ဓာတုဆရာလေး

ဓာတုဆရာလေး တိမ်တွေတောင်တွေနှင့် ခရီးသည်

စာသင်နှစ်လည်း တစ်နှစ်ပြီးတော့မယ် ဆိုတော့ဆရာ့ video လေးတွေပဲ ဖွင့်ပြထားပြီး Revision ပြန်မလို့ ဆိုပြီးအခုတလော OTG stick န...
09/12/2024

စာသင်နှစ်လည်း တစ်နှစ်ပြီးတော့မယ် ဆိုတော့
ဆရာ့ video လေးတွေပဲ ဖွင့်ပြထားပြီး Revision ပြန်မလို့ ဆိုပြီး
အခုတလော OTG stick နဲ့ Telegram gp လေးတွေ အဝယ်များကြပါတယ်

စိတ်ကူးမပေါ်သေးတဲ့သူတွေလည်း ပေါ်ရလေအောင်
သတိပေး တင်ပြခြင်း ဖြစ်ပါတယ်

#ဓာတုဆရာလေး
09965345760

ဆရာစိုင်း (ပညာမီးအိမ်) ရဲ့ Grade 12 Chemistry (Objective) စာအုပ်လေးလက်ဆောင် ရရှိခဲ့ပါပြီ ခင်ဗျာObjective စာအုပ် ဆိုတော့ ...
08/12/2024

ဆရာစိုင်း (ပညာမီးအိမ်) ရဲ့
Grade 12 Chemistry (Objective) စာအုပ်လေး

လက်ဆောင် ရရှိခဲ့ပါပြီ ခင်ဗျာ

Objective စာအုပ် ဆိုတော့
တစ်မှတ်တန်မေးခွန်းနဲဲ့အဖြေတွေပါမှာပေါ့ လို့ တွေးထားခဲ့တာ

Objective မေးခွန်းနဲ့အဖြေတွေအများကြီးပါဝင်တဲ့အပြင်
တစ်မှတ်တန်အတွက် note တွေကိုပါ ထည့်ပေးထားတော့

ဝယ်ယူအားပေးတဲ့သူတွေအဖို့
ပိုက်ဆံလေး ၇၀၀၀ နဲ့ ဆရာ့ဦးနှောက်ကို ဖောက်စားရမှာ
"အား"တောင်"နာ"ချင်စရာ

မနေ့က ဆရာဦးသူရ , ဒီနေ့ ဆရာစိုင်း(ပညာမီးအိမ်)
တကယ့်ကိုပညာတွေကိုဆရာစားမချန် စေတနာအပြည့်နဲ့ ထည့်ပေးထားတဲ့ စာအုပ်တွေရေးပေးနိုင်ကြတာ

လေးစားအားကျပြီးအတုယူစရာပါ

ဒီလိုအကိုဆရာတွေကိုအတုယူပြီးကြိုးစားရင်းနဲ့ပဲ တိုးတက်မှုကို ဆက်လက်ရှာဖွေရဦးမှာ
#ဓာတုဆရာလေး

ဆရာဦးသူရ ရဲ့ Organic Chemistry (12 Days' Revision Plan) စာအုပ်လေးလက်ဆောင် ရရှိခဲ့ပါပြီ ခင်ဗျာ"လက်ဆောင်ပေးမယ် လိပ်စာပေးပါ...
07/12/2024

ဆရာဦးသူရ ရဲ့
Organic Chemistry (12 Days' Revision Plan) စာအုပ်လေး

လက်ဆောင် ရရှိခဲ့ပါပြီ ခင်ဗျာ

"လက်ဆောင်ပေးမယ် လိပ်စာပေးပါ" ဆိုကတည်းက
"ကျွန်တော်တော့ ဆရာ့စာအုပ်ထဲက တုစုပြုစရာတွေ
ယူရမယ့်ပညာတွေ ရှာယူဦးမှာနော်" ဆိုတော့

"ယူပါ ဆရာ၊ အကုန်ယူပါ" တဲ့

အသစ်အဆန်းတွေနဲ့ အမြဲရှေ့ကဦးဆောင်လမ်းဖောက်ပေးတတ်ပြီး
နောက်လူတွေအပေါ် စေတနာနဲ့လမ်းပြပေးတဲ့ Idol ကြီး
😍😍😍😍😍

ဒီထက်မကအောင်မြင်ပါစေ ဆရာ

အသစ်အသစ်တွေလည်း အမြဲဆက်လက်ဖန်တီးပေးဖို့ ဓာတုဗေဒချစ်သူများ ကိုယ်စား တောင်းဆိုလိုက်ပါတယ် ဆရာ

ချစ်ခင်လေးစားအားကျအတုယူလျှက်
#ဓာတုဆရာလေး

Grade 12 Chapter 7 & 8 စာအုပ်လေးတွေမန္တလေးမြို့ - ဆရာ ဖြိုးမင်းဇော်https://www.facebook.com/iphyominzaw?mibextid=ZbWKwLပ...
03/12/2024

Grade 12 Chapter 7 & 8 စာအုပ်လေးတွေ

မန္တလေးမြို့ - ဆရာ ဖြိုးမင်းဇော်
https://www.facebook.com/iphyominzaw?mibextid=ZbWKwL

ပုသိမ်မြို့ - ဆရာ ချစ်သောမောင်
https://www.facebook.com/danielhtet25?mibextid=ZbWKwL

တို့မှာ

ဝယ်ယူရရှိနိုင်ပါပြီ ခင်ဗျာ

မိတ္ထီလာ နဲ့ အနီးတဝိုက်မှာတော့
ကျွန်တော့်ဆီမှာ (အနည်းငယ်မျှ) ရနိုင်ပါတယ် ခင်ဗျာ

#ဓာတုဆရာလေး
09965345760

Chapter 7 + 8သူ့အချိန်အခါရာသီလေးကိုတော့ ရောက်လာခဲ့ပါပြီOrganic ရာသီလေးပေါ့ကျွန်တော့်စာအုပ်လေးရဲ့ နောက်ဆုံးမှာ Chapter 8 ...
10/11/2024

Chapter 7 + 8

သူ့အချိန်အခါရာသီလေးကိုတော့ ရောက်လာခဲ့ပါပြီ

Organic ရာသီလေးပေါ့

ကျွန်တော့်စာအုပ်လေးရဲ့ နောက်ဆုံးမှာ
Chapter 8 အတွက်
ပြဌာန်းမေးခွန်းပြင်ပ လေ့ကျင့်စရာအနေနဲ့
Additional Exercises 35 ပုဒ်ကို ရေးထားပေးပါတယ်

အခုတလော
ကျွန်တော့်ရဲ့ messenger နဲ့ telegram တို့မှာ
ဒါလေးတွေကိုပဲ မေးမြန်းကြဆွေးနွေးကြ နဲ့ မို့
လိုင်းဖွင့်လိုက်တိုင်း လက်မအားရအောင် ပြန်ဖြေပေးနေရပါတယ်

ဘာဖြစ်လို့ မေးခွန်း ၃၅ ပုဒ်ရေးပြီး
အဖြေတော့ ထည့်မပေးထားရတာပါလဲ

ဘာကြောင့်မို့ အပင်ပန်းခံပြီး
တစ်ယောက်ချင်းစီကို ပြန်ပြီး ဆွေးနွေးဖြေကြားပေးနေပါသလဲ

ကျွန်တော့်စာအုပ်လေးမှာ
Organic chemistry နဲ့ Environmental chemistry ကို နားလည်သဘောပေါက်အောင်
ကျွန်တော် တတ်သလောက် မှတ်သလောက်နဲ့ ကြိုးစားရေးသားထားပါတယ်

ဒီစာအုပ်ကို ဖတ်ရှုအပြီးမှာ
additional exercises များကို မိမိဘာသာ ဖြေနိုင်စေလိုပါတယ်
မိမိတတ်သလောက် ခြစ်ကုတ်ပြီး တွေးစေ ဖြေစေချင်ပါတယ်

ဒါကြောင့် အဖြေတွေ မရေးပေးပါ
အဖြေတောင်းရင်လည်း မပေးပါ

စာဖတ်သူက ဖြေပြပြီးမှသာ
ကျွန်တော့်ဘက်က ပြန်ပြီးဆွေးနွေးပေးပါတယ်
အဲလို ဆွေးနွေးကြပြီးမှ
ကျွန်တော့်ရဲ့အဖြေကို ပြန်ပို့ပေးပါတယ်

ဒီလိုလုပ်ရတာကိုပဲ ကျွန်တော့်စိတ်ထဲပျော်မိလို့ပါ
#ဓာတုဆရာလေး

ကျွန်တော်ကိုယ်တိုင်ရေးသော တစ်မှတ်တန်များ ဆိုပြီးpost လေးတွေ တင်ထားဖူးပါတယ်အဲ့ဒီမှာ Chapter 2 အတွက် တွက်စာလေးတွေ ပါသွားတာ...
08/11/2024

ကျွန်တော်ကိုယ်တိုင်ရေးသော တစ်မှတ်တန်များ ဆိုပြီး
post လေးတွေ တင်ထားဖူးပါတယ်

အဲ့ဒီမှာ Chapter 2 အတွက် တွက်စာလေးတွေ ပါသွားတာမှာ
ဆရာမတစ်ယောက်က No.4 နဲ့ No.6 ကို တွက်ပြပေးပါဆိုလို့

ဒီနေ့ အနားယူရင်း အပျင်းပြေ တွက်ပြီး
ဆရာမကိုလည်း ပို့ပေးရင် အားလုံးလည်း လေ့လာရအောင် post တင်လိုက်ပါတယ်

လိုအပ်တာလေးတွေရှိရင်လည်း
ထောက်ပြဝေဖန်ပေးကြပါဦး ခင်ဗျာ

#ဓာတုဆရာလေး

လေ့ကျင့်ဖြေဆိုရန်အတွက် စိတ်ဝင်စားကြသူတော်တော်များတာကြောင့်တစ်ဦးချင်းစီကိုမပို့တော့ဘဲPost တစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ် ခင...
27/10/2024

လေ့ကျင့်ဖြေဆိုရန်အတွက် စိတ်ဝင်စားကြသူ
တော်တော်များတာကြောင့်

တစ်ဦးချင်းစီကိုမပို့တော့ဘဲ
Post တစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ် ခင်ဗျာ

ကျေးဇူးပြု၍
လိုအပ်ချက်များကိုလည်း ဆွေးနွေးဝေဖန်ပေးပါ ခင်ဗျာ

အောက်ပါ Link များမှ လည်း
download ရယူနိုင်ပါတယ် ခင်ဗျာ

မေးခွန်း
*******
https://drive.google.com/file/d/1s1tfueTgNHPSFWlSW80StKSXqn_bC1nG/view?usp=sharing

အဖြေ
*******
https://drive.google.com/file/d/1lFk3snQKAq3DuWIa-T0MZBgqcj7iOg4a/view?usp=sharing

#ဓာတုဆရာလေး

Edit 👉👉👉 အောက်က post မှာ ရပါပြီhttps://www.facebook.com/share/p/wkWMnp4rRNC4X94h/အကိုဆရာတစ်ဦးရဲ့ အလိုဆန္ဒအရGrade 12 Chap...
24/10/2024

Edit 👉👉👉 အောက်က post မှာ ရပါပြီ
https://www.facebook.com/share/p/wkWMnp4rRNC4X94h/
အကိုဆရာတစ်ဦးရဲ့ အလိုဆန္ဒအရ

Grade 12 Chapter 8 ရဲ့ 8.1
Ethers, Aldehydes and Ketones အပိုင်းကို

၃၂ မှတ် ဖိုး မေးခွန်းတစ်စောင်ဖြစ်လာပါတယ်

area သေးသေးလေးမှာ ၃၂ မှတ်ဖိုး ဆိုတော့
မေးကွက်အားလုံးစုံလုနီးပါး ဖြစ်သွားပါတယ်

Review + Exercises + မေးခွန်းဟောင်း နဲ့
ကျွန်တော်မြင်မိတဲ့မေးကွက်လေးတွေရော စုံစုံလင်လင်ပါပဲ

လေ့လာလိုသူ လေ့ကျင့်လိုသူများကို messenger မှ
မေးခွန်း နဲ့ အဖြေလေးတွေ ပို့ပေးပါမယ်

(messenger ဆီ တိုက်ရိုက်လာယူလည်း ရပါတယ်
ဒီ Post အောက် comment တစ်ခုခုထားခဲ့ရင်လည်း ရပါတယ် messenger ကို စာပို့ပေးပါ့မယ်)

အခုတော့ မရသေးပါဘူး နော်
မေးခွန်းရေးခိုင်းတဲ့ အကိုဆရာရဲ့ကျောင်းမှာ ဖြေပြီးမှ ပို့ပေးမှာပါ ခင်ဗျာ

#ဓာတုဆရာလေး

21/10/2024

Online (telegram gp) မှာ လေ့လာသူများအတွက်
ဘယ်လိုစီစဉ်ပေးထားလဲ

ဒီ video လေးနဲ့ အနည်းငယ်တင်ပေးလိုက်ပါတယ်
👇👇👇👇👇

တစ်ခန်းချင်းစီ ကျွန်တော့်ဆီမှ လေ့လာထားဖူးပြီးနှစ်သက်သဘောကျလို့ နောက်ထပ် ထပ်ယူတယ်ဆိုရင်ဝမ်းသာကျေနပ်မိစွာဖြင့်အရင်နှုန်းလေ...
21/10/2024

တစ်ခန်းချင်းစီ ကျွန်တော့်ဆီမှ လေ့လာထားဖူးပြီး
နှစ်သက်သဘောကျလို့ နောက်ထပ် ထပ်ယူတယ်ဆိုရင်

ဝမ်းသာကျေနပ်မိစွာဖြင့်
အရင်နှုန်းလေးတွေအတိုင်း မပြောင်းလဲဘဲ

ကျေးဇူးတုန့်ပြန်ပါသည်။ 😊😊😊

မိတ္ထီလာမြို့က ဒီဆိုင်မှာ ကျွန်တော့်စာအုပ်လေး ဝယ်လို့ရပါဦးမယ် ခင်ဗျာ🥰🥰🥰🥰🥰
11/10/2024

မိတ္ထီလာမြို့က ဒီဆိုင်မှာ
ကျွန်တော့်စာအုပ်လေး ဝယ်လို့ရပါဦးမယ် ခင်ဗျာ

🥰🥰🥰🥰🥰

28/09/2024

G12 textbook ရဲ့ page 12 အောက်ဆုံးစာပိုဒ်မှာ
အောက်ပါအတိုင်း ရေးထားပါတယ်

The lone pairs are localised on the central atom while each bonding pair is shared between two atoms.

lone pair က central atom အပေါ်မှာသာ ရှိနေပြီး
bonding pair က atom နှစ်ခုကြား မျှဝေထားတယ်ပေါ့

ဒါနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မှာ
မေးခွန်းတစ်ခု ဖန်တီးထားတာ တွေ့လိုက်မိပါတယ်

Fill in the blanks.
******************
The lone pairs of electrons are localised on the _______ atom.

Ans ; . . . . . . .
Textbook ကို ပြန်မကြည့်မီ
ကျွန်တော့်အဖြေက . . . single . . .

သူ့အဖြေကို ကြည့်လိုက်တော့ . . . central . . .

ဘယ်လိုဖြစ်တာလဲဟ ဆိုပြီး Textbook ယူကြည့်လိုက်မှ
အပေါ်မှာပြောခဲ့တဲ့စာကြောင်းကိုယူပြီး ကွက်လပ်ဖောက်ထားတာ ဖြစ်နေတယ်
ကျွန်တော်ကတော့
အထက်ပါမေးခွန်းမှာ central ဖြေတာကို လက်မခံပါဘူး
ဒါဆို Textbook က မှားနေတယ် လို့ ဆိုလိုချင်တာလား

အဲလိုလည်း မဟုတ်ပါဘူး . . .

Textbook မှာက အဆက်အစပ်နဲ့ရေးထားတာပါ
စာပိုဒ်က VSEPR theory ခေါင်းစဉ်ရဲ့အောက်မှာ

VSEPR theory အရ molecular shape သည်
"central atom အပေါ်မှာရှိတဲ့ electron pair တွေ"ကြောင့် ဖြစ်ပေါ်လာတယ် လို့
အပေါ်မှာ သူပြောထားတယ်

ဒါကြောင့်
VSEPR theory မှာက central atom ပေါ်မှာ ရှိတဲ့ကောင်တွေအကြောင်းပဲ ပြောမှာ

surrounding atom တွေအပေါ်မှာ lone pair ရှိနေလည်း
VSEPR theory မှာ ထည့်မစဉ်းစားဘူး

ဒါကြောင့်
(VSEPR theory မှာ) lone pair သည် central အပေါ်မှာပဲ ရှိ
bonding pair သည် atom နှစ်ခုကြားရှိ လို့ ပြောတာ

အခုမေးခွန်းမှာက
VSEPR theory အောက်မှာသာစဉ်းစားဖို့ မ​ပါတာမို့
lone pair သည် localised on single atom
bonding pair သည် shared between bonded atoms
ဒီလိုပဲ ဖြစ်ရပါလိမ့်မယ်
မေးခွန်းထုတ်တဲ့သူက စာအုပ်ရှေ့ချပြီး ကွက်လပ်ဖောက်လိုက်တာဆိုပေမယ့်
ကလေးတွေက စာအုပ်ရှေ့ချပြီးဖြေရမှာ မဟုတ်ဘူးနော်

Textbook မှာ ပါလို့မေးတာ Textbook အတိုင်းဖြေ လို့ ဆိုရင်လည်း
Textbook ကို အကုန်အလွတ်ကျက်ပြီး ဖြေမှရပါလိမ့်မယ်

ဒီလိုမေးခွန်းတွေက ဒီလိုစာအုပ်တွေထဲကနေ
နိုင်ငံတော်အဆင့်မေးခွန်းလွှာတွေပေါ် ရောက်ရောက်လာတတ်တော့
ဒီလိုမေးခွန်းတွေကိုပဲ မှန်မှန်မှားမှား အလွတ်ကျက်နေရတာ
ဓာတုဗေဒချစ်သူတစ်ယောက်အနေနဲ့ တော်တော်စိတ်မကောင်းစရာပါပဲ

ဒီလောက်တော့လည်း အလွယ်မလုပ်ကြပါနဲ့လား ခင်ဗျာ

#ဓာတုဆရာလေး
28.9.2024 (Saturday)

ခဏခဏတွေ့ရပြီးကျွန်တော် Reply ပြန်လေ့မရှိတဲ့ တောင်းဆိုမှုလေးတွေအားနာမိပါတယ် ခင်ဗျာဒီနေ့ ဒီ post နဲ့ပဲ အားလုံးကို အကြောင်း...
27/09/2024

ခဏခဏတွေ့ရပြီး
ကျွန်တော် Reply ပြန်လေ့မရှိတဲ့ တောင်းဆိုမှုလေးတွေ

အားနာမိပါတယ် ခင်ဗျာ

ဒီနေ့ ဒီ post နဲ့ပဲ အားလုံးကို အကြောင်းပြန်ပါရစေ

ကျွန်တော် မသင်တဲ့ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းအတွက်
Chemistry မေးခွန်းများ (အမှတ်ပေးစည်းမျဉ်းပါ)
တစ်နှစ်စာ တာဝန်ယူပြီး ရေးပေးထားပါတယ် ခင်ဗျာ

အဲ့ဒီအတွက် အခကြေးငွေ ရယူထားတာဖြစ်ပါတယ်
ဒါကြောင့်
ကျွန်တော် ဒီနှစ် မေးခွန်းတွေ တင်မပေးပါဘူး ခင်ဗျာ

#ဓာတုဆရာလေး

25/09/2024

ယခု စက်တင်ဘာလ အကုန်
အောက်တိုဘာ ၄ ရက်နေ့မှစ၍

Online Class နှင့် OTG stick စျေးနှုန်းများကို
ပြောင်းလဲသွားပါမယ် ခင်ဗျာ

ယခု 4th Oct
G12 တစ်ခန်းစီ ၁၅၀၀၀ ၂၀၀၀၀
G12 သင်ရိုးကုန် ၈၀၀၀၀ ၁၂၀၀၀၀

OTG stick ၂၀၀၀၀ ၃၀၀၀၀

#ဓာတုဆရာလေး
09965345760

21/09/2024

Scholar ကိုယ်ပိုင်အထက်တန်းကျောင်း ၏ ကူညီမှုဖြင့်
အခြား ကိုယ်ပိုင်ကျောင်းတစ်ကျောင်း မှ လေ့ကျင့်ဖြေဆိုထားခြင်းကို
ကျွန်တော်မှ ပြန်လည်သုံးသပ်ခြင်း နှင့် ဆွေးနွေးအကြံပြုပေးခြင်းတို့ ပြုလုပ်ထားသော (နမူနာ video)

Digital Assessment Platform ကို အသုံးချခြင်း
***********************************************
- 2024 မေးခွန်းဟောင်း 8 စုံ တွင် ပါဝင်သော မေးခွန်းများအပြင်
- ဓာတုဆရာလေး ကိုယ်တိုင်ရေးသားထားသော
- Objective Questions အပုဒ်ရေ ၂၅၀၀ ခန့်

စိတ်ပါဝင်စားသော အခြားကျောင်းများအတွက်လည်း လိုအပ်သောဆွေးနွေးမှုများ နဲ့ အကြံဉာဏ်များ ကူညီပေးပါမယ်

- အင်တာနက်ရရှိသော ဖုန်း/ကွန်ပြူတာများဖြင့် တစ်ဦးချင်းစီ ဖြေဆိုနိုင်ပါတယ်
- မေးခွန်းများသည် တစ်ဦးချင်းစီအတွက် အလိုအလျှောက်ကျပန်းရွေးချယ်ပေးမှာဖြစ်လို့ ဘေးချင်းကပ်ထိုင်သော်လည်း တစ်ဦးနှင့်တစ်ဦး ခိုးချ၍မရပါ
- ဖြေဆိုပြီးသည်နှင့်တစ်ပြိုင်နက် ရမှတ် Report Card ထွက်လာပါမယ်

- ကျောင်းသားများ မည်သည့်အပုဒ်ကို အမှားများသလဲ
မည်သို့သောအဖြေများကို ဖြေဆိုကြသလဲ စသည်ဖြင့်
ဆရာမှ ပြန်ကြည့်နိုင်ပါတယ်
- အမှားများသော အပုဒ်များကို
ဆရာမှ ပြန်လည်သင်ကြားလေ့ကျင့်ပေးနိုင်ပါမယ်


#ဓာတုဆရာလေး

ရေဘေးသင့် ပြည်သူများအတွက်"နှလုံးသားလှသော ဓာတုဗေဒချစ်သူများ" ၏ စုပေါင်းအလှူKpay / Wave pay👇👇👇👇👇09788345760 (Thae Zaw Htet...
13/09/2024

ရေဘေးသင့် ပြည်သူများအတွက်
"နှလုံးသားလှသော ဓာတုဗေဒချစ်သူများ" ၏ စုပေါင်းအလှူ

Kpay / Wave pay
👇👇👇👇👇
09788345760 (Thae Zaw Htet)

note မှာ
donate for flooding လို့ ရေးပေးပါ ခင်ဗျာ

ပွင့်လင်းမြင်သာမှု ရှိစေရန်
ပါဝင်လှူဒါန်းသူများကို ဒီ Post မှာ Edit လုပ်ပြီး ဖော်ပြပေးသွားပါမယ်

လှူဒါန်းစေလိုသောနေရာများကိုလည်း
ဒီ post အောက်မှာ ဆန္ဒပြုပေးပါ ခင်ဗျာ

အလှူရှင်များ
************
၁။ ဓာတုဆရာလေး ၅၀၀၀၀ ကျပ်
၂။ ဦးရဲစည်သူ (နေပြည်တော်) ၃၀၀၀၀ ကျပ်
၃။ ဆရာမ ဒေါ်လွင်မာညွန့် (YGN) ၃၀၀၀၀ ကျပ်
၄။ နန်းသီတာစန်း (KYN) ၁၀၀၀၀ ကျပ်
၅။ မောင်ဉာဏ်လင်းဗိုလ် (KYN) ၁၀၀၀ ဘတ်
၆။ မရှုတိုင်းယဉ် ၁၀၀၀၀ ကျပ်
၇။ ဆရာ ဦးဝင်း (အထူးအောင်) ၁၀၀၀၀ ကျပ်
၈။ ဆရာမ ဒေါ်ဝါဝါနိုင် (MDY) ၁၁၀၀၀ ကျပ်
၉။ ဆရာမ ဒေါ်ဆွေဆွေဝင်း ၃၀၀၀၀ ကျပ်
၁၀။ ဆရာ ဦးမိုးဟိဏ်း ၂၀၀၀၀ ကျပ်
၁၁။ Lin Lin Htet (Kpay) ၁၅၀၀၀ ကျပ်
၁၂။ ဆရာ ဦးမျိုးညွန့်ဦး (ဝေါမြို့) ၅၀၀၀၀ ကျပ်
၁၃။ ဆရာမ Daw Win Myat Su Kyi ၁၀၀၀၀ ကျပ်
၁၄။ ဆရာမ ဒေါ်ငယ်ငယ်ဆွေ ၁၀၀၀၀ ကျပ်
၁၅။ ဆရာမ ဒေါ်ယဉ်မွန်ဦး (MDY) ၂၀၀၀၀ ကျပ်
၁၆။ ဆရာမ ဒေါ်ပန်းအိဝေ (MDY) ၁၅၀၀၀ ကျပ်
၁၇။ ချမ်းချမ်း နှင့် သူငယ်ချင်းများ ၅၀၀၀၀ ကျပ်
၁၈။ Htike Htike Aung (Kpay) ၁၀၀၀၀ ကျပ်
၁၉။ ဆရာမ မယု ၁၀၀၀၀ ကျပ်
၂၀။ U Soe Paing (Kpay) ၁၀၀၀၀ ကျပ်
၂၁။ ဆရာမ ဒေါ်ဝင်းဝင်းချို (KYN) ၁၀၀၀၀ ကျပ်
၂၂။ ဆရာမ Tr Zar Chi ၁၀၀၀၀ ကျပ်
၂၃။ ဆရာ ဦးမင်းနိုင် ၁၀၀၀၀ ကျပ်
၂၄။ ဆရာ U Shine Htet ၂၀၀၀၀ ကျပ်
၂၅။ ဆရာမဒေါ်မြင့်မြင့်(ထောက်ကြန့်) ၂၀၀၀၀ ကျပ်
၂၆။ ဆရာ ညီညီနိုင် (Pionear) ၁၀၀၀၀ ကျပ်
၂၇။ ဆရာ Simon Nyi (Yangon) ၃၀၀၀၀ ကျပ်
၂၈။ ဆရာမ ဒေါ်သင်းသင်မာ (ပုသိမ်) ၁၀၀၀၀ ကျပ်
၂၉။ Aye Thidar Moe (Kpay) ၁၀၀၀၀ ကျပ်
၃၀။ ဆရာမ ဒေါ်ယုယုခိုင်(ညောင်ကျိုး) ၁၀၀၀၀ ကျပ်
၃၁။ ဆရာ ဦးထွန်းအောင်ကျော် ၅၀၀၀၀ ကျပ်
၃၂။ ဆရာ သူရိန်ထွန်း (မြဝတီ) ၁၀၀၀၀ ကျပ်
၃၃။ ဆရာမ ဒေါ်အေးသူဇာ ၂၀၀၀၀ ကျပ်

စုစုပေါင်း ၇၇၀၀၀၀ ကျပ်

10/09/2024

Digital Assessment Platform ကို အသုံးချခြင်း
***********************************************

ကျွန်တော်တို့ Scholar ကိုယ်ပိုင်အထက်တန်းကျောင်းမှာ စတင်အသုံးချနေသော နမူနာ Video များကို အဆင်သင့်သလို တင်ပေးသွားပါမယ်

စိတ်ပါဝင်စားသော အခြားကျောင်းများအတွက်လည်း လိုအပ်သောဆွေးနွေးမှုများ နဲ့ အကြံဉာဏ်များ ကူညီပေးပါမယ်

👇👇👇👇👇

- 2024 မေးခွန်းဟောင်း 8 စုံ တွင် ပါဝင်သော မေးခွန်းများအပြင်
- ဓာတုဆရာလေး ကိုယ်တိုင်ရေးသားထားသော
- Objective Questions အပုဒ်ရေ ၂၅၀၀ ခန့်

- အင်တာနက်ရရှိသော ဖုန်း/ကွန်ပြူတာများဖြင့် တစ်ဦးချင်းစီ ဖြေဆိုနိုင်ပါတယ်
- မေးခွန်းများသည် တစ်ဦးချင်းစီအတွက် အလိုအလျှောက်ကျပန်းရွေးချယ်ပေးမှာဖြစ်လို့ ဘေးချင်းကပ်ထိုင်သော်လည်း တစ်ဦးနှင့်တစ်ဦး ခိုးချ၍မရပါ
- ဖြေဆိုပြီးသည်နှင့်တစ်ပြိုင်နက် ရမှတ် Report Card ထွက်လာပါမယ်

- ကျောင်းသားများ မည်သည့်အပုဒ်ကို အမှားများသလဲ
မည်သို့သောအဖြေများကို ဖြေဆိုကြသလဲ စသည်ဖြင့်
ဆရာမှ ပြန်ကြည့်နိုင်ပါတယ်
- အမှားများသော အပုဒ်များကို
ဆရာမှ ပြန်လည်သင်ကြားလေ့ကျင့်ပေးနိုင်ပါမယ်

Address

Ingabu
Ayeyarwady

Telephone

+959965345760

Website

Alerts

Be the first to know and let us send you an email when ဓာတုဆရာလေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဓာတုဆရာလေး:

Videos

Share

Category