Shwe Mahar Myaing - Bogale

Shwe Mahar Myaing - Bogale သာသနာတော်၏နှလုံးသားမျိုးဆက်သစ်တို့မွေးဖွားသန့်စင်ရာအောင်မြေဖြစ်ပါစေသော်ဝ်🙏🙏🙏

16/11/2023

မဟာဘုံကထိန် မတည်အလှုရှင် -

ဦးစိန်မြ+​ဒေါ်အေးမြင့်(မိသားစု)၊ ၃ရပ်ကွက်၊ ဘိုကလေးမြို့ - ၁သိန်းကျပ်

ဖိတ်ကြားအပ်ပါသည်....
14/11/2023

ဖိတ်ကြားအပ်ပါသည်....

14/11/2023

မဟာဘုံကထိန်
☸☸☸☸⛎

ရွှေမဟာမြိုင်ဓမ္မစကူးလ် ဆရာ၊ ဆရာမများနှင့် မတည်အလှူရှင်များ -

၁။ ဦးအောင်ကျော်မိုး+ဆရာမဒေါ်နုမာ မိသားစု - ၂သိန်းကျပ်

၂။ ကိုရန်အောင်မြင် မိသားစု - ၁သိန်း၂သောင်းကျပ်

၃။ သံချောင်းလေးစက်သုံးဆီရောင်းဝယ်ရေး မိသားစု - ၁သိန်း၂သောင်းကျပ်

၄။ ကံ့ကော်မြိုင်စတိုး မိသားစု - ၁သိန်း၂သောင်းကျပ်

၅။ ဦးကျော်ကျော်+ဒေါ်စန်းစန်းဝင်း (၉၉၉၉-ရွှေဆိုင်)မိသားစု - ၅သောင်းကျပ်

၆။ ကိုဇော်ဝင်းထွန်း+မနန်းအိလှိုင် မိသားစု - ၅သောင်းကျပ်

၇။ ကိုဖိုးဇော်+မမြတ်စန္ဒာမွန် မိသားစု - ၅သောင်းကျပ်

၈။ ဒေါ်ချို နှင့် ညီမများ (ဖိနပ်ဆိုင်)မိသားစု - ၅သောင်းကျပ်

၉။ ကိုဟိန်းမင်းထက် + မစိုးစိုးမြင့် မိသားစု - ၃သောင်းကျပ်

၁၀။ ဒေါ်ခင်သီတာ မိသားစု(နတ်ချောင်း) - ၂သောင်းကျပ်

၁၁။ ဒေါ်ချိုမာ မိသားစု (၂လမ်း) - ၂သောင်းကျပ်

13/11/2023

မဟာဘုံကထိန်မတည်အလှူရှင်များ -

၁။ ဆရာကြီးဦးလှကြည်၊ ဒေါ်ညွန့်ညွန့်၊ ဒေါ်သီတာကြည် မိသားစု - ၅သိန်းကျပ်

၂။ ဆရာကြီးဦးမိုးမြင့်အောင်+ဆရာမဒေါ်မြတ်သတ်မော် (ထ-၂)မိသားစု - ၂သိန်းကျပ်

၃။ ဆရာမဒေါ်အိအိစိုး (ထ-၂)မိသားစု - ၂သိန်းကျပ်

၄။ ဆရာမကြီးဒေါ်ကံလှ (ထ-၁) မိသားစု - ၁သိန်းကျပ်

၅။ ဦးဇော်ဝင်း+ဆရာမဒေါ်ခင်မျိုးသန့် (ထ-၂)မိသားစု - ၁သိန်းကျပ်

၆။ ဦးကိုကြီး+ဆရာမဒေါ်ခင်ပပ (ထ-၂) မိသားစု - ၁သိန်းကျပ်

၇။ (ဦးဌေးလွင်)+ဆရာမဒေါ်ညိုညိုလွင် (ထ-၂) မိသားစု - ၁သိန်းကျပ်

၈။ ဦးမြင့်နိုင်+ဆရာမဒေါ်ခင်မာဦ(ထ-၂) မိသားစု - ၁သိန်းကျပ်

၉။ ဦးဖေခင်+ဆရာမဒေါ်ခင်မာကြည် (ထ-၂)မိသားစု - ၁သိန်းကျပ်

၁၀။ ဆရာမဒေါ်ဆင့်ဆင့်ပြုံး (လခွဲ-၈ရပ်ကွက်) မိသားစု - ၁သိန်းကျပ်

၁၁။ ဆရာမဒေါ်စန်းစန်းမော်၊ ဆရာမဒေါ်ရီရီမြင့်၊ ဆရာမဒေါ်စောမြတ်လှိုင် (ထ-၂) မိသားစု - ၁သိန်းကျပ်

၁၂။ ဦးထွန်းမော်+ဒေါ်ခင်သန့်ဆွေ (လခွဲ-၈ရပ်ကွက်) မိသားစု - ၅ သောင်းကျပ်

၁၃။ ဒေါ်သန်းသန်း(ဘိုကလေး)အားရည်စူး၍ သမီးမအေးမြင့်သန်း မိသားစု - ၁သိန်း ကျပ်

၁၄။ မသက်ထားဆွေ မွေးနေ့အလှူ - ၁သိန်းကျပ်

၁၅။ ဦးစောလွင်+ဒေါ်သစ်သစ်မြင့်(သမီး)ကိုရန်ပိုင်ဦး+မမေမြတ်နိုးဦး (ရွှေစံအိမ် အိမ်ဆောက်ပစ္စည်း) မိသားစု - ၁သိန်း၅သောင်းကျပ်

မြတ်စွာဘုရားရှင်အား ဆီမီး၁၀၀၀၊ ပန်း၁၀၀၀ ဖြင့် ပူဇော် 🎆🎆🎆🙏🙏🙏
29/10/2023

မြတ်စွာဘုရားရှင်အား ဆီမီး၁၀၀၀၊ ပန်း၁၀၀၀ ဖြင့် ပူဇော် 🎆🎆🎆🙏🙏🙏

နှစ်သစ်မှာ ပရိတ်အိုး၊ပရိတ်ချည်၊ပရိတ်ရေပြင်ဆင်တတ်ဖို့🙏နှစ်သစ်ကူးအခါသမယမှာ ပရိတ်တရားမှ မနာယူ၊မရွတ်ဖတ်ရလျှင် စိတ်ထဲ နှစ်သစ်...
16/04/2023

နှစ်သစ်မှာ ပရိတ်အိုး၊ပရိတ်ချည်၊ပရိတ်ရေပြင်ဆင်တတ်ဖို့
🙏

နှစ်သစ်ကူးအခါသမယမှာ ပရိတ်တရားမှ မနာယူ၊မရွတ်ဖတ်ရလျှင် စိတ်ထဲ နှစ်သစ်မှာ မပြည့်စုံသလိုခံစားရတာ အမှန်ပါပဲ

ပရိတ်တရားဆိုသည်မှာ "ဘေးရန်အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်တတ်သော တရား၊အန္တရာယ်ကင်းစေတတ်သော တရား" ဟုအဓိပ်ပါယျဖှင့ျဆိုပါတယျ ဒါ့အပြင် ချမ်းသာသုခနှင့်ပြည့်စုံခြင်းအကျိုးကိုလည်း ရရှိစေနိုင်ပါတယ်

ပရိတ်အိုး ပြင်ဆင်နိုင်ရန်
*************************
ပရိတ်အိုးပြင်ဆင်ပြီဆို ပရိတ်ရေ၊ပရိတ်ချည်၊ပရိတ်ဆန်၊ပရိတ်သဲ ဒါတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် ကေသပုတ္တဇာတ်တော်မှာ ပရိတ်ပန်းကို ဘာပန်း ညာပန်းဟူ၍ အထူးညွှန်းဆိုထားတာတော့မရှိပါဘူး

ပရိတ်အိုးမှာ ပနံတင့်အောင် ပရိတ်ပန်းတွေကိုတော့ အတာအိုးပြင်ဆင်သကဲ့သို့ ခုနစ်နေ့နံ ပန်း၊အညွှန့်များကို ပြင်ဆင်နိုင်ပါတယ် ပြင်ဆင်ပြီးပြီဆိုရင်တော့ ပရိတ်ရွတ်ဖတ်တဲ့ ရဟန်းသံဃာတော်များရှေ့မှာထားပြီး ပရိတ်ရွတ်ဖတ်နာယူနိုင်ကြောင်းကို ကျမ်းဂန်များထဲမှာ လမ်းညွှန်ထားပါတယ်

ပရိတ်အကျိုးတရားများ ဧကန်မုချရရှိစေရန်....
ပရိတ်ရွတ်ဖတ်သူ၊ နာယူသူများ အင်္ဂါ သုံးချက်နဲ့ ပြည့်စုံရန် ကြိုးစားအားထုတ်ဖို့လိုပါတယ်

ပရိတ်ရွတ်ဖတ်သူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
***************************
၁။ အနကျသဒ်ဒါကို သုတ်သင်၍ ကောင်းစွာသင်ယူထားခြင်း

၂။ ပုဒ်၊ ဗျည်းတို့ကို မယုတ်စေရ။ ပြည့်စုံအောင်လေ့လာကျက်မှတ်ထားခြင်း

၃။ လာဘ်လာဘကိုမငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်းတို့ ဖြစ်ပါတယ်
(ပါထိကအဋ္ဌကထာ၊ အာဋာနာဋိယသုတ် (၁၄၉) )

ပရိတ်နာသူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
************************
၁။ ပဉ္စာနန္တရိယကံမရှိခြင်း (ပဉ္စာနန္တရိယကံဆိုသည်မှာ - အမိရင်းကိုသတ်သူ၊အဖရင်းကိုသတ်သူ၊ရဟန္တာကိုသတ်သူ၊ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊သံဃာတော်တို့အား ဂိုဏ်းအသင်းခွဲသူ)

၂။ နိယတမိစ္ဆာဒိဋ္ဌိမဟုတ်ခြင်း (နိယတမိစ္ဆာဒိဋ္ဌိဆိုသည်မှာ -သတ္တဝါတို့အား ညစ်ညူးခြင်း၊ ဖြူစင်ခြင်းမရှိဟု စွဲယူခြင်း)

၃။ ပရိတ်တန်ခိုးကို ယုံကြည်ခြင်း တို့ဖြစ်ပါတယ်
(မိလိန္ဒပဥှာ (၁၅၅) )

ပရိတ် ရွတ်ပြီးနောက် ပရိတ်အိုး ပရိတ်ပန်း ခြံစည်းရိုးများ အိမ်အဝများမှာ ထားခြင်း ပရိတ်ဆန် ပရိတ်သဲများ ဖြူးခြင်း စည်းချခြင်းဖြင့် မကောင်းသော ဒုက္ခပေးနိုင်တဲ့ နာနာဘာဝများ သရဲတစ္ဆေများ၊မကောင်းသော အညံ့များ ဝင်မလာနိုင်အောင် အဟန့်ဖြစ်စေရန်လည်းကောင်း၊ ပရိတ်ရေကို သောက်သုံးပြီး ကျန်းမာစေရန်၊ကြံတိုင်းအောင်၊ဆောင်တိုင်းမြောက်စေရန်အတွက်လည်းကောင်း၊ ပရိတ်ချည်၊ပရိတ်ကြိုးများကို သွားလေရာမှာ အန္တရာယ်ဘေးကင်းစေရန်အတွက် ဆောင်ထားနိုင်ပါတယ်😊

Photo - Dhama School Foundation



#ပရိတ်အိုး #ပရိတ်ချည် #ပရိတ်ရေ

မြတ်သောအလှူ မြတ်သောဒါနမြတ်သောကုသိုလ် မြတ်သောသာသနာမြတ်သောတရားအလှူကို လှူလိုသော အလှူရှင်များအား နှိုးဆော်သမှုပြုလိုက်ရပါသည...
25/03/2023

မြတ်သောအလှူ မြတ်သောဒါန
မြတ်သောကုသိုလ် မြတ်သောသာသနာ
မြတ်သောတရားအလှူကို လှူလိုသော အလှူရှင်များအား နှိုးဆော်သမှုပြုလိုက်ရပါသည်။


ရုပ်ဆိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒကိုခံယူ၍
မဟာမြိုင်ဆရာတော်၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ဆင်ယင်ကျင်းပ ပြုလုပ်မည့်
သင်္ကြန်တွင်း (၇)ရက် တရားစခန်း ကို
(10.4.2023)မှ(16.4.2023)နေ့ထိ
သုခ(၅)လမ်း နှင့် ဓန(၆)လမ်းကြားရှိ
မဟာမြိုင်စာသင်တိုက်၊ ရွှေမဟာမြိုင် ဓမ္မစကူးလ်
ကျောင်းတွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်
တရားစခန်းဝင်လိုသူ
ရဟန်း၊ သာမဏေ၊ သီလရှင်ယောဂီများ မည်သူမဆို ကြိုတင်၍ အခမဲ့ စာရင်းပေးသွင်းနိုင်ပါကြောင်း နိဗ္ဗာန်ဆော်မှုပြုအပ်ပါသည်... သူတော်ကောင်းအပေါင်းတို့ ခင်ဗျား....

အချိန်ပိုင်း ယောဂီများလည်း လာရောက်တရားအားထုတ်နိုင်ပါတယ် ခင်ဗျား....

ပြန်ကြားရေး
ရွှေမဟာမြိုင်ဓမ္မစကူးလ်

ကတ္တီဘာကော်ဇော အလှူရှင်များ -၁။ သံချောင်းလေးစက်သုံးဆီရောင်းဝယ်ရေးမိသားစု - ၂ချပ်၂။ ရန်အောင်မြင်စိုက်ပျိုးရေးဆေးဆိုင် မိသ...
14/03/2023

ကတ္တီဘာကော်ဇော အလှူရှင်များ -

၁။ သံချောင်းလေးစက်သုံးဆီရောင်းဝယ်ရေးမိသားစု - ၂ချပ်

၂။ ရန်အောင်မြင်စိုက်ပျိုးရေးဆေးဆိုင် မိသားစု - ၁ချပ်

၃။ မတင်တင်အေး၊ မဇာနည်မော် မိသားစု - ၁ချပ်

၄။ မပြည့်ပြည့်၊ မအိန္ဒြေဖြူ(ခ) မအုဝဲဇော် - ၁ချပ်

၅။ ဦးလှမြင့်+ဒေါ်ခင်အုန်းမြင့်(သမီး)မယုယုခင် မသားစု၊ ရွှေပြည်သာ - ၁ချပ်

၆။ ကိုအောင်နိုင်စို+မအေးအေးသက်(သား)မောင်ကောင်းခန့်ကိုကို (သမီး)မဆုမြတ်သီရိဦး မိသားစု ရွှေပြည်သာ - ၁ချပ်

၇။ ဦးနေထွန်း+ဒေါ်တင်တင်ဝေ မိသားစု - ၁ ချပ်

၈။ မဝင်းဝင်းမော်၊ မချိုဇင်သော် - ဟိုင်းဟိုင်းအချိုရည် မိသားစု - ၁ချပ်

၉။ တေးသံရှင် ဗိုလ်ကလေးရွှေဖူးသွယ် - ၁ ချပ်

အသီးသီးလှူဒါန်းကြပါသည်.... ထိုကောင်းမှုအစုစုတို့ကို သာဓု ခေါ်ဆိုကြပါကုန်လော့.....

သာဓု သာဓု သာဓု.....

ဒီဇင်ဘာ(၇)ရက်  မိုးကုတ်ဝိပဿနာ အထူးတရားစခန်းပွဲ
21/12/2022

ဒီဇင်ဘာ(၇)ရက် မိုးကုတ်ဝိပဿနာ အထူးတရားစခန်းပွဲ

🙏🙏🙏
09/08/2022

🙏🙏🙏

(၆၁) နှစ် မြောက်နိုင်ငံတော်ဘာသာနေ့ကိုသာသနာ့အောင်လံလွှင့်၍ဂုဏ်ပြုကြိုဆိုကြပါသည်🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲    #ဝါခေါင်လပြည့်နေ့  🙏🙏...
09/08/2022

(၆၁) နှစ် မြောက်
နိုင်ငံတော်ဘာသာနေ့ကို

သာသနာ့အောင်လံလွှင့်၍

ဂုဏ်ပြုကြိုဆိုကြပါသည်
🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲

#ဝါခေါင်လပြည့်နေ့
🙏🙏🙏🙏🙏🙏🙏

#မေတ္တာအခါတော်နေ့
🙏🙏 🙏🙏🙏🙏🙏

#နိုင်ငံတော်ဘာသာနေ့
🙏🙏🙏🙏🙏🙏🙏

#ဗုဒ္ဓဘာသာတို့ရဲ့ထွတ်အမြတ်နေ့။
🙏🙏🙏🙏🙏🙏🙏

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု

🇲🇲🙏🇲🇲🙏🇲🇲🙏🇲🇲🙏🇲🇲

ဗုဒ္ဓမြတ်စွာသာသနာ
ရောင်ဝါနေထက်လင်းစေသောဝ်
🙏🙏🙏🙏🙏🙏🙏🙏
🙏🌹🙏🌹🙏🌹🙏🌹🙏

မိမိပြုတဲ့ ကုသိုလ်တွေFb..ပေါ် တင်သင့်ပါသလား?        ဖတ်ကြည့်နော်Fb ပေါ် မှတ်တမ်းအဖြစ်တင်သင့်ပါတယ်လို့ပဲ ဖြေချင်ပါတယ်။ ဘာ...
03/08/2022

မိမိပြုတဲ့ ကုသိုလ်တွေ
Fb..ပေါ် တင်သင့်ပါသလား?


ဖတ်ကြည့်နော်

Fb ပေါ် မှတ်တမ်းအဖြစ်
တင်သင့်ပါတယ်လို့ပဲ ဖြေချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့

ဟိုး ယခင်ကဆို

ကုသိုလ်ပြုပြီးတိုင်း
ကြေးစည်တီးကြပါတယ်။

ကြေးစည်သံကို ကြားရရင်
အိမ်နီးနားချင်းတွေက
အမျှပေးဝေတာပဲဆိုတာ သိရှိပြီး
သာဓုခေါ်ကြတယ်။

ယခုခေတ်မှာတော့
မိမိကုသိုလ်ပြုပြီးတိုင်း
Fbပေါ် တင်ကြတာဟာ...

မိမိကုသိုလျကို
အမျှပေးဝေကြခြင်းပါပဲ။

သာဓုခေါ်လိုက်ပါ။
မိမိလဲ ကုသိုလ်ရပါတယ်။

ကြွားဝါတာပါဆိုပြီး
နှလုံးသွင်း မမှားပါစေနဲ့။

သူတစ်ပါး ကုသိုလ်
သင့်အတွက်
အကုသိုလ်ဖြစ်သွားနိုင်လို့ပါ။

{ မိမိရဲ့ ကုသိုလ်တွေကို
facebook ပေါ်
တင်ရခြင်းရဲ့ အကျိုးကတော့ }

၁။ မလှူခင်က
စိတ်ထဲကြံစည်ဖြစ်နေတဲ့
ပုဗ္ဗ စေတနာ၊

၂။လှူနေဆဲ အခိုက်အတန့်မှာ
ကြည်နူးနေမိတဲ့ မုဉ္စ စေတနာ၊

၃။ လှူပြီး မိမိကုသိုလ်ကို
ပြန်လည်အောက်မေ့တဲ့ အပရ စေတနာဆိုပြီး
စေတနာသုံးတန်ရှိတဲ့အထဲက

fbပေါ် တင်ထားတာကို
ခဏခဏ ပြန်ကြည့်လို့လဲ ရတယ်။

fbကလဲ တစ်နှစ်ပြည့်ရင်
ပြန်ပေါ်လာတယ်။

အဲဒီအချိန်မှာ မိမိပြုခဲ့တဲ့ကုသိုလ်ကို
လူတိုင်းက သတိရကြမှာပါပဲ။

အဲဒီလို ပြန်သတိရခြင်းဟာ
အပရ စေတနာကို
ပိုပြီး အားကောင်းစေပါတယ်🙏

🙏ဒါနထက် သီလက မြတ်တယ်။

🙏သီလထက်
ဘာဝနာက မြတ်တယ်ဆိုတာ
လူတိုင်း သိကြပြီးသားပါပဲ။

အနုဿတိ( ၁ဝ )ပါးထဲမှာ
စာဂါ နုဿတိဘာဝနာ
( မိမိပြုခဲ့ဘူးတဲ့ ကုသိုလ်ကို
ပြန်လည်အောက်မေ့ခြင်း ဘာဝနာပေါ့)

သေချာပြန်ကြည့်လိုက်ပါ။

လှူခဲ့စဉ်က ရိုးရိုးဒါနအဆင့်ပဲနော်။
အပရ စေတနာ

မိမိပြုခဲ့တဲ့ကုသိုလ်ကို
ပြန်အမှတ်ရတာက
စာဂါ နုဿတိဘာဝနာ ဆိုတော့
ဘာဝနာအဆင့်ထိ
ရောက်သွားတယ်။
ပိုပြီး အကျိုးကြီးတယ်ပေါ့။

ပြီးတော့
နေ့စဉ်ပုံမှန်ပြုလုပ်ကြ ကုသိုလ်ကို
အာစိဏ္ဏကံ ကုသိုလ်လို့ ခေါ်တယ်။

တစ်ကြိမ်တစ်ခါပဲ ပြုခဲ့ဖူးတဲ့
ကုသိုလ်ကို

အကြိမ်ကြိမ် အခါခါ
ပြန်သတိရနေပါကလည်း
အာစိဏ္ဏကံ ကုသိုလ်ဖြစ်သွားတာပါပဲ။

ဒါနကနေ ဘာဝနာအဆင့်
တစ်ခါပဲပြုခဲ့ဖူးတဲ့ ကုသိုလ်ကနေ
နေ့စဉ်ပြုလုပ်ရာရောက်တဲ့
အာစိဏ္ဏကံ ကုသိုလ်အဆင့်
ဖြစ်တယ်ဆိုတာ
အပရ စေတနာကြောင့် ဖြစ်တာပါပဲ။

ဓာတ်ပုံမှတ်တမ်း
fbမှာ ကုသိုလ်မှတ်တမ်းတွေဟာ
အပရစေတနာကို ဖြစ်စေနိုင်တာမို့
fb ပေါ်တင်နေတဲ့ ကုသိုလ်မြင်ကွင်းတွေ၊
သာဓုခေါ်လိုက်ပါ။

ကိုယ်လဲ ကုသိုလ်ရတာပေါ့။၊

ကြွားဝါနေတယ်လို့ မမြင်ဘဲ
သူတို့
အခုလို ကုသိုလ်ပြုနိုင်တာတွေဟာ
ရှေးဘဝက
ကုသိုလ်ကံတွေ ကောင်းခဲ့လို့ပါ ဆိုပြီး

လူတစ်ယောက်အပေါ်
ချစ်ခြင်း မုန်းခြင်းကို ဖယ်ပြီး

(ကံ ကံ၏အကျိုးပေးတာကို
ဆင်ခြင်လိုက်တော့ )

ယောနိသော မနသိကာရ
ဖြစ်သွားတာမို့

ကိုယ့်ရဲ့ ဘဝလေးလဲ
ဖြောင့်တန်းသွားတာပေါ့။

🙏ဒါကြောင့် ကုသိုလ်တွေကို
နေ့စဉ် ရအောင်ယူကြပါစို့🙏

Credit-

မဟာမြိုင်စာသင်တိုက်၊ ရွှေမဟာမြိုင် ဓမ္မစကူးလ် ကျောင်းတွင် တည်ဆောက်ပြီးစီးပြီဖြစ်သော ….ဘောဇနမဥ္ဇူဆွမ်းချက်ဆောင်၊ ဘုရားလော...
31/07/2022

မဟာမြိုင်စာသင်တိုက်၊ ရွှေမဟာမြိုင် ဓမ္မစကူးလ် ကျောင်းတွင် တည်ဆောက်ပြီးစီးပြီဖြစ်သော ….

ဘောဇနမဥ္ဇူဆွမ်းချက်ဆောင်၊ ဘုရားလောင်းဆင်းတုနှင့်ရေကန်၊ ဓမ္မာရုံအမိုး၊ ရေကန် နှင့် ရေချိုးခန်း၊ ကုဋီ စသည့် လှူဒါန်းမှုအစုစုတို့ကို ကွယ်လွန်သူများဖြစ်ကြသော (ဦးထျန်ခွမ်+ဒေါ်ဖိတ်လျံ)၊ (ဦးစိုင်း)၊ (ဒေါ်ခင်မော်) နှင့် (ဒေါ်တင်တင်မြင့်) တို့အားရည်စူး၍ ဦးချွန်၊ ဒေါ်တင်တင်မော်၊ ဒေါ်နီနီမော်၊ ဦးထွန်းဝင်း+ဒေါ်သွယ်သွယ် {ရန်အောင်မြင် စိုက်ပျိုးရေးဆေးဆိုင်} မိသားစုတို့က ရေစက်သွန်ချ အမျှပေးဝေလှူဒါန်းမှုပြုခဲ့ကြပါသည်။ 🙏🙏🙏

သာဓု ခေါ်ဆိုကြပါကုန်လော့ … သာဓု သာဓု သာဓု

13/07/2022

မဟာမြိုင်စာသင်တိုက်၊ ရွှေမဟာမြိုင် ဓမ္မစကူးလ် တွင် ဒီဇင်ဘာ (၇)ရက် အထူးတရားစခန်းပွဲကို
15-12-2022 မှ 21-12-2022 ရက်နေ့ထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည် …

14-12-2022 အဝင် / 22-12-2022 အထွက်

" #ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"~~~~~~~~~~~~~~~~~~~~~~~~မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက် ၀ါဆို လပြည့်နေ့သည် -၁။ ဂေ...
11/07/2022

" #ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"
~~~~~~~~~~~~~~~~~~~~~~~~

မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
၀ါဆို လပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့်
* ဓမ္မစကြာ အခါတော်နေ့နှင့်
* ထူးခြားချက်များ

❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။

"ဓမ္မစကြာ ဟောကြားခြင်း"

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမညျရလေ၏။

ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟမပှတိ ဗှဟမှာမငှး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။

တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။

"ဓမ္မစက္က_ပ၀တ္တန ၏ အဓိပ္ပါယ်မှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )

ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။

" #လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~

သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
___________________________________________

တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
___________________________________________

ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
___________________________________________

အမှောင်ပျောက်၍ အလင်းရောက်ပါစေ...။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မူရင်းရေးတင်လှူသူအား လေးစားစွာဖြင့် Credit ပေးပါသည်။



_________________@TM:123_________________
#မေတ္တာဖြင့်ထပ်ဆင့်မျှဝေဓမ္မဒါနပြုပါသည်ll

စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ
11/07/2022

စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

စီဝိုင်စီ သင်္ကန်း တစ်စုံ ၂၅၀၀၀ တဲ့အမှန်တိုင်းပြောရရင် ဒီသင်္ကန်းက ဝတ်လို့ အဆင်မပြေတဲ့သင်္ကန်းပါပါးလှပ်နေလို့ နေရောင်နဲ့...
11/07/2022

စီဝိုင်စီ သင်္ကန်း တစ်စုံ ၂၅၀၀၀ တဲ့

အမှန်တိုင်းပြောရရင် ဒီသင်္ကန်းက ဝတ်လို့ အဆင်မပြေတဲ့သင်္ကန်းပါ

ပါးလှပ်နေလို့ နေရောင်နဲ့တွေ့ရင် ဖုံးထားသမျှ ချပြနေစရာမလိုတဲ့ သင်္ကန်းမျိုးပါ

လှူဒါန်းတဲ့ ဒကာ ဒကာမအတွက်တော့ တန်ဖိုးများပေမယ့် ဝတ်ရုံလို့ မရရင် ကျောင်းမှာ ဂျောင်ထိုးရမယ့် သင်္ကန်းပေါ့

ဒီလိုသင်္ကန်းမျိုး ၁စုံစီ မလှူဘဲ ဝတ်လို့ အဆင်ပြေမယ့် သင်္ကန်းမျိုးကို ၂ယောက် သုံးယောက်စု ပြီး လှူတာက ပိုအကျိုးများမယ်ထင်ပါတယ်

သာသနာမှာ ဆရာ ဒကာဆက်ဆံရေးအရ အားနာလို့ မပြောတာတွေ

ဘုန်းကြီးဆိုတာ ဒကာ ဒကာမ လှူတာ လက်ခံရမယ် စောဒကမတက်ရဘူးဆိုတာတွေနဲ့ တိုင်ပတ်နေကြတယ်

ဒီလို သင်္ကန်း ဆယ်စုံလှူမယ့်အစား ဝတ်လို့ရမယ့် တစ်စုံလှူရင် တော်ရောပေါ့

ဝါဆိုသင်္ကန်းလှူမယ်ဆိုရင် ကျောင်းတိုက်မှာ ဝါဆိုမယ့် သံဃာအရေအတွက်အတိုင်း လှူရင် ရပြီပေါ့

သင်္ကန်းတွေ ဘုံးဘလောအော လှူကြတယ်
ဝတ်လို့မရရင် ကျောင်းမှာ ထားရတဲ့နေရာပဲများလာတာပေါ့

ဆိုလိုတာကတော့ အရေအတွက်များဖို့ထက် အရည်အသွေးကောင်းဖြစ်ဖို့လိုပါတယ်....

ဒါမှလည်း လှူတဲ့သူအတွက်ရော အလှူခံအတွက် ပါ အကျိုးများမယ်လို့ ယူဆမိပါ၏

သင်္ကန်းကောင်းလိုချင်လို့ ရေးတာမဟုတ်ပါ
တို့ဒကာ ဒကာမ ေတွအကျိုးများစေချင်လို့ပါ 😊

ဦးဇင်းလပြည့် မြိတ်

ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး==================ဗုဒ္ဓဘာသာဝင်တို့၏ ဝါတွင်းကာလ ဝါဆိုသင်္ကန်းကပ်လှူဒါန်းလျင် ရရှိနိုင်သည့် ...
09/07/2022

ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး
==================

ဗုဒ္ဓဘာသာဝင်တို့၏ ဝါတွင်းကာလ

ဝါဆိုသင်္ကန်းကပ်လှူဒါန်းလျင် ရရှိနိုင်သည့်

ကောင်းကျိုးတွေကို ရေးသား၍ ဓမ္မဒါနပြုလိုက်ပါ

တယ်။ ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းအခါကာလမှာ

နီးစပ်ရာ သံဃာတော်များသီတင်းသုံးရာကျောင်း

တိုက်တို့မှာ အဖွဲ့အစည်းဖြင့်လည်းကောင်း၊မိသားစု

ဖြင့်လည်းကောင်း၊တစ်ဦးတစ်ယောက်ထဲသော်

လည်းကောင်း ကျောင်းတိုက်ရှိသံဃာတော်များအား

ဝါဆိုသင်္ကန်း ကပ်လှူဒါန်းလေ့ရှိကြပါတယ်။ ထိုသို့

သံဃာတော်များအား မိမိတို့၏ ချွေးနည်းစာဖြင့်

ဝါဆိုသင်္ကန်းများ ကပ်လှူဒါန်သည့်အခါ ထိုအလှူကို

အကြောင်းပြု၍ ကောင်းကျိုးတွေဘယ်လောက်ရသ

လဲဆိုတာသိရင် မိမိတို့၏ အလှူဒါနအပေါ်မှာ ပိုပြီး

တော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ပို၍လည်း

အကျိုးပေးထက်သန်ပါတယ်။ ဒါမို့ကြောင့် ဝါဆို

သင်္ကန်းပေးလှူဒါန်းရသဖြင့် မိမိတို့ရရှိနိုင်သည့်

ကောင်းကျိုးတရားများကို တစ်ခုချင်းစီသိထားသင့်

ပါတယ်......။ သံဃာတော်တို့အား ဝါဆိုသင်္ကန်းကပ

လှူဒါန်းသူတို့သည်......နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်

စပ်ကြား ဘဝသံသရာမှာ ကျင်လည်သမျှ ဘဝတွေ

မှာ လူချမ်းသာ၊ နတ်ချမ်းသာတွေဖြစ်၍...........

ကောင်းကျိုးတရား(၇)ပါးကိုရရှိနိုင်ပါတယ်။

(၁) အဝတ်၊ အထည်အတွက် စိုးရိမ်မှုတွေကင်းခြင်း

ဆိုတဲ့အကျိုးတရားကိုရရှိနိုင်ပါတယ်။

(၂) ရုပ်ဆင်း အင်္ဂါပြည့်စုံညီညာ၍ ရွှေရောင်အဆင်း

ဖြင့် တင့်တယ်လှပခြင်းဆိုတဲ့ အကျိုးတရားကို

ရရှိနိုင်ပါတယ်။

(၃) ခုနှစ်ဆောင်တိုက်ခန်းမှာ မီးမထွန်းဘဲလင်းတဲ့

ပပဝတီမင်းသမီးလေးလို ခန္ဓာကိုယ်မှ အရောင်

လင်းခြင်းဆိုတဲ့ အကျိုးတရားကိုရရှိနိုင်ပါတယ်။

(၄) အသားအရေ နုညပ်ချောမွေ့ပြီးတော့ သူမတူ

အောင် ချောမောလှပတင့်တယ်ခြင်းဆိုတဲ့ အကျိုး

တရားကို ရရှိနိုင်ပါတယ်။

(၅) မျက်နှာ အစရှိသည့် ခန္ဓာကိုအင်္ဂါအစိတ်အပိုင်း

တို့မှာ မှည့်ခြောက်၊တင်းတိတ်၊ ဝက်ခြံအစရှိသည်

များ လုံးဝကင်းရှင်းပြီးတော့ ခေတ်ပေါ်အလှပြင်

ပစ္စည်းတို့ဖြင့် လုံးဝ လိမ်းခြယ်ခြင်းမပြုရဘဲ နဂိုပင်

ကို သဘာဝအလှပိုင်ရှင်များဖြစ်နိုင်ခြင်းအကျိုးကို

ရရှိနိုင်ပါတယ်။

(၆) ခေတ်ကာလလျောက် ပေါ်ပေါက်လာသည့်

အဝတ်အထည်တို့ကို မိမိတို့စိတ်ထဲက အခုပေါ်နေ

တဲ့ အဝတ်ထည်းလေးဝတ်ချင်လိုက်တာလို့ စိတ်ထဲ

ကတောင်တလိုက်ရုံလေးနဲ့ ထိုအဝတ်အထည်တို့

သည် မိမိထံသို့ တစ်ဦးတစ်ယောက်က လက်ဆောင်

ပေးလို့သော်လည်းကောင်း၊ ဝယ်ပေးလို့သော်လည်း

ကောင်း၊ ပုံစံတစ်မျိုးမျိုးဖြင့် မိမိလက်သို့ရောက်ရှိ

လာနိုင်ခြင်းဆိုတဲ့ အကျိုးတရားကိုရရှိနိုင်ပါတယ်။

အထက်ပါဖော်ပြခဲ့သည့် ကောင်းကျိုးတရားတို့

သည် လောကီကောင်းကျိုးချမ်းသာများသာဖြစ်၏။

လောကုတ္တရာကောင်းကျိူးချမ်းသာများမဟုတ်ပါ။

(၇) ဝါဆိုသင်္ကန်းလှူဒါန်ဖူးသူ အလှူရှင်သည် ဘဝ

သံသရာတစ်ကွေ့မှာ အကယ်၍များ ဘုရားတစ်ဆူ

ဆူဖြင့် ကံအားလျော်စွာ တွေ့ကြုံဖူးမျှော်ခွင့်ရသည်

ရှိသော် ထိုဘုရားရှင်သည် ဝါဆိုသင်္ကန်းလှူဒါန်းဖူးခဲ့

သော ကောင်းမှုရှင်ကို (ဧဟိ ဘိက္ခု)ခေါ်လိုက်ရုံဖြင့်

ခန္ဓာကိုယ်မှာဝတ်ဆင်ထားသည့် အဝတ်တို့သည် သူ့

အလိုလို ပျောက်ကွယ်၍ ရဟန်းအသွင်ဖြစ်ကာ

ဧဟိဘိက္ခုရဟန္တာကြီးဖြစ်ရခြင်းဆိုတဲ့ လောကုတ္တရာ

ချမ်းသာအကျိုးကိုရရှိနိုင်ပါတယ်။ ဝါဆိုသင်္ကန်းကပ်

လှူဒါန်းခြင်းကုသိုလ်သည် အထက်ပါဖော်ပြခဲ့သည့်

လောကီးကောင်းကျိုးချမ်းသာ၊လောကုတ္တရာ

ကောင်းကျိုးချမ်းသာ အဖြာဖြာတို့ကို ရရှိနိုင်မှာဖြစ်

လို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ဝါတွင်းကာလ

၌ မိမိတို့ စွမ်းနိုင်သလောက် နီးစပ်ရာ သံဃာတော်တို့

အား ဝါဆိုသင်္ကန်းအလှူကို တစ်ဦးတည်းဖြစ်စေ၊

မိသားစုဖြင့်ဖြစ်စေ၊ အသင်းအဖွဲဖြင့်ဖြစ်စေ လှူဒါန်း

ကြပါလို့ တိုက်တွန်းနှိုဆော်ရင်း ဤဓမ္မစာစုလေးကို

အဆုံးသက်လိုက်ပါတယ်....။

ဆောင်ပုဒ်
~~~~~~

စိုးရိမ်မဲ့ကင်း၊ ရွှေဆင်းရုပ်တူ၊

ကိုယ်မူရောင်ထွက်၊ နုညပ်အသားရေ၊

မပေညစ်ကြေး၊ ကြံတွေးတောင်းတအဝတ်ရရှိ၊

ဧဟိဘိက္ခု ၊ ခေါ်ပြုရဟန်း ၊ ကျွတ်တန်းဝင်ရ၊

ကျိုးသတ္တ(ခုနှစ်ဝ)၊ မှတ်ကြစီဝရံ။ ။

(အောင်မော်စံဆရာတော်)

မှတ်ချက် # ကာလအလျောက် ဝါဆိုသင်္ကန်းလှူဒါန်း

ရကျိုးဟု ရေးဖွဲ့ထားသော်လည်း ဘယ်အချိန် ဘယ်

ကာလမှာ သံဃာတော်တို့အား သင်္ကန်းလှူလှူအထက်

ဖော်ပြပါ ကောင်းကျိုး(၇)မျိုးကို ရရှိသည်ဟု ဓမ္မ

မိတ်ဆွေများမှတ်ပါလေ။ ။

အားလုံးသတ္တဝါဘေးရန်ကွာ

ချမ်းသာကိုယ်စိတ်မြဲကြပါစေ...။

🙏🙏🙏

 #ဝါဆို( က )နွေမှမိုးကူးအလှထူးပျော်မြူးပျိုအို လဝါဆို...။( ခ )ဗုဒ္ဓနှင့်စပ်လွန်ထူးမြတ်နှစ်သက်ပိုမို လဝါဆို...။( ဂ )ဓမ္မန...
09/07/2022

#ဝါဆို

( က )
နွေမှမိုးကူး
အလှထူး
ပျော်မြူးပျိုအို လဝါဆို...။

( ခ )
ဗုဒ္ဓနှင့်စပ်
လွန်ထူးမြတ်
နှစ်သက်ပိုမို လဝါဆို...။

( ဂ )
ဓမ္မနှင့်စပ်
လွန်ထူးမြတ်
နှစ်သက်ပိုမို လဝါဆို...။

( ဃ )
သံဃာနှင့်စပ်
ပီတိကပ်
နှစ်သက်ပိုမို လဝါဆို...။

( င )
သံဃာလှူဒါန်း
ဝါ သက်န်း
ရွှင်လန်းဂုဏ်ပို လဝါဆို...။

( စ )
ဝါဆိုဆွမ်းပန်း
ဝါ သက်န်း
လှူဒါန်းပိုမို လဝါဆို...။

သြော်...
ဆို ပြည့်မှာလေ
တို့စိန္တေကား

သန္ဓေ နတ်ဆက်
လှူ ဘယက်နှင့်

တောထွက် မာန်နှိမ်
တန်ခိုးရှိန်၍

ဂုဏ်သိရ် စက်.ဘိ
ဟောကြားသိလျှက်

ထုတိသံဃာ
ခွင့်ပြုလာသည်...
ဂုဏ်ဝါဝင့်ထည် ဖို့ပါတည်း...။

ဗိုလ်ဇာ ( ရွှေဦးမြေ )

ဘောဇနမဥ္ဇူဆွမ်းချက်ဆောင် ပြီးစီးမှုအနေအထား
08/07/2022

ဘောဇနမဥ္ဇူဆွမ်းချက်ဆောင် ပြီးစီးမှုအနေအထား

“ဝါဆိုသင်္ကန်း လှူဒါန်းရကျိုး´´••••••••••••••••••••••••••••••အပါယ်လွတ်သော ကုသိုလ်(၇)မျိုး၁။ သရဏဂုံကုသိုလ်။၂။ ငါးပါးသီလကု...
08/07/2022

“ဝါဆိုသင်္ကန်း လှူဒါန်းရကျိုး´´
••••••••••••••••••••••••••••••
အပါယ်လွတ်သော ကုသိုလ်(၇)မျိုး
၁။ သရဏဂုံကုသိုလ်။
၂။ ငါးပါးသီလကုသိုလ်။
၃။ စာရေးတံဆွမ်း။
၄။ လဆန်းပက္ခ၊ လဆုတ်ပက္ခ၌ လှူဒါန်းသောဆွမ်း။
(တစ်လကို နှစ်ပိုင်းပိုင်းလိုက်ပါ။ ရှေ့ဆယ်ငါးရက်သည်
လဆန်းပက္ခဖြစ်၍ နောက် ၁၆ ရက်မှ လကုန်ထိသည်
လဆုတ်ပက္ခဖြစ်သည်။)
၅။ ဝါဆိုသင်္ကန်း
၆။ ရေတွင်းရေကန်အလှူ။
၇။ ကျောင်းအလှူတို့ဖြစ်၏။
ထိုကုသိုလ် ၇ မျိုးထဲမှ တစ်မျိုးမျိုးကိုဖြစ်စေ၊
နှစ်မျိုးဖြစ်စေ၊ ခုနစ်မျိုးလုံးဖြစ်စေ အမြဲ(ဝတ်) ထားပြီးလှူဒါန်းမယ်ဆိုရင်
ဂတိမြဲတဲ့ကုသိုလ်ဖြစ်ပါတယ်။
(သောတာပန္န သဒိသာယေဝ) ဆိုတဲ့ ပုဒ်ကိုထောက်ဆပြီး
သောတာပန်များ လားရာဂတိမြဲသလို၊ ထိုကုသိုလ်များကို အမြဲတမ်း
ဝတ်ထားပြီး ပြုလုပ်အားထုတ်မည်ဆိုပါလျှင် သောတာပန်များ လားရာဂတိမြဲသကဲ့သို့ ထိုကုသိုလ်ကို အားထုတ်သူများလည်း
လားရာဂတိမြဲပါတယ်။
သောတာပန်များ မကောင်းတဲ့အပါယ်လေးပါး ဂတိကို မရောက်စေနိုင်ဘဲ ကောင်းရာ လူ့ဘုံ နတ်ဘုံ သုဂတိဘုံမြဲသကဲ့သို့
ထိုကုသိုလ်ရှင်များလည်း ကောင်းရာ လူ့ဘုံ နတ်ဘုံ သုဂတိဘုံမြဲပါတယ်။
ဝါဆိုသင်္ကန်းကို အမြဲတမ်း (ဝတ်)နှစ်စဉ်နှစ်တိုင်း
လှူဒါန်းမည်ဆိုပါက သောတာပန်ပုဂ္ဂိုလ်များ ကောင်းရာ သုဂတိမြဲသလို ဝါဆိုသင်္ကန်းလှူဒါန်းသူများလည်း ကောင်းရာသုဂတိမြဲတဲ့အကျိုးကိုရရှိစေပါတယ်။
အပါယ်ဘုံသို့မကျရောက်ဘဲ ကောင်းရာသုဂတိဘုံကို ရောက်စေခြင်းဆိုတဲ့
အကျိုးတရားပင်ဖြစ်ပါတယ်။ နောက်ထပ်အကျိုးများစွာကို အောက်တွင်လေ့လာပါ။
“အရဟတ္တဓဇ” ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော
ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .
“ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ”
“ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော” ဟူသော
ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော
“အဆင်းလှခြင်း”ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။
ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -
“ရွှေသို့အဆင်း၊ မြူကြေးကင်း၍
ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။”
ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။
ထိုမှတပါး “ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု”
-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါတရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင်ပါစေ” ဟု
ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။
ဆရာတော်အရှင်ဇနကာဘိဝံသ မိန့်ဆိုချက်။ ။
••••••••••••••••••••••••••••••••••••••••••••••••••••
ဝဿာဝါသိကံ။ ။
ဝဿံ-ဝါလပတ်လုံး+အာဝါသော ယဿာတိ ဝဿာဝါသော-
ဝါလပတ်လုံး နေခြင်းရှိသော ရဟန်း၊
ဝဿာဝါသဿ+ဒိန်နံ ဝဿာဝါသိကံ-
ဝါလပတ်လုံး နေခြင်းရှိသော ရဟန်းအား လှူအပ်သော သင်္ကန်း၊
(ယခုကာလ၌ ဝါဆိုခါနီး လှူလေ့ရှိကြ၏။
ထိုသင်္ကန်းကို “ဝိဿဝါသိက” ဟုလည်း အချို့က ခေါ်ကြ၏၊
အမှန်ကား “ဝါတွင်း၌ နေသော ရဟန်းအား ဝါကျွတ်မှ ဖြစ်စေ၊
ဝါကျွတ်သောအခါ သုံးစွဲရန် ဝါတွင်း၌ ဖြစ်စေ
လှူအပ်သော သင်္ကန်းကိုသာ ဝဿာဝါသိကသင်္ကန်း”ဟုခေါ်သည်။
ယဿ ဘိက္ခဝေ စီဝရံ၊ ပရိဘုဉ္ဇမာနော
ဘိကျခု မတျတေံ ကရုဏံ ဘာဝတေိ မုဒိတံ ဘာဝတေိ ဥပကျခေံ ဘာဝတေိ၊
အပ္ပမာဏော တဿ ပုညာဘိသန္တော။
(စတုက္ကနိပါတ် အင်္ဂုတ္တိုပါဠိတော်)
●ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့။
●ယဿ - အကြင်သင်္ကန်းလှူသော ဒါယကာ၏။
●စီဝရံ - သင်္ကန်းကို။
●ပရိဘုဉ္ဇမာနော - သုံးဆောင်သော။
●ဘိက္ခု - ရဟန်းသည်။
●မတျတေံ - မတျတောကို။
●ဘာဝေတိ - ပွားစေ၏။
●ကရုဏံ - ကရုဏာကို
●ဘာဝေတိ - ပွားစေ၏။
●မုဒိတံ - မုဒိတာကို။
●ဘာဝေတိ - ပွားစေ၏။
●ဥပေက္ခံ - ဥပေက္ခာကို။
●ဘာဝေတိ - ပွားစေ၏။
●တဿ - ထိုသင်္ကန်းလှူသောသူအား။
●ပုညာဘိသန္တော - ကုသိုလ်အယာဉ်သည်။
●အပ္ပမာဏော - အတိုင်းမသိသည်။
●ဟောတိ - ဖြစ်၏။
ဣတ်ထီနံ စီဝရဒါနံ မဟလ်လတာပသာဒနေ မတ်တကံ ပပ်ပေါတိ။
ပုရိသာနံ ဣဒ္ဓိမယပတ္တစီဝရေန။ (ဓမ္မပဒအဋ္ဌကထာပါဠိ)
ဟိသစ္စံ - မှန်၏။
ဣတ္ထီနံ - မိန်းမတို့၏။
စီဝရဒါနံ - သင်္ကန်းအလှူသည်။
မဟလ္လတာပသာဒေန - မဟလ္လတာတန်ဆာကို ဆင်မြန်းရသဖြင့်။
မတ္တကံ - အပြီးသို့။
ပပ္ပေါတိ - ရောက်၏။
ပုရိသာနံ - ယောက်ျားတို့၏။
စီဝရဒါနံ - သင်္ကန်းအလှူသည်။
ဣဒ္ဓိမယပတ္တစီဝရေန - တန်ခိုးဖြင့်ပြီးသော
သပိတ် သင်္ကန်းကို ဆောင်ရသဖြင့်။
မတ္တကံ - အပြီးသို့။
ပပ္ပေါတိ - ရောက်၏။
“အဝတ်သင်္ကန်းလှူရသောအကျိုးပြ တေးထပ်”
••••••••••••••••••••••••••••••••••••••••••••••••••••••
ဖြစ်လေရာ ဘုံဘဝ၊ ကြုံရတဲ့ခန္ဓာ။
သိင်္ဂီနက်ဆင်းရွှေဝါ ဝင်းပေလာ အသွေး။
မြူမငြိ ဖြူအိလွင်တယ် ။
လှူသည့်ရှင် ကောင်းမှုအရေး။ ။
စီဝရမြတ်ဒါနာ မှတ်ကြပါလေသေး၊
ရွှေတောင်မှာ နေရောင်ပေးသလို၊ ပြောင်အသွေး ကိုယ်ရေ၊
ဖဲကတ္တီနု အပါးသို့ သူ့အသား နူးညံ့ခဲ့ပေ ။ ။
အထည်ပေါင်း သိန်းကုဋေ ကိန်းအခြေ မရေတွက်နိုင်ဘု၊
ချွေ့လျက် မိုးပြန့်ခေါင်မှာ ဖြိုးလျှံ့ရောင်ဝါ ပိုးဖဲနှင့်ကတ္တီပါ
လိုရာရာ ရကြောင်းပလေး။ ။
ဒသိမေ ဘိက္ခဝေ စီဝရဒါနေန အာနိသံသာ၊ ကတာမာနိ ဒသ၊
သုဝဏ္ဏဝဏ္ဏော .ဝိရဇော. သဗ္ဗပဘာဝေါ. ဝိတပဝါသိနိဒ္ဓဂတ္တော၊
ဒုဿဟဿ ပဋိလာဘော၊ သေတပိတလောဟိတ
ဝတ္ထဒါယကော၊ ခေါမ ကောသေယျ ကပ္ပါသိက ပဋိလာဘော၊
ကပ္ပရုက္ခ ပဋိလာဘော၊
ပစ္ဆိမဘဝေ ဧဟိဘိက္ခု သပသမ္ပဒ ပဋိလာဘော။
(ဓမ္မပဒ အဋ္ဌကထာ)
ဒီစာပိုဒ်လေး ဝါဆိုသင်္ကန်း လှူရကျိုး ဆယ်မျိုးကို ပြဆိုပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••••••••
၁။ရွှေအဆင်းနှင့်တူသော အဆင်းကိုရရှိခြင်း။
၂။ မြူကြေးမတင် စင်ကြယ်သောကိုယ်ရှိခြင်း။
၃။ ခပ်သိမ်းသော အရပ်တို့ကို ထွန်းလင်းတောက်ပသော ကိုယ်ရှိခြင်း။
၄။ ပူပန်ခြင်းကင်းသော ကိုယ်ရှိခြင်း။
၅။ နူးညံ့သိမ်မွေ့သော ကိုယ်ရှိခြင်း။
၆။ အလိုရှိသောအခါ တစ်ထောင်သော အဝတ်ပုဆိုးတို့ကို ရရှိခြင်း။
၇။ အဖြူ၊ အရွှေ၊ အနီစသော အဆင်းရှိသော ပုဆိုးတို့ကို ရရှိခြင်း။
၈။ခေါမတိုင်း ကောတုံပရာဇ်တိုင်းတို့တွင် ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း။
၉။ ပဒေသာပင်တွင်ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း။
၁၀။အဆုံးဘဝတွင် ဧဟိ ဘိက္ခူ ရဟန္တာအဖြစ်ကို ရရှိခြင်းစတဲ့ ဆယ်ပါးသော အကျိုးထူးတရားများကို သင်္ကန်းလှူသော အလှူရှင်တို့မှာ ရရှိခံစားရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်း ထပ်ဆင့်မျှဝေအသိပေးလိုက်ရပါသည်။
ဝါဆိုသင်္ကန်းနှင့်မိုးရေခံသင်္ကန်း
═══════════════════════
ဖေ့စ်ဘွခ်မှာ ဝါဆိုသင်္ကန်းနှင့် မိုးရေခံသင်္ကန်းကို အတူတူဟု ရေးသားထားသည်ကို တွေ့ရပါသည်။မဟုတ်ပါ ၊
ဝါဆိုသင်္ကန်းနှင့် မိုးရေခံသင်္ကန်း လုံး၀မတူပါ။
သင်္ကန်း(၂)မျိုး
═══════════════════════
ဝါဆိုသံဃာအား လှူဒါန်းသောသင်္ကန်းကို ဝါဆိုသင်္ကန်း၊မိုးရေချိုးရာတွင် ဝတ်၍ချိုးရသော(ရေသနုပ်)ကို မိုးရေခံသင်္ကန်းဟု ခေါ်ဆို၏။ဝါဆိုသင်္ကန်းကို ဝဿာဝါသိက။မိုးရေခံသင်္ကန်းကို ဝဿိကသာဋိက-ဟု ဆိုပါသည်။
မိုးရေခံသင်္ကန်းသည် သင်္ကန်း(၉)ထည်တွင် အမည်သီးသန့် ပါဝင်၏။ဝါဆိုသင်္ကန်းကား ဧကသီ သင်းပိုင်ဖြစ်၍ သီးသန့်မပါ။
သာသနာခေတ်ဦး၌ ကုသိုလ်ရှင်တို့ လှူဒါန်းသောသင်္ကန်းတို့ကို သံဃာများ အလှူခံခွင့် လုံး၀မရှိ။အမှိုက်ပုံ၌ စွန့်ပစ်ထားသော၊လူသေကောင်၌ ရစ်ပတ်ထားသောအဝတ်များကို ကောက်ယူပြီး ဖွတ်လျော်ချုပ်ဆိုးဝတ်ကြရ၏။
ပံ့သကူသင်္ကန်း-ဟု ဆို၏။
ဗုဒ္ဓသာသနာကို ဆေးဆရာဇီ၀က ကြည်ညိုလာသောအခါ ဆေးကုသ၍ရသော အဝတ်တို့ကို သင်္ကန်းအဖြစ်
လှူဒါန်းလိုကြောင်း တောင်းပန်လျှောက်ထားသဖြင့် သံဃာတော်တို့အား လူများ လှူဒါန်းသည့် သင်္ကန်းများကို အလှူခံ ခွင့်ပြုလိုက်ပါသည်။ဒကာ/ဒကာမတို့ လှူဒါန်းသည့် သင်္ကန်းများကို ဂဟပတိစီ၀ရ-ဟု ခေါ်ဆိုပါသည်။
သင်္ကန်းသည် အချုပ်အားဖြင့် ပံ့သုကူလစီ၀ရ-ပံ့သကူသင်္ကန်း၊ဂဟပတိစီ၀ရ-ဒကာဒကာမတို့လှူသောသင်္ကန်း
အားဖြင့် (၂)မျိုးသာရှိ၏။ဝါဆိုသင်္ကန်းသည် ဂဟပတိစီ၀ရ အမျိုးအစား ဖြစ်ပါသည်။
ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ
═══════════════════════
ဘုရားရှင်လက်ထက်တော်က ကျောင်းမှန်သမျှ သံဃာပိုင်ကျောင်းများ ဖြစ်ကြ၏။ထိုသံဃိကကျောင်းတွင် သီတင်းသုံးနေထိုင်သော ရဟန်းတော်ကို ကျောင်းဒကာ/ကျောင်းအမတို့ က``မိမိတို့ လှူဒါန်းထားတဲ့ကျောင်းမှာ ဝါတွင်းသုံးလလုံး သီတင်းသုံးဖေါ်ရတယ်။ကျောင်းကို သုတ်သင်ပြင်ဆင် ဖေါ်ရတယ်။ကျေးဇူးများလှတယ်´´ ဟု ကြံ တွေးကြလျှက် ကျေးဇူးဆပ်သည့် အနေဖြင့်သော်လည်းကောင်း၊ ကျောင်း ဒကာ/ ကျောင်းအမ မဟုတ်သော်လည်း``ဝါဆိုဝါကပ် သိက္ခာပုဒ် အကျင့်မြတ်ကို ဖြည့်ကျင့်တော်မူကြတယ်´´ဟု ကြံတွေပြီး ကြည်ညိုသော အားဖြင့်လည်း ကောင်း ဝါကျွတ်ရာအခါ၌ ဝါဆိုပြီး သံဃာအား ရည်မှန်းလျှက် သင်္ကန်း လှူဒါန်းကြ၏။ထိုသင်္ကန်းကို ဝါဆိုသင်္ကန်း-ဟု ခေါ်ဆိုရ၏။ထိုစဉ်က ဝါဆိုသင်္ကန်းကို ဝါကျွတ်ချိန်တွင် လှူဒါန်းရ၏။ ဝါဆိုသင်္ကန်း အလှူခံခွင့်ကို မြတ်စွာဘုရားသည် ဝါမှထချိန် (ဝါကျွတ်ချိန်)၌သာ အလှူခံခွင့်ရှိ၏-ဟု ဦးစွာ ပညတ်တော်မူသောကြောင့် ဖြစ်၏။
သီတင်းကျွတ်လဆန်း(၅)ရက်နေ့သည် ဝါကျွတ်ဖို့ (၁၀)ရက်မျှလိုနေသေး၏။ထိုနေ့တွင် စစ်ဘက်ဆိုင်ရာ အမတ်ကြီးတစ်ဦးသည် အရေးပေါ်စစ်ဆင်ရေး ခရီးထွက်ရမည် ဖြစ်၍ မထွက်မီ ဝါဆိုသင်္ကန်းလှူဒါန်း သွားချင်သဖြင့် ရဟန်းတော်များကို ပင့်စေရာ၊
ရဟန်းတော်များက ``မြတ်စွာဘုရားက ဝါမှထပြီးတဲ့(ဝါဆိုပြီးတဲ့)သံဃာကိုသာ
ဝါဆိုသင်္ကန်း အလှူခံဖို့ ခွင့်ပြုထားတာ၊ယခု ဝါမကျွတ်သေးဘူး၊ဝါကျွတ်ရန် လိုသေးတယ်´´-ဟု ကြံတွေးလျှက် အလှူခံ မသွားကြ။
ထိုအခါ အမတ်ကြီးက ``ငါက စစ်ဆင်ရေး သွားရမှာ၊စစ်တိုက်ခြင်းကား သေမယ်/ရှင်မယ်ဆိုတာ မသိနိုင်၊ ဘာလို့ အရှင်မြတ်တွေက
လာပြီး သင်္ကန်းအလှူ မခံနိုင်ကြရတာပါလဲ´´ ဟု ကဲ့ရဲ့ပါသည်။
ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြသဖြင့် အောက်ပါပုဂ္ဂိုလ်များက ``ဝါဆိုသင်္ကန်းပါ´´ ဟု လျှောက်ထား လှူဒါန်းလာသော် အရေးပေါ်(အစ္စေက)သင်္ကန်းဟု အမည်တပ်လျှက် အလှူခံ၍ သီးသန့် မှတ်သား ထားပြီး သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာပြုပြီးမှ ဝတ်ရုံနိုင်ခွင့်ရှိ၏။ပဝါရဏာမပြုမီ ဝတ်လိုသော် ဝါကျိုးဝါပျက်သူ မဖြစ်ရ။
ဝါဆိုသင်္ကန်း လှူဒါန်းခွင့် ရှိသူများ
═══════════════════════
(၁) စစ်ထွက် သွားမည့်သူ၊
(၂) အရပ်တစ်ပါး ခရီးသွားမည့်သူ၊
(၃) ရောဂါဝေဒနာ ဖိစီးနှိပ်စက် ခံနေရသူ၊
(၄) မီးဖွားခါနီး မိခင်လောင်း၊
(၅) ယခင်က သဒ္ဓါတရားမရှိ၊ယခုချက်ချင်း သဒ္ဓါတရား ပေါ်ပေါက်လာသူ၊
(၆) သာသနာတော်ကို ယခုမှ ကြည်ညိုလာသူတို့ ဖြစ်ကြသည်။
ယင်းပုဂ္ဂိုလ်တို့က ``ဝဿာဝါသိကံ ဒဿာမိ- ဝါဆိုသင်္ကန်းပါဘုရား´´ဟု အမည်တပ် လှူဒါန်းလာခဲ့သော် ဝါ မကျွတ်သေးသော်လည်း အလှူခံနိုင်ခွင့်ရှိသည်။
ယင်းပုဂ္ဂိုလ်များသည် အချိန်မရွှေး ရှိနိုင်သဖြင့် ဝါဆိုသင်္ကန်းကို အချိန်မရွေး လှူဒါန်းနိုင်၊
အချိန်မရွေးအလှူ ခံနိုင်ခွင့်ရှိသည်ကို မှတ်သားကြရပါမည်။
သင်္ကန်းနှင့်စပ်၍ ဝိနည်းကံ
═══════════════════════
ကထိန် မဖြစ်ပါက တန်ဆောင်မုန်းလပြည့်ထိ(၁)လ၊ကထိန်ဖြစ်က တပေါင်းတိုင်(၅)လသည် သင်္ကန်းအလှူခံခွင့်ရှိရာကာလ ဖြစ်၏။ကထိန်မဖြစ်က(၁၁)လ၊ကထိန်ဖြစ်က(၇)လ သည် သင်္ကန်းအလှူခံခွင့် မရှိ။
ထိုအကာလသင်္ကန်းချိန်တွင်
သင်္ကန်းလှူဒါန်းသူရှိခဲ့သော် (၁၀)ရက်မျှသာ သိမ်းဆည်းထားခွင့်ရှိ၏။ရက်ပိုထားလိုသော် အဓိဋ္ဌာန်၊ဝိကပ္ပနာ၊ ပစ္စုဒ္ဓိုရ်ပြုခြင်းစသည့် ဝိနည်းတော်နှင့် အညီ အပ်စပ်အောင် ဆောင်ရွက်ကြရ၏။
ကုသိုလ်ရှင်တစ်ဦး(သို့မဟုတ်)အများက သင်္ကန်းလှူရာတွင် ဝါဆိုသင်္ကန်းပါဘုရား-ဟု လျှောက်ထား လှူဒါန်း လာပါက လှူဒါန်းချိန်သည် ဝါတွင်းဖြစ်လျှင် ကျောင်းရှိ ဝါဆိုသံဃာအား ခွဲဝေ လှူဒါန်းရပါမည်။ရှေးယခင်က သင်္ကန်း လှူဒါန်းကြရာတွင် သံဃာကိုသာ ရည်မှန်းပြီး လှူဒါန်းလေ့ရှိသောကြောင့် သံဃာများအား ခွဲဝေပေးရခြင်း ဖြစ်၏။
ဝါကျိုးဝါပြတ်ဖြစ်သော ရဟန်းသည် ဝါဆိုသင်္ကန်း၊ကထိန်သင်္ကန်းတို့ကို အလှူခွင့်မရှိတော့၊အလှူခံပြီးသော်
လည်း သံဃာအား ပြန်အပ်ရ၏။ပြန်မအပ်ပါက ဘဏ္ဍာစားထိုက်၏။ပြန်မပေးမချင်း ကြေးယူထားသလိုမျိုး ဖြစ်နေတော့သည်။
တပေါင်းလပြည့်ကျော်တစ်ရက်မှ သီတင်းကျွတ်လပြည့်တိုင် (၇)လသော အကာလသင်္ကန်းချိန်၌ ဝါဆိုသင်္ကန်း
ပါဘုရား-ဟု လှူဒါန်းလာသော် ``ယခင်နှစ် ဝါဆိုသံဃာကို လှူဒါန်းမှာလား၊ဒီနှစ် ဝါကပ်မည့်သံဃာကို လှူဒါန်မှာလား´´-ဟု
အလှူရှင်ကို မေးမြန်းရပါမည်။
အလှူရှင်က ယခင်နှစ် ဝါ၌ ဝါဆိုပြီး သံဃာအား လှူဒါန်းပါသည်-ဟု လျှောက်ထားပါက အရင်နှစ်ဝါဆို
သံဃာများကိုသာ ခွဲဝေပေးရ၏။ဝါဆိုသံဃာ ကျောင်းပျောင်းသွားလျှင် ထိုရဟန်းနှင့် ရင်းနှီးကျွမ်းဝင်သော ရဟန်းတော်အား ထိုသင်္ကန်းကို ပေးလှူရပါမည်။ယခင်နှစ်ဝါဆိုသံဃာသည် တစ်ပါးတည်း ကျန်ရှိနေပြီး၊အခြားသံဃာများ
ပျံလွန်တော်မူသွားလျှင်လည်း ထိုအသက်မသေ ကျန်နေသော ရဟန်းတစ်ပါးတည်းသာ ရပိုင်ခွင့်ရှိပါသည်။
ဝါဆိုသံဃာများအားလုံး ပျံလွန်ခဲ့သော် သံဃိက(သံဃာပိုင်ဥစ္စာ)ဖြစ်၍ ကျောင်း၌လက်ရှိ မျက်မှောက် သံဃာများ ခွဲဝေယူကြရပါသည်။
အလှူရှင်က လာမည့်ဝါဆို၌ ဝါကပ်ကြမည့် သံဃာတော်များအတွက် လှူဒါန်းပါသည်-ဟု လျှောက်ထားပါက၊ထိုသင်္ကန်းများကို လုံခြုံစွာ သိမ်းဆည်းထားပြီး၊ဝါဆိုလပြည့်ကျော်(၁)ရက် ဝါဆိုပြီးချိန် ဝါဆိုသံဃာအား ခွဲဝေလှူ ဒါန်းပေးရပါမည်။ယခုအခါ ဝါဆိုသင်္ကန်းများကို ဝါဆိုဦး၌သာ အများစု လှူဒါန်းနေကြ၍ ဝါဆိုရာနေ့(ဝါဆိုလပြည့် ကျော်တစ်ရက်) တွင် ဝါဆိုသံဃာအား ခွဲဝေလှူဒါန်းကြရပါမည်။
ဒကာ/ဒကာမတို့သည် ဝါဆိုဦး၌သာ ဝါဆိုသင်္ကန်းကို လှူဒါန်းရသည်ဟု ထင်မှတ်ကြလျှက် ဝါဆိုဦးတွင် အချိန်လု၍လှူဒါန်းနေကြ၏။ဝါဆိုပြီးလျှင် ဝါဆိုသင်္ကန်း လှူဒါန်းလို့ မရ-ဟု ဒကာ/ဒကာမအများစုက အသိမှား နေကြ၍ မကြာမကြာရှင်းပြနေရသည်။
မိုးရေခံသင်္ကန်းနှင့် ရောထွေးနေဟန်တူ၏။
အထက်ပါ စကားရပ်တို့ကို ထောက်ရှုလျှက် ဝါဆိုသင်္ကန်းကို တစ်နှစ်ပတ်လုံး လှူဒါန်းနိုင်ခွင့် ရှိနေသည်ကို တွေ့ကြမှာ ဖြစ်ပါသည်။(ဝိ၊ဋ္ဌ၊၃။၄၂၅။)
မိုးရေခံသင်္ကန်း(ဝဿိကသာဋိက)
═══════════════════════
ဝါဆိုဦးတွင် လှူဒါန်းခွင့်ရှိသော သင်္ကန်းတစ်မျိုးရှိပါသေးသည်။ထိုသင်္ကန်းကို ``ဝဿိကသာဋိက´´-မိုးရေခံ သင်္ကန်းဟု ခေါ်ဆိုပါသည်။
ဝိသာခါကျောင်းအမကို အကြောင်းပြု၍ ပေါ်ပေါက်ခဲ့ခြင်းဖြစ်၏။မိုးဦးကာလ၏ နေ့တစ်နေ့တွင် မြတ်စွာဘုရားသည် နောက်ပါ ရဟန်းတော်များနှင့်အတူ သာ၀တ္ထိမြို့သို့ ရောက်ရှိလာခဲ့၏။
ဝိသာခါကျောင်းအမသည် ကျောင်းတော်တွင် တရားနာကြားပြီးနောက် ဘုရားအမှူးရှိသော သံဃာအား မနက်ဖန် မိမိအိမ်၌ နေ့ဆွမ်းဘုဉ်းပေးရန် ပင့်လျှောက်ပါသည်။
နောက်တစ်နေ့၌ မိုးသည်းထန်စွာ တစ်မနက်လုံးရွာနေ၏။ထိုအခါ ဘုရားရှင်က ``ချစ်သားရဟန်းတို့၊ယခုဇေတဝန်ကျောင်းတော်၌ ရွာနေသကဲ့သို့၊အလားတူ ဤမိုးသည်
အရပ်လေးမျက်နှာတို့၌လည်း ရွာနေ၏။ရေချိုးကြကုန်
လော့၊ဤမိုးကား နောက်ဆုံးရွာသော အရပ်လေးမျက်နှာမိုးတည်း´´ဟု မိန့်ကာ ရဟန်းတော်များကို မိုးရေချိုးစေ၏။
ထိုအချိန်က ရဟန်းတော်များသည် တိစီ၀ရိတ်(သင်္ကန်းသုံးထည်)ကိုသာ ဆောင်ကြ၍ ခါးဝတ်သင်းပိုင်၊အပေါ်ရုံ ဧကသီနှင့်
နှစ်ထပ်သင်္ကန်းကြီးတို့သာ ရှိ၏။ရေလဲသင်္ကန်း မရှိကြ၍ မိုးရေထဲတွင် မိမွေးတိုင်း ကိုယ်တုံးလုံး မိုးရေကို ချိုးနေကြရ၏။ရေချိုးနေစဉ် ဝိသာခါကျောင်းအမသည်
အိမ်ဖေါ်အမျိုးသမီးကို ဆွမ်းပွဲများ အဆင်သင့်ဖြစ်၍ ဘုရားအမှူး ရှိသောသံဃာအား ဆွမ်းစားအပင့် စေလွတ်လိုက်ပါသည်။
အိမ်ဖေါ်အမျိုးသမီးငယ်သည် ကျောင်းတော်သို့အရောက်တွင် အရှင်မြတ်တွေ ကိုယ်တုံးလုံးဖြင့် မိုးရေချိုးနေ
ကြသည်ကို တွေ့ရသဖြင့် အိမ်သို့ ပြန်ပြေးပြီး``အရှင်မ၊ကျောင်း၌ သံဃာတော်များ မရှိကြပါ။အာဇီ၀ကတက္ကတွန်းများ ကိုယ်တုံးလုံး ရေချိုးနေကြပါတယ်´´ဟု ပြန်ပြောရာ၊
ဝိသာခါကျောင်းအမသည် ဉာဏ်ပညာရှိသော အမျိုးသမီးပီပီ အထက်ပါအခြင်းအရာကို သဘောပေါက် သိနားလည်၍ အရှင်မြတ်များ ရေချိုးပြီးချိန်တွင် တစ်ဖန် ပင့်စေသည်။
ဝိသာခါကျောင်းအမသည် ဗုဒ္ဓအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်ပြီးနောက် အထက်ပါအကြောင်းအရာကို
ဗုဒ္ဓအားလျှောက်ထားပြီး သံဃာတော်တို့အား မိုးရွာလျှင် ဝတ်ချိုးနိုင်ရန်အလို့ငှါ မိုးရေခံသင်္ကန်းခွင့်ပြုရန်နှင့် ကိုယ်တုံးလုံး မိုးရေထဲ၌ ရေချိုးခြင်းသည် စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်ပြီး၊သာသနာကိုလည်း အကြည်ညိုပျက်စေနိုင်ကြောင်း ကိုပါ လျှောက်ထားပါသည်။သည့်အပြင်
အသက်ထက်ဆုံး မိုးတွင်း၌ မိုးရေချိုးရန် သင်္ကန်းကို လှူဒါန်းမည်ဖြစ်ကြောင်းကိုပါ လျှောက်
ထား၍ သာသနာတော်တွင် ဝဿိကသာဋိကခေါ် မိုးရေခံသင်္ကန်း ပေါ်ပေါက်ခဲ့ရပါသည်။
မိုးရေခံသင်္ကန်းအစ ဝိသာခါ က-ဟုပင် ပြောရမည် ဖြစ်၏။(ဝိနည်းမဟာဝါ-စီ၀ရက္ခန္ဓက)
လှူခွင့်ရသောအချိန်
═══════════════════════
မိုးရေခံသင်္ကန်းကို ဝါဆိုသင်္ကန်းကဲ့သို့ တစ်နှစ်ပတ်လုံး လှူဒါန်းခွင့်၊အလှူခံခွင့် မရှိပါ။နယုန်လပြည့်ကျော်(၁)
ရက်နေ့မှစ၍ ဝါဆိုလပြည့်နေ့အထိ(၁)လသာ လှူဒါန်းခွင့်/အလှူခံခွင့်ရှိပြီး၊ဝါဆိုလဆန်း(၁)ရက်နေ့တွင် စတင်၍ ဝတ်ရုံသုံးစွဲနိုင်၏။မိုးလေးလမျှသာ သုံးဆောင်ခွင့်ရှိ၏။တစ်ထည်မျှသာ အလှူခံရ၏။ရေလဲဝတ်ချိုးရန် တစ်ထည်ဆိုက မိုးလေးလ လုံလောက်သောကြောင့် ဖြစ်ပါသည်။
အခြားသင်္ကန်းများကဲ့သို့ ချုပ်ဆိုးရန်မလို၊အရောင်ပျက်ရုံ၊အနားလုံးရုံမျှ ဆိုးထား၊ချုပ်ထားခြင်းဖြင့် အပ်စပ်စွာ သုံးစွဲနိုင်၏။ယနေ့ခေတ် ကိုယ်ပတ်ခေါ် ယိုးဒယားသင်းပိုင်ကလေးများနှင့် အလားတူပါသည်။
အခြားသော သင်္ကန်းများကို မိဘနှင့် ပစ္စည်းလေးပါးဖိတ်မံထားသူတို့အထံ၌သာ တောင်းပိုင်ခွင့်ရှိ၏။အခြား
သူများထံတွင် သင်္ကန်းလှူပါ-ဟူ၍ ပြောပြီး အလှူမခံကောင်း။မိုးရေခံသင်္ကန်းကို တစ်နှစ်လှူဒါန်းဖူးပါက နှစ်စဉ် မိုးကာလရောက်သည်နှင့် မိုးရေခံသင်္ကန်း လှူဒါန်းချိန်ရောက်ပြီ-ဟု သတိပေးလျှက် အလှူခံခွင့်ရှိ၏။
ဝါဆိုသင်္ကန်း၊မိုးရေခံသင်္ကန်းတို့ကား ဝါတွင်းကာလအခါသမယတွင် သာသနာ့ဝန်ထမ်းရှင်ရဟန်းများအ
တွက် အမှန်ပင်လိုအပ်သောသင်္ကန်းများ ဖြစ်ပါသည်။မိုးစွေသောရက်များ၌ ဆွမ်းခံသင်္ကန်းများ ရေမခြောက်နိုင်သဖြင့် သံဃာများ အမှန် ဒုက္ခရောက်ကြရပါသည်။
လှူဒါန်းသူများရသောအကျိုး
═══════════════════════
ဝါဆိုသင်္ကန်း၊မိုးရေခံသင်္ကန်းလှူဒါန်းသော ကုသိုလ်ရှင်များ ရပိုင်ခွင့်ရှိသော အကျိုးရင်းမှာ ရုပ်ရေအဆင်း လှပခြင်း၊ကိုယ်သားကိုယ်ရေ ကောင်းမွန်ခြင်း၊အဖိုးတန် အထည်ဆန်းများကို သုံးစွဲပိုင်ခွင့်ရှိခြင်း၊တန်ခိုးဖြင့် ပြီးစီးရသော ဧဟိဘိက္ခုရဟန်းဖြစ်နိုင်ခြင်းစသည်တို့ ဖြစ်၏။
အကျိုးဆက်အနေဖြင့် ဖြစ်လေရာဘ၀တို့တွင် ပစ္စည်းဥစ္စာများ ပေါကြွယ်၀လျှက် လိုအပ်သောပစ္စည်းကို အလိုရှိသောအချိန်တွင် မကြန့်ကြာဘဲ ရရှိနိုင်ခြင်း၊ပညာရှာသောအရွယ်၊စီးပွားရှာသောအရွယ်၊တရားဘာ၀နာနာနှင့်မွေ့ပျော်ရမည်အရွယ်စသဖြင့်
အရွယ်သုံးပါးလုံးတွင် သက်သက်သာသာ ပြည့်စုံနိုင်ခြင်း၊ခန္ဓာသဘာ၀အရ ကျန်း မာရေးချို့ယွင်းမှု ဖြစ်က သမားကောင်း ဆေးဝါးဓာတ်စာကအစ လွယ်လင့်တကူရနိုင်ခြင်းတို့ကို ရနိုင်ပါသည်။
ခေတ်အခါအလိုက် ဖြစ်လိုသောအရာများ အဆင်ပြေစေဖို့ရာ ကာလဒါနခေါ် ဤကဲ့သို့သော အလှူဒါနမျိုးကို အားထုတ်ပေးကြရမည်။
သူတော်ကောင်းဒါန(၅)မျိုးတို့တွင် ဝါဆိုသင်္ကန်းအလှူသည် ကာလဒါနမျိုး ဖြစ်ကြောင့်ပါတည်း။
ဝါဆိုသင်္ကန်းနှင့်မိုးရေးခံသင်္ကန်းမတူတာကို ဖေ့စ်ဘွခ် ပရိသတ်အား သာသနဗဟု သုတတိုးပွားစေရန် ရေးသား လိုက်ရခြင်းပင် ဖြစ်ပါသည်။
ဝါတွင်းကာလ၌ မမေ့လျော့ခြင်းဖြင့် ကုသိုလ်များများရရှိအောင် နေနိုင်ကြပါစေ--။
ဦးပညာသီဟာဘိဝံသ-တရားဦးဓမ္မစင်္ကြာ
════════════════════

#ဗဟုသုတအဖြာဖြာ
#ဝါဆိုသင်္ကန်း

Address

Bogale

Alerts

Be the first to know and let us send you an email when Shwe Mahar Myaing - Bogale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category