Icity journal

Icity journal Myanmar Media

10/04/2024

ပြည်တွင်းဒေသအချို့၌ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

မိုးဇလက၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ
ယနေ့ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာကာကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု ခန့်မှန်း ဖော်ပြထားသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်ဟု ဆိုထားသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်‌‌ေကြာင်း မိုးဇလက သတင်းထုတ်ပြန်သည်။

09/04/2024

မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ တစ်ဖက်သတ် ဖိအားပေးမှုသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူဖြစ်စေမည်မဟုတ်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၈-၄-၂၀၂၄ ‌ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့ ၌ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံကတင်သွင်းသည့် “မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေ”ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို ဧပြီလ ၄ ရက်တွင် သက်ဆိုင်ရာ မြန်မာနိုင်ငံ မပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့ကာ အဆိုပါ ဆုံးဖြတ်ချက်အဆိုတွင် မြန်မာနိုင်ငံ၏ လူ့အခွင့် အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ တစ်ဖက်သတ်စွပ်စွဲဖော်ပြချက်များ ပါဝင်သည်ကို တွေ့ရှိရဟု ထုတ်ပြန်ချက်က ဆိုထားသည်။
အစိုးရအနေဖြင့် စိန်ခေါ်မှုများရှိသော်လည်း နိုင်ငံတည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ သာယာဝပြောရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ စနစ်တကျ ကျင်းပနိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိ‌‌ေကြာင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဖက်သတ် ဖိအားပေးမှုများသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူ ပြုမည်မဟုတ်ကြောင်း၊ အချင်းချင်းနားလည်မှု၊ လေးစားမှုနှင့်အပြန်အလှန် ထိတွေ့ဆောင်ရွက်မှု တို့မှတစ်ဆင့်သာ လက်တွေ့ကျ၍ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်မည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

25/02/2024

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ အသိပေးထုတ်ပြန်
*****
ဖေဖော်ဝါရီ24

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိရာ ရန်ကုန်ရုံးတွင် Online Booking QR စနစ်ဖြင့် ၂၇၀၀ ဦး နှုန်းဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊
နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင်၂၆-၂-၂၀၂၄ ရက်နေ့မှစ၍ မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူး ရုံးခွဲတို့တွင်ဆောင်ရွက်နိုင်မည့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စု စာရင်းဝင် နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများအတွက် အဆင်ပြေချောမွေ့စေရေးအတွက် KBZPay / MPU Card ဖြင့် ဖေဖော်ဝါရီ ၂၅ရက် နေ့မှစ၍ Online မှ Booking တင်၍ Appiontment Date ရယူဆောင်ရွက်နိုင်ကာ
သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများမဟုတ်ပါက Booking ရသော်လည်း ဆောင်ရွက်ပေးမည် မဟုတ်ဟု သိရသည်။

Online မှ Booking တင်ရာတွင် www.passport.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး KBZPay / MPU Card ဖြင့် ငွေပေးချေနိုင်ရေးစီစဉ်ထားရှိကြောင်း သက်ဆိုင်ရာက အသိပေးထုတ်ပြန်ထားသည်။

17/01/2024

ယာဥ်သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်း မရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးသော ရှေးဟောင်း Classic မော်တော်ယာဉ်များအား ပြန်လည် မှတ်ပုံတင်ပေးမည်ဟု သိရသည်။
1980 model နှင့် ၎င်းmodel year မတိုင်မီှယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်တန်ကြေးဖြင့် ပြန်လည် မှတ်ပုံတင်ပေးမည် ဖြစ်ပြီး ယာဉ်အမှတ်မှာ ရောက်ရှိယာဉ်အမှတ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်များ ပြန်လည် မှတ်ပုံတင်ပေးခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် ခရိုင် ကညန ရုံးများတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ၆ လကာလအတွင်း ဆောင်ရွက်နိုင် ေကြာင်း သိရသည်။

15/01/2024

ဇန်နဝါရီလ ၁၅ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅,၂၅၀ ကျပ် ဖြစ်ကြောင်းသက်ဆိုင်ရာက ထုတ်ပြန်ကြေညာ ထားပါသည်။
ယခုရက်သတ္တပတ် ဆီဈေးနှုန်းမှာ ယခက်ရက်သတ္တပတ်ဈေးထက် တစ်ပိသာ 300ကျပ်မြင့်တတ်သွားပြီး ဈေးကွက်တွင်လည်း စားအံုး ဆီ (ကန်ဆီ)များ ပေါများလာသည်ကို တွေ့ရသည်။

08/01/2024

ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၉၅၅ ကျပ် ဖြစ်ကြောင်း သက်ဆိုင်ရာကထုတ်ပြန်ကြေညာသည်။

ဆန်ဈေးနှုန်းများအား လိုအပ်သည်ထက်ပို၍ တိုးမြှင့် ရောင်းချမှုများကို မပြုလုပ်ပါရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင...
08/12/2023

ဆန်ဈေးနှုန်းများအား လိုအပ်သည်ထက်ပို၍ တိုးမြှင့် ရောင်းချမှုများကို မပြုလုပ်ပါရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချပေးရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေး ထုတ်ပြန်ထားသည်။
လက်ရှိပြည်တွင်းဈေးကွက်၌ ဆန်‌ေစျးနှုန်းများ သိသာစွာ မြင့်တတ်နေပြီး 24ပြည်ပါ မြောင်းမြ၊ရွှေဘိုပေါ်ဆန်းတစ်အိတ် လျှင် တစ်သိန်းလေးသောင်းမှ တစ်သိန်း ရှစ်သောင်းအထိ ဖြစ်ပေါ်လျှက်ရှိသည်။

တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီကို လိုလားတဲ့ ပြည်သူလူထုနဲ့ တစ်သားတည်းရှိပြီး ဒီမိုက ရေစီနှင့်ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပ...
30/11/2023

တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီကို လိုလားတဲ့ ပြည်သူလူထုနဲ့ တစ်သားတည်းရှိပြီး ဒီမိုက ရေစီနှင့်ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။နို၀င်ဘာ၂၉ရက်နေ့က ပြုလုပ်ခဲ့ နစက အစည်း ေ၀းမှာ ခုလိုပြောဆိုခဲ့တာပါ။ဒါ့အပြင် ပြည်တွင်းမှာလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နာမည်ကျော် ရှမ်းပြည်နယ်တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲ တော်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် နေ့က တောင်ကြီး အဝေရ...
22/11/2023

နာမည်ကျော် ရှမ်းပြည်နယ်တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲ တော်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် နေ့က တောင်ကြီး အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ခုနစ်ရက်တိုင်တိုင်ကျင်းပသွ းမယ်လို့သိရပါတယ်။

20/11/2023

စားအုန်းဆီ အခြေခံရည်ညွှန်းဈေး မြင့်တတ်
*****
နိုဝင်ဘာလ ၂၀ ရက်မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာလျှင် (ရန်ကုန် အထိုင်ဈေး)အခြေခံလက်ကားရည်ညွှန်းဈေးမှာ ၄၉၉၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ရာ ယခင်ရက်သတ္တပတ်ဈေးနှုန်းများထက် သိသာစွာ မြင့်တတ်ခဲ့သည်ကို တွေ့ရသည်။

18/11/2023

နိုဝင်ဘာလ (၁၈)ရက်နေ့ မိုးဇလ၏ ထုတ်ပြန်ချက်တွင်
မနက်ဖြန်မွန်းတည့်ချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက် ပိုင်းနှင့် တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ဟု သိရသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်မှာ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

18/11/2023

ဘဏ်များတွင် ငွေသားများ အလုံအလောက် ရှိနေပြီး ဗဟိုဘဏ်ကလည်း ဘဏ်အသီးသီးထံသို့ ငွေသား များပံ့ပိုးပေးရန် အသင့်ဆောင်ရွက်ထား
*****
ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်းတစ်စုံတစ်ခုကြောင့် ရပ်တန့်သွားပါကလည်း ပြည်သူများအနေဖြင့် ငွေများထုတ်ယူ၍ မရ တော့သည့် အခြေအနေမျိုး ဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ စာရင်းပြောင်းနည်းများဖြင့် ငွေပေးချေခြင်းများကို ဆောင် ရွက်နိုင်ကြောင်း ဗဟိုဘဏ်၏ နိုဝင်ဘာလ ၁၈ရက် ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ အခြေအနေတွင် ဘဏ်များတွင် ငွေသားများ အလုံအလောက် ရှိနေပြီး ဗဟိုဘဏ်ကလည်း ဘဏ်အသီးသီးထံသို့ ငွေသား များပံ့ပိုးပေးရန် အသင့်ဆောင်ရွက်ထားရှိသည့်အတွက် ပြည်သူများအနေဖြင့် ငွေများကို လိုသည်ထက်ပိုမိုထုတ်ယူခြင်းမပြုဘဲ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ပုံမှန်အခြေအနေအတိုင်း ရယူသုံးစွဲကြပါရန် ဗဟိုဘဏ်က အသိပေး သတင်းထုတ်ပြန်ထားသည်။

17/11/2023

ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေ ခြင်းမရှိ​
+++++++
ယခုလတ်တလောကာလတွင် လူမှုကွန်ယက်စာမျက်နှာများ နှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှား များဖြစ်ဟု ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။
အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများသည် လည်း သတင်းမှားများသာဖြစ်ပြီး၊ ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိထုတ်ယူနိုင်ပြီး၊ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာဝန် ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ကြောင်း ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိသလို ဘဏ် Customer များကလည်း ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်များထံမှ ရယူဆောင်ရွက်လျက် ရှိကြောင်း၂၀၂၃ နိုဝင်ဘာ ၁၆ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

15/11/2023

ကမ္ဘောဇဘဏ် အသုံးပြုသူ များ၏ အပ်ငွေစာရင်းဟောင်းများဖြစ်သည့် ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း၊ စာရင်းရှင်အပ်ငွေစာရင်း နှင့် စာရင်းသေအပ်ငွေစာရင်း တို့အား ၂၀၂၃ နိုဝင်ဘာလ ၁၅ရက်နေ့ မှစတင်၍ မူလသတ်မှတ်ချက်များအတိုင်း အသုံးပြုနိုင်ပြီဖြစ် ကြောင်း kbz က ထုတ်ပြန်သည်။
KBZအကောင့်ဟောင်းမှ အကန့်အသတ်မရှိ ငွေသွင်း၊ေငွထုတ်၊ငွေလွှဲနိုင်ပြီ ဖြစ်သည်။

13/11/2023

နို၀င်ဘာ၁၂
ပြည်တွင်း၌ စက်သုံးဆီလုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထားပြီး လက်ရှိတွင် ဓာတ်ဆီ 92 ဂါလန် ၁၃ သန်းကျော်၊ 95 ဂါလန် ၃ သန်းကျော်၊ 97 ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ၂၉ သန်းကျော်နှင့် ပရီမီယမ်ဒီဇယ် သန်း ၂၀ ကျော် ကျန်ရှိ ပြီး ဆီပြတ်လပ်မှုမရှိစေရေး အချိန်မီ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိဟုသက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။
ထို့ပြင် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်လည်း ဆီတင်သင်္ဘောလေးစင်း ဆိုက်ကပ်ခဲ့ပြီး ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘော ၁၅ စင်းရှိကြောင်း သိရသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို နို၀င်ဘာ ၈ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်တလောဖြစ်ပေ...
10/11/2023

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို နို၀င်ဘာ ၈ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်တလောဖြစ်ပေါ်နေသော ပြည်တွင်းအကြောင်းအရာများကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ရန်ကုန်ပြည်သူ့ရင်ပြင်၌ကျင်းပသော "စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းသီတင်းကျွတ်ဈေးရောင်းပွဲတော်" သီတင်းကျွတ်လပြည့်နေ့မ...
29/10/2023

ရန်ကုန်ပြည်သူ့ရင်ပြင်၌ကျင်းပသော "စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းသီတင်းကျွတ်ဈေးရောင်းပွဲတော်" သီတင်းကျွတ်လပြည့်နေ့မြင်ကွင်း

24/10/2023

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်အပါအ၀င်ပြည်တွင်းဒေသအချို့ မိုးထစ်ချုန်းရွာမည်
*****
အောက်တိုဘာ 24ရက် မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဟမွန်း၏ အရှိန်ကြောင့်
မနက်ဖြန်မွန်းတည့်ချိန်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီးရွာရန်ရာနှုန်းပြည့် ဖြစ်‌ေကြာင်း မိုးဇလက သတင်းထုတ်ပြန်သည်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်‌ေကြာင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၃)ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဟု ဖော်ပြထားသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီးရွာရန်ရာနှုန်းပြည့် ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်မှာ မိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်ဟု မိုးဇလက ထုတ်ပြန်သည်။

24/10/2023

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းဖြစ် ပေါ် ၊‌ ပြည်တွင်းဒေသအချို့သို့ သက်ရောက်နိုင်
*****
ယနေ့ အောက်တိုဘာ၂၄ရက် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် မိုးဇလ၏ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဟမွန်းဆိုင်ကလုန်းမုန်တိုင်း သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့‌ေကြာင်း မိုးဇလက သတင်းထုတ်ပြန် သည်။
အဆိုပါ မုန်တိုင်း သည် မြန်မာနိုင်ငံ၊ သံတွဲမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက် ဘက် ရေမိုင် (၁၉၀)မိုင်ခန့်၊ မောင်တောမြို့ ၏ အနောက် - အနောက်တောင်ဘက် ရေမိုင် (၁၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ‌‌ေကြာင်း သိရသည်။

အဆိုပါအားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင်အဆင့်ဟု သတ်မှတ်ထား‌ေကြာင်း သိရသည်။
ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း‌ေဒသများသည် မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်ပြီး သက်ရောက်မှုကို ခံစားရနိုင်‌ေကြာင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၉)နာရီအတွင်း အားလျော့သွားနိုင်ကာ၊ နောက် (၃၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့နှင့် စစ်တကောင်းမြို့တို့ကြားမှ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော် နိုင်သည်ဟု မိုး၊ဇလက ခန့်မှန်းထားသည်။

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၂၆.၁၀.၂၀၂၃)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင် ပါသည်။

လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”၏ အရှိန် ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြုနေထိုင်ကြပါရန် နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် ‌မိုးဇလက နှိုးဆော် အသိပေးထားသည်။

24/10/2023

စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၇၂၅ ဖြစ်
*****
စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုရက်သတ္တပတ်အတွင်း (အောက်တိုဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ) ရန် ကုန်အထိုင်ဈေး စားအုံးဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄၇၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

25/09/2023

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၄၃၇၅ ဖြစ်ကြောင်း ထုတ်ပြန်
*****
ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဈေးကွက် နှင့် ဈေးနှုန်းများအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ ၄၃၇၅ ကျပ် ဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ကြေညာသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

24/09/2023

မြေငလျင်သတင်း
*****
စက်တင်ဘာလ (၂၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ 45မိနစ်၀န်းကျင်ခန့်က မြန်မာနိုင်ငံ ပြည်တွင်း တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာ၊ အနက် (၈၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက သတင်းထုတ်ပြန်ထားသည်။ယမန်နေ့ကလည်း ရန်ကုန်အပါအ၀င် ဒေသအချို့၌ အင်အားအနည်းငယ်ရှိ မြေငလျင် လှုပ်ရှားခဲ့သည်။

နေပြည်တော်တွင် တည်ထားသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သော မာရဝိဇယ ...
03/09/2023

နေပြည်တော်တွင် တည်ထားသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာေရာက်ဖူးေမြာ်ကြသူများအား စက်တင်ဘာ၄ရက်နေ့မှစ၍ လူ၀င်ကြေး အခမဲ့ ဖြစ်ကြောင်းသိရသည်။

15/08/2023

အူရီဒူး ၉ နှစ်ပြည့်အနေနဲ့ သက်တမ်း ၃ ရက် အသုံးပြုနိုင်မယ့်
5GB ကို ၉၉၉ ကျပ် ပလန်ကို *144*9 # ကိုခေါ်ဆို ၀ယ်ယူနိုင်ပြီဟုooredooကဆိုပါတယ်။

ဒီကနေ့ ဩဂုတ်လ၅ရက် ရန်ကုန်ပြည်သူ့ရင်ပြင်မှာ ကျင်းပနေတဲ့ MSMEဈေးရောင်းပွဲတော်မှာ EVဘေးတွဲဆိုင်ကယ်၊တက္ကစီ နဲ့EVကားများကို ပ...
05/08/2023

ဒီကနေ့ ဩဂုတ်လ၅ရက် ရန်ကုန်ပြည်သူ့ရင်ပြင်မှာ ကျင်းပနေတဲ့ MSMEဈေးရောင်းပွဲတော်မှာ EVဘေးတွဲဆိုင်ကယ်၊တက္ကစီ နဲ့EVကားများကို ပြသ ထားတာတွေ့ရသလို စားသုံးဆီ အရောင်းဆိုင်များမှာ လူများစွာ တန်းစီ ၀ယ်ယူနေကြတာကို တွေ့ရပါတယ်။

၃၅သိန်းကျော်ကနေ ၅၆သိန်းအထိ ဈေးနှုန်းရှိတဲ့  Galaxy Z Flip5 နဲ့ Z Fold5 ကိုဩဂုတ်လ 17 ရက်အတွင်း Pre-order မှာယူပါက လက်ဆောင...
02/08/2023

၃၅သိန်းကျော်ကနေ ၅၆သိန်းအထိ ဈေးနှုန်းရှိတဲ့ Galaxy Z Flip5 နဲ့ Z Fold5 ကိုဩဂုတ်လ 17 ရက်အတွင်း Pre-order မှာယူပါက လက်ဆောင်များ ရရှိမည်ဟု ဆိုထားပါတယ်

Yoma Bankက Next Mobile Application သစ် မိတ်ဆက်***** အဆိုပါ appကို အသုံးပြု၍ရိုးမဘဏ်အကောင့်များအပါအ၀င် ပြည်တွင်းရှိ ဘဏ်ပေ...
01/08/2023

Yoma Bankက Next Mobile Application သစ် မိတ်ဆက်
*****
အဆိုပါ appကို အသုံးပြု၍
ရိုးမဘဏ်အကောင့်များအပါအ၀င် ပြည်တွင်းရှိ ဘဏ်ပေါင်း (၅၀) ကျော်နှင့် Wave အကောင့်များသို့ ငွေလွှဲဝန်ဆောင်မှုများ ဆောင်ရွက်နိုင်‌ေကြာင်း သိရသည်။

အရေးပေါ်အခြေအနေ ကာလကို ၁-၈-၂၀၂၃ ရက်နေ့ မှ စ၍ နောက်ထပ် ၆ လ တိုးမြှင့် ≈≈≈≈≈≈≈≈ ဇူလိုင် ၃၁ ရက်က  ကျင်းပပြုလုပ်ခဲ့သည့် အမျိ...
01/08/2023

အရေးပေါ်အခြေအနေ ကာလကို ၁-၈-၂၀၂၃ ရက်နေ့ မှ စ၍ နောက်ထပ် ၆ လ တိုးမြှင့်
≈≈≈≈≈≈≈≈
ဇူလိုင် ၃၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအ ေ၀းကမြန်မာနိုင်ငံ၏ လက်ရှိအရေးပေါ်အခြေအနေ ကာလကို ၁-၈-၂၀၂၃ ရက်နေ့ မှ စ၍ နောက်ထပ် ၆ လ တိုးမြှင့်ခဲ့ေကြာင်းသိရသည်။
ဖြတ်သန်းခဲ့ရသည့်သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားရ မည်ဖြစ်ခြင်းကြောင့် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းတင်ပြပြောဆိုသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရ “နိုင်ငံ တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၈-၂၀၂၃ ရက်နေ့ မှ စ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်” ထံသို့ထပ်မံအပ်နှံကြောင်း သတင်းထုတ်ပြန်ထားသည်။

နှစ်သောင်းကျပ်တန်ငွေစက္ကူထုတ်ဝေမည်မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကသတင်းထုတ်ပြန်..........အဆိုပါငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖ...
23/07/2023

နှစ်သောင်းကျပ်တန်ငွေစက္ကူထုတ်ဝေမည်မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကသတင်းထုတ်ပြန်..........
အဆိုပါငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေမည်ဖြစ်ပြီး ပြည်တွင်း လှည့်လည်သုံးစွဲနေသောငွေစက္ကူများအနက် ဟောင်းနွမ်းပြီး လှည့်လည် သုံးစွဲရန် မသင့်သော ငွေစက္ကူအမျိုးအစားအသီးသီးတို့နှင့် တန်ဖိုးတူ လဲလှယ်ပေး ခြင်းဖြင့်သာ ဖြန့်ဝေသွားမည် ဖြစ်ဟုေဖာ်ပြထားသည်။ ကနဦးအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့တွင် ဟောင်းနွမ်း ငွေစက္ကူများနှင့် “ တန်ဖိုးတူ” လဲလှယ်ပေးမည်ဖြစ်ပြီး
လက်ရှိတရားဝင် လှည့်လည်သုံးစွဲနေသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင် သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဟုဖော်ပြ ပါရှိသည်။

နှစ်သောင်းကျပ်တန်ငွေစက္ကူ၏ပေါ်လွင်သောအရောင်မှာ အစိမ်းနုရောင်
ဖြစ်ပြီး မျက်နှာစာဘက်အလယ်ပိုင်းတွင် မြန်မာ့အနုပညာ လက်ရာမြောက် ရတနာဆင်ဖြူတော်ပုံ၊ ငွေစက္ကူ၏လက်ဝဲဘက်တွင် ရတနာဆင်ဖြူတော် ဦးခေါင်းပုံရေစာပါရှိပါသည်။ ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် အမြင်အာရုံချို့ယွင်းသူများ အထိအတွေ့ဖြင့် အာရုံခံသိနိုင်သော မျဉ်းတို (၁၂)ချောင်းစီကို ရိုက်နှိပ်ထားပါသည်။ နှစ်သောင်းကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် စစ်ကိုင်းတံတားပုံနှင့် ဧရာဝတီတံတား(ရတနာပုံ)အား ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ “ CENTRAL BANK OF MYANMAR” စာတန်း ၊ အောက်ပိုင်း၌ “TWENTY THOUSAND KYATS” ဟူသော စာတန်းများ ရိုက်နှိပ်ထား ပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို မြန်မာ၊ အင်္ဂလိပ် ဂဏန်းများဖြင့် ရိုက်နှိပ် ထားပြီးနောက်ကျောဘက်တွင် ရှုထောင့် အမျိုးမျိုးမှ ပြောင်းလဲကြည့်လျှင် ရွှေရောင်မှ အစိမ်း ရောင်သို့ ပြောင်းလဲသော Colour Shift လုံခြုံရေးကြိုးကို ဒေါင်လိုက် ထည့်သွင်းထားကြောင်း သိရသည်။အဆိုပါ နှစ်သောင်းကျပ်တန်ငွေစက္ကူသစ်ကိုမြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပမှုအား ပြသရန်၊ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့်ကမ္ဘာကြီး အေးချမ်း သာယာမှု ဖြစ်စေရန် ရည်ရွယ်တည်ဆောက်ထားသည့် “ မာရဝိဇယ ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ဆင်ဖြူတော် ရတနာ " ရဋ္ဌနန္ဒက " ၏ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ ထုတ်ဝေမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

14/07/2023

ပို့ကုန်ရငွေ ၆၅ရာခိုင်နှုန်းအစား ၅၀ရာခိုင်နှုန်းသာ ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် ကျပ်ငွေ လဲလှယ်ရမည်ဟု ဗဟိုဘဏ်ကပြင်ဆင်သတ်မှတ်လိုက်သည်။

Address

Insein Road
Kamaryut
095

Website

Alerts

Be the first to know and let us send you an email when Icity journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Icity journal:

Share

Category