ဦးသု စရိတ

  • Home
  • ဦးသု စရိတ

ဦးသု စရိတ dagon

ဝန်ထမ်း အမျိုးမျိုး ရှိပါတယ်။✍️✍️✍️✍️✍️✍️✍️✍️✍️၁။ လစာ တိုးပေးတဲ့အခါမှ လုပ်ပြတယ်။လစာမတိုးရင် ပညာပြတယ်။လိုချင်တာရမှ လုပ်တတ...
30/03/2024

ဝန်ထမ်း အမျိုးမျိုး ရှိပါတယ်။
✍️✍️✍️✍️✍️✍️✍️✍️✍️
၁။ လစာ တိုးပေးတဲ့အခါမှ လုပ်ပြတယ်။
လစာမတိုးရင် ပညာပြတယ်။
လိုချင်တာရမှ လုပ်တတ်တယ်။
အခွင့်အရေးသမား ဝန်ထမ်း။

၂။ အလုပ်ရှင် ရှေ့မှာ ကြိုးစားပြတယ်။
မမြင်သာတဲ့ အချိန်မှာ ဘာမှ မလုပ်တာ၊
ရှေ့တစ်မျိုး နောက်တစ်မျိုး
ဟန်ပြ သရုပ်ဆောင် တတ်တာ
လူပါးဝ ဝန်ထမ်း။

၃။ လစာလည်း တိုးမတောင်းဘူး။
အလုပ်လည်း မကြိုးစားဘူး။
ဘာမှလည်း မပြောဘူး။
ငပျင်း ဝန်ထမ်း။

၄။ သူများ ကြိုးစားနေတာကိုလည်း မနာလိုဘူး။
ကိုယ်ကိုယ်တိုင်းလည်း မလုပ်နိုင်ဘူး။
ဟိုလူကို အတင်းပြော ၊ ဒီလူကို အတင်းပြော၊
ကြားကနေ ရန်တိုက်ပေးနေတာ၊
ကလိမ်ကကျစ် ဝန်ထမ်း။

၅။ အလုပ်ရှင် အားနည်းချက်ကို
အမြဲချောင်းနေတတ်ပြီး၊
အခွင့်အရေး ပေါ်တာနဲ့ တစ်ခုမကျန်
ကိုယ့်ဘက်ကိုပဲ အမြဲယက်၊
ငါ အဆင်ပြေဖို့ အဓိက၊
မင်း ဘာပဲဖြစ်ဖြစ်၊ ငါ မရှိရင်၊
မင်း ဒုက္ခရောက်မယ်၊ အမြဲ ကြံနေတတ်တဲ့
လူယုတ်မာ ဝန်ထမ်း။

၆။ အခြေခံကနေ အလုပ်ဝင်လာတယ်၊
တတ်သွားတဲ့အခါ ဆရာ အထာ ကိုင်တယ်။
အခွင့်အရေးတောင်းတယ်၊
မပေးနိုင်ရင် ရန်လုပ်ပြီး အလုပ် ထွက်တယ်။ ငယ်မွေးခြံပေါက်
ကျေးဇူးကန်း ဝန်ထမ်း။

၇။ တစ်ခြား အလုပ်က
ဒီအလုပ်ထက် ပိုကောင်းတယ်။
ဟိုဘက်က အခွင့်အရေး ပိုရတယ်။
လစာပိုကောင်းတယ် ဆိုပြီး၊
ခနဲ့ သလိုလို၊ ရွဲ့ သလိုလို
အလုပ် ပြောင်းခွင့်တောင်းတယ်။
ဟိုဘက်က အဆင်မပြေလာတဲ့အခါ
မျက်နှာငယ်လေးနဲ့
အလုပ် ပြန်ခန့်ခွင့်တောင်းတာ
အရှက်မရှိတဲ့ ဝန်ထမ်း။

၈။ ဆရာကို ဖားတယ်၊ အောက်ကို ဖိတယ်။
ကိုယ်တိုင် ကလည်း၊ ဆရာ ခိုင်းရင်
ဘာပဲလုပ်ရလုပ်ရ ကျန်တဲ့ကောင်တွေကို
ဂရုမစိုက်တတ်တာ
ဖိနပ်တိုက် ဖားဝန်ထမ်း။

၉။ ခိုင်းစရာမလို၊ အလိုက်သိတယ်။
သာသည်နာသည် မတွက်။
အလုပ်မှန်သမျှ မိမိနဲ့ဆိုင်သည်ဟု
အကုန် လုပ်တတ်တာ
လိမ္မာတဲ့ ဝန်ထမ်း။

၁၀။ စေတနာပါတယ်။ ကြိုးစားတယ်။
အပြန်အလှန် လေးစားမှု နားလည်တယ်။
လေ့လာသင်ယူမှု အသစ်ကို အမြဲရှာတယ်။
အလိုက်သိတယ်။ မှတ်ဥာဏ် ကောင်းတယ်။
မာန မရှိဘူး။ ကိုယ်ချင်းစာတရား ရှိတယ်။
အနာဂတ် အတွက် တော်တဲ့
ခေါင်းဆောင်ကောင်း ဝန်ထမ်း။

photo

❝ ဒီလူ(၆)ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ ❞(၁) သင့်ကိုငွေချေးပေးသူငွေတစ်ပြားတစ်ကျပ်တိုင်းဟာ သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပါ...
20/10/2023

❝ ဒီလူ(၆)ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ ❞

(၁) သင့်ကိုငွေချေးပေးသူ

ငွေတစ်ပြားတစ်ကျပ်တိုင်းဟာ
သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပါ။တန်ဖိုးထားပါ။

(၂) သင့်ကို ပစ္စည်းရက်ရက်ရောရောပေးတတ်သူ

ပစ္စည်းပေါလွန်းလို့တော့ မဟုတ်ဘူး။
ပေးကမ်းစွန့်ကြဲတတ်သူမို့ပါ။

(၃) အတူတူအလုပ်လုပ်တဲ့အချိန်မှာ
သင့်ကို ဦးစားပေးတတ်သူ

“အ”လို့တော့မဟုတ်ဘူး။
မျှဝေခံစားတတ်လို့ပါ။

(၄) အလုပ်လုပ်ချိန်မှာ ပိုလုပ်တတ်သူ

နုံအ လို့တော့မဟုတ်ဘူး။
တာ၀န်သိတတ်သူမို့လို့ပါ။

(၅) ဘေလ်ကို အရင်ရှင်းတတ်သူ

ငွေပေါနေလို့မဟုတ်ဘူး။
ခင်မင်ရင်းနှီးမှုကို ငွေထက် တန်ဖိုးထားတတ်လို့ပါ။

(၆) သင့်ကို ကူညီတတ်သူ

သင့်ကို အောက်ကျခံ နေလို့မဟုတ်ဘူး။
သင့်ကို သူငယ်ချင်းအရင်းလို သတ်မှတ်လို့ပါ။

11.10.2023  #မင်္ဂလာနံနက်ခင်းပါဆရာတော်တို့ ကန်ဦးကျောင်းတိုက် ကန်ဦးဆွမ်းလောင်းဓမ္မာရုံမှ ဗုဒ္ဓဟူးနေ့နံနက် ကျောင်းပေါင်း(၂...
10/10/2023

11.10.2023
#မင်္ဂလာနံနက်ခင်းပါ
ဆရာတော်တို့ ကန်ဦးကျောင်းတိုက် ကန်ဦးဆွမ်းလောင်းဓမ္မာရုံမှ ဗုဒ္ဓဟူးနေ့နံနက် ကျောင်းပေါင်း(၂၅)ကျောင်း သံဃာတော် (၂၅၀)ကျော်သံဃာတော်အရှင်မြတ်များ (ဒသမ-​ဆယ်ပါတ်မြောက်)အရုဏ်ဆွမ်း လောင်းလှူသည့် ကုသိုလ်တော်ပါ

10.10.2023ယနေ့သည် ဘုန်းဘုန်း၏ လူလောကရောက်သည့် (၅၄)နှစ်ပြည့်သော နေ့ဖြစ်ပါသည်တစ်နည်းအားဖြစ်ပြောရလျှင် ဇာတိမှ အစပြုခဲ့ရသော ...
10/10/2023

10.10.2023
ယနေ့သည် ဘုန်းဘုန်း၏ လူလောကရောက်သည့် (၅၄)နှစ်ပြည့်သော နေ့ဖြစ်ပါသည်
တစ်နည်းအားဖြစ်ပြောရလျှင် ဇာတိမှ အစပြုခဲ့ရသော ဇရာ အိုသည့်နေ့ ဗျာဓိ နာသည့်နေ့
မရဏ သေဖို့ရန်အတွက် ပိုပြီးနီးကပ်လာသည့်နေ့ဖြစ်ပါသည်
မသေခင် ကျန်သေးသည့်ရက်များမှာ ဗုဒ္ဓဘာပြန့်ပွားရေးနှင့် လူမှုအကျိုးပြု ပရဟိတ လုပ်ငန်းများ ပိုပြီးလုပ်ဆောင်နေပါအုန်းမည်ဖြစ်ပါသည်

4.10.2023  #မင်္ဂလာနံနက်ခင်းပါဆရာတော်တို့ ကန်ဦးကျောင်းတိုက် ကန်ဦးဆွမ်းလောင်းဓမ္မာရုံမှ ဗုဒ္ဓဟူးနေ့နံနက် ကျောင်းပေါင်း(၂၅...
04/10/2023

4.10.2023
#မင်္ဂလာနံနက်ခင်းပါ
ဆရာတော်တို့ ကန်ဦးကျောင်းတိုက် ကန်ဦးဆွမ်းလောင်းဓမ္မာရုံမှ ဗုဒ္ဓဟူးနေ့နံနက် ကျောင်းပေါင်း(၂၅)ကျောင်း သံဃာတော် (၂၅၀)ကျော်သံဃာတော်အရှင်မြတ်များ (နဝမမ-​ကိုးပါတ်မြောက်)အရုဏ်ဆွမ်း လောင်းလှူသည့် ကုသိုလ်တော်ပါ

27.9..2023  #မင်္ဂလာနံနက်ခင်းပါဆရာတော်တို့ ကန်ဦးကျောင်းတိုက် ကန်ဦးဆွမ်းလောင်းဓမ္မာရုံမှ ဗုဒ္ဓဟူးနေ့နံနက် ကျောင်းပေါင်း(၂...
26/09/2023

27.9..2023
#မင်္ဂလာနံနက်ခင်းပါ
ဆရာတော်တို့ ကန်ဦးကျောင်းတိုက် ကန်ဦးဆွမ်းလောင်းဓမ္မာရုံမှ ဗုဒ္ဓဟူးနေ့နံနက် ကျောင်းပေါင်း(၂၅)ကျောင်း သံဃာတော် (၂၅၀)ကျော်သံဃာတော်အရှင်မြတ်များ (အဋ္ဌမ-​ရှစ်ပါတ်မြောက်)အရုဏ်ဆွမ်း လောင်းလှူသည့် ကုသိုလ်တော်ပါ

30.8.2023 မင်္ဂလာနံနက်ခင်းပါဆရာတော်တို့ ကန်ဦးကျောင်းတိုက် ကန်ဦးဆွမ်းလောင်းဓမ္မာရုံမှ ဗုဒ္ဓဟူးနေ့နံနက် ကျောင်းပေါင်း(၂၅)က...
29/08/2023

30.8.2023
မင်္ဂလာနံနက်ခင်းပါ
ဆရာတော်တို့ ကန်ဦးကျောင်းတိုက် ကန်ဦးဆွမ်းလောင်းဓမ္မာရုံမှ ဗုဒ္ဓဟူးနေ့နံနက် ကျောင်းပေါင်း(၂၅)ကျောင်း သံဃာတော် (၂၅၀)ကျော်သံဃာတော်အရှင်မြတ်များ (စတုတ္ထ-လေးပါတ်မြောက်)အရုဏ်ဆွမ်း လောင်းလှူသည့် ကုသိုလ်တော်ပါ

23.8.2023 မင်္ဂလာနံနက်ခင်းပါဆရာတော်တို့ ကန်ဦးကျောင်းတိုက် ကန်ဦးဆွမ်းလောင်းဓမ္မာရုံမှ ဗုဒ္ဓဟူးနေ့နံနက် ကျောင်းပေါင်း(၂၅)က...
22/08/2023

23.8.2023
မင်္ဂလာနံနက်ခင်းပါ
ဆရာတော်တို့ ကန်ဦးကျောင်းတိုက် ကန်ဦးဆွမ်းလောင်းဓမ္မာရုံမှ ဗုဒ္ဓဟူးနေ့နံနက် ကျောင်းပေါင်း(၂၅)ကျောင်း သံဃာတော် (၂၅၀)ကျော်သံဃာတော်အရှင်မြတ်များ (တတိယ-သုံးပါတ်မြောက်)အရုဏ်ဆွမ်း လောင်းလှူသည့် ကုသိုလ်တော်ပါ

လောကတစ်လွှား          အိုလူသားတို့ထိုပုံကိုကြည့်                သတိရှိလော့ငယ်ရွယ်စဉ်က             ဘယ်လောက်လှလဲအိုလာသောခါ...
21/07/2023

လောကတစ်လွှား အိုလူသားတို့

ထိုပုံကိုကြည့် သတိရှိလော့

ငယ်ရွယ်စဉ်က ဘယ်လောက်လှလဲ

အိုလာသောခါ သင့်ရုပ်လွှာဝယ်

ဇရာဒဏ်ချက် ရန်စနက်ကြောင့်

ပျက်ယွင်းရမှာ ဓမ္မတာပေါ့။

****************

မိအိုဖအို ဆရာအိုကို သင်တို့ရွံတာ မဆန်းပါဘူး

သို့ပါသော်လည်း လူအိုကြီးက မြတ်ဓမ္မကို သင့်တွက်နေ့တိုင်း

စိတ်ရိုင်းမဝင် အမှန်မြင်အောင် ပြပေးနေတာ မြင်စမ်းပါလော့

လှသွေးကြွချိန် မာနမိုးရောက် တခွန်ဆောက်လဲ

နောက်ဆုံးတနေ့ အိုရန်ဖြစ်လာ ချိန်အခါမှ နှာရည်မနိုင် ဆီးမနိုင်နဲ့

ယိမ်းယိုင်ခြေလှမ်း သွားတိုင်းမပါ သင့်ခန္ဓာကို သင်လျှင်နှစ်သက်

ဘယ်သူမက်လိမ့် သင်သေသောခါ သင့်မသာတောင်

အိမ်မှာကျောပူ မထားမူ၍ ရေခဲတိုက်မှာ ထားကြပါလိမ့်

ငါ့ကိုချစ်သူ သင့်ချစ်သူလည်း ချွတ်ကနဲ့ကြား အသံများကြောင့်

ကြောက်အားပိုလျက် အအိပ်ပျက်၍ ရဟန်းသံဃာ ပင့်ဖိတ်ခါဖြင့်

ကမ္မဝါပရိတ် ရွတ်လိမ့်ခါခါ နှင်ထုပ်မှာမို့ ဘယ်မှာလဲသား

ဘယ်မှာသမီး ဇနီးခင်ပွန်း သေရင်လွန်းမည် သတိလေးတော့ရှိစေခြင် ။

မေတ္တာဖြင့် လောကသရဖူမှန်ကင်း ။

လူဝတ်ဖြင့်ရဟန္တာ" ဖြစ်ခဲ့ကြသူများ━━━━━━━━━━━━━━━━၁။ "သုဒ္ဓေါဒန မင်းကြီး"━━━━━━━━━━━━━━━━"မြတ်ဗုဒ္ဓ"-"ဝေသာလီမြို့၊ မဟာဝုန...
30/04/2023

လူဝတ်ဖြင့်ရဟန္တာ" ဖြစ်ခဲ့ကြသူများ
━━━━━━━━━━━━━━━━
၁။ "သုဒ္ဓေါဒန မင်းကြီး"
━━━━━━━━━━━━━━━━
"မြတ်ဗုဒ္ဓ"-"ဝေသာလီမြို့၊ မဟာဝုန်တော၊
ကူဋာဂါရ ကျောင်း"မှာ သီတင်းသုံးခိုက်
"သုဒ္ဓေါဒန မင်းကြီး"ဟာ ထီးဖြူအောက်မှာ
"အရဟတ္တဖိုလ်"သို့ ရောက်၍ ပရိနိဗ္ဗာန် စံတယ်။
(ထေရီ-ဋ္ဌ၊ ၁၄၅)'။
* သေခါနီး "ထီးဖြူ"အောက် "မင်္ဂလာ အိပ်ရာ"
ပေါ်မှာ နေစဉ်မှာပဲ "ရဟန္တာ" ဖြစ်သွားတယ်။
(ဇာ-ဋ္ဌ ၁၊ ၁ဝ၆)။
"မြတ်ဗုဒ္ဓ"ရဲ့ "ငါးဝါ"မြောက်မှာ-(ဘုရားဖြစ်ပြီး
ငါးနှစ် အကြာ၊ မြတ်ဗုဒ္ဓရဲ့ သက်တော် ၄ဝ အရွယ်မှာ)
"မင်းကြီး"ဟာ "မင်္ဂလာထီးဖြူ"အောက်မှာ
"ရဟန္တာ"ဖြစ်ပြီး ထိုနေ့မှာပဲ "ပရိနိဗ္ဗာန်"စံတယ်။
(မဟာဗုဒ္ဓဝင်၊ ၆း၂၊ စာ-၈)။
━━━━━━━━━━━━━━━━
၂။ "ဗာဟိယ"(ဒါရု စီရိယ)
━━━━━━━━━━━━━━━━
"ဗာဟိယ တိုင်း"သား ဖြစ်လို့ "ဗာဟိယ"၊ "ချုပ်သီ ထားတဲ့ သစ်သားပြား"ကို ဝတ်ရုံလို့ "ဒါရုစီရိယ"လို့ "အမည်(၂)မျိုး" ရှိသူ။
* တစ်နေ့ "မြတ်ဗုဒ္ဓ" ဆွမ်းခံ ကြွနေတုန်း မိမိကို တရားဟောဖို့ ဇွဲသန်သန်နဲ့ တောင်းပန်လို့ "မြတ်ဗုဒ္ဓ"
က သူ့ကို-
-"မြင်ရာ၌ မြင်ကာမျှ ရှုပါ"(ဒိဋ္ဌေ ဒိဋ္ဌမတ္တံ)-လို့ သင်ကြားတယ်။
တရား ဆုံးတာနဲ့ "ရဟန္တာ" ဖြစ်သွားလို့ ရဟန်းပြုခွင့် တောင်းတဲ့အခါ-"မြတ်ဗုဒ္ဓ"ရဲ့ တိုက်တွန်းချက်နဲ့
"သင်္ကန်း,သပိတ်,ပရိက္ခရာ" ရှာဖို့ ထွက်သွားစဉ် -
"သားပေါက် နွားမ" ဝှေ့ခံရလို့ လမ်းမှာပဲ ဗာဟိယ-
"ပရိနိဗ္ဗာန်"စံတယ်။
(ဥဒါန-ဋ္ဌ၊ ၈၅)။
"မြတ်ဗုဒ္ဓ"က-"ဧဟိ ဘိက္ခု"ခေါ်ပြီး "ရဟန်း"ပြု မပေးတာက-အဲဒီလို ခေါ်ဖို့ "ကောင်းမှုအထူး"
မရြိလို့၊
"နွားဝှေ့"ခံရတာက-"အတိတ်ဘဝ ရန် ကြွေး"-
ရှိလို့ ဖြစ်ကြောင်း,"ကျမ်းဂန်"မှာ ဆိုပါတယ်။
(ညွှန်းပြီး)။
ဒါကြောင့်-နွားဝှေ့ ခံရခါနီး "နာရီပိုင်း"လေးမှာ
"မြတ်ဗုဒ္ဓ"နဲ့ တွေ့ပြီး "ရဟန္တာ ဖြစ် သွားတယ်"-
လို့ ယူရင် သင့်ပါတယ်။
━━━━━━━━━━━━━━━━
၃။ "သန္တတိ အမတ်"
━━━━━━━━━━━━━━━━
* သူက "ကောသလမင်း"ရဲ့ "အမတ်"။
သူ့ကို ဖျော်ဖြေမယ့် "ကချေသည် မိန်းကလေး"
ဟာ-"မိမိရဲ့ ကိုယ်ကာယ အလှ"ကို ပြလိုတဲ့အတွက်
"တစ် ပတ်"ကြာအောင် အစာမစားဘဲဝိတ်လျှော့နေ
ခဲ့ရာ-ပွဲနေ့ကျမှ အစာပြတ်ပြီး သေ ရှာတယ်။
"ကချေသည်မရဲ့ အလှ"ကို မကြည့်လိုက်ရတဲ့
"အမတ်"ခမျာ "သောက" ဖြစ်ပြီး "ဗုဒ္ဓ"ဆီကို ရောက်လာတယ်။
ဒါနဲ့ "မြတ်ဗုဒ္ဓ"က-
"အချစ် ပြုစား အစွဲအား ခွာထား ပထမ။
"ချစ်စေး တဏှာ ဝေးအောင်သာနေပါ ဒုတိယ။
"ချစ်စွဲမဲ့စွာ ရုပ်ခန္ဓာ ပူဗျာကင်းဝေးရ"-လို့
ဟောတော်မူတယ်။
*"သန္တတိ အမတ်"ဟာ တရားဆုံးတာနဲ့ "လူ့ဘဝ"နဲ့ "ရဟန္တာ" ဖြစ်သွားတယ်။ အဲဒီနောက် "ရဟန္တာ အမတ်ကြီး"ဟာ "မိမိရဲ့ သက်တမ်း"ကို ကြည့်တဲ့
အခါ "မကြာတော့ကြောင်း" သိမြင်လို့-
(အတ္တနော အာယုသင်္ခါရံ သြလောကေန္တော တဿ အပ္ပဝတ္တန.ဘာဝံ ဉတွာ)
-"ပရိနိဗ္ဗာန် စံပါရစေ"လို့ "မြတ်ဗုဒ္ဓ"ကို လျှောက်
တယ်။
(ဓမ္မပဒ-ဋ္ဌ ၂၊ ၄၉)။
*ဒီဖွင့်ဆိုချက်အရ-အကယ်၍ "မိမိမှာ သက်တမ်း ရှိသေးရင် ပရိနိဗ္ဗာန်စံ ဖို့ မြတ်ဗုဒ္ဓ ကို မလျှောက် သေးဘူး"-လို့ ပြောင်းပြန် အဓိပ္ပာယ် ယူခွင့်ရှိတယ်။
━━━━━━━━━━━━━━━━━━
၄။ "ဥဂ္ဂသေန ဘားကျွမ်းဆရာ"
━━━━━━━━━━━━━━━━━━
"ကချေသည်"နဲ့ အကြောင်း ပါပြီးနောက်
"ဘားကျွမ်းဆရာ"တစ်ဖြစ်လဲ သူဌေးသား။
တစ်နေ့-"ရာဇဂြိုဟ်မြို့"တစ်နေရာမှာ ပွဲခင်းခိုက်
"ပရိသတ်"က-ဆွမ်းခံကြွလာတဲ့ "မြတ်ဗုဒ္ဓ"နဲ့ "ရဟန်းသံဃာ"ကိုပဲ အာရုံစိုက်တာကို တွေ့လို့
စိတ်မသက်သာ ဖြစ်နေစဉ်-"ဗုဒ္ဓ"က သူ့ကို ဆက်ပြ ခိုင်းတယ်။
ဒါနဲ့-"ဗုဒ္ဓ"နဲ့ "ဗုဒ္ဓပရိသတ်"ပါ မိမိကို အားပေးတယ် အထင်နဲ့ "အတောင် (၆ဝ)မြင့်တဲ့ တိုင်"ထိပ်ပေါ်မှာ ရပ်ပြီး အစွမ်းကုန် ပညာပြဆဲ
"မြတ်ဗုဒ္ဓ"က ..
"ဖြစ်ပြီး ဖြစ်မှာ ဖြစ်ဆဲသာ ခန္ဓာမစွဲလမ်း၊
မစွဲခန္ဓာ မွေးသေကွာ သံသာတစ်ဖက်ကမ်း"-လို့ ဟောတော်မူလိုက်တယ်။
"ဥဂ္ဂသေန"ဟာ တိုင်ထိပ်မှာပဲ "ရဟန္တာ "ဖြစ်သွား
တယ်။
"တိုင်"အောက် ရောက်တော့-"ဗုဒ္ဓ"က "ဧဟိ ဘိက္ခု"ခေါ်တော်မူလို့ "ရဟန်း"အဖြစ်ကို ရတယ်။
(ဓမ္မပဒ-ဋ္ဌ ၂၊ ၄၉)။
သူ့မှာ -"ကုသိုလ်ပါရမီ"ရှိတာ၊
-သက်တမ်း မကုန်သေးတာကို သိလို့ "ဗုဒ္ဓ"က အဲဒီ
လို ဆောင်ရွက်တာ ဖြစ်ကြောင်း မှတ်ယူနိုင်ပါတယ်။
━━━━━━━━━━━━━━━━
၅။ "ဘဒ္ဒဇိ လုလင်"
━━━━━━━━━━━━━━━━
"ဘဒ္ဒိယ သူဌေး"ရဲ့သား "ဘဒ္ဒဇိ လုလင်"ဟာ
"ဗုဒ္ဓ"ထံမှာ တရားနာရင်း "လူဝတ်"နဲ့ "ရဟန္တာ" ဖြစ်သွားတဲ့အခါ-
"ဗုဒ္ဓ"က ဖခင် "သူဌေး"ကို-
"သင့်သား ဟာ တရားနာရင်း ရဟန္တာ ဖြစ်သွားပြီ။
ဒါကြောင့် သင့်သားကို ယခုပဲ ရဟန်းပြုပေးသင့်တယ်။
ရဟန်း မပြုရင် ပရိနိဗ္ဗာန် စံလိမ့်မယ်။"
(တေနဿ ဣဒါနေဝ ပဗ္ဗဇိတုံ ယုတ္တံ၊ နော စေ
ပဗ္ဗဇတိ၊ ပရိနိဗ္ဗာယိဿတိ)-လို့ မိန့်တော်မူတယ်။
အဲဒီတော့ "သူဌေး"က-
"ငါ့သား ဟာ ငယ်ငယ်ပဲ ရှိသေးတာမို့ ပရိနိဗ္ဗာန် မစံသင့်သေးဘူး၊ သား ကို ရဟန်းပြုပေးပါ။"
(န မယှံ ပုတ္တဿ ဒဟရေဿဝ သတော ပရိနိဗ္ဗာနေန
ကိစ္စံ နတ္ထိ၊ ပဗ္ဗဇေထ နံ)-လို့ လျှောက်တဲ့အတွက်-
"မြတ်ဗုဒ္ဓ"က "သူဌေးသား"ကို"ရဟန်း"ပြုပေး လိုက်တယ်။
(ထေရ-ဋ္ဌ ၁၊ ၃၆၅)။
ဒီအဖွင့်ကို ကြည့်ရင်-"ရဟန်း"မပြုရင် "လူဝတ်
ကြောင် ရဟန္တာ"ဟာ-"သေကို သေရမယ်"ဆိုတဲ့ အဓိပ္ပာယ်မျိုး ဆိုလိုရိပ် ထင်တယ်။
ဒါပေမယ့်--
- "ဘဒ္ဒဇိ လုလင်"မှာ သက်တမ်း ရှိသေးတာ၊
-ဖခင်လည်း သားကို အသက် ရှည်စေလိုတာ ကို
သိတော်မူလို့ "မြတ်ဗုဒ္ဓ"က အဲဒီလို မိန့်တာလို့-
အေဒီ (၅)ရာစု နောက်ပိုင်းမှာ ရေးဖွယ်ရှိတဲ့
"ထေရဂါထာအဋ္ဌကထာ"ရဲ့ အဆိုကို ဖြည့်ပြီးယူရင်
တော့ ဖြစ်နိုင်တန်ကောင်းရဲ့။
━━━━━━━━━━━━━━━━
၆။ "ဝီတသောက လူငယ်"
━━━━━━━━━━━━━━━━
"မဇ္ဈိမနိကာယ်အဋ္ဌကထာ"(မ-ဋ္ဌ ၃၊ ၁၃၆)မှာ
"ဝီတသောက"(မောင်မစိုးရိမ်) အမည်ရှိ
လူငယ်တစ်ယောက်လည်း "လူဝတ်နဲ့ ရဟန္တာ"
ဖြစ် သွားကြောင်း ဖော်ပြတယ်။
ဝတ္ထုဖြစ်ရပ် အကျယ်ကို ရှာမတွေ့သေး။
("အသောက မင်း"ရဲ့ ညီငယ် "ဝီတသောကမထေရ်"
နဲ့ ဒီ"သူငယ်"မတူ။)
━━━━━━━━━━━━━━━━
၇။ "ယသ မထေရ်"
━━━━━━━━━━━━━━━━
* ဗာရာဏသီမြို့သား-"အရှင်ယသ" ဖြစ်လာမယ့်
လူငယ် ဟာ အိမ်မှ ထွက်လာပြီး "မိဂဒါဝုန်"ကိုရောက်၊
ဘုရားဖြစ်စ "မြတ်ဗုဒ္ဓ"နှင့် တွေ့၊ တရားနာပြီး "သောတာပန်"ဖြစ်တယ်။
(ဝိ ၃၊ ၂၂)။
"အင်္ဂုတ္တရအဋ္ဌကထာ"(၁၊ စာ-၃၁ဝ)အရ
"အနာဂါမ်" ဖြစ်သတဲ့။
(တီဏိ ဖလာနိ ပဋိဝိဇ္ဈိ)။
* ဖခင် "သူဌေးကြီး"ကို "မြတ်ဗုဒ္ဓ" တရားဟောနေ
စဉ် "ယသလူငယ်"က သိပြီးသား တရားကို ဆင်ခြင်
ရင်း "ရဟန္တာ" ဖြစ်။
အဲဒီနောက် "ဗုဒ္ဓ"က-"ဧဟိ ဘိက္ခု"-လို့ မိန့်တယ်။
(ဝိ ၃၊ ၂၂-၂၄)။
"သောတာပန်"(သို့မဟုတ်)"အနာဂါမ်"ဖြစ်ချိန်ထိ
"ရဟန်းပြုခွင့်"မတောင်းတာကို ထောက်ရင်-
"လူဝတ်နဲ့ ရဟန္တာ" ဖြစ်သွားပြီးမှ "ဧဟိ ဘိက္ခု"
ခေါ်ခံရတဲ့ သဘောရှိတယ်။
("ဓမ္မစကြာသုတ်"မှာ "ပဉ္စဝဂ္ဂီဝင် အရှင်ကောဏ္ဍည" ဟာ "ဓမ္မစက္ခု = သောတာပန်"ဖြစ်ပြီးတာနဲ့ "ရဟန်း ပြုပါရစေ"-လို့ တောင်းပန်တာကို သတိပြု။)
━━━━━━━━━━━━━━━━
၈။ "ခေမာ ထေရီ"
━━━━━━━━━━━━━━━━
* "ဗိမ္ဗိသာရရဲ့ မိဖုရား ခေမာ"ဟာ "မြတ်ဗုဒ္ဓ"ရဲ့ တရားအဆုံးမှာ "လူဝတ်နဲ့ ရဟန္တာ" ဖြစ်တယ်။
အဲဒီအခါ "မြတ်ဗုဒ္ဓ"က "ဗိမ္ဗိသာရ"ကို-
* "မင်းကြီး၊ 'ခေမာ' ဟာ ရဟန်းသော်လည်း ပြု၊
ပရိနိဗ္ဗာန်သော်လည်း စံသင့်တယ်။"
(မဟာရာဇ ခေမာယ ပဗ္ဗဇိတုံ ဝါ ပရိနိဗ္ဗာယိတုံ
ဝါ ဝဋ္ဋတိ)-လို့ မိန့်ပါတယ်။
* "မင်းကြီး"က-
"ရဟန်းပြုပါစေ အရှင်ဘုရား၊
ပရိနိဗ္ဗာန်တော့ မစံသင့်ပါဘူး"-လို့ လျှောက်တယ်။
(ဓမ္မပဒ-ဋ္ဌ ၂၊ ၃၄ဝ)။
"မိဖုရားရဲ့ သက်တမ်း မကုန်သေးလို့ မြတ်ဗုဒ္ဓက
ထိုသို့ မိန့်တော်မူတယ်"-လို့ ယူရင် အောက်ပါ အဆိုနဲ့ ထပ်တူ ဖြစ်မယ်။
"ခေမာ မိဖုရား"ဟာ "ရဟန္တာ" ဖြစ်သွားပြီးနောက်
"မိမိရဲ့ အာယုသင်္ခါရ" (သက်တမ်း) မကုန်သေးတာ
ကို သိတဲ့အတွက်-"ရဟန်းပြုခွင့်"တောင်းဖို့
နန်းတော်ကို ပြန်လာစဉ်
"ဘုရင်"ကို ရှိမခိုးဘဲနေတယ်။
* "ဘုရင်"ကလည်း "မိဖုရားရဲ့ အမူအရာ"ကို
ကြည့်ပြီး သိနေလို့ "ရွှေထမ်းစင်"နဲ့
"ဘိက္ခုနီမ ကျောင်း"ကို ပို့ပြီး "ရဟန်းပြု"စေတယ်။
(အံ-ဋ္ဌ ၁၊ ၂၆၆)'။
-----------------------
"ရှစ်ပါးမျှ"
-----------------------
"လူရဟန္တာ ငါးဦးမှာ စံရှာနိဗ္ဗာန်နန်း"-လို့ ဆိုပေမယ့်
"ဘုန်းကြီး" လေ့လာမိသမျှ "လူ့အသွင်နဲ့ ရဟန္တာ" ဖြစ်တာ
-ယောက်ျား (၇)ဦးနဲ့
-အမျိုးသမီး (၁)ဦး၊ ပေါင်း (၈)ဦး ရှိတယ်။
-တိုက်ရိုက်ဖြစ်စေ
-သွယ်ဝိုက် အဓိပ္ပာယ်နဲ့ ဖြစ်စေ ထပ်တွေ့နိုင်ပါ
သေးတယ်။
အဲဒီတော့ ထပ်ဖြည့်ကြတာပေါ့။ သိထားတဲ့ သူတော် ကောင်းတို့ ထပ်ဖြည့်ပေးနိုင်ရင် ကျေးဇူးတင်မှာပါ။
-----------------------
"အစာနှင့် ဝမ်း"
-----------------------
-----------------------
"မိလိန္ဒ"
-----------------------
"အရှင်ဘုရား၊ "အရဟတ္တဖိုလ်ကို ရသူဟာ
သေလွန်ရသည်"ဆိုရင် "အရဟတ္တဖိုလ်"-ဟာ ငြိမ်းချမ်းပါရဲ့လား"
-----------------------
"အရှင်နာဂသေန"
-----------------------
"မင်းကြီး၊ လူ့သွင်ပြင်က အားနည်းတဲ့အတွက်
လူဝတ်နဲ့ ရဟန္တာ ဖြစ်ရင် ထိုနေ့မှာပဲ ရဟန်း ပြုရင်ပြု၊
မပြုရင် ပရိနိဗ္ဗာန် သော်လည်း စံတယ်။
* ဒါဟာ အရဟတ္တဖိုလ်ရဲ့ အပြစ် မဟုတ်ဘူး။
လူ့သွင်ပြင်ရဲ့ အပြစ်သာ ဖြစ်ပါတယ်။
* အသက် ရှည်စေတဲ့ အစားအစာ ဖြစ်ပေမယ့်,
ဝမ်းမီး မကောင်းလို့ အစာမကြေရင်- အစာရဲ့အပြစ် မဟုတ်ဘူး။ ဝမ်းမီး အားနည်းခြင်းရဲ့အပြစ်ပါ။"
(မိလိန္ဒ-မြန်၊ ၂၇၅)။
* "လူ့ဘဝနဲ့ ရဟန္တာ ဖြစ်သူ"ဟာ "ရဟန္တာဖြစ်ခြင်း" ကြောင့် သေတာမဟုတ်ဘူး။
"ပစ္ဆိမဘဝိက"(နောက်ဆုံး ပဋိသန္ဓေနေသူ) ဖြစ်တဲ့ အတွက် ဒီ"ဘဝခန္ဓာ" မကုန်ဆုံးခင် "ရဟန္တာ" ဖြစ်ကို ဖြစ်ရမှာမို့ ..
(၁) သေခါနီး အချိန်ကျမှ အရဟတ္တဖိုလ်ကို ရရင်
သက်တမ်း ကုန်နေလို့-
(၂) ရဟန်းပြုနိုင်ရင် သက်တမ်း မကုန်သေးလို့-ဖြစ်ကြောင်း မှတ်သင့်ပါတယ်။
ⓒⓡⓔⓓⓘⓣ

လူ(၃)မျိုး   မင်းဘဝမှာ လူ(၃)မျိုးနဲ့   ဆုံရပါလိမ့်မယ်။    (၁) သစ်ရွက်လိုလူ   (၂) သစ်ကိုင်းလိုလူ   (၃) သစ်မြစ်လိုလူ   ဒီလ...
17/03/2023

လူ(၃)မျိုး

မင်းဘဝမှာ လူ(၃)မျိုးနဲ့
ဆုံရပါလိမ့်မယ်။

(၁) သစ်ရွက်လိုလူ
(၂) သစ်ကိုင်းလိုလူ
(၃) သစ်မြစ်လိုလူ

ဒီလို လူတွေနဲ့ပါ။

သစ်ရွက်လိုလူ...
*******************

ဒီလိုလူတွေက မင်းဘဝထဲမှာ
ရာသီတစ်ခုနဲ့ ရောက်လာကြတာ။
အားနည်းတဲ့အတွက်
သူတို့ကို အားကိုးလို့မရဘူး။
သူတို့လိုချင်တာသာ
ယူဖို့လာတဲ့အတွက်...
လေတိုက်ရင် ထွက်သွားကြလိမ့်မယ်။
အဆင်ပြေတဲ့အခါ
ဒီလူတွေက မင်းကို ချစ်ပေမယ့်
လေတိုက်တဲ့အခါ
မင်းကို ထားခဲ့လိမ့်မယ်။

သစ်ကိုင်းလိုလူ...
********************

ဒီလိုလူတွေက သန်မာတယ်။
ဒါပေမယ့် သူတို့ကိုလည်း သတိထားရမယ်။
ဘဝက ခက်ခဲလာပြီး
ဝန် အလွန်အကျွံကို မထိန်းနိုင်တဲ့အခါ
ကျိုးပဲ့သွားလိမ့်မယ်။
တစ်ချို့ရာသီတွေမှာ
မင်းနဲ့အတူ ရှိနိုင်ပေမယ့်
ပိုခက္ခဲလာတဲ့အခါ
ဖဲ့ထွက်သွားလိမ့်မယ်။

သစ်မြစ်လိုလူ...
******************

ဒီလိုလူတွေရဲ့ စိတ်ရင်းခံကို
မင်းမြင်ဖို့ အလွန်ခက်ခဲပေမယ့်
သူတို့က မင်းဘဝအတွက်
အလွန်အရေးကြီးပါတယ်။
မင်းဘဝရဲ့
အလွန်ခက်ခဲတဲ့အချိန်ကာလကို
ဖြတ်သန်းနေချိန်မှာ
မင်းအနေအထားကို တည်ငြိမ်မှုရှိအောင်
သူတို့က ဖေးမကူညီထားလိမ့်မယ်။
သူတို့က မင်းကို
တကယ်ချစ်တဲ့သူတွေပါ။

မင်းဘဝမှာ
ဆုံခဲ့ရတဲ့သူတွေ...
ချစ်ခဲ့ရတဲ့ သူငယ်ချင်းတွေ...
အားလုံးကေတာ့
သစ်မြစ်လိုလူချည့် မဟုတ်နိုင်ဘူးပေါ့။
ခက်ခဲတဲ့ကာလမှာ
အတူရှိနေသူတွေကမှ
သစ်မြစ်လိုလူလို့ ဆိုနိုင်မယ်။

သစ်မြစ်လိုလူတွေကတော့
ရာသီမရွေး
မင်းနဲ့အတူ ရှိနေပါလိမ့်မယ်ဟု
ဆိုနိုင်ပါကြောင်း။ ။

#ခီရီဒီးဒ်

အဆိုတော် ခင်ဝမ်း နဲ့ ခင်မောင်တိုး တို့သီဆိုခဲ့ကြတဲ့ "ဆယ်လ်မွန်ငါးတို့အပြန်" ဆိုတဲ့သီချင်းလေးရဲ့ အဓိပ္ပါယ်ကို အခုမှဘဲသေချ...
15/03/2023

အဆိုတော် ခင်ဝမ်း နဲ့ ခင်မောင်တိုး တို့သီဆိုခဲ့ကြတဲ့ "ဆယ်လ်မွန်ငါးတို့အပြန်" ဆိုတဲ့သီချင်းလေးရဲ့ အဓိပ္ပါယ်ကို အခုမှဘဲသေချာနားလည်တော့တယ်..

"ဆယ်လ်မွန်ငါးတို့အပြန်"

---------------------------------------

ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်... မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်..

ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။

ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ.....

အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။

တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့.... ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်...ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက ဖိုမျိုးစေ့ Spam တွေဥပ်ါချလိုက်တယ်.. အထီးဖြစ်သူဥပေါ်မှထွက်ပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥတွေရေစီးနဲ့ပါမသွားအောင် အပေါ်ကဝပ်ပေးပြီးဘယ်မှမသွားတော့ပါ ဒီလိုနဲ့ (၃)ရက်မှ (၇)ရက်အတွင်း အမဖြစ်သူဟာ၎င်းရဲ့ ဥအသိုက်ပေါ်မှာပဲ သေဆုံးသွားပါတယ်..အထီးဖြစ်သူကတော့ အနီးနားပတ်ဝန်းကျင်မှာပဲ့ သေဆုံးသွားပါတယ်..။

အဲလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေဟာ (၃)လမှာ ဥမှထွက်လာပါတယ်။ အဲဒီအခါမှာ ဆယ်လ်မွန်ငါးမိခင်ဟာ သေဆုံးပြီးရုပ်ကြွင်းမှ အသားမျှင်လေးတွေအဖြစ် အနီးနားမှာပြန့်ကြဲနေပါပြီ။ ဥမှထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ ရေမကူးနိုင်သေးပါ တွားသွားပြီး အစာအဖြစ် မိခင်ရုပ်ကြွင်းအသားမျှင်လေးများကို စားကြရပါတယ်။

အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ ဘာဖြစ်လို့ မျိုးဆက်သစ်မွေးဖွားတော့မယ်ဆိုတာနဲ့ အစာမစားတော့တာဟာ မိမိအသက်အသေခံဖို့ တခြားအစာ(ရေညှိရေမှော်ကအစ) ဘာမှမရှိတဲ့ကျောက်စရစ်ရေအောက်မြေသားမှာ မိမိအသွေးသားကို မိမိမျိုးဆက်စားသောက်ပြီး အသက်ဆက်ဖို့အတွက်ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးအထီးကတော့ အနီးနားမှာသေဆုံးပြီး ကြီးပြင်းလာတဲ့မိမိမျိုးဆက်အပြင် တခြားသောဆယ်လ်မွန်ငါးတွေအတွက် အစာအဖြစ်ပေးဆပ်ပါတယ်။

ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူးအံ့သြဖွယ်ရာပါ။

ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါးရဲ့သဘာဝကိုစံထားပြီး မိမိတို့မျိုးဆက်သစ်အတွက်ပေးဆပ်ဖို့ ပညာပေးကြပါတယ်။
ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်တော့ ရေငန်ပင်လယ်ထဲကို ဆင်းသွားကြတယ်...ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက် တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါမှာ ရေငန် ပင်လယ်ထဲကနေ သူတို့ ပေါက်ဖွားခဲ့တဲ့ မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို ပြန်သွားကြတယ်တဲ့...

ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ...ဆယ်လ်မွန်ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော်သီချင်းတောင် ရှိနေသေးတာဘဲ...

တကယ်ဆိုဆယ်လ်မွန်ငါး တွေရဲ့ ဇာတိစွဲက ဘယ်လောက် ချစ်စရာကောင်းသလဲ...
ဘယ်နေရာဘဲ ရောက်နေနေ သူတို့ရဲ့ ဇာတိကို မေ့မသွားဘူးလေ...ရောက်အောင်ပြန်ကြတယ်...

ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို ပြန်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ...

မြစ်ချောင်းတွေဟာ အမြင့်မှာ...ပင်လယ်က ဟိုးအနိမ့်ဆုံးမှာ...

အန်ိမ့်ဆုံးနေရာကနေ အမြင့်ဆုံနေရာဆီကို ဆန်တက်ကူးခတ်ပြီး ပြန်ကြရတာလေ...

သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူရွာသားတွေက အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေးတယ်...ပိုက်တွေထဲ တိုး၀င်ပြီး ပါသွားလိုက်တာ အများအပြား...

ပိုဆိုးတာတစ်ခုက မြစ်ချောင်းတွေဆီကနေ ပင်လယ်ဆီကို လာတုန်းက အဆင်းလမ်းကို လာခဲ့ကြတယ်...ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်...အခု ပင်လယ်ကနေ မြစ်ချောင်းတွေဆီကို ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ...

ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက ပုံစံတွေ ပြောင်းနေတတ်သေးတယ်...ဆည်တွေဖို့လိုက်တာမျိုး...မြောင်းတွေ ပိတ်ပစ်လိုက်တာမျိုးတွေပေါ့...အဲ့လိုနေရာတွေကို ရောက်တဲ့အခါမှာ ငါးလေးတွေဟာ လမ်းပျောက်သလိုဖြစ်ပြီး သေလိုက်ကြတာမှ အတုံးအရုံး...

ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့...ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ၀မ်းနည်းပူဆွေးမှုတွေနဲ့...

အိမ်ပြန်ရတာ အဲ့သလောက်ဘဲ ခက်ခဲသလား...

အိမ်အပြန်လမ်းဟာ အဲ့သလောက်ဘဲ ကြမ်းတမ်းသလား...

အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာ ကျိန်စာတစ်ခုလို အသက်ကိုပါ နှုတ်ယူပစ်တတ်တာမျိုးလား...

အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ တပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား...

အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိကိုတော့ အလေးပြုမိပါရဲ့...။

ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကိုအတုယူပြီး မိမိတို့မျိုးဆက်အတွက်ပေးဆပ်တဲ့ အကျင့်လေးများရှိဖို့ အကြံပေးပါရစေ..။

:-

.                     ပေါင်းဖော်အပ်တဲ့                သူငယ်ချင်းကောင်း ( ၄ ) မျိုး       ➖➖➖➖➖➖➖➖➖➖➖➖➖➖ ၁ ။ ကူညီတတ်တဲ့ သ...
06/03/2023

. ပေါင်းဖော်အပ်တဲ့
သူငယ်ချင်းကောင်း ( ၄ ) မျိုး
➖➖➖➖➖➖➖➖➖➖➖➖➖➖

၁ ။ ကူညီတတ်တဲ့ သူငယ်ချင်း

သင် ထိခိုက် ၊ နာကျင် နေချိန်မှာ ကာကွယ်
ပေးတယ် ။ သင် ကြောက်နေချိန်မှာ လုံခြုံ ၊
နွေးထွေးမှု ပေးတယ် ။ သင် ဘယ်လို အခက်
အခဲမျိုး နဲ့ ကြုံနေချိန်ဖြစ်ပါစေ ၊ ငါ ပြန်ရဖို့
မမျှော်ကိုးပဲ အမြဲအကူညီပေး တတ်တယ် ။

၂ ။ မြဲမြံတဲ့သူငယ်ချင်း

သင့် လျှို့ဝှက်ချက်တွေ ကို ၊ သူ့ရဲ့ ကိုယ်ပိုင်
လျို့ဝှက်ချက်တွေ လိုပဲ လုံခြုံအောင် ထိန်းသိမ်း
ပေးတယ် ။ သင် ဆင်းရဲ ၊ ဒုက္ခ နဲ့ ကြုံနေချိန်
မှာလည်း သင့်ကို မနှိမ့်ချဘူး ၊ စွန့်ခွာမသွားဘူး ။

သင့်ဘဝရဲ့ အနိမ့်အမြင့် ၊ အတက်အကျ
တိုင်းကို သင် နဲ့ အတူ ရင်ဆိုင် ၊ ဖြတ်သန်း
ပေးတတ်တယ် ။

၃ ။ အကြံဉာဏ် ပေးတတ်တဲ့ သူငယ်ချင်း

သင် မကောင်းတာတွေလုပ်တဲ့အခါ
တားမြစ်ပြီး ၊ ကောင်းတာတွေလုပ်ဖို့
အကြံဉာဏ်ပေးတတ်တယ် ။

သင် သိသင့်တဲ့အရာတွေကို ပြောပြသလို ၊
သင် သွားသင့်တဲ့နေရာကို လမ်းညွှန်ပြသ
ပေးတယ်။

သင့်အပေါ် ဆရာသမားတစ်ယောက်လို၊
မိဘလိုမျိုး ချစ်ခြင်းမေတ္တာ ၊ ကြင်နာမှု
တွေ နဲ့ စိတ်ရှည်ရှည် သင်ကြားပေးတတ်သူ
ဖြစ်ပါတယ်။

၄ ။ စာနာထောက်ထား ၊
ကြင်နာတတ်တဲ့ သူငယ်ချင်း

သင် ကံဆိုးနေတဲ့အခါ ၊ မပျော်ရွှင်ပဲ ခံစား
ပေးတတ်ပြီး ၊ သင် ကံကောင်းနေတဲ့အခါ
ကျေနပ် ၊ ဝမ်းသာ ပေးတတ်တယ် ။

တခြားသူတွေက သင့် အကြောင်း မကောင်း
ပြောနေတဲ့အခါ ကာကွယ်ပေးပြီး ၊

သင့်ရဲ့ ကောင်းကွက်တွေကို ပြောပေး
တတ်တယ် ။ သင့် အတွက် ချစ်ခြင်းမေတ္တာ ၊
ချီးမွမ်းစကားတွေနဲ့ ပျော်ရွှင်မှုတွေပဲပေးပြီး ၊
သင့်ခက်ခဲတဲ့ အချိန်တိုင်း သင့်လက်ကိုတွဲပြီး
ဖြတ်သန်းတတ်တယ် ။

ဒီလို သူငယ်ချင်း ( ၄ )မျိုးက ဘဝမှာ....
" ပေါင်းသင်းအပ်တယ် "လို့
ဗုဒ္ဓမြတ်စွာဘုရားက ဟောကြား
တော်မူခဲ့ပါတယ် ။

01/02/2023
ဘဝမမေ့နဲ့ ဘဝင်မမြင့်နဲ့ ခဏတာ ဦးဆောင်မှု့မှာလဲ မာန်မရစ်နဲ့ သေရင်အကုန်ထားခဲ့ရမှာကြီးဘဲ လက်ရှိမှာငါလုပ်နိုင်တာဘဲ ဆိုတဲ့ အတွ...
19/12/2022

ဘဝမမေ့နဲ့ ဘဝင်မမြင့်နဲ့
ခဏတာ ဦးဆောင်မှု့မှာလဲ မာန်မရစ်နဲ့
သေရင်အကုန်ထားခဲ့ရမှာကြီးဘဲ
လက်ရှိမှာငါလုပ်နိုင်တာဘဲ ဆိုတဲ့
အတွေးနဲ့ ရစ်မူးနေပြီး လူတကာကို
မောက်မာစွာ မတူသလိုမတန်သလို
စကားမပြောချင်သလို ပြောချင်သလိုနဲ့
ဆက်ဆံနေခြင်းဟာ
ကိုယ့်အတွက် အထီးကျန်စေတယ်
အကျဉ်းတန်စေတယ် ။။။။။။။။။။။

ပြန်လည်မျှဝေပါသည်။

Address


Telephone

+959789115108

Website

Alerts

Be the first to know and let us send you an email when ဦးသု စရိတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဦးသု စရိတ:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share