Hepa May

Hepa May ကိုယ့်ကိုယ်သည်သာ အားကိုးရာ

23/07/2024
Thanks for being a top engager and making it on to my weekly engagement list! 🎉 Ko Zaw Ko Zaw, Naw Htoo Kapaw, Lucy Hne,...
15/07/2024

Thanks for being a top engager and making it on to my weekly engagement list! 🎉 Ko Zaw Ko Zaw, Naw Htoo Kapaw, Lucy Hne, Hoipang Hung

10/07/2024

အကြိမ်ကြိမ်ပြန်စစ်တဲ့ကြားကမှ
စာလုံး အမှားလေးတွေ ပါနေပါတယ်
အားလုံးတောင်းပန်ပါတယ်

06/07/2024

တွေ့လား တွေ့လား
မတွေ့ဘူးဟ
ဟိုဘက်မှာရော
ဟျောင့် မင်းရော .!
မတွေ့ဘူးကွ!

ရေနစ်နေသော အမျိုးသမီးတစ်ဦးကို ပြန်ရှာနေကြခြင်း ဖြစ်သည်။

ကျွန်မသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ရှိ ရွာငယ်ဇနပုဒ်လေးတစ်ခုမှ ကြီးပြင်းလာခဲ့သူ ဖြစ်ပါသည်။
ကျွန်မတို့ရွာသည် လေးမြို့နယ်ဆုံဖြစ်၏။
တည်နေရာမှာ မင်းတပ်မြို့နယ်ဖြစ်ပြီး အရှေ့တောင်ဘက်တွင် မတူပီမြို့နယ်၊
တောင်ဘက်တွင် ပလက်ဝမြို့နယ်နှင့်
အနောက်တောင်ဘက်တွင်မူ
ကန်ပက်လက်မြို့နယ်တို့ကို လှမ်းမြင်ရသည်။
နယ်နမိတ်အနေဖြင့် မတူပီမြို့၏မျက်နှာဖုံး​ဖြစ်သော
မြောက်ဘက်က ဘုံတလာရေတံခွန်မှ စီးဆင်းလာသည့် လေးမြို့ချောင်းက နယ်အသီသီးတို့ကို ကွေ့ဝိုက်စီးဆင်းရင်း ခွဲခြားပေးလေသည်။
ချင်းတောင်ဟု ဆိုရသည့်အတိုင်း
တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းလျှိုမြောင်များပေါများပေသည်။

ငယ်ငယ်ကတည်းက လူကြီးတွေအနားကပ်ပြီး စပ်စုတတ်သောအကျင့်လေးတစ်ခုလည်း ကျွန်မမှာ ရှိသည်။

ရွယ်တူကလေးအပေါင်းအသင်း သိပ်မရှိလှ။
ရပ်ကွက်ထဲမှာ ရွယ်တူသိပ်မရှိခဲ့တာလည်းပါပေမည်။

အဘိုးကြီးအဘွားကြီးများ၏ ပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့သော ပုံပြင်လိုလို သဏ္ဍာရီလိုလို အဖြစ်အပျက်ဟောင်းလေးတစ်ခုအကြောင်းကို စိတ်ဝင်စားဖွယ် ကျွန်မ ကြားခဲ့ဖူးပါသည်။

အဖြစ်အပျက်သည်ကား ရှေးပဝေသဏီခေတ်အခါတုန်းကဖြစ်ပေမည်။
ကျွန်မတို့ ချင်းလူမျိုးများထဲမှာမှ တစ်ချို့လူမျိုးစုတို့ ​ရှေးထုံးလေးတစ်ခုနှင့် မိတ်ဆက်ပေးချင်ပါသည်။

ကျွန်မတို့ထုံးစံအရ
ဘယ်သူနှင့်ယူလို့ရသည် ယူလို့မရသည်ကို အားလုံးသိကြသည်။
ဘယ်သူ့ကိုတော့ ယူကိုယူရမည် ဘယ်သူ့ကိုတော့ လုံးဝမယူရဆိုသည့် ထုံးတမ်းသီအိုရီတို့ရှိခဲ့ဖူးသည်။

ယခုအခါ
ယူကိုယူရမည်ဆိုသော တစ်ယူသန်သော
မူအစွဲများ မရှိတော့သော်လည်း
ဘယ်သူ့ကိုတော့ လုံးဝ မယူရဆိုသည့် မူတို့သည်ကား တစ်ချို့နေရာများတွင် စိတ်မကောင်းဖွယ် ရှိနေသေးသည်

ယခင်က ချင်းပြည်နယ်တွင်
လူမျိုးစု တစ်ခုနှင့်တစ်ခု၊ ရပ်ကွက်တစ်ခုနှင့်တစ်ခု၊ ရွာတစ်ရွာနှင့်တစ်ရွာ အချင်းချင်း ရန်ဖွဲ့ သတ်ဖြတ်ပြီး နေရာယူ(နယ်ချဲ့ယူ)ရသည့် အစဉ်အလာရှိခဲ့ပုံပင်။

ကြီးနိူင်ငယ်ညှင်းစနစ်တို့အရဖြစ်ပေမည်။
သားသမီးချင်းအတင်းပေးစားရသည့်
ထုံးတမ်းလေးတစ်ခု ရှိခဲ့သည်ပင်။
ဤသည်နှင့်အမျိုးသမီးတို့မှာ အမျိုးသားများလောက် လူ့အခွင့်အရေးမရရှိခဲ့ကြဟန် ရှိပေသည်။

လူမျိုးကြီးအုပ်စုတစ်ခုထဲက အမျိုးသားတစ်ယောက်ယောက်မှ မိမိတို့သမီးပျိုကို လိုချင်သည်ဆိုမူ
အုပ်စုငယ်တို့မှာ မငြင်းနိူင်ရာ
တန်ရာတန်ကြေးယူပြီး ပေးလိုက်ရသည်မျိုးပင်။

ချစ်သူရည်းစားများကိုပင် မိဘဆွေမျိုးတို့ သဘောမတူပါမူ သေကွဲကွဲ၊ ရှင်ကွဲကွဲ မရရအောင် ခွဲရသည့်ထုံးပင်ရှိခဲ့ဟန်။

ယခုပြောပြချင်သည်မှာ ချစ်သူနှင့် အတင်းခွဲပြီး လေးမြို့ချောင်းရဲ့ အခြားတစ်ဘက်ကို ရောင်းစားခံလိုက်ရသည့် မိန်းက​လေးတစ်ယောက်၏
သဏ္ဍာရီအကြောင်းပင်။

မိန်းမပျိုလေးမှာ ချစ်ရသူရှိနေပေပြီ။
တစ်ဘက်ရွာက ရွာလူကြီးတစ်ယောက်သည် ထိုမိန်းကလေးကို နှစ်သက်နေခဲ့မိပေမည်။
သူ့မိဘများဆီ မိန်းက​လေးကိုတောင်းယူရန် ဆွေမျိုးမိဘများနှင့်အတူဒီဘက်ရွာကို ရောက်လာခဲ့သတဲ့။
ထိုအမျိုးသားမှာ ယူထားပြီးသော ဇနီးသည်လည်းရှိပေသည်။
ဒီဘက်ရွာက မိန်းကလေးမှာလည်း ချစ်ရသူရှိနေသည်။

မိန်းကလေးခမျာ သူ့မိဘတွေကို လွန်ဆန်ခွင့်မရှိ။
သူ့ချစ်သူနှင့် တိုင်ပင်ဖို့ အခွင့်အရေးလည်း မရခဲ့။
အိမ်ထဲမှာ ပိတ်လှောင်ခံထားရသည်။
ဟိုအမျိုးသားကို လက်မခံမချင်း မစားရမသောက်ရ ပိတ်လှောင်ခံရမည်။

မိန်းကလေးမှာ အားနည်းနေပြီ။
သူမနှင့်ခွဲရမည့်အ​ဖြစ်ကိုတွေး
ကြည့်ရင်း သူ့ချစ်သူသည်လည်းရင်ကွဲနာကျ သေဆုံးသွားပေပြီ။

မိန်းကလေးမှာ ရွေးချယ်စရာမရှိတော့ပေ။
တစ်ဘက်ရွာက လူကိုလည်းမယူချင်သောကြောင့် သူ့ကိုသူ သတ်သေဖို့ပင် တွေးခဲ့မိတော့သည်။

မိုးလင်းခါနီး လင်းကြက်တို့တွန်နေပေပြီ။
မိန်းကလေးသည်လည်း ဟိုလူကြီးကို လင်ယောက်ျားအဖြစ် လက်မခံနိူင်ပေ။
မိဘများကပင်ရက်စက်ယုတ်မာစွာဖြင့်
မိန်းကလေးကိုယ်ပေါ်က အဝတ်အစားရှိသမျှကို ဆွဲချွတ်ဆုတ်ဖြဲ လူကိုယ်တုံးလုံးကို ဖျာစုတ်နှင့် ဖက်လိပ်ပြီးချောင်းရဲ့တစ်ဘက်ဆီကို ထမ်းပို့ကြရတော့သည်။

မိန်းကလေးမှာ တစ်ဘက်ရွာကိုရောက်သွားပေပြီ။
ချင်းလူမျိုးတို့ထုံးစံအတိုင်း
မင်္ဂလာဦးနေ့တွင် ပွဲလုပ်ရသည်။
ချင်းတို့ရိုးရာ ခေါင်ထိပ်ကြရသည်။
ဝက်သတ်ကြရသည်။
တစ်ရွာလုံး ထိုအိမ်မှာ လာရောက်ဂုဏ်ပြု စားသောက်ကြရသည်ါ

မိန်းကလေးမှာ သူမ မချစ်မနှစ်သက်သူနှင့် အိပ်ရမည်ကို တွေးကြောက်ပြီး ညကိုပင် မရောက်လာစေလို။

နေလုံးသည် တောင်စွယ်တစ်ဘက်သို့ရွေ့နေပြီ။
မကြာခင်မိုးချုပ်တော့မည်။
မိန်းကလေးသည်လည်း လွတ်ရာလွတ်ကြောင်း မသိမသာ မျက်လုံးများနှင့် ထွက်ပြေးဖို့လမ်းရှာနေသည်။
သူယူရမည့်ယောက်ျားမှာ ခေါင်ရည်မူးပြီး အိပ်နေသည်ဆို၏။
ရွာသားတစ်ချို့လည်း ပြန်ကုန်ကြပြီ။

အခုတော့
မိန်းကလေးဘက်ကို ကံကလှည့်လာပေပြီ။
အိမ်ရဲ့အနောက်ပေါက်ကနေ ခုန်ဆင်းပြီး မိန်းကလေးတစ်ယောက် လေးမြို့ချောင်းဘက်ကို ဉီးတည်ပြီး ပြေးနေခဲ့ပေမည်။
အိမ်ဘေးနေ အိမ်နီးချင်းတစ်ယောက်က တွေ့လိုက်သည့်ဟန်ပင်။
တစ်ရွာလုံးလည်း မိန်းကလေးကို လိုက်လာကြသည်။

လေးမြို့ချောင်းကမ်းစပ်ရောက်လာသောအခါ မိန်းမသားဖြစ်သော အပျိုငယ်လေးတစ်ယောက် ရေကိုဖြတ်ကူးပြီး
မပြေးနိူင်တော့ပေ။

ရွာပြန်ရောက်ရင်လည်း သူ့ကိုကြိုနေ
မည့် ချစ်သူလည်း မရှိတော့ပေ။
ရွာသားတို့ဆီလည်း အမိမခံလိုငါ။

သနားစရာ မိန်းကလေးမှာ မျှော်လင့်ချက်မဲ့သွားခဲ့ပြီ။
ချောင်းကမ်းမှာပင် ဆုံးဖြတ်ချက်ချပြီး မြစ်ထဲခုန်ဆင်းလိုက်ရပါတော့သည်။

မိန်းကလေးအလောင်းမှာ မြစ်ထဲမှာတင် ပျောက်သွားခဲ့သည်။
ဘယ်လောက်ရှာရှာ ဘယ်သူမှ ရှာမတွေ့ကြတော့ဘူးတဲ့လေ။

#အဘွားပြောပြခဲ့သောသဏ္ဍာရီပုံပြင်လေးကိုပြန်လည်မျှဝေလိုက်ပါသည်

ချစ်ခြင်းကို မခွဲကြပါနှင့်လို့ မေတ္တာရပ်ခံရင်း............

✍️ Rain

05/07/2024

ဒီနေ့မိုးအေးတယ်ဟ
စားပွဲပေါ်က ကော်ဖီခွက်လေးသည်လည်း အငွေ့တလူလူနှင့်
လက်ထဲမှာလည်း ဖုန်းတစ်လုံးနှင့်
ဇိမ်ကျလိုက်တဲ့ဘဝ
ကျွန်မဟာ စိတ်​​ကူးယဉ်ကမ္ဘာထဲမှာ ပိတ်နေမိပြန်ပြီ

Mrs..Mrs..

ဘေးကနေ ခေါ်သံတစ်ခုကြားလိုက်မှ
လန့်ပြီး အသိစိတ်ပြန်ဝင်လာတော့သည်
လက်တွေ့ဘဝထဲ ပြန်ရောက်လာတော့မှ
ကျွန်မ ဆေးခန်းတစ်ခုကိုရောက်နေမှန်း သတိရသွားတော့သည်

စာအိတ်လေးတစ်ခု ကိုင်ပြီး ဆရာမ တစ်ယောက် အနားမှာ ရပ်နေသည်

ကျွန်မသည် စင်္ကာပူနိူင်ငံမှာ အိမ်အကူအလုပ်လာလုပ်နေသူတစ်ဦးဖြစ်သည်
နိူင်ငံရဲ့ policy အရ အိမ်အကူများသည်ခြောက်လတစ်ခါ ပုံမှန်ဆေးစစ်ရသည်
ဒါက domestic abuse ကို တားဆီးကာကွယ်ရေးစနစ်တစ်ခုဟု ပြောလို့လည်းရသလို health services နှင့်ပတ်သက်ပြီး လူတိုင်းတန်းတူခံစားခွင့်ရှိရေးအနေနှင့် အစိုးရက သတ်မှတ်ထားပေးတာဖြစ်ပါသည်
ယခုမှ ကျွန်မရဲ့ လေးကြိမ်မြောက် sixth_month medical check up လာလုပ်ရခြင်းပင်
ဒီဆေးခန်းမှာ အဆုတ်ဓာတ်မှန် လာရိုက်ရခြင်းဖြစ်သည်
X_ray result ကိုစောင့်နေရင်း မိုးအေးဒဏ်နှင့်ရောပါပြီး အတွေးကမ္ဘာထဲ မျောသွားခြင်းဖြစ်သည်

ဒီဆေးခန်းမလာခင် သွေးစစ်ရသော ဆေးခန်းတစ်ခုကိုလည်း သွားခဲ့ရသေးသည်
ထိုဆေးခန်းက ဆရာဝန်ရဲ့ ညွှန်ကြားမှုနှင့် X-ray လာရိုက်ရခြင်းပင်ဖြစ်သည်
Result ရပြီးရင် အရင်ဆေးခန်းဆီ report ပြန်ပို့ရအုံးမည်
ဆေးခန်းနှစ်ခုကြားမှာ ဘတ်စ်ကားမှတ်တိုင် ၄ ခု စီးပြီးရင် ၇မိနစ်လောက် လမ်းလျှောက်မှ ရောက်မည်
မွန်းတည့်ချိန် (၁၂)နာရီခွဲအချိန်မှာ ကလေးကိုလည်းကျောင်းကြိုရမည်
ကျွန်မ လက်ထဲက phone screen ကို လက်နှင့်အသာလေး တို့ကြည့်လိုက်ရာ
မွန်းတည့်ချိန်(၁၂)နာရီပင် ကျော်နေပေပြီ
ကျွန်မ ရုတ်တရက် ထူပူသွားသည်
ကလေးကလည်း နောက်ကျမှကြိုလို့ရမည့်သူမဟုတ်
သူ့စိတ်ကိုလည်း ကျွန်မကောင်းကောင်းသိသည်
သို့ပေမဲ့ ကျွန်မ မတတ်နိူင်
ဖြေရှင်းရခက်သောကိစ္စနှင့်ကြုံလျင်သက်ဆိုင်သူနှင့်အရင်တိုင်ပင်တတ်သောအကျင့်လေးတစ်ခုတော့ ကျွန်မမှာ ရှိသည်

ဆေးခန်းကိုသွားပြီး ကျွန်ရဲ့ medical checking ကို အရင် ပြီးအောင်လုပ်သင့်လား ကလေးကို အရင်သွားကြိုသင့်လား

ကျွန်မသူဌေးကို တိုင်ပင်ကြည့်လိုက်ရာ
သူဌေးရဲ့ အကြံပေးမှုနှင့် ကလေးကိုအရင်ကြိုဖို့ ရထားဘူတာဘက်ကို ဦးတည်ရင်း......

✍️Rain

04/07/2024

နေ့တိုင်း ခေါက်ဆွဲချည်း စားနေတာ
ဗိုက်ထဲမှာ အကောင်များ ပေါက်နေပြီလားမသိပါဘူး
မတော်တဆ ကိုယ့်ဗိုက်ကို ကြည့်မိတာ
လုံးလုံးလေးနှင့် လှုပ်နေသလိုပဲ😁

03/07/2024

Good morning every one🤗
Peace be with you the all day!

ချစ်ခြင်းတွေ မညီလာခဲ့ရင်မေတ္တာတွေ မမျှနိူင်ခဲ့ရင်အလေးထားမှု တန်ဖိုးထားမှုချင်း မတူလာနိူင်ခဲ့ရင် ဝမ်းမနည်းပါနှင့်ရယူခြင်း...
03/07/2024

ချစ်ခြင်းတွေ မညီလာခဲ့ရင်
မေတ္တာတွေ မမျှနိူင်ခဲ့ရင်
အလေးထားမှု တန်ဖိုးထားမှုချင်း
မတူလာနိူင်ခဲ့ရင် ဝမ်းမနည်းပါနှင့်

ရယူခြင်းက အချစ်စစ်လား
ပေးဆပ်ခြင်းက မေတ္တာစစ်လား ဆိုပြီး တိုင်းထွာ တွက်ဆခြင်းတွေနှင့်လည်း
ခေါင်းရှုပ်မခံပါနဲ့

ရွေးချယ်မှုတွေ လုပ်ရလို့
လက်လွှတ်စရာတွေ ရှိလာခဲ့ရင်
အရင်က ပေးဆပ်မှုတွေကို
ပြန်တွေးပြီး မနှမြောပါနှင့်

သင်ဟာ ပြီးပြည့်စုံနေတဲ့လူမို့
သင့်ဆီမှာ ပိုလျှံနေတဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေတဲ့လူတွေဆီ အလှူပေးလိုက်တယ် လို့ပဲ သဘောထားလိုက်ပါ

~~~Rain~~~

Address

Mindat
Chin State

Website

Alerts

Be the first to know and let us send you an email when Hepa May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Digital creator in Chin State

Show All