39

အသက် (၈) နှစ်တောင်ကွာတဲ့Marry My Husband ဇာတ်လမ်းတွဲထဲက မန်နေဂျာယူဂျီဟျော့ နဲ့ ဂန်ဂျီဝန်း- မန်နေဂျာယူဂျီဟော့ (Na in-woo)...
18/01/2024

အသက် (၈) နှစ်တောင်ကွာတဲ့

Marry My Husband ဇာတ်လမ်းတွဲထဲက မန်နေဂျာ
ယူဂျီဟျော့ နဲ့ ဂန်ဂျီဝန်း

- မန်နေဂျာယူဂျီဟော့ (Na in-woo) ဟာ စတင်ဘာ(၁၇) ရက်နေ့မှာ အသက် (၃၀) ပြည့်မှာဖြစ်ပြီး

- ဂန်ဂျီဝန်း (Park min-young) ကတော့ မတ်လ(၄) ရက်နေ့မှာ အသက် (၃၈) နှစ်ပြည့်တော့မှာဖြစ်ပါတယ်

crd

12/01/2024

Knight Flower (2024)

Strong Woman ကာရိုက်တာတွေနဲ့ အရမ်းကိုမှ လိုက်ဖက်တဲ့ မမ Lee Ha Nee ရဲ့ နန်းတွင်းဇာတ်ကားလေး။

မြို့တော်ရဲ့အဆင့်အတန်း ဂုဏ်သရေအကြီးမားဆုံးအိမ်တော်ရဲ့ ချွေးမတစ်ယောက်ဖြစ်တဲ့ Cho Yeo Hwa ဟာ ခင်ပွန်းဖြစ်သူ ဆုံးပါးခဲ့တာ ၁၅ နှစ်ကျော်ရှိပြီဖြစ်တဲ့ မုဆိုးမတစ်ယောက်ဖြစ်ပြီး အိမ်ထဲကနေ အိမ်ပြင်ခြေတစ်လှမ်းတောင် မထွက်ဘဲ အေးဆေးတည်ငြိမ်သူအဖြစ် သတင်းကြီးသူဖြစ်ပါတယ်။

တည်ငြိမ်သူမုဆိုးမ Cho Yeo Hwa ရဲ့ လူတွေမသိတဲ့ နောက်ပုံစံတစ်မျိုးကတော့ Cho Yeo Hwaဟာ ညဘက်တွေမှာ အုတ်တံတိုင်းတွေ တစ်ခုပြီးတစ်ခုကို ခုန်ပျံကျော်လွှားပြီး ခက်ခဲသူတွေကို အကူအညီလိုက်ပေးနေတဲ့ လေးစားထိုက်တဲ့ အမျိုးသမီးဖိုက်တာတစ်ယောက်ဆိုတာပါပဲ။

နေ့တစ်မျိုး ညတစ်မျိုး ပုံစံနှစ်မျိုးနဲ့ နေထိုင်နေရာကနေ တစ်နေ့မှာတော့ ခန့်ညားတည်ကြည်ကာ အရည်အချင်းထူးချွန်တဲ့ ရုံးတော်အရာရှိ Soo Ho နဲ့ တွေ့ဆုံပြီး သဘောကျမိသွားပေမဲ့ သူတို့ရဲ့ အချစ်ရေးက အဆင်ပြေပြေဖြစ်နိုင်ပါ့မလား အရှုပ်အထွေးတွေကြားမှာ မိသားစု၊ လျှို့ဝှက်ချက်၊ အချစ်ရေးဘယ်လိုထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။

Telegram Link 🍁👇🇰🇷👇🍁

https://t.me/YaungNiOo02MmsbChannel/206

crd

“ ပြုစားခံရသောအချစ် "" ပြည့်တန်ဆာတစ္ဆေ "Wiyan Phaesaya (2024)Telegram Link 👇🍁👇https://t.me/nioochannel12/5?singleကျောက်လ...
10/01/2024

“ ပြုစားခံရသောအချစ် "
" ပြည့်တန်ဆာတစ္ဆေ "

Wiyan Phaesaya (2024)

Telegram Link 👇🍁👇

https://t.me/nioochannel12/5?single

ကျောက်လွန်နွမ်ဖာ အဖြစ်(Kik Danai
အိလွန် အဖြစ် Namtan Chalita
ဖောန့်ချမ် အဖြစ် Khem Lapatsarada
ယင်ခမ်း အဖြစ် Fai Weluree
ဖိုင်ခမ်း အဖြစ် Cherbelle Lallalin
ရွတ် အဖြစ် Atom Nathapob

ဆမ်စမ်ဖာမြို့တေယာ်ကိုအုပ်ချူပ်သည့် ကျောက်လွန်နွမ်ဖာမှာ ကြင်ယာတော် ခီယုရီ တစ်ပါးရှိပါသည်။တစ်နေ့သော် ကြင်ယာတော်
ခီယု‌ရီ ကိုယ်ဝန်ရှိ‌နေတုန်း မင်းကြီးထံအကဆက်သသည့် က‌ချေသည် အိလွန် သည် မင်းကြီးအားစွဲလန်းတပ်မက်လာအောင်
ဂါထာနဲ့ပြုစားခဲ့သည်။ မင်းကြီးလည်း ပြုစားမှုအောက်တွင်
ခေါင်းမဖော်နိုင်အောင်စွဲလန်းပြီ ကြင်ယာတော်ကိုယ်ဝန်ရှိတုန်း
လိင်ဆန္ဒကိုဖြည့်ဆည်းဖို့ အိလွန်ကိုကြင်ယာတော်တင်မြောက်ခဲ့သည်။ မယားကြီး ခီယုရီလဲမကျေမနပ်ဖြစ်က အိလွန်ကို
လိုက်လံကားဆီးဖို့ ကချေသည် ယင်ခမ်း ကို ငှားရမ်းခဲ့သည်။
သိုသော် ယင်ခမ်းလည်း မင်းကြီးနဲ့ရပြီနောက် မင်းကြီးကိုတပ်မက်ကာ မယားနေရာလုယူဖို့ကြိုးပမ်းခဲ့သည်။အဲကြောင့် ယင်ခမ်းလည်းပဲ မယားကြီး ခီယုရီရဲ့ ပြိုင်ဘက်ဖြစ်လာခဲ့သည်။
မယားကြီး ခီယုရီလည်းပဲ ယင်ခမ်းကို လုပ်ကြံသတ်ဖြတ်လိုက်ပြီ
ယမ်ခမ်းကို အိလွန်လုပ်ကြုံခဲ့သည်ဟု မင်းကြီးအထင်လွဲအောင်လုပ်ကာ မင်းကြီးလည်း အိလွန်ကို သေတဲ့အထိအပြစ်ဒဏ်ပေးခဲ့သည်။
ထိုအပြင် မယားကြီး ခီယုရီ အငြိုးပြင်းပြစွာဖြစ့် အိလွန်ရဲ့ဝိဉာဉ်ကို မှော်ဆရာကို ခိုင်းပြီ ပြုစားရာမှာသုံးတဲ့ ကချေသည်သရဲအဖြစ်ထိန်းချုပ်ခိုင်းလိုက်သည်။သရဲအစွမ်းမှာ ကျွေးမွေးပြုစုသူတိုင်းမှာ
သူလျှာနဲ့ယက်ပေးပြီ နုပျိူအောင်ဖန်းဆင်ပေးနိုင်စွမ်းရှိပါသည်။
မယားကြီး ခီယုရီလည်းမိမိပြုလုပ်ထားတဲ့ဝဋ်ကြွေးကို ကြောက်လန့်ပြီ သီလရှင်ဝတ်လိုက်ပါတယ်။ အိလွန်သရဲလည်း ပိုင်ရှင်ဆက်ဆက်
ရောင်းစားဆက်ခံရတော့သည်။ ဒီလိုနဲ့ပဲ အကုန်လုံးဆုံးပါးသွားပြီ
အနှစ်တရာခန့်ကျော်လာသော်
ခီုရီရချရတ်နိုင်ငံတော် ခေတ်ကိုရောက်လာခဲ့သည်။ အိလွန်သရဲလည်းပဲ ကချေသည်ပညာမှာ တွင်းကျယ်စွာရောင်းချလာကြသည်။
ရုပ်အဆင်းလှပတင့်တယ်သော် ကချေသည်မ‌လေးဖောန့်ချမ် သည် အိလွန်သရဲကို ခံယူကျွေးမွေးပြီ သူမရဲ့ရုပ်အဆင်းလှပတင့်တယ်အောင် လျှာနဲ့ယက်ခိုင်းပါတော့သည်။ဒီလိုနဲ့ သူမရဲ့လှပတင့်တယ်မှုအောက်မှာ မစ္စတာဟန်က စွဲလန်းသွားပြီလက်ထပ်ခဲ့သည်။အဲနောက်
ဖိင်ခမ်း သမီးလေးတစ်ယောက်ရခဲ့သည်။ ဖောန့်ချမ်သည်
သရဲကို ကြက်သွေး၊ကြက်ဥနဲ့အသားစိမ်းတို့ကို ကျွေးမွေးဆက်သပေးမှ သရဲကလိုရာဆန္ဒအတိုင်းဖြည့်ဆည်းပေးတယ်။သရဲရဲ့အစွမ်းက တစ်နေ့တစ်ခြားပြင်းပြလာပြီ မစ္စတာဟန် ရူပ်နေတဲ့အချိန်တွင် ‌ဖောန့်ချမ် ယျော်ကျားတကာနဲ့အိပ်ပြီ သရဲရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတယ်။အဲကြောင့် ဗုတွန် ကလေးတစ်ယောက်ဖွားမြင်ခဲ့သည်။ တစ်နေ့သော် အဲ‌ကလေးက မစ္စတာဟန်နဲ့ရတဲ့ကလေးမဟုတ်ဘူးလို့ သိလိုက်ရသော် မစွတာဟန်က အမြတ်ဒေါသနဲ့ ဖောန့်ချမ်ကို သတ်ပစ်ခဲ့သည်။ ဖောန့်ချမ်ရဲ့ဝိဉာဉ်လည်း အိလွန်သရဲနဲ့ချည်းနှောင်းထားခြင်းကိုခံခဲ့ရသည်။ မစ္စတာဟန် လည်းပဲ မယားငယ်ရပြီ သမီးဖြစ်သူ ဖိုင်ခမ်းသည် မိထွေးရဲ့နှိပ်စက်ခြင်းကိုခံခဲ့ရသည်။ သို့သော် မိခင်ရဲ့ဝိဉာဉ်လိုက်လံကားဆီးပေးခဲ့သည်။သမီးဖြစ်သူက အမေရဲ့ဝိဉာဉ်ကယ်တင်ရန်အလို့ငှား အိလွန်ရဲ့သရဲကို ဆက်ခံကျွေးမွေးလိုက်သည်။ အိလွန်သရဲလည်း အရင်ဘဝက သူမအပေါ်ပြုမူထားတဲ့သူတွေကို ပြန်ပြုစားဖို့ကြိုးမးပမ်းလာတယ်။ကြမ်းကြုတ်လှတဲ့ အိလွန်သရဲက မစ္စတာဟန်ရဲ့မယားငယ်သေသွားတဲ့ပြုစားခဲ့သည်။ ဒီလိုနဲ့ပဲ မစ္စတာဟန်ကကွယ်လွန်သွားတဲ့
မယားငယ်ကိုလွမ်းဆွတ်ကာ အိမ်မှာရှိတဲ့သရဲတစ္စေတွေမောင်းထုတ်ဖို့ မှော်ဆရာငှားရမ်းခဲ့သည်။ ဖိုင်ခမ်းလည်းပဲ အမေရဲ့ဝိဉာဉ်ပါ
ထိန်းချူပ်ခံရမှာစိုးလို့ အိမ်ကနေထွက်ပြေး‌ဖို့ကြံတော့သည်။
ထိုအခါ ဖိုင်ခမ်းကို ချစ်ကျွမ်းဝင်နေသော ရွတ်သည်
အဒေါ်ဟုန်းနမ်ရဲ့အိမ်ဆီ ဖိုင်ခမ်းကိုခေါ််ဆောင်ထွက်ပြေးသွားကြသည်။
ဖိုင်ခမ်း လည် မိခင်ဖြစ်သူရဲ့ဝိဉာဉ်ကို ဘယ်လိုကယ်တင်မလဲ
အငြိုးတွေပြည့်နှက်နေပြီ ကြမ်းကြုတ်လှတဲ့ အိလွန်သရဲရဲ့အဆုံးသတ်ကရော ဘယ်လိုဖြစ်လာမလဲ.......

#ပြုစားခံရသောအချစ်
#ပြည့်တန်ဆာတစ္ဆေ

ကြည့်ကောင်းပြီး  အားတိုင်းပျက်လေး ပြန်တင်ပေးထားတယ်နော် 'Gyeongseong Creature'🇰🇷🇰🇷🍁🍁Telegram link 👇🍁👇https://t.me/YaungNi...
10/01/2024

ကြည့်ကောင်းပြီး

အားတိုင်းပျက်လေး ပြန်တင်ပေးထားတယ်နော်

'Gyeongseong Creature'🇰🇷🇰🇷🍁🍁

Telegram link 👇🍁👇

https://t.me/YaungNiOoChannel20/332?single

Marry My Husband (2024)အားလုံးစောင့်မျှော်နေကြတဲ့ Park Min Youngနဲ့ ဂင်ချားနားလို့ သိကြတဲ့Lee Yi Kyung တို့ရဲ့ Marry My ...
09/01/2024

Marry My Husband (2024)

အားလုံးစောင့်မျှော်နေကြတဲ့ Park Min Youngနဲ့ ဂင်ချားနားလို့ သိကြတဲ့
Lee Yi Kyung တို့ရဲ့ Marry My Husband နာမည်ကြီး Webtoonကို ပြန်ရိုက်ထားတာဖြစ်ပြီး

ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာနဲ့ အသက်လုနေရတဲ့ သေခါနီးအမျိုးသမီးတစ်ယောက်ဟာ တစ်ရက်မှာတော့ သူငယ်ချင်းအရင်းကြီးနဲ့ သူ့အမျိုးသားတို့ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိသွားခဲ့ပါတယ်။ ပိုဆိုးတာကတော့ အမျိုးသားဖြစ်သူက သူသေသွားရင် ကျန်ခဲ့မယ့် သူ့ရဲ့ အာမခံငွေတွေကို အပိုင်သိမ်းဖို့ ကြိုတင်ကြံစည်ထားတာကိုပါ သိလိုက်ရပြီး အမျိုးသားဆီကပါ အသတ်ခံလိုက်ရပါတယ်။

ဒါပေမယ့် ပြန်နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ time slip ဖြစ်ပြီး လွန်ခဲ့တဲ့ 10နှစ်ကို ပြန်ရောက်နေခဲ့ပါတယ်။ သူနဲ့သူ့အမျိုးသားတို့ ရည်းစားဖြစ်နေတဲ့ ကာလကို ပြန်ရောက်သွားပြီး ဖောက်ပြန်တဲ့သူ့အမျိုးသားနဲ့ သူငယ်ချင်းဖြစ်သူကို ဘယ်လိုပုံစံနဲ့ လက်စားချေသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်နော်……

ကြည့်ရန် 👇🇰🇷👇🍁🍁

Telegram link 🍁🇰🇷🍁👇

https://t.me/yaungniChannel20/202

My Happy Ending (2023)ဆောဂျယ်ဝန်းဟာ Social media influencer ဖြစ်ပြီး ပရိဘောဂ company တစ်ခုရဲ့ Ceo လည်းဖြစ်ပါတယ်၊သူ့ယောက်...
09/01/2024

My Happy Ending (2023)

ဆောဂျယ်ဝန်းဟာ Social media influencer ဖြစ်ပြီး ပရိဘောဂ company တစ်ခုရဲ့ Ceo လည်းဖြစ်ပါတယ်၊
သူ့ယောက်ျားဖြစ်သူ ဟောဆွန်းယောင်း ဟာလည်း ပါမောက္ခတစ်ဦးဖြစ်ပြီး မိသားစုအပေါ် အတော် ဂရုစိုက်တဲ့ယောက်ျားတစ်ယောက်ဖြစ်ပါတယ်။ အပေါ်ယံ ကြည့်လိုက်ရင်တော့ ဒီလိုဘဝမျိုးဆိုတာ မိန်းကလေးတိုင်း လိုချင်တဲ့ဘဝမျိုးပါ။ ဂွမ်ယွန်ဂျင်းနဲ့ဆောဂျယ်ဝန်းတိုဟာ တက္ကသိုလ်တူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေဖြစ်ပြီး ဂွမ်ယွန်ဂျင်းဟာ ဆောဂျယ်ဝန်းရဲ့ ယောက်ျားဖြစ်သူကလည်းမိသားစုအပေါ်ဂရုစိုက်၊ Company တစ်ခုရဲ့ CEO လည်းဖြစ်တဲ့ ပြီးပြည့်စုံတဲ့ ဘဝ ကိုမနာလိုဖြစ်လာခဲ့ပါတော့တယ်။ နောက်ပြီး ဆောဂျယ်ဝန်းတစ်ယောက် သူယုံကြည်ရတဲ့ လူတွေကပါ သစ္စာဖောက်ခံရတဲ့ အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲ ဆိုတာကိုရိုက်ကူးပုံဖော်ထားတဲ့ စိတ်ဝင်စား ဖိုကောင်းမယ့် ကားလေးမို အမြန်တင်ပေးလိုက်ပါတယ်

ကြည့်ရန် 👇👇 Telegram link

https://t.me/YaungNi02MmsbChannel02/321


"ကချေသည်အမုန်း " Crown Of Blood (2023)ဖွန်အဖြစ် - Akhamsiri Suwanasukဖလွိုင်အဖြစ် - Nuengthida Sophonထန်အဖြစ် - Wongsako...
08/01/2024

"ကချေသည်အမုန်း "

Crown Of Blood (2023)

ဖွန်အဖြစ် - Akhamsiri Suwanasuk
ဖလွိုင်အဖြစ် - Nuengthida Sophon
ထန်အဖြစ် - Wongsakorn Poramathakorn
ဂျလန်အဖြစ် - Songsit Roongnophakunsri

ကြည့်ရန် 👇🍁👇
Telegram link 👇👇👇

https://t.me/yaungnioomoviechannel13

ဇာတ်လမ်းအကျဥ်း

ဂျလန်ဦးဆောင်တဲ့ ဆွတ်ဖနမိသားစုဟာ ကျွမ်းကျင်တဲ့ အကဓလေ့ကို သက်တမ်းကြာမြင့်စွာ အမွေဆက်ခံခဲ့တဲ့ မိသားစုဟောင်းဖြစ်ပြီးတော့ အဖိုးတန် ရိုးရာတူရိယာတစ်မျိုးဖြစ်တဲ့ ချဒါနာကိုလည်း အမွေဆက်ခံခဲ့တယ်။ အဲဒါကတော့ အိမ်ရဲ့နောက်ဆက်ခံသူရဲ့သင်္ကေတလို့လည်းပြောလို့ရပါတယ်။ ဂျလန်မှာ သမီးသုံးယောက်ရှိပြီး သမီးသုံးယောက်လုံးကလည်း မိခင်ချင်းမတူကြပါဘူး။ သူများအပြင်မှာတော့ အေးချမ်းသာယာပြီး အထင်ကြီးစရာကောင်းတယ်ဆိုပေမယ့် အမှန်တော့ နေ့စဉ်နဲ့အမျှ ရှုပ်ယှက်ခတ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျလန်ရဲ့ဇနီးသုံးယောက်ဟာ သူတို့သမီးကို အမွေဆက်ခံရန် ပြိုင်ဆိုင်ကြလို့ပါ။ ဒါပေမယ့် ဂျလန်ဟာ သူ့နေရာကို ဆက်ခံဖို့ အရည်အချင်းပြည့်မီသော အကြီးဆုံးသမီးလေးဖြစ်တဲ့ ဖွန်ကို ရွေးချယ်ခဲ့ပါတယ်။

သူများအမြင်မှာတော့ အကြီးမလေးက အကုန်ပြီးပြည့်စုံတယ်ထင်ရပေမယ့် သူ့အားနည်းချက်တစ်ခုက တစ်အိမ်ထဲမှာနေတဲ့ ထန်နဲ့လျှို့ဝှက်ဆက်ဆံရေးရှိလို့ပါ။ သူတို့ဆက်ဆံရေးကြားမှာ အဆက်အခဲပေါင်းများစွာရှိခဲ့ပြီး နောက်ဆုံးမှာ အတူထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ်။ အဲ့နေ့မှာပဲ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပွါးခဲ့ပါတယ်။ အဲဒါနဲ့ထန်ဟာ ဖွန်ကိုထားသွားခဲ့ပြီးပျောက်ကွယ်သွားတယ် ဒါမှမဟုတ် သေဆုံးသွားပြီလို့ ဖွန်ကအထင်လွဲသွားခဲ့ပြီး အမေပေးစားတဲ့လူနဲ့စေ့စပ်သွားခဲ့ပါတယ်။

၂နှစ်ကြာပြီးတဲ့နောက်မှာတော့ ထန်ဟာ ချဒါနာ စံအိမ်ရဲ့ ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ အဓိကရှယ်ယာရှင်တစ်ဦးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲ့အချိန်မှာတော့ လူတိုင်း အံ့အားပြီး လန့်သွားကြပါတယ်။ ထန်ပြန်လာပြီး ခဏမှာပဲ ဖွန်ရဲ့အမေဖြစ်သူ ထူးဆန်းစွာ သေဆုံးသွားခဲ့ပြီး ထန်ကို လူသတ်သမားလို့ သံသယဝင်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထန်ဟာ ဖွန်ရဲ့မိခင်ဖြစ်သူအလောင်းကို ပထမဆုံးရှာတွေ့တဲ့လူဖြစ်တဲ့အပြင် သူတို့ချစ်ခြင်းကို တားဆီးဖူးတဲ့အတွက်ကြောင့် မကျေနပ်တဲ့အကြောင်းပြချက်ခိုင်လုံနေလို့ပါ။ ဒါပေမယ့် အဲဒီသေဆုံးမှုက အစပဲရှိပါသေးတယ်။

သိပ်မကြာခင်မှာပဲ ဖွန်ဟာ ကားတိုက်မှုနဲ့ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီတခါတော့ သူမရဲ့သေဆုံးမှုဟာ လူတိုင်းပြောကြတဲ့ကျိန်စာပဲဆိုပြီး အလတ်မဖြစ်တဲ့ဖလွိုင်ဟာ ယုံကြည်သွားခဲ့ပါတယ်။ ဖလွိုင်ဟာ သေဆုံးသွားတဲ့ဖွန်ရဲ့ဝိဉာည်ကိုမြင်ရပြီး ဖွန်ရဲ့သေဆုံးမှုအကြောင်းကို ဖွန်က ဖလွိုင်ကိုစုံစမ်းခိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။ စုံစမ်းနေချိန်မှာပဲ ထန်ဟာလူသတ်သမားမဟုတ်သလို ထန်ရောဖွန်ရဲ့သေဆုံးမှုကို လိုက်စုံစမ်းနေတယ်ဆိုတာ ဖလွိုင်သိလိုက်ရပါတယ်။ လူသတ်သမားဘယ်သူလဲဆိုတာ သူတို့ ပိုစုံစမ်းပြီး အမှန်တရားနဲ့ နီးကပ်လေလေ အန္တရာယ်နဲ့ ရင်ဆိုင်ရလေလေပါပဲ။ ဖလွိုင်စုံစမ်းရင်းနဲ့ အိမ်တွင်းလျှို့ဝှက်ထားသောလျှို့ဝှက်ချက်တွေက ဖလွိုင်မထင်မှတ်ထားတဲ့ပုံစံတွေနဲ့အတူ ရှာဖွေတွေ့ရှိလိုက်ပါတယ်။ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူအားလုံးဟာ ယခင်က သူမမသိခဲ့တဲ့ အမှောင်ဘက်တွေ ရှိနေတာကို သူမကို နားလည်စေတယ်။ ပြီးတော့ တကယ့်လူသတ်သမားက ထင်ထားတာထက် သူတို့ပတ်ဝန်းကျင်အနီးမှာရှိတဲ့လူတွေပဲဖြစ်မလားဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။
#ကချေသည်အမုန်း

08/02/2022

ta,Chi,tsu,ta,to
た,ち,つ,て,と

27/12/2021
27/12/2021
27/12/2021

ဂျပန်စာ
ပညာဒါန အတန်းလေးသစ်လုပ်ပေးဖို့ ရှိပါတယ်
သင်တန်းကြေး 90%Free
အခြေခံ တလုံးမှ မသိသေးသူများ အတွက်သာ ❤️
နာမည်စားရင်းပေထားသူများလဲ မှတ်ထားပါတယ်🤎
ကျန်းမာရေးဂရုစိုက်ကြပါ 🤎
၁လပိုင်းလောက်စဖြစ်ပါမယ်နော်

28/09/2021
05/09/2021
ကျွန်‌တော်သည် Mytel ဆင်းကဒ် မသုံးပါအခုတော့ မသုံးရုံနဲ့ မလုံလောက်ပါသဖြင့်Boycott တစ်ဆင့် ထပ်မြှင့်ပါမယ်ကျွန်တော့် ဆီဝင်တဲ...
30/07/2021

ကျွန်‌တော်သည် Mytel ဆင်းကဒ် မသုံးပါ

အခုတော့ မသုံးရုံနဲ့ မလုံလောက်ပါသဖြင့်

Boycott တစ်ဆင့် ထပ်မြှင့်ပါမယ်

ကျွန်တော့် ဆီဝင်တဲ့ Mytel ဖုန်းနံပါတ် 096... နှင့် စသော

မည်သည့်ဖုန်းကိုမှ ကိုင်မည် မဟုတ်ပါ။

ဘယ်လောက် ရင်းနှီးသူဖြစ်ဖြစ် Mytel ဖြင့်ဆက်ပါက

ဖုန်းကိုင်တော့မည် မဟုတ်ပါ။ block mr pr

မသိသေးသောသူများ Mytel ဖြင့် ဖုန်းတစ်ကြိမ်ခေါ်လို့ မကိုင်လျှင်

ချက်ချင်းအသိစိတ်ဝင်ပါ ဒုတိယ call ထပ်မံခေါ်လျှင်

ယင်းနံပါတ်အား blacklist လုပ်ပစ်ပါမည်။

Mytel ကြော်ငြာကပ်ထားသော မည်သည့်ဆိုင်မျှ

ဈေးမဝယ်တော့ပါကြောင်း အသိပေးပါသည်။

Delivery Service သမားများလဲ MyTel နဲ့ခေါ်ရင်

ပစ္စည်းလုံးဝထွက်မယူပါဘူး ..

ငွေလွဲရမယ်ကိစ္စတွေဆိုလဲ MyTel ဖုန်းထဲဆို ငွေမလွဲပေးပါဘူးနော်

ပြည်သူကို ပစ်တဲ့ သေနတ်ထဲ ကျည်ထည့် မပေးနိုင်ပါ။



photo

....ကင်မ်...အမေ အဆင်ပြေမှအမေရှိရာ တိုင်းပြည် သား လာခဲ့ရင် !တမျိုးတမြည် အပြောခံရနိုင်ပါတယ်အမေ ဘာလုပ်လုပ် အပြစ်မြင်တတ်တဲ့ ...
22/07/2021

....ကင်မ်...

အမေ အဆင်ပြေမှ
အမေရှိရာ တိုင်းပြည် သား လာခဲ့ရင် !
တမျိုးတမြည် အပြောခံရနိုင်ပါတယ်

အမေ ဘာလုပ်လုပ်
အပြစ်မြင်တတ်တဲ့ လူတစ်စု က
ပိုပြီးလည်း အပြစ်မြင်မှာ စိုးတယ်

ဒါကြောင့်လည်း
သားရှိတဲ့တိုင်းပြည် ရောက်လာမှ
အမေရှိရာ ဟိုတယ်ကို သားနဲ့
အမေ့မြေးလေးတွေ လာတွေ့ပါတယ်
ကိုယ်ပိုင်ကားကြီး နဲ့ မဟုတ်ဘူး
ဘတ်စ်ကား စီးလာတာပါ အမေရယ်

ထင်ပေါ်ကျော်ကြားမဲ့
အင်တာဗျူးမျိုးတွေဆို
သားရှောင်ပါတယ် အမေ

သား စကားမှားရင် !!
အမေ့ ပုံရိပ် ထိခိုက်မှာ စိုးလို့ပါ
လူလိမ္မာသားဆိုတာ ယဉ်ပါးရမယ်
မဟုတ်လား အမေရယ်

၁၂ နှစ်သား ကတည်းက
အမေက ဂရုမစိုက်နိုင်ခဲ့တော့
သားပညာရေးလည်း သိပ်မကောင်းခဲ့လို့
ကုမ္ပဏီကြီးတွေလဲ သား မပိုင်ပါဘူးအမေ

သားအလုပ် က လက်လှုပ် မှ
ပါးစပ်လှုပ် ရတဲ့ လက်သမားပါ အမေ
ဟောဒီ လက်နှစ်ဖက်နဲ့
အမေ့မြေးတွေကို လုပ်ကျွေးခဲ့တာပေါ့

စိတ်မာသူ အမေကလေ

ဟိုအဝေးက
ဆင်းရဲတဲ့ တိုင်းပြည်လေးအတွက်
သားတို့ နဲ့ ခွဲနေရဦးမယ်ဆိုတော့
၁၂ နှစ်သားလေးမှာ ဘယ်ခံစားနိုင်မှာလဲ
ဘဝရဲ့အပျံသင်စ ဆယ်ကျော်သက်အရွယ်ထဲက
ရုန်းကန်ရတာ ကြမ်းတမ်းခဲ့ပါတယ် အမေရယ်

ဒါပေမဲ့လည်း
ဟိုအဝေး ဆင်းရဲတဲ့ တိုင်းပြည်လေးမှာက ...

သားနဲ့ အမေ့လိုပဲ ကွဲကွာရတဲ့
မိသားစုတွေ ရှိနေတယ် .....
သေကွဲစတေးရတဲ့
မိသားစုတွေ ရှိခဲ့တယ် ......
စစ်ပွဲတွေ ဆင်းရဲမွဲတေမှု့တွေ ရှိတယ်
ဖိနိုပ်ချုပ်ချယ်မှူတွေ ရှိတယ် .....

ဒီအနိဌာရုံတွေ ရပ်ဖို့
အမေ တိုက်ပွဲဝင်နေရမှန်းသိတော့
ကင်မ် ဆိုတဲ့ !
လူငယ်တစ်ယောက်ရဲ့နှလုံးသားကိုလည်း
အမေ့တိုင်းပြည်အတွက် စတေးခဲ့ရတာပေါ့

အမေ့တိုင်းပြည် ကောင်းစားမယ်ဆို
သားတို့ မျိုးရိုး ရဲ့ကျိန်စာသင့်သမျှ
ကျေနပ်ပါတယ် အမေရယ်

သားအချစ် မြေးအနှစ်တဲ့ အမေ
သားကို ပစ်ထားခဲ့ပေမယ့်
အမေ့ရဲ့ မြေးလေးတွေကိုတော့
စကားတွေ ပြောပါဦး
ပွေ့ပါ ချီပါ ဖက်ပေးပါဦးအမေ

အမေ နဲ့ အဖိုးအကြောင်း
အိပ်ရာဝင် ပုံပြင်တွေ သားပြောပြခဲ့လို့
သူတို့သိနေကြတယ် အမေ

အမေ လန်ဒန်ရောက်တာလည်း သိကြတော့
ဟောဒီ က အမေ့မြေးလေးတွေလည်း
တွေ့ချင်ကြရှာတယ်လေ

သား မရခဲ့တဲ့
အမေ့ဆီက မေတ္တာတွေကို
သူတို့လေးတွေကို ရစေချင်တာပါ အမေရယ် ............

စုမောင်မောင်ထံမှကူးယူဖော်ပြပါသည် ။

20/07/2021

လိုအပ်သူများမှာယူနိုင်ပြီငွေကြိုရှင်းရန်မလိုပါ
အရည်အတွက်နဲနဲပဲကျန်ပါတယ်နော်

ငါမလိုသေးဘူးဆိုပြီး မဖတ်ဘဲ မကျော်သွားပါနဲ့...သတိထားနိူင်အောင်လို့ပါပိုက်ကို နှာခေါင်းမှာတပ်ပီးမှ အောက်စီဂျင်ဗူးကိုဖွင့်ထ...
17/07/2021

ငါမလိုသေးဘူးဆိုပြီး မဖတ်ဘဲ မကျော်သွားပါနဲ့...

သတိထားနိူင်အောင်လို့ပါ

ပိုက်ကို နှာခေါင်းမှာတပ်ပီးမှ အောက်စီဂျင်ဗူးကိုဖွင့်ထုတ်တာ နံဘေးကဘု(levelတင်တဲ့ခလုတ်)ကို လှည့်တာမျိုးမလုပ်ပါနဲ့ လေတွေဆောင့်ထွက်ရင် နှာခေါင်းမှာရှိတဲ့လေပြွန်ကွဲတတ်ပါတယ်
🛑ပထမ
အောက်စီဂျင်ကိုဖွင့်ပါ
🛑ဒုတိယ
နံဘေးကဘုကို ကိုယ်ပေးချင်တဲ့နေရာရောက်အောင်ဖြည်းဖြည်းချင်းလှည့်ပါ
🛑တတိယ
နှာခေါင်းအဝထဲထည့်မဲ့ပိုက်ပြွန်နှစ်ခုကနေ ထွက်လာတဲ့လေကို ကိုယ့်လက်ဖမိုးနဲ့ခံကြည့်ပါ လေထွက်ကြမ်းလွန်းရင်‌လျှော့ချပါ
🛑စတုတ်ထ
ပီးမှနှာခေါင်းမှာတပ်ပီးရှူပါ
ပီးရင်ရေဗူးထဲကရေမဆူတော့ရင်(အရှိန်လျော့လာရင်)ကိုယ်တင်ထားတဲ့ Level (အရစ်)မှာခုန်နေတဲ့ အသီးသေးသေးလေး အောက်ကိုကျသွားရင်
နှာခေါင်းပိုက်ကိုဖြုတ်ပီး လိုသလောက်ပြန်တင်ပါ
တော်တော်များများသေနေကြတာ ဒါတွေအမှားလုပ်မိလို့လဲပါပါတယ် ဂရုစိုက်ကြပါခင်ဗျာ

ပုံကနားလည်လွယ်အောင်လုပ်ပေးထားတာပါ

၃လွှာmask အနည်းဆုံးစျေးနဲ့ ပြန်မျှဝေပေးမယ် #တစ်ဦး_၃ဗူးအများဆုံးသာရမည် #ဤညမှမနက်ဖြန်၁၅_၇_၂၀၂၁ရက်ညနေ၆နာရီအထိသာ (097997840...
14/07/2021

၃လွှာmask အနည်းဆုံးစျေးနဲ့ ပြန်မျှဝေပေးမယ်
#တစ်ဦး_၃ဗူးအများဆုံးသာရမည်
#ဤညမှမနက်ဖြန်၁၅_၇_၂၀၂၁ရက်ညနေ၆နာရီအထိသာ
(09799784028)📞☎☎
#မနက်ဖြန်အတွက်အလှူလုပ်တဲ့သဘောပါ

10/07/2021

おやすみなさい

お休みなさい

08/07/2021

UMFCCI Training Institute မှ (Online) သင်တန်းများအတွက် လျှောက်လွှာလက်ခံနေပါပြီ
-------------------------------------------------------------------------
UMFCCI Training Institute တွင် အောက်ပါ Online သင်တန်းများကို ဇူလိုင်လ ၃၁ ရက်(စနေနေ့) တွင် စတင်ဖွင့်လှစ်မည် ဖြစ်ရာ လျှောက်လွှာများကို Online Application ဖြင့် စတင်လက်ခံနေပါပြီ-

(Edited. သင်တန်းဖွင့်ရက်အား ၄.၉.၂၀၂၁ ရက်နေ့ သို့ ပြောင်းရွှေ့ထားပါသည်)

1. Logistics and Supply Chain Management Course (Basic) (Batch-26)
သင်တန်းချိန် - 8:00AM-10:00AM (Sat, Sun)
သင်တန်းကြေး- 50000 ကျပ်
သင်တန်းဝင်ခွင့်သတ်မှတ်ချက်- တက္ကသိုလ်မှဘွဲ့တခုခုရရှိပြီးသူ

2. Innovation and Entrepreneurship Course (Batch-1)
သင်တန်းချိန် - 8:00AM-10:00AM (Sat, Sun)
သင်တန်းကြေး- 65000 ကျပ်
သင်တန်းဝင်ခွင့်သတ်မှတ်ချက်- တက္ကသိုလ်မှဘွဲ့တခုခု ရရှိပြီး
ကိုယ်ပိုင်လုပ်ငန်း (သို့မဟုတ်) Supervisor/မန်နေဂျာအဆင့်ရှိသူ

3. Business English Course (Batch-29)
သင်တန်းချိန် - 8:00AM-10:00AM (Sat, Sun)
သင်တန်းကြေး- 50000 ကျပ်
သင်တန်းဝင်ခွင့်သတ်မှတ်ချက်-တက္ကသိုလ်မှဘွဲ့တခုခုရရှိပြီးသူ

4. Business Management Course (Batch-11)
သင်တန်းချိန် - 10:30AM-12:30PM (Sat, Sun)
သင်တန်းကြေး- 50000 ကျပ်
သင်တန်းဝင်ခွင့်သတ်မှတ်ချက်- တက္ကသိုလ်မှဘွဲ့တခုခုရရှိပြီးသူ

5. Financial Management Course (Batch-25)
သင်တန်းချိန် - 10:30AM-12:30PM (Sat, Sun)
သင်တန်းကြေး- 50000 ကျပ်
သင်တန်းဝင်ခွင့်သတ်မှတ်ချက်- တက္ကသိုလ်မှဘွဲ့တခုခုရရှိပြီးသူ

6. General Management Course (Batch-4)
သင်တန်းချိန် - 1:00PM-3:00PM (Sat, Sun)
သင်တန်းကြေး- 50000 ကျပ်
သင်တန်းဝင်ခွင့်သတ်မှတ်ချက်- ဘွဲ့ရ (သို့မဟုတ်)
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ

7. Human Resource Management Course (Batch-25)
သင်တန်းချိန် - 1:00PM-3:00PM (Sat, Sun)
သင်တန်းကြေး- 50000 ကျပ်
သင်တန်းဝင်ခွင့်သတ်မှတ်ချက်- တက္ကသိုလ်မှဘွဲ့တခုခုရရှိပြီးသူ

8. International Trade Course (Batch-29)
သင်တန်းချိန် - 1:00PM-3:00PM (Sat, Sun)
သင်တန်းကြေး- 50000 ကျပ်
သင်တန်းဝင်ခွင့်သတ်မှတ်ချက်- တက္ကသိုလ်မှဘွဲ့တခုခုရရှိပြီးသူ

9. Business Consulting Service Provider Course (Batch-10)
သင်တန်းချိန် - 1:00PM-3:00PM (Sat, Sun)
သင်တန်းကြေး- 65000 ကျပ်
သင်တန်းဝင်ခွင့်သတ်မှတ်ချက်- တက္ကသိုလ်မှဘွဲ့တခုခု ရရှိပြီး Supervisor/မန်နေဂျာအဆင့်ရှိသူ

သင်တန်းများကို စနေ၊ တနင်္ဂနွေနေ့များတွင် တက်ရောက်ရမည် ဖြစ်ပြီး သင်တန်းကာလ ၃ လ ဖြစ်ပါသည်။

Online ဖြင့် သင်ကြားမည့် နည်းစနစ်
--------------------------------------
📌Zoom App မှ တဆင့် သက်ဆိုင်ရာ ဆရာ/ဆရာမများမှ တိုက်ရိုက် Live Stream သင်ကြားပေးမည် ဖြစ်ပါသည်။
📌ဆွေးနွေးမေးမြန်းလိုသည်များကို အတန်းထဲတွင် သင်ကြားသကဲ့သို့ တိုက်ရိုက်ဆွေးနွေး မေးမြန်းနိုင်မည် ဖြစ်ပါသည်။
📌Group အလိုက် Virtual class room များဖြင့် သင်းတန်းသားများ အချင်းချင်း ဆွေးနွေးမေးမြန်းခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
📌Homework နှင့် Assignment များရေးသားခြင်း၊ သင်ကြားတတ်မြောက်မှု ဆိုင်ရာ Assessment များကို Online မှ တဆင့် ဆောင်ရွက်နိုင်အောင် စီစဉ်ပေးထားမည် ဖြစ်ပါသည်။

🌸သင်တန်းပြီးမြောက်အောင်မြင်ပါက Certificate ပေးအပ်ချီးမြှင့်မည် ဖြစ်ပါသည် 🌸

သင်တန်းတက် ရောက်လိုပါက....

အောက်ပါ Online application link တွင် ဖြည့်စွက်ပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။
https://forms.gle/ULGn614BpcusnHUH8

လျှောက်လွှာများအား စိစစ်ပြီး သင်တန်းတက်ရောက်ခွင့် ရရှိသူများအား KBZ Pay, UAB Pay နှင့် OK Dollars တို့မှ သင်တန်ကြေးပေးသွင်းရန် အကြောင်းပြန်ကြား သွားမည် ဖြစ်ပါသည်။

(UMFCCI ၏ အသင်းဝင်ကုမ္ပဏီများနှင့် ညီနောင်အသင်းများမှ သင်တန်းအပ်နှံပါက သင်တန်းသား (၅)ဦးအပ်နှံလျှင် (၁)ဦးမှာ သင်တန်းကြေး အခမဲ့ဖြင့် တက်ရောက်ခွင့်ရရှိမည် ဖြစ်ပါသည်)
-------------------------------------------------------------
သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
HRD ဌာန
ဖုန်း 01-2317479၊ 2302485 နှင့်
Email: [email protected] သို့ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

08/07/2021

ရန်ကုန်မြို့တွင်အောက်စီဂျင်အိုးရနိုင်သောနေရာများ

📌ဘုရားလမ်း လူမှုကူညီ​ရေးအသင်း
ပန်းပဲတန်းမြို့နယ်
09786012786

📌ပေးဆပ်ခြင်း ပရဟိတအသင်း
ပုဇွန်​တောင်မြို့နယ်
09421139525
09263876640
09263876644

​📌စေတနာ လူမှုကူညီ​ရေးအသင်း
အမှတ်(၃/၄)ရပ်ကွက်၊ ပုဇွန်​တောင်မြို့နယ်
09254839779
09253381448
092500800100
09440470636
09793622114
095184798

📌ငြိမ်းချမ်းခြင်းလက်များ ပရဟိတအသင်း
အ​နော်မာရပ်ကွက်၊ သာ​ကေတမြို့နယ်
09421004119
095077446
09420259094

📌နွယ်​အေး ဗလီ
​ဒေါပုံမြို့နယ်
09976544981
09250011562
095500787

📌ဖို့​မြေရပ်ကွက် လူမှုကူညီ​ရေးအသင်း
အမှတ်(၉၈/၁၀၀)၊ ၁၀၁လမ်း၊ မင်္ဂလာ​တောင်ညွန့်မြို့နယ်
01290782
095047868
0940044545
09443219152

📌သ​ပြေကုန်းရပ်ကွက် လူမှုကူညီ​ရေးအသင်း
အမှတ်(၃၅ ဘီ) ၁၂၅လမ်း၊ မင်္ဂလာ​တောင်ညွန့်မြို့နယ်
09424777120
09424777150
09424777160
09424777180

📌 မင်္ဂလာ​အောက်စီဂျင်​လေအလှူ​တော်
ဆရာစံ​တောင်ရပ်ကွက်၊ မင်းလမ်းမှတ်တိုင်အနီး၊ ဗဟန်းမြို့နယ်
095177186 095050668

📌ချမ်း​မြေ့ဆည်းဆာ လူမှုကူညီ​ရေးအသင်း
မရမ်းကုန်းမြို့နယ်
09254191610
09761965504

📌 ရတနာအောင်လူမှုကူညီကယ်ဆယ်ရေးအသင်း
(၁)ရပ်ကွက်၊ အောင်ချမ်းသာ(၄)လမ်း၊ ကမာရွတ်မြို့နယ်
09448006765
09403077227
09880996991

📌လှည်းတန်း လူမှုကူညီ​ရေးအသင်း
ကမာရွတ်မြို့နယ်
09403789779
09788526300

📌 အ​မေ -​အောက်ဆီဂျင် ကုသိုလ်ဖြစ်
အမှတ် ၂၁၊ မင်္ဂလာလမ်း၊ ၈ရပ်ကွက်၊ ကမာရွတ်မြို့နယ်
095122487

📌 လှိုင်မြို့နယ်(၃)ရပ်ကွက်(၁၀)ဓမ္မာရုံ

📌 မယ်ဇလီ ပရဟိအသင်း
အမှတ်(၈)ရပ်ကွက်၊ ဦးချိူလမ်း၊ လှိုင်မြို့နယ်

📌 ပရဟိတအသင်း - အမည်မသိ
ဘူတာရုံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်
09443193099

​📌ရောင်စဉ်မဲ့ လူမှုကူညီ​ရေးအသင်း
ကြည့်မြင်တိုင်မြို့နယ်
09259967778
09799639331

📌 ပရဟိတနှလုံးသား လူမှုကူညီ​ရေးအသင်း
ကြည့်မြင်တိုင်မြို့နယ်

📌မွန်မြတ်သန့်ရှင်း ပရဟိတအသင်း
၄၀ ဈေးအနီး၊ ၃၅ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ မြောက်ဒဂုံမြို့နယ်

📌 စက္ကဝတ်ထိပ်ကဓမ္မာရုံ၊ မြောက်ဥက္ကလာပမြို့နယ်

📌မင်္ဂလာဒုံ နာ​ရေးကူညီမှုအသင်း
ကျိုက္က​လော့ဘုရား၊ ဝတ္တကနယ်​မြေ၊ မင်္ဂလာဒုံမြို့နယ်
09899964587
09899964588

📌 ရွှေသွေးအိမ်လုပ်ငန်းစု - အရောင်း
မြို့သစ်ဈေးရှေ့၊ အင်းစိန်မြို့နယ်
095080178

📌Joy House - အ​ရောင်း
ဘုရင်းနောင် လမ်းမကြီး၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်
09444555946

📌 Unity Oxygen - အ​ရောင်း
အမှတ် ၂၈၆၊ စက်မှုလမ်းသွယ် (၆)လမ်း၊ ဇုံ (၁)၊​ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။

01/07/2021

ဂျပန်စာတွေလေ့လာကြမယ်

28/06/2021

Goodmorning....
အန္တရာယ်ခက်သိမ်းကင်းငြိမ်းပြီး
ပျော်ရွှင်စရာနေ့သစ်လေးဖြစ်ကြပါစေ

27/06/2021

Video တွေကြည့်ရတာအဆင်မပြေရင် ပြောပေးပါအုန်း

Address

Yangon
Kamayut
****

Website

Alerts

Be the first to know and let us send you an email when SK ဇာတ်လမ်းတွဲတွေကြည့်ကြမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category