Gent's Vlog

Gent's Vlog all in one quality contents

မီးမရှို့ပဲ မီးခိုးမှိုင်းတိုက်မယ် 😆😆Maison Margiela ရဲ့ Replica lineထဲက by the fireplace....စော်လေးတွေအတင်းဝိုင်းလုခံနေ...
13/01/2024

မီးမရှို့ပဲ မီးခိုးမှိုင်းတိုက်မယ် 😆😆
Maison Margiela ရဲ့ Replica lineထဲက by the fireplace....
စော်လေးတွေအတင်းဝိုင်းလုခံနေရတဲ့ကိုယ့်လူတို့ စိတ်ရှုပ်လာရင်ဒီကောင်သာစွတ်သွား အကုန်မျက်ရည်တွေဝဲပြိးထွက်ပြေးသွားစေရမယ်။တကယ့်ထင်းမီးဖိုဘေးထိုင်နေရသလိုပဲ 🤣 drydown ကတော့မိုက်တယ် အီအီနွေးနွေးလေး
somkey/boozy/warm spicy

23/12/2023

Christmas မှာဘာရေမွှေးတွေဆွတ်ကြမလဲ။

'sVLog

Roja OCEANIA .....သို့မဟုတ် ကမ္ဘာ့စျေးအကြိးဆုံး တောင်ကြိးမောက်မယ် 😅
14/12/2023

Roja OCEANIA .....သို့မဟုတ် ကမ္ဘာ့စျေးအကြိးဆုံး တောင်ကြိးမောက်မယ် 😅

ပျော်ရွှင်စရာ သီတင်းကျွတ်ညလေးကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ
29/10/2023

ပျော်ရွှင်စရာ သီတင်းကျွတ်ညလေးကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ

မင်မင် သီတင်းကျွတ်မှာ မုန့်ဖိုးပေးဖြစ်တာလေးတွေပါ...မင်နဲ့အတူ စိတ်ကြည်နူးပီတီဖြစ်ရအောင် တင်ပေးလိုက်ပါတယ်🤗🤗 #သီတင်းကျွတ်  ...
28/10/2023

မင်မင် သီတင်းကျွတ်မှာ မုန့်ဖိုးပေးဖြစ်တာလေးတွေပါ...
မင်နဲ့အတူ စိတ်ကြည်နူးပီတီဖြစ်ရအောင် တင်ပေးလိုက်ပါတယ်🤗🤗

#သီတင်းကျွတ်
#မုန့်ဖိုး

24/10/2023

သီတင်းကျွတ်မှာ ဆွတ်သင့်တဲ့ ရေမွှေးသုံးမျိုး + Give Away❗❗❗

Give Away အစီအစဥ်မှာပါဝင်ချင်ရင်

ပထမဆုံးအနေနဲ့ Page လေးကို Like and Follow

Post လေးကို Like and Share ( public နဲ့) လေးလုပ်ပေး

ပြီးရင် ကိုယ်သုံးနေကြ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ရေမွှေး တခု့ခု့ကိုမန့်ခဲ့‌ပေး

လာမယ့် 1st November မှာကံထူးရှင်နှစ်ယောက်ကို ကြေညာပေးသွားမှာဖြစ်ပြီး

ကျွန်တော်ရွေးချယ်ပေးမယ့် decant နှစ်ပုလင်းကို လက်ဆောင်ပေးသွားမှာပါ။
'sVlog


#သီတင်းကျွတ်

#ရေမွှေး

ကျနော် ဒီရက်ပိုင်း Video လေးတွေတင်တာခနနားပါရစေရေဘေးကယ်ဆယ်ရေးသွားလုပ်မှာရယ် ကျနော်ကိုယ်တိုင်ရေကြီးတဲ့ထဲပါနေတာရယ်ကြောင့်ပါ...
08/10/2023

ကျနော် ဒီရက်ပိုင်း Video လေးတွေတင်တာခနနားပါရစေ
ရေဘေးကယ်ဆယ်ရေးသွားလုပ်မှာရယ် ကျနော်ကိုယ်တိုင်ရေကြီးတဲ့ထဲပါနေတာရယ်ကြောင့်ပါ..ကျနော့်အလှူလေးမှာပါဝင်ချင်ရင်လည်း support ပေးလို့ရပါတယ်။

ဘာရေမွှေးလဲ သိကြလား 🤔အဲ့ဒီ့ အနံ့ဟုတ်မဟုတ် မိုးကြိုးပစ်ခံပြိး စမ်းမှရမယ်ထင်တယ် 🤣
04/10/2023

ဘာရေမွှေးလဲ သိကြလား 🤔
အဲ့ဒီ့ အနံ့ဟုတ်မဟုတ် မိုးကြိုးပစ်ခံပြိး စမ်းမှရမယ်ထင်တယ် 🤣

ငလျင်လှုပ်တာမသိလိုက်ဘူး အေးဆေးအလုပ်ထိုင်လုပ်နေတာ..အော်ကြဟစ်ကြမှသိတာ လှုပ်ပေါ့ ဘာလုပ်ရမှာလဲဆိုပြိးပြောနေတာ ပြိးမှ ဒိန်းခန...
23/09/2023

ငလျင်လှုပ်တာမသိလိုက်ဘူး အေးဆေးအလုပ်ထိုင်လုပ်နေတာ..အော်ကြဟစ်ကြမှသိတာ လှုပ်ပေါ့ ဘာလုပ်ရမှာလဲဆိုပြိးပြောနေတာ ပြိးမှ ဒိန်းခနဲ့ရင်ထဲဆောင့်တက်ပြိး ပုလင်းတွေကိုသတိရ 😆တော်သေးတယ် ဘာမှမဖြစ်လို့

SOTDPrada Luna Rossa CarbonCarbonနဲ့ပက်သက်ရင် ကျွန်တော့မှာshareစရာ storyတော်တော်များရှိတယ်ပထမဆုံးသူ့ကိုစဝယ်တုန်းက Gentsc...
22/09/2023

SOTD
Prada Luna Rossa Carbon

Carbonနဲ့ပက်သက်ရင် ကျွန်တော့မှာshareစရာ storyတော်တော်များရှိတယ်
ပထမဆုံးသူ့ကိုစဝယ်တုန်းက Gentscent channelရဲ့ reviewကိုကြည့်ပြီး
Sauvage DNAလဲရမယ် Sauvageနဲ့လဲ ကွဲနေတာလေးရမယ်ဆိုပြီးဝယ်လိုက်တာ လုံးဝBlind buyပေါ့
လက်ထဲစရောက်လာပြီး ပုလင်းကနေfirst sprayကိုလက်ပေါ်စဖြန်းလိုက်တဲ့အချိန်မှာ
''Why I didn't buy this since from beginning"
ငါဘာလို့ ဒါကို အစထဲကမဝယ်မိခဲ့တာလဲဆိုပြီးတော့ ပါဖြစ်သွားတာ
အဲ့အချိန်မှာကိုယ်ကBlindbuyတွေလျှောက်ဝယ်
သူများHypeတာတွေလျှောက်ဝယ်တော့
ပိုက်ဆံကလဲBadgetပမာဏနဲ့ပဲသုံးရတာဆိုတော့
တကယ်စိတ်ချမ်းသာမှုကနေ နဲနဲဝေးလာပြီ
ဒါဝယ်ပြီးရင်တော်ပြီကွာ နောက်ရေမွှေးမစုတော့ဘူး
တွေးထားတာကနေ ဒီHobby ကို ပြန်တိုးဝင်ဖို့စတာ
ဒီCarbonကနေပဲဗျ

Complimentကိုကောင်းကောင်းရတာလဲဒီ carbonကနေပဲဗျ
သာမန်ပြောနေကျ "အနံ့လေးကမိုက်တယ်နော် ဘာသုံးတာလဲ"ကနေ
Your fragrance's smell is really match with your typeလို့ပါ remarkပေးခံရဖူးတယ်

နောက်တခုကဒါကိုကျွန်တော် office scentအနေနဲ့
ပိုသဘောကျတာက ကျွန်တော့အလုပ်မှာ
ကျွန်တော်ရယ် တခြား ယောက်ျားလေးသုံးယောက်ရှိရင်
ကျွန်တော်ကလွဲရင် အဲ့သုံးယောက်ဆွတ်တာ Bleu De Channelပဲ
နောက် လာတဲ့clientsတွေကို
Are you wearing sauvage?
ဆိုပြီး ထိုင်မေးရင် တနေ့ အနည်းဆုံးဆယ့်ငါးယောက်တော့
Yes, I am.လို့ဖြေလိမ့်မယ်

Carbonဟာ မွှေးတယ် အေးစက်စက်Typeရှိတယ့်တချိန်ထဲမှာပဲ
နွေးထွေးတဲ့vibeကိုရလိမ့်မယ်
Sauvage DNAကို lavenderအနံ့ကိုနဲနဲတင်ပြီး
စူးရှရှဖြစ်တဲ့Tasteကိုထုတ် metallicနဲ့ ရေဓာတ်ဆန်ဆန် noteတွေပေါင်းထည့်ထားတဲ့အတွက်
မကြိုက်တဲ့လူရှိမှာမဟုတ်ဘဲ ပုလင်းကိုစကိုင်တာနဲ့အနံ့လေးက
ချစ်ဖို့တော့ကောင်းတယ်လို့ရုတ်တရက်ပြောထွက်လောက်တဲ့အထိ
လူကြိုက်လွယ်တဲ့အနံ့မျိူးပဲ
သူ့ရဲ့အားနည်းချက်ကတော့long lastingပဲ
အေးဆေးအလုပ်မှာACနဲ့ဆိုရင်တော့
6hrsနီးပါးအနံ့ကကြာရှည်ခံတယ် တခါတလေသူ့ထက်ပိုတယ်
အပြင်မှာ သွားသွားလာလာဆိုရင်တော့ ကျွန်တော့စိတ်ထင် 4hrsလောက်ပဲ ခံလိမ့်မယ်
But it's an enough perfomance to do its job ပါ

ဟာသအနေနဲ့ပြောရရင် တခါကJeremyကြီးက
ကြိုက်တဲ့လူကြိုက်တဲ့ပုလင်းယူလာခဲ့
သူ့collectionတွေအားလုံးထဲကမှ ဒီCarbonတခုကိုပဲ
ရွေးပြီး လမ်းပေါ်မှာ တွေ့တဲ့Randomလူတွေကို ဘယ်ရေမွှေးကြိုက်လဲမေးပြီးပြိုင်ရင်တောင် သူပဲနိုင်မှာလို့ ကြွယ်ပြီး စွတ်Hypeဖူးတယ်
အဲ့ဒါကတော့ အပိုတွေပြောတာဗျ မယုံကြနဲ့ဦး
😆😆😆

Carbonနဲ့ပက်သက်ပြီး ဘယ်လိုမြင်လဲဆိုတာရယ်
ဘယ်လိုstoryတွေရှိဖူးလဲဆိုတာရယ်ပြောပြကြပါဦးဗျ
.

15/09/2023

Starting Vlog

Scent of the dayPrada L'Homme IntenseUpscale Elegance Gentlemen vipe..ခုတလော မိုးအေးအေးလေးနဲ့ ဒီကောင်လေးထုတ်ဆွတ်ဖြစ်တယ်....
14/09/2023

Scent of the day
Prada L'Homme Intense
Upscale Elegance Gentlemen vipe..

ခုတလော မိုးအေးအေးလေးနဲ့ ဒီကောင်လေးထုတ်ဆွတ်ဖြစ်တယ်..Prada ရဲ့ DNAကိုက တကယ် Luxury ​ ဖြစ်တယ်..office king ​ ဖြစ်တဲ့original l’homme ရဲ့clean & soapy ဖြစ်တဲ့အနံ့ကိုမှ ပိုပြီးအထက်တန်းကျအောင် rich ပိုဖြစ်အောင်ဖန်တီးထားတယ်။ ရိုးရိုး l’homme လိုပျင်းဖို့မကောင်းပဲတော်တော်လေးပိုပြီးစိတ်ဝင်စားဖို့ကောင်းသွားတယ်လို့ပြောရမယ်။ ဆိုတော့.... Prada intense မှာဘာတွေထူးခြားသွားလဲဆိုရင် Dark ဖြစ်တဲ့Leather note တွေ Patchouli noteတွေပါလာပြီး Performance ပိုင်းမှာလဲသိသိသာသာPowerful ဖြစ်လာပါတယ်။ Dark ဖြစ်တယ်လို့ခံစားရပေမယ့် တချိန်တည်းမှာပဲprada ရဲ့ထုံးစံအတိုင်းluxury အရမ်းဖြစ်တယ့်ခံစားမူ့မျိုးရတယ်။သူ့အနံ့ကိုရရချင်းမှာ တခန်းလုံးဆေးအနက်ရောင်သုတ်ထားတဲ့5star hotal roomထဲဝင်ဝင်ချင်းရမယ့်အနံ့မျိုးကိုသွားသတိရစေတယ်။အဲ့လောက်ကိုသူ့smellက rich ဖြစ်တယ်။ ပြီးတော့... လေထဲမှာရတဲ့ကိုယ့်ရဲ့ရနံ့က ပိုပြီးတော့မိုက်တယ်လို့လဲပြောကြပါတယ်။ကိုယ်ဖြတ်သွားလိုက်တဲ့နေရာနားကလူတွေကတော့ကိုယ့်အနံ့ကိုစိတ်ဝင်စားပြီးကျန်ခဲ့မှာအသေချာပါပဲ။
ဆွတ်ဆွတ်လိုက်ချင်းမှာရမယ့်အနံ့က iris ရဲ့နူတ်ခမ်းနီဆန်ဆန်vibeကိုမှ Clean & fresh ဖြစ်ပြီး စျေးကြိးတယ့်နှုတ်ခမ်းနီအနံ့မျိုးသွားတယ်။ နောက်ကနေလိုက်လာတဲ့ Leather.Patchouli noteတွေကလုံးဝကို dark & masculine ဖြစ်ပီးအထာကျနေမှာ။ Drydown မှာပါလာတဲ့ Tonkabean အနံ့ကလုံးဝနွေးထွေးနေတာ Leather နဲ့ Tonka တို့ပေါင်းပြီး leather နံ့ကိုမှsmooth & sweet feeling လေးပေးပါတယ်။
အခုလိုဆောင်းအေးအေး ညနေလေးမှာ coffee ဆိုင်ထိုင်တဲ့အချိန်မျိုးတွေဆိုဆွတ်လို့သိပ်ကောင်းတယ်။ ပြီးတော့ Dinner ပွဲမှာပဲဖြစ်ဖြစ်၊wedding ပွဲပဲတက်တက် ဒါမှမဟုတ် ကိုယ့်ရဲ့wedding မှာဆွတ်ရင်လည်းအရမ်းလိုက်ဖက်မယ့်အနံ့ပဲ။လူကြားထဲမှာကိုယ့်ရဲ့အနံ့က အဆင့်အတန်းတခုမှာရှိနေပြီး standard ရှိတဲ့vibeကိုရနေမှာပါ။ ကောင်းကောင်းမွန်မွန်ဝတ်စားသွားရမယ့်နေရာတွေအားလုံးလဲ match ဖြစ်ပါတယ်။သူက ထသွားထလာ casual နဲ့ဘယ်လိုမှမလိုက်ဖက်တဲ့အနံ့လို့ပြောလို့ရတယ် ။သူကနွေရာသီနေပူထဲတိုက်ရိုက်သွားရမယ့်အချိန်တွေမဆွတ်သင့်တာကလွဲရင်ကျန်တဲ့ရာသီဥတုအချိန်တော်တော်များများမှာဆွတ်လို့ရနိုင်ပါတယ်။အရမ်းအေးနေမှဆွတ်လို့ရမယ့် typeမျိုးတော့မဟုတ်ဘူး။ တခုထပ်သတိပေးချင်တာက သပ်သပ်ရပ်ရပ်ဝတ်စားထားဖို့တော့ မမေ့ပါနဲ့။မဟုတ်ရင်လူနဲ့ရေမွှေး သပ်သပ်စီဖြစ်နေပါလိမ့်မယ်။
Performance ပိုင်းဆိုရင်9-10hours လောက် skinပေါ်မှာရှိနေမှာဖြစ်ပြီး အဝတ်ပေါ်မှာဆိုရင်​တော့ 3-4days အသာလေးပဲ။Projection ကလဲတော်တော်လေးstrong ဖြစ်ပါတယ်။ Lipstick အနံ့ Leather အနံ့တွေပါလို့ချိုအီပြိးမူးသွားမယ့်အနံ့လို့မထင်နဲ့နော် စွတ်ပီး 1hrလောက်အကြာမှာ လုံးဝ သန့်ပြန့်နေတဲ့ဘဲတပွေဖစ်သွားမယ့်အနံ့ပါ။

ကဲသခင်ကြီး Topson 🇫🇮 ကတော့ ကောလာဟလတွေအတိုင်း Tundra ကို တရားဝင် ရောက်သွားပြီ ဖြစ်ပါတယ်။လက်ရှိ TI ချန်ပီယံကို TI (2) ဆုရှ...
07/09/2023

ကဲ
သခင်ကြီး Topson 🇫🇮 ကတော့ ကောလာဟလတွေအတိုင်း Tundra ကို တရားဝင် ရောက်သွားပြီ ဖြစ်ပါတယ်။

လက်ရှိ TI ချန်ပီယံကို TI (2) ဆုရှင်ကြီး ရောက်ရှိလာတာဖြစ်ပါတယ်။ ဒီနှစ် TI12 OG ရော Secret ရော ပုံမှန်မပါ​နေကျ Nigma ရော မပါတဲ့အတွက် ဘယ်အသင်းအားပေးရမှန်းမသိ ကြောင်ပျောက်နေတဲ့ ပရိသတ်တွေ Tundra ကို စတင်အားပေးလို့ ရပါပြီ။

အချိန်တန်ရင် ဘယ်သူကဘာဆိုတာ ထင်းကနဲပေါ်လာတာပဲ မိတ်ဆွေတို့ :3
28/08/2023

အချိန်တန်ရင် ဘယ်သူကဘာဆိုတာ ထင်းကနဲပေါ်လာတာပဲ မိတ်ဆွေတို့ :3



ငယ်ငယ်က ဆံပင်ညှပ်ဆိုင် သို့မဟုတ် Hermes H24သူ့အနံ့က လုံးဝဆံပင်ညှပ်ဆိုင်ရောက်သွားသလိုပဲ စက်ကပ်ကြေးကြိးတွေကရတဲ့သံအနံ့ရယ် ဆ...
17/08/2023

ငယ်ငယ်က ဆံပင်ညှပ်ဆိုင် သို့မဟုတ် Hermes H24
သူ့အနံ့က လုံးဝဆံပင်ညှပ်ဆိုင်ရောက်သွားသလိုပဲ စက်ကပ်ကြေးကြိးတွေကရတဲ့သံအနံ့ရယ် ဆံပင်ညှပ်ပြီးရင်အစအနတွေခါရင် သုံးတဲ့ဖော့တုံးအနံ့ရယ် ဖော့တုံးပေါ်ဖြူးတဲ့ပေါင်ဒါအနံ့ရယ်...တကယ့်ကို metallic ဖြစ်ပြိး Gentleman ဆန်တဲ့အနံ......
First note မှာ Lavender နဲ့ အခြား နည်းနည်း sweetဖစ်နဲ့ note တစ်မျိုးရတယ်..
၁မိနစ်လောက်အကြာမှာ metal note တွေ နဲ့ အခြား green ဖစ်တဲ့အနံ့ရယ် floral note ပါးပါးလေးရယ်ပေါ်လာပြိး smooth ဖစ်လာတယ်
နာရီဝက်လောက်အကြာ drydown မှာတော့ amber note နဲ့ အခြား woody ခပ်ပါးပါးလေးလိုက်လာပြိး ခပ်နွေးနွေးခပ်သန့်သန့်နဲ့ Powdery ဆန်ဆန်လေးနဲ့ငြိမ်သွားတယ်..metal note ကတော့ စလယ်ဆုံး လုံးဝကျမသွားဘူး...Modern ဆန်တဲ့ Gentleman style မျိုးသွားတယ်..ပေါင်ဒါနံ့ဆိုလို့ ထုံထုဲအီအီကြိးမထင်လိုက်နဲ့ ကြိုက်တဲ့ရာသီ ကြိုက်တဲ့နေရာဆွတ်လို့အဆင်ပြေတယ်..
fully Fresh & Clean type မဟုတ်ပေမယ့် အချိန်မရွေးဆွတ်လို့အဆင်ပြေတယ် ဆံပင်ညှပ်ဆိုင်ထဲရောက်နေသလိုvibeမျိူးပေးတယ်။
Longavity -8hr
Projection -4hr
Performance -7/10

5သိန်းကျော်ပေးဆွတ်မယ့်အစား ဟာဘယ်လင်းနဲ့ရေချိုးကြမယ်: 3
10/08/2023

5သိန်းကျော်ပေးဆွတ်မယ့်အစား ဟာဘယ်လင်းနဲ့ရေချိုးကြမယ်: 3

Stable မဖြစ်တဲ့ RB player နှစ်ယောက်အကျဘက်ရောက်နေတဲ့ RCB အသင်းနဲ့အသားမကျသေးတဲ့ နံပါတ် ၇ နဲ့ခေါ်ထားတဲ့ Striker လေးဒဏ်ရာရနေ...
06/08/2023

Stable မဖြစ်တဲ့ RB player နှစ်ယောက်
အကျဘက်ရောက်နေတဲ့ RCB
အသင်းနဲ့အသားမကျသေးတဲ့ နံပါတ် ၇ နဲ့
ခေါ်ထားတဲ့ Striker လေးဒဏ်ရာရနေဆဲဖြစ်သော်ငြား
တိုးတက်မှုတွေ ချို့ယွင်းချက်တွေများစွာနဲ့
လူကြီးမင်းတို့ရဲ့မန်ယူနိုက်တက်
Vs
ဖြတ်မျဉ်း Athletic တို့ ခြေစမ်းပွဲလေး
ကိုးခွဲပါ။

'sVlog


အိမ်စာတွေ ခိုးလုပ်ခဲ့တုန်းကပေါ့: 3
06/08/2023

အိမ်စာတွေ ခိုးလုပ်ခဲ့တုန်းကပေါ့: 3

Scent of the dayPrada L'Homme IntenseUpscale Elegance Gentlemen vipe..ခုတလော တော်တော်လေးအေးလာလို့ ဒီကောင်လေးထုတ်စွတ်ဖစ်တ...
03/08/2023

Scent of the day
Prada L'Homme Intense
Upscale Elegance Gentlemen vipe..

ခုတလော တော်တော်လေးအေးလာလို့ ဒီကောင်လေးထုတ်စွတ်ဖစ်တယ်..Prada ရဲ့ DNAကိုက တကယ် Luxury ဖစ်တယ်..office king ဖစ်တဲ့original l’homme ရဲ့clean & soapy ဖြစ်တဲ့အနံ့ကိုမှ ပိုပြီးအထက်တန်းကျအောင် rich ပိုဖြစ်အောင်ဖန်တီးထားတယ်။ ရိုးရိုး l’homme လိုပျင်းဖို့မကောင်းပဲတော်တော်လေးပိုပြီးစိတ်ဝင်စားဖို့ကောင်းသွားတယ်လို့ပြောရမယ်။ ဆိုတော့.... Prada intense မှာဘာတွေထူးခြားသွားလဲဆိုရင် Dark ဖြစ်တဲ့Leather note တွေ Patchouli noteတွေပါလာပြီး Performance ပိုင်းမှာလဲသိသိသာသာPowerful ဖြစ်လာပါတယ်။ Dark ဖြစ်တယ်လို့ခံစားရပေမယ့် တချိန်တည်းမှာပဲprada ရဲ့ထုံးစံအတိုင်းluxury အရမ်းဖြစ်တယ့်ခံစားမူ့မျိုးရတယ်။သူ့အနံ့ကိုရရချင်းမှာ တခန်းလုံးဆေးအနက်ရောင်သုတ်ထားတဲ့5star hotal roomထဲဝင်ဝင်ချင်းရမယ့်အနံ့မျိုးကိုသွားသတိရစေတယ်။အဲ့လောက်ကိုသူ့smellက rich ဖြစ်တယ်။ ပြီးတော့... လေထဲမှာရတဲ့ကိုယ့်ရဲ့ရနံ့က ပိုပြီးတော့မိုက်တယ်လို့လဲပြောကြပါတယ်။ကိုယ်ဖြတ်သွားလိုက်တဲ့နေရာနားကလူတွေကတော့ကိုယ့်အနံ့ကိုစိတ်ဝင်စားပြီးကျန်ခဲ့မှာအသေချာပါပဲ။
ဆွတ်ဆွတ်လိုက်ချင်းမှာရမယ့်အနံ့က iris ရဲ့နူတ်ခမ်းနီဆန်ဆန်vibeကိုမှ Clean & fresh ဖြစ်ပြီး စျေးကြိးတယ့်နှုတ်ခမ်းနီအနံ့မျိုးသွားတယ်။ နောက်ကနေလိုက်လာတဲ့ Leather.Patchouli noteတွေကလုံးဝကို dark & masculine ဖြစ်ပီးအထာကျနေမှာ။ Drydown မှာပါလာတဲ့ Tonkabean အနံ့ကလုံးဝနွေးထွေးနေတာ Leather နဲ့ Tonka တို့ပေါင်းပြီး leather နံ့ကိုမှsmooth & sweet feeling လေးပေးပါတယ်။
အခုလိုဆောင်းအေးအေး ညနေလေးမှာ coffee ဆိုင်ထိုင်တဲ့အချိန်မျိုးတွေဆိုဆွတ်လို့သိပ်ကောင်းတယ်။ ပြီးတော့ Dinner ပွဲမှာပဲဖြစ်ဖြစ်၊wedding ပွဲပဲတက်တက် ဒါမှမဟုတ် ကိုယ့်ရဲ့wedding မှာဆွတ်ရင်လည်းအရမ်းလိုက်ဖက်မယ့်အနံ့ပဲ။လူကြားထဲမှာကိုယ့်ရဲ့အနံ့က အဆင့်အတန်းတခုမှာရှိနေပြီး standard ရှိတဲ့vibeကိုရနေမှာပါ။ ကောင်းကောင်းမွန်မွန်ဝတ်စားသွားရမယ့်နေရာတွေအားလုံးလဲ match ဖြစ်ပါတယ်။သူက ထသွားထလာ casual နဲ့ဘယ်လိုမှမလိုက်ဖက်တဲ့အနံ့လို့ပြောလို့ရတယ် ။သူကနွေရာသီနေပူထဲတိုက်ရိုက်သွားရမယ့်အချိန်တွေမဆွတ်သင့်တာကလွဲရင်ကျန်တဲ့ရာသီဥတုအချိန်တော်တော်များများမှာဆွတ်လို့ရနိုင်ပါတယ်။အရမ်းအေးနေမှဆွတ်လို့ရမယ့် typeမျိုးတော့မဟုတ်ဘူး။ တခုထပ်သတိပေးချင်တာက သပ်သပ်ရပ်ရပ်ဝတ်စားထားဖို့တော့ မမေ့ပါနဲ့။မဟုတ်ရင်လူနဲ့ရေမွှေး သပ်သပ်စီဖြစ်နေပါလိမ့်မယ်။
Performance ပိုင်းဆိုရင်9-10hours လောက် skinပေါ်မှာရှိနေမှာဖြစ်ပြီး အဝတ်ပေါ်မှာဆိုရင်​တော့ 3-4days အသာလေးပဲ။Projection ကလဲတော်တော်လေးstrong ဖြစ်ပါတယ်။ Lipstick အနံ့ Leather အနံ့တွေပါလို့ချိုအီပြိးမူးသွားမယ့်အနံ့လို့မထင်နဲ့နော် စွတ်ပီး 1hrလောက်အကြာမှာ လုံးဝ သန့်ပြန့်နေတဲ့ဘဲတပွေဖစ်သွားမယ့်အနံ့ပါ။

Decant နဲ့ပတ်သတ်တဲ့ကျွန်တော့်ကိုယ်ပိုင်အမြင်တချို့Decant bottle ဆိုတာက ပုလင်းကြီးတွေထဲကနေ အပ်နဲ့ဖြစ်စေ၊ ဖြန်းထည့်ပြီးဖြစ...
02/08/2023

Decant နဲ့ပတ်သတ်တဲ့ကျွန်တော့်ကိုယ်ပိုင်အမြင်တချို့

Decant bottle ဆိုတာက ပုလင်းကြီးတွေထဲကနေ အပ်နဲ့ဖြစ်စေ၊ ဖြန်းထည့်ပြီးဖြစ်စေ ခွဲထည့်ထားတဲ့ ပုလင်းအသေးလေးတွေကို ဆိုလိုတာပါ။ ပုံစံအရပြောရရင် ပုံထဲကအတိုင်း Elysium ပုလင်းကြီးထဲကနေ 10 ml, 5 ml, 3 ml စသဖြင့် ခွဲထည့်လိုက်တဲ့ ပုံပေါ့။ တခြား 2 ml, 30 ml စသဖြင့်လည်း ရှိပါသေးတယ်။ 30 ml ကတော့ ပုလင်းကြီးပုံစံတူလေးတွေလည်း လာတတ်တယ်။ Decant အကြောင်း ရှင်းပြတာနဲ့ ဘယ်လိုခွဲထည့်တာလဲဆိုတာက တော်တော်များများလည်း သိပြီးသားမို့ တကယ့်မေးခွန်းဆီပဲ သွားလိုက်ရအောင်။ အသုံးပြုပုံက ၃ မျိုးလောက် သုံးကြမယ်ထင်ပါတယ်။

• (၁) ပုလင်းကြီး မဝယ်ခင် အနံ့စမ်းချင်လို့။

• (၂) အနံ့အစုံသုံးချင်လို့ ၊ ပြောင်းသုံးချင်လို့။

• (၃) Decant & miniature စုရတာ သဘောကျလို့။

ဒီထဲမှာ Decant နဲ့ ပတ်သက်ရင်တော့ (၁) နဲ့ (၂) က ပိုများပါတယ်။ Miniature နဲ့ ပတ်သက်ရင်က perfume mini တွေကို ပိုသဘောကျတတ်ကြတာကိုး။ ကျွန်တော်ကိုယ်တိုင်လည်း (၁) ၊ (၂) သမားဖြစ်တာကြောင့် (၁) ၊ (၂) အတွက်ကို ဦးတည်ရေးပါမယ်။

Decant bottles တွေ ဝယ်သုံးရတာ တန်ရဲ့လား?

တချို့ဆိုင်တွေက ဈေးကြီးတယ်၊ တချို့ကတော့ အရင်းလောက်ပဲ စသဖြင့်ပေါ့။ ဒါပေမယ့် ရောင်းသူတွေဘက်မှာလည်း packaging ဖိုးတွေ၊ အချိန်ပေးရတာတွေ၊ marketing ဖိုးတွေ စသဖြင့်ရှိတော့ အမြတ်ကတော့ ယူကြပါလိမ့်မယ်။ အပြင် Decant ဆိုင်တွေဆို စမ်းတာအတွက်ပါ ခံရတာတွေ ရှိပါတယ်။ ဒီတော့ အရမ်းတော့ အပြစ်မတင်စေလိုပါဘူး။ ဒါပေမယ့် ပုလင်းကြီးရဲ့ ၂ ဆ လောက် တင်နေရင်တော့ အဆင်မပြေဘူးပေါ့။ နောက်တစ်ခုက Decant သဘာဝအရ ပုလင်းကြီးက Budget ပုလင်း ( စျေးနှုန်း ၁ သိန်းအောက် ) ဖြစ်နေရင်တော့ သိပ်မတန်တတ်ပါဘူး။ အကြောင်းရင်းက Decant ဖိုးက တစ်ဝက်လောက်ပါနေတဲ့ အတွက်ကြောင့်ပါ။ ပုလင်းတန်ဖိုးကြီးရင်တော့ Decant ဖိုးက မသိသာတော့ဘူးပေါ့။

ဒါဆို ဝယ်သင့်ရဲ့လား ... ?

ဝယ်သင့်ရဲ့လားမှာတော့ အသုံးဝင်မှုအပိုင်းနဲ့ ကျွန်တော့်အထင်အမြင်ဆိုပြီး နှစ်ပိုင်းပြောပါမယ်ဗျ။ Theory အရ ဆိုရင်တော့ ဝယ်သင့်တာပေါ့။ ဘာလို့လဲဆိုတော့ ပုလင်းကြီးမဝယ်ခင် အနံ့လေးအရင်စမ်းတော့ အဝယ်မှားတာမဖြစ်တော့ဘူးပေါ့။ ဒါက ပုံမှန် user တွေအတွက် အဆင်ပြေပေမယ့် collector တွေအတွက်ကျ အနည်းငယ် ပြဿနာ တက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန် user တွေက ၃ လလောက်မှ တစ်ပုလင်းဝယ်ဖို့ decant တစ်ခါစမ်းပေမယ့် နိုင်သလောက် ပုလင်းများများစုချင်တဲ့ collector တွေ၊ အနံ့စုံသမျှ စမ်းချင်တဲ့ scent explorer တွေအတွက်ကျ ကြာတဲ့အခါ decant ဖိုးက ပုလင်းကြီးတွေတန်ဖိုးထက် များကုန်တာမျိုးပေါ့။ ပြီးတော့ ပုလင်းကြီးတွေက ဈေးလျှော့ထုတ်ရင်ရပေမယ့် decant တွေကျ ပိုရင် ပြန်ထုတ်ရခက်တတ်ပါတယ်။ ဒီတော့ ဝယ်သင့်ရဲ့လားဆိုရင် ဝယ်သင့်ပေမယ့် ရေရှည်အတွက်ဆို ဒီမှာက အပြင်မှာ စမ်းလို့ရတဲ့နေရာနည်းပါးတာကြောင့် Budget အရမ်းထိပါတယ်။ ဒီတော့ ကျွန်တော့်အမြင်နဲ့ အကြံပြုချင်တာကတော့ **available size & community** ပါ။

အဓိက ဒီစာရဲ့ ရည်ရွယ်ချက်ကလည်း ဒီနေရာမှစမှာပါ။

Available size - ဒီမှာဆိုရင် များသောအားဖြင့် ရတာက 3 ml, 5 ml, 10 ml တွေ ရတတ်ပါတယ်။ 3 ml က အနံ့စမိးဖို့၊ 5 ml နဲ့ 10 ml က user တွေအတွက်ပေါ့။ နောက်ပိုင်း တကယ့် decant user တွေအတွက် 30 ml တွေပါ ခေတ်စားလာတာလည်း တွေ့ရပါတယ်။ ဆိုတော့ Decant တွေက user တွေအတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် အနံ့တွေ အစုံ တစ်လမှာ ၅ မျိုးလောက် စမ်းချင်တဲ့ scent explorer တွေအတွက်က 3 ml တစ်ပုလင်း ၂သောင်း နဲ့ ဆိုရင်တောင် ၅ ပုလင်း ၁ သိန်းဖြစ်နေပြန်ရော။ ဒါက deli ခ မပါသေးဘူး။ Budget ပုလင်းတွေအတွက်က ဟုတ်ပေမယ့် Le labo တို့လို့ niche တွေကျ decant တစ်ခါစမ်းပြီးရင် ပိုက်ဆံက ဖြုတ်ခနဲပဲ။ ကျွန်တော်ဆို decant ကို တစ်ခါတစ်လေမှ စမ်းဖြစ်ပြီး Blind buy မကြိုက်ရင် ပြန်ထုတ်လုပ်နေရတယ်။ ဆိုတော့ 30 ml တွေ user တွေအတွက် တိုးချဲ့လာသလို 1.5 ml, 2 ml စသဖြင့် sample size လေးတွေကိုလည်း ရှိစေချင်ပါတယ်။ ဒီမှာက ပြည်ပမှာလို sample တွေအစုံရှာဖို့ ခက်တဲ့အပြင် အတုတွေကလည်းပေါ၊ သွားစမ်းလို့ရတဲ့ နေရာတွေလည်း နည်းတာကြောင့် 1.5 ml, 2 ml စသဖြင့် ၂ ခါ ၃ ခါ သုံးလောက်လေးတွေ ထုတ်ပေးရင် တကယ်ကို အသုံးဝင်မှာပါ။ ml နည်းရင် အလုပ်ရှုပ်နိုင်တာနားလည်ပေမယ့် တစ်ခါဝင်ရင် ၃ ပုလင်းတွဲ စသဖြင့် စီစဉ်ပေးရင် အတော်အဆင်ပြေလောက်ပါတယ်။ ကျွန်တော့်မှာဆိုရင် 3 ml ကို တစ်ဝက်လောက် အရည်ကျန်တာတွေ ပုလင်း ၁၀၀ ကျော်လောက်ရှိပါတယ်။ ဆိုတော့ တွက်သာကြည့်တာ့။ ဒီတော့ ပထမတစ်ချက်ကတော့ sample size လေးတွေ တစ်လတစ်ခါလောက်ဖြစ်ဖြစ် ထုတ်ပေးစေချင်တာပါ။

Community - နောက်တစ်ချက်ကတော့ fragrance community အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်တဲ့အခါ decant ဖလှယ်တာမျိုးလေးတွေတို့၊ Group ထဲမှာ decant swap ကြတာတို့ စတာလေးတွေနဲ့သာဆိုရင် အတော်လေး Budget save ပြီး ရင်းနှီးမှုလည်း တိုးစေပါလိမ့်မယ်။ ဒီတော့ Decant bottle တွေ ဝယ်သင့်လား၊ တန်လားဆိုတာကတော့ ကိုယ့်အပေါ်ပဲ မူတည်တာပေါ့။ Decant culture ဆိုတာ အလွန်အသုံးဝင်ပြီး တကယ်ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရကတော့ sample size လေးတွေ grow ဖြစ်လာပြီး community မှာ တစ်ယောက်နဲ့ တစ်ယောက်ဖလှယ်ကြရင်တော့ ပိုပြီးတော့ decant ဓလေ့လေးက ပျော်ဖို့ကောင်းလာမယ်ထင်ပါတယ်။ မွှေးရနံ့တွေနဲ့အတူ သင်းပျံ့ကြပါစေဗျား။



01/08/2023

Our page will make various kinds of contents that can make you fun and entertain

ကျွန်တော်တို့ ပေ့ချ်ဟာဆိုရင်တော့ဖြင့် ကိုယ့်လူတို့ကို ပျော်အောင်ဖျော်ပေးနိုင်မယ့်ပေါက်တက်ကရပေါင်းစုံကိုတင်ပေးသွားမှာဖြစ်ပါတယ်။

Address

404 Street
Bago
08011

Telephone

+959971931777

Website

Alerts

Be the first to know and let us send you an email when Gent's Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gent's Vlog:

Videos

Share


Other Digital creator in Bago

Show All