SLHO

SLHO online

25/09/2022
11/09/2022
10/09/2022

ယနေ့အကြိုက်ဆုံးပုံလေး😍😍

08/09/2022
08/09/2022

ဖန်တီးယူလို့မရတဲ့အထဲမှာ မေတ္တာတရားတွေလည်းပါပါတယ်

08/09/2022

ဓာတ်ပုံတစ်ပုံကပြောပြတဲ့ မိခင်မေတ္တာ

ဘိလပ်မြေတစ်အိတ်ရဲ့ အလေးချိန်က ယောက်ကျားတယောက်တောင်အတော်ကြီးထမ်းရတယ်။

ကလေးငယ်လေးကို တဘက်ကရင်ခွင်ပိုက်ပြီး
ဘိလပ်မြေအိတ်ခေါင်းပေါ်ရွက်ကာ
ဝမ်း​ရေးရှာနေတဲ့မာတာမိခင်တစ်ဦးရဲ့ မေတ္တာကတော့
အတိုင်းအဆမရှိအလွန်ကိုကြီးမားလှပါတယ်

ဒါကြောင့်မိဘ​ကျးဇူးကိုသိတတ်ပြီး ကျေးဇူးဆပ်ခွင့်ရ
သော သားသမီးများ ဖြစ်ကြပါစေ🙏🙏

credit- photo

31/08/2022

မြဝတီ-ဝေါလေကားလမ်းမတွင် တိုက်ပွဲဖြစ်
DVB
ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေကားလမ်းမ၊ သရက်တပင်ဂိတ်အနီး‌ ကျူးကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဩဂုတ် ၃၀ ရက် နေ့လည် ၂ နာရီခွဲလောက်ကနေ ညနေ ၄ နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပါတယ်။
ကော်ဘရာစစ်ကြောင်းနဲ့ Federal Wings Drone တပ်ဖွဲ့ရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ ပြန်လည် ဆုတ်ခွာသွားကြပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက် သေဆုံးမှု အခြေအနေကိုတော့ စိစစ်ဆဲပဲလို့ဆိုပါတယ်။
ကော်ဘရာစစ်ကြောင်းဘက်က စစ်သည်တော်တွေကတော့ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။
#မြဝတီ-ဝေါလေ #ကော်ဘရာ

31/08/2022
19/08/2022
19/08/2022

📷: တူရကီသမ္မတအာဒိုဂန်နဲ့ ယူကရိန်းသမ္မတဇလန်းစကီးတို့ သြဂုတ်လ ၁၈ရက်နေ့က ယူကရိန်းနိုင်ငံ လဗိဗ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာပြဿနာ ဖြေရှင်းဖို့ကြိုးစားတဲ့အနေနဲ့ ကုလသမဂ္ဂနဲ့ တူရကီတို့ကြားဝင်ဆောင်ရွက်မှုနဲ့ ရုရှားနဲ့ ယူကရိန်းတို့ကြား ရခဲ့တဲ့ သဘောတူညီချက်အရ အခုဆို ယူကရိန်းက ကောက်နှံတင် သင်္ဘောတွေ ထွက်ခွါနိုင်ပြီဖြစ်ပါတယ်။ သတင်းအပြည့်အစုံ - https://bit.ly/3QCRmWk

19/08/2022
17/08/2022

Unicode သင့်အိမ်မှာ ငှက်ပျောပင်ရှိတယ်ဆိုရင် ထီပေါက်သလို ပျော်လိုက်ပါ သင့်အိမ်မှာ ငှက်ပျောပင်ရှိတယ်ဆိုရင် ထသာခ....

15/08/2022
15/08/2022

🤣🤣🤣🤣🤣🤣

26/07/2022

♦ဒေါက်တာ သန်းထွန်းပြောခဲ့ဖူးပါတယ်ခင်ဗျာ သမိုင်းဆိုတာ မ အ အောင် သင်ရတာတဲ့။

၁၉၆၂ စစ်တပ် အာဏာ မသိမ်းမှီကပေါ့..ဗိုလ်အုန်းသီး စက်ရုံကနေ
ကလေးစီး စက်ဘီးလေးတွေ ထုတ်နိုင်ခဲ့တယ်။မလေးတို့၊ စင်ကာပူတို့ကို တင်ပို့ခဲ့တယ်။

(Mr. Burma) မောင်ဗမာ စက်ဘီးဆိုပြီး -
လူကြီးစီးလည်း ထုတ်ခဲ့ကြတာပါပဲ။
အတော်ခိုင်ခန့်တဲ့ဘီးမို့
အိမ်နီးချင်းနိုင်ငံတွေကပါ ကြိုက်ကြတာ။

လှိုင်မြစ်ကမ်းဘေး Uniliver Company ကြီးကနေထုတ်တဲ့ ဆပ်ပြာတွေဆိုရင်...
အရှေ့တောင်အာရှနိုင်ငံတွေကို တင်ပို့ခဲ့ကြတယ်။

ကြက်ဆင်ဖဲထီးတို့၊ရွှေဥသြထီးစက်တို့ ဆိုရင်လည်းနိုင်ငံတကာ အဆင့်မှီတဲ့ ဖဲထီး အမျိုးမျိုး ထုတ်လုပ် ရောင်းချနိုင်ခဲ့တယ်။

BT brother ကော်ဖီဟာ နာမည်ကြီး။

ခေါတ်အကြိုက်၊ ဘုရင်မ၊ ဟံသာအေး၊
ရွှေကျီးနိုင်လွန် စတဲ့ နိုင်ငံတစ်ကာ အဆင့်မှီစက်ရုံကြီးများမှ နိုင်လွန်၊ ဇာအမျိုးမျိုး နဲ့ တက်ထရွန်လို အထည်၊ အစတွေ
ထုတ်လုပ်ရောင်းချခဲ့ကြတယ်။

ပွင့်ကောင်းငံပြာရည် ဆိုတာ အခု ထိုင်းကထုတ်တဲ့ငံပြာရည်တွေထက် အပုံကြီးသာတာပေါ့။

ဗိုလ်ချုပ်နေဝင်း ထင်ရာစိုင်းခဲ့တဲ့
မဆလ ခေတ်မှာ အဲ့ဒီစက်ရုံတွေ အားလုံးနဲ့အတူ ဆန်စက်၊ ဆီစက်၊
စွပ်ကျယ်စက်၊ စေါင်စက်၊ ဖိနပ်စက်၊
ရှိရှိသမျှ စက်ရုံ လုပ်ငန်းကြီးတွေအားလုံးပြည်သူပိုင်ဆိုပြီး အသိမ်းခံကြရတယ်။(တကယ်တော့လည်း စစ်တပ်ကသိမ်းတာပါ)။

အဲ့ဒီနောက်မတော့...
၁၅ နှစ် လောက်အတွင်း
အထက်ပါ လုပ်ငန်းကြီးတွေနဲ့
စက်ရုံကြီးတွေ အားလုံး နီးပါးဟာ
ပျောက်ကွယ် သွားခဲ့ပါတော့တယ်။

နိုင်ငံတော်ပိုင်တို့၊ စစ်တပ်ပိုင်တို့ ဆိုတဲ့
စက်ရုံကြီးတွေကလည်း အရှုံးစာရင်းသာပြပြီးဝန်ကြီးကနေ အောက်ခြေ အပေါက်စောင့်အထိခိုးစားပြီး ချမ်းသာနေကြတာဟာနောက်စစ်အစိုးရ အဆက်ဆက်အထိအားလုံးမီလိုက်ကြပါသေးတယ်။

ဗိုလ်သန်းရွှေတို့၊ ဗိုလ်ခင်ညွှန့်တို့ ခေတ်မှာဆိုစက်မှုဝန်ကြီးက ဗိုလ်သန်းရွှေထက်တောင်ပိုချမ်းသာတယ်လို့ ပြောစမှတ် ရှိခဲ့ပါတယ်။ဝန်ကြီးဌာနတခုတည်း ခွင်တအားကောင်းနေလို့
စက်မှု(၁)၊ စက်မှု(၂) ဆိုပြီး ခွဲရတဲ့အထိပဲ။

ဗိုလ်နေဝင်း မဆလအစိုးရခေတ်မှာ
လူတန်းစားမကွာဟရေး ဆိုရှယ်လစ်စံနစ်ဆိုပြီးသမဝါယမဆိုင်တွေကနေပဲ ဆန်တွေ၊ ဆီတွေ၊နို့ဆီ၊ သကြား၊ စီးကရက် အကုန်လုံး တန်းစီပြီး
အလှည့်ကျ ဝေစုနဲ့ ဝယ်ကြရပါတော့တယ်။

ကျနော်တို့ ကျောင်းသုံးစာအုပ်တွေလည်းသမဝါယမဆိုင်မှာ ထောက်ခံစာနဲ့
တန်းစီပြီး ဝယ်ခဲ့ကြရတာပါ။
လူစေ့အောင်မရလို့ ၂ယောက်၁အုပ် ကပ်ကြည့်ပြီးစာသင်ခဲ့ကြရပါတယ်။
ကွန်ပါဗူးအနီလေးတွေဆိုရင်မဲနှိုက်ကြရတာ။မဲပေါက်တဲ့ကျောင်းသား မဟာကံထူးရှင်ပဲ။

ဗိုလ်သန်းရွှေခေတ်မှာသမဝါယမဆိုင်တွေကနေဝင်းသူဇာ အရောင်ဆိုင်ဆိုပြီးပြောင်းကုန်ပြီးစက်မှု ၁ ကပစ္စည်းတွေကို ရောင်းချခဲ့ဖူးတယ်။

ခုတော့ အဲ့နေရာတွေတောင်
ရောင်းစားကုန်ပြီလား၊ ပါတီရုံးပဲ ဖြစ်ကုန်ပြီလား။

သိပြီးသားဆိုရင်လည်း မမေ့အောင်လို့
ပြန်ပြောပြနေရတာပါ။

တချို့က ပြည်သူတွေ ဘာကြောင့်
တော်လှန်နေကြတာလဲဆိုတာတောင်
မသိကြတဲ့သူက ထုနဲ့ဒေး။

အခုတစ်နှစ် ကျော်အတွင်းမှာတောင်
နိုင်ငံက တော်တော်ပျက်စီးနေပါပြီ။
ဖျက်ဆီးဖို့ လေ့ကျင့်ထားတဲ့ အဖွဲ့အစည်းဟာဖျက်ဆီးရေးပဲ လုပ်တတ်မှာပေါ့။

Dr. Than Tun ပြောသလိုပဲ။
မအ,အောင်တော့ သမိုင်းပြန်လေ့လာပါ။

Credit: FB

24/07/2022

ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ(၁)ဧက လောက်ကျယ်တယ်၊အကြံပေးပါအုံးတဲ့။

ဒါနဲ့ကျနော်လည်း ခင်များဝယ်မဲ့မြေအတွက်
ရှိတဲ့စာရွက်လေးပို့ပေးပါပေါ့ ။
သူကလည်း viber ကနေ မြေပုံလေးတစ်ပုံပို့ပေးတယ်။
ကျနော်ကကြည့်ပီး ခင်များဟာ လယ်မြေအမျိုးအစားပဲ
သစ်ပင်စိုက်ဖို့ဝယ်တာလားလို့မေးတော့

မဟုတ်ဘူး နေဖို့ပဲ
၊ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ၊ဝိုင်းကွက်တွေနဲ့ပဲတဲ့။
ဆရာကဒီနေရာကိုရောက်ဘူးလားတဲ့။
ကျနော်ကလည်း မရောက်ဘူးပါဘူး။
မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့
အရောင်ကိုကြည့်ပီးပြောတာပါလို့ပြောလိုက်တော့ ။
အဲလိုကြည့်လို့ရလားတဲ့။

ရပါတယ်
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်ဗျာ၊

ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ဗျာ၊

အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ၊
ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေအမျိုးအစားဖြစ်နိူင်တယ်
၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား
၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊
ကျနော်လည်း စုပီးသားဖြစ်သွားအောင်
သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး
မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိူင်ပါတယ်။

12/07/2022

နွားတစ်ကောင်က
သခင်ခိုင်းတာတွေ လုပ်ပြီး
အလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားနေတယ်..တဲ့။

ခွေးတစ်ကောင်က
လာပြီး နှုတ်ဆက်တယ်။
"ကိုနွား နေမကောင်းဘူးလား" ပေါ့။
နွားက
"ပင်ပန်းလို့ပါကွာ။
မနက်ဖြန်တစ်ရက်လောက် နားရရင်
ကောင်းမှာပဲကွာ" လို့ ပြောလိုက်တယ်။
ညည်းလိုက်တယ် ဆ်ိုပါတော့။

အဲ့ဒါကို ခွေးက ကြောင်နဲ့တွေ့လို့
ပြောတဲ့အခါကျတော့
"နွားက ပြောတယ်။
ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက်
နားချင်တယ်တဲ့။
သခင်ကလည်း အရမ်းခိုင်းလွန်းတယ် ထင်ပါတယ်ကွာ"တဲ့။
သခင်က အရမ်းခိုင်းလွန်းတယ်
ထင်တယ်
ဆိုတဲ့သူ့ရဲ့ comment ပါ ပါသွားပြီ။

ဒါကို ကြောင်က ဆိတ်ကို ပြန်ပြောတဲ့အခါကျတော့
"နွားကို သခင်က အရမ်းခိုင်းလွန်းတော့
ပင်ပန်းလွန်းလို့ မနက်ဖြန်ကစပြီး
အလုပ်မလုပ်ချင်တော့ဘူးလို့ ပြောတယ်"
ဆိုပြီး စကားက ပြောင်းသွားတယ်။

တစ်ခါ ဆိတ်က ကြက်ကို ပြောတဲ့အခါကျတော့
"နွားက မနက်ဖြန် သခင်အတွက်
အလုပ်မလုပ်ပေးချင်တော့ဘူး။
ခိုင်းလွန်းလို့ သခင့်ကို မကျေမနပ်
ဖြစ်နေတယ်"လို့ဖြစ်သွားပြန်ရော..တဲ့။

ကြက်က ဝက်ကို တဆင့်ထပ်ပြောတဲ့အခါကျတော့
"နွားက မနက်ဖြန်ကစပြီး
သခင်ခိုင်းတာတွေ မလုပ်တော့ဘူး။
သခင့်ကိုမကျေနပ်ဘူး။ သခင်အသစ် ရှာချင်နေတယ်လို့ကြားတယ်"ဆိုပြီး စကားက ကားသွားပြီ။

သခင်ရဲ့မိန်းမက ဝက်စာ လာကျွေးတဲ့အချိန်မှာ
ဝက်က ပြောတယ်တဲ့။
"သခင်မ..နွားက အချိုးတွေပြောင်းနေပြီ။
သခင်မတို့ကို မကျေနပ်ဘူး။
သခင်မတို့အလုပ်တွေကို
မနက်ဖြန်ကစပြီး လုပ်မပေးတော့ဘူးလို့
ပြောနေတယ်နော်" ပေါ့။

မိန်းမကလည်း သူ့ယောက်ျားကို ပြန်ပြောတာပေါ့။
"ရှင့်နွားက ရှင့်ကိုသစ္စာဖောက်သွားပြီနော်၊
မနက်ဖြန်ကစပြီး ရှင်ခိုင်းတာတွေ လုပ်မပေးတော့ဘူးလို့ ပြောနေတယ်"တဲ့။

အဲ့ဒီအခါ ယောက်ျားက
"သစ္စာဖောက်တော့လည်း
အသားပေါ် ရောင်းလိုက်ရုံပေါ့ကွာ"တဲ့။
အဲ့ဒါနဲ့ပဲနောက်နေ့မှာ နွားဟာ အသတ်ခံလိုက်ရရော..တဲ့။

တကယ်တော့ နွားပြောတာက
"ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက် နားရရင်ကောင်းမယ် " ဒါလေးပဲ။
သူ့ရဲ့ဆန္ဒကို သူပြောရုံလေးပဲ။
သခင်ကို ထိခိုက်ပြောတာလည်း မပါဘူး။

ဒါပေမယ့် စကားတွေက ချဲ့ကားရင်းနဲ့
နောက်ဆုံးမှာ ဒီစကားလေးအတွက်
သူ အသတ်ခံလိုက်ရတယ်...တဲ့။

ဆက်စပ်ပြီး ပြန်တွေးကြည့်တော့
ဟုတ်နေတာပဲ။
ငါတို့လည်း တစ်ခါမက ကြုံခဲ့ဘူးတာပဲ။
နွားလို အသက်သေအောင် အသတ်မခံရပေမယ့်
ကိုယ်တကယ်မပြောခဲ့တဲ့ စကားတွေအတွက်၊
ကိုယ်တကယ်မလုပ်ခဲ့တဲ့ အပြုအမူတွေအတွက်
ဘဝသေအောင်၊နာမည်သေအောင်ထိ
အသတ်ခံခဲ့ရဘူးတာပဲ။

တစ်ယောက်တည်း မနေနဲ့၊
တစ်ယောက်တည်း မကြံနဲ့၊
တစ်ယောက်တည်း မခံစားနဲ့
တိုင်ပင်ပါ၊အကြံဥာဏ်တောင်းပါ၊
ရင်ဖွင့်ပါလို့တော့ ပြောကြတာပဲ။
ပြောမိ ပြန်တော့လည်း ရေရောခံရရင်၊
ကိုယ့်စကားကို ပုံဖျက်ခံလိုက်ရရင်
ကိုယ်ပဲ ခံရပြန်ရော။

အခုလို....
လူမှုကွန်ရက် ယဉ်ကျေးမှုထွန်းကားတဲ့ခေတ်မှာ
ပိုသိသာတယ်။
ဖေ့စ်ဘုတ်မှာ မင်းပြောချင်တာတစ်ခုခုကိုရေးပြီး
တင်ကြည့်လိုက်ပါလား။
မင်းပေးချင်တဲ့မက်ဆေ့ခ်ျကို လူတိုင်းသိချင်မှ သိတာ။
မင်းမျှော်လင့်မထားတဲ့ရှုဒေါင့်က အမြင်တွေနဲ့ပေးတဲ့ comments တွေ မင်းတွေ့လိမ့်မယ်။

အဲ့ဒီတော့ကွာ...
ကိုယ်လည်း စိတ်ချလက်ချ မပြောရဲ၊
ကိုယ်ကြားသမျှကိုလည်း မယုံရမှတော့
နားရောပါးစပ်ရော ပိတ်ထားတာ ကောင်းပါတယ်။
လောကမှာ သိစရာတွေကတော့ အများကြီးပဲ။
လိုက်လို့ကို မကုန်နိုင်ဘူး။
ဒါပေမယ့်
အကုန်သိစရာမှ မလိုတာ။
မသိမဖြစ် သိသင့်တာလောက်ပဲ သိရင်တော်ပြီပေါ့။
crd:

21/05/2022

ခေတ်သစ်

17/02/2022

ကြက်ဥ အမဒေ
က ဘာအသုံးဝင်လဲဗျ ပြောပြကြပါအုံး

01/10/2021

ဓာတ်ဆီဆိုင်က ကားပါမှ ရောင်းမယ်ဟု ပြောသောအခါ😁😁😁

Address

Phayalan
Bago

Telephone

+959457883498

Website

Alerts

Be the first to know and let us send you an email when SLHO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other News & Media Websites in Bago

Show All