26/01/2024
လူဆိုတာ တစ်ခါတစ်လေကျတော့ အထင်ကြီး၊ လေးစား ရိုသေမှု ခံရတဲ့ အချိန်ပိုင်းရှိသလို ..ကိုယ့်ကို အဖက်မလုပ်
ခံရတဲ့ အချိန်မျိုးလည်း ရှိတက်တယ်။
ကိုယ့်ကို ရိုသေလေးစားမှု အလေးထားမှု မရှိဘူး အဖက်
မလုပ်ကြတော့ဘူး။
ဘယ်ဟာဘဲ ဖြစ်ဖြစ် လူရိုသေ ခံရတဲ့ အခါမှာလည်း
အထင်မကြီးနဲ့။...
လူတကာက အဖက်မလုပ်ဘူးဆိုလည်း စိတ်ဝမ်းမနည်းနဲ့
ဒါတေဟာ အဓိက မဟုတ်ဘူး။...
ကိုယ့်မှာ အဓိက ကတော့ ကိုယ်ကျင့်သီလပြည့်စုံမှု က
အဓိက။
ကုသိုလ်ကောင်းမှု ရနေဖို့က အဓိက၊စိတ်ကောင်း
နှလုံးကောင်းထားလို့ အသိပညာတွေ တက်ဖို့ရာ
အဓိကလို့။
ပညာနဲ့ အသက်မွေးဖို့ ဆင်ခြင်သုံးသပ်နေဖို့က အဓိက
အဲဒီကျလို့ရှိရင် လူမသိ သူမသိ ကိုယ့်ကို မလေးစားဘူးဆို ဘာမှ မလုပ်နဲ့။...
ဉပုသ်စောင့်လိုက်မယ်နော် တရားနာနေမယ်။ ပညာသင်
နေမယ်။ ကိုယ့်ဟာကို တက်အောင် ကုသိုလ်ရအောင်နေ
လိုက်မယ်။
အဲဒါ အဓိက
လူမသိတော့လည်း ပိုကောင်းတာပေါ့။
စကားပြောခွင့်မရှိတော့ ပိုပြီးတော့ ကုသိုလ်ရတာပေါ့
တရားအားထုတ်ဖို့ အချိန်တွေ ပိုရလာတယ်။..
နေလိုက် အဲဒီလို။
ကောင်းတယ် ပိုပြီးတော့ အခွင့်အရေးရတယ်..
အရင်တုန်းကမှ ငါ့ကို အဖက်လုပ်မယ့်လူ တွေရှိတယ်။အခု ဘယ်သူကမှ အဖက်မလုပ်ဘူး။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး ကိုယ့်ထမင်းကိုစားပြီး တရားအား
ထုတ်နေမယ်ဆိုတဲ့ စိတ်ဓာတ် မွေးလိုက်။
အဲဒီလို လောကဓံ ဘယ်လောကဓံမျိုးနဲ့ ကြုံကြုံ ဘဝကို
အနိုင်ယူနိုင်ရမယ်လို့ ဒီလိုဆိုလိုတာ။..
#ကျေးဇူးတော်ရှင် #ပါမေက္ခချုပ်ဆရာတော်