Freshest News

Freshest News News
(11)

Permanently closed.
အူရီဒူးမြန်မာမှ ‘ချွင် ချွင် ချွင်’ ပရိုမိုးရှင်းအစီအစဉ်၏ ရွှေ (၁၀) ကျပ်သား အထူးဆု ကံထူးရှင်များအား ဆုချီးမြှင့်ခြင်းအခမ...
07/02/2023

အူရီဒူးမြန်မာမှ ‘ချွင် ချွင် ချွင်’ ပရိုမိုးရှင်းအစီအစဉ်၏ ရွှေ (၁၀) ကျပ်သား အထူးဆု ကံထူးရှင်များအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
**************************
အူရီဒူးမြန်မာသည် ‘ချွင် ချွင် ချွင်’ ပရိုမိုးရှင်းအစီအစဥ်၏ အထူးဆုကြီးများ ချီးမြှင့်ခြင်းအခမ်းအနားအား Melia ဟိုတယ်၌ ယနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်၀ါရီလ (၃) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အူရီဒူးမြန်မာမှ အထူးဆုကံထူးရှင် (၃)ဦးကို ရွှေ (၁၀)ကျပ်သားဆုကြီးများ ချီးမြှင့်ခဲ့ပါသည်။
ကံထူးရှင် (၃) ဦးမှာ မြို့နယ်အသီးသီးမှဖြစ်ကြပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ကိုရဲထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှ ကိုမိုးဟိန်းကျော် နှင့် ပဲခူးတိုင်းဒေသကြီး ပုတီးကုန်းမြို့မှ ဒေါ်သန်းသန်းထွေးတို့ ဖြစ်ပါသည်။
ကံထူးရှင်ရွေးချယ်ပွဲအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်တွင် ရန်ကုန်၊ အူရီဒူးမြန်မာရုံးချုပ်၌ စာနယ်ဇင်းမီဒီယာများ၏ရှေ့မှောက်တွင် အူရီဒူးမြန်မာ၏ဆိုရှယ်မီဒီယာမှတဆင့် တိုက်ရိုက်ထုတ်လွှင့် ကျင်းပခဲ့ပါသည်။ တိုက်ရိုက်ထုတ်လွှင့်သည့် အစီစဉ်တွင် စာနယ်ဇင်းဆရာ (၃)ဦးမှ ဒစ်ဂျစ်တယ် Spin the Wheel tool ဖြင့် ဆုများအားရွေးချယ် ကူညီပေးခဲ့ကြပါသည်။
ရွှေ (၁၀)ကျပ်သား ကံထူးရှင်များအနေဖြင့် မမျှော်လင့်သောကံထူးမှုကြီးအတွက် လွန်စွာအံ့အားသင့် စေခဲ့ပါသည်။ ကိုရဲထွန်းနိုင်မှ “ယခုလို ရွှေ (၁၀)ကျပ်သားဆု ကံထူးရှင်အဖြစ် ရွေးချယ်ခံရလို့ တကယ့်ကိုအံ့သြ ပျော်ရွှင်ရပါတယ်။ ပထမတော့ မယုံဘူးဗျ၊ ကျွန်တော့်သူငယ်ချင်းတွေက စနေတာပဲထင်တာ။ နောက်မှ အူရီဒူးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်ကနေ ပြောနေတယ်ဆိုတာသိရလို့ အရမ်းအံ့သြသွားခဲ့တာပါ။ ကျွန်တော်က ကားမောင်းပြီး အသက်မွေး၀မ်းကြောင်းပြုပါတယ်။ အဲနေ့ကဆို ၀မ်းသာလွန်းလို့ အလုပ်တောင် ဆက်မလုပ်နိုင်တော့ဘူးဗျ။ အူရီဒူးကို လွန်ခဲ့တဲ့ (၄)နှစ်ကတည်းက အသုံးပြုခဲ့တာဖြစ်ပြီး နံပါတ်လေးလှလို့ စသုံးဖြစ်တာပါ။ များသောအားဖြင့် အသံခေါ်ဆိုမှုနဲ့ ဒေတာပက်ကေ့ချ်တွေ ၀ယ်တာများပါတယ်။ ဒေတာပက်ကေ့ချ်ကိုတော့ ပို၀ယ်ဖြစ်ပါတယ်။ အခုဆိုရင် အူရီဒူးသုံးရတာ ပိုပျော်ရတာပေါ့။ အူရီဒူးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု အားရ၀မ်းသာစွာဖြင့် ပြောကြားခဲ့ပါသည်။
မရမ်းကုန်းမြို့နယ်မှ ကိုမိုးဟိန်းကျော်မှ “ကံထူးရှင်တွေထဲ တစ်ယောက်အပါအ၀င်ဖြစ်လို့ အရမ်းပဲ ၀မ်းသာရပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော့်မိသားစုကို မှီခိုနေဆဲဖြစ်ပြီး အဖေ့ရဲ့အလုပ်တွေကို ကူလုပ်ပေးပါတယ်။ ဆုကြေးကို ကျွန်တော့်မိသားစုအတွက်ရော၊ လိုအပ်တဲ့သင်တန်းတွေ တက်ရင်း ကျွန်တော့်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဖို့ အသုံးပြုသွားမှာပါ။ အူရီဒူးကို ကျေးဇူးတင်ပါတယ်။ ဒီဆုကြီးက ကျွန်တော့်ဘ၀အတွက် အကြီးမားဆုံးကံကောင်းမှုတစ်ခုပါပဲ။ အရင်တုန်းကဆို အူရီဒူးရဲ့ ‘ဒုန်း ဒုန်း ဒုန်း’ ဂိမ်းကစားပြီး အများဆုံး ဒေတာ 1 GB ပဲ ပေါက်ဖူးတာပါ။” ဟု ပြောကြားခဲ့ပါသည်။
ပုတီးကုန်းမှ ဒေါ်သန်းသန်းထွေးမှ “အူရီဒူးရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ကံစမ်းမဲအစီအစဥ်ကနေ ဆက်သွယ်လာလို့ အရမ်းအံ့သြဝမ်းသာရပါတယ်။ အူရီဒူးကို လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက သုံးနေခဲ့တာပါ။ ပက်ကေ့ချ်တွေသုံးပေမယ့် ကိုယ်တိုင်မဝယ်တတ်လို့ ပက်ကေ့ချ်၀ယ်မယ်ဆို သူငယ်ချင်းတွေကိုပဲ အကူအညီတောင်းရပါတယ်။ ဒီသတင်းကောင်းကြီးကြားလိုက်ရလို့ ပြောမပြတတ်အောင် ၀မ်းသာရပါတယ်။ တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၄ လက ဆုံးပါးသွားတဲ့ အမေ့ကို သတိရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ခုလိုအချိန်မှာ အမေနဲ့သာအတူတူမျှ၀ေခွင့်ရရင် အရမ်းပျော်ဖို့ကောင်းမှာပါ။ ပတ်၀န်းကျင် အိမ်နီးချင်းတွေကလည်း ကျွန်မအတွက် ၀မ်းသာဂုဏ်ပြုကြတယ်။ အဲနေ့ကဆို အိပ်လို့တောင်မပျော်ဘူး။ ဒီဆုကရတဲ့ငွေနဲ့ အမေ့အတွက် ကောင်းမှုကုသိုလ်တွေလုပ်ပေးမယ်၊ ကျွန်မအတွက်လည်း ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုစလုပ်မယ်။ အူရီဒူးကို တကယ်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ရှေ့လျှောက်လည်း အူရီဒူးကနေ ဆုတွေအများကြီးပေးနိုင်ပါစေ။” ဟု ပြောကြားခဲ့ပါသည်။
အူရီဒူးမြန်မာသည် ‘ချွင် ချွင် ချွင်’ ကံစမ်းမဲအစီအစဥ်အား ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ (၁) ရက်တွင် စတင် မိတ်ဆက်ခဲ့ပါသည်။ ၉၉၉ ကျပ်နှင့်အထက် ဒေတာနှင့် ဖုန်းခေါ်ဆိုမှုပက်ကေ့ချ် ၀ယ်ယူသည့် အူရီဒူး သုံးစွဲသူများအား ဤကံစမ်းမဲအစီအစဉ်တွင် ထည့်သွင်းရွေးချယ်ခဲ့ပါသည်။ ဤပရိုမိုးရှင်းအစီအစဥ်မှတဆင့် အူရီဒူးမြန်မာသည် နေ့စဥ်ရွှေတစ်မတ်သားဆုကံထူးရှင်ပေါင်း ၁၈၃ ဆုနှင့် ရွှေ (၁၀) ကျပ်သား အထူးဆု ကံထူးရှင်(၃)ဦးအား ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။

မြန်မာလူငယ်များအတွက် လုပ်ငန်းခွင်အတွေ့အကြုံများ နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြည့်ဆည်းပေးရန်Internship Program အား စ...
25/01/2023

မြန်မာလူငယ်များအတွက် လုပ်ငန်းခွင်အတွေ့အကြုံများ နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြည့်ဆည်းပေးရန်
Internship Program အား စတင်
*************************
အူရီဒူးမြန်မာသည် မြန်မာလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖြည့်ဆည်းပေးနိုင်ရန် နှင့် အရှိန်အဟုန်မြင့် တိုးတက်လျက်ရှိသော ဆက်သွယ်ရေးလုပ်ငန်းတွင် ပြည်တွင်းမှ အလားအလာရှိသူများအား ပြုစုပျိုးထောင်၍ ဝင်ရောက်လုပ်ကိုင်နိုင်စေရန်၂၀၂၃ ခုနှစ် အတွက် Internship အစီအစဥ်အား စတင်လိုက် ပြီဖြစ်သည်။

ဆက်သွယ်ရေးသည် ကမ္ဘာတစ်ဝှမ်းတွင် အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်နေသည့် လုပ်ငန်းနယ်ပယ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်လာပသည်။
လူ့အဖွဲ့အစည်းတွင် အရည်အသွေးမြင့် ဆက်သွယ်ရေး၀န်ဆောင်မှုများအား လိုအပ်ချက်များလာသည်နှင့်အမျှ ဆက်သွယ်ရေးလုပ်ငန်းတွင် မတူညီသောတာ၀န်နယ်ပယ်များဖြစ်သည့် နည်းပညာ၊ ဒစ်ဂျစ်တယ်၊ အိုင်တီ၊ ဘဏ္ဍာရေး၊ အရောင်းဌာန၊ စျေးကွက်ရှာဖွေရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ကော်ပိုရိတ်ဆက်သွယ်ရေး အစရှိသည့်ကဏ္ဍအသီးသီးတွင် အရည်အချင်းပြည့်၀သည့် ပရော်ဖက်ရှင်နယ်များလည်း လိုအပ်လျက်ရှိလာ​ေ ကြာင်းသိရသည်။
အူရီဒူးမြန်မာ၏ internship အစီအစဥ်သည် internship ကာလအတွင်း စာသင်ခန်းပုံစံ လေ့ကျင့်သင်ကြားမှုများနှင့် လမ်းညွှန်ပြသပေးမှုများ၊ လုပ်ငန်းတာ၀န်အမျိုးမျိုးတို့တွင် အလှည့်ကျလုပ်ဆောင်ရမည့် အစီအစဉ်များ ပါဝင်သည့်အတွက် ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ကြွယ်၀သည့်ဗဟုသုတများကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

အစီအစဥ်ကာလ သည် ၃ လကြာမြင့်မည်ဖြစ်ပြီး အစီအစဥ် ပြီးဆုံးသည့်အချိန်တွင် အရည်အချင်းပြည့်မီသောလူငယ်များအား ရွေးချယ်ကာ အူရီဒူးမြန်မာ၌ အလုပ်ခန့်အပ်သွားမည် ဖြစ်သည်။

အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Mr. Jeremiah Ratadhi က “လူငယ်တွေဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အူရီဒူးမြန်မာရဲ့ internship အစီအစဥ်မှတဆင့် လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်နေတဲ့ ဆက်သွယ်ရေးကဏ္ဍကို သိရှိနားလည်စေဖို့ရည်ရွယ်ပြီး မြန်မာလူငယ်များအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးချင်တာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ အလုပ်သင်တွေအနေနဲ့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ များစွာသောလုပ်ငန်းတာ၀န်တွေထဲမှ ၎င်းတို့ စိတ်ပါဝင်စားတဲ့ ဌာနတွေရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို သိရှိလေ့လာနိုင်ဖို့ အခွင့်အရေးရမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူတွေကို ဒီအခွင့်အရေးအတွက် ပါဝင်လျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်။ ပါဝင်ခွင့်ရတဲ့လူတွေအနေနဲ့ အူရီဒူးမှာ ဆက်သွယ်ရေးနယ်ပယ် လုပ်ငန်းပိုင်ဆိုင်ရာနဲ့ပါတ်သတ်ပြီး အလွန်အသုံးဝင်တဲ့ အသက်မွေးမှုပညာအတွေ့အကြုံတွေကို ရရှိမယ်ဆိုတာ သေချာပါတယ် ” ဟုပြောကြားသည်။

အလုပ်သင်လျှောက်ထားရန်အတွက် လိုအပ်သည့် အရည်အချင်း သတ်မှတ်ချက်များမှာ -
• မြန်မာနိုင်ငံသားဖြစ်ရမည်။
• ပညာအရည်အချင်း ကောင်းမွန်သော ဘွဲ့ရ (သို့မဟုတ်) နောက်ဆုံးနှစ် ကျောင်းသား ဖြစ်ရမည်။ ဥပမာ - GPA 3.5 နှင့်အထက် သို့မဟုတ် ဘာသာရပ်များတွင် ရမှတ် ၈၀% အထက် ရှိရမည်။
• အသက် ၂၅ နှစ် အောက်ဖြစ်ရမည်။ (အလုပ်လျှောက်ရန် စာရင်းသွင်းသည့်အချိန်တွင်)
• Telecom လုပ်ငန်းတွင် အသက်မွေးဝမ်းကြောင်းပြုရန် စိတ်ပါဝင်စားသူဖြစ်ရမည်။
• အရည်အချင်းပြည့်ဝပြီး တာဝန်သိစိတ်ရှိသော ခေါင်းဆောင်တစ်ယောက်ကဲ့သို့ အလားအလာရှိသူ ဖြစ်ရမည်။
• တစ်ဦးတည်း သို့မဟုတ် အဖွဲ့အစည်းဖြင့် လုပ်ဆောင်နိုင်ရမည်။
• English အရေး၊ အပြော ကျွမ်းကျင်သူဖြစ်ရမည်။

အူရီဒူးမြန်မာမှ Technology & Information, Human Resources, Finance, Marketing, B2B and Wholesale, Digital, Business Intelligence and Analytics, Corporate Communications စသည့် ဌာနများတွင် အလုပ်သင်အဖြစ် ဝင်ရောက်လေ့လာလုပ်ကိုင်ခွင့်များ ပေးအပ်မည်ဖြစ်သည်။

စိတ်ပါဝင်စားသူများအနေဖြင် https://shorturl.at/AYZ79 တွင် လျှောက်ထားနိုင်ပြီး လျှောက်လွှာများအား ဇန်နဝါရီလ ၃၁ရက်နေ့အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းတွင် တနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၆၉ မှု ဖြစ်ပွားခဲ့***************************         ရ...
08/01/2023

ရန်ကုန်- မန္တလေး အမြန်လမ်းတွင် တနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၆၉ မှု ဖြစ်ပွားခဲ့
***************************
ရန်ကုန်- မန္တလေး အမြန်လမ်းတွင် ၂၀၂၂ ခုနှစ် တနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၆၉ မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ ယာဉ်မ‌တော်တဆမှုများတွင် သေဆုံးသူ ၅၇ ဦး အထိ ရှိခဲ့ပြီး လူ ၂၈၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးမှုများတွင် အမျိုးသား ၅၁ ဦး နဲ့ အမျိုးသမီး ၆ ဦး သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် လူ ၂၈၀ ဦးတွင် အမျိုးသား ၁၇၅ ဦးနဲ့ အမျိုးသမီး ၁၀၅ ဦး ပါဝင်ခဲ့ကြောင်း၊ ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် လူ ၁၅၉ ဦးကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Photo Credit

ရှီးပဒီး (𝐂𝐨𝐫𝐝𝐲𝐜𝐞𝐩𝐬) နှင့် သုံးစွဲနိုင်သောရောဂါများ (၂)ကင်ဆာရောဂါအမျိုးမျိုး================ရှီးပဒီးတွင်ပါဝင်သော ကော်ဒီဆ...
07/01/2023

ရှီးပဒီး (𝐂𝐨𝐫𝐝𝐲𝐜𝐞𝐩𝐬) နှင့် သုံးစွဲနိုင်သောရောဂါများ (၂)

ကင်ဆာရောဂါအမျိုးမျိုး
================
ရှီးပဒီးတွင်ပါဝင်သော ကော်ဒီဆက်ပင် (𝗖𝗼𝗿𝗱𝘆𝗰𝗲𝗽𝗶𝗻) များကြောင့် ကင်ဆာဆဲလ်များ ပွားများမှုကို ထိန်းချုပ်ပေးပါသည်။ အထူးသဖြင့် သွေးကင်ဆာတစ်မျိုးဖြစ်သည့် လူကီးမီးယား (Leukaemia) ရောဂါကိုကုသရာ၌ များစွာအထောက်အကူပြုပါသည်။ အခြားကင်ဆာများဖြစ်သည့်လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အရေပြားကင်ဆာတို့တွင်လည်း ထိရောက်မှုရှိပါသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
===========================
သလိပ်ကိုပျော်စေပြီး ချွဲများအဖြစ်သို့ အလွယ်တကူထွက်စေရန်
လှုံ့ဆော်နိုင်စွမ်းရှိပါသည်။ အထူးသဖြင့် ပန်းနာရင်ကျပ်လူနာများ၊ နာတာရှည် အဆုတ်လေပြွန်ရောင်ရမ်းသောရောဂါများ (Chronic bronchitis) ပုံမှန်သောက်သုံးပါက များစွာအကျိုးရှိပါသည်။

ခန္ဓာကိုယ်ခုခံအားကျဆင်းနေသူများ
=======================
ခုခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်သောအာနိသင်ရှိပြီး အင်တာဖရွန် (𝗜𝗻𝘁𝗲𝗿𝗳𝗲𝗿𝗼𝗻) ထွက်ရှိအောင်ဆောင်ရွက်ပေးသည်။ သွေးဖြူဥများ၏ ဘတ်တီးရီးယားကို တိုက်ခိုက်ဖျက်ဆီးနိုင်မှုကို တိုးတက်မြင့်မားစေသည်။ ထို့ကြောင့် ခုခံအားကျဆင်းနေသူများ၊ မကြာခဏဖျားနာလေ့ရှိသူများအတွက် အထူးသင့်လျော်ပါသည်။

ဆီးချိုသွေးချိုဝေဒနာရှင်များ
===================
ရှီးပဒီးသည် သွေးတွင်းရှိ ဂလူးကို့စ်ကို ကျဆင်းစေသဖြင့် ဆီးချိုသွေးချိုရောဂါသည်များသောက်သုံးပါက များစွာအကျိုးရှိပါသည်။ ယင်း၏လုပ်ငန်းဆောင်ရွက်မှုမှာ မက်ဖော်မင် (𝗠𝗲𝘁𝗳𝗼𝗿𝗺𝗶𝗻) ဆေးနှင့်အာနိသင်တူသဖြင့် ကျောက်ကပ်မကောင်းသည့်သူများတွင် မက်ဖော်မင်အစား သောက်သုံးနိုင်ပါသည်။

နာလန်ထစလူမမာများ
===============
ရှီးပဒီးသည် ခွန်အားကိုဖြစ်စေသဖြင့် အသက်ကြီးသူများ၊ နာလန်ထစလူမမာများအတွက် အထူးသင့်လျော်သည်။ အားကစားသမားများ စားသုံးပါက အမောခံနိုင်ပြီး သက်လုံကောင်းစေသောကြောင့် စံချိန်များတက်စေရန် အထောက်အကူပြုပါသည်။

သွေးတွင်းအဆီများခြင်း
================
သွေးတွင်းကိုလက်စထရော များနေသူများ၊ မကောင်းသောအဆီဓာတ် (LDL) များနေသူများသုံးပါက ထိရောက်စွာ ကျဆင်းစေသည့်အပြင် ကောင်းသောအဆီဓာတ်ဖြစ်သည့် HDL များ တစ်ခဏချင်းမြင့်တက်လာသည်ကို တွေ့ရပါသည်။



ဒေါက်တာ ခင်မောင်လွင်(FAME)
Credit

လမ်းဘယ်လောက်လျှောက်သင့်သလဲ❓❓ပြီးခဲ့တဲ့ရက်တွေက လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တင်ပေးတော့ အများစုက “လမ်းဘယ်လောက်လ...
07/01/2023

လမ်းဘယ်လောက်လျှောက်သင့်သလဲ❓❓

ပြီးခဲ့တဲ့ရက်တွေက လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တင်ပေးတော့ အများစုက “လမ်းဘယ်လောက်လျှောက်သင့်သလဲ” ဆိုတဲ့မေးခွန်းကို မေးလာကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီ Post လေးနဲ့ ပြန်လည်ဖြေကြားလိုက်ရပါတယ်။

အမေရိကန်အစိုးရ၊ အမျိုးသားကျန်းမာရေးသိပ္ပံ (National Institutes of Health) ရဲ့ အဆိုအရ

🚶‍♂️ အရွယ်ရောက်ပြီးသူတွေဟာ နေ့စဉ် ခြေလှမ်း ၈၀၀၀ နှင့်အထက် လှမ်းလျှောက်သင့်တယ်လို့ ဆိုပါတယ်။ သုတေသနတွေ့ရှိချက်အရ ခြေလှမ်း ၈၀၀၀ နှင့်အထက် လျှောက်သူတွေဟာ၊ ခြေလှမ်း ၄၀၀၀ သာ လျှောက်လေ့ရှိသူတွေထက် လာမယ့် ၁၀ နှစ်အတွင်း သေဆုံးနိုင်မှုနှုန်းကို သိသိသာသာ ကျဆင်းစေပါတယ်။ ခြေလှမ်း ၈၀၀၀ နှင့်အထက် လျှောက်တဲ့သူတွေဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကြောင့် သေဆုံးမှုနှုန်း သိသိသာသာ လျော့နည်းတာကို တွေ့ရပါတယ်။ ခြေလှမ်းများများလျှောက်လေ သေဆုံးမှုနှုန်း နည်းလေပါပဲ။ ဥပမာ - ခြေလှမ်း ၄၀၀၀ လျှောက်သူတွေနဲ့ ယှဉ်ရင် ခြေလှမ်း ၈၀၀၀ လျှောက်သူတွေက ၅၀%၊ ခြေလှမ်း ၁၂၀၀၀ လျှောက်သူတွေက ၆၅% စသဖြင့် အသီးသီး သေဆုံးမှုနှုန်း လျော့နည်းတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး ခြေလှမ်း ၈၀၀၀ တော့ လျှောက်ပေးသင့်ပါတယ်။ ယခုခေတ်ပေါ် စမတ်လက်ပတ်နာရီများ (Smart watches) နဲ့ Fitness trackers လို့ခေါ်တဲ့ ကျန်းမာရေးခြေရာခံ လက်ပတ်နာရီများမှာ ခြေလှမ်းမှတ်တဲ့ လုပ်ဆောင်ချက်ပါလို့ အလွန်အဆင်ပြေစေပါတယ်။

🚶‍♂️ အထက်ပါအကျိုးကျေးဇူးတွေက လမ်းလျှောက်မှုအမြန်နှုန်း (တစ်မိနစ်လျှင် လျှောက်လှမ်းသည့် ခြေလှမ်းအရေအတွက်) ပေါ်မူတည်၍ ကွာခြားမှုမရှိတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ခြေလှမ်းအရေအတွက်ကသာ ပို၍ အရေးပါတယ်လို့ ဆိုလိုပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

ဆင်းမ်ကတ်များ အချိန်မီ ပြန်လည်စစ်ဆေးပြင်ဆင် မှတ်ပုံတင်ရန် အရေးကြီးကြောင်း ဆက်သွယ်ရေးအော်ပရေတာများမှ ထုတ်ပြန်ကြေညာ*******...
21/12/2022

ဆင်းမ်ကတ်များ အချိန်မီ ပြန်လည်စစ်ဆေးပြင်ဆင် မှတ်ပုံတင်ရန် အရေးကြီးကြောင်း ဆက်သွယ်ရေးအော်ပရေတာများမှ ထုတ်ပြန်ကြေညာ
********************
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံရှိ ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတို့ ဆင်းမ်ကတ် မှတ်ပုံတင်ထားသည့် အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီး ပြင်ဆင်ရန် လိုအပ်ပါက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက် နောက်ဆုံးထားပြီး ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။
ဆင်းမ်ကတ်များကို စစ်ဆေးပြီးပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းအားဖြင့် သုံးစွဲသူများအတွက် မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုများကိုလည်း လုံခြုံစိတ်ချစွာဖြင့် သုံးစွဲနိုင်မည့်အပြင် ဒီဂျစ်တယ်ပိုင်းဆိုင်ရာနှင့် ပြင်ပ လိမ်လည်မှုများ၏ အန္တရာယ်မှ ကာကွယ်ပေးမှာ ဖြစ်ပါသည်။ လိမ်လည်မှုများ၏အန္တရာယ်မှ ကာကွယ်ပေးမှာ ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် နှင့် နိုင်ငံသား စိစစ်ရေးကတ်၏ ရှင်းလင်းထင်ရှားသည့် အရှေ့/အနောက် ရောင်စုံဓာတ်ပုံတို့ဖြင့် ဆင်းမ်ကတ် စတင်သုံးစွဲချိန်တွင် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ဆင်းမ်ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် နှိုင်းယှဉ်စစ်ဆေး၍ အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ကြေညာ ထားပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ဆင်းမ်ကတ်သုံးစွဲသူများ အနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များ ပိတ်သိမ်းခံရမှု မရှိစေရန် ဆင်းမ်ကတ် မှတ်ပုံတင်ထားသည့် အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်ပါက သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ပြန်လည်ပြင်ဆင်မှတ်ပုံတင်ရန် အရေးကြီး ပါသည်၊။
ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတို့ လက်ရှိမှတ်ပုံတင်ထားသည့် အချက်အလက်များဖြစ်သည့် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တို့ မှန်၊ မမှန်ကို စစ်ဆေး သိရှိနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အတွက် *601 # ၊ ATOM အတွက်*766 # (သို့) *979*3*3 # ၊ အူရီဒူးအတွက် *666 # ၊ Mytel အတွက် *966*6 # 2 ကိုရွေးချယ် ခေါ်ဆို၍ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ အလားတူပင် ဆင်းမ်ကတ် ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ တရားဝင်ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်းနှင့် သက်ဆိုင်ရာ အရောင်းဆိုင်များတွင်လည်း ဆောင်ရွက်နိုင်ပါသည်။
ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းနှင့် စပ်လျဥ်း၍ စျေးကွက်အတွင်းရှိ ဆင်းမ်ကတ်ရောင်းချသူများနှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ် ပါသောကြောင့် သုံးစွဲသူများကလည်း ဆင်းမ်ကတ်များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ပြီး အသုံးပြုကြပါရန် တိုက်တွန်းအပ်ပါသည်။

Ooredoo Group မှ ဒေါ်ထားသန့်ဇင်အား အူရီဒူးမြန်မာ၏ Acting CEO အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာ  Ooredoo Q.P.S.C. (QSE: ORD...
18/10/2022

Ooredoo Group မှ ဒေါ်ထားသန့်ဇင်အား အူရီဒူးမြန်မာ၏ Acting CEO အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာ Ooredoo Q.P.S.C. (QSE: ORDS) (“အူရီဒူး”) မှ ယနေ့တွင် ဒေါ်ထားသန့်ဇင်အား အူရီဒူးမြန်မာ၏ Acting CEO အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။ သူမအနေဖြင့် ပုဂ္ဂိုလ်ရေးရာကိစ္စရပ်များကြောင့်ကုမ္ပဏီမှနှုတ်ထွက်ထားသည့် လက်ရှိ CEO Rajeev Sethi ၏နေရာကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ သူမသည် လက်ရှိတွင် အူရီဒူးမြန်မာ၏ အရောင်းနှင့်ဖြန့်ချိရေး အမှုဆောင်အရာရှိ (Chief of Sales and Distribution) ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်မှ စတင်၍ Acting CEO အဖြစ်တာဝန်ယူ လုပ်ဆောင်မည်ဖြစ်ပါသည်။

အူရီဒူးမြန်မာသည် ၂၀၂၂ ခုနှစ် International Business Awards® တွင် STEVIE® ဆုတံဆိပ်များကို  အမျိုးအစားသုံးမျိုးဖြင့် ဆွတ်ခ...
08/09/2022

အူရီဒူးမြန်မာသည် ၂၀၂၂ ခုနှစ် International Business Awards® တွင် STEVIE® ဆုတံဆိပ်များကို အမျိုးအစားသုံးမျိုးဖြင့် ဆွတ်ခူးရရှိ
******************************
My Ooredoo App သည် သုံးစွဲသူအား စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခြင်းဆိုင်ရာ ဆုတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံတကာ၌ ဂုဏ်သိက္ခာရှိသည့် အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ My Ooredoo App အား သုံးစွဲသူများ၏ ဒစ်ဂျစ်တယ်ဆိုင်ရာလုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေရန် တစ်နေရာထဲတွင်လုပ်ဆောင်ချက်အားလုံး ပါဝင်သည့် ပလက်ဖောင်းအဖြစ် ဖန်တီးထားပါသည်။ အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများ၏ အတွေ့အကြုံကိုမြှင့်တင်ရန်အတွက် App ကို အဆင့်မြှင့်တင်လျက်ရှိပြီး ၂၀၂၁ခုနှစ်တွင် ထပ်တိုးလုပ်ဆောင်ချက်များကို ထည့်သွင်းခဲ့သည်။ အဆင့်မြှင့်တင်ထားသော App အား M-ပိုက်ဆံ မိုဘိုင်း wallet နှင့် ပေါင်းစပ်လိုက်သည့်အတွက် သုံးစွဲသူများသည် ဒစ်ဂျစ်တယ် wallet တစ်ခု၏ လုပ်ဆောင်ချက်များအား ပြုလုပ်နိုင်မည်ဖြစ်သည် (ဥပမာ - ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ပြုလုပ်ခြင်း)။ သုံးစွဲသူများသည် ၎င်းတို့၏ ဒေတာ၊ SMS နှင့် အသံအစီအစဉ် လက်ကျန်များကို App ၏ အသုံးပြုရလွယ်ပြီး ရိုးရှင်းသောမျက်နှာပြင်တွင် ကြည့်ရှုနိုင်ပြီး အူရီဒူးမြန်မာ၏ဝန်ဆောင်မှုများ (အသံနှင့် ဒေတာပက်ကေ့ခ်ျများ ဝယ်ယူခြင်း၊ ငွေဖြည့်သွင်းခြင်း) စသည်တို့နှင့် ၇၅ခုထက်ပိုသော ဖျော်ဖြေရေးအစီအစဉ်များကိုလည်း App တွင် ရယူခံစားနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် My Ooredoo App ပေါ်တွင် Oomanji နှင့် O-Cade စသည့်ဂိမ်းများကိုကစားခြင်းဖြင့် အသံနှင့်ဒေတာ အစီအစဉ်များကို အပိုဆုအဖြစ်ဆွတ်ခူးနိုင်သည်။ အဓိကလုပ်ဆောင်ချက်များထဲမှ တစ်ခုမှာ သုံးစွဲသူများအား ဆက်သွယ်ရန်စင်တာကို ဖုန်းခေါ်ဆိုစရာမလိုဘဲ Appပေါ်တွင် ဒစ်ဂျစ်တယ်ဖြင့်သတင်းပို့နိုင်သည့် ၎င်း၏ ဒစ်ဂျစ်တယ် သုံးစွဲသူဝန်ဆောင်မှုကဏ္ဍ ဖြစ်ပါသည်။ ဤလုပ်ဆောင်ချက်သည် ဆက်သွယ်ရေးလုပ်ငန်းစဉ်ကို မြန်ဆန်စွာခြေရာခံရန် ကူညီပေးနိုင်ပြီး အချိန်ကိုသက်သာစေကာ ပိုမိုမြန်ဆန်သောတုံ့ပြန်မှုကို ပေးစွမ်းနိုင်စေပါသည်။
အူရီဒူးမြန်မာမှ မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအတွက် ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုချီးမြှင့်ခံရသည့်အနေဖြင့် COVID-19 အား အကောင်းဆုံးတုံ့ပြန်ဆောင်ရွက်နိုင်မှုဆိုင်ရာ ဆုတံဆိပ်ကို ရရှိပါသည်။ ၂၀၂၀ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ၌ ပထမဆုံး COVID-19 ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာပြီးချိန်မှ ယနေ့အထိ အူရီဒူးမြန်မာမှ မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအတွက် ပံ့ပိုးကူညီမှုအစီအစဉ်အမျိုးမျိုးဖြင့် ကျပ်သိန်းပေါင်းသုံးသောင်းကိုးထောင် ကျော် (၃.၉ ဘီလီယံကျော်) လှူဒါန်းခဲ့ပါသည်။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် မြန်မာနိုင်ငံ COVID-19 ကပ်ဘေး ဒုတိယလှိုင်းနှင့် တတိယလှိုင်းများအတွင်း ကပ်ရောဂါဘေးမှကင်းလွတ်ပြီး အခြေအနေပြန်လည်ကောင်းမွန်လာစေရန် မြန်မာနိုင်ငံအား ပံ့ပိုးပေးရန်နှင့် COVID-19 လူနာများ၏အသက်ကို ကယ်ဆယ်ရန်အတွက် အူရီဒူးမြန်မာမှ ကျပ်သိန်းပေါင်း ၄၄၆၀ ကျော်တန်ဖိုးရှိ အဓိကလိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်သည့် အသက်ရှူစက်၊ နှလုံးခုန်စက်၊ oxygen concentrators နှင့် oxygen cylinders များကို လှူဒါန်းခဲ့သည်။ ထို့အပြင် အူရီဒူးမြန်မာမှ ဝန်ထမ်းများမှလည်း မြန်မာနိုင်ငံ COVID-19 ဒုတိယလှိုင်းနှင့် တတိယလှိုင်းများအတွင်း ၎င်းတို့၏ ကိုယ်ပိုင်လစာများမှ ရန်ပုံငွေများကို နှစ်ကြိမ်စုပေါင်းပြီး စုစုပေါင်း ကျပ်ငွေ သိန်း၆၇၀ ကျော်တန်ဖိုးရှိ မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။
ထို့အပြင် အူရီဒူးမြန်မာသည် အခမဲ့အင်တာနက်အစီအစဉ်များနှင့် ဖုန်းဘေလ်များပါဝင်သည့် ဆင်းမ်ကတ်ပေါင်း ၁၄,၀၀၀ ကျော်ကို quarantine center များနှင့် ပရဟိတ လူနာတင်ယာဉ်ကွန်ရက်များသို့ လှူဒါန်းခဲ့ပါသည်။ Covid-19 ပြန့်ပွားမှုများ နိုင်ငံတွင်းမစတင်မီကပင် အများပြည်သူ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် အူရီဒူးမြန်မာမှ COVID-19 နောက်ဆုံးရအချက်အလက်များနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများကို ၎င်း၏ ဆိုရှယ်မီဒီယာ ချန်နယ်လ်များမှ ဖြန့်၀ေခြင်း၊ သက်ဆိုင်ရာကျန်းမာရေးဌာနများမှ အခမဲ့ တိုင်ပင်ဆွေးနွေးမှုနှင့် ပြည်သူများသို့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကြံဉာဏ်များ ပေးအပ်ရာတွင် ဆက်သွယ်ရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။ COVID-19 ကပ်ရောဂါကာလအတွင်း အူရီဒူးမြန်မာသည် ဆင်းရဲနွမ်းပါးသော လူမှုအသိုင်းအဝိုင်းများသို့ “ပြည်သူမှပြည်သူသို့မျှဝေခြင်း” ပရဟိတအဖွဲ့နှင့်ပူးပေါင်းပြီး အခြေခံလိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာထုပ်များကို အိမ်ခြေ ၁၅၀၀ ကျော်အား လှူဒါန်းခြင်း၊ နိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် မိဘမဲ့ကလေးကျောင်းများ စုစုပေါင်း ၃၃ ကျောင်းသို့ ခြေနင်းလက်ဆေးစင် ၉၅ ခု နှင့် လက်ဆေးဆပ်ပြာရည်များလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် သဘာဝ တောရိုင်းကျားများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေး ကမ်ပိန်း 'Save Mi Mi' ကို WWF-မြန်မာက ...
07/09/2022

မြန်မာနိုင်ငံတွင် သဘာဝ တောရိုင်းကျားများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေး ကမ်ပိန်း 'Save Mi Mi' ကို WWF-မြန်မာက စတင်မိတ်ဆက်
**************************************** WWF-မြန်မာသည် ယခု ကျားနှစ်တွင် မြန်မာနိုင်ငံ၌ သဘာဝ တောရိုင်းကျားများ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးရန်နှင့် အများပြည်သူမှ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ 'Save Mi Mi' ကမ်ပိန်းကို Junior Creative အဖွဲ့နှင့် ပူးပေါင်းကာ တစ်မူထူးခြားသော Shadow Dance ရုပ်သံ ၃ ခု ကို ဖန်တီးလျက်ရှိသည်။ ဗီဒီယိုများတွင် မြန်မာနိုင်ငံ၌ လက်ရှိကျန်ရှိနေသေးသော တောရိုင်းကျားများ ရင်ဆိုင်နေရသည့် ဘေးအန္တရာယ်များကို Shadow Dance အကဖြင့် ဇာတ်ကြောင်း ဖန်တီးဖော်ကျူးထားသည်။ 'Save Mi Mi' ကမ်ပိန်းသည် ကျားတစ်ကောင်၏ ဘဝဇာတ်ကြောင်းမှ တစ်ဆင့် မြန်မာနိုင်ငံရှိ သဘာဝ တောရိုင်းကျားများ ရင်ဆိုင်နေရသော သစ်တောပြုန်းတီးမှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် အမဲလိုက်စားသောက်ရန် သားကောင်မျိုးစိတ်များ ရှားပါးလာမှုတို့ကြောင့် ရှင်သန်ရန် ခက်ခဲလာမှုများ၊ ရုန်းကန်နေရသော စိန်ခေါ်မှုများကို ပိုမို သိရှိလာစေရန် ရည်ရွယ်၍ ဖန်တီးပြသထားသည်။

'Save Mi Mi' အတွက် ဖန်တီးသရုပ်ဖော်ထားသော ဗီဒီယို ၃ ခုတွင် မိခင် ကျားမ‌လေး မီမီ၊ သူမ၏ သား ကျားပေါက်ကလေး နှင့် ကျားပေါက်ကလေး၏ ဖခင် တို့၏ ဇာတ်လမ်းများကို ဖန်တီးဖော်ကျူးထားသည်။ အဆိုပါ 'Save Mi Mi' ဗီဒီယို ၃ ခုတွင် ကျားတစ်ကောင်ချင်းစီတိုင်း၏ ဇာတ်ကောင် ပိုမိုအသက်ဝင်လာစေရန်အတွက် အနုပညာရှင် မေတိုးခိုင်၊ ရှိုင်းနှင့် နေဘုန်းထက်ကျော်တို့မှ နောက်ခံစကားပြောအသံဖြင့် ပါဝင်သရုပ်‌ဆောင်ထားသည်။

လွန်ခဲ့သည့် ရာစုနှစ်တစ်ခုခန့်က ကမ္ဘာမြေပေါ်၌ တောရိုင်းကျားကောင်ရေ ၁ သိန်းခန့် ရှင်သန်နေထိုင်ခဲ့သော်လည်း ၎င်းတို့၏ ကျက်စားရာဒေသ ဧရိယာနှင့် ကောင်ရေမှာ သိသိသာသာ ကျဆင်းသွားခဲ့ပြီဖြစ်သည်။ ယခုအခါ ၎င်းတို့သည် တကွဲတပြား ရှင်သန်ကျက်စား နေထိုင်လာကြရသည့်အပြင် ၎င်းတို့ ကျက်စားနယ်မြေမှာ ယခင်ကထက် ၇ ရာခိုင်နှုန်း ပိုမိုကျဥ်းမြောင်းလာလျက်ရှိသည်။ မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် ချမှတ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကျားကောင်ရေ စုစုပေါင်း ၃၂၀၀ မှ နှစ်ဆ တိုးပွားရေးရန် ဟူသော ရည်မှန်ချက်ကို အကောင်အထည် ဖော်ရာတွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လက်ရှိ ကမ္ဘာတစ်ဝန်းတွင် သဘာဝ တောရိုင်းကျားကောင်ရေ ၃၉၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရပြီး မြန်မာနိုင်ငံသည် တောရိုင်းကျားများ ဆက်လက်ရှင်သန်နေထိုင်နေသေးသည့် နိုင်ငံအနည်းငယ်တွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် အခွင့်ထူးကို ပိုင်ဆိုင်ရရှိထားသည်။

WWF-မြန်မာ၏ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအစီအစဉ် အဖွဲ့မှူးဖြစ်သူ ဒေါက်တာနေမျိုးရွှေက “မြန်မာနိုင်ငံမှာ ကျားတွေက မျိုးသုဉ်းမဲ့ အန္တရာယ် အမြဲရှိနေတယ်ဆိုတာ လူတိုင်းသိလာဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံဟာ ကျားတွေ အသက်ရှင်ရပ်တည် နေထိုင်နိုင်ဖို့ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အကျယ်ပြန့်ဆုံး လက်ကျန်ဒေသတွေကို ပိုင်ဆိုင်ထားပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်မှာပေါ့။ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်တဲ့ ကျားကောင်ရေ ပြန်လည်တိုးပွားရေး ပန်းတိုင်ရောက်စေဖို့ အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ လူဦးရေ တိုးပွားလာတာနဲ့အမျှ ကျားတွေ နေထိုင်ကျက်စားရာကို တိုးချဲ့ပြောင်းရွှေ့နေထိုင်လာကြတဲ့အတွက် လူသားတွေနဲ့ ကျားတွေကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်လာပါတယ်။ သစ်တောတွေ ခုတ်ထွင် ရှင်းလင်းတာတွေ၊ ကျားတွေကို အမဲလိုက် ဖမ်းဆီးသတ်ဖြတ်ခံရတာတွေနဲ့ သူတို့ အမဲလိုက် စားသောက်စရာ သားကောင်တွေ ရှားပါးပျောက်ကွယ်လာတာတွေဟာ ကျားတွေအတွက် ဘေးအန္တရာယ်တွေ ဖြစ်ပါတယ်။ ဒီဗီဒီယိုတွေ ဖန်တီးရတဲ့ ရည်ရွယ်ချက်ကတော့ ကျားတွေကို ဘာကြောင့် ကာကွယ်သင့်သလဲဆိုတာရယ်၊ သူတို့ကို နေ့စဥ်နဲ့ အမျှ အသက်အန္တရာယ် ခြိမ်းခြောက်နေတဲ့သူတွေကို ဘယ်လို တားဆီးကြမလဲဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိမြင်လာစေဖို့အတွက် ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

သုတေသနမှတ်တမ်းများအရ တောရိုင်းကျားများ အဓိက ကြုံတွေ့နေရသော ဘေးအန္တရာယ် ၃ ခု ရှိပြီး ၎င်းတို့မှာ သစ်တောပြုန်းတီးခြင်း၊ အမဲလိုက် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းနှင့် ၎င်းတို့ အမဲလိုက် စားသောက်စရာ သားကောင်ရှားပါး လာခြင်းတို့ ဖြစ်သည်။ သစ်တောပြုန်းတီးမှုတွင် သစ်တောများ ရှင်းလင်းခုတ်ထွင်ခြင်းနှင့် စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ တိရစ္ဆာန် မွေးမြူရေးအတွက် စားကျက်ချဲ့ထွင်ခြင်း၊ တရားမဝင် သစ်ထုတ်လုပ်ခြင်း စသည်တို့ ပါဝင်သည်။။

ကျားမျိုးစိတ်များသည် လူသားတို့၏ ရိုးရာ ယုံကြည်မှုအရ တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်းနှင့် ဇိမ်ခံပစ္စည်းများ အလှဆင်ရာတွင် ကျားအရေခွံ၊ အရိုးနှင့် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများကို အသုံးပြုခြင်းတို့ကြောင့်လည်း နှစ်စဉ် အမဲလိုက် သတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အမှန်တကယ်တွင် ကျားသတ္တဝါများ၏ အင်္ဂါအစိတ်အပိုင်းများသည် လူအများ ယုံကြည်နေသကဲ့သို့ ထူးခြားသော ဆေးဖက်ဝင်ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားခြင်း မရှိပါ။ သို့ရာတွင် ထိုသို့ ယုံကြည် သက်ဝင်သူများရှိနေသေးသည့်အတွက် ကျားရောင်းဝယ်ဖောက်ကားလိုမှုများ ရှိနေဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အာရှတစ်လွှားရှိ စျေးကွက်များတွင် ဝယ်လိုအားများသော တိရစ္ဆာန်ထွက်ကုန်များ အဓိက ရောင်းဝယ်ဖောက်ကားရာ အဖြစ်သော်လည်းကောင်း၊ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ရေး ဗဟိုအချက်အချာ နေရာဒေသအဖြစ်သော်လည်းကောင်း ဖြစ်တည်လျက်ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကျားကောင်ရေ အများဆုံး ကျက်စားရာ အရပ်လည်း ဖြစ်သလို တည်ရှိနေထိုင်မှုနှင့် တစ်စပ်တည်း ရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့်လည်း ကိုက်ညီသည့် ကျားထိန်းသိမ်းရေး ဦးစားပေးနယ်မြေ ၂ ခုကို ခွဲခြားသတ်မှတ် ထားသည်။ ယင်းတို့မှာ ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်းဒေသနှင့် ဒေါန-တနင်္သာရီတောင်တန်းဒေသတို့ ဖြစ်ကြသည်။ ထိုအရပ်ဒေသများ၏ ဂေဟစနစ်များတွင် ကျားများသည် သဘာဝဟန်ချက်ညီမှုကို ထိန်းသိမ်းရန်အတွက် အရေးကြီးသော အဓိကကျသည့် မျိုးစိတ်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် တောရိုင်းကျားများကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းမှုသည် သစ်တောများ၊ ရေဝေရေလဲဒေသများ၊ ကျားများနှင့် အတူယှဥ်တွဲနေထိုင်သည့် တောရိုင်းမျိုးစိတ်များအတွက်သာမက ယင်းသစ်တောများပေါ်တွင် မှီခိုနေသော ဒေသခံလူထုအတွက်ပါ အကျိုးရှိသည်။

ကျားမလေးမီမီနေရာတွင် နောက်ခံအသံသရုပ်ဆောင်ပေးထားသည့် သရုပ်ဆောင် မေတိုးခိုင်က "ကျားတွေက သဘာဝ ဂေဟစနစ်အတွက်ရော ယဥ်ကျေးမှုအမွေအနှစ် အနေနဲ့ပါ အရေးပါတဲ့ နေရာမှာရှိတဲ့ အဖိုးတန် တောရိုင်းတိရစ္ဆာန်တွေပါ။ ကျားတွေကို ကာကွယ်စောင့်ရှောက်ပေးတာက တောရိုင်းတိရစ္ဆာန်တွေ၊ တောအုပ်တွေနဲ့ လူသားတွေအတွက်လည်း လှပ‌ဝေဆာတဲ့ ကမ္ဘာတစ်ခုဖြစ်လာစေမှာပါ။ အရင်က မြန်မာနိုင်ငံမှာ ကျားတွေအများအပြား ကျက်စားခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ မြန်မာ့ယဥ်ကျေးမှုမှာ ကျားတွေပါဝင်တဲ့ ရုပ်ပြပုံတွေ ပုံပြင်တွေကို ကျွန်မတို့ ချစ်မြတ်နိုးခဲ့ကြသလိုပဲ တကယ့် လက်တွေ့ ဘဝက တောရိုင်းကျားတွေကိုလည်း ကျွန်မတို့ လေးစားကူညီစောင့်ရှောက်ပေးဖို့ ပိုမိုလုပ်ဆောင်သင့်ပါတယ်” ဟု တိုက်တွန်း ပြောကြားခဲ့သည်။

ပုဂ္ဂလိကကုမ္ပဏီများ၊ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဒေသခံလူထုတို့ အတူပူးပေါင်းမှသာလျင် တောရိုင်းကျားများကဲ့သို့ မျိုးသုဥ်းတော့မည့် တိရစ္ဆာန်မျိုးစိတ်များကို ပိုမိုထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများ၏ အလေ့အထများကို ပြောင်းလဲဖို့အတွက် လူထုအခြေပြု ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းစဥ်များနှင့် နိုင်ငံသားတိုင်းသိထားသင့်သည့် သဘာ ဝပတ်ဝန်းကျင် အသိပညာဆိုင်ရာ ချဥ်းကပ်မှုများသည်လည်း အရေးကြီးလှသည်။

မန္တလေးတိုင်းဒေသကြီးမှ ကံထူးရှင် ၂ ဦး၏ အိပ်မက်များကို MPT “ရွှေအိပ်မက်” အစီအစဉ်ကတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့**...
24/08/2022

မန္တလေးတိုင်းဒေသကြီးမှ ကံထူးရှင် ၂ ဦး၏ အိပ်မက်များကို MPT “ရွှေအိပ်မက်” အစီအစဉ်ကတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့
***************************
“ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်နှစ်ဦးအား ကံထူးလက်ဆောင်များလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် နှင့် ၁၁ ရက် တို့တွင် မန္တလေးတိုင်းဒေသကြီး၌ အသီးသီးအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် ၅ ဦးမြောက် ကံထူးရှင်ဖြစ်သူ ဦးစိုင်းအောင်လှိုင်မင်း (ကံထူးနံပါတ် ၀၇၉၆) သည် မိသားစုကဏ္ဍအတွက် ကံထူးလက်ဆောင်အဖြစ် မိသားစုအိမ် ဆု ကို လက်ခံရရှိခဲ့ပြီး ၆ ဦးမြောက် ကံထူးရှင်ဖြစ်သူ ဦးကျော်ရဲအောင် (ကံထူးနံပါတ် ၅၈၄၇) သည် လုပ်ငန်းအသစ်အတွက် ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်) ကဏ္ဍ အတွက် ကံထူးလက်ဆောင်အဖြစ် Life Blogger ဆုကို အသီးသီးလက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။

MPT သည် စုစုပေါင်းကံထူးရှင် ၆ ဦးအား ၎င်းတို့၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ကျန်ရှိနေသော ကံထူးရှင်တစ်ဦးကိုလည်း ၎င်း၏အိပ်မက်အား အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ “ရွှေအိပ်မက်” အစီအစဉ်မှ ကံထူးရှင် ၇ ဦး၏ အသေးစိတ်အချက်အလက်များကို MPT ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm/en/dream-come-true/ မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင် ပါသည်။
MPT နှင့် KSGM တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများသို့ အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ခြင်း (၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် MPT သည် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် “အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့” အစီအစဉ်ကို မိတ်ဆက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်ကို ပါဝင်သူပေါင်း ၇,၀၀၀ ကျော်ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အိပ်မက်အမျိုးအစား ၄ မျိုးဖြစ်သည့် မိသားစု၊ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ ခြင်း နှင့် သတ်မှတ်ချက်အားလုံးပြည့်မီသော အိပ်မက်အမျိုးအစားများအတွက် ကံထူးရှင် ၇ ဦးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ တွင် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

အူရီဒူးမြန်မာမှ ကမ္ဘာ့ဖလားကို  ကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်ဖို့ ခရီးစဉ် စီစဉ်မှု အပါအဝင် လက်မှတ်စောင်ရေ ၃၀ အား ကံစမ်...
24/08/2022

အူရီဒူးမြန်မာမှ ကမ္ဘာ့ဖလားကို ကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်ဖို့ ခရီးစဉ် စီစဉ်မှု အပါအဝင် လက်မှတ်စောင်ရေ ၃၀ အား ကံစမ်းမဲဖောက်ပေးသွားမည်
**********************************
နိုင်ငံတကာဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် အူရီဒူးမြန်မာအနေဖြင့် တိုးတက်များပြားလာသော သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် စိတ်လှုပ်ရှားဖွယ်လုပ်ဆောင်ချက်အသစ်များစွာ ပါဝင်သည့် My Ooredoo App ဗားရှင်းအသစ်ကို “Let’s Go to World Cup” ကံစမ်းမဲအစီအစဉ်နှင့်အတူ စတင်မိတ်ဆက်လိုက်သည်။
အသစ်ပြန်လည် မွမ်းမံထားသည့် My Ooredoo App ဗားရှင်းအသစ်တွင် ဖော်ပြပါ အဓိကလုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်သည် -
• ကလစ်နှစ်ချက်နှိပ်ရုံဖြင့် အလိုရှိရာကို အလွယ်တကူ ရှာဖွေနိုင်ခြင်း - ပက်ကေ့ချ် ဝယ်ယူရန်၊ လက်ကျန်ငွေစစ်ဆေးရန် (သို့) ဂိမ်းကစားရန် စသဖြင့် အရာရာတိုင်းကို ကလစ် ၂ချက်နှိပ်ရုံဖြင့် လုပ်ဆောင်နိုင်မည်။
• လွယ်ကူရိုးရှင်းသည့် အသွင်အပြင် - လုပ်ဆောင်ချက်များအား အလွယ်တကူ နားလည်ရလွယ်ပြီး လွယ်ကူစွာ လုပ်ဆောင်နိုင်မည်။
• ၂၀ စက္ကန့်အတွင်း M-ပိုက်ဆံ မိုဘိုင်းပိုက်ဆံ wallet ကို ဖန်တီးနိုင်ပြီး ချက်ခြင်းအသုံးပြုနိုင်မည်။ အူရီဒူးသုံးစွဲသူများသာမက မိုဘိုင်းဝန်ဆောင်မှုအသုံးပြုသူတိုင်း ရယူသုံးစွဲနိုင်မည်။
• ၎င်း M-ပိုက်ဆံ မိုဘိုင်းပိုက်ဆံ wallet ကို မြန်မာနိုင်ငံအတွင်း မည်သူ့ကိုမဆို ငွေလွှဲရန် အသုံးပြုနိုင်မည်။
• App တစ်ခုတည်းဖြင့် အချိန်မရွေး ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ရယူခံစားနိုင်မည် - ဂိမ်းများ ကစားနိုင်မည်၊ ဗီဒီယိုများ ကြည့်ရှုနိုင်မည်၊ သီချင်းများနားထောင်နိုင်မည်။
• My Ooredoo App သည် မြန်မာနိုင်ငံ၏ Superapp ဖြစ်လာသည့်အတွက် လိုအပ်သည့်အရာတိုင်းကို App တစ်ခုထဲတွင် အစုံအလင်ရရှိနိုင်မည်။

အထက်ဖော်ပြပါအတိုင်း သုံးစွဲရလွယ်ကူသည့် My Ooredoo App ဗားရှင်းအသစ်တွင် ပေါင်းစည်းထားသည့် အွန်လိုင်းငွေကြေး လုပ်ဆောင်ချက်ပါဝင်ပါသည်။ လက်ရှိ My Ooredoo App နှင့် M-ပိုက်ဆံ သုံးစွဲသူများအနေဖြင့် App တစ်ခုတည်းဖြင့် ဝန်ဆောင်မှုနှစ်မျိုးအသုံးပြုနိုင်မည်ဖြစ်သလို အခြားမိုဘိုင်းသုံးစွဲသူများအနေဖြင့်လည်း အဆင့်မြှင့်တင်ထားသော My Ooredoo App တွင် M-ပိုက်ဆံ ဝန်ဆောင်မှုကို အသုံးပြုကာ အွန်လိုင်းငွေကြေးလုပ်ဆောင်ချက်ကို ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။ ပိုမိုတိုးတက်လာသည့် သုံးစွဲသူအထူးပြုလုပ်ဆောင်ချက်များကြောင့် သုံးစွဲသူများအနေဖြင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပိုမိုရိုးရှင်းစွာနှင့် မြန်ဆန်စွာ ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။
အူရီဒူးမြန်မာ၏ Digital Director ဖြစ်သူ Nitin Anand က “ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူအတွေ့အကြုံကို ပိုမိုကောင်းမွန်လာစေဖို့အတွက် အပြည့်အဝ ဒီဇိုင်းဆွဲထားတဲ့ My Ooredoo App ဗားရှင်းအသစ်ကို ဝမ်းမြောက်စွာ မိတ်ဆက်ပေးလိုက်ပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ My Ooredoo App ဗားရှင်းသစ်က အလွန်သုံးရလွယ်ပြီး သုံးစွဲသူတွေအတွက် ပိုပြီးအဆင်ပြေစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဆင့်မြှင့်တင်ထားတဲ့ My Ooredoo App ဗားရှင်းသစ်နဲ့အတူ “ Let’s Go to World Cup “ ကံစမ်းမဲ အစီအစဉ်ကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစွာကြေညာလိုပါတယ်။ သုံးစွဲသူတွေအနေနဲ့ အူရီဒူးသုံးစွဲသူတွေရဲ့ အကျိုးခံစားခွင့်တွေကို My Ooredoo App ဗားရှင်းသစ်နဲ့ ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်ကြဖို့ မျှော်လင့်ပါတယ်။ အဆင့်မြှင့်တင်လိုက်တဲ့ လုပ်ဆောင်ချက်တွေကြောင့် မြန်မာပြည်သူတွေအနေနဲ့ ၂၀ စက္ကန့်ခန့်မျှသာနဲ့ ဒစ်ဂျစ်တယ် wallet တစ်ခုကို ဖန်တီးနိုင်ပြီး M-ပိုက်ဆံဖြင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေကို လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်တော့မှာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားလိုက်သည်။
“Let's go to World Cup” ကံစမ်းမဲအစီအစဉ်တွင် My Ooredoo App နောက်ဆုံးဗားရှင်းကို ရယူအသုံးပြုသူများအနေဖြင့် ကမ္ဘာ့ဖလား ၂၀၂၂ ကို ကိုယ်တိုင် သွားရောက်ကြည့်ရှုနိုင်ခွင့်ကို ကံစမ်းရရှိနိုင်မှာဖြစ်ပါတယ်။ ၎င်းကံစမ်းမဲအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်တွင် စတင်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အစီအစဉ်တစ်လျောက် ဆုကြီးများအဖြစ် သုံးစွဲသူများအား ၂၀၂၂ ခုနှစ်တွင် ကာတာနိုင်ငံ၌ ပြုလုပ်သွားမည့် ကမ္ဘာ့ဖလားသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်အောင် ခရီးစဉ် စီစဉ်မှုအပါအဝင် လက်မှတ် အစောင် (၃၀) နှင့်အတူ ဆုမဲပေါင်းများစွာ ပါဝင်မှာဖြစ်ပါတယ်။
အစီအစဉ်အတွင်း အူရီဒူးမှ M-ပိုက်ဆံတွင် ပြန်အမ်းငွေလက်ဆောင်၊ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုနိုင်ရန်နှင့် SMS ပေးပို့နိုင်ရန်အတွက်သုံးနိုင်မည့် ပြန်အမ်းငွေလက်ဆောင်၊ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခွင့်တို့နှင့် ဆုကြီးများအဖြစ် ကမ္ဘာ့ဖလားလက်မှတ်များ အပါအဝင် ဆုမဲပေါင်း ၁၅,၀၀၀ ကျော်ကို ပေးအပ်သွားမည် ဖြစ်ပါသည်။
ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ရန်မှာ လွယ်ကူပါသည်။ သုံးစွဲသူများအနေဖြင့် My Ooredoo App နောက်ဆုံးဗားရှင်းကို ဒေါင်းလုပ်ဆွဲရယူပြီး “Let’s go to World Cup” ကဏ္ဍတွင် ပါဝင်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်ရမည်ဖြစ်သည်။ ၎င်းတွင် ကံစမ်းမဲ ကူပွန်များကို ဖော်ပြပါလုပ်ဆောင်ချက်များ အတွက် ရရှိနိုင်မည်ဖြစ်ပါသည် - “Let’s go to World Cup” ကဏ္ဍတွင် ဖော်ပြထားသည့် Oomanji ဖုန်းခေါ်ဆိုမှုနှင့် ဒေတာအစီအစဉ်များ ဝယ်ယူခြင်း၊ Scan QR ဖြင့် ဖုန်းဘေလ်ဖြည့်ခြင်း၊ M-ပိုက်ဆံဖြင့် ဖုန်းဘေလ်ဖြည့်ခြင်း ၊ M-ပိုက်ဆံကို ကတ်ဖြင့် ငွေဖြည့်ခြင်း၊ M-ပိုက်ဆံ ကိုယ်စားလှယ်များထံမှ ဝယ်ယူခြင်း၊ Supernet ဝန်ဆောင်မှုအတွက် ရက်၉၀စာ စာရင်းသွင်းခြင်း။ ဖော်ပြပါလုပ်ဆောင်ချက်များအား လုပ်ဆောင်ခြင်းဖြင့် သုံးစွဲသူများအနေဖြင့် ကံစမ်းမဲကူပွန်များကို စုဆောင်းနိုင်မည်ဖြစ်ပြီး ကံထူးရှင်ဖြစ်ရန် အခွင့်အလမ်းများ တိုးပွားနိုင်မည်ဖြစ်သည်။
ကူပွန်များအားလုံးမှာ သြဂုတ်လ ၂၅ ရက်နေ့တွင် စတင်ပြီး အပါတ်စဉ် ကြာသပတေးနေ့တိုင်း ကံထူးရှင် ရွေးချယ်ပေးသွားမည့် အပါတ်စဉ်ကံစမ်းမဲအစီအစဉ်နှင့် အောက်တိုဘာလ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် ကံစမ်းမဲအစီအစဉ်ကြီးတို့အတွက် အကြုံးဝင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ *565 # ကို ဖုန်းခေါ်ဆိုပြီး My Ooredoo App ဗားရှင်းအသစ်သို့ အမြန်ဆုံးမြှင့်တင်၍ ပိုမိုကောင်းမွန်လာသော သုံးစွဲသူအတွေ့အကြုံကို ရယူရင်း “Let's Go to World Cup”ကံစမ်းမဲအစီအစဉ်မှာ ပါဝင်လိုက်ပါ။

အစီအစဉ်နှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို အူရီဒူးမြန်မာ ဝဘ်ဒ်ဆိုက် www.ooredoo.com.mm တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Address

Bahan , Yangon
Burma

Alerts

Be the first to know and let us send you an email when Freshest News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Freshest News:

Videos

Share


Other Media/News Companies in Burma

Show All