Soloman Travel & Food Vlog

  • Home
  • Soloman Travel & Food Vlog

Soloman Travel & Food Vlog Solo Travel

ဘူဆန်  ဆိုးလ်ကျောင်းကိစ္စ
05/09/2022

ဘူဆန် ဆိုးလ်

ကျောင်းကိစ္စ

25/07/2022

😔😔😔😔

ဆိုးလ် တက်လာပါပြီ။အလုပ်ကိစ္စ 🏃
21/07/2022

ဆိုးလ် တက်လာပါပြီ။

အလုပ်ကိစ္စ 🏃

21/07/2022

စာဖိုမှူးပညာရပ်လည်း အလုပ်ထဲမှာ

သင်ယူနေဆဲပါ။

ဓာတ်ပုံ Gallery နှင့် စားသောက်ဆိုင်တွဲဖက်ဆိုင်

16/07/2022

Cover Song မဟုတ်သေးပါ။

စိတ်အပန်း​ဖြေဆိုကြည့်တာပါ

12/07/2022

😂

ပင်ပန်းလို့ သီချင်းနားထောင်နေတယ်။ 🎧
11/07/2022

ပင်ပန်းလို့ သီချင်းနားထောင်နေတယ်။ 🎧

09/07/2022

သူငယ်ချင်းအတွက်

မဒီ

08/07/2022

အသံစမ်းဆို

(Cover Song) လုပ်ဖို့အတွက် အများကြီးကြိုးစားရအုံးမှာပါ။ ​

လောလောဆယ် 노래를 통해 한국어 배우기 သင်ခန်းစာထဲက သီချင်းတွေဆိုပြဖို့ လေ့ကျင့်နေဆဲ

07/07/2022

အသံစမ်း ဆိုကြည့်တာပါ။

06/07/2022

စာဖတ်ခန်းနှင့် Live စာသင်ဖို့အတွက်ပြင်ဆင်ပြီးစီး

05/07/2022

👀

"သားသမီးကိုငရဲပေးတဲ့ မိဘတကယ်ရှိသလား" " ရှိပါတယ် . ."​ဘယ်လိုမိဘအမျိုးအစားကမျ ားသားသမီးကိုငရဲပေးလို့ရနေသလဲတွေးကြည့်ကြရအောင...
02/07/2022

"သားသမီးကိုငရဲပေးတဲ့ မိဘတကယ်ရှိသလား"

" ရှိပါတယ် . ."

ဘယ်လိုမိဘအမျိုးအစားကမျ ား
သားသမီးကိုငရဲပေးလို့ရနေသလဲ
တွေးကြည့်ကြရအောင်လားဗျာ...

ပြောမရဘူးလေ ဒီအမျိုးအစားတွေမှာ
ကိုယ့်မိဘလဲပါနိုင်သလို ကိုယ်လဲပါနိုင်တယ်လေ...

(1)။`အပြစ်တင်လွန်းတဲ့မိဘ´

ဒါကရိုးရှင်းပါတယ်
ဘာလုပ်လုပ်အပြစ်တင်နေတာ . .
တစ်နည်းဆိုရရင် လောဘကြီးမိတာပေါ့ .။
အသုံးမကျ ဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ
သားသမီးက တကယ်အသုံးမကျ တာ
ဖြစ်ချင်ဖြစ်မယ် ။ ဒါပေမဲ့
အသုံးမကျ ခြင်းကိုပဲ ဖောက်မြင်နေတာ . . .
ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသက
မိဘကိုပြန်ခံပြောဖို့ စတင်လာတယ်...

(2)။`ဘက်လိုက်တာ´

သားသမီးချင်းတူရင်
ငါ့သမီးငယ်လေး …ငါ့သားကြီးနဲ့
ဘက်လိုက်ဆက်ဆံတာ...။
ဒါကအရမ်းဆိုးတယ် ။ ဘက်လိုက်တတ်တဲ့
မိဘပိုင်ဆိုင်တဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာများတယ် ။
မိဘကသွေးခွဲထားတာလေ
"နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီး
ကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှစျေးနှုန်းညှိမရကြတော့ဘူး...။
ဘက်လိုက်မှုက မလေးစားမှုကို
အစပျိုးပါတယ် .။ ပြီးရင်အချင်းချင်း
မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်။
ကလေးဘဝကတည်းက
အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရတော့ဘူး...။
မိဘရှေ့ မို့ ဟန်ဆောင်ဆက်ဆံပြနေကြတာပါ။
မိဘသေကြည့် ဒီမောင်နှမတွေဟာ
ပက်သက်စရာလုံးဝကိုမရှိတော့တဲ့
လူတွေအဖြစ်နေကြလိမ့်မယ်...
အချင်းချင်းကူညီဖို့ဆိုတာကတော့
ဟိုး အဝေးကြီးမှာပဲ.... .!

(3)။`ဆဲဆိုလွန်းတာ´

နေ့စဉ်အဆဲခံရတဲ့လူဆိုတာ
ဒေါသမျ ားမယ်ထင်လား ? နည်းမယ်ထင်လား?
ပြန်များပြောမိရင် မိဘကိုခံပြောတယ် . .
ငရဲကြီးမှာ . .ဒုက္ခရောက်မှာ
ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်
စကားတွေကအရမ်းဆိုးတာပဲနော် …။
ဒါဆို နေ့စဉ်သားသမီးကိုဆဲရေးနေတဲ့
မိဘကကော ငရဲမကြီးတတ်တော့ဘူးလား . .!
ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့မရရင်
မခိုင်းသင့်တော့ဘူး … ဆဲရေးပြီးမှ
ခိုင်းရတယ်ဆိုတာ အတော်ကိုနည်းလမ်းမကျ တာ။
သူဘာလို့မလုပ်ချင်တာလဲဆိုတာ
တော်တော်ကို ချဉ်းကပ်ရခက်တဲ့ကိစ္စပါ ။
ဘာမှကိုမလုပ်ချင်တာလား . . .?သို့သော်လည်း
သူလုပ်ချင်တာဘာများလဲဆိုတဲ့လမ်းက
ဝေးတော့ ဆဲပြီးခိုင်းလိုက်တာမြန်တယ်လေ...
ဒီနည်းပဲသုံးကြတော့တယ်...😡😡

(4)။`သားသမီးအိမ်ထောင်ကိုစွက်ဖက်တာ´

တော်တော်များများဒါကိုလုပ်ကြတယ်...။
"နင်ယူထားတဲ့ ယောက်ျားကဘယ်လို "
"နင်ယူထားတဲ့ မိန်းမကဘယ်လို "ဆိုတာမျိုး
မပြောသင့်ပါဘူး …။ သားသမီးရဲ့
ရွေးချယ်မှုကိုလေးစားရပါမယ် …။
သူဟာ သူ့ဘဝကိုသူနေတတ်လို့
နေနေတာပါ .။ သားသမီးက
သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့
မပြောမချ င်း ဝင်ပါစရာကိုမလိုတာ....
ငါ့သမီး ပဲ မှန်တယ် ငါ့သား က မှန်တယ် ဆိုတာ ချည်းပဲ ယူဆတာ မှားပါတယ်.။

သားသမီးအကြောင်းမိဘကသိတယ်ဆိုတာ
ကလေးဘဝမှာပဲဖြစ်လိမ့်မယ်...။
သားသမီးအကြောင်းမသိကြလို့သာ
သားသမီးက လူသတ်မိရင်
မုဒိမ်းကျင့်တာမျိုးလုပ်မိရင်
မိဘက အံ့သြတကြီးဖြစ်ကြရတာပေါ့.....ငယ်စဉ်ကသိတယ်ဆိုတာ
ကလေးဘဝမှာမိဘနဲ့တစ်နေကုန်ရှိနေလို့
အကျင့်လေးတွေသိနေတာ...
သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့
အချိန်ကုန်တာနည်းလေ မိဘက
သားသမီးစိတ်ကိုမသိရလေပဲဆိုတာကို
သိထားသင့်ပါတယ်...!

သားသမီးဆိုတာ
မိဘကိုအစစအရာရာပြောပြချ င်တဲ့
အရွယ်ဆ်ိုတာ အသက်လေးငါးဆယ်နှစ်
အရွယ်မှာပဲရှိတယ်...။
ဒါကိုကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်
တကယ်ဖြစ်ရင်တောင် မိဘကိုမတိုင်ပင်
ကြတော့တာများတယ်... …။" ငါပြောသားပဲ"
ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ဝေးကွာစေတာ
သားသမီးတွေကရိပ်စားမိကြပါတယ်...။
သားသမီးအကြောင်းတကယ်သာသိရင်
ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်...

(5)။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ´

အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့
လူငယ်လူကြီးမရွေးကို အရမ်းအလေးထား
ဆက်ဆံတတ်ပါတယ် ။
ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့ ။
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။
သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျ တိုင်းသားသမီးကို
နှိမ်နေတတ်တာမျိုးပါ...။
စေတနာစကားပေမဲ့ အပြောမတတ်ရင်
နားခါးတာလူ့သဘာဝပါ...

အပြင်ပန်းကမှတ်မထားတာမှန်ကောင်း
မှန်ပါလိမ့်မယ်... စိတ်ခံစားချက်က
မှတ်ထားတတ်လို့သာ မိဘပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့
သားသမီးတွေရှိလာရတာပါ...

စိတ်ဆိုတာအမြဲမရှည်ပါဘူး .။
ဒါကြောင့် သားသမီးကိုအမြဲနားပူအောင်
နေ့စဉ်ဆုံးမစကားဆိုမနေပါနဲ့...။
သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး
တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ
စားပွဲဝိုင်းမှာ အေးအေးဆေးဆေးပဲ
ဆုံးမစကားတစ်ခွန်းချင်းပြောသင့်တာပါ .။
တစ်ပတ်တစ်ခါမို့ ဆုံးမရတာ
စိတ်လဲရှည်တယ် … သားသမီးအနေနဲ့လဲမိဘက
ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်. ။
သူ့အမှားကိုဆင်ခြင်နိုင်တယ် ။
"ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် . . ."
ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ...

အဆင်မပြေမှုတွေကိုသူတို့လဲမလိုလားကြပါဘူး!
ဒါပေမဲ့ ငြင်းဆန်မရရင်တော့
မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက်
အဝေးကို ပြေးသွားလိုက်တာ
အကုသိုလ်အနည်းဆုံး
အဆင်ပြေဆုံးလို့ထင်ပါတယ်...…

မိဘအတွက်လဲ မျက်စိထဲအဆင်မပြေတဲ့
သားသမီးဟာ သူ့ဖာသာရပ်တည်နေတာ
ကိုယ်မမြင်ရဘူးဆို အပူသက်သာတယ် .။
မိဘရဲ့ အဝေးမှာနေမယ်ဆိုရင်လဲ
အဆင်ပြေပြေ မပြေပြေ မိဘသာမသိစေနဲ့
မေးလာရင်အဆင်ပြေတယ်ပဲပြောလိုက်ပါ ။

ဒါမှ အဝေးမှာမိဘကော သားသမီးပါ
စိတ်အေးလက်အေးနေနိုင်မှာပါ ။
နို့မို့ တွေးပူနေတာနဲ့ မိဘစိတ်ပင်ပန်းပါမယ်...

နေ့စဉ်တစ်ယောက်နဲ့တစ်ယောက်
အကုသိုလ်ယူနေရတာမျိုး
ဘာလို့လုပ်တော့မလဲ...

ကိုယ်တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်း
ကိုလုပ်လို့ရပါတယ်...

အနီးမှာပဲနေရမယ်ဆိုလဲ မိဘနဲ့
အဆင်ပြေအောင်နည်းလမ်းရှာ
စိတ်လျော့တာလဲလုပ်နိုင်ပါတယ်...

မိဘဆိုတာ အဖိုးတန်ပါတယ် . ။
ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့
သူလဲသူ့တန်ဖိုးသူရှိတယ်ဆိုတာ
မိဘမျ ား အထူးသတိချပ်မိကြရင်
မိဘနဲ့သားသမီး ဆက်ဆံရေးက
အဆင်ပြေမှာပါ...

Crd > 내 친구의 귀여운 아들이다 🥰


ပြန်လည်မျှဝေသည်။ Fb.com/hnin.pwinphuA

01/07/2022

နင် ယောကျ်ား မဟုတ်ဘူးလား။

29/06/2022

သရုပ်ဆောင် မေဂျာတုန်းက Only me နဲ့ ဆော့ခဲ့တာလေး

13/06/2022

ကိုရီးယားမှာ အချိန်ပိုင်း လုပ်မယ်ဆိုရင်

ဘယ်လိုဆိုင်တွေ အခေါ်များသလဲ။

ကြက်ကြော်ဆိုင်

ပီဇာဆိုင်

ကော်ဖီဆိုင်

ကိုရီးယားစားသောက်ဆိုင်

Fast Food ဆိုင်

ဘာဂါဆိုင်

ပါမုန့်အရောင်းဆိုင်

အသားကင် နှင့် အရက်ဆိုင်

ဘိလိယက်ဆိုင်

အကြွေစေ့ ကာရာအိုကေဆိုင်

ကွန်ပြူတာဂိမ်းဆိုင်

ဖုန်းဆိုင် (မိန်းကလေးအခေါ်များ)

ဆာအူးနား သန့်ရှင်းရေး

ဆေးရုံ သန့်ရှင်းရေး

၂၄ နာရီစတိုးဆိုင် (ရုပ်ရည်သန့်ပြန့်ရမယ်)

ဘယ်လိုဆိုင်တွေက အလုပ်လည်းလုပ်ရင်း ပညာပါရသလဲ။

ကြက်ကြော်ဆိုင် ကြက်ကြော် နည်းပညာရပါတယ်။

အအေးနှင့် ကော်ဖီဆိုင် နည်းပညာရပါတယ်။

ဘာဂါဆိုင် နည်းပညာရပါတယ်။

ကိုရီးယားစားသောက်ဆိုင် နည်းပညာရပါတယ်။

ပေါင်မုန့်ဆိုင် နည်းပညာရပါတယ်။

ပီဇာ နှင့် ဘီယာ မျိုးစုံဆိုင် နည်းပညာရပါတယ်။ တချို့ဆိုင် ဘီယာကိုယ်တိုင်ချက်တာမျိုးရှိပါတယ်။

ဆေးရုံ ဆာအူးနား သန့်ရှင်းရေး နာမည်ဆိုးပေးမယ့် အဆက်အသွယ်ကောင်း သူဌေးတွေနဲ့ဆုံရင် ကူညီသူရပါလိမ့်မယ်။

ဘာပညာမှ မရပေ့မယ် ငွေများများရတာ

အသားကင် နှင့် အရက်ဆိုင်ပါ။ အိုက်ဒိုးပဂေးဆန်။ မီးသွေးဖိုရပါတယ်။ မီးသွေးသယ်ရပါတယ်။ စားပွဲထိုးရပါတယ်။ ကိုရီးယား ယဥ်ကျေးမှုက အကင်ဆိုင်က အရမ်းရောင်းရလို့ ပင်ပန်းနိုင်ပါတယ်။

အသားငါးလွှာစိမ်းဆိုင်။ ကိုယ်တိုင်သတ်ခိုင်းရင် လုပ်ပေးနေရပါတယ်။ အသားကင်ဆိုင်လို ငွေရများတယ်။

ဘိလိယက်ဆိုင် ဘိုးလိန်းဆိုင် သက်သာပါတယ်။

၂၄ နာရီဆိုင်က နိုင်ငံခြားသားဆို ငွေအပြည့်မပေးပါ တစ်နာရီ ၇၅၀၀ဝမ်သာပေးပါတယ်။ ပညာမရသော်လည်း လှလှပပလုပ်ရလို့ မပင်ပန်းပါ။

ကွန်ပြူတာ ဂိမ်းဆိုင် ပြသနာများပါတယ်။ ဂေါက်သီးလေးတွေပါလာရင် ကံမကောင်းနိုင်ပါ။

အချိန်ပိုင်းလုပ်ရင် တနေရာတည်းမှာ နှစ်ကြာကြာလုပ်ချင်ရင် ဘယ်လိုနေရာတွေ အဆင်ပြေသလဲ။

ကြက်ကြော်ဆိုင် ကော်ဖီဆိုင် ပီဇာဆိုင် ပေါင်မုန့်ဆိုင် ဘာဂါဆိုင် ကိုရီးယားစားသောက်ဆိုင် သန့်ရှင်းရေး (ဆေးရုံ) အချိန်ပိုင်းများက ရေရှည်လုပ်ရင် အဆင်ပြေပါတယ်။

စက်ရုံအလုပ်ရုံကရော အချိန်ပိုင်းလုပ်ရင် အဆင်ပြေနိုင်လား။

အားမပေးပါ။ ဥပဒေနဲ့ မညီတဲ့အတွက် ခဏသာလုပ်မယ်ဆိုရင် ခဏသာလုပ်ပါ။

မလာခင် ကြိုတင်ပြင်ဆင်ခဲ့ပါ။ ကိုရီးယား ဘာသာစကားကို ရေချိူးလည်း စာအုပ်ကိုင်ပါ။ ထမင်းစားလည်း ကိုင်ပြီးဖတ်နေပါ။

ကျောင်းတက်စဥ် အချိန်ပိုင်း အလုပ်လုပ်ခဲ့သော L.A Pizza နှင့်처갓집 မှာ ကိုယ်တိုင်လုပ်ခဲ့သော ကြက်ကြော်ကိုယ်တိုင် ပီဇာလုပ်ခဲ့တဲ...
13/06/2022

ကျောင်းတက်စဥ် အချိန်ပိုင်း အလုပ်လုပ်ခဲ့သော L.A Pizza နှင့်

처갓집 မှာ ကိုယ်တိုင်လုပ်ခဲ့သော ကြက်ကြော်

ကိုယ်တိုင် ပီဇာလုပ်ခဲ့တဲ့ အချိန်များ နှင့်

ကျောင်းတက်စဥ် သူငယ်ချင်းများနှင့် ပျော်ခဲ့တဲ့ ပုံရိပ်များ

ကိုရီးယား အိပ်မက်ရှိသူများ ကြိုးစားပါ

ဖိုက်တင်း

11/06/2022

ကိုရီးယားမှာ ကျောင်းတက်မယ်ဆိုရင် မဖြစ်မနေ

Topik 4 ထိ ဘာလို့ လုပ်ခိုင်းတာလဲ။

Topik 4 အကျိုးကျေးဇူးက ဘာတွေရမလဲ။

၁။ တက္ကသိုလ်ဝင်တဲ့အခါ Tp 4 အထက်ရှိရင် အစိုးရတက္ကသိုလ်ဆို 50% Private 30%

၂။ Tp 4 အထက်ရှိတဲ့အခါ လ.ဝ.က မှာ အလုပ်လျှောက်ရင် အဆင်ပြေဆုံးပါ။ အလုပ်ချိန် ခွင့်ပြုချက် အများဆုံးရပါတယ်။

၃။ Tp 4 အထက်ရှိတဲ့အခါ တက္ကသိုလ် ဒုတိယနှစ်မှာ အစိုးရ စကောလာ နှင့် သက်ဆိုင်ရာ မြို့နယ်စကောလာ လျှောက်ဖို့ အခွင့်ရေးပိုများမယ်။

၄။ Tp 4 အထက်ရှိတဲ့အခါ ဆက်ပြီး Lp Program တက်တဲ့အခါ ဆရာ ဆရာမတွေနှင့် ဆက်ဆံရေးကောင်းတဲ့အခါ နောက်ပိုင်း ကိုယ်တက်ချင်တဲ့ တက္ကသိုလ် လျှောက်ချင်တဲ့အခါ ဆရာ ဆရာမတွေ အကူအညီတောင်းနိုင်မယ်။

၅။ Tp 4 အထက်ရှိတဲ့အခါ အချိန်ပိုင်းအလုပ်အဆင်ပြေမယ်။

၆။ Tp 4 အထက်ရှိတဲ့အခါ သူဌေးနဲ့ အဆင်ပြေရင် ဆက်ပြီး အဆက်သွယ်ကောင်းတွေရမယ်။

၇။ Tp 4 အထက်ရှိတဲ့အခါ တက္ကသိုလ် ဘွဲ့ရတဲ့အခါ ဘွဲ့အတွက် ကြိုတင်ပြင်ဆင်စရာမလို Tp 4 အထက်ရှိမှသာ ဘွဲ့ပေးပါတယ်။

၈။ Tp 4 အထက်ရှိတဲ့အခါ D-10 လျှောက်ရန် အသင့်ဖြစ်နေပါလိမ့်မယ်။ D-10 ဗီဇာ အမှတ်ပေးစနစ်နဲ့ လျှောက်ရတဲ့ ဗီဇာ

၉။ Tp 4 အထက်ရှိတဲ့အခါ ကိုယ့် ဖူးစာရှင်တွေဖို့ အများကြီး အကျိုးရှိသလို Tp 4 ရှိတဲ့အခါ အလွယ်တကူ လက်ထက်ဗီဇာ အလွယ်တကူ လျှောက်လို့ရသလို ကိုယ့်ယောက္ခမ ကြည်ဖြူပါလိမ့်မယ်။

ဘာကြောင့် Lv 4 ကို မဖြစ်မနေလုပ်ခိုင်းတာလဲ။

စဥ်းစားပါ။ တွေးတောပါ။ ဆုံးဖြတ်ပါ။

စနစ်ကျအောင် သေချာလေ့လာပြင်ဆင်ပါ။

10/06/2022

စာဖိုမှူး သင်တန်းတွင်ဖြစ်သည်။

ဒီနေ့တော့ ကိုရီးယား ရိုးရာ အစားအသောက်

မှို ငရုတ်ပွ ပဲပြား ပန်ကိတ်

စာဖိုမှူး သင်တန်းတွင် ဖြစ်သည်။ကိုရီးယားမှာ အိပ်မက်ရှိသူများဖိုက်တင်းပါ။စိတ်ဓာတ်မကျစေနဲ့။ အမြဲ အားတင်းပြီးကြိုးစားနေပါတယ်...
09/06/2022

စာဖိုမှူး သင်တန်းတွင် ဖြစ်သည်။

ကိုရီးယားမှာ အိပ်မက်ရှိသူများ

ဖိုက်တင်းပါ။

စိတ်ဓာတ်မကျစေနဲ့။ အမြဲ အားတင်းပြီးကြိုးစားနေပါတယ်။

ငါတို့နိုင်ငံက ဘယ်နိုင်ငံနဲ့မှ မတူလို့ များများကြိုးစားရမယ်နော်။

လုံးဝ လုံးဝ စိတ်ဓာတ်ကျသွားလို့မဖြစ်ဘူးနော်။

D.K.S

08/06/2022

နောက်ဆို ကော်ဖီမသောက်သော့ဘူး ရေပဲသောက်ပါ့မယ် အယ်ကို လိမ္မာချင်လို့ပါ 🙃

07/06/2022

코리아 요리학원

ဘွဲ့ယူပြီးတာနဲ့ စာဖိုမှူး သင်တန်းမှာ ဟင်းချက် သင်ယူ

07/06/2022

စာဖိုမှူးမေဂျာ ဟိုတယ် တိုရစ်ဇင်တတ်ချင်ရင်

ကိုရီးယားစာ Lv 4

အဂ်လိပ်စာ Lv 3

အရင်ဆုံး ရအောင်လုပ်ထားပါ။

အေဂျင်စီ အများစုက Lv 3 ရရင်အဆင်ပြေတယ် ပြောချင်ပြောပါလိမ့်မယ်။

အကောင်းဆုံးက Lv 4 ထိကအကောင်းဆုံးပါ။

စီနီယာတွေနှင့် ပြသနာတက်ရင် ဖြေရှင်းရခက်မှာစိုးလို့ပါ။ အတွေ့အကြုံမို့ လိုက်နာစေရန် ကြိုတင်ပြောပြတာပါ။

စာဖိုးမှူးအရမ်းဖြစ်ချင်ရင် အကြံတခုထပ်ပေးပါမယ်။

အိမ်ကလည်းသိပ်မထောက်နိုင်ရင် အစိုးရကျောင်းမှာ Lp Lv 6 ထိ အလုပ်လည်းကြိုးစား လ.ဝ.က စည်းကမ်း ကျောင်းစည်းကမ်းလည်း လိုက်နာ။

မာစတာကို ကိုရီးယားဘာသာစကား မေဂျာယူပြီး။ စာဖိုမှူး ဘာသာရပ်ကို ကိုရီးယားမှာ သင်တန်းတက်ပါ။

အချိန်ပိုင်းအလုပ်လုပ်ရင်လည်း စားသောက်ဆိုင်မှာ အချက်အပြုတ်နေရာဝင်လုပ်နိုင်အောင်ကြိုးစားပါ။

ဘာပဲလုပ်လုပ် ကိုယ့်စီနီယာကို အသေးအဖွဲ့ကအစပြောပြပြီးမှ မေးပြီးမှလုပ်ပါ။ နှုတ်ဆက်ပါ။

ကိုယ်က နေရာရတတ်သွားတတ်ရင် မာန်ကိုချပါ။ ကိုယ့်လူမျိုးအပေါ် မကောင်းစိတ် အထင်သေးစိတ်မမွေးပါနဲ့။လက်တွဲ ကူညီပါ။

ကိုရီးယားလူမျိုးအပေါ်အထင်ကြီးမိပြီး ကိုယ့်လူမျိုးအပေါ် သိမ်ငယ်စိတ် အထင်သေးစိတ်မထားပါနှင့်။

ကိုယ့်လူမျိူးအပေါ် အမှားတွေရင် တာဝန်ယူ တာဝန်ခံစိတ်အပြည့်နှင့် မကောင်းတာမြင်ရင် ပြုပြင်ပေးတတ်အောင် ကြိုးစားနေထိုင်ပါ။

လူတယောက်အပေါ် အပေါ်ယံကြည့်ပြီး မဆုံးဖြတ်မိစေရန် ကြိုးစားနေထိုင်ပါ။

အဲ့တာဆို စိတ်ချမ်းသာပြီး စာဖိုမှုးဘာသာရပ်မှာ အကောင်းဆုံး လုပ်နိုင်လာမှာပါ။

ဟင်းချက်တာလည်း အနုပညာပါပဲ။

စိတ်မပျော် စိတ်ဖိစီးမှု သိပ်များနေရင်

ဟင်းလက်ရာကျစေပါတယ်။

ကိုယ့်လက်ရာကို စားသုံးမယ့် ကာစတန်မာအပေါ် မလေးစားရာရောက်လို့

အမြဲတမ်း စိတ်ကိုကြည်လင်အောင်ထားပါ။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ခန့်က ဦးသန့်ရေးခဲ့သောစာ ဖြစ်ပါသည်။Oh! We Burmans by Maung Thantကျွန်ုပ်တို့ မြန်မာလူမျိုးများတွင...
07/06/2022

လွန်ခဲ့သော နှစ်ပေါင်း ၅၀ခန့်က ဦးသန့်ရေးခဲ့သောစာ ဖြစ်ပါသည်။

Oh! We Burmans by Maung Thant

ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်း အားနည်းချက်တစ်ခု ရှိပါသည်။ ဤအားနည်းချက်သည်ပင်ဖွံ့ဖြိုးမှု နောက်ကျရခြင်း၏ အကြောင်းရင်းခံတစ်ခု ဖြစ်နိုင်သည်။

ဤသို့သော ပျော့ကွက်ဟာကွက်မျိုးကို၊ အမေရိကန်တွေက ‘လူကြီးသူငယ်နာ ရောဂါ’ ဟု ခေါ်ကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင်လည်း အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီးတွေ ပေါမှပေါ ဖြစ်လေရာ၊ သူတို့ပြောသော ရောဂါအမည်နှင့် အဟပ်ညီမည်ထင်ပါသည်။

သို့သော် အဆိုပါရောဂါ ဆိုသည်ထက်၊ အသိပညာအရာတွင် ကလေကဝနိုင်မှုနှင့် ပို၍ဆိုင်ပါလိမ့်မည်။ မည်သို့ပင်ရှိစေ ဤလို ရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုး အရေအတွက်သည်ကား၊ ပို၍ပို၍ များလာဟန် ရှိပါသည်။ ထားတော့…၊ ဤချို့ယွင်းအားနည်းချက် (ဆိုကြပါစို့ ရောဂါ) ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။ ဤရောဂါက ကျွန်ုပ်တို့ မြန်မာတွေကို ဘယ်သောင်ဘယ်ကမ်း ဆိုက်စေမည်နည်း…။

ကလေးတစ်ယောက်က သူ့ကစားဖော် သူငယ်ချင်းများကို ပြောလေ့ပြောထရှိသည်များကို ကျွန်ုပ်တို့တတွေ မကြာခဏဆိုသလို ကြားရလေ့ရှိသည်။
‘ငါ့အိမ်က မင်းအိမ်ထက် ပိုကြီးသကွ’
‘ငါ့အဖေက မင်းအဖေကို အသာလေးနဲ့ နောက်ကောက်ချနိုင်တယ် မောင်’ စသဖြင့်။
ဤသို့သော ကလေးအကြွားမျိုးကို မိဘဖြစ်သူများက ဟန့်သယောင်၊ တားသယောင် ဆောင်ကြသော်လည်း စိတ်ထဲကတော့ ကျိတ်သဘောကျနေကြသည်က များသည်။ ဒီလိုနှင့် ငယ်ကျင့်တွေမှာ လူကြီးဘဝအထိ ပါလာတော့သည်။

ဦးရွှေက သူ့ဇနီးအတွက် ရွှေဘီးတစ်ချောင်း လုပ်ပေးသောအခါ၊ အိမ်နီးချင်း ဦးငွေက အားကျမခံ သူ့မိန်းမကို စိန်ဘီး လုပ်ပေးသည်မှာ အဆိုပါ ဖော်ပြချက်မျိုး ဖြစ်ပါသည်။ ထို့ထက် တစ်ဆင့်တက်လာသောအခါ ပိုဆိုးလေသည်။
‘ဟေ့ ငါတို့ မြန်မာဘုရင်တွေက ယိုးဒယား၊ အာသံနဲ့ မဏိပူရကို နိုင်ခဲ့တာကွ၊ ဘာမှတ်လဲ…’ စသဖြင့်။
မိမိအောင်မြင်မှုအပေါ် သွေးနားထင်ရောက်နေသော၊ အခြားနိုင်ငံနှင့် လူမျိုးများအပေါ် အဖက်မတန်သလို သဘောထားသော ဘဝင်စိတ်ပင် ဖြစ်ပါသည်။
‘ဟိတ် အတန်းထဲမှာ ငါ အတော်ဆုံး၊ ငါအလိမ္မာဆုံးကွ’ ဆိုသည့် ကလေးစကားနှင့် ဘာကွာတော့မည်နည်း။

လူဦးရေနှင့် နှိုင်းယှဉ်ကြည့်လျှင်၊ ကျွန်ုပ်တို့ နိုင်ငံတွင် ဝတ်ပြုကိုးကွယ်စရာ ဘုရားကျောင်းကန်တွေ အခြားမည်သည့် တိုင်းပြည်ထက်မဆို ပိုများသည်။ သို့နှင့်တိုင် ကျွန်ုပ်တို့တတွေ၏ ဘာသာရေး အဆုံးအမများ အပေါ် စောင့်ထိန်းလိုက်နာမှုမှာ အားနည်းလှသည်ဟု ဆိုချင်သည်။

ကျွန်ုပ်တို့ ဘာသာတရားက ဘုန်းတော်ကြီးများကို လောကီရေးတွင်ဝင်မစွက်ရန် တားမြစ်ထားသေးသည်။ သို့သော် အငြိမ့်ပွဲ ဇာတ်ပွဲတွေ သွားကြည့်ပါက ဝါဝါ၀င်းဝင်းတွေ မမြင်ချင့်အဆုံး ဖြစ်တော့သည်။

ကျွန်ုပ်တို့နိုင်ငံမှာ သယံဇာတ ပေါကြွယ်သည်ဟု နာမည်ကြီးသည်။ သို့သော် ကျွန်ုပ်တို့တတွေကား ‘ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ’ ဟုဆိုကာ ဖြုန်းတီးမှုကို အဟုတ်ကြီး ထင်နေကြသည်။ ဘာကြောင့် ဤသို့ ဖြစ်နေပါသနည်း။

👉🏽 စိတ်ဓာတ်ရေးရာအရ နို့စို့ကလေးဘဝမှ မတက်နိုင်သောကြောင့် ဖြစ်ပါသည်။

ကျွန်ုပ်တို့ မြန်မာတွေမှာ ကမ္ဘာပေါ်တွင် အနုပညာပါရမီ အသန်ဆုံး လူမျိုးတစ်မျိုး ဖြစ်သည်မှာ မှန်ပါသည်။ သို့နှင့်တိုင် အနုပညာသည်များ (ဇာတ်မင်းသား၊ ဇာတ်မင်းသမီး) များနှင့် ပတ်သက်လျှင်မူ၊ အောက်တန်းစား ဖက်ခွက်စားဟု သဘောထားကြသည်က များသည်။ သူတို့နှင့် ကြမ်းတပြေးတည်း ထိုင်လျှင်ပင် အရှက်ရစရာ၊ သိမ်ငယ်စရာဟု ထင်ကြသည်။

နိုင်ငံခြားသားတို့၏ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများနှင့် ပတ်သက်လျှင်လည်း အတုယူ နည်းယူစရာ ရှာမကြည့်တတ်။ အထင်သေး ရှုတ်ချကြသည်က များသည်။ ပြောရလျှင် အစစအရာရာ ကျွန်ုပ်တို့တတွေမှာ

👉🏽 အရွယ်မရောက်သေးသော (ကလေးစိတ်နှင့် လူကြီးကိုယ်) တွေ ဖြစ်နေတော့သည်။

ကျွန်ုပ်တို့နိုင်ငံ ရောက်လာကြသော နိုင်ငံခြားဧည့်သည်များက ကျွန်ုပ်တို့ကို သဘောကျကြပါသည်။ ‘နက်ဖြန်ခါ အတွက်ပင် တွေးမပူတတ်သော ပျော်ပျော်နေသေခဲ လူမျိုး’ ဟုလည်း မကြာခဏဆိုသလို ပြောတတ်ကြသည်။ ဤကောက်ချက်မျိုးကို ကျွန်ုပ်တို့က ဂုဏ်ယူမဆုံး ဖြစ်နေကြသည်။ လူကြီးတစ်ယောက်၏ မြှောက်ပင့်စကားကို ကျေနပ်ပီတိဖြာနေသော ကလေးလေးတစ်ယောက်နှင့်ပင် တူသေးတော့သည်။

ကျွန်ုပ်တို့ဟာသက ရိုးတာသည်။ ကျွန်ုပ်တို့စကားက ပေါ့ပြက်သည်။ ကျွန်ုပ်တို့ အတွေးက တိမ်သည်။ သင့်,မသင့် မှန်,မမှန် ကိုယ်တိုင် မစဉ်းစား။ စဉ်းစားဆုံးဖြတ်ရမည့် အလုပ်ကို ဆရာတော်များနှင့် ဂုဏ်သရေရှိ လူကြီးမင်းများကိုသာ လွှဲထားသည်။ ကလေးတွေနှင့် ဘာကွာတော့မည်နည်း။

ကျွန်ုပ်တို့လူမျိုးမှာ စံသတ်မှတ်ချက်များကိုလည်း အလွန်ကိုးကွယ်လေ့ ရှိပါသည်။ သို့သော် ‘စံ’ အတိုင်းကား မကျင့်။ ကျင့်သယောင်ယောင် ဆောင်ကြသည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ဝေဖန်သည်မျိုး အလျှင်းမရှိ။ သူများ အထင်သေးမှာ ကြောက်သောကြောင့် ဖြစ်သည်။

ဤအကျင့်က ကျွန်ုပ်တို့စာပေတွင် ထင်ဟပ်လျက် ရှိသည်။ အကယ်၍များ အိပ်(ချ)ဂျီဝဲ(လ) တို့၊ ဒီအိပ်(ချ) လောရင့် တို့၊ ဂိုဂို(လ) တို့သာ မြန်မာပြည်တွင် လူဖြစ်ခဲ့လျှင်၊ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ဖြစ်လာလိမ့်မည် မဟုတ်။ အပယ်ခံ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်ဖို့များသည်။

မြန်မာ့နိုင်ငံရေးမှာလည်း ဤနည်းနှင်နှင်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အကျင့်က နိုင်ငံရေးသမားတစ်ယောက်၏ တန်ဖိုးကို ကြိုက်မကြိုက်ဆိုသည်နှင့်သာ ဆုံးဖြတ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင်သာ ချိန်ဘာလိန်လို အရည်အချင်းမျိုး ရှိသည့် နိုင်ငံရေးသမားမျိုးရှိလျှင် သူ့သက်တမ်းမှာ ခြောက်လထက် ပိုမခံ။ မြန်မာတွေက အရည်အချင်းထက် သူ့တို့ဟာဒယကို ထိ,မထိသာ ကြည့်တတ်သည်။

ယနေ့ မြန်မာနိုင်ငံရေးလောကကို ကြည့်လိုက်လျှင်လည်း သတင်းစာများအတွက် သတင်းဖြစ်ရုံမျှထက် ဘာမျှမပို။ အချင်းချင်း ရန်ဖြစ်နေကြသည်က များသည်။ ပါတီနှစ်ခုရှိလျှင် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ခိုက်မည်။ အဆဲကောင်း အတိုက်ကောင်းလျှင် နာမည်ကြီးမည်။ အစိုးရကို နာနာဆဲနိုင်ပါက ပိုလူကြိုက်များလိမ့်မည်။ မြန်မာဓလေ့တွင် အစိုးရ(မင်း)ကို ရန်သူမျိုးငါးပါးထဲ ထည့်သွင်းထားသည် မဟုတ်ပါလော။

မြန်မာ့ရေခံမြေခံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ အကောင်းဆုံးဟု ဆိုကြသည်များ ရှိသည်။ လူတန်းစား ကွာဟမှု ပြောပလောက်အောင် မရှိသောကြောင့်ဟု ဆိုသည်။ သို့ဖြစ်လင့်ကစား၊ ကျွန်ုပ်တို့တတွေမှာ ကိုယ့်သားသမီးများကို ယခုလို ဆုံးမလေ့ရှိကြသည်။
သားရေ- သမီးရေ ဟိုကလေးနဲ့ မကားစားကြနဲ့နော်၊ ဒင်းတို့တတွေက အဆင့်အတန်း မရှိဘူးကွဲ့’

ကျွန်ုပ်တို့ လူကြီးအချင်းချင်းလည်း ယခုလို ပြောလေ့ရှိကြသည်။
‘ဦးချမ်းသာနဲ့ ဒေါ်ပိုက်ဆံကို သိသမို့လား။ ဒီလိုမြို့လေးမှာ သူတို့ဘယ်နေနိုင်မလဲ။ သူတို့ ကလေးတွေအတွက် ပေါင်းစရာ မရှိဘူးတဲ့လေ။ သူတို့အိမ်နီးချင်းတွေက စာရေးစာချီနဲ့ ကျောင်းဆရာတွေကိုးရှင့်…’ စသည်ဖြင့်။

ဤသည်တို့မှာ မြန်မာတစ်ဦး၏ မြန်မာလူမျိုးများအပေါ် အမြင်များ ဖြစ်ပါသည်။ စိတ်ပျက်ဖို့ ရေးလိုက်သည် မဟုတ်။ သိမှတ်လက်ခံပြီးသကာလ ဘာ့ကြောင့် ဤသို့ဖြစ်ရသည်ကို၊ အကြောင်းရှာစိစစ်ကြဖို့ ဖြစ်ပါသည်။ ဤသို့လုပ်နိုင်လျှင် ရောဂါတစ်ဝက် ကုသပြီး ဖြစ်နိုင်ပါသည်။

ဦးသန့်


ရည်ညွှန်း။ Oh! We Burmans by Maung Thant
(မိုးကောင်း ပြန်ဆိုသည်။)

Address

부산 남구 수영로293번길 42-10

Telephone

+821022892429

Website

Alerts

Be the first to know and let us send you an email when Soloman Travel & Food Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soloman Travel & Food Vlog:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share