ဒေါ်ရူပသိဂီ င်္

ဒေါ်ရူပသိဂီ င်္ သက်ရှည် ကျန်းမာ စိတ်ချမ်းသာကြပါစေ

21/12/2024

အရပ်သားတွေကို အကြမ်းဖက်တာ ရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ စင်ကာပူ တောင်းဆို

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်

တာရှည်နေပြီဖြစ်တဲ့ မြန်မာ့ပြည်တွင်းစစ်မှာ ကြားညှပ်နေတဲ့ အရပ်သားတွေကို အကြမ်းဖက် တာ အဆုံးသတ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီ ယန်ဘာလာခရစ်ရှ်နန်က ဒီဇင်ဘာလ ၂၀ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

“အရပ်သားတွေကို အကြမ်းဖက်တာ ချက်ချင်း ရပ်တန့်ရပါမယ်။ အာဏာသိမ်းမှုဖြစ်ပွားပြီး (၄) နှစ်နီးပါးအကြာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကြောက်မတ်ဖွယ်ရာ ဖြစ်နေဆဲပါ။ မြန်မာပြည်သူတွေ ဟာ ပဋိပက္ခကြောင့် အခက်အခဲတွေကို ဆက်လက် ရင်ဆိုင်နေရပါတယ်” လို့ သူက Facebook ပို့စ်တစ် ခုမှာ ရေးသားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အ ရေးကြီးပြီး မြန်မာနိုင်ငံမှ သက်ဆိုင်သူတွေကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုဟာ ငြိမ်း ချမ်းသော၊ တာရှည်ခံသော အဖြေတစ်ခုရရှိရေး အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးလာတာကို စင်ကာပူက အလွန်အမင်း စိုးရိမ်တယ်လို့ ဗီဗီ ယန်ဘာလာခရစ်ရှ်နန်က ပြောခဲ့တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာပဋိပက္ခ အဆုံးသတ်ရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော် ဆောင်ရာမှာ အကန့်အသတ်နဲ့ တိုးတက်မှုရှိတာကို စင်ကာပူက စိတ်ပျက်မိတယ်လို့ ၎င်းက ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို မြန်ဆန်စွာ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ဖို့ စင်ကာပူက မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုတယ်လို့ သူက ထပ်လောင်းပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် လာအိုသံတမန် အလွန်ကီယိုကစ်တီခွန်အား အပြည့်အဝ ပံ့ပိုးကူညီကာ ပူးပေါင်းဆောင်ရွက်ဖို့ ၎င်းက မြန်မာစစ်ကောင်စီကို တောင်းဆိုပါတယ်။

မြန်မာ့အရေးကြောင့် အာဆီယံအသိုင်းအဝိုင်းတည်ဆောက်ရေးနဲ့ အာဆီယံရဲ့ ပြည်ပနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို မထိခိုက်စေသင့်ဘူးလို့ ဗီဗီ ယန်ဘာလာခရစ်ရှ်နန်က ထောက်ပြပါတယ်။

“အာဆီယံ ဘုံသဘောတူညီချက်နဲ့ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အရ အာဆီယံအလှည့်ကျ ဉက္ကဌနဲ့ အထူးကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ချက်ကို စင်ကာပူက ဆက်လက်ပြီး ပံ့ပိုးကူညီမယ်” လို့ သူ က ဆက်ပြောပါတယ်။

ကိုးကား - The Straits Times
Ref; Singapore calls for end to violence against Myanmar civilians, Suu Kyi’s immediate release

21/12/2024
21/12/2024
21/12/2024
21/12/2024
21/12/2024
21/12/2024

Address

Kotte

Alerts

Be the first to know and let us send you an email when ဒေါ်ရူပသိဂီ င်္ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share