Htet wai yan

Htet wai yan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet wai yan, News & Media Website, Indan.

KFC
17/01/2024

KFC

How...
17/01/2024

How...

24/04/2022
18/04/2022
17/04/2022
အလိုတွေဖြစ်နေတာကို ကျွန်တော် ကတော့မပျော်နိုင်သေးပါဘူးဗျာ😔
15/04/2022

အလိုတွေဖြစ်နေတာကို ကျွန်တော် ကတော့မပျော်နိုင်သေးပါဘူးဗျာ😔

"ကျနော်တို့ကို ဥပေက္ခာပြုနိုင်သူတွေ ဒီသင်္ကြန်မှာပျော်ပါစေ " ဆိုတဲ့ တော်လှန်ရေးရဲဘော်လေးတွေ
13/04/2022

"ကျနော်တို့ကို ဥပေက္ခာပြုနိုင်သူတွေ ဒီသင်္ကြန်မှာပျော်ပါစေ " ဆိုတဲ့ တော်လှန်ရေးရဲဘော်လေးတွေ

05/04/2022

အချိန်တန်ရင်

29/03/2022

ငါတို့ဘဝတွေကခါးတယ်

တစ်ချို့တွေကတော့

ကျောင်းတွေပိတ်တော့မာမလို့ပျော်နေနိုင်ကြတယ်

ငါတို့မှာတော့

2020,2021,2022 ၃နစ် တောင် ကျောင်းမတက်ပဲနေခဲ့ရတာ တကယ်နစ်နာတယ်

28/03/2022
24/03/2022

𝚃𝚑𝚒𝚜 𝚙𝚘𝚎𝚖 𝚒𝚜 𝚟𝚎𝚛𝚢 𝚖𝚎𝚊𝚗𝚒𝚗𝚐𝚏𝚞𝚕.
#စမအ

11/03/2022

မီးတွေ ၂၄ နာရီ ပျက်မယ် ဆိုပြီး အသံလွှင့် လိုက်တော့ လူတွေ ပူညံ ပူညံ ဖြစ်ကုန်တယ်။ ပြီးတော့မှ တကယ် မပျက်ပါဘူး၊ အချိန်ပိုင်း လောက်ပဲ ဖြတ်မှာပါ ဆိုတော့ တော်ပါသေးရဲ့ ဆိုပြီး စိတ်သက်သာ သွားကြတယ်။ အဲဒီမှာ အရင်ကလို ၂၄ နာရီ မီးလင်းခဲ့တဲ့ အခြေအနေ ပြန်မရောက်တာကို လက်ခံနိုင် သွားကြတယ်။

ညဘက်တွေ ၈ နာရီကနေ မနက် ၆ နာရီ အထိ အပြင်ထွက်ခွင့် ပိတ်ထားတုန်းက လူတွေ အဆင်မပြေ ဖြစ်ကြတယ်။ နောက်ပိုင်းမှာ ၁၀ နာရီ ကနေ ၄ နာရီ ဆိုပြီး ပြန်လျှော့ ပေးလိုက်တဲ့ နည်းနည်း လှုပ်သာ လှည့်သာ ရှိသွားတယ်။ အဲဒီမှာ အရင်ကလို စိတ်ကြိုက် သွားလာလို့ ရတဲ့ အခြေအနေ ပြန်မရောက် တာကို လက်ခံ သွားကြတယ်။

ဆီစျေးတွေ ၂ ထောင်ကျော် အထိ တက်သွားတော့ သွားရေး လာရေး တော်တော် ခက်ခဲ ကြတယ်။ တကယ်လို့များ ၁၀၀-၂၀၀ လောက် ပြန်ကျပြီး ၁၈၀၀-၁၉၀၀ ဝန်းကျင်လောက် ပြန်ဖြစ်ရင် တော်သေးတယ်လို့ တွေးကြမှာပဲ။ အရင်လို တစ်ထောင်ဝန်းကျင်နဲ့ ရတဲ့ အခြေအနေ ပြန်မရောက်တာကို လက်ခံသွားကြ လိမ့်မယ်။

အဲဒါ အာဏာရှင်တွေ လုပ်နေကြ အကွက်တွေကို ဥပမာ ပြောပြတာ။ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးနဲ့ သက်သာ ချောင်ချိမှု တွေကို အတင်း အဓမ္မ သိမ်းယူပြီးမှ သူတို့ မထိခိုက်ရုံ မစို့မပို့လေး ပြန်ပေးတာ။
အဲဒီ မစို့မပို့နဲ့ အသားကျ သွားရင် တစ်သက်လုံး မစို့မပို့ပဲ နေရတော့မှာ။
အခွင့်သာခိုက်မှာ ရုန်းမထွက်ကြရင် တစ်သက်လုံး မစင်တွင်း ထဲမှာပဲ ပျော်ပိုက်နေ ရလိမ့်မယ်။

Zin Thaw Naing ရေးသားသည်။

Photo: Crd

05/03/2022

ရန်ကုန်တွင် PDF ၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီး၊ ပခုက္ကူတွင် ကျောင်းသား ၄ ဦးနှင့် ပြည်သူ ၁ ဦး အဖမ်းခံရ

ရန်ကုန်၊ မတ် ၅

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဗောဓိကုန်းရက်ကွက်တွင် ငါးအိမ်စုကျေးရွာသို့ ပြန်လာသည့် PDF လူငယ် ၂ ဦးကို စစ်တပ်က မတ်လ ၁ ရက်နေ့တွင် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး PDF လူငယ် ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ကာ ဖမ်းဆီးခံရသော PDF လူငယ် ၁ ဦးမှာလည်း စစ်ကြောရေးတွင် သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပစ်ခတ်ဖမ်းဆီးခံရသော PDF လူငယ်၁ ဦးသည် ခြေထောက်ကို ကျည်ထိမှန်ခဲ့ကာ စစ်တပ်က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ဗထူးလမ်းမပေါ်ရှိ ဇော်ကြီးကားဝပ်ရှော့အနီးတွင် မတ်လ ၃ ရက်နေ့ ည ၁၀ နာရီ‌ခန့်အချိန် လူငယ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးလိုက်ပါလာသည့်ကားကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်တိုက်ပြီး ကားပေါ်ပါလာသူများကို ရိုက်နှက်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်း ဗထူးလမ်းမအတိုင်း မောင်းနှင်လာသော လူငယ် ၄ဦးလိုက်ပါလာသည့် ကားကို စစ်ကားက ဝင်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ခဏအကြာတွင် ကား ၃စီးဖြင့် အရပ်ဝတ်များ ထပ်မံရောက်ရှိလာကာ လူငယ်များကို ရိုက်နှက်ခြင်းများ လုပ်ဆောင်ပြီး သေနတ် ၂ချက် ပစ်ဖောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ထို့ပြင်ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ၄၄ ရပ်ကွက် ကျောက်စိမ်းလမ်းရှိ ပြည်သူပိုင် နေအိမ် ၁လုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၃ရက်နေ့ ည ၁၁နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး သားအဖ ၂ ဦးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

မကွေးတိုင်း ပခုက္ကူမြို့ ပေါက်လမ်းနှင့် မြို့ရှောင်လမ်းဆုံ၊ လယ်ယာရွာအနားရှိ ပေါက်လမ်းပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက စစ်ဆေးရေးလုပ်ဆောင်နေစဉ် မတ်လ ၄ရက်နေ့ မွန်းလွဲပိုင်းတွင် အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၁ဦး စီးနင်းလာသည့် ဆိုင်ကယ်အား အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင်း အမျိုးသမီး ၁ဦးခြေထောက် ကျည်မှန်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Pakokku city and University News အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

" မြို့ရှောင်လမ်းဆုံမှာ အပစ်ခံရတဲ့ အမျိုးသမီးဟာ မသေပါဘူး။ ပခုက္ကူ ဆေးရုံကြီးကို ရောက်နေတယ်လို့ သိရတယ်။ ပေါင်ရင်းကို ကျည်ထိသွားတာတဲ့ သူနဲ့ အတူ စီးလာတဲ့ အမျိုးသားကိုတော့ ဖမ်းသွားတယ်လို့ သိရတယ်" ဟု Pakokku city and University News အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

နောက်ဆက်တွဲအနေဖြင့် ပခုက္ကူတွင် လူငယ် ၂ဦးကို စစ်တပ်က ထပ်မံ ဖမ်းဆီးခဲ့ပြီးနောက် ပခုက္ကူမြို့ အမှတ်၁၅၊ ၁လမ်းရှိ ပြည်သူပိုင် နေအိမ် တစ်အိမ်ကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပခုက္ကူတွင် ဖမ်းဆီးခံရသော ကျောင်းသား လူငယ် ၂ ဦး ။

22/02/2022
02/02/2022

စစ်ကောင်စီ၏ စစ်ကြောင်း ပြန်လည်ထွက်ခွာသွားသည့်နောက်တွင် မွှေ့လယ်ရွာအနီး၌ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ထား...

အလွတ်တန်းဓာတ်ပုံ သတင်းထောက်တစ်ဦး စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး ၃ ရက်အကြာတွင် သေဆုံး ( English below) ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ဒီ...
15/12/2021

အလွတ်တန်းဓာတ်ပုံ သတင်းထောက်တစ်ဦး စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး ၃ ရက်အကြာတွင် သေဆုံး ( English below)

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်သလို အလွတ်တန်းဓာတ်ပုံသတင်းထောက်လည်း ဖြစ်သည့် ကိုစိုးနိုင်သည် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရပြီးနောက် ၃ ရက်အကြာတွင် စစ်ကြောရေးစခန်း၌ သေဆုံးသွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက အတည်ပြု ပြောကြားသည်။

ဒီဇင်ဘာလ ၁၀ ရက် တိတ်ဆိတ်ခြင်း သပိတ်အား ဓာတ်ပုံရိုက်ကူးနေစဉ် လသာမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

" ကိုစိုးနိုင်က ခပ်အေးအေးရယ် ။ စကားတောင် သိပ်ပြောတဲ့သူမဟုတ်ဘူး ။ အဲဒီလောက် မထင်ထားဘူး" ဟု ကိုစိုးနိုင်၏ မိသားစုနှင့် နီးစပ်သူတချို့ကပြောသည်။

ဖမ်းဆီးခံရစဉ်က ကိုစိုးနိုင်နှင့်အတူ အခြားတစ်ဦးပါဝင်ပြီး ယင်း၏ အခြေအနေနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံးခဲ့သူပေါင်း ၉၀ ခန့်ရှိပြီဖြစ်ပြီး ကိုစိုးနိုင်သည် ပထမဦးဆုံး စစ်ကြောရေးတွင် သေဆုံးသည့် မီဒီယာသမားဖြစ်သည်။

A freelance photographer killed by junta forces

December 14, Yangon

Ko Soe Naing, a freelance photographer and graphic designer, was killed in the interrogation after three days of arrest by security forces, said relatives and friends.

He was arrested on 10 December while taking photos of the silent strike in Latha Township, Yangon, and killed as a result of torture by junta security forces.

"He's a quiet person who doesn't talk a lot. I can't believe it," a closed friend told BAP.

With him, one photographer was also arrested but BAP was unable to confirm it.

About 90 people were killed in the interrogation following their arrest and Ko Soe Naing became the first journalist killed in the interrogation.

Burma Associated Press

07/12/2021

ချင်းပြည်နယ် မင်းတပ်မြို့မှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် မိခင်သေဆုံးပြီး အသက် ၂ နှစ်အရွယ် သမီးဖြစ်သူ ခ....

07/12/2021
ကာတွန်း-နာနတ်သီး
23/11/2021

ကာတွန်း-နာနတ်သီး

"၆.၃ သန်း"စတင်ဖွင့်လှစ်ရောင်းချချိန်ကနေ ၂ နာရီအတွင်းမှာပဲ အမေရိကန်ဒေါ်လာ (၂) သန်းရရှိပြီး အဖွင့်လှခဲ့တဲ့ NUG နွေဦးတော်လှ...
23/11/2021

"၆.၃ သန်း"

စတင်ဖွင့်လှစ်ရောင်းချချိန်ကနေ ၂ နာရီအတွင်းမှာပဲ အမေရိကန်ဒေါ်လာ (၂) သန်းရရှိပြီး အဖွင့်လှခဲ့တဲ့ NUG နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်ကို ပြည်သူလူထုက ဆက်လက်ဝယ်ယူအားပေးနေတာကြောင့် မနေ့ကည ၁၂ နာရီအထိ စာရင်းတွေအရ အမေရိကန်ဒေါ်လာ ၆.၃ သန်း ရောင်းချခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်လိုကြတဲ့ ပြည်သူလူထုရဲ့ စိတ်အားထက်သန်မှုကို မျက်ဝါးထင်ထင် ထပ်မြင်လိုက်ရသလိုပါပဲ။
မဝယ်ယူရသေးသူတွေအနေနဲ့ အောက်ပါလင့်ခ်မှာ သွားရောက်ဝယ်ယူနိုင်ပါတယ်။
https://www.unitedbonds-nug.org/

"စာနာ နားလည်မှု"ကာတွန်း - ဘီလူး   #ကာတွန်း
19/11/2021

"စာနာ နားလည်မှု"

ကာတွန်း - ဘီလူး

#ကာတွန်း

18/11/2021

စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် အဓမ္ဓပြုကျင့်ခြင်းအပြင် မရိုင်ဗန်း (အမည်လွှဲ) ၏ အမျိုးသမီးအင်္ဂါကို ပါ က.....

https://www.facebook.com/121507374560090/posts/5081198125257632/
18/11/2021

https://www.facebook.com/121507374560090/posts/5081198125257632/

စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် အဓမ္ဓပြုကျင့်ခြင်းအပြင် မရိုင်ဗန်း (အမည်လွှဲ) ၏ အမျိုးသမီးအင်္ဂါကို ပါ က.....

Breaking News_ယနေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က ရွှေတိဂုံဘုရားတောင်ဘက်မုခ် ကားကွင်းတွင်တာဝန်ကျနေသည့် စစ်ကောင်စီရဲတပ်သားတယ...
18/11/2021

Breaking News_

ယနေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က ရွှေတိဂုံဘုရားတောင်ဘက်မုခ် ကားကွင်းတွင်တာဝန်ကျနေသည့် စစ်ကောင်စီရဲတပ်သားတယောက်ကိုင်ဆောင်ထားသောသေနတ်မှ ကျည်ထွက်ပြီး ဘုရားဖူးအမျိုးသား ၁ ဦးအားထိမှန်ခဲ့ရာ လူနာကို ရွှေတိဂုံလူနာတင်ကားဖြင့် အမှတ်(၂)စစ်ဆေးရုံ သို့ပို့ဆောင်လိုက်သည်ဟု သိရသည်။

ယခုလက်ရှိဖော်ပြချိန် ၁ နာရီ ၂၀ မိနစ်ခန့်အချိန်တွင် အဆိုပါဒဏ်ရာရသောအမျိုးသားမှာ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအချက်အလက်မှ သိရသည်။

Nov 18
Sa J MM

ရွှေတိဂုံရင်ပြင်တော်ပေါ်က ဘုရားဖူးပရိတ်သပ်များ

ရေစကြိုမြို့ မအူရဲစခန်း သိမ်းပိုက်၊ မီးရှို့ဖျက်ဆီးခံရ ---------------------OAK မကွေးတိုင်း၊ ရေစကြိုမြို့ မအူရဲစခန်းအား ...
18/11/2021

ရေစကြိုမြို့ မအူရဲစခန်း သိမ်းပိုက်၊ မီးရှို့ဖျက်ဆီးခံရ
---------------------
OAK

မကွေးတိုင်း၊ ရေစကြိုမြို့ မအူရဲစခန်းအား ယနေ့ နိုဝင်ဘာလ ၁၈ ရက် နေ့လယ်၂ နာရီ ဝန်းကျင်တွင် ဒေသခံ ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားအဖွဲ့က ဝင်ရောက် သိမ်းပိုက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

တစ်နာရီကျော်ကြာ တိုက်ပွဲအပြီး မအူကုန်းရဲစခန်းမှ လက်တော့ တစ်လုံး၊ ဆိုင်ကယ် လေးစီး၊ ဗုံးသီး တစ်လုံးနှင့် ကျည်များအပါအဝင် စာရွက်စာတမ်းများအား သိမ်းဆည်းပြီး စခန်းအားမီးရှို့ခဲ့ကြောင်း Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲအတွင်း ရဲ နှစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ပြီး စခန်းကို စွန့်ခွာထွက်ပြေးကြကြောင်း သိရသည်။

ထိုပစ်ခတ်မှုအပြီး စစ်ကောင်စီ၏ ရဟတ်ယာဉ်များ ပျံသန်းလာသည့်အတွက် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဘီဘီစီ သတင်းဌာနကို ပြောကြားထားသည်။

မအူရဲစခန်း တိုက်ခိုက်မှုကို People Defense Force Yesagyo ၊ Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) နှစ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Address

Indan

Website

Alerts

Be the first to know and let us send you an email when Htet wai yan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share