ကရင်နီပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကား ၄ စီး မီးလောင်ပျက်ဆီး
ကရင်နီပူးပေါင်းတပ်ဖွဲ့မှ မေလ ၇ ရက်နေ့က စစ်ကောင်စီစစ်ကား (၄) စီးအား မီးရှို့ဖျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် (၂၀) ဝန်းကျင်ခန့်အား သုတ်သင်ရှင်းလင်းခဲ့ကာ စစ်သား ၆ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ပြီး လက်နက်တချို့အား သိမ်းဆည်းနိုင်ခဲ့ပါသည်။
လေးကေကော်တိုက်ပွဲ
#Video
ကရင်ပြည်နယ်၊ လေးကေ့ကော် တိုက်ပွဲအပါအဝင် မြ၀တီနှင့်ကော့ကရိတ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅၀ နီးပါး သေဆုံးထိခိုက်ဒဏ်ရာရ
ဗိုလ်ကြီးအလောင်းကို YDF အဖွဲ့မှ ကောင်းမွန်စွာ သင်္ဂြိုလ်ပေး
#News
ဗိုလ်ကြီးအလောင်းကို YDF အဖွဲ့မှ ကောင်းမွန်စွာ သင်္ဂြိုလ်ပေး
စစ်ကိုင်းတိုင်း ဆောနှင့်ကျောက်ထုမှာ စစ်ကောင်စီတပ်ဖွဲ့ များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်များ YDF များနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ တပ်မ (၁၀၁) မှ တပ်ခွဲမှူးအဆင့်ရှိတဲ့ ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။
ကျဆုံးသွားတဲ့ဗိုလ်ကြီးရဲ့ ရုပ်အလောင်းကိုတော့ YDF ဆောနှင့်ကျောက်ထုအဖွဲ့မှ အမိန့်ပြန်တမ်းနှင့်အတူ သေနတ်ပစ်ဖောက်ပြီး ကောင်းမွန်စွာ ပြန်လည် သင်္ဂြိုလ်ပေးခဲ့တာဖြစ်ပါတယ်။
အခုလိုပြန်လည် သင်္ဂြိုလ်ရခြင်းမှာ စစ်ကောင်စီတပ်များမှ ဖြစ်သလိုမြှုပ် နှံထားခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ဒီရုပ်သံဖိုင်ကိုတော့ YAW DEFENCE FORCE အဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
Video -YAW DEFENCE FORCE
#Video
စစ်ကောင်စီနဲ့ PDF-မင်းတပ် တိုက်ပွဲ
ဒီဗီဒီယိုဟာ မင်းတပ်-မတူပီ လမ်းကြားတစ်နေရာမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ ဗီဒီယိုဖြစ်ပါတယ်။
Video Crd: CDF-မင်းတပ်
ချင်းရိုးရာ အက
#Video
ချင်းတောင်တန်းမှ ချင်းရိုးရာ အက
Video-Crd
ကလေးမြို့၊ တာဟန်းရဲကင်းကို PDF-Kalay တပ်ရင်း ၃ နှင့် Zomi-PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်
#Video
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ ရဲကင်းကို PDF-Kalay တပ်ရင်း ၃ နှင့် Zomi-PDF တို့ပူးပေါင်းကာ ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ဝင်ရောက်တိုက်ခိုက်
#News Updated
ချင်ပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်များရဲ့ လက်နက်ကြီးပစ်ခတ် မီးရှို့ ဖျက်ဆီးမှုများကြောင့် ထန်တလန်မြို့ပေါ်တွင် နေရာ (၆) နေရာမှ စတင်မီးလောင်ကျွမ်းခဲ့ပြီး ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ့ပိုင်းအချိန်အထိ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ ယခု ညနေပိုင်းအထိ မီးငြှိမ်းသတ်မယ့်သူမရှိဘဲ နေအိမ်များ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။
Video Crd: ထန်တလန်မြို့မီးလောင်ကျွမ်းနေမှုအခြေအနေ
Timi Plain (တီးမြစ်လွင်ပြင်း)
#Knowlage
တီးမြစ်လွင်ပြင်အကြောင်းဝေမျှပေးလိုက်ပါတယ်။
#News
သီးရ်မြစ် တံတားအား CNA/CNF နှင့် CDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းခွဲဖျက်ဆီး
ချင်းပြည်နယ်၊ ဟားခါးမြို့မှ ထန်တလန်မြို့သို့သွားသည့် ကားလမ်းပေါ်ရှိ သီးရ် မြစ်ကူးတံတားကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့က ချင်းအမျိုးသားတပ်ဦး (CNA/CNF) နှင့် CDF ပူးပေါင်းတပ်ဖွဲ့တို့မှ မိုင်းခွဲဖျက်ဆီးလိုက်သည်။
ယခုလဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီမှ ချင်းပြည်နယ်အတွင်း စစ်အင်အားများ တောက်လျှောက်ဖြည့်တင်းလျက်ရှိပြီး ယမန်နေ့ကလည်း ဟားခါးမြို့သို့ အင်အားဖြည့်တင်းရန် ကလေးမြို့မှတက်လာသည့် သံချပ်ကာကားနှင့် စစ်ကားများ ရောက်ရှိလာခဲ့သည်။
၎င်းတို့လာရာလမ်းတစ်လျှောက်တွင် CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဖက်မှ အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရမှု အများအပြားရှိခဲ့သလို လမ်းတစ်လျှောက်ရှိ ကျေးရွ
ပုလဲမြို့နယ်အတွင်း အစီး ၈၀ ပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲဖောက်ခွဲခံရ
#News
ပုလဲမြို့နယ်အတွင်း အစီး ၈၀ ပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲဖောက်ခွဲခံရ၊ စစ်ကား ၅ စီးပျက်ဆီးကာ အများအပြားသေဆုံး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း အစီး ၈၀ ကျော်ကို PDF-ပုလဲမှ မိုင်း ၂၇ လုံးခွဲကာ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၅ စီးပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကြောင်း PDF-ပုလဲ၏ ပြောဆိုချက်အရ သိရသည်။
ယနေ့ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီမှ အမြောက်ကား ၈ စီး၊ စစ်ကားကြီးများနှင့် တွဲကားများပါဝင်သော စစ်ကောင်စီယာဉ်တန်း အစီး ၈၀ ကျော်ဖြင့် ပုလဲမြို့နယ်အတွင်း ထောက်ပို့စစ်ကူအဖြစ် ဝင်ရောက်လာသော ယာဉ်တန်းအား ကန့်ဒေါင့်ကျေးရွာအနောက်၊ ပိတောက်ကုန်းလမ်းခွဲအလွန်၊ ရွှေမင်းသမီးကွေ့ (ခေါ်) ကိုးလောင်းပြိုင်ကွေ့တွင် ဗိုလ်နဂါးဦးဆောင်သည့် ပုလဲ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ
၀မ်းတူး ကျေးရွာ စစ်ကောင်စီတပ်စခန်းကို CNA/CDF-Zophei ဖျတ်ဆီးခဲ့
၀မ်းသူးကျေးရွာ စစ်ကောင်စီတပ်စခန်းကို CNA/CDF-Zophei ဖျက်ဆီးခဲ့
စက်တင်တင်ဘာလ (၃၀) ရက်နေ့က စစ်ကောင်စီတပ် စွန့်ခွာသွားသည့် ထန်တလန်မြို့နယ်၊ ၀မ်းသူးကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို CNA နဲ့ CDF-Zophei တို့မှ ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့က ဖျက်ဆီးခဲ့သည်။
CDF-Zophei က ဝမ်းသူးစခန်းရှိ ဗိုလ်မှူးအပါအဝင် တပ်သား (၈) ဦးအား ပြည်သူနှင့်ပူးပေါင်းရန် ဆက်သွယ်စည်းရုံးခဲ့သော်လည်း ပူးပေါင်းပါဝင်ခြင်းမရှိသောကြောင့် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်နေချိန် စက်တင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု CDF-Zophei က ထုတ်ပြန်ထားသည်။
စခန်းပတ်ပတ်လည်တွင် ၎င်းတို့ထောင်ထားသော မြေမြုပ်မိုင်း (၈) လုံးအား ဖော်ထုတ်ရှင်းလင်းခဲ့ရပြီး စခန်းတွင်းရှိ အိမ်များ၊ ကတုတ်ကျင်းများအားလုံးကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဒေသခံများအပေါ် အနိုင်ကျင့်လုယက်နေသည့် ရှိုင်းသာအဖွဲ့ကို PDF-ကလေးမှ ရှင်းလင်းသုတ်သင်
#News Video
ဒေသခံတွေအပေါ် အနိုင်ကျင့်လုယက်နေတဲ့ ရှိုင်းသာဦးဆောင်တဲ့အဖွဲ့ကို PDF-ကလေးက စက်တင်ဘာ ၂၉ ရက်နေ့မှာ ရှင်းလင်းသုတ်သင်ခဲ့တဲ့သတင်းကို တင်ဆက်ပေးလိုက်ပါတယ်...
နစက-အိမ်စောင့်အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုခြင်း၊ မပြုခြင်း
#News Video
ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၊ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်များအား ထုတ်နုတ်တင်ဆက်ပေးလိုက်ပါသည်။
စီးပွားရေးလုပ်ငန်းရှင်တွေကို တစ်ပတ် သိန်း ၂၀၀ ထုတ်ယူခွင့်ပြုနိုင်ရေးကိစ္စ...
ပြည်သူတွေအဆင်ပြေဖို့ မီတာခတွေကို စစ်ကောင်စီအနေနဲ့ ၃ လလောက် ကင်းလွတ်ခွင့်ပြုနိုင်မလား...
နစက-အိမ်စောင့်အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုခြင်း၊ မပြုခြင်းအပေါ် ပြောကြားလိုသည့်အချက်များ ရှိပါသလား...
ဖမ်းဆီးခံ အမေရိကန်သတင်းထောက်ရဲ့ အခြေအနေ
#News Video
ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၊ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်များအား ထုတ်နုတ်တင်ဆက်ပေးလိုက်ပါသည်။
အလွန်နည်းပါးလွန်းနေတဲ့ တပ်မတော်သားတွေရဲ့ အခြေခံလစာကို တိုးမြှင့်ပေးဖို့ အစီအစဉ် ရှိ/မရှိ...
ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်နဲ့ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေကို ပံ့ပိုးပေးဖို့ အစီအစဉ် ရှိ/မရှိ...
ကိုဗစ်ကုသရေးစင်တာ၊ ဆေးရုံ စတာတွေကို တိုးချဲ့လုပ်ဆောင်ဖို့ အစီအစဉ် ရှိ/မရှိ...
လနဲ့ချီ ဖမ်းဆီးခံနေရတဲ့ Frontier Magazine က အမေရိကန်သတင်းထောက်ရဲ့အခြေအနေလေး သိချင်ပါတယ်...
စားဝတ်နေရေးနဲ့ ကျန်းမာရေးအကျပ်အတည်းတွေကို အဆင်ပြေအောင် ဘယ်လိုစီစဉ်ပေးမှာလဲ
#News Video
ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၊ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်များအား ထုတ်နုတ်တင်ဆက်ပေးလိုက်ပါသည်။
ပြည်သူလူထုရဲ့ စားဝတ်နေရေးအကျပ်အတည်းနဲ့ ကျန်းမာရေးအခက်အခဲတွေကို စစ်ကောင်စီအနေနဲ့ ဘယ်လိုအကန့်၊ ဘယ်လိုနေရာကနေပြီးမှ အဆင်ပြေအောင် စီစဉ်ပေးဖို့ရှိပါသလဲ...
တောင်သူလယ်သမားတွေရဲ့ ချေးငွေနဲ့ပတ်သက်ပြီး ဖြေလျော့ပေးဖို့ရှိသလား
#News Video
ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၊ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်များအား ထုတ်နုတ်တင်ဆက်ပေးလိုက်ပါသည်။
တောင်သူလယ်သမားတွေရဲ့ ချေးငွေနဲ့ပတ်သက်ပြီး ဒဏ်ကြေးတပ်တဲ့အပေါ်မှာ ဖြေလျော့ပေးဖို့ရှိသလား...
စက်သုံးဆီ အချိန်အတွယ်တွေကို စွမ်းအင်ဝန်ကြီးဌာနက ပြန်လည်စစ်ဆေးပေးဖို့ အစီအစဉ်ရှိသလား...
စစ်ကောင်စီက လူငယ်တွေရဲ့ အနာဂတ်အတွက် ဘာအာမခံချက် ပေးနိုင်သလဲ
#News Video
ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၊ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်များအား ထုတ်နုတ်တင်ဆက်ပေးလိုက်ပါသည်။
လူငယ်တွေကို အမှန်တကယ် အာမခံပေးနိုင်တဲ့ စီမံကိန်းတွေများ စစ်ကောင်စီအနေနဲ့ ချမှတ်ပေးနိုင်ခြင်းရှိ/မရှိ...
ဈေးကွက်အသီးသီးရဲ့ ထိခိုက်မှု၊ တုံ့နှေးမှုတွေကို ဘယ်လိုတည်ငြိမ်အောင်လုပ်မလဲ
#News Video
ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၊ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်များအား ထုတ်နုတ်တင်ဆက်ပေးလိုက်ပါသည်။
သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းအပါအဝင် ဈေးကွက်အသီးသီးမှာ ထိခိုက်မှုတွေ၊ တုံ့နှေးမှုတွေ ဖြစ်ပေါ်နေပါတယ်။ စီးပွားရေးကျဆင်းမှုကို ရပ်တန့်ပြီး လူမှုစီးပွားရေး ပြန်လည်ထူမတ်လာအောင် ဘာတွေဆောင်ရွက်ဖို့ရှိသလဲ...
ဆန်စပါးဈေးကွက်ကို ဘယ်လိုမျိုးတည်ငြိမ်အောင် အစီအစဉ်ဆွဲပြီးလုပ်မလဲ...
ထိုးကျလာတဲ့ စီးပွားရေးကို စစ်ကောင်စီက ဘယ်လိုများကုစားပေးမလဲ
#News Video
ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၊ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်များအား ထုတ်နုတ်တင်ဆက်ပေးလိုက်ပါသည်။
ဘဏ်တွေမှာ ငွေထုတ်လို့မရဘူး... ဒေါ်လာဈေး၊ ရွှေဈေးတွေ ထိန်းမရအောင်တက်နေတယ်... ထိုးကျလာတဲ့ စီးပွားရေးကို ဘယ်လိုများကုစားပေးမလဲ သိချင်ပါတယ်...