10/11/2021
မာနကြီးရုံပါမောက်မာတာမဟုတ်ဘူး
ကျွန်မ မာနကြီးတယ်...
ကိုယ့်ကို မမြင်ချင်ယောင်ဆောင်သွားတဲ့လူကို ကိုယ်ကလဲ မသိချင်ယောင်ဆောင်တတ်သလို မလာချင်တဲ့သူကို မခေါ်ပဲလဲနေတတ်တယ် ။
အရင်တုန်းကတော့ ဒီလိုဘယ်ဟုတ်ပါ့မလဲ တွယ်တာမိပြီဆိုပြီး အားနာလို့ခေါ်မှာမသိ မခေါ်ချင်မှန်းမသိ လူပိုကြီးတစ်ယောက်လို ကပ်တွယ်နေခဲ့ဖူးတယ် ။ အလိုက်မသိလိုက်တာ ပြီးတော့ တုံးအလိုက်တာဆိုတဲ့ ခေါင်းစဥ်တွေပဲ တပ်ခံခဲ့ရတာပါ ။
စသလိုလိုနောက်သလိုလိုနဲ့ ပြောတဲ့စကားတွေဟာ တကယ်တမ်းတွေးကြည့်မယ်ဆိုရင် နာချင်စရာတွေချည်းပဲ အဲ့ဒီတုန်းကတော့ မနာတတ်ခဲ့ဘူး ခင်လို့ စတယ်လို့ပဲ အရိုးရှင်းဆုံးမှတ်ခဲ့တာလေ ။
ကြာလာတော့...တစ်ယောက်တည်းနေတာ ပိုပြီး ဒဏ်ရာကင်းပါမယ်ဆိုတဲ့ အတွေးလေး ဝင်လာခဲ့တယ် မခေါ်ချင်တဲ့သူကို မခေါ်ပဲ နေမိအောင် မလာစေချင်တဲ့ အရပ်ကို မသွားပဲနေမိအောင် ဆင်ခြင်ရင်းက ချထားမိတဲ့ မာနလေးတွေကို ပြန်တင်လိုက်ရုံပါ ။
ခုတော့ကျွန်မ မာနကြီးတတ်သွားပြီ ဒါပေမယ့် ပြုံးပြနေတဲ့သူကို ပလိန်းကြီး မုန်းနေလောက်တဲ့ထိတော့ မမောက်မာဘူး.. ဒါပေမယ့် ကိုယ့်ကိုလာချေရင် ကိုယ်ကလဲ နှစ်ဆမက ပြန်ပြီး ချေမိုးတတ်တယ်ဆိုတဲ့အကြောင်း သိစေချင်စေချင်တယ်။
မမြင်ချင်ယောင်ဆောင်သွားတဲ့သူကို မသိချင်ယောင်ဆောင်တတ်သလို မခေါ်ချင် မပြောချင်တဲ့သူကို သူစိမ်းလို နေပေးတတ်ပါတယ်။
#ကျေးကို