Ground News Coverage-GNC

Ground News Coverage-GNC If you do not do it, you can not do it
(1)

ထောင်ထဲမှာ မတရားအကျဥ်းချခံရနေပေမယ့် အပြင်က ပြည်သူတွေကို ယုံလို့ ဘယ်သူက လာညှိိဖို့ လုပ်လုပ် အမြဲ အမေစုက ငြင်းခဲ့တယ် ။NLD ...
12/07/2023

ထောင်ထဲမှာ မတရားအကျဥ်းချခံရနေပေမယ့် အပြင်က ပြည်သူတွေကို ယုံလို့ ဘယ်သူက လာညှိိဖို့ လုပ်လုပ် အမြဲ အမေစုက ငြင်းခဲ့တယ် ။

NLD အမတ်ဆိုပြီး စခလွတ်တဲ့ သူတွေကို အမေစုက လက်ဖက်ရည်တိုက်ပြီး ပြန်လွတ်တယ် ၊ စခလွတ်တဲ့ ဘုန်းကြီးတွေကိုလည်း ငြင်းတယ် ။အခု စခရဲ့ အကြံတွေနဲ့ လာညှိဖို့လုပ်တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကိုလည်း အမေစုက 'No' ဆိုပြီး ငြင်းတယ် ။ဒါက အပြင်မှာရှိနေတဲ့ ပြည်သူတွေရဲ့ လိုလိုလားလား ပြင်းပြတဲ့ ဒီမိုကရေစီ စိတ်ဓာတ်ကို ယုံကြည်လို့ပါ ။အဲ့ယုံကြည်မှုတွေအတိုင်း ဒီပွဲကို ပြည်သူအားလုံး ပြိုင်တူရုန်းပြီး တိုက်ထုတ်ကြမယ် ။

အမေစု ကျန်းမာပါစေ 🙏🙏
အရေးတော်ပုံ မုချအောင်ရမည် ✊✊✊

ယနေ့ကတော့ (၁၁)ရက်မြောက်နေ့ ဇူလိုင်လမြို့ပြထောက်ပို့မှုရဲ့ ထောက်ပို့ အလှူခံရက်ပါခင်ဗျ ။နည်းများမဆို ပါဝင်ထောက်ပို့ကြပြီး ...
12/07/2023

ယနေ့ကတော့ (၁၁)ရက်မြောက်နေ့ ဇူလိုင်လမြို့ပြထောက်ပို့မှုရဲ့ ထောက်ပို့ အလှူခံရက်ပါခင်ဗျ ။

နည်းများမဆို ပါဝင်ထောက်ပို့ကြပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။တစ်ဦးတစ်ယောက်ချင်းရဲ့ အားအင်တွေ အပြည့်အဝလိုအပ်ပါသည်။

ယနေ့ ဇူလိုင်လ မြို့ပြထောက်ပို့မှု တစ်စိတ်တစ်ပိုင်းအဖြစ် ထောက်ပို့အလှူခံသည့် (၁၀)ရက်မြောက်နေ့မှာတော့ ၁၁၀,၀၀၀ ကျပ်အထိ ရရှိ...
11/07/2023

ယနေ့ ဇူလိုင်လ မြို့ပြထောက်ပို့မှု တစ်စိတ်တစ်ပိုင်းအဖြစ် ထောက်ပို့အလှူခံသည့် (၁၀)ရက်မြောက်နေ့မှာတော့ ၁၁၀,၀၀၀ ကျပ်အထိ ရရှိခဲ့ပါတယ် ခင်ဗျ ။

ယခုလို ထောက်ပို့ကူညီမှုများအတွက်လည်း ကျေးဇူးအထူးပင် တင်ရှိပါတယ် ခင်ဗျ ။ထောင်ပို့အလှူခံရက်က ဇူလိုင်လ၁၅ရက်နေ့အထိ မို့ နည်းများမဆို ပါဝင်ထောက်ပို့နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

အရေးတော်ပုံ မုချ အောင်မည်✊✊✊

11/07/2023

တစ်ပတ်ကျော်လောက် ကြိုးစားခဲ့တဲ့အရာလေး တစ်ခု ယနေ့ညမှာတော့ အဆင်ပြေခဲ့ပြီဗျ။ မြို့ပြဘက်က အဖွဲ့တစ်ဖွဲ့နဲ့ နယ်ဘက်က အဖွဲ့တစ်ဖွဲ့တို့ကို ချိတ်ဆက်ပေးခြင်းပါ ။

ပုံမှန်အရ အရမ်းလွယ်တယ်လို့ ပြောလို့ရပေမယ့် အဖွဲ့နှစ်ဖွဲ့ရဲ့ ချိတ်ဆက်မှုနောက်မှာ မြို့ပြအဖွဲ့အတွက် လက်နက်နဲ့လိုအပ်တဲ့နည်းပညာ ပံ့ပိုးတာ ၊ပို့ဆောင်တာ ၊အချက်အလက်တွေ မျှဝေတာနဲ့ လိုအပ်ရင် ငွေကြေးထောက်ပို့မှုတစ်ချို့ပါ ပါ ပါတယ်။အသေးစိတ်ကျ ပြောခွင့်မရှိသေးလို့ ကျွန်တော်တို့ Team ရဲ့ ကြိုးစားမှုလေးကို အခု့လောက်ပဲ တင်ပြနိုင်ပါသေးတယ် ခင်ဗျ ။အခြေအနေအရ တင်ပြခွင့်ရှိရင် ထပ်မံတင်ပြသွားပါမယ်ခင်ဗျ ။

SUPPORTING TEAM

11/07/2023

မြို့ပြထောက်ပို့မှုများအတွက် (၁၀)ရက်မြောက်နေ့ အလှူခံရက်လေးဆီ ရောက်ပါပြီခင်ဗျ ။

Target မပြည့်သေးတာမို့ မိဘပြည်သူများ၏ ထောက်ပို့အားတွေ လိုအပ်ပါတယ်ခင်ဗျ ။နည်းများမဆို ပါဝင်ထောက်ပို့ပေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်။

SUPPORTING TEAM

10/07/2023

ယနေ့ ၉ရက်မြောက်နေ့ ထောက်ပို့ အလှူခံရက်မှာတော့ နေမကောင်းတဲ့ကြားက တကူတက 100,000ကျပ် လာရောက်ထောက်ပို့ပေးတဲ့ အန်တီအား ကျေးဇူးအထူးပင် တင်ရှိပါသည်။ အန်တီလည်း နေအမြန်ကောင်းပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ထောက်ပို့မှုများအတွက်လည်း အထူးကျေးဇူးတင်ပါတယ် ခင်ဗျ ။

ကျွန်တော်တို့ Team မှာလည်း ဖျားနာမှုလေးတွေ ရှိနေတာမို့ ယနေ့ညတော့ နားပါရစေ ။မိဘပြည်သူများလည်း ဖျားနာမှုများ ကင်းဝေအောင် အိပ်ရေးဝအောင် အိပ်ခြင်း ၊အာဟာရ ရှိအောင် စားသုံးခြင်း ၊ဖျားနာမှုရှိပါက ဆေးခန်းပြသခြင်းဖြင့် ကျန်းမာစွာနဲ့ စစ်အာဏာရှင်ကို တွန်းလှန်ထုတ်ကြဖို့ တောင်းဆိုအပ်ပါသည်။

SUPPORTING TEAM

10/07/2023

“ကြားနေဆိုတာ သစ္စာဖေါက်ကို စာလုံးပေါင်းပြောင်းထားတာပါ”

အနီးကပ်ဆုံး စကားလုံးက “အချောင်သမား” ဖြစ်ပါတယ်။

Khin Maung Soe

ဒီနေ့မနက် ၉နာရီအကျော်က မင်္ဂလာတောင်ညွန့်မြို့နယ် ပုဇွန်တောင် ဘူတာအနီး ရထားသံလမ်းဘေးမှာ အမျိုးသားတစ်ဦး သေဆုံးလျက်ရှိကြော...
10/07/2023

ဒီနေ့မနက် ၉နာရီအကျော်က မင်္ဂလာတောင်ညွန့်မြို့နယ် ပုဇွန်တောင် ဘူတာအနီး ရထားသံလမ်းဘေးမှာ အမျိုးသားတစ်ဦး သေဆုံးလျက်ရှိကြောင်း သိရသည်။ထိုသေဆုံးသူ အဘမှာ အိမ်ခြေရာမဲ့ တစ်ဦးဖြစ်ပြီး ရောဂါကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

ဒီလပိုင်းတွေမှာ အိမ်ခြေရာမဲ့ လူများ သေဆုံးမှု များပြားလာလျက်ရှိ ရှိသည်။

photo-မင်္ဂလာတောင်ညွန် လူငယ် လူမှုကူညီရေးအသင်း

10/07/2023

၉ရက်မြောက်နေ့ ဇူလိုင်လ မြို့ပြ ထောက်ပို့အလှူခံရက်ကို ရောက်လာပါပြီခင်ဗျ ။

လိုအပ်တဲ့ Target တစ်ခုကို လုံးဝမရောက်သေးပါဘူးခင်ဗျ ။နောက် ဒီလက အဖွဲ့တစ်ချို့နဲ့ နာနတ်သီးလုပ်ဖို့အတွက် ပိုမိုထောက်ပို့ဖို့ ရည်မှန်းထားလို့ပါခင်ဗျ ။နည်းများမဆို ပါဝင်ထောက်ပို့ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။

၈ရက်မြောက်နေ့ မြို့ပြထောက်ပို့အဖြစ် ထောက်ပို့အလှူခံရာ ၂၀,၀၀၀ကျပ် ရရှိပါတယ် ခင်ဗျ ။ကျွန်တော်တို့နှင့်အတူ စိတ်ချလုံခြုံစွာ...
09/07/2023

၈ရက်မြောက်နေ့ မြို့ပြထောက်ပို့အဖြစ် ထောက်ပို့အလှူခံရာ ၂၀,၀၀၀ကျပ် ရရှိပါတယ် ခင်ဗျ ။

ကျွန်တော်တို့နှင့်အတူ စိတ်ချလုံခြုံစွာဖြင့် ထောက်ပို့ကြသည့်အတွက် ကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျ ။
အရေးတော်ပုံ မုချ အောင်မည်✊✊✊

09/07/2023

မြောက်ဒဂုံ💢💢

ယနေ့ဇူလိုင်လ ၉ရက်နေ့ ည ၈နာရီ၁၃မိနစ်ခန့်တွင် မြောက်ဒဂုံမြို့နယ် အတွင်းမှ ပေါက်ကွဲသံ💥သုံးချက် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့အသံကို အရှေ့ဒဂုံမြို့နယ် နှင့်မြောက်ဥက္ကလာပမြို့နယ်ဘက်မှလည်း ကြားရပြီး ပေါက်ကွဲသည့်နေရာကို တော့ မသိရှိရသေးပါ ။

#မြောက်ဒဂုံ

09/07/2023

ဒီနေ့ တောထဲက ရဲဘော်တစ်ချို့နဲ့ ဖုန်းပြောဖြစ်တယ် ။သူတို့ပြောတဲ့အထဲမှာ အားရစရာ စကားတစ်ခွန်းက "သားကြီးတို့ ငါတို့ ​မင်းတို့မြို့တွေအထိ ပြန်လာနိုင်တော့မယ် ၊ ငါတို့ကို လိုအပ်တဲ့ လက်နက်တွေ နူဂျီနဲ့အပေါ်ကအဖွဲ့တွေက အကုန်နီးပါး ထောက်ပံ့နေတယ် " တဲ့ ။

ကြားရတဲ့သတင်းနဲ့ လက်နက်တာ စုံရင် ဘယ်ခွေးကိုမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ပြင်းပြတဲ့စကားတွေကြောင့် ငါတို့လည်း သပြေပန်းနဲ့ ကြိုဖို့ စောင့်နေပါတယ် ။သေချာတာက ငါတို့ဒီပွဲ နိုင်ကို နိုင်မှာ ။

SUPPORTING TEAM

09/07/2023

ဓားရဲ့ တရားဆိုတာ
ဝင်ရုံနဲ့ မရ ။
ရှေ့တိုးပြီး ခုတ်မှ ရမယ် ။

တော်လှန်ရေးပဲ
တွေးနေရုံနဲ့ မရ ။
သွေးအတိုင်း
ရဲတက်လာမှ ရမယ် ။

မတွေးဝေနဲ့တော့
တော်လှန်ရေးရဲ့ စနစ်တံဟာ
ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။

ဆရာ ကေဇဝင်း

09/07/2023

စစ်ထွက်တေးကို အတူတူဆို
စစ်ချီကဗျာတွေ ရေးကြ ။
ဘဝဟာ နှစ်ခါမရဘူး ။

ဒီတစ်ကြိမ်ပြီးရင်
နိဗ္ဗာန် နဲ့ ငရဲ
တစ်ခုပဲ ရချင်တယ် ။

ကြယ်တာရာဝင်း

09/07/2023

၈ရက်မြောက်နေ့ ထောက်ပို့ အလှူခံရက်ကို ရောက်ပါပြီခင်ဗျ ။

တက်စွမ်းသလောက် ပါဝင်ထောက်ပို့ကြဖို့ ဖိတ်ခေါ်အပ်ပါတယ် ။ ပြည်သူ့အားနဲ့ ရှေ့ဆက်တိုက်ပွဲဝင်နေရခြင်းမို့ ပြည်သူ့အားအင်တွေ လိုအပ်ပါတယ် ခင်ဗျ ။

ယနေ့ ၇ရက် မြောက်နေ့ ဇူလိုင်လ မြို့ပြထောက်ပို့အဖြစ် ထောက်ပို့ အလှူခံခဲ့ရာ ၁သောင်းကျပ်တာ ရရှိခဲ့ပါသည် ။မြို့ပြရဲ့တော်လှန်ရ...
08/07/2023

ယနေ့ ၇ရက် မြောက်နေ့ ဇူလိုင်လ မြို့ပြထောက်ပို့အဖြစ် ထောက်ပို့ အလှူခံခဲ့ရာ ၁သောင်းကျပ်တာ ရရှိခဲ့ပါသည် ။

မြို့ပြရဲ့တော်လှန်ရေးတစ်စိတ်တစ်ပိုင်းအဖြစ် စွမ်းစွမ်းတမံ ထောက်ပို့ကူညီမှုများအတွက် ကျွန်တော်တို့ GNC Team မှ ကျေးဇူးအထူးပင် တင်ရှိပါတယ်။

အရေးတော်ပုံ မုချ အောင်မည် ✊✊✊

08/07/2023

လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစ်စုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။

မောင်ငြိမ်းချမ်း

စခ ဘောမ အကြီးစား လီလီနိုင်ကျော်ကို ရှင်းပစ် ပစ်ခတ်ခဲ့သည် ရဲဘော် လူငယ် ၂ ဦးကို စခတွေက ဖမ်းဆီးပြီးနောက် သတ်လိုက်ကြောင်း သိ...
08/07/2023

စခ ဘောမ အကြီးစား လီလီနိုင်ကျော်ကို ရှင်းပစ် ပစ်ခတ်ခဲ့သည် ရဲဘော် လူငယ် ၂ ဦးကို စခတွေက ဖမ်းဆီးပြီးနောက် သတ်လိုက်ကြောင်း သိရသည်။သတင်းများအရ အဖမ်းဆီးခံ နေ့ထဲမှ စစ်ကြောရေးထဲသို့ ပို့၍ တောက်လျှောက် နှိပ်စက်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း ကြားသိရသည်။

စခလော်ဘီများဘက်ကတော့ မြောက်ဒဂုံမြို့နယ်ရှိ လက်နက်ဝှက်ထားသော အိမ်သို့ ထိူလူငယ်၂ဦးအား လိုက်ပြခိုင်းစဥ် ထွက်ပြေးသဖြင့် ပစ်ခတ် ခဲ့ရသဖြင့် သေဆုံးကြောင်း ကြေညာပေမယ့် မဟုတ်မှန်ကြောင်း သူတို့လက်လွန်၍ သေဆုံးခြင်းတာ ဖြစ်ကြောင်း အတွင်းသတင်းတစ်ချို့အရ သိရသည်။

သွေးကြွေးတွေတော့ ပြန်ဆပ်ရမည်။

တာမွေခုံးတံတားအောက်တွင်  ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်းအား ယနေ့တွေ့ရှိယနေ့ဇူလိုင်လ ၈ရက်နေ့ မနက်ပိုင်း တွင် တာမွေ...
08/07/2023

တာမွေခုံးတံတားအောက်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်းအား ယနေ့တွေ့ရှိ

ယနေ့ဇူလိုင်လ ၈ရက်နေ့ မနက်ပိုင်း တွင် တာမွေမြို့နယ်ရှိ တာမွေခုံးတံတားအောက်တွင် သေဆုံးနေသည့် အမျိုးသား ၁ ဦးအား ပြည်သူတစ်ချို့က တွေ့ရှိ ၍ နီးစပ်ရာသို့ အကြောင်းကြားခဲ့သည်။

ထို့နောက် မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ လူမှုကူညီရေးအသင်းအဖွဲ့က လာရောက်ကူညီခဲ့ပြီး စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။နီးစပ်ရာ ပြောကြားချက်အရ ထိုသေဆုံးသူမှာ အိမ်ခြေရာမဲ့တစ်ဦး ဖြစ်ကြောင်း သ်ရသည်။

Photo -မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ လူမှုကူညီရေးအသင်းအဖွဲ့

08/07/2023

ဒုက္ခ အားလုံးကိုရင်ဆိုင်
ပန်းတိုင်ကို မျက်ခြည်မပြတ်လျှင်
မင်းရပ်သမျှ အောင်မြေဖြစ်ပါစေ.

မောင်စိန်ဝင်း(ပုတီးကုန်း)

မြို့ပြထောက်ပို့ မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဇူလိုင်လအတွက် ထောက်ပို့ အလှူခံပါတယ် ခင်ဗျ ။ယနေ့ကတော့ ၇ရက်မြောက် အလှူခံရက်လ...
08/07/2023

မြို့ပြထောက်ပို့ မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဇူလိုင်လအတွက် ထောက်ပို့ အလှူခံပါတယ် ခင်ဗျ ။

ယနေ့ကတော့ ၇ရက်မြောက် အလှူခံရက်လေးပါခင်ဗျ ။ပြည်သူ့အားအင်တွေလိုအပ်တာမို့ နည်းများမဆို ပါဝင်ထောက်ပို့ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။

ယနေ့ ၆ရက်မြောက်နေ့ မြို့ပြထောက်ပို့အလှူခံရငွေကတော့ ၁၀,၀၀၀ကျပ် ရရှိခဲ့ပါတယ် ခင်ဗျ ။ထောက်ပို့ သက်တမ်းတစ်နှစ်ခွဲကျော်အတွင်း...
07/07/2023

ယနေ့ ၆ရက်မြောက်နေ့ မြို့ပြထောက်ပို့အလှူခံရငွေကတော့ ၁၀,၀၀၀ကျပ် ရရှိခဲ့ပါတယ် ခင်ဗျ ။

ထောက်ပို့ သက်တမ်းတစ်နှစ်ခွဲကျော်အတွင်း စိတ်ချလုံခြုံစွာဖြင့် ထောက်ပို့ကြသည့် မိဘပြည်သူတစ်ဦးချင်အား ကျေးဇူး အထူးပင် တင်ရှိပါသည်။

အနုပညာရှင်တစ်ချို့အား  အကြမ်းဖက်စစ်ကောင်စီက ယနေ့ ပြန်လွတ်ပေးယနေ့ဇူလိုင်လ ၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခ...
07/07/2023

အနုပညာရှင်တစ်ချို့အား အကြမ်းဖက်စစ်ကောင်စီက ယနေ့ ပြန်လွတ်ပေး

ယနေ့ဇူလိုင်လ ၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခဲ့သည့် အနုပညာရှင်တစ်ချို့အား ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူအစုလိုက် သေဆုံးခဲ့ရသည့် ပဇီကြီးကျေးရွာ ဖြစ်စဥ်တွင် ဝမ်းနည်းခြင်း Profile အမဲချိန်းသဖြင့် မတရားဖမ်းဆီး ခံရပြီး ထောင် ၃ နှစ်ချမှတ်ခံရသည် အနုပညာရှင် မေပန်းချီလည်း ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ဒါ့အပြင် မေလသံစဥ် ၊သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ ရွှေရည်သိန်းတန် ၊မြတ်သူသူ တို့လည်း ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ယခု လွတ်မြောက်လာသူများသည် ပဇီကြီးကျေးရွာအတွက် ဝမ်းနည်းခြင်း Profile အမဲပြောင်းခြင်းအတွက် မတရားအဖမ်းဆီးခံရပြီးမှ ယခုလို ပြန်လွတ်မြောက်လာခြင်းဖြစ်သည်။

လူကိုတာ ဖမ်းဆီးပြီး ပြန်လွတ်လို့ရပေမယ့် မတရားမှုကို တွန်းလှန်မည့် စိတ်ဓာတ်တွေကိုတော့ ဖမ်းဆီး၍ ရနိုင်မည်မဟုတ်ပါ ။လွတ်လပ်စွာ ပျံသန်းနေတဲ့ငှက်ကို လှောင်အိမ်ထဲ ထည့်ပြီး ပြန်လွတ်ပေးရုံနဲ့ ဘယ်ငှက်မှ လှောင်အိမ်ကို ကျေးဇူးတင်မည်မဟုတ် ။ဆက်လက်တွန်းလှန်ကြမည် ။

07/07/2023

လူယုတ်မာ အများစုကို
ကြည့်လိုက်ရင်

ဘုရား တရား သမားလိုလို
အောက်တန်းစားတွေကြီးပဲ ။

"Failed Law strike " လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၇ရက်နေ့တွင် လှိုင်သာယာမြို့နယ် တရားရုံးရှေ့၌ လှိုင်သာယာမြို့နယ် အခြေခ...
07/07/2023

"Failed Law strike "

လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၇ရက်နေ့တွင် လှိုင်သာယာမြို့နယ် တရားရုံးရှေ့၌ လှိုင်သာယာမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် လူငယ်များ သမဂ္ဂတို့ ပူးပေါင်း၍ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၆၁)နှစ်ပြည့်မြောက်ခဲ့ပြီ ။အခုထိ ငါတို့် သွေးကြွေးတွေ မဆပ်ရသေးဘူး ။သူရဲကောင်းတို့ရဲ့ စိတ်ဓာတ်တွေ မပျက်ပြယ်သေးဘူး ။နိုးထလ...
07/07/2023

(၆၁)နှစ်ပြည့်မြောက်ခဲ့ပြီ ။

အခုထိ ငါတို့် သွေးကြွေးတွေ မဆပ်ရသေးဘူး ။သူရဲကောင်းတို့ရဲ့ စိတ်ဓာတ်တွေ မပျက်ပြယ်သေးဘူး ။နိုးထလော့ ၊ တွန်းလှန်ကြလော့ ။ငါတို့အားလုံး စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ထုတ်ပြီး လွတ်လပ်သော ဒီမိုကရေစီကို အရယူကြလော့ ။

ဇူလိုင်လ မြို့ပြထောက်ပို့မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထောက်ပို့အလှူခံနေရာ ယနေ့မှာတော့ ၆ရက်မြောက်နေ့ အလှူခံရက် ရောက်ပါပြီ...
07/07/2023

ဇူလိုင်လ မြို့ပြထောက်ပို့မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထောက်ပို့အလှူခံနေရာ ယနေ့မှာတော့ ၆ရက်မြောက်နေ့ အလှူခံရက် ရောက်ပါပြီ ခင်ဗျ ။

7July စိတ်ဓာတ် ကိုင်စွဲရင်း ဒီအရေးတော်ပုံ မုချအောင်ကို အောင်ရမည်။ ငါတို့ရဲ့ ​​သွေးကြွေး ပြန်ယူမည်။မိဘ ပြည်သူများ နိုးထကြလော့ ။

photo-Crd

၅ရက်မြောက်နေ့ အလှူခံရက်မှာတော့ 15,000ကျပ်အထိ ရရှိခဲ့ပါသည် ။​ကျွန်တော်တို့နှင့်အတူ ဇူလိုင်လမြို့ပြထောက်ပို့မှုရဲ့ တစ်စိတ်...
06/07/2023

၅ရက်မြောက်နေ့ အလှူခံရက်မှာတော့ 15,000ကျပ်အထိ ရရှိခဲ့ပါသည် ။

​ကျွန်တော်တို့နှင့်အတူ ဇူလိုင်လမြို့ပြထောက်ပို့မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထောက်ပို့လှူဒါန်းသည့်အတွက် ကျေးဇူးအထူးပင် တင်ရှိပါသည်။

"7 July မမေ့ကြနဲ့ "(7 JULY အကြောင်း အကျဥ်းချုပ်)1962 March 2 မှာ ဗိုလ်နေဝင်း စစ်တပ်က အာဏာသိမ်းတယ်။ တကသ၊ ရကသ၊ ဗကသ တို့က က...
06/07/2023

"7 July မမေ့ကြနဲ့ "

(7 JULY အကြောင်း အကျဥ်းချုပ်)

1962 March 2 မှာ ဗိုလ်နေဝင်း စစ်တပ်က အာဏာသိမ်းတယ်။ တကသ၊ ရကသ၊ ဗကသ တို့က ကန့်ကွက်ကြေငြာချက် ထုတ်ခဲ့လို့ ကျောင်းသားတွေကို နေဝင်း အငြှိုးထားခဲ့တယ်။

တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းတယ်။ ဆရာများအကျင့်ပျက်၊ ကျောင်းသားများ နိုင်ငံရေးပရောဂရှိဟု စွပ်စွဲပြီး တက္ကသိုလ်အမှုဆောင်ကောင်စီကို ဖျက်သိမ်းခဲ့တယ်။

ဗိုလ်မှူးချုပ်စန်းယု၊ ဗိုလ်မှူးကြီးတင်စိုး၊ ဗိုလ်မှူးကြီးသိန်းစိန် တို့ဖြင့် တက္ကသိုလ်ကောင်စီကို ပြန်ဖွဲ့ပြီး သူတို့လူကို ပါချုပ်တင်လိုက်တယ်။

မတရားချုပ်ချယ်တဲ့ အဆောင်စည်းကမ်း ၂၂ ချက်ကို ချမှတ်ရာက မီးစမွှေးပါတယ်။ မြို့မအထက်တန်းကျောင်းသားတွေနဲ့ တက္ကသိုလ် ကျောင်းသားထု ပေါင်းမိပြီး ကမောက်ကမ ပညာရေးစံနစ်ဖျက်သိမ်းရေး အစည်းအဝေးကျင်းပပြီး ဆန္ဒပြကြတယ်။

JULY 6 မှာ စစ်တပ်က ဆီးနိတ်နဲ့ ကျောင်းဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းပြန်တယ်။ အဲ့ဒီမှာ အစည်းအဝေးနဲ့ ကန့်ကွက်ရုံ မကတော့ပဲ အဆောင်ပြင်ထွက်ပြီး ကြွေးကြော်ကြပါတော့တယ်။

JULY 7 သမ္မဂ္ဂခန်းမမှာ စုဝေးပြီး ကျောင်းဝင်းအတွင်း ဆန္ဒပြခဲ့ကြတယ်။ လူစုခွဲပြီးမှ တကသ၊ ဗကသ၊ ရကသ ခေါင်းဆောင်တွေကို လာဖမ်းတယ်။ ကျောင်းသားတွေက ရဲကားနောက်ပြေးလိုက်ကြရင်း လူစုမိသွားတယ်။ ရဲတွေက တကသကို ဝင်စီးထားတယ်။

ကျောင်းသားတွေက အဓိပတိလမ်း တံခါးနဲ့ သထုံဆောင်တံခါးကို သော့ခတ်ပိတ်လိုက်တယ်။ ကျောင်းသားတွေက တကသကို ပြန်လုကြတယ်။ ဒိုင်းတွေနဲ့ ရဲတွေက နံပတ်တုတ်နဲ့ရိုက်တယ်၊ မျက်ရည်ယိုဗုံးသေနပ်နဲ့ ချိန်ပစ်လို့ လဲကျသူတွေရှိတယ်။ ဒဏ်ရာရသူတွေကို ပြန်ဆွဲယူပြီး တုတ်၊ ခဲများနဲ့ ပြန်တိုက်ကြတော့တယ်။

ဒဏ်ရာရ ကျောင်းသားများကို အဆောင်ပြန်ကြတော့ အဆောင်မှာ ကျန်နေတဲ့ ကျောင်းသားတွေပါ သွေးဆူကုန်ပြီး အကုန်ဆင်းခုခံကြတတော့တယ်။ နောက်ဆုံး အဓိပဓိဂိတ် လူဝင်တံခါးကနေ ရဲတွေ ထွက်ပြေးသွားကြတော့တယ်။

ကျောင်းသားများ အောင်ပွဲခံနေတုန်း မကြာပါဘူး၊ အသင့်စောင့်နေတဲ့ တပ်ရင်း(၄)စစ်ကား ၂စီးက ဆေးရုံနဲ့ ဓမ္မာရုံဖက်ကနေ ပိတ်စို့ထားလိုက်တယ်။ တပ်ရင်း(၄)ဟာ ဗိုလ်နေဝင်းရဲ့ ဘော်ဒီဂတ်တပ် ဖြစ်တယ်။ ဒုဗိုလ်မှူးကြီး လှမြင့်နဲ့ ဒဗိုလ်မှူးကြီး စိန်လွင်တို့ပါတယ်။

ကျောင်းသားတွေက ဓမ္မာရုံရှေ့တည့်တည့်က အမရာဆောင်တံခါးကို ပိတ်လိုက်တယ်။ ကြားမှာ ခြံစည်းရိုးသံတိုင်တွေသာ ခြားတော့တယ်။

အခြေအနေက ပြန်ငြိမ်သက်သွားပြီး ကျောင်းသားများဟာ မြက်ခင်းမှာ ဝိုင်းဖွဲ့စကားပြောတာ၊ ထိုင်နေတာ၊ ဝရန်တာက ထွက်ကြည့်နေတာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတယ်။

ဗိုလ်မှူးကြီးသိန်းစိန် ရောက်လာပြီး ဗိုလ်မှူးကြီးတွေနဲ့ ခဏတာ စကားပြောပြီး ပြန်ထွက်သွားတယ်။ မကြာမီ ဗိုလ်မှူးမင်းသိန်း ဂျစ်ကားနဲ့ ရောက်လာပြီး စိန်လွင့်လက်ထဲ အမိန့်စာ ထည့်သွားပြီး ပြန်ထွက်သွားတာနဲ့ မန္တလေးဆောင်၊ ရာမညဆောင်နဲ့ အဓိပဓိလမ်းပေါ်က ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်တွေနဲ့ ပစ်ခတ်ကြတော့တာပဲ။

မထင်မှတ်ထားလို့ မင်သက်မိသွားတဲ့ ကျောင်းသားတွေ အကျအဆုံး များကုန်တယ်။ သတိဝင်လာပြီး ထွက်ပြေးကြရင်းမှာပင် လမ်းပေါ်တင် ကျဆုံးကုန်တယ်။ နီးစပ်ရာ အဆောင်တွေပေါ်ကို တက်ပြေးကြရင်းက လှေကားရင်းတွေမှာ အလောင်းချင်း ထပ်ကုန်ကြတယ်။ ဘေးဖက် စာကြည့်တိုက်ဝင်းထဲက ရပ်ကြည့်သူတွေကိုပါ ပစ်ခဲ့တာကြောင့် စာကြည့်တိုက်ဝင်းထဲတင် အယောက် ၄၀ ကျော် ရှိတယ်။

ကျန်ကျောင်းသားတွေက ဒဏ်ရာရသူတွေကို သယ်ပြီး ကျောင်းသားသမ္မဂ္ဂထဲ ဝင်ပြေးကြတယ်။ ရင်ပြင်ရှေ့က ကျောင်းသားတွေကို ပစ်အပြီးမှာ ကျောင်းဆောင်ထဲဝင်ပြီး တခန်းချင်း လိုက်ပစ်ကြပြန်ပါတယ်။ ဒါပေမယ့် ကျောင်းသား သမ္မဂ္ဂအဆောက်ဦကျတော့ တံခါးတွေ အကုန်ပိတ်လိုက်တာကြောင့် ဝင်ပစ်လို့ မရဘူး ဖြစ်နေတယ်။

ကျောင်းသားတွေကို နှိမ်နင်းဖို့ လုံခြုံရေးကော်မတီကို ဗိုလ်နေဝင်းက ဖွဲ့ခဲ့တာဖြစ်တယ်။ ဗိုလ်မှူးကြီး လှဟန်၊ စောမြင့်၊ သိန်းစိန်၊ ဒုရဲချုပ် ဘအေးတို့ ပါဝင်တယ်။ အဝေးကြီးမဟုတ်ဘူး၊ အသံလွှင့်ရုံထဲကနေ ရုံးထိုင်ကွက်ကဲတာ။ ညဖက်မှာ ကျောင်းသားသတ်ပွဲကြီးအတွက် နန်ကင်းဟိုတယ်က အစားအသောက်တွေနဲ့ အောင်ပွဲခံခဲ့ကြသေးတယ်။

အဲ့အချိန်မှာ ကျောင်းသားတွေကို လက်နနက်များ ထောက်ပံ့ထားကြောင်း၊ ကွန်မြူနသစ်တွေရဲ့ ဌာနချုပ်ဟာ ကျောင်းသားသမ္မဂ္ဂ အဆောက်ဦး ဖြစ်ကြောင်း ဂျင်းသတင်း လွှင့်ထားပြီးပြီ။ (အဲ့အကြောင်းကို 8-7-98 VoA အင်တာဗျူးမှာ ဗိုလ်အောင်ကြီး ဖြေခဲ့ဖူးတယ်)။

နောက်နေ့မနက် JULY 8, 3:30am ခန့်မှာ ကျောင်းသားသမ္မဂ္ဂ အဆောက်ဦးကြီးကို ဒိုင်းနမိုက်တွေနဲ့ ဖောက်ခွဲပစ်လိုက်ပါတော့တယ်။

ည 7:00pm သတင်းမှာ ဗိုလ်နေဝင်းက "၎င်းတိုင်းပြည်တာဝန်ယူစဥ် တက္ကသြုလ်ကျောင်းသားများ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြုပြင်ရမည့် တာဋန်ကျရောက်နေသောကြောင့် တပ်မတော်၏ အင်အား တစိတ်တေဒသ သုံး၍ ဖြေ ရှင်းလိုက်သည်"လို့ ကြေငြာပါတယ်။
"နိုင်ငံရေးပရောဂပါကြောင်း၊ ၎င်းတို့အလုပ်ကို နှောင့်ယှက်ပါက ဘာမှ ထပ်မပြောလိုကြောင်း၊ ဓားဓားချင်း၊ လှံလှံချင်း တုံ့ပြန်မည်"လို့ စိန်ခေါ်လိုက်ပါတယ်။

ကျောင်းသားအားလုံး ၁၇ ဦးသာ ကျဆုံးတယ်လို့ ကြေငြာခဲ့ပေမယ့် မန္တလေးဆောင် တခုတည်းတင် ၁၇ ဦးရှိပါတယ်။

မြောင်းမြကျောင်းသား ကိုကျော်ဝင်းက သူ့ရဲ့သွေးတွေနဲ့ "၇.၇.၆၂ မမေ့ကြနဲ့" လို့ ရေးသွားခဲ့ပါတယ်။

Photo-crd
မူရင်းရေးသားသူအား လေးစားလျက်
#တွန်းလှန်ကျ

"7.7.62 မမေ့ကြနဲ့" ၊ "ဆဲဗင်းဂျူလိုင်စိတ်ဓါတ်ကိုင်ဆွဲ၍ ဆက်လက်တိုက်ပွဲဝင်ကြ" ပါ စာသားများအား  ရန်ကုန်တက္ကသိုလ် အရှေ့နှင့် ...
06/07/2023

"7.7.62 မမေ့ကြနဲ့" ၊ "ဆဲဗင်းဂျူလိုင်စိတ်ဓါတ်ကိုင်ဆွဲ၍ ဆက်လက်တိုက်ပွဲဝင်ကြ"

ပါ စာသားများအား ရန်ကုန်တက္ကသိုလ် အရှေ့နှင့် နေရာအချို့တွင် လိုက်လံကပ်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုအား Kyimyindaing Networks(KMD18) နှင့် Mayangone Democratic Front (MDF)တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ခြင်း ကြောင်း သိရသည်။

ဓာတ်ပုံ - MDF

၅ရက်မြောက်နေ့ အလှူခံရက်သို့ ရောက်ပါပြီခင်ဗျ ။ဇူလိုင်လ မြို့ပြထောက်ပို့မှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ထောက်ပို့အလှူခံနေခြင်း...
06/07/2023

၅ရက်မြောက်နေ့ အလှူခံရက်သို့ ရောက်ပါပြီခင်ဗျ ။ဇူလိုင်လ မြို့ပြထောက်ပို့မှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ထောက်ပို့အလှူခံနေခြင်းပါ ။
ပြည်သူ့အားနှင့်တွန်းလှန်နေခြင်းမို့ ပြည်သူ့ရဲ့အားအင်တွေ လိုအပ်ပါတယ် ခင်ဗျ ။ထောက်ပို့လှူဒါန်းလိုသူများ Page Cb သို့ လာပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။

ယနေ့ ၄ရက်မြောက်နေ့ ထောက်ပို့အလှူခံရက်မှာတော့ ၄သောင်းကျပ်အထိ ရရှိခဲ့ပါတယ်ခင်ဗျ ။အလှူခံရက်တွေလည်း ကျန်နေသေးသလို တချို့အဖွဲ...
05/07/2023

ယနေ့ ၄ရက်မြောက်နေ့ ထောက်ပို့အလှူခံရက်မှာတော့ ၄သောင်းကျပ်အထိ ရရှိခဲ့ပါတယ်ခင်ဗျ ။

အလှူခံရက်တွေလည်း ကျန်နေသေးသလို တချို့အဖွဲ့တွေရဲ့ နှာခမ်းနီတောင့်တစ်ချို့နဲ့နာနတ်သီးလုပ်ဖို့အတွက် လိုတဲ့ပမာဏာလေး ထောက်ပို့နိုင်ဖို့လည်း ထောက်ပို့အားတွေ လိုပါသေးတယ်ခင်ဗျ ။ပါဝင်အားဖြည့်ပြီး ဇူလိုင်လထောက်ပို့မှုအဖြစ် ထောက်ပို့ကူညီကြဖို့ ဖိတ်ခေါ်အပ်ပါသည်။

05/07/2023

မနေ့ညက ရန်ကုန်မြို့မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ အရှိန်တစ်ခုနဲ့ ပေါက်ကွဲသံတွေ ဆူညံခဲ့တယ် ။မြို့ပြဟာ သွေးမအေးကြောင်း သက်သေပြခဲ့ခြင်းပါပဲ ။

ဒီနေ့မနက်ကျတော့ စခတွေဘက်က ရန်ကုန်မြို့မှာ PDF သင်တန်းဆင်း (၁၀)ယောက်ဟာ သူတို့ဆီ အလင်းဝင်လာကြောင်း ကြေညာခဲ့တယ် ။မနေ့က ပေါက်ကွဲမှုတွေဖြစ်ပြီး အထက်က ထောင်းမှာဆိုးလို့ သူ့အောက်က ရုံးစာရေးတစ်ချို့နဲ့အပြင် လူတစ််ချို့ကို ခေါ်ပြီး မြို့ပြမှာ PDF တွေဟာ အလင်းဝင်နေပြီး အားနည်းနေပြီဆိုပြီး သတင်းတုလုပ် ဂျင်းထည့်နေသည်။

ဘယ်ပြည်သူမှ မ'အ' ကြတော့ပါ ။

SUPPORTING TEAM

05/07/2023

မနေ့ကထပ် ဒီနေ့ဟာ
တော်လှန်ရေးကြီး နိုင်ဖို့
တစ်ရက်ပိုနီးလာခြင်းပါ ။

ဒါကြောင့် အားမလျော့ပဲ တော်လှန်ရေးအပေါ် သစ္စာရှိရှိနဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို တွန်းလှန်တိုက်ထုတ်ကြပါ ။

မြို့ပြထောက်ပို့မှု၏ တစ်တစ်ပိုင်းအဖြစ် ယနေ့ကတော့ ဇူလိုင်လ ထောက်ပို့မှုရဲ့ ၄ရက်မြောက်နေ့ အလှူခံရက်လေး ဖြစ်ပါတယ် ခင်ဗျ ။ကျ...
05/07/2023

မြို့ပြထောက်ပို့မှု၏ တစ်တစ်ပိုင်းအဖြစ် ယနေ့ကတော့ ဇူလိုင်လ ထောက်ပို့မှုရဲ့ ၄ရက်မြောက်နေ့ အလှူခံရက်လေး ဖြစ်ပါတယ် ခင်ဗျ ။

ကျွန်တော်တို့နှင့်အတူ စိတ်ချလုံခြုံစွာဖြင့် ထောက်ပို့လှူဒါန်းကြဖို့ ဖိတ်ခေါ်အပ်ပါသည်။

ရန်ကုန်သည် သွေးမအေးကြောင်း သက်သေပြယမန်နေ့ဇူလိုင်လ ၄ရက်နေ့ညက ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူဝင်မ...
05/07/2023

ရန်ကုန်သည် သွေးမအေးကြောင်း သက်သေပြ

ယမန်နေ့ဇူလိုင်လ ၄ရက်နေ့ညက ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြိုနယ်တရားရုံး ၊ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း၊ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာနှင့် အောင်ချမ်းသာအစပ်အကြား တပင်ရွှေထီးလမ်းရှိ ပြည်သူ့ဆိုင်ကယ်များကို စစ်တပ်က မတရားစစ်ဆေးနေသည့် နေရာအနီးတို့ကို မြို့ပြအဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Anonymous Fighters Force -AFF က ဦးဆောင်ပြီး Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army - EGA ၊Rangoon Urban Force တိုမှ ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။mission ပြုလုပ်သည့် ရဲဘော်များ ဘေးကင်းကြောင်းပါ သိရသည်။

#ရန်ကုန်

04/07/2023

၃ရက်မြောက်နေ့ အလှူခံရက် ယနေ့မှာတော့ လှူဒါန်းထောက်ပို့ငွေ မရရှိပါ ။

ဇူလိုင်လ မြို့ပြထောက်ပို့မှုတစ်စိတ်တစ်ပိုင်းအဖြစ် ထောက်ပို့အလှူခံနေခြင်းပါ ။ကျွန်တော်တို့နှင့်အတူ စိတ်ချလုံခြုံစွာဖြင့် ၁နှစ်ခွဲကျော် တောက်လျောက်ထောက်ပို့လုပ်ကြသည့် မိဘပြည်သူ တစ်ဦးချင်းအား ကျေးဇူး အထူးပင် တင်ရှိပါသည်။

SUPPORTING TEAM

ရန်ကုန်မြို့၌ ယနေ့ည ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်  ယနေ့ဇူလိုင်လ ၄ရက်နေ့ ည၈နာရီ ၃၇မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်မှ ပ...
04/07/2023

ရန်ကုန်မြို့၌ ယနေ့ည ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်

ယနေ့ဇူလိုင်လ ၄ရက်နေ့ ည၈နာရီ ၃၇မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်မှ ပေါက်ကွဲသံတစ်ချက် ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ထိုအသံမှာ အတော်လေးကို ကျယ်လောင်ကြောင်း သိရသည်။ထိုပေါက်ကွဲသံကို မရမ်းကုန်းမြို့နယ် ၊ မြောက်ဒဂုံမြို့နယ် ၊ မြောက်ဥက္ကလာမြို့နယ်၊ တောင်ဥက္ကလာမြို့နယ်နှင့်မင်္ဂလာဒုံ မြို့နယ်များမှလည်း ကြားရကြောင်း သိရသည်။

ဒါ့အပြင် ည၉နာရီ ၁၆မိနစ်တွင် လှိုင်သာယာဘက်မှ ပေါက်ကွဲသံ တစ်ချက်ထပ်မံထွက်ပေါ်လာခဲ့ပြီး မြောက်ဒဂုံ ၊မရမ်းကုန်း ၊မြောက်ဥက္ကလာပ မြို့နယ်များဘက်မှလည်း ကြားခဲ့ရသည်။

ည၉နာရီ၂၁မိနစ်မှာတော့ မြောက်ဒဂုံမြို့နယ်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထပ်မံထွက်ပေါ်လာခဲ့ပြီး တောင်ဒဂုံ၊မြောက်ဥက္ကလာပ၊တောင်ဥက္ကလာပ၊ လှိုင် ၊မရမ်းကုန်း ၊သင်္ဃန်းကျွန်းမြို့နယ်များဘက်မှလည်း ကြားရကြောင်း သိရသည်။

ယနေ့ညတွင် ပေါက်ကွဲသံများဖြင့် မြို့ပြဟာ မြို့ပြပီသလျက်ရှိသည်။

#ရန်ကုန်

04/07/2023

ကတိ မတည် ၊သစ္စာ မရှိ
ယုံကြည်ချက် မခိုင်မာတဲ့
အချောင် သမားတွေကို
ကြားနေလူလို့ခေါ်တယ် ။

အများပြည်သူအား အထူးသတိပေးချက်🚫🚫❕ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ရဲစခန်း ဘေးတဘက် ကားလမ်း၊ လမ်းကြိတ်စက်နောက်ရှိ အုတ်တံတ...
04/07/2023

အများပြည်သူအား အထူးသတိပေးချက်🚫🚫❕

ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ရဲစခန်း ဘေးတဘက် ကားလမ်း၊ လမ်းကြိတ်စက်နောက်ရှိ အုတ်တံတိုင်းပေါ်တွင် ယနေ့ဇူလိုင်လ ၄ရက်နေ့၌ မြို့ပြတော်လှန်ရေးအဖွဲ့တစ်ဖွဲ့က Mission ပြုလုပ်ရန်အတွက် ဗုံးတစ်လုံး ထားရှိခဲ့ပါသည်။

ပြည်သူတွေ အသွားအလာ နည်းတဲ့ အချိန်တွင် ဖောက်ခွဲရန် စီစဉ်ထားပေမယ့် ချို့ယွင်းချက်တစ်ချို့ကြောင့် သတ်မှတ်ထားတဲ့အချိန်တွင် ပေါက်ကွဲသွားခြင်း မရှိခဲ့ပါ။

ထိုအခြေအနေကြောင့် မိဘပြည်သူများအား အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်သဖြင့် ထိုနေရာနားမှနေ၍ ဖြတ်သန်းသွားလာခြင်းအား လုံးဝ ရှောင်ရှားသွားလာကြပါရန် အသိပေးအပ်ပါသည်။

Source-အရိပ်မဲ့

Address

Incheon

Website

Alerts

Be the first to know and let us send you an email when Ground News Coverage-GNC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other News & Media Websites in Incheon

Show All