Resort Gameland

Resort Gameland Survival Game PVP Game and Battle Royal Game Streaming

23/02/2022

ပြည်သူ့အင်အား အလိုရှိသည်။

ဒီလိုစာမျိုး ရေးမတင်ဖြစ်တာတော့အတော်ကြာပါပြီ ဒီနေ့တော့ ငွေပို့ရမယ့်အဖွဲ့တွေကို verify လုပ်ဖို့ စာရင်းလုပ်နေရင်း စိတ်ထဲပေါ်လာလို့ နဲနဲလောက် ရေးချင်ပါတယ်ခင်ဗျာ။ စာနဲနဲရှည်မယ်ပေါ့ခင်ဗျာ။

click2donate ဟာ ဒီလတစ်လထဲမှာတင် အဖွဲ့ပေါင်း ၈၀ လောက်နီးပါးဆီကို အထောက်အပံ့တွေပို့နိုင်ဖို့ ရှိနေပါတယ်။ အဖွဲ့ပေါင်း ၈၀ ဆိုတာ မြန်မာပြည်မှာ PDF တပ်ဖွဲ့ ၈၀၀ ရှိရင် တနိုင်ငံလုံးရဲ့ 10% ပါ။ ဒါပေမယ့် လုံလောက်လားလို့မေးရင် PDF လေးတွေအားလုံးရဲ့အဖြေက တညီတညာထဲ "NO" လို့ထွက်လာမှာပါပဲ။ ဘာလို့လဲဆိုတော့ click2donate ကပေးနိုင်တာက တစ်ဖွဲ့မှ သိန်းတစ်ရာသိန်းတစ်ရာ့ငါးဆယ်ပါ သူတို့ တပ်ဖွဲ့တွေ တဖွဲ့စီတိုင်းတစ်ဖွဲ့စီတိုင်းက လိုနေတဲ့ပိုက်ဆံက သိန်းပေါင်း သောင်းနဲ့ချီပီးလိုနေတာပါ။

ဒါတောင်မှပဲ ကျွန်တော်တို့ကို ဆက်သွယ်လို့မရတဲ့အဖွဲ့တွေ ကျွန်တော်တို့နဲ့မချိတ်ဆက်မိတဲ့အဖွဲ့တွေ အများကြီး ဆိုမှ အများကြီးရှိနေသေးပါတယ်။

ဒါပေမယ့် ဒီနောက်ပိုင်းမှာ အများစုဟာတော့ သူတို့ လိုအပ်ချက်တွေအကြောင်းစဉ်းစားရင် click2donate ကို ထည့်ပြီးစဉ်းစားလာကြပါပြီ...

ကျွန်တော်ကိုယ်တိုင်လဲ တစ်ယောက်ထဲနဲ့ page ကစာတွေကိုတောင် ဝင်လာသမျှ မစစ်နိုင်ပါဘူး ကျွန်တော်နဲ့ ချိတ်ဆက်မိဖို့ဆိုတာကလဲ သူတို့အဖွဲ့တွေအတွက် တော်တော်ကိုခက်ခဲကြမှာပါ။

ပြောချင်တာကတော့ click2donate ဟာ တဖြည်းဖြည်းနဲ့ ထမ်းထားရတဲ့ ဝန်တွေ အရမ်းများလာပါတယ်ခင်ဗျာ။
ဒါပေမယ့် နေ့စဉ် အသုံးပြုတဲ့လူဦးရေဟာ ငါးသောင်းတောင်မကျော်သေးဘူးဖြစ်နေပါတယ်။
ကျွန်တော့်မှာလဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အဆက်အသွယ်တွေရှိသလောက် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေပေမယ့် ကျွန်တော် ရှာပေးနိုင်တဲ့ ငွေပမာဏဟာ တလကို သိန်းပေါင်း ၆ထောင်လောက်ပဲရှိပါတယ်။

ဒီလဆိုရင် ကျွန်တော်ရတဲ့ပိုက်ဆံနဲ့ အဖွဲ့ပေါင်း ၈၀ ကိုစာရင်းသွင်းအပြီးမှာ အခုထိကိုလာရောက်ချိတ်ဆက်နေသေးတဲ့အဖွဲ့‌တွေ အလှည့်မကျသေးတဲ့အဖွဲ့တွေကို နောက်လစာရင်းတွေမှာ ထည့်နေရပါတယ်။

သူတို့ (PDF) တွေရဲ့ မျှော်လင့်ချက်မှာတော့ click2donate နဲ့ချိတ်ဆက်မိပြီဆိုရင် အနဲငယ်ပဲဖြစ်ဖြစ် အထောက်အပံ့တွေရလာမယ်လို့ မျှော်လင့်ထားကြမှာပါပဲ။
တချို့အဖွဲ့တွေဆိုရင် ချက်ချင်းရမှဖြစ်မယ်လို့ဆိုတဲ့ အရေးပေါ်လာပြောကြတဲ့အဖွဲ့တွေလဲအများကြိးရှိပါတယ် ဒါပေမယ့် ကျွန်တော်တို့က အလှည့်ကျအတိုင်း စာရင်းလာပေးကြတဲ့အတိုင်း ကူနေတဲ့အခါမှာ ဒီနေ့လာပြော မနက်ဖြန် ပိုက်ဆံရ ဆိုတာမျိုး မဖြစ်လာနိုင်တဲ့အခါ သူတို့မှာလဲ သူတို့အခက်အခဲနဲ့သူတို့ ကျွန်တော့်မှာလဲ ကျွန်တော့်အခက်အခဲနဲ့ကျွန်တော် တော်တော်လေးကိုရှင်းပြရ ပြောပြရပါတယ်။

ဒီအချိန်မှာ
ကျွန်တော်တို့ app တွေကိုသုံးနေတဲ့ user ပမာဏဟာ
စစ်အာဏာရှင်ကိုအလိုမရှိပါဘူး ဆိုတဲ့လူတွေထဲကမှ
နည်းပညာနဲ့မဝေးတဲ့ လူငယ် (လူငယ်သီးသန့်) ရဲ့ ၅၀ရာခိုင်နှုန်းလောက်သာ နေ့စဉ်မပျက် ကလစ်လုပ်ပေးနေကြမယ် ဆိုခဲ့ရင် ကျွန်တော်တို့ တစ်လဝင်ငွေဟာ သိန်းတစ်သောင်းလဲဖြစ်နိုင်တယ် သိန်းခြောက်သောင်းလဲဖြစ်နိုင်ပါတယ်။

လမ်းမပေါ်ပြည့်လျှံနေအောင် ထွက်ခဲ့ကြတဲ့ လူအုပ်ကြီးကို ကျွန်တော် မျှော်လင့်မိပါတယ်။
လမ်းမပေါ်မှာ တမျှော်တခေါ်ကြီး ချီတက်ခဲ့ကြတဲ့ ခေတ်ပညာတတ် လူငယ် တွေကို ကျွန်တော်မျှော်လင့်မိပါတယ်..

လူတစ်သိန်းဆိုတာ တနိုင်ငံလုံးက တောထဲမရောက်ပဲ မြို့ပေါ်မှာတင်ကျန်ခဲ့တဲ့ထဲက လူငယ်တွေရဲ့ 10% လောက်ပဲရှိတာပါ။ လက်ရှိမှာ ကလစ်လုပ်ကြသူတွေထဲမှာ Gen x တွေ Gen y တွေတင်မကဘူး အသက် လေးဆယ်ငါးဆယ်ကျော်တွေကပါ အားတက်သရောပါဝင်နေကြပါတယ်။

လုံခြုံစွာ ထောက်ကူနိုင်တဲ့ တစ်ခုထဲသော နည်းလမ်းဖြစ်ပါတယ်။
အားလုံးရဲ့အင်အားကိုကျွန်တော်တို့လိုနေပါတယ်။ အရေးကြီးလာလေလေ ပိုလိုအပ်လာလေလေပါပဲ..

နှစ်ပေါင်းများစွာ တိုင်းပြည်ရဲ့ သယံဇာတတွေ အခွန်ငွေတွေနဲ့ တည်ဆောက်လာတဲ့ စစ်လက်နက်အင်အားပြည့်စုံတဲ့ ကောင်တွေနဲ့ ယှဉ်တိုက်နေရတဲ့ ကျွန်တော်တို့ သူရဲကောင်းတွေက ဒီထက်မကတဲ့ အထောက်အပံ့တွေလိုပါတယ်...
လက်နက်ကိုင်တိုက်ပွဲတွေစပြီဆိုတော့ ကျွန်တော်က အများကြီးမျှော်လင့်ဖူးတာ နောက်ကပြည်သူတွေက ရိက္ခာတွေချက်ပြီးပို့ကြမယ် လက်နက်အထောက်အပံ့တွေကူညီကြမယ် ပေါ့..

ဇာတ်ကားတွေထဲမှာဆို မိန်းမတွေက မြားချွန်ပေး ရိက္ခာတွေချက်ပေး
ယောင်္ကျား တွေက ရှေ့ထွက်တိုက် နေကြတဲ့ ဇာတ်ဝင်ခန်းတွေအများကြီးမြင်ဖူးတာကိုး....

ဒါပေမယ့်လက်တွေ့မှာ အဲ့လိုတကယ်ဖြစ်နေတဲ့နယ်ဟာ အားလုံးသိကြတဲ့အတိုင်း တစ်နယ်ပဲရှိပါတယ်။ အဲ့ဒီနယ်ကိုလဲ အဲ့လိုတွေကူညီပေးကြလို့ ရွာတွေမီးရှို့ အိမ်တွေမီးရှို့ မဆိုင်တဲ့သူတွေကိုပါ သတ်ဖြတ်နှိပ်စက်တာတွေခံနေရပါပြီ ပြည်သူတွေဟာ အဲ့ကြားထဲကကိုပဲ ကြံ့ကြံ့ခံ တွန်းလှန်နေကြတာပါ....

ကျန်တဲ့နေရာကပြည်သူတွေက အဲ့လိုတွေအလုပ်မခံရပဲ အိမ်ထဲကအိမ်ပြင်မထွက် ကူလို့ရတဲ့နည်းလမ်းဟာ ကလစ်တာပါ.... အသက်နဲ့ရင်းပြီး တိုက်နေကြ ကူနေကြတဲ့သူတွေကို လေးစားအားနာပြီး ကိုယ့်တာဝန်ကို ယူသောအားဖြင့် ကျွန်တော်တို့ လုံခြုံရာဒေသကလူတွေကလဲ နိုင်ရာတာဝန်ကို ထမ်းဆောင်ပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ.. ကျွန်တော်တို့ APP user ပေါင်း နှစ်သိန်းလောက်ရနိုင်မယ့်နေ့ကိုမျှော်လင့်နေပါတယ်။

အရေးတော်ပုံ.... အားလုံးနဲ့ဆိုင်ပါသည်ခင်ဗျား။

14/10/2021

Copper Golem
ဘာလို့Copper Golemကိုvoteသင့်တာလဲ?

ပထမဆုံးcopper golemလုပ်တတ်တဲ့အရာတွေကိုကြည့်ကြည့်လိုက်ရအောင်။

Copper golemအနေနဲ့
ပထမဆုံး Oxidize ပါမယ်။ Copper Golemအနေနဲ့တစ်ဖြည်းဖြည်းOxidizeဖြစ်လာနိုင်ပြီးလုံးလုံးOxidizeဖြစ်သွားရင်တော့ကျောက်ရုပ်ကြီးဖြစ်သွားမှာပါ။
ပြီးရင်Copper Golemကသူ့ဘေးနားမှာရှိတဲ့တွေ့ရာbuttonတွေကိုလိုက်နှိပ်မှာပါ။
ဒါပါပဲ။ Gameထဲရောက်လာမှ featureတွေပိုပါလာချင်လာမှာပါ။
ဘာလို့voteသင့်လဲဆိုတာကတော့

ဒီMobသာGameထဲရောက်မလာခဲ့ရင်Copper blockဟာသုံးစားမရပဲBuilding blockသက်သက်နဲ့သာဆက်ရှိနေတော့မှာပါ။ ကျနော့်အနေနဲ့Copper Blockကိုထူးထူးဆန်းဆန်းတစ်ခုခုဖြစ်လာစေချင်ပါတယ်။

Copper golemအနေနဲ့Buttonတွေကိုလျှောက်နှိပ်မှာဖြစ်တဲ့ Redstoneလောကကိုပြောင်းပစ်နိုင်မှာပါ။Minecraft Redstoneဟာ Featureတွေပိုများလာလေ ပိုပြီးတိုးတက်လာလေပါပဲ။

Copper Golemကိုသုံးပြီးတစ်ချို့farmတွေကိုAutomatic farmတွေအဖြစ်ပြောင်းပစ်လို့ရမှာပါ။ သင့်ရဲ့အကျိုးရှိတဲ့အချိန်တွေကိုအကုန်မခံပါနဲ့။ Copper Golemကိုသာခိုင်းစေလိုက်ပါ။

Vote Copper Golem!
To the better redstone engineering!
ပိုမိုတိုးတက်သောMinecraft လောကဆီသို့!

25/09/2021
23/09/2021

"ငါတို့တိုင်းပြည် ငါတို့ပြန်ရဖို့ အထောက်အပံ့ရမယ့် youtube view 10 သန်း campaign "

ကျွန်တော်တို့ လက်ရှိ ရောင်နီချန်နယ်မှာ အဓိက Video ငါးပုဒ်ရှိပါတယ်ခင်ဗျာ။

သစ္စာများ ကြယ် ရှင်သန်ခြင်း နေ့သစ် နေမဝင်အိမ်ပြန်ချိန် တို့ဖြစ်ပါတယ်ခင်ဗျာ။
စိတ်ခွန်အားတွေ စိတ်ခံစားမှုအတက်အကျတွေပေးမယ့်သီချင်းတွေပါ အဲ့လိုပဲ we click ချန်နယ်မှာလဲ သီချင်းတွေတောက်လျှောက်တက်နေပါမယ်ခင်ဗျာ။

ဒီချန်နယ်နှစ်ခုပေါင်း ဒီနေ့ကနေ နောက်ဆယ်ရက်အတွင်း view ပေါင်း သိန်းတစ်ရာရဖို့ campaign လေးပါခင်ဗျာ
(အရေးအကြီးဆုံးက လူတစ်သိန်းက အခါတစ်ရာကြည့်တာနဲ့ လူဆယ်သိန်းက ဆယ်ခါကြည့်တာနဲ့က ပိုက်ဆံရတာ မိုးနဲ့မြေလောက်ကွာပါတယ်ခင်ဗျာ ဒါကြောင့်မို့ ကိုယ်တိုင်လဲကြည့်သလို သူများတွေကိုလဲကြည့်ပေးကြအောင် အားလုံးက တက်ညီလက်ညီလေး ဝိုင်းပီး promote လုပ်ပေးကြပီး တစ်ယောက်စီတိုင်းကနေ နောက်ထပ် ဆယ်ယောက်စီကို ဒီစာလေးတွေကို မက်ဆေ့ကနေ မျှဝေဖြန်ဝေပေးကြပါခင်ဗျာ။ စာတွေကိုကူးတင်ကြပါခင်ဗျာ။ )

ပြည်သူတွေဟာ ဘယ်လောက်ထိ အောင်ပွဲကို တမ်းတနေပီဆိုတာကို အင်အားပြလိုက်ကြပါစို့ခင်ဗျာ။

ဘာမှလုပ်စရာမလိုပဲ youtube video တွေကြည့်ပေးယုံနဲ့ PDF တွေကို လုံခြုံစွာနဲ့ သိန်းရာချီ ထောက်ပံ့ နိုင်ဖို့၊ ပိုက်ဆံလှူစရာမလိုပဲ အချိန်နဲ့လုပ်အားလေးတွေပဲကူပေးပါခင်ဗျာ။

EDIT : CLICK2DONATE ကိုအခုမှသိတဲ့သူတွေက ဘယ်ကိုလှူတာလဲ ဘယ်လောက်လှူတာလဲ ဘယ်လိုလှူတာလဲလာမေးနေကြလို့ လှူထားသမျှထဲက တချို့ကို စုစည်းပေးထားပါတယ်ခင်ဗျာ
https://www.facebook.com/click2donatemm/posts/138678715137127

ဘယ်လိုလုပ်ရမလဲ?

EDIT** facebook ကနေ လင့်ပေးတာခဏရပ်ထားပါတယ်ခင်ဗျာ အသေးစိတ်ကိုဒီမှာကြည့်ပါ https://www.facebook.com/click2donatemm/posts/146958830975782

အပေါ်မှာပြထားတဲ့ လင့်နှစ်ခုကနေ ချန်နယ်နှစ်ခုကိုသွားပါခင်ဗျာ အဲ့ဒီချန်နယ်လေးတွေမှာ နောက်ဆုံးတင် တင်ထားတဲ့ဗီဒီယိုများကို mobile data နဲ့ဆို တစ်နေ့ကိုမနက်တစ်ခေါက်ညတစ်ခေါက် wifi နဲ့ဆို တစ်နေ့ကို ငါးခေါက် ကြည့်ပေးပါခင်ဗျာ။

*** တစ်ခါ ချန်နယ်ကိုသိပီးရင် နောက်အခါတွေYOUTUBE APP ထဲကနေဝင်ကြည့်ကြပါနော်
Facebook ကလင့်တွေကနေနှိပ်ဝင်တာက မကောင်းလို့ပါခင်ဗျာ

နာမည်တူ ပုံတူတူအတုလုပ်ပီး ဗီဒီယိုတွေခိုးချပီးတင်နေတဲ့ အချောင်သမားချန်နယ်တွေရှိတာကြောင့် ဗီဒီယိုတွေကြည့်တဲ့အခါ video တွေရဲ့ ဘယ်ဘက်အောက်ထောင့်နားလေးကိုကြည့်ပါ We Click, Raung Ni ဆိုပီး ကျွန်တော်တို့ပုံလေးတွေနဲ့ Subscriber တစ်သောင်းကျော်နဲ့ ရှစ်သောင်းကျော် ကမှ အမှန်ပါခင်ဗျာ။ view တွေဆိုရင်လဲ K နဲ့ချီရှိနေရမှာဖြစ်ပါတယ်ခင်ဗျာ အချောင်သမားချန်နယ်တွေမှာ view နဲနဲ subscriber နဲနဲပဲရှိပါတယ် အဲ့ဒါလေးနဲ့သေချာခွဲပါခင်ဗျာ ကိုယ့်အချိန်တွေကို အလကားအကုန်မခံပါနဲ့ခင်ဗျာ။

Video တစ်ခုထဲကိုထပ်ခါထပ်ခါမကြည့်ပဲ ချန်နယ်မှာရှိတဲ့ ဗီဒီယိုတွေကိုလှည့်ပတ်ကြည့်ပေးရမှာပါခင်ဗျာ ဗီဒီယိုတစ်ခုကို ကြည့်ရှုမှု တစ်သန်းကျော်ရရင် အောင်မြင်ပါပီခင်ဗျာ။

video တွေကို လှည့်ပတ်ကြည့်ပေးနေရင်ကိုရပါပီခင်ဗျာ။ ဘာမှမလိုပါဘူးခင်ဗျာ။ ဗီဒီယိုကိုတော့ အစအဆုံးလေးကြည့်ပေးပါနော် တဝက်တပျက်စီပဲကြည့်ရင်အဆင်မပြေလို့ပါခင်ဗျာ အဆုံးမှာလဲကြော်ငြာထပ်ဝင်ဦးမှာမို့ပါခင်ဗျာ။

ထပ်ပီး ပိုတိကျချင်ရင် ဒီလင့်လေးကနေ အသေးစိတ် stream နည်းလေးတွေကြည့်ပေးပါခင်ဗျာ။

https://www.facebook.com/click2donatemm/posts/132601049078227

ကျွန်တော်တို့ ပြီးခဲ့တဲ့လက video view ပေါင်း နှစ်သန်းကနေ သိန်းခြောက်ဆယ်ကျော်ရခဲ့ပါတယ်ခင်ဗျာ။ ဒီလမှာရော ဘယ်လောက်တောင်ရမလဲ ဆိုတာ ကျွန်တော်တို့ရဲ့ ကြိုးစားမှုအပေါ်မှာပဲမူတည်ပါတယ်ခင်ဗျာ။
အားလုံးတက်ညီလက်ညီနဲ့ ဒီမိုကရေစီကို ဘယ်လောက်တောင်လိုချင်နေပီလဲဆိုတာကို ပြသပီး ရှေ့တန်းကရဲဘော်တွေကို စိတ်အင်အားထောက်ပံ့မှု ငွေအင်အားထောက်ပံ့မှုတွေလုပ်ပေးကြရအောင်ပါခင်ဗျာ။

**** ထပ်ပြောပါဦးမယ်ခင်ဗျာ mobile data နဲ့ဆို တစ်နေ့ကိုမနက်တစ်ခေါက်ညတစ်ခေါက်ပဲကြည့်ပါခင်ဗျာ wifi နဲ့ဆို တစ်နေ့ကို ငါးခေါက် ထိကြည့်လို့ရပါတယ်ခင်ဗျာ။ ကိုယ်တိုင်ကြည့်တာအပြင် သူများတွေပါကြည့်အောင် ဝိုင်းလုပ်မှသာအောင်မြင်မယ့် ပရောဂျက်ပါခင်ဗျာ။**

10/09/2021

ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့်ပြန်ကြားရေး ဗဟို

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အကြမ်းဖက်စစ်အုပ်စုတို့အကြား တိုက်ပွဲဖြစ်ပွားခြင်း နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အကြမ်းဖက်စစ်အုပ်တို့၏တပ်စခန်းများကိုတိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိရပါက online ပေါ်၌ အလျင်စလို မတင်ရန် မေတ္တာ ရပ်ခံအပ်ပါသည်။

ပစ်ခတ်တိုက်မှုဖြစ်ပွားပြီးသည့်နောက်၌ဖြစ်စေ၊ စခန်းသိမ်းယူပြီးသည့်နောက်၌ဖြစ်စေ စစ်ရေးအစီအစဥ်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဆက်လက်လုပ်ဆောင်ရမည့်အရာများရှိနေသည့်အတွက်ကြောင့် စစ်ရေးလှုပ်ရှားမှု
အကြောင်းအရာကို online ပေါ်၌ အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာသို့သက်ရောက်ပြီး စစ်မြေပြင်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဆက်လက်လုပ်ဆောင်ရမည့် စစ်ရေးအစီအစဥ်ကို ထိခိုက်မှုဖြစ်ပေါ်စေနိုင်ပါသည်။

ပုံမှန်အားဖြင့်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အကြမ်းဖက်စစ်အုပ်တို့ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုတို့သည် လေယာဥ်ဖြင့်လာရောက်ဗုံးကြဲပစ်ခတ်ခြင်း နှင့် စစ်ကူတပ်ဖွဲ့များစေလွတ်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။

ထို့ကြောင့်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံး၍ လုံခြုံစိတ်ချသော နေရာသို့ ပြန်လည်ရောက်ရှိသော အချိန်မှသာလျင် onlineပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံပါသည်။

09/09/2021

ဒါလေး 1M ပြည့်ရင်
နောက် project တွေ
မျှော်လင့်လို့ရတယ်နော် ဟိဟိ

Kyi Pay Par 3.0 × Sh*tty Artworks
1M views project
Stream here : https://youtu.be/Y-bM-WfQoN0

If you want to ခေါင်မိုးဖာ directly:
https://t.me/sh*ttyartworks

စစ်ဖက်ဆိုင်ရာပညာရပ်တွေဆိုတာကPDF တွေလောက်ပဲ လေ့လာသင်ယူရမှာမဟုတ်ပါဘူးပြည်သူလူထုတစ်ရပ်လုံးပါ ပါဝင်တော်လှန်ရမှာဖြစ်လို့ပြည်သ...
08/09/2021

စစ်ဖက်ဆိုင်ရာပညာရပ်တွေဆိုတာက
PDF တွေလောက်ပဲ လေ့လာသင်ယူရမှာမဟုတ်ပါဘူး
ပြည်သူလူထုတစ်ရပ်လုံးပါ ပါဝင်တော်လှန်ရမှာဖြစ်လို့
ပြည်သူလူထုတစ်ရပ်လုံး လေ့လာသင်ယူတတ်မြောက်ထားရမှာဖြစ်တယ်......................


07/09/2021

ဘာသတင်းမှ မတက်တော့ရင်
telegram ကိုသွားပါ။

သတင်း update, fact checking,
sms news, ဒန်ပေါက်ချက်နည်း,
တော်လှန်ရေး စာစဉ်, online learning,
ဥပဒေ channel ရှာတွေ့သမျှ အကုန်စုပေးလိုက်ပါတယ်။

For News
------------------
Heroes for Myanmar
https://t.me/hfmm0

EDM 017
t.me/edm017

Update Information Myanmar(UIM)
https://t.me/UpdateInformationMyanmarUIM

We Check Community
https://t.me/wecheck2021

Fact Checking
https://t.me/joinchat/vNJ-RpZBXzthZjBh

ဒန်ပေါက်ချက်နည်းအဖျာဖျာ
---------------------------------------------
https://t.me/AJMM2021

(ဥပေဒ)Legal Channel
-------------------------
https://t.me/echoofmyanmar

တော်လှန်ရေး စာစဉ်များ
---------------------------------------
Leftist Youth Organization
https://t.me/lyohbtu/18

နွေဦးတော်လှန်ရေး စာစဉ်
https://t.me/c/1332571582/70

၁။ ကြာသာပတေးနေ့တိုင်းထုတ်ဝေတဲ့ မိုလိုတော့ဗ်စာစဉ်
(https://t.me/MMSpringNewsletters/3)

၂။ မွန်လူငယ်များ၏ လဂွန်းအိမ် စာစဉ် (https://t.me/MMSpringNewsletters/9)

၃။ နေ့စဉ်ထုတ်ဝေတဲ့ နွေဦးအသံလက်ကမ်းသတင်းလွှာ (https://t.me/MMSpringNewsletters/14)

၄။ စနေနေ့တိုင်းထုတ်ဝေတဲ့ ပြည်သူ့အသံ စာစဉ် (https://t.me/MMSpringNewsletters/31)

၅။ တကသ ကျောင်းသားဟောင်းများ အင်အားစု နဲ့ တကသများ (ရန်ကုန်) တို ပူးပေါင်းထုတ်ဝေတဲ့ ဆီသို့ စာစဉ် (https://t.me/MMSpringNewsletters/42)

၆။ နေ့စဉ်ထုတ်ဝေနေတဲ့ Revolt, Resolve & Report စာစောင် (https://t.me/MMSpringNewsletters/47)

၇။ ကချင်ပြည်နယ် မြစ်ကြီးနားမြိုမှ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ လူငယ်များ၊ GenZ များမှ ပူးပေါင်းထုတ်ဝေတဲ့ KSCM စာစဉ် (https://t.me/MMSpringNewsletters/54)

၈။ အမတနှင်းဆီစာပေမှ ထုတ်ဝေတဲ့ အမတနွေဦး စာစဉ် (https://t.me/MMSpringNewsletters/57)

၉။ ဖက်ဒရယ် FM ထုတ်လွှင့်ချက်များ (https://t.me/MMSpringNewsletters/

For Tweets
----------------------
Click and tweet
https://t.me/mmtweet/8916

Spring Revolution KSF
https://t.me/twitterKFteam/20780

2021 Revolutionary Tweets
https://t.me/RevolutionTweets2021/26465

Nay San Lwin
https://t.me/nslwin/2121

For online learning
------------------------------
Htun Myint Htay Academy
https://t.me/c/1456492859/165

Book Sharing
https://t.me/c/1215885604/312

EPUB and Kindle Books
https://t.me/c/1215885604/312


07/09/2021

တနိုင်ငံလုံး စစ်အာဏာရှင်တော်လှန်မှု ယနေ့စပြီ
---------------------------------
ယာယီသမ္မတ လရှီးလ၏ ယနေ့ ပြောသွားသည့် မိန့်ခွန်း အကျဉ်းချုပ်
---------------------------------
(၁) ယနေ့ စက်တင်ဘာ ၇ ရက်မှစ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ပြီဖြစ်။ ပြည်သူအားလုံး လှဲနေလှေအောင်းမြင်းစောင်းမကျန် တွန်းလှန်ကြ။
(၂) ပီဒီအက်ဖ်များအနေဖြင့် ကိုယ့်ဒေသက မင်းအောင်လှိုင်တပ်တွေနဲ့ ကျန် ဆက်စပ်သူတွေကို ချေမှုန်းကြ။
(၃) အုပ်ချုပ်ရေးမှူးတွေ အားလုံး ချက်ချင်း အလုပ်ကနေ စွန့်ခွာကြ။
(၄) ပီဒီအက်ဖ်တွေအနေနဲ့ အထက်က ညွှန်ကြားချက်များကို လိုက်နာပြီး ပြည်သူတွေကို ဦးစားပေး။
(၅) ပြည်သူ့လုံခြုံရေးတပ်တွေအနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို စီမံချက်ချ ကာကွယ်ပါ။
(၆) ပြည်သူများအနေဖြင့် ဒီနေ့မှစပြီး မလိုအပ်ဘဲ ခရီးမသွားပါနဲ့။ လိုအပ်သည်များကို စုဆောင်းထား။ ပီဒီအက်ဖ်တွေကို သတင်းပေး၊ ကူညီ။
(ရ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး မင်းအောင်လှိုင်တပ်ကို နည်းမျိုးစုံနဲ့ ချက်ချင်းတိုက်ပါ။ မိမိတို့နယ်မြေတွေကို အပြည့်အဝ ထိန်းချုပ်ပါ။
(၈) စစ်အာရှင်အုပ်ချုပ်ရေးယန္တယားကို ပြည်သူ့အားနဲ့ တိုက်ဖျက်။
(၉) နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေကလည်း ပြည်သူ့ရန်သူတွေကို တိုက်ကြ။
(၁၀) လက်ရှိတော်လှန်းရေးက တရားနည်းလမ်းကျတဲ့ တော်လှန်းရေးဖြစ်။
(၁၁) အိမ်နီးချင်းနိုင်ငံများနှင့် ကုလနှင့် ကမ္ဘာ့နိုင်ငံများက နားလည်လိမ့်မယ်လို့ ယုံကြည်။
(၁၂) မင်းအောင်လှိုင်အောက်က စစ်သားတွေအနေနဲ့ ပီဒီအက်ဖ်တွေနဲ့ ချက်ချင်းပူးပေါင်း။
(၁၃) ယနေ့မှစ၍ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများအားလုံး ရုံးမတက်ကြရန် သတိပေး။


07/09/2021

Internet မရတော့ရင်
ဖုန်း application တွေကနေ Radio နားထောင်ပါ
Internet မလိုပဲ ဖုန်းကနေပဲ Radio နားထောင်ချင်ရင် ဒီ application တွေကို iOS ရော Andriod မှာပါ download လုပ်ထားပါ
1. iHeartRadio
2. TuneIn Radio
3. Simple Radio
4. PCRADIO
5. NextRadio
6. FM Radio
နားထောင်သင့်တဲ့ သတင်းဌာနတွေရဲ့ radio ကိန်းညွှန်းတွေနဲ့ အချိန်တွေပါ
RFA မနက်(၇-၈) KHZ 7540 Meters 40 K7510 M40 K9510 M32
ည(၇-၈) K9350 M32 K11795 M25 K15120 M20
ည(၈-၉) K9955 M30 K11795 M25 K12055 M25 K13740 M22
K9380 M32
VOA မနက်(၆-၇) K9380 M32 K7480 M40 K6150 M48
VOA မနက်(၈-၉) K15110 M20 K11820 M25 K9335 M32
ည(၉-၁၀) K15450 M19 K11870 M25 K9335 M32
ည(၁၀-၁၁) K11870 M25 K9335 M32
BBC ည (၈-၈၁၅) K7465 M41 K9560 M31 K11995 M25

ဒါကကျတော့ radio ပစ္စည်းရှိတဲ့သူတွေအတွက်
Internet ပြန်ဖျက်ခဲ့ရင် Radio ကတဆင့်ဖမ်းယူနိုင်အောင် စုပေးလိုက်ပါတယ်။
လူတိုင်းအိမ်မှာ Radio မရှိနိုင်တဲ့အတွက် Psywar နဲ့ သတင်းအမှားတွေကို ရှောင်နိုင်ဖို့ အတွက် ပတ်၀န်းကျင်ကြားအောင်ဖွင့်ပေးကြပါ။
Radio channels
BBC BURMESE
FM 94.6 Mhz,99.0Mhz,101.7Mhz
RFA 7:00-8:00 am
7540Mhz SW 40,7510 Mhz Sw 40,9510Mhz Sw 32
RFA 7:00-8:00 pm
9350Mhz SW 32,11795Mhz Sw 25,15120Mhz Sw 20
RFA 8:00-9:00 pm
9955 Mhz Sw 30,11795 Mhz Sw 25,
12055 Mhz SW25,13740 Mhz Sw 22,9380 Mhz Sw32
RFA 8:30-9:00 pm
11795 Mhz Sw 25,12055 Mhz Sw 25
DVB 7:30-10:30 am
11880 Mhz Sw 25
DVB 6:00- 7:00 am
5955 Mhz Sw 49
DVB 9:00 pm
17495 Mhz Sw 16,9415Mhz Sw 31

D day ကြေငြာ လိုက်ပြီဆိုတော့ အရေးကြီးတာတွေပြင်ဆင်သင့်တာတွေ..online ရနေတုန်းပြင်ဆင်ထားကြပါ..NUG အစိုးရအဖွဲ့အစည်ကလည်းဘာတွေ...
07/09/2021

D day ကြေငြာ လိုက်ပြီဆိုတော့ အရေးကြီးတာတွေပြင်ဆင်သင့်တာတွေ..
online ရနေတုန်းပြင်ဆင်ထားကြပါ..

NUG အစိုးရအဖွဲ့အစည်ကလည်းဘာတွေဘာတွေလုပ်ဖို့ ညွှန်ကြားထားပါတယ်

အပိုင်း (1)
https://m.facebook.com/story.php?story_fbid=160623262874089&id=100188938917522

အပိုင်း (2)
https://www.facebook.com/100188938917522/posts/160626366207112/

အပိုင်း (3)
https://www.facebook.com/100188938917522/posts/161999992736416/

အပိုင်း (4)
https://www.facebook.com/100188938917522/posts/162721162664299/

အပိုင်း (5)
https://www.facebook.com/100188938917522/posts/163716175898131/

(အင်တာနက်မရရှိပါက Radio NUG တိုက်ရိုက်ထုတ်လွင့်မှုကိုနားဆင်ရန်!)
https://m.facebook.com/story.php?story_fbid=165251932411222&id=100188938917522



28/08/2021

အချိန်ပေးယုံနဲ့ PDF တွေကို လှူနိုင်မယ့် 1M YOUTUBE VIEW PROJECT
----------------------------------------------------------

CLICK2DONATE ရဲ့ ဒုတိယအကြိမ် 1M YOUTUBE VIEW PROJECT ပါခင်ဗျာ။

မင်္ဂလာပါခင်ဗျာ။
CLICK2DONATE ရဲ့ ပထမအကြိမ် 1M youtube view တုန်းက ကျွန်တော်တို့ သူရဲကောင်းတွေအတွက် သိန်း ခုနှစ်ဆယ်နီးပါး ရှာပေးလိုက်နိုင်တာဖြစ်ပါတယ်ခင်ဗျာ။

အခုဒုတိယအကြိမ် လုပ်လိုက်ကြရအောင်ခင်ဗျာ။

ကျွန်တော်တို့ ဒီတစ်ခါမှာတော့ ပိုက်ဆံ သုံးဆပိုရတယ်လို့ စာတွေမှာဖတ်ထားရတဲ့ ရှစ်မိနစ်ဗီဒီယိုတစ်ခုဖြစ်အောင် လုပ်ထားပါတယ်ခင်ဗျာ။

CLICK2DONATE ကနေပီးတော့
အမှန်တရားဘက်ကလူများအားလုံး၊
စစ်အာဏာရှင်ကို လက်မခံနိုင်သူများအားလုံး ၊
KPOP FANDOM အားလုံး Anime FANDOM အားလုံးနဲ့ အခြား FANDOM အစုံ အကုန်လုံး နဲ့အတူ ယခု video လေးကို အတူတူ 1M view ပြည့်အောင် ကြိုးစားကြဖို့ Challenge ခေါ်ပါတယ်ခင်ဗျာ။

page တွေ group တွေရဲ့ admin အကိုအစ်မများအနေနဲ့ မိမိတို့ ပေ့ချ်ကနေ ဒါလေးကိုပြန်တင်ပေးပြီး အားလုံးရဲ့ အားကို စုစည်းပေးကြပါဦးလို့ တောင်းဆိုပါတယ်ခင်ဗျာ။

1M VIEW VIDEO LINK>>>>

https://youtu.be/D6_j7GWvVzM

ဒီဗီဒီယိုလေးကို နောက်ထပ် 1M ပြည့်အောင် ဝိုင်း ကြည့်ပေး ကြပါစို့ခင်ဗျား။
သူက view 10 သိန်း ရအောင်ကြည့်ရမှာမို့ တစ်ခေါက်ထဲ တရက်ထဲမဟုတ်ပဲ သတိရတိုင်း ဝင်ဝင်ကြည့်ပေးကြပါနော် ကြည့်တိုင်းပိုက်ဆံရပါတယ်ခင်ဗျာ

သူက ဗီဒီယိုတစ်ခုထဲကို ဆက်တိုက်ပြန်ကြည့်နေရင် view count တာတွေ ရပ်တဲ့အတွက် တစ်ခါကြည့်ပီးရင် အဲ့ဒါကိုဆက်တိုက်မကြည့်ရပါဘူး ဒါကြောင့်
main video ကိုအစအဆုံးကြည့်ပေးပြီးရင်

၁. https://youtu.be/SWJbkCp3ZGQ

၂. https://youtu.be/twQI87XI8lU

၃. https://youtu.be/JQcTolwptt8

၄. https://youtu.be/x022BrXv_A4

ဒါလေးတွေကို ပြောင်းပြောင်းကြည့်ပေးလို့လဲရသလို ခဏနားပြီးတော့မှ ပြန်ကြည့်လဲရပါတယ်ခင်ဗျာ။ ကြည့်တဲ့ ဗီဒီယိုတိုင်းကနေ ပိုက်ဆံရနေမှာဖြစ်ပါတယ်ခင်ဗျာ

အသေးစိတ်
ဘယ်လို stream ရမယ်ဆိုတာမသိရင် ဒီလင့်မှာသွားကြည့်ပါခင်ဗျာ

https://www.facebook.com/click2donatemm/posts/132601049078227

18/08/2021

🌟မကြာခင် တိုက်ပွဲ ခေါ်သံ ကြားရပါမည်။

🪖တိုက်ပွဲ စတင်ရင် စကစမှ
☑️မီးဖြတ်
☑️ရေဖြတ်
☑️ရိက္ခာ ဖြတ်
☑️လမ်းပမ်းဆက်သွယ်ရေးဖြတ်
☑️တယ်လီဖုံးလိုင်း ဖြတ်

စသည်တို့ လုပ်လာပါမယ်။

🔥မီးဖြတ်ပါက ကြိုတင်ကာကွယ်ရန် ----
♂️မီးသွေး၊ ဂတ်မီးဖိုနဲ့ဂတ်များ၊ ဖယောင်းတိုင်၊ ဓါတ်မီးနဲ့ဓါတ်ခဲများ
ဆောင်ထားကြပါ။
♂️မီးစက် တက်နိုင်ပါက ဝယ်ယူထားပါ။

💧ရေဖြတ် ခဲ့သော် ---
♂️ရေကို အချိန်တိုင်း ရသလောက် ဆောင်ထားပါ။
♂️ရေကို သောက်ရေ၊ ထမင်းချက် အတွက်ပဲ သုံးပါ။
♂️ရေအရမ်းချိုးချင်လျှင် ရေပတ်ပဲတိုက်ပါ။
♂️မိမိ အနီးအနားမှ အိမ်နီးနားချင်း တွေ အတွက် သောက်ရေ ဝေမျှပေးပါ။
♂️ခြံနဲ့ နေတဲ့သူတွေ မီးစက်၊ရေမော်တာ နဲ့ လောင်စာဆီ ဆောင်ထားပါ။

🌭🧇ရိက္ခာအတွက် ---
♂️ကြာရှည်ခံပြီး အလွယ်တကူ ချက်ပြုတ်လို့ ရတာ သိမ်းစည်းထားပါ။

👮🧑‍✈️လုံခြုံရေး
♂️တံခါးအလွယ်တကူ ဖွင့်လို့ မရအောင် သော့များများ ခတ်ထားပါ။
♂️တတ်နိုင်လျှင် သံပန်း တပ်ထားပါ။
♂️အိမ်ထဲမှ နေပြီး တံခါးမဖွင့်ဘဲ အပြင်အခြေအနေ၊ အိမ်အရှေ့ ကြည့်လို့ရအောင် စီမံထားပါ။
♂️နောက်ဘေးမှ အရေးပေါ် ထွက်ပြေးနိုင်အောင် အရေးပေါ် လှေကား ပြုပြင်မွန်းမံထားပါ။
♂️ခြံနဲ့နေသူများ အရေးပေါ်အခြေအနေမှာ ခြံနောက်ကနေ ထွက်နိုင်အောင် အိမ်နီးနားချင်းတွေနဲ့ တိုင်ပင်ထားပါ။
♂️အိမ်နီးနားချင်းတွေနဲ့ ဆက်သွယ်လို့ ရအောင် ဘယ်သူမှ မသိနိုင်တဲ့ တံခါးခေါက် ပုံစံ မျိုးလုပ်ထားပါ။

🥷👬ကာကွယ်ရေး
♂️PDF တွေကို ကူညီပါ။
☑️စခ လမ်းကြောင်း ထောက်လှမ်း ပြီးသတင်းပေးပါ။
♂️PDF တွေ ပုန်းခိုဖို့၊ ရိက္ခာ၊ သောက်သုံးရေ လိုအပ်ပါက တတ်နိုင်သလောက်ပေးပါ။

⛑️🆘ဆေးဝါး၊ ဆေးပစ္စည်း
♂️မဖြစ်မနေ ဆောင်ထားပါ။
မိမိ အသုံးမလိုသော်လည်း လိုအပ်သူကို ပေးနိုင်သည်။

🔉🔈အထူးသတိ ပေးချက်
သေနက်သံ၊ ဗုံးသံ ကြားလျှင် --
♂️ကြောက်အား လန့်အားနဲ့ အပြင်ကို ပြေးထွက် ခြင်း မလုပ်ပါနဲ့။
♂️အပြင်အခြေအနေ ကြည့်ချင်ပါက အကာအကွယ် တခု ယူပြီး ကြည့်ပါ။
♂️မိမိ ချောင်းမြောင်းကြည့်ရှူ တာကို စခ တွေ မမြင်ပါစေနဲ့။
♂️မိမိ အိမ်တွင်းမှာ နေထိုင်ခြင်းသည်သာ အလုံခြုံဆုံး ဖြစ်သည်။

🐕‍🦺🦮မိမိ အိမ်ထဲကို စခတွေ ဝင်ရောက်ဖို့ တံခါးခေါက်လျှင် --

♂️မိမိမှာ သေနက်မရှိလျှင် --
ခုခံခြင်း မပြုပါ။
♂️လောက်လေးခွ၊ ဓါးတို့နဲ့ တိုက်ခိုက်ခြင်း မပြုပါနဲ့။
♂️သေနက်ကိုင်ထားသူကို လက်ရုံးနဲ့ တိုက်ခိုက်တာ မိမိအပြင် မိသားစုပါ အသက် အန္တရာယ် ရှိပါတယ်။
♂️တံခါး လုံးဝ မဖွင့်ပေးပါနဲ့၊
♂️အိမ်ထဲမှာ လူရှိကြောင်း အသံမပြုပါနဲ့။
♂️စခတွေ အိမ်ထဲ မလာခင် အထက်က ပြောသလို အိမ်နောက်ဖေးပေါက်ကနေ တိတ်တဆိပ် ထွက်ပြေးပါ။
♂️အိမ်နောက်ဖေးကနေ အိမ်နီးနားချင်း အိမ်တစ်အိမ်ဆီကို တံခါးခေါက် အမှတ်အသား ပြုပြီး ရှောင်တိမ်းပါ။
♂️မှတ်ချက်။ ။ တံခါးခေါက်ရင် ဖွင့်ပေးမယ် ဆိုတဲ့ အကြံပေးသူတွေ ရှိမှာပါ။

♂️တကယ်လို့ တံခါး ဖွင့်ပေးခဲ့သော်--
☑️ မိမိကို ဓါးစာခံ အနေနဲ့ ခေါ်နိုင်တယ်
☑️ တိုက်ပွဲ ဖြစ်ရာ နေရာမှာ ပေါ်တာဆွဲနိုင်တယ်
☑️ မိသားစုထဲမှာ လူငယ်ယောက်ျားရှိပါက PDF လို့ သတ်မှတ်ပြီး သတ်ပြစ်နိုင်သည်။ နှိပ်စက်နိုင်သည်။

🐈‍⬛🐈ဒဏ်ရာဖြင့် စခ အိမ်ရှေ့ရောက်လာခဲ့သော်
♂️သေနက်၊ ခဲယမ်းပစ္စည်း အရင်သိမ်းပါ။
♂️အိမ်ထဲခေါ်ပြီး လက်ပြန်ကြိုးတုတ်၊ ပါးစပ် အသံမထွက်အောင် အဝတ်စ ပါးစပ်ထဲ ထည့်ပြီး တိတ်နဲ့ စည်းပါ။
♂️ဒဏ်ရာကို ကုသပေးပါ။
♂️ရန်သူအားအင်ကြီးလျှင် မိမိကို အန္တရာယ်ပြုနိုင်လို့ အင်အားနည်းအောင်ထားပါ။(အစားအစာ၊ရေ မသေရုံကြွေးပါ၊ မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက်)
♂️မိသားစုမှ အလှည့်ကျ ခပ်ခွာခွာမှ နေပြီး အလှည့်နဲ့ စောင့်ကြည့်ပါ။
♂️လွတ်မြောက်နယ်မြေ ဖြစ်ရင် PDF လက်ထဲ ထည့်ပါ။

☎️📞သတင်: အချက်အလက်
♂️ဓါတ်ခဲသုံး Radio ကနေ သတင်းနားဆင်ပါ။ ရရှိတဲ့ သတင်းကို ပတ်ဝန်းကျင်ကို ဝေမျှပါ။
ဘယ်ဒေသ၊ ဘယ်ရပ်ကွက်၊ ဘယ်မြို့၊ ဘယ်တိုင်း တွေ လွတ်မြောက်နယ်မြေ ဖြစ်လာပြီ ဆိုတာ နေ့စဉ်နှင့် အမျှ ကြားရပါလိမ့်မယ် 👍
♂️လွတ်မြောက်နယ်မြေ ဖြစ်တဲ့ နယ်မြေဟာ မိမိတို့နေရာနဲ့ အနီးမှာဆိုရင် မကြာခင် မိမိတို့ လွတ်မြောက်တော့မယ် ဆိုတဲ့ အသိနဲ့ ဝမ်းမြောက်ပါ။
✊✊လုံးဝ စိတ်ဓါတ် မကျပါနဲ့။

💪နှစ်ပေါင်း ၆၀ ကျော် အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ အသက်တွေ ပေးလှူကြရအုံးမယ်

💪အခက်အခဲတွေ အများကြီး ဖြစ်မယ်။

✨ဒီတခါ နွေဦးတော်လှန်ရေးဟာ ထာဝရ ငြိမ်းချမ်းရေး ၊ အာဏာရှင် အမြစ်ဖျက်ရေး ဖြစ်လို့ ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ရမယ် ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး ကျော်ဖြတ်ရမှာပါ။

လိုအပ်မူ ရှိရင်လဲ ထည့်‌ဖြည့်ပါ။



#ငါတို့မှာငါတို့ရှိတယ်

GMSR-Gen Z
18/8/2021

12/08/2021

မြန်မာနိုင်ငံမှာ အခုလက်ရှိအချိန်ထိ သုံးနေတဲ့ ပညာရေးစနစ်က လွဲမှားနေသလား ?

ကျနော့်ကိုသာ အဲ့လိုမေးခွန်းမျိုးမေးလာခဲ့ရင်လေ , "အေး မှားနေတယ်သူငယ်ချင်း" လို့ပဲ ကြေကွဲစွာပြန်ဖြေမိမှာ။

ကျွန်တော်က ဆရာကြီးမဟုတ်သလို ဒီလိုစာတွေလဲ ရေးလေ့ရေးထနည်းပါတယ်။
အဓိကကတော့ ဝေဖန်ခံရမှာစိုးလို့။

ဒါပေမဲ့ , ဒီနိုင်ငံရဲ့ပညာရေးစနစ်ကလေ အမှားကြီးမှား‌နေတယ် ဆိုတာကိုတော့ လက်တို့သတိပေးမှဖြစ်တော့မယ်။
အဲ့တာကြောင့်ပဲ ရေးလိုက်မိတာ။
ပီးတော့ , ဒီလိုစနစ်အမှားကြီးတွေနဲ့ သင်နေမှန်းလဲ မသိပဲ , သင်သမျှစာတွေလိုက်မှတ်နေရတဲ့ ကလေးလေးတွေကို သနားမိတာကြောင့်ရော။

အခုခေတ်ကလေးတွေမသိပေမဲ့ ကျနော်တို့ခေတ်ကတော့ ကျူရှင်တက်မှ အမှတ်ကောင်းခဲ့တယ်။
( ကျူရှင်တောင် အတန်းပိုင်ကျူရှင်တက်တဲ့သူတွေကမှ ပိုပီးအမှတ်ကောင်းသလို အတန်းထဲမှာလဲ ပိုအလေးပေးခြင်းခံကြရပါတယ် )

အဲ့ဒီကနေစပီး တောက်လျှောက်ကို အလွဲကြီးလွဲတော့တာပဲ။
နိုင်ငံတကာမှာ Tuition (ကျူရှင်) ဆိုတာကလေ ,
စာမလိုက်နိုင်တဲ့ ( ငွေရေးကြေးရေး အခက်အခဲတွေကြောင့် အတန်းပုံမှန်မတက်နိုင်တဲ့ ) ကျောင်းသား/သူတွေအတွက် သီးသန့်ခေါ်ယူပီး ဂရုတစိုက်နဲ့အနီးကပ် လေ့ကျင့်ပေးကြတဲ့ စနစ်တစ်မျိုးပါ။

အခု ဒီနိုင်ငံမှာတော့ အဲ့ကျူရှင်တွေကို ဈေးကြီးပေး သွား‌တက်နေရသတဲ့။
မိဘတွေကိုယ်တိုင်ကိုကလဲ နာမည်ကြီးတဲ့နေရာတွေကို မရမကလိုက်ရှာပီး လိုလိုလားလားနဲ့ ကိုယ့်သားသမီးကိုယ် ပို့တတ်ကြတယ်။

သင့်မိဘတွေ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းဟာ သင့်ကို "စာမေးပွဲမှာ အမှတ်ကောင်း" စေချင်တဲ့ ရည်ရွယ်ချက်တခုထဲကြောင့်ပဲ ဖြစ်လိမ့်မယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။
လွဲနေတာတွေက အများကြီးကျန်နေသေးတယ်။

အဲ့တာတွေကို ကျွန်တော်တခုချင်းစီ ထောက်ပြမယ်နော်။

🅝🅞.1 ဒဏ်ပေးတဲ့အနေနဲ့ ရိုက်တယ်ဆိုတဲ့ အပ်ကြောင်းထပ်နည်းလမ်း။

လူပဲဗျာ , အမှားဆိုတာ တခါမဟုတ် တစ်ခါတော့ရှိနေမှာပဲ။ ရှိလာမှာပဲ။
ကျွန်တော်ဆို ခနခန အမှားတွေလုပ်မိတတ်တယ်။
အမှားအကြိမ်ကြိမ်လုပ်မိပီးမှ အဖြေမှန်ကိုရလာအောင် လုပ်ယူတဲ့သူမျိုး။
ကျွန်တော့်လိုလူစားမျိုးတွေသာ အများကြီးရှိနေသေးရင် ဒီစနစ်ကြီးနဲ့ ဘယ်လိုလုပ်ကြမလဲ ?

🅝🅞.2 ဆရာတွေ ဘက်လိုက်တဲ့အချက်။

ဆရာတိုင်းမဟုတ်ပေမဲ့ တစ်ချို့ဆရာတွေကျလေ စာသင်တာတောင် အတော်လေးကို ဘက်လိုက်တာ သိလား။
လတိုင်းအဆင့်တွေမြင့်ပီး ညဏ်ကောင်းတဲ့သူမျိုးဆိုရင် ပိုအလေးထားပီး သင်ပေးလေ့ရှိတယ်။
အဲ့တာကလဲ ဘယ်ကလေးကတော့ သူတို့လက်အောက်ကထွက်တာပါဆိုတဲ့ (Reputation) နာမည်ရအောင်လို့ပဲ :3

🅝🅞.3 ကတော့ English စာကို Speaking ပိုင်းကမစပဲ Writing ပိုင်းကနေ စသင်တဲ့အချက်ပဲ။
ILBC တို့ The Irrawady တို့လို ကျောင်းတွေကမှမဟုတ်ရင် , ကြိုက်တဲ့ မြန်မာပြည်ကျောင်းသားတယောက်ကို လှမ်းဆွဲပီး English လိုမေးကြည့်လိုက်။

အသက် 16 နှစ် လောက်အထိ English စာကို နှစ်တိုင်းသင်ခဲ့ရပေမဲ့ တကယ်တမ်းလက်တွေ့ English လိုပြောဖို့ကျ ကြောက်တဲ့သူနဲ့ , ရှက်တဲ့သူနဲ့။
အဲ့တာမျိုးက ကျောင်းသားတွေကို အပြစ်သွားပြောလို့လဲမရဖူး။ စသင်ကထဲကိုက Speaking ကနေ စသင်ပေးခဲ့ရမှာလေ။

🅝🅞.4 ကကျ ဒါကျက် , ဒါမေး , ဒါဖြေစနစ်။

ကျွန်တော့်လို မှတ်ညဏ်သိပ်မကောင်းတဲ့ ကျောင်းသားမျိုးအတွက်တော့ ဒါကြီးက လုံး၀ကို Nightmare တစ်ခု ဖြစ်ခဲ့တယ်။
စာမေးပွဲမှာ , ညဏ်စမ်းတို့ , မေးခွန်းလှည့်တာတို့ဆိုရင်ကို ကျွန်တော့မှာပျော်နေရတာ။

🅝🅞.5 အချက်က

သင်ထောက်ကူတွေ ဘာတစ်ခုမှ လုံလုံလောက်လောက်မရှိတာပဲ။
ဥပမာ - ကားဆိုတဲ့ သင်ထောက်ကူလိုအပ်တဲ့ စက်ပစ္စည်းမျိုးကို ကျောက်သင်ပုန်းမှာပဲ ဒီအတိုင်းကြီး "ကား" ဆိုတဲ့စာလုံးလေးနဲ့ ပီးစလွယ်သင်လိုက်တာမျိုး။
Studying must be fun ဗျာ သိလား။
အခုကျတော့ ဘယ်မလဲ Fun ဖြစ်ရမဲ့နေရာ ?

🅝🅞.6

ကွန်တော်တို့ကျောင်းသားတွေဟာ ငါတို့ဘာကြောင့် ဒီစာကိုသင်နေရလဲဆိုတဲ့ ရည်ရွယ်ချက်ကိုမသိရရှာဘူး။

ဆရာတွေအနေနဲ့ကလဲ စာဆိုစာပဲတတ်ကြတာများတော့ လက်တွေ့နဲ့စာတွေ့ကို ပူးတွဲပီးမသင်ပေးနိုင်ကြတဲ့အတွက် လက်တွေ့မှာ ဒီပညာတွေကို ဘယ်လိုအသုံးချရမလဲ‌ဆိုတာ သိခဲ့တဲ့ကျောင်းသား အတော်နည်းတယ်။

🅝🅞.7 စာကိုအော်"ပီး ကျက်ခိုင်းတဲ့ မိဘတစ်ချို့။

စာကျက်တယ်ဆိုတာလေ သီချင်းဆိုတာနဲ့ သဘောတရားချင်းက အတူတူပဲရယ်။
ကျွန်တော်တို့ဦး‌နှောက်ရဲ့ သဘောတရားကိုက ခနခနလုပ်ဆောင်လေ့ရှိတဲ့ အရာတွေကို မှတ်ထားလေ့ရှိတယ်။
ဆိုတော့ , မှတ်တာတော့မှတ်မိပါမယ်။
ဒါပေမဲ့ , အဲ့စာရဲ့ တကယ်ပေးထားတဲ့ Message ကို ဘာမှန်းမသိပဲ ဘလိုင်းကြီးကျက်တော့ , Brain မှာရှိနေတဲ့ "ဝေဖန်စိတ်ဖြာ တွေးတောနိုင်စွမ်း" ဟာ တဖြေးဖြေးနဲ့ နည်းပါးသွားရော။

🅝🅞.8

ကျောင်းတွေမှာလေ စာဆိုစာချည်းပဲ ဖိပီးအသေလုပ်ခိုင်းကြတော့ တီထွင်ကြံဆနိုင်စွမ်း (Creativity) နဲ့ကိုယ်ကာယကျန်းမာရေး (Healthy) ပိုင်းတွေအတွက်က အချိန်လွတ်မရှိနေတော့ဘူး။

ပြောရရင် , ရသချိန်တို့ , ကာယချိန်တို့ဆိုတာ အဲ့တာတွေအတွက် သီးသန့်ပေးထားတဲ့ အချိန်တွေလေ။
အဲ့တာတွေကို စာရင်းကြီးထဲမှာပဲထည့်ရေးထားပီး လက်တွေ့ကျတော့ အဲ့အချိန်တွေမှာ အချိန်ပို၀င်တာတို့ , မြက်နှုတ်ခိုင်းတာတို့က လုံး၀မဖြစ်သင့်ပါဘူး။

🅝🅞.9 ကတော့ , ရွေးချယ်နိုင်မဲ့ Career လမ်းဟာ အရမ်းကြီးကို နည်းပါးလွန်းနေတာပဲ။

မိဘတွေဖြစ်စေချင်တဲ့ Life Career ကတမျိုး , ကိုယ်ဖြစ်ချင်တဲ့ Career ကတမျိူး။
အဲ့နှစ်မျိုးကြားထဲမှာမှ , မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် သင်ကြားပြသပေးနိုင်မဲ့ ဆရာကောင်းရှားတာရယ် , ဆယ်တန်းအမှတ်နဲ့တင် Career တစ်ခုလုံးကို အဆုံးဖြတ်ခံလိုက်ရတာတွေရယ်ကြောင့် ပထမဆုံးတစ်ခုကိုပဲ ရွေးချယ်လိုက်ရတာတွေ များပါတယ်။

ကျနော်တို့ခေတ်ကတော့ ကုန်သွားပီ။
ပြန်ပြင်လို့ မရတော့ပါဘူး။
အခုလိုတွေပြောနေရတာကလဲ နောင်တချိန်မှာ အဖြူအစိမ်းလေးတွေနဲ့ ကျောင်းတက်ကြရဦးမဲ့ ကလေးတွေအတွက်။

သူတို့လေးတွေရဲ့ခေတ်မှာတော့ ပြောင်းလဲလာစေချင်ပီခင်ဗျာ။
နောက်ပိုင်းမှာ ပညာသင်ကြားကြမဲ့ ကလေးတွေကိုလေ , "What to think" မဟုတ်ပဲ "How to think" သဘောတရားနဲ့ပဲ သင်ကြားရစေချင်မိတယ်။
တကယ်လဲ မျှော်လင့်တယ်။

စစ်မှန်တဲ့ Education System ဆိုတာ "လိုအပ်" လို့မဟုတ်ပဲ "လိုချင်" လို့ သင်ကြားနေရခြင်းမျိုးသာ ဖြစ်သင့်တယ်လေ။
"𝗖𝗮𝘂𝘀𝗲 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙣𝙜 𝙩𝙝𝙚 𝘽𝙧𝙖𝙞𝙣 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙣𝙜 𝙩𝙝𝙚 𝙃𝙚𝙖𝙧𝙩 𝗶𝘀 𝙣𝙤𝙩 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝙖𝙩 𝙖𝙡𝙡"

#𝙴𝚍𝚠𝚊𝚛𝚍
( အကိုးအကား crd - Google , Me and My Brain )

14/07/2021

(Updated in July 13, 2:32 PM)

▶️အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ?

လူနာကို ဘယ်လောက် L/min ရှူခိုင်းမှာလဲ? Oxygen Cylinder vs Oxygen Concentrator
https://m.facebook.com/story.php?story_fbid=1433748147007233&id=100011161833724

▶️အောက်ဆီဂျင်အိုး အသုံးပြုပုံ အဆင့်ဆင့်
https://www.facebook.com/groups/yangonoxygensearch/permalink/1223023301451929/

▶️အောက်ဆီဂျင်အိုး အသုံးပြုသူများအတွက် ဆောင်ရန်‌၊ ရှောင်ရန်များ
https://www.facebook.com/groups/yangonoxygensearch/permalink/1223019688118957/

▶️ဖုန်းနဲ့ အောက်ဆီဂျင် ဘယ်လောက်ကျန်လဲ တွက်နည်း
https://www.facebook.com/groups/yangonoxygensearch/permalink/1223005888120337/

▶️Oxygen Concentrator များအကြောင်း
https://m.facebook.com/story.php?story_fbid=4335465409805699&id=100000268491319

▶️Oxygen Concentrator ဘယ်လိုရွေးမလဲ
https://m.facebook.com/story.php?story_fbid=4336583833027190&id=100000268491319

▶️အောက်ဆီဂျင်ပြန်ဖြည့်နိုင်သော နေရာများ
https://www.facebook.com/groups/yangonoxygensearch/permalink/1222821148138811/

https://m.facebook.com/story.php?story_fbid=298322502023737&id=107690241086965

https://www.facebook.com/groups/yangonoxygensearch/permalink/1223033731450886/

▶️အောက်ဆီဂျင်ရနိုင်မဲ့နေရာများကို ဖုန်း၊ကွန်ပျူတာနဲ့ကြည့်ရှုနည်း
(Collected data files/App/Website)
https://m.facebook.com/story.php?story_fbid=10227789116621215&id=1468239958

▶️ဆရာ၀န်‌ေတွကိုအွန်လိုင်းကနေ တိုက်ရိုက်မေးရန်
https://m.facebook.com/story.php?story_fbid=350078663154547&id=100044572473209

▶️အောက်ဆီဂျင်ကျတဲ့အခါ ဘယ်လိုအနေထားနဲ့နေရမလဲ
https://www.facebook.com/groups/oxygenforyangon/permalink/1224428297978096/

▶️Telegram bot အသုံးပြုပြီး အောက်ဆီဂျင် ရနိုင်မဲ့နေရာတွေကို အလွယ်တကူရှာနည်း
https://m.facebook.com/story.php?story_fbid=4379528675424690&id=100001028011321

🍊အဆုတ်အားကောင်းအောင် ဘာတွေစားရမလဲ
https://www.facebook.com/aungyatanaroil/posts/2631920813776983

▶️Oxygen ဘာနဲ့ပေးမလဲ၊ ဘယ်လောက်ပေးမလဲ
https://m.facebook.com/groups/oxygenforyangon/permalink/1224874554600137/

🍊 Vitamin C,D / Zinc အတွက် ဘာတွေစားမလဲ
https://m.facebook.com/story.php?story_fbid=3984885768286678&id=100002958832760


06/07/2021

ခု မဆိုငိသေးရင် တောင် save ထား မမှားပါဘူး

O2 ဘယ်လောက်ခံမလဲတွက်နည်း
https://www.facebook.com/1482350351/posts/10226157255466176/?d=n

လူနာအား အောက်ဆီဂျင်ပေးနည်း
https://www.facebook.com/165529717310719/posts/1068122670384748/?d=n

Charity C-19 call centre
https://www.facebook.com/103260848694225/posts/103774195309557/?d=n

Covid သံသယရှိလာရင် စစ်လို့ရမယ့်နေရာများ
https://www.facebook.com/107690241086965/posts/299910385198282/?d=n

အောက်ဆီဂျင်အိုး အသုံးပြုပုံအဆင့်ဆင့်
https://www.facebook.com/107690241086965/posts/298975135291807/?d=n

အောက်ဆီဂျင်အိုးအသုံးပြုသူများအတွက် ဆောင်ရန် ရှောင်ရန်
https://www.facebook.com/107690241086965/posts/298975348625119/?d=n

ရန်ကုန်မှာ O2 ရနိုင်မယ့်နေရာများ
https://www.facebook.com/100001410463017/posts/4278617145528592/?d=n

ရန်ကုန်မြို့အတွင်း အရေးပေါ်ဖြစ်လာခဲ့ရင် ဆက်သွယ်အကူညီတောင်းလို့ရမည့် လူမှုကယ်ဆယ်ရေးနှင့်ပရဟိတအသင်းများ
https://www.facebook.com/107690241086965/posts/294803192375668/?d=n

15L oxygen cylinder ဝယ်ယူရန် ( currently out of stock)
https://www.facebook.com/726809157655430/posts/1438724533130552/?d=n

မန္တလေးမှာ O2 ရနိုင်မယ့်နေရာများ
https://www.facebook.com/107690241086965/posts/298322988690355/?d=n

မန္တလေးမြို့အတွင်း အရေးပေါ်ဖြစ်လာခဲ့ရင် ဆက်သွယ်အကူညီတောင်းလို့ရမည့် လူမှုကယ်ဆယ်ရေးနှင့်ပရဟိတအသင်းများ
https://www.facebook.com/107690241086965/posts/290531612802826/?d=n

29/06/2021

ကျနော်တို့ကိုယ်တိုင်ကိုက ဒလံတွေဖြစ်မနေပါစေနဲ့
ကျနော်တို့ကြောင့် ဘယ်သူမှ ထပ်ပြီး ဒုက္ခရောက်ပါစေနဲ့
လှုပ်ရှားမှုမှန်သမျှကို Online ပေါ်မတင်ခြင်းဖြင့်
PDF များကိုကာကွယ်ပါ

ထပ်ပြောပါမယ်
ကျနော်တို့ကိုယ်တိုင်ကိုက ဒလံတွေဖြစ်မနေပါစေနဲ့

Address

Insein

Alerts

Be the first to know and let us send you an email when Resort Gameland posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Resort Gameland:

Videos

Share


Other Gaming Video Creators in Insein

Show All