25/04/2024
‼️နောက်ကျမကျန်ခဲ့ဖို့ ငြင်းဆန်တတ်ပြီလား
လူတိုင်းက ဘဝမှာ တိုးတက်ကောင်းမွန်တာကို လိုလားကြတယ် ...
♦️ဘာတွေ လုပ်မယ်ဆုံးဖြတ်ကြတယ်
ဘာတွေ မလုပ်မလဲကို ဆုံးဖြတ်ဖို့လဲ အရေးကြီးပါတယ် ...
♦️လူတစ်ယောက်က ကိုယ့်ကို အကူညီတောင်းရင်ပေးလိုက်တယ်
ကိုယ်မအားတဲ့ခါ အကူညီတောင်းပြန်ရင်လဲ အာနာခြင်းဆိုတဲ့အရာကြောင့် " Yes" အရမ်းပြောကြပါတယ် ...
♦️ဒါပေမယ့် အမြဲတမ်းလိုလို အားနာနေရင်တော့ သင်ပဲ စိတ်ညစ်ရပါလိမ့်မယ်
ရှေ့တင်မှာ " Yes" လုပ်လိုက်ပြီး နောက်ကွယ်ရောက်တာနဲ့ စိတ်ညစ်တာမျိုးသင်ကြုံဖူးမှာပါ ...
♦️ဒီတော့ လူတိုင်းကို ပျော်ရွှင်အောင်လုပ်ပေးဖို့ မဖြစ်နိုင်ပါဘူး
အမြဲ လုပ်ပေးနေကျဆိုရင် အရာအားလုံးဟာ သင့်ပုခုံးပေါ် တဖြည်းဖြည်းရောက်လာပါလိမ့်မယ် ...
♦️ကိုယ့်တာဝန် ကိုယ်ကျေအောင်တော့ အမြဲလုပ်ရမှာဖြစ်ပါတယ်၊ ဒါ့အပြင် ကိုယ်ကူညီနိုင်တာကို ကူညီပါ ...
♦️လူတိုင်းသဘောကျအောင်သာ " Yes" လို့ လုပ်နေရင် သင်လိုချင်တဲ့ ပန်းတိုင်ရောက်မှာ မဟုတ်ပါဘူး ...
🔥 ဒီတော့ ဘယ်အချိန်၊ ဘယ်လိုအနေထားမျိုးမှာ ငြင်းဆန်မယ်ဆိုတာ ကိုယ်တိုင်စည်းမျဉ်းချမှတ်နိုင်မှ လိုချင်တဲ့ပန်းတိုင်ရောက်မှာ ဖြစ်ပါတယ် ...
စာဖတ်သူရော အားနာတတ်တဲ့သူလား အောက်က မန့်မှာပြောခဲ့နိုင်ပါတယ် 😊🫰
စာလေးက အကျိုး တစ်စုံတစ်ရာရှိတယ်ဆိုရင် Like & Share လေး လုပ်သွားပါဦး နော် ...
#မဖူး