02/11/2021
ကလစ်နှိပ်ပြီး PDF တွေအတွက် ရံပုံငွေရှာပေးကြစို့
❤❤❤❤❤❤❤❤❤❤❤❤❤❤❤
https://www.facebook.com/100355732302759/posts/173672084971123/
REPORT FOR OCTOBER
Click2Donate ဟာ အောက်တိုဘာလအတွက် စုစုပေါင်းရရှိငွေဟာ သိန်းနှစ်ထောင်ကျော်ဖြစ်ပါတယ်ခင်ဗျာ။
APP ကတော့ ၉လပိုင်းကရငွေကိုပါ မလွှဲသေးတာကြောင့် ၉လပိုင်း၁၀ လပိုင်းနှစ်လစာပေါင်းပီး တွက်လိုက်ပါတယ်ခင်ဗျာ။
ဒါတွေက final တော့မဟုတ်ပါဘူးခင်ဗျာ သိကြတဲ့အတိုင်း ဟိုလိုရစ်ဒီလိုရစ်နဲ့ ဖြစ်တတ်လွန်းတာမို့ နောက်ဆုံး ဘဏ်အကောင့်ထဲငွေရောက်လာမှသာ
အတိအကျကို သိကြရမှာဖြစ်ပါတယ်ခင်ဗျာ။ ဒါကတော့ ၂.၁၁.၂၀၂၁ ဒီနေ့အထိ update အဖြစ်ဆုံး data တွေ ကို ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်ခင်ဗျာ။ သူကတော့ ဒီလ ၂၀ ရက်ကျော်မှ web,app,youtube ငွေတွေရမှာပါ
အရင်ဆုံးတော့ တယ်လီဂရမ် ကလစ်ငွေတွေကိုတော့ ပြောထားတဲ့အတိုင်း ဒီရက်ပိုင်းထဲမှာပေးပို့တော့မှာဖြစ်ပါတယ်ခင်ဗျာ။
------------------------------------------------------------------------
တစ်ခုချင်းအသေးစိတ်ရရှိငွေ အခြေအနေကိုသိချင်ရင်တော့ တယ်လီဂရမ်မှာ ကျွန်တော်ပေးထားတဲ့ လင့်ထဲကနေ သွားကြည့်လို့ရပါတယ်ခင်ဗျာ
click ဆိုက်တစ်ခုစီကရတာကအစ အသေးစိတ်တင်ပြထားပါတယ်ခင်ဗျာ။
(ဘာလို့ page မှာမတင်လဲသိတယ်မို့လားခင်ဗျာ)
telegram ကရငွေကတော့ လလယ် ၁၅ ရက်နေ့တုန်းက တဖြတ်ထုတ်ပြီး တစ်ခါပို့ထားသေးတာရှိပါတယ်ခင်ဗျာ Page မှာလဲတင်ပြပြီးဖြစ်ပါတယ်
တစ်လလုံးစာဆိုပီး report ထုတ်လိုက်တာမို့ စုပြီးပဲထုတ်လိုက်ပါတယ်ခင်ဗျာ။
ဒီနေရာမှာ telegram က ကလစ်တာ အချိန်ပိုပေးရပြီး အနဲဆုံးရတယ်ဆိုပေမယ့် သူက ငွေရတာလဲမြန်သလို သေလဲသေချာပါတယ်ခင်ဗျာ။
သေချာကြည့်လိုက်ရင် telegram ကရငွေဟာ youtube မှာအချိန်ပေးကြည့်ရတာနဲ့တောင် သိပ်မကွာပါဘူးခင်ဗျာ။
ဒီနေရာမှာကြုံတုန်းလေး ပြောပြချင်တာကတော့
အခုရရှိငွေ သိန်းနှစ်ထောင်ကျော် ဆိုတာကလဲ တကယ်ဆိုရင် တယ်လီဂရမ်မှာ နေ့စဉ် လူခြောက်ထောင်လောက် web,app,youtube မှာနေ့စဉ် လူနှစ်သောင်းကျော်လောက်က တစ်လလုံး မပျက်မကွက်လုပ်ပေးခဲ့လို့ရခဲ့တာဖြစ်ပါတယ်ခင်ဗျာ။
တကယ်လို့သာ ကလစ်မှာ လူတစ်သိန်း web app youtube မှာ လူတစ်သိန်း နေ့စဉ် အကုန်သာလုပ်တယ်လိုမှန်းကြည့်ပါခင်ဗျာ လေယာဉ်ပစ်တွေတောင်ဝယ်လိုရတယ်ခင်ဗျာ။
------------------------------------------------------------------------
တော်လှန်ရေးက လူတိုင်းတိုက်မှ
နိုင်ဖို မြန်မှာပါ
လက်နက်မကိုင်နိုင်ရင်တောင်
ဖုန်းလေးကိုင်ပီးတိုက်လိုရတဲ့စစ်ပွဲပါ
၈၈က အချိုးတွေ ၂၁ မှာလာမချိုးနဲ့လို အော်ခဲ့ပြီး ကိုယ်တိုင်က ၈၈ ကလိုဖြစ်မသွားဖိုတော့လိုပါတယ်ခင်ဗျာ။
အတူတူထပ်ကြိုးစားကြပါစို့ခင်ဗျာ။
We Click, We Support & We win.