Boycott foodpanda Myanmar

  • Home
  • Boycott foodpanda Myanmar

Boycott foodpanda Myanmar Never Give Up���

06/09/2022

Foodpanda Riders များ၏ စက်တင်ဘာလ ၅ ရက်နေ့မှစတင်၍ ညနေ သုံးနာရီနောက်ပိုင်း အလုပ်မဆင်းဘဲ သပိတ်မှောက်မှုကြောင့် Foodpanda application သုံးစွဲ၍မရပဲ ရပ်တန့်မှုဖြစ်ခဲ့ပါသည်။

"ရပိုင်ခွင့်တွေအတွက် စုစည်းကြ
Riders တို့ညီညွတ်ကြ"

ရန်ကုန် foodpanda Riders များမှ ထုတ်ပြန်ချက်၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်ယခုကာလတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုအပါအ၀င် အထ...
05/09/2022

ရန်ကုန် foodpanda Riders များမှ ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်

ယခုကာလတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုအပါအ၀င် အထွေထေွ ကျပ်တည်းမှုများကြောင့် မိမိတို့ foodpanda Riders များအပါအ၀င် အစားအသောက်‌ ပို့ဆောင်ရေးလုပ်သားများနှင့် အလုပ်သမား လူထုတရပ်လုံး ခက်ခဲကျပ်တည်းလျှက်ရှိပါသည်။

သို့သော်လည်း foodpanda ကုမ္ပဏီသည် အစားအသောက်ပို့ဆောင်သော မိမိတို့လုပ်သားတို့၏ လုပ်အားနဲ့ ထိုက်သင့်သည့် လုပ်အားခ မပေးချေသည့်အပြင် အလုပ်သမားအခွင့်အရေးနှင့် အခြေခံလူ့ရပိုင်ခွင့်များကို ချိူးဖောက်လျှက်ရှိနေပါသည်။

ထို့ကြောင့် မိမိတို့ Riders များအနေဖြင့် ပစ္စည်းပို့ဆောင်မှုတိုင်းအတွက် လုပ်အားခ အနိမ့်ဆုံး(၆၇၀) ကျပ်ရရှိရေး၊ ခရီးအကွာအဝေး ကီလိုမီတာ တိုင်းတာရာတွင် Google Map ကို အခြေခံ‌၍ တွက်ချက်ပေးရေး အပါအဝင် တောင်းဆိုချက်များအား မတ်လ (၁၆) ရက်မှစ၍ တောင်းဆိုမှုပုံစံ အမျိူးမျိူးဖြင့် တောင်းဆိုလျှက်ရှိပါသည်။ သို့သော်လည်း foodpanda ကုမ္ပဏီအနေဖြင့် Riders များ၏ တောင်းဆို ချက်များအား လျစ်လျူရှုရင်း ဖိနှိပ်မြဲ ဖိနှိပ်လျှက်ရှိနေသည်။

ထို့ကြောင့် foodpanda Rider များအနေဖြင့် မိမိတို့နှင့် ထိုက်သင့်သော အခွင့်အရေးများအတွက် ပိုမိုအဆင်ပြေထိရောက်သော ပုံစံဖြစ်သည့် "ညနေ၃နာရီ နောက်ပိုင်း အလုပ်မဆင်းသည့်ပုံစံ" ဖြင့် တောင်းဆိုမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မိမိတို့ foodpanda အစားအသောက်‌ ပို့ဆောင်ရေးလုပ်သားများ၏ တောင်းဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ပစ္စည်းပို့ဆောင်လျှင်ရရှိသော လုပ်အားခငွေအား အနည်းဆုံး (၆၇၀) ကျပ်မှစတင်၍ ပို့ဆောင်ရမည့် ခရီးအကွာအဝေးပေါ်မူတည်ကာ တိုးမြှင့်ပေးရန်၊ အဆင့်သတ်မှတ်ချက်နှင့် အညီတိုးမြှင့်ပေးရန်။

၂။ Rider များ သွားရောက်ပို့ဆောင်သည့် ခရီးအကွာအဝေး သတ်မှတ်ရာ၌ လမ်းကြောင်းပြမြေပုံကို Google Map ဖြင့်တိုင်းတာပေးရန်နှင့် သယ်ယူရသည့် အကွာအဝေး တွက်ချက်မှုအား Google Map အပေါ်အခြေခံရန်။

၃။ Riderများ အလုပ်ချိန်အတွင်း ထိခိုက်မှု တစုံတရာရှိခဲ့လျှင် Riderများ၏ ထိခိုက်နစ်နာမှုအပေါ် ကုမ္ပဏီဖက်မှ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ တာဝန်ယူဆောင်ရွက်ပေးရန်။ (ယခင်တွေ့ဆုံညှိနှိုင်းမှုအပြီး ပြင်ပအာမခံကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ကာ Riderများအနေဖြင့် မိမိငွေကြေးဖြင့် မိမိ အာမခံဝယ်ရန် စီစဉ်ပေးမှုအား လက်မခံပါကြောင်း သိစေအပ်ပါသည်။)

၄။ ပို့ဆောင်သူ Riderများအား foodpanda rider သက်သေခံကဒ် ထုတ်ပေးရန်။

၅။ Rider များသည် မိမိတို့ ကိုယ်ရေးကိုယ်တာများကြောင့် အလုပ်နားလိုလျှင် ကုမ္ပဏီဖက်မှ သတ်မှတ်ထားသောအလုပ်ချိန်အတွင်းမှ ရက်သတ္တပတ် (၁) ပတ်လျှင် တစ်ရက်အလုပ်ချိန်မယူပဲ အပြည့်အဝနားခွင့်ရရှိရန်။

၆။ Riderများ အနေဖြင့် အကြောင်း တစုံတရာ ဖြစ်ပေါ်လာပါက အချိန်နှင့် တပြေးညီ ဖြေရှင်းနိုင်ရေး အတွက် ကုမ္ပဏီသို့ တိုက်ရိုက်ဆက်သွယ်နိုင်ရန် (Hotline Phone) နံပတ်တစ်ခုထားရှိပေးရန်။

၇။ ပို့ဆောင်နေသော Rider အလုပ်သမားများကို ကွန်ပျူတာ ဆော့ဖ်ဝဲ စနစ်ဖြင့် ထိန်းချုပ်နေသော တင်းကျပ်လွန်းသည့် စည်းကမ်းချက်များကို လျော့ချပေးရန်။

၈။ ကုမ္ပဏီဘက်မှ ပြောင်းလဲမှု တစုံတရာပြုလုပ်ပါက မည်သည့်အကြောင်းအရာဖြစ်ေစ Rider များ ကြိုတင်သိရမည့် အကြောင်းအရာများကို Riders များသိရှိစေရန် ရုံးဖက်မှ တရားဝင် သတ်မှတ်ထားသော Social Media နှင့် Telegram Channelများမှ ရက်သတ္တပတ် (၁) ပတ် ကြိုတင်၍ တရားဝင် ထုတ်ပြန်ကြေညာပေးရန်။

ဤတောင်းဆိုလှုပ်ရှားမှုသည် ယနေ့ စက်တင်ဘာ ၅ ရက် ၊ ၂၀၂၂ ခုနှစ်မှ စတင်၍ မိမိတို့အခွင့်အရေးအား ရယူလိုသော Riders များမှ စုစည်းညီညွတ်စွာ ပါ၀င်တောင်းဆိုမည် ဖြစ်ကြောင်း စားသုံးသူလူထုတရပ်လုံးအား အသိပေးတင်ပြအပ်ပါသည်။

“ရပိုင်ခွင့်တွေအတွက် စုစည်းကြ”
“Riders တို့ ညီညွတ်ကြ”

ဆက်သွယ်ရန် - https://t.me/MGMGOo5558

29/08/2022

foodpanda company က ခေါင်းမာသလောက် Riders များမှလည်း တောင်းဆိုချက်များမရမခြင်း ဘယ်တော့မှ နောက်မဆုတ်

"foodpanda Riders ညီကိုမောင်နှမများ အားလုံးမင်္ဂလာပါ . . ."

ဒီနေ့အချိန်ကာလမှာ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်လာတာကြောင့် Riders တွေနဲ့ မိသားစုတွေဟာ စားဝတ်နေရေး ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒီလို အခက်အခဲကာလမှာ foodpanda ကုမ္ပဏီက မိမိတို လုပ်အားနဲ့ ထိုက်သင့်မျှတတဲ့ လုပ်အားခ အခကြေးငွေကို မပေးတဲ့အပြင် ယခင်ရှိခဲ့တဲ့ သတ်မှတ်ချက်နဲ့ အ‌ခွင့်အရေးတွေကိုပါ လျော့ချဖိနှိပ်ဖို နည်းအမျိုးမျိုးနဲ့ ကြံစည်‌နေတာကို တွေ့ရပါတယ်။

Riders တွေ အားလုံးအတူ အခိုင်အမာ စုစည်းညီညွတ်မှု မပြနိုင်သရွေ့ foodpanda ကုမ္ပဏီဟာ မိမိတိုရဲ့ အခွင့်အရေးတွေကို အခုလိုမျိုးပဲ စိတ်တိုင်းကျ ခေါင်းပုံဖြတ် ခြယ်လှယ်နေဦးမှာ ဖြစ်ပါတယ်။

ပစ္စည်းပိုဆောင်မှုအတွက် လုပ်အားခ အနိမ့်ဆုံး (၆၇၀) ကျပ်ရရှိရေး၊ ခရီးအကွာအဝေး ကီလိုမီတာကို မြေပြင်တွင် သွားလာရသည့်အတိုင်း Google Map ကိုအခြေခံ‌၍ တွက်ချက်ပေးရေးတို အပါအဝင် Riders တွေရဲ့ တောင်းဆိုချက် (၈) ကို foodpanda ကုမ္ပဏီက ဒီနေ့ဒီအချိန်ထိ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲပေးတာ မရှိဘဲ လျစ်လျှူရှုထားပါတယ်။

foodpanda ကုမ္ပဏီအနေနဲ့ Riders တွေရဲ့ တောင်းဆိုချက်တွေကို ဒီထပ်ပိုပြီး လျစ်လျှူမရှုနိုင်အောင် Riders တွေရဲ့ အရေးပါမှုကို ပြသဖို အချိန်တန်ပါပြီ။

foodpanda ကုမ္ပဏီဟာ Riders တွေ မရှိဘဲ လည်ပတ်လို မရဘူးဆိုတာ ထင်ရှားစေဖို (5.9.2022) နေ့ကနေ စတင်ပြီး နေ့စဉ်နေ့တိုင်း ညနေ (၃) နာရီနောက်ပိုင်း ပစ္စည်းပိုဆောင်ခြင်း မပြုဘဲ အလုပ်မဆင်းသပိတ် ပြုလုပ်မှာ ဖြစ်တဲ့အတွက် Riders များအားလုံး စုစည်းညီညွတ်စွာ ပါဝင်ပူးပေါင်းကြဖို တိုက်တွန်းပါတယ်။

(ညနေ ၃ နာရီနောက်ပိုင်း အလုပ်ချိန်များကို ရှောင်၍ မနက် ၇ နာရီကနေ ၃ နာရီအထိ အလုပ်ချိန်များ ကြိုတင်ရယူထားနိုင်ပါတယ်။)

"မိမိတိုရပိုင်ခွင့်ကို မိမိတိုစုစည်းမှုနဲ့ အရယူကြ"


28/08/2022

ကုန်ဈေးနှုန်းကြီးမြင့်နှင့် စက်သုံးဆီဈေးမြင့်မားလာမှုတို့ကြောင့် အော်ဒါကြေး၊ကီလိုကြေးတိုးပေးရန် နှင့် ပြဿနာကိုလျစ်လျူမရှုဘဲ ပြေလည်အောင်ဖြေရှင်းပေးရန်အတွက် မန္တလေးမှ Foodpanda Rider တစ်ဦးမှ အခုလို ပြောပြထားပါတယ်။

မန္တလေး foodpanda Riders တွေဟာ လုပ်အားနဲ့ ထိုက်သင့် မျှတတဲ့ လုပ်အားခ (ကီလိုကြေး) မရရှိတာနဲ့ လက်ရှိ ကီလိုကြေးပမာဏကို ကုမ္...
26/08/2022

မန္တလေး foodpanda Riders တွေဟာ လုပ်အားနဲ့ ထိုက်သင့် မျှတတဲ့ လုပ်အားခ (ကီလိုကြေး) မရရှိတာနဲ့ လက်ရှိ ကီလိုကြေးပမာဏကို ကုမ္ပဏီဘက်က တိကျ ရှင်းလင်းစွာ အသိမပေးတာကြောင့် မန္တလေး foodpanda Riders တွေရဲ့ သဘောတူ ဆုံးဖြတ်ချက် အရ ဩဂုတ် ၂၅ ရက်ကစပြီး လုပ်ငန်းခွင်မဝင်ဘဲ အလုပ်ရပ်နားထားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မန္တလေးမှာရှိတဲ့ Food Panda ၀န်ထမ်းတွေဟာ စက်သုံးဆီဈေးနှုန်းမြင့်တက်လာတာနဲ့အမျှ ပို့ဆောင်ရတဲ့ကီလိုအကွာအဝေး အလိုက် သတ်မှတ်ထားတဲ့ကီလိုကြေးတွေမရရှိတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ လည်းသိရပါတယ်။
ဩဂုတ် ၂၆

https://www.myanmarlabournews.com/news/455

မန္တလေး foodpanda Riders တွေဟာ လုပ်အားနဲ့ ထိုက်သင့် မျှတတဲ့ လုပ်အားခ (ကီလိုကြေး) မရရှိတာနဲ့ လက်ရှိ ကီလိုကြေးပမာဏကို ကုမ....

မန္တလေး foodpanda Riders များမှ ထုတ်ပြန်ချက် နေ့စွဲ - ၂၅ ရက်၊ သြဂုတ်လ ၂၀၂၂ ခုနှစ်ကျွန်ုပ်တို့  မန္တလေး foodpanda Riders ...
25/08/2022

မန္တလေး foodpanda Riders များမှ ထုတ်ပြန်ချက်

နေ့စွဲ - ၂၅ ရက်၊ သြဂုတ်လ ၂၀၂၂ ခုနှစ်

ကျွန်ုပ်တို့ မန္တလေး foodpanda Riders များအနေဖြင့် မိမိတို့လုပ်ရသည့် လုပ်အားနှင့် ထိုက်သင့် မျှတသည့် လုပ်အားခ (ကီလိုကြေး) မရရှိခြင်းနှင့် လက်ရှိ ကီလိုကြေးပမာဏအား တိကျ ရှင်းလင်းစွာ အသိမပေးခြင်းတို့ကြောင့် မန္တလေး foodpanda Riders များ၏ သဘောတူ ဆုံးဖြတ်ချက် အရ ၂၅.၈.၂၀၂၂ရက် ကြာသာပတေးနေ့မှ စတင်၍ လုပ်ငန်းခွင်မဝင်ဘဲ အလုပ်နားကြမည် ဖြစ်ပါသည်။

Riders များမှ foodpanda ကုမ္ပဏီဘက်သို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ထိုက်သင့်သည့် လုပ်အားခ (ကီလိုကြေး)ပမာဏအား လိုက်လျောခြင်းမရှိခဲ့ပါ။ ထို့အပြင် ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်ရန်သာ တိုက်တွန်းနေပြီး လက်ရှိအခြေအနေအား မကျေနပ်သူရှိလျှင် လက်တွဲဖြုတ်ရန်သာရှိကြောင်း ကုမ္ပဏီဘက်က ခြိမ်းခြောက်ခဲ့ပါသည်။ ထို့အတွက်ကြောင့် foodpanda ကုမ္ပဏီဘက်မှ မန္တလေး Riders များ ကျေနပ်သည်အထိ ဖြေရှင်းညှိနှိုင်းမှု မဆောင်ရွက် မချင်း လုပ်ငန်းခွင်ဝင်ရောက်ခြင်းကို ရပ်နားထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မန္တလေး foodpanda Riders များ

ဆက်သွယ်ရန်
Telegram Username:

သပိတ် ၂ လကျော် ကြာမြင့်လာသော်လည်း Customers အများစုက Riders များနှင့် ဆက်လက်ရပ်တည်ဆဲဖြစ်ပါတယ်။ Customers များက Riders မျ...
16/08/2022

သပိတ် ၂ လကျော် ကြာမြင့်လာသော်လည်း Customers အများစုက Riders များနှင့် ဆက်လက်ရပ်တည်ဆဲဖြစ်ပါတယ်။ Customers များက Riders များ တောင်းဆိုချက် foodpanda company ဘက်မှ မပေးမခြင်း ဆက်လက်ရပ်တည်နေကြတာဖြစ်ပါတယ်။ Riders များနှင့် အတူရပ်တည်သော Customer ၁ ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

မြန်မာပြည်က Foodpanda Riders တွေရဲ့ သပိတ်မှောက်တောင်းဆိုမှုအကြောင်းကို အင်္ဂလန်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Novara Media မှာ ...
15/08/2022

မြန်မာပြည်က Foodpanda Riders တွေရဲ့ သပိတ်မှောက်တောင်းဆိုမှုအကြောင်းကို အင်္ဂလန်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Novara Media မှာ ဖော်ပြပါရှိလာပါတယ်။

ဂျာမဏီအခြေစိုက် Delivery Hero ကုမ္ပဏီရဲ့ မြန်မာပြည်အပါအဝင် တခြားနိုင်ငံတွေက အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေကို ဆွေးနွေးထားပါတယ်။

‘If the revolution wins, Foodpanda will lose.'
https://novaramedia.com/2022/08/15/in-myanmar-workers-and-activists-take-on-a-food-delivery-giant/

Underground groups established to resist the coup are supporting striking food delivery workers in Myanmar.

12/08/2022

■ Riders များ၏ ခံစားချက် သံချပ်

● foodpanda Riders တွေ သပိတ်ဆင်နွှဲခဲ့တာ ၂ လ ပြည့်ခဲ့ပါပြီ။ လက်ရှိအချိန်အထိ Riders တွေရဲ့တောင်းဆိုချက်များကို foodpanda company ဘက်မှ ညှိနှိုင်းခြင်း၊ လိုက်လျောခြင်းမရှိသေးပါ။ Riders တွေရဲ့ ဘဝရှင်သန်ရေးဟာ ၁ ရက်ထက် ၁ရက် ပိုပိုပြီး ခက်ခဲလာပါတယ်။ ငွေတန်ဖိုးကျဆင်းပြီး ကုန်စျေးနှုန်းမှာ အဆန်မတန်မြင့်တတ်လာသော်လည်း Riders များမှာ လက်ရှိအချိန်အထိ delivery ကြေးမှာ အရင်ပုံစံအတိုင်း နည်းမြဲနည်းဆဲ ဖြစ်ပါတယ်။ foodpanda company က မြန်မာပြည်သူတွေရဲ့ အလုပ်အကိုင်ရှားပါမှုကို အခွင့်ကောင်းယူပြီး delivery ကြေးတွေကို အနိမ့်ဆုံး ပေးထားခြင်းဟာ ယနေ့အထိဖြစ်ပါတယ်။
● foodpanda company ကို ပေးနိုင်တဲ့ဖိအားက customer များမှ အော်ဒါမမှာယူခြင်းဖြစ်ပါတယ်။ Riders များအနေနဲ့ သပိတ် ၂ လပြည့်မှာ Customers များကို တောင်းဆိုလိုတာ foodpanda ကို ဆက်လက်မသုံးစွဲခြင်းနှင့် မိမိမိတ်ဆွေများကို foodpanda မသုံးရန် တိုက်တွန်းခြင်းတို့ဖြစ်ပါတယ်။
● သပိတ် ၂ လ ပြည့်မှာ ကျနော်/ကျမတို့ Riders များရဲ့ ခံစားချက်များကို သံချပ်လုပ်ပြီးဖော်ကြူးထားပါတယ်။

မြန်မာပြည်က foodpanda Riders တွေသပိတ်အကြောင်း ဂျာမန်နိုင်ငံရှိသတင်းမီဒီယာ ၁ ခုတွင် ပါလာပြီဖြစ်ပါတယ်။ တခြားဂျာမန်သတင်းမီဒ...
03/08/2022

မြန်မာပြည်က foodpanda Riders တွေသပိတ်အကြောင်း ဂျာမန်နိုင်ငံရှိသတင်းမီဒီယာ ၁ ခုတွင် ပါလာပြီဖြစ်ပါတယ်။ တခြားဂျာမန်သတင်းမီဒီယာများမှာလည်းဆက်လက် သတင်းတွေပါလာဖို့ရှိပါတယ်။ ကျနော်/ကျမ တို့ Riders များဟာ သပိတ်တောင်းဆိုချက်များမရမခြင်း နောက်ဆုတ်မှာ မဟုတ်တဲ့အတွက် အမြဲတမ်း foodpanda company ကို တောင်းဆိုချက်များပေးဖို့ ဖိအားပေးမှုတွေလုပ်ဆောင်မှာဖြစ်ပါတယ်။

✊ကျေးဇူးရှင် Customers များအနေနဲ့လည်း foodpanda မသုံးခြင်းကို ဆက်လက်လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်။

https://taz.de/Streik-bei-Tochter-von-Delivery-Hero/!5867966/

In Myanmar rufen streikende Fahrer des Lieferdienstes Foodpanda zum Boykott ihres Unternehmens auf. Das gehört dem Berliner Konzern Delivery Hero.

အလုပ်မဆင်းသပိတ် (၅၈) ရက်မြောက်နေ့ သတင်းထုတ်ပြန်ချက်
02/08/2022

အလုပ်မဆင်းသပိတ် (၅၈) ရက်မြောက်နေ့ သတင်းထုတ်ပြန်ချက်

အလုပ်မဆင်းသပိတ် (၅၆) ရက်မြောက်နေ့ သတင်းထုတ်ပြန်ချက်
31/07/2022

အလုပ်မဆင်းသပိတ် (၅၆) ရက်မြောက်နေ့ သတင်းထုတ်ပြန်ချက်

Foodpanda Rider သပိတ်မှာ စားသုံးသူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေဇူလိုင် ၃၀Zero Customer Campaign ဆိုတဲ့ စားသုံးသူ (လုံး...
31/07/2022

Foodpanda Rider သပိတ်မှာ စားသုံးသူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေ
ဇူလိုင် ၃၀
Zero Customer Campaign ဆိုတဲ့ စားသုံးသူ (လုံး၀) မရှိရေး လှုပ်ရှားမှုသပိတ်ကို foodpanda Rider တွေဆောင်ရွက်နေရာမှာ သပိတ်မှာ စားသုံးသူ လူထုကိုယ်တိုင်ပါ၀င်လာဖို့ အရေးကြီးနေတယ်လို့ သပိတ်မှာပါဝင်သူတွေက ဆိုပါတယ်။
Food panda Rider များအနေနဲ့ Zero Customer Campaign ဆိုတဲ့ စားသုံးသူ (လုံး၀) မရှိရေး လှုပ်ရှားမှုကမ်ပိန်းကို လုပ်ဆောင်နေရာမှာနှစ်လခန့်ကြာမြင့်နေပြီဖြစ်ပေမဲ့ ပြောင်းလဲမှုမရှိသေးတာကြောင့် စားသုံးသူလူထုပါ ပါဝင်လာဖို့လိုနေတာလည်းဖြစ်ပါတယ်။
မြေပြင်မှာ လုပ်ကိုင်နေရတဲ့ ပို့ဆောင်သူတွေအနေနဲ့ လုပ်ငန်းခွင်အာမခံချက်မရှိတာ၊ လုပ်သားအခွင့်အရေး ဘာတစ်ခုမျှမရရှိတာအပြင် မတော်တဆဖြစ်ပွားပါက အလုပ်မှထွက်ရသည့်အထိ ဖြစ်ပွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းချို့တဲ့သွားတာမျိုးတွေထိရှိနေတယ်လို့ဆိုပါတယ်။

Zero Customer Campaign ဆိုတဲ့ စားသုံးသူ (လုံး၀) မရှိရေး လှုပ်ရှားမှုသပိတ်ကို foodpanda Rider တွေဆောင်ရွက်နေရာမှာ သပိတ်မှာ စားသုံးသူ ....

အလုပ်မဆင်းသပိတ် (၅၅) ရက်မြောက်နေ့ သတင်းထုတ်ပြန်ချက်
30/07/2022

အလုပ်မဆင်းသပိတ် (၅၅) ရက်မြောက်နေ့ သတင်းထုတ်ပြန်ချက်

29/07/2022

အလုပ်မဆင်း သပိတ် (၅၄)ရက်မြောက်နေ့ သတင်းထုတ်ပြန်ချက်

အလုပ်မဆင်း သပိတ် (၅၃)ရက်မြောက်နေ့ သတင်းထုတ်ပြန်ချက်
28/07/2022

အလုပ်မဆင်း သပိတ် (၅၃)ရက်မြောက်နေ့ သတင်းထုတ်ပြန်ချက်

● foodpanda သည်နေ့စဥ်နဲ့ အမျှ boycott လုပ်ထားသော Customers များကို မက်လုံးပေါင်းစုံပေး၍ foodpanda ပြန်သုံးရန်လုပ်ဆောင်နေ...
28/07/2022

● foodpanda သည်နေ့စဥ်နဲ့ အမျှ boycott လုပ်ထားသော Customers များကို မက်လုံးပေါင်းစုံပေး၍ foodpanda ပြန်သုံးရန်လုပ်ဆောင်နေပါတယ်။

● foodpanda ရဲ့အတွေးက အချိန်ကြာလာတဲ့အမျှ Customers များဟာ Riders များရဲ့ သပိတ်ကို မေ့လျော့ပြီး foodpanda အားပြန်မှာမည်ဟု ယူဆပြီး promotion/voucher code များ အလွန်အကျွံပေး၍ ဆွဲဆောင်နေပါတယ်။

● Riders များရဲ့သပိတ်အောင်မြင်ရေးက Customers များရဲ့ foodpanda မသုံးစွဲပဲ Riders များနှင့် သပိတ်မပြီးမခြင်း ရပ်တည်ခြင်းဖြစ်ပါတယ်။

● သပိတ်ကာလ ၂ လပြည့်ပါတော့မယ်။ ခေါင်းမာနှလုံးသားမရှိ Riders များရဲ့အရေးကို ဂရုမစိုက်တဲ့ foodpanda ကို ဆက်လက်သပိတ်မှောက်ပေးဖို့ ကျနော်/ကျမတို့ Riders များမှ Customers များကိုတောင်းဆိုပါတယ်။

#မနိုင်မခြင်းအဆုံးထိတိုက်မည်

Address


Website

Alerts

Be the first to know and let us send you an email when Boycott foodpanda Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Boycott foodpanda Myanmar:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share