𝐵𝐴𝐺𝑂 မြို့နှင့်သက်ဆိုင်သော

  • Home
  • 𝐵𝐴𝐺𝑂 မြို့နှင့်သက်ဆိုင်သော

𝐵𝐴𝐺𝑂 မြို့နှင့်သက်ဆိုင်သော This Page will publish the news of about Bago firstly,and upload other performance video and funny

18/1/24 ညဘုရားလမ်း သီရိ မီးပွိုင်း Accident 🙏🙏🙏19/1/24 (2:40 Am) ခန့်ပဲခူး/ရန်ကုန် ကားလမ်းမကြီးဘေးအင်းတကော် မြို့ FARMER...
20/01/2024

18/1/24 ည
ဘုရားလမ်း သီရိ မီးပွိုင်း Accident 🙏🙏🙏

19/1/24 (2:40 Am) ခန့်
ပဲခူး/ရန်ကုန် ကားလမ်းမကြီးဘေး
အင်းတကော် မြို့ FARMER ဆီဆိုင် ဆီကား ဆီချစဥ် မီးလောင် ဝန်ထမ်း (ကျား)တစ်ဦး သေဆုံး🙏🙏🙏

crd

မင်္ဂလာနံနက်ခင်းပါခင်ဗျာ။ #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁၃.၁၀.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်...
13/10/2023

မင်္ဂလာနံနက်ခင်းပါခင်ဗျာ။

#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁၃.၁၀.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကိုသိရှိနိုင်ပါရန် ဖော်ပြလိုက်ပါတယ်…….

10/10/2023
 #ပဲခူးမြို့ မှ ရေကြီး/ရေလျှံ မှု အခြေနေကို ဝေဟင်မှ ရိုက်ထားတဲ့ ပုံလေးတွေပါခင်ဗျာ။  #ရေမြန်မြန်ကျပါစေ။ #ဘေးအန္တရာယ်ကင်းဝ...
10/10/2023

#ပဲခူးမြို့ မှ ရေကြီး/ရေလျှံ မှု အခြေနေကို ဝေဟင်မှ ရိုက်ထားတဲ့ ပုံလေးတွေပါခင်ဗျာ။


#ရေမြန်မြန်ကျပါစေ။
#ဘေးအန္တရာယ်ကင်းဝေးကြပါစေ။

Photo Crd

အများပြည်သူသို့ အသိပေးကြေညာခြင်း=============ပဲခူး အောက်တိုဘာ ၁၀ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုက...
10/10/2023

အများပြည်သူသို့ အသိပေးကြေညာခြင်း
=============
ပဲခူး အောက်တိုဘာ ၁၀
ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဇလပ်ထော်‌ေရ‌ေလှာတမံရှိ Spill Way ရေကျော်၍ ပေ(၅၀)ခန့် ပျက်ဆီးခဲ့သဖြင့် အဆိုပါဆည်ရေအား အရှိန်လျော့ချနိုင်ရေး ဇလပ်ထော်ချောင်းအတွင်းသို့ ရေဖောက်ထုတ်မည်ဖြစ်ကာ တမံအောက်ကျေးရွာများဖြစ်သည့် သာယာအေးကျေးရွာ၊ လက်ပံဝင်းကျေးရွာ၊ ဘူးလယ်အင်းကျေးရွာ၊
လသာကုန်းကျေးရွာများသို့ ဆည်ရေများဝင်ရောက်နိုင်မည်ဖြစ်ဖြစ်သည်၊ အဆိုပါတမံ၏ Spill Way ပြင်ဆင်ခြင်းနှင့် ရေဖောက်ထုတ်ခြင်းများအား ဆည်မြောင်းပညာရှင် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး။ ဝန်ကြီးချုပ်မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်
source ပဲခူးတိုင်းဌာနေ

10/10/2023

ရွှေမော်ဓော ဘုရားလမ်း 😥😥😥

ပဲခူးတိုင်းမှ တိုင်းအဆင့်မှတ်ပုံတင်လက်မှတ်ရရှိထားသော လူမှုကူညီရေးအသင်းတချို့ရဲ့ ဖုန်းနံပါတ်များ ဖြစ်ပါတယ် (MPT မဟုတ်တဲ့ ...
10/10/2023

ပဲခူးတိုင်းမှ တိုင်းအဆင့်မှတ်ပုံတင်လက်မှတ်ရရှိထားသော လူမှုကူညီရေးအသင်းတချို့ရဲ့ ဖုန်းနံပါတ်များ ဖြစ်ပါတယ် (MPT မဟုတ်တဲ့ ဖုန်းနံပါတ်တွေ တက်နိုင်သလောက် ထားပေးထားပါတယ်)
နီးစပ်ရာ အကူအညီတောင်းကြည့်ကြပါနော်

ကလျာဏမိတ္တ(စုပေါင်းအခမဲ့)
နာမှုနှင့်လူမှုကူညီရေးအသင်း၊
ကတွင်းခြံကျေးရွာအုပ်စု၊တောင်သူကျေးရွာအုပ်စု
ဦးစိန်မြင့်
09785301382

ရွှေဘုံသာလူမှုကယ်ဆယ်ရေးအသင်း
(ပျဉ်ဘုံကြီး)ဘုရားကြီးမြို့
ဦးကျော်သူ
09793244161
09254235467

မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်း
ကျိုက်စကောကျေးရွာ
ဒိုက်ဦးမြို့နယ်
ဒေါ်စမ်းမူ
09782913748
09428151411

မိဘဂုဏ်ရည်လူမှုကူညီရေးအသင်း
လက်ပံခုန်ကျေးရွာပဲခူးမြို့
ဦးဇော်လင်းဌေး
09778299700

ဟံသာဝတီ(မွန်)လူမှုကူညီရေးအသင်း
ဟသ်ာကုန်းရပ်ကွက်
မွန်စံပြ(၄)လမ်းပဲခူးမြို့
ဦးအေးမောင်
09782444425

မေတ္တာရွှေစင်ပရဟိတအသင်းဥဿာမြို့သစ်အမှတ်(၈)ရပ်ကွက်သီးသန့်(၂၄)လမ်းပဲခူးမြို့
ဦးလှမင်းဦး
09684164088

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း
ကင်းပိုင်ကျုံကျေးရွာအမှတ်(၂)
ထုံးပိုင်းရပ်ကွက်ပဲခူးမြို့
ဦးထွန်းထွန်းဦး
09668003422

နှလုံးလှမေတ္တာလူမှုကူညီရေးအသင်း
အထက်ဇိုင်းဂနိုင်းကြီးကျေးရွာ
ပဲခူးမြို့
ဦးဝင်းညွန့်
09970724144

ဓမ္မပါလနာရေးကူညီမှုအသင်း
ဦးအောင်အောင်
09744946003
crd

10.10.2023  #ပဲခူးရေ ""3 လက်မ လောက်ကျတယ်ဆိုပေမဲ့  #မိုးထက်ရွာနေတော့  #စိုးရိမ်ရေအမှတ် မှာ ဆက်လတ်တည်ရှိနေမှာပါခင်ဗျာ။ မြေ...
10/10/2023

10.10.2023 #ပဲခူး
ရေ ""3 လက်မ လောက်ကျတယ်ဆိုပေမဲ့ #မိုးထက်ရွာနေတော့ #စိုးရိမ်ရေအမှတ် မှာ ဆက်လတ်တည်ရှိနေမှာပါခင်ဗျာ။ မြေနိမ့်ပိုင်း မှာနေထိုင်တဲ့ ပြည်သူများအနေဖြင့် ရေမကြီးတဲ့ နေရာ #ကျောက်ဖူးကုန်း #ဟင်္သာကုန်း #မွန်စံပြ #အင်းဝင် ဘက်တွေ အသိမိတ်ဆွေတွေရှိရင် ခနတည်းနေကြဖို့ အကြံပြုပါတယ်။

#ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ

၉.၁၀.၂၀၂၃  ညနေ (၅)နာရီ Update အခြေနေလေးပါ ။ #ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ
09/10/2023

၉.၁၀.၂၀၂၃ ညနေ (၅)နာရီ Update အခြေနေလေးပါ ။

#ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ

ပဲခူး  #မြို့ဦးကင်းတံတား  #အရှေ့ပဲခူးမြို့ရှောင်လမ်း မြင်ကွင်းတွေပါခင်ဗျာ။
09/10/2023

ပဲခူး #မြို့ဦးကင်းတံတား #အရှေ့ပဲခူးမြို့ရှောင်လမ်း မြင်ကွင်းတွေပါခင်ဗျာ။

ဆံတော်တွင်း လမ်းမကနေ မြို့ဦးကင်းတံတား ဘက် သွားလို့မရတော့ပါဘူးခင်ဗျာ။ဆိုင်ကယ်တစ်ချိူ့တလေတော့သွားနေပါတယ် ကားလမ်းရေကျော် ပြ...
09/10/2023

ဆံတော်တွင်း လမ်းမကနေ မြို့ဦးကင်းတံတား ဘက် သွားလို့မရတော့ပါဘူးခင်ဗျာ။

ဆိုင်ကယ်တစ်ချိူ့တလေတော့သွားနေပါတယ် ကားလမ်းရေကျော် ပြီးရေစီးသန်လို့ ဖြစ်နိုင်ရင်မသွားကြဖို့ ပြောချင်ပါတယ် အန္တရယ်များလို့ပါ။

ပဲခူးမြို့ ရေကြီးနေတဲ့နေရာ တွေဖြစ်ပါတယ်။ပဲခူးမြို့ ကူညီကယ်ဆယ်ရေးအတွက် လိုအပ်လျှင်ဆက်သွယ်နိုင်ရန်ဆန်းလွင်ဦး (ကလျာဏမိတ္တ)...
09/10/2023

ပဲခူးမြို့ ရေကြီးနေတဲ့နေရာ တွေဖြစ်ပါတယ်။

ပဲခူးမြို့

ကူညီကယ်ဆယ်ရေးအတွက် လိုအပ်လျှင်ဆက်သွယ်နိုင်ရန်

ဆန်းလွင်ဦး (ကလျာဏမိတ္တ)
( 09428180490 )

ကိုကုလား (ကလျာဏမိတ္တ)
( 095140662 )(09776247452 )

ဖြိုးဘို (သကျနွယ်)
( 09792145520 )

ကိုခင်လတ် (မာတလိ)
( 09423666014 )

ကိုကိုနိူင် (သကျနွယ်)
( 09428175000 )

သုဘ လူမှူကူညီရေး
( 09428139424 )

Card:

အရေးကြီးလိုအပ်ပါက 🙏🏻ပဲခူးဆေးရုံကြီးမှ ကုသရန် ခက်ခဲနေသောလူနာများအားပဲခူး မြို့ ၁.သမာဓိအထူးကု ဆေးခန်း၂.လိပ်ပြာကန်အထူးကု ဆေ...
09/10/2023

အရေးကြီးလိုအပ်ပါက 🙏🏻
ပဲခူးဆေးရုံကြီးမှ ကုသရန် ခက်ခဲနေသောလူနာများအား
ပဲခူး မြို့

၁.သမာဓိအထူးကု ဆေးခန်း
၂.လိပ်ပြာကန်အထူးကု ဆေးခန်း
၃.အောင်ဆေးရုံ
၄.ဒေါ်ခင်နုအထူးကုဆေးခန်း
၅.Zayer Dental and General Clinic
တို့တွင် ဝန်ဆောင်ခ အခမဲ့ဖြင့် ကုသပေးနေပါသည်

ခွဲစိတ်ရန်တကယ်လိုအပ်သော အရေးပေါ်လူနာများအား
ခွဲစိတ်အထူးကုဆရာဝန်ကြီး ဆရာDr မျိုးမြင့်စိုးမှ ခွဲစိတ်ခ အခမဲ့ ဖြင့် ခွဲစိတ်ပေးပါမည်
#ပဲခူး
လက်ဆင့်ကမ်းပြောကြားပေးကျပါဦးနော်

Photo credit 🙏🏻အားလုံး အဆင်ပြေကြပါစေ🙏🏻🙏🏻

မိုး/ဇလ ၏ နေ့ ၁နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၂ပေခွဲ (၈၃ စင်တီမီတာ) ကျော်လွန်နေပြီး နောက...
08/10/2023

မိုး/ဇလ ၏ နေ့ ၁နာရီခွဲအချိန် ထုတ်ပြန်ချက်အရ
ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၂ပေခွဲ (၈၃ စင်တီမီတာ) ကျော်လွန်နေပြီး
နောက် ၂၄နာရီအတွင်း ၃ပေခန့် မြင့်တက်နိုင်ကြောင်း သိရသည်။

Crd: မိုး/ဇလ

(15-9-2023)ညနေ (၆)နာရီခွဲအချိန် တိုင်းထွာချက်အရ  #ပဲခူးမြစ်ရေသည် "၈၇၈ "စင်တီမီတာသို့ ရောက်ရှိနေပါသည်။
15/09/2023

(15-9-2023)

ညနေ (၆)နာရီခွဲအချိန် တိုင်းထွာချက်အရ #ပဲခူးမြစ်ရေသည် "၈၇၈ "စင်တီမီတာသို့ ရောက်ရှိနေပါသည်။

12/08/2023

ယနေ့ ဩဂုတ်(၁၂)ရက်နေ့ #မဟာမြိုင်မီးပွိုင့် 🚥 အခြေနေလေးပါ။

 #ယနေ့  #ဩဂုတ်လ(၁၁)ရက်နေ့ နံနက်(၆)နာရီအချိန်တိုင်းထွာချက်အရ ..... #ပဲခူးမြစ်ရေ သည် (၉၆၉)စင်တီမီတာ စိုးရိမ်ရေအမှတ် သို့ရေ...
11/08/2023

#ယနေ့ #ဩဂုတ်လ(၁၁)ရက်နေ့ နံနက်(၆)နာရီအချိန်တိုင်းထွာချက်အရ .....

#ပဲခူးမြစ်ရေ သည် (၉၆၉)စင်တီမီတာ စိုးရိမ်ရေအမှတ် သို့ရောက်ရှိကြောင်းအသိပေးအပ်ပါသည်။

မြေနိမ့်ပိုင်းနေထိုင်သူများသတိပြုကြပါရန် အသိပေးအပ်ပါသည်။

ပဲခူးမြစ်ရေ တရိပ်ရိပ်နဲ့ တက်နေပါတယ် ။ယနေ့ မနက် ရန်ကုန်-မန္တလေး ကားလမ်း ခေါင်းဆေးကျွန်း ကားလမ်းမ ကျော်နေပြီ ။ Photo Tin S...
10/08/2023

ပဲခူးမြစ်ရေ တရိပ်ရိပ်နဲ့ တက်နေပါတယ် ။
ယနေ့ မနက် ရန်ကုန်-မန္တလေး ကားလမ်း
ခေါင်းဆေးကျွန်း ကားလမ်းမ ကျော်နေပြီ ။

Photo Tin Soe
crd

24.6.2023 ရက်နေ့ ညနေ 4.00 နာရီ အချိန်ခန့်တွင် ပဲခူးမြို့ (ဆိုရှယ်လစ်ဘက်အခြမ်း) ကျုံးအတွင်း ကျုံးကူးတံတားအနီး တွင်ရေနစ်သူ...
25/06/2023

24.6.2023 ရက်နေ့ ညနေ 4.00 နာရီ အချိန်ခန့်တွင် ပဲခူးမြို့ (ဆိုရှယ်လစ်ဘက်အခြမ်း) ကျုံးအတွင်း ကျုံးကူးတံတားအနီး တွင်
ရေနစ်သူ အမျိုးသမီးငယ် ( အမည်/နေရပ်)မသိသူ အား ပဲခူးပြည်သူ့ဆေးရုံကြီး သို့ တာဝန်ရှိသူများ စစ်ဆေးနိုင်ရန် ညီညွတ်ခြင်းအသင်း အရေးပေါ် လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါသည်။

ရေနစ်သူများမှာ မိန်းကလေး (၂) ဦး ကျား(၁)ဦး ဖြစ်ကြောင်း ကျန်ရှိ ဖိနပ် အဝတ်အစားများနှင့် တွေ့မြင်သူများမှ ပြောပြချက်အရ သိရှိရပြီး
ကျန်ရေနစ်သူ (၂) ဦးအား ဆယ်ယူနိုင်ခြင်း မရှိသေးပါ။

ညီညွတ်ခြင်းအသင်း

ဖြည့်စွက်

ရေနစ်သူ ကျား( ၁) မ ( ၂)ဦးအနက်မှ
မ( ၁) ဦး၏ အလောင်းကိုသာ ဆယ်ယူရရှိသေးပြီး
ကျန်နှစ်ဦး၏ အလောင်းများအား
မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ ( ရှာ/ကယ်)အဖွဲ့မှ
သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့်
ညီညွတ်ခြင်းအသင်း နှင့် သကျနွယ်အသင်းတို့မှ
ပူးပေါင်း၍ ကျုံးရေထဲတွင်
ကြိုးစားရှာဖွေနေသော်လည်း ည (7.00)နာရီအထိ
ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။

ရေနစ်သူ ကျား( ၁) မ( ၂) (ညီအစ်မအရင်းနှစ်ဦး)မှာ
ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး( ၆)နေသူများ
ဖြစ်ကြောင်း ရေနစ်သူများ၏ ဖခင် များ ရောက်ရှိ ပြောကြားမှုအရ သိရှိရပါသည်

ညီညွတ်ခြင်းအသင်း
Crd

(၁၃၈၄)ခုနှစ် သင်္ကြန်အကြိုနေ့ပဲခူး ဗဟိုရ်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား #သိလိုက်ကြလား 😂😂😂Crd
13/04/2023

(၁၃၈၄)ခုနှစ် သင်္ကြန်အကြိုနေ့
ပဲခူး ဗဟိုရ်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား

#သိလိုက်ကြလား 😂😂😂
Crd

ဧပြီလ (၁၂) ရက်နေ့ည( ပဲခူး )
12/04/2023

ဧပြီလ (၁၂) ရက်နေ့ည( ပဲခူး )

ရွှေမော်ဓောဘုရား ရင်ပြင်တော်ပေါ်ရောက် မိုင်းဖုန်းဆရာတော်၉.၄.၂၀၂၃  Crd.
09/04/2023

ရွှေမော်ဓောဘုရား ရင်ပြင်တော်ပေါ်ရောက် မိုင်းဖုန်းဆရာတော်

၉.၄.၂၀၂၃

Crd.

 #ကြော်ငြာ ပို့စ် ပါ ခင်ဗျာ။🙏မင်္ဂလာပါခင်ဗျာ 🙏  #𝙺𝙸𝙼-𝙿𝙾 𝙺𝚘𝚛𝚎𝚊𝚗 𝙻𝚊𝚗𝚐𝚞𝚊𝚐𝚎 𝙲𝚕𝚊𝚜𝚜𝚛𝚘𝚘𝚖 ကိုရီးယားဘာသာစကားသင်တန်းမှ နွေးထွေးစွာ...
07/04/2023

#ကြော်ငြာ ပို့စ် ပါ ခင်ဗျာ။

🙏မင်္ဂလာပါခင်ဗျာ 🙏

#𝙺𝙸𝙼-𝙿𝙾 𝙺𝚘𝚛𝚎𝚊𝚗 𝙻𝚊𝚗𝚐𝚞𝚊𝚐𝚎 𝙲𝚕𝚊𝚜𝚜𝚛𝚘𝚘𝚖 ကိုရီးယားဘာသာစကားသင်တန်းမှ နွေးထွေးစွာကြိုဆိုပါတယ် 🙏🙏🙏

📜နွေရာသီ ကျောင်းပိတ်ရက်မှာ ဘာသာစကားတခုခုသင်ယူပီး အကျိူးရှိရှိအသုံးချချင်သူများ☺️

📜Korea drama တွေကြည့်ပီး ကိုရီးယားစာကို လေ့လာဖို့ စိတ်ဝင်စားသူများ☺️

📜Korea စာကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အပျော်တမ်းလေ့လာချင်သူများ☺️

📜EPS စနစ်ဖြင့် #ကိုရီးယား ကိုသွားရောက်ဖို့ ရည်ရွယ်သူများအတွက် ☺️

#ပဲခူးမြို့ မှာ ဖွင့်လှစ်မယ့် "𝒦𝒾𝓂-𝒫ℴ 𝙺𝚘𝚛𝚎𝚊𝚗 𝙻𝚊𝚗𝚐𝚞𝚊𝚐𝚎 𝙲𝚕𝚊𝚜𝚜 𝚁𝚘𝚘𝚖"ကိုရီးယားသင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါရစေ🙏🙏🙏

"သင်တန်းခေါင်းစဉ် "

ကိုရီးယား ဘာသာစကားကို #အခြေခံမှစ၍ သင်ကြားပေးမည်။

မြန်မာ အဘိဓာန် နှင့်တွဲ၍သင်ကြားပေးမည်။

သင်တန်းကာလ >>> (၆)လ သင်ကြားပါမည်။

"သင်ကြားမည့်ဘာသာရပ်များ"
-ဗျည်း
-သရ
-သရအတွဲ
-ဗျည်း + သရ
-ဗျည်း + သရအတွဲ
-အသတ်သံသင်ခန်းစာ
-အသံထွက် ကူးပြောင်းနည်းသင်ခန်းစာ
-မီးနင်း
-သဒ္ဒါ
-အခြေခံ စကားပြောသင်ခန်းစာများ

#နယ်မှလာရောက်သင်တန်းတက်ရောက်သူများအဆောင်စီစဉ်ပေးပါမည်

🏡🏡သင်တန်းနေရာ

🚩"ပဲခူးမြို့"🚩

No.386, (1)street , Ywathit Qr, Bago.
အမှတ်(၃၈၆)၊ရွာသစ်ရပ်ကွက်(၁)လမ်း၊သွန်းဘုရားလမ်းအနီး၊ပဲခူးမြို့။

အသေးစိတ်သိရှိလိုပါက
ဖုန်း☎️>> 09751949135

ကျေးဇူးတင်ပါတယ် ။
#𝙺𝙸𝙼-𝙿𝙾 𝙺𝚘𝚛𝚎𝚊𝚗 𝙻𝚊𝚗𝚐𝚞𝚊𝚐𝚎 𝙲𝚎𝚗𝚝𝚎𝚛.

မတ်လ (၂၆)ရက် ၊ပဲခူးမြို့။ ယနေ့ည #ပင်လယ်ဓါးပြရဟတ်စင်(အတက်လမ်း)စင်ပေါ်မှ ပြုတ်ကျသော လူနာများအား  #တူညီမေတ္တာရှင် အသင်းကားဖ...
26/03/2023

မတ်လ (၂၆)ရက် ၊ပဲခူးမြို့။ ယနေ့ည

#ပင်လယ်ဓါးပြရဟတ်စင်(အတက်လမ်း)စင်ပေါ်မှ ပြုတ်ကျသော လူနာများအား #တူညီမေတ္တာရှင် အသင်းကားဖြစ် #ပဲခူးဆေးရုံသို့ အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

𝒞𝓇𝒹

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကားတွေရာချီပိတ်မိနေ၊ လူနာတင်ယာဥ်တွေပါဖြတ်သန်းမရတော့လို့ လူနာတွေဒုက္ခရောက်နေရမတ် ၂၀ - ၂၀၂၃G...
20/03/2023

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကားတွေရာချီပိတ်မိနေ၊ လူနာတင်ယာဥ်တွေပါဖြတ်သန်းမရတော့လို့ လူနာတွေဒုက္ခရောက်နေရ

မတ် ၂၀ - ၂၀၂၃
GG (VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းက ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ နာရီကြာမြင့်စွာ ကားတွေ ရာနဲ့ချီ ပိတ်မိနေလို့ လူနာတင်ယာဥ်တွေပါ သွားလာမရတော့တဲ့ အခြေအနေတွေဖြစ်နေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

လက်ရှိ ဒီနေ့ မတ်လ ၂၀ ရက်နေ့မှာဆိုရင် မော်လမြိုင်ဘက်ကနေ ရန်ကုန်ကိုတက်မယ်ကားတွေက အသွားအပြန်လမ်းနှစ်ဖက် ယာဥ်ကြောအကုန် နေရာယူထားတာကြောင့် ယာဥ်ကြောနှစ်ဖက်လုံး သွားလာလို့မရတော့ဘဲ အကုန်ပိတ်ဆိုနေတယ်လို့ သိရပါတယ်။

အခုလို စောင့်ဆိုင်းနေရတာကြောင့် အရေးပေါ်လူနာတင်ယာဉ်ပေါ်မှာ ပါရှိတဲ့ လူနာတွေ အသက်အန္တရာယ်အတွက် စိုးရိမ်ရတာတွေရှိသလို အောက်ဆီဂျင်လူနာတွေအတွက်လည်း အောက်ဆီဂျင်မလုံလောက်တဲ့ပြဿနာနဲ့ ကြုံတွေ့ရတယ်လို့ သိရပါတယ် ။

"ရန်ကုန်အတက်ကားလည်း ပိတ်သလို မော်လမြိုင်အဆင်းကားလည်း မလွယ်ကူပါဘူး။ အရေးပေါ်လူနာတင်ယာဉ်တွေလည်း အရင်ကလို ဦးစားပေးသွားလာလို့ မရတော့ဘူး။ တော်ရုံလူနာဆိုတောင် အဆင်မပြေတဲ့ လမ်းခရီးမို့ ရန်ကုန်ကိုအရေးပေါ်လူနာတွေအတွက် ဒုက္ခပေါ် ဒုက္ခထပ်ဆင့်ကာ သောကအပူမီးနဲ့ ရတက်မအေးရတဲ့လမ်းပိုင်းနေရာဖြစ်ပါတယ်။ မနက် ၈နာရီ ခွဲကတည်းက Xrayကိုရောက်နေတာ ၁၁ နာရီအထိ တဖာလုံလောက်သာ ရွေ့ပြီးစောင့်နေရတယ်"လို့ ပရဟိတသမားတဦးကပြောပါတယ်။

လက်ရှိမှာ မော်လမြိုင်RESCUE အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ ၊ အလင်းရှင် လူမှုကယ်ဆယ်ရေးအသင်း၊ အေးမြကြည်လင်လူမှုကယ်ဆယ်ရေး၊ သက်တန့်ရောင်စဉ်(သထုံ)၊ သထုံခရိုင်လူနာတင်ယာဉ်၊ကျိုက်မရောမြို့နယ်အသင်း၊ စေတနာရှင်(သံဖြူဇရပ်) ၊ မုဒုံမြန်မာ့လူငယ်အသင်းကားတွေ ပိတ်မိနေတယ်လို့သိရပါတယ်။

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ကားတွေရာနဲ့ချီပြန်ပိတ်လာတာဖြစ်ကြောင်း၊ ကားတွေပိတ်ဆို့မှုဖြစ်နေပေမယ့် တာဝန်ရှိသူတွေဘက်က စီမံခန့်ခွဲပေးတာမရှိဘူးလို့ ကားသမားတွေပြောဆိုမှုအရ သိရပါတယ်။

အမှန်တကယ် ကားတစီးစစ်ဆေးချိန်က ၅ မိနစ်လောက်သာကြာကြောင်း ၊ စည်းကမ်းမဲ့ကျော်တက်တဲ့ကားတွေကြောင့် ကားတွေအချိန်ကြာမြင့်စွာပိတ်နေတာဖြစ်တယ်လို့ ကားသမားတွေကပြောပါတယ်။

" ကားလေးက ဘာမှလည်းအဲ့ဒီလောက်မစစ်ဘူး ၊ ဘယ်ကလာလဲ ဘယ်ကိုသွားမလဲ အထုတ်နည်းနည်းပါးပါးကြည့်တယ်၊ကားကြီးနဲ့ကုန်ကားတွေကျ စက်ထဲထည့်ပီးစစ်တာ၊ အရင်ကအဲ့ဒီလောက်မပိတ်ဘူး ၁၅မိနစ်ပဲ၊အခုက ဟိုဘက်ဒီဘက်အကုန်ကျော်ပီး ပိတ်ကြတာ၊ ရန်ကုန်ဘက်ကသွားမဲ့ကားအတွက် လမ်းတလမ်းတောင်မရှိတော့ဘူး၊ ဒီဘက်ကကားလည်း တစီးမှသွားမရ၊ ဟိုဘက်ကလည်း ဘယ်သူမှသွားမရတော့ဘူး၊ ဂိတ်ကပစ်ထားလိုက်ပြီ၊ ဘယ်သူမှ ကားတွေကိုစီမံခန့်ခွဲတာ မလုပ်ပေးတော့ဘူး၊မနေ့ကဆို ညပါအိပ်ရတယ်"လို့ ဒီနေ့ ညောင်ခါးရှည်မှာပိတ်မိနေတဲ့ ကားသမားတဦးကပြောပြပါတယ်။

ဒါ့ကြောင့် မော်လမြိုင်ကနေ ရန်ကုန်တက်မယ့်ကားတွေဟာ ၈ နာရီကနေ ၁၂ နာရီကြာအောင် စောင့်ဆိုင်းရပြီး ရန်ကုန်ကနေ မော်လမြိုင်သွားမယ့်ကားတွေအနေနဲ့လည်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရလို့ နေ့ချင်းပြန်ခရီးစဥ်က ညအိပ်ခရီးစဥ်ဖြစ်နေတယ်လို့ ပြောပါတယ်။

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခု နှစ် နှစ်ကုန်ပိုင်းကလည်း ကားတွေရာနဲ့ချီပိတ်မိလို့ ကုန်ကားတွေက ပစ္စည်းတွေပုတ်သိုးပျက်စီးလို့ ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ဖွင့်လှစ်ကာ စစ်ဆေးမှုတွေလုပ်ခဲ့တာဖြစ်ပြီး၊အဓိက ကတော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်က လက်နက်သယ်ယူမှုတွေ၊ အမည်မသိ လက်နက်ကိုင်တွေရဲ့ဝင်ထွက်သွားလာမှုတွေကို တားဆီးစစ်ဆေးနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Crd
voiceofmyanmar

Address


Telephone

+821021966385

Website

Alerts

Be the first to know and let us send you an email when 𝐵𝐴𝐺𝑂 မြို့နှင့်သက်ဆိုင်သော posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐵𝐴𝐺𝑂 မြို့နှင့်သက်ဆိုင်သော:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share