Koko's Day out

Koko's Day out Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Koko's Day out, Digital creator, Busan.

ကျနော်ရဲ့ ဒုတိယမှတ်တိုင်တခုပါGanwoljae 900mGanwolsan 1069mပထမမှတ်တိုင်က 641m မြင့်တဲ့ ဘဲ့ဂယောင်းတောင်ပါ ပြီးခဲ့တဲ့ Satur...
18/11/2024

ကျနော်ရဲ့ ဒုတိယမှတ်တိုင်တခုပါ
Ganwoljae 900m
Ganwolsan 1069m

ပထမမှတ်တိုင်က 641m မြင့်တဲ့ ဘဲ့ဂယောင်းတောင်ပါ

ပြီးခဲ့တဲ့ Saturday တက်နေကျ ဘဲ့ဂယောင်းတောင်ကို တက်ပြီး Sundayကျ အသစ်တခုတက်ကြည့်ရအောင် တလကို ၃ကြိမ်လောက် တောင် တက်နေပြီး
Stairs ကလည်း အထပ် ၂၀ လောက်ကို အတက်အဆင်း ၅ခေါက် တပတ် ၄ရက်လောက်ကျင့်နေတော့ လုပ်နိုင်မှာပါပေါ့

အဲ့ဒါနဲ့ တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့က Yeongnam Alps တောင်တန်းတွေစီ သွားခဲ့တယ်
နေရာကတော့ အတော်မိုက်တာဗျ
တောင်ခြေမှာ welcome center ကြီးရှိနေတာ
Rock climbing တဲ့သူတွေအတွက်ပါ နေရာတွေရှိနေတာ ကံကောင်းတော့ အဲ့ climber တွေ event ရယ် တောင်နဲ့ပတ်သက်တဲ့ ရုပ်ရှင် event က ရှိနေတော့ အတော်စည်ကားနေတာပဲဗျ ရုပ်ရှင်သရုပ်ဆောင်တွေ အဆိုတော်တွေပါဖိတ်ထားတယ်ဗျ

ခပ်တည်တည်နဲ့ ဖိတ်ကြားထားတဲ့သူတွေကိုကျွေးတဲ့ ဘူဖေးကိုလည်း နည်းနည်း၀င်စားမိခဲ့သေး သူတို့က နိုင်ငံခြားသား ဧည့်သည်ထင်ပြီးခေါ်တာကို
ကိုယ်ကလည်း အလှူထင်တာလေ ၀င်စားတာပေါ့😅 နောက်မှ လူကြီးမင်း guest ကတ်လေးရော
ရှိ၀ူးလေလို့ သူခေါ်လို့လို့ မှားယွင်းတာပါဆိုပြီး တောင်းပန်ပြန်လွှတ် ကို

ပြီးတော့ ဒီ Yeongnam alps က တောင် ၉ လုံးကိူ သတ်မှတ်ကာလအတွင်းတက်နိုင်ရင်လည်း ဆုရမှာဗျ
တောင် တတောင်တက်တာနဲ့ certificate တံဆိပ်တုံး တခုရမှာပေါ့ app download ရမှာတွေ အလုပ်ရှုပ်တာရယ် အဲ့လေုက်တက်နိုင်မယ်လည်းမထင်လို့ မလုပ်ခဲ့ပါဘူး

ကားလမ်းကတက်ရသလို တောလမ်းလည်းတက်ရပါတယ် ကျနော်ကတော့ တောလမ်းတက်ကတက်ခဲ့ပါတယ်
Iced Americano လေးတခွက်နဲ့ အားဖြည့်ပြီး စတက်ခဲ့တယ် တောလမ်းက အတော်စိူနေတာ ကျောက်တွေကလည်း မတရားချော် ဖိနပ်ကျေးဇူးနဲ့ ဘေးကင်းတယ်လို့ပြောရမယ် ပုံရိုက်ဖို့အခြေနေတောင်မပေးဘူး
သဘာ၀ ရေတံခွန်တွေကတော့ အရမ်းကိုလှတယ်
အခြေအနေက ပျော်လိုက် ပြဲလိုက်ပဲ
အစကသာ အေးသလိုလိုရှိတာ တောင်ခြေ စတက်ထဲက မအေးလိူ့ jacket ခါးစည်းတက်ရတယ်
ခြေထောက်တဖက် သိပ်မကောင်းတော့ ထိမှာလည်းကြောက်လို့ အတော်ဂရုစိုက်တက်ရပြီး အပေါ်မြင့်လေ မြူဖုံးပြီး မမြင်ရလေမို့ အအေးဓါတ်ကလည်း အတော်ပိုလာတာမို့ ကိူယ်တွေတက်ချင်တဲ့ point ရောက်ပါ့မလား
ရောက်ရင်ရော မြင်ရပါ့မလား မမြင်ရရင် တောင်ထိပ်ထိဆက်မတက်ပဲ ဆင်းဖိူ့ဆုံးဖြတ်ထားပါတယ်

ကံတရားက ကိုယ့်ဘက်ပါတယ်ပြောရမလား အပေါ်ရောက်တဲ့ လေကြမ်းပြီး မြူတွေပါသွား အေးချက်ကတော့
သူ့နိုင်ငံသားတောင် မခံနိုင်လို့ တုန်တက်လို့နေပါတယ် သိူ့သော် အနှုတ် ၁၈ လောက် နှင်းထဲ အလုပ်လုပ်ခဲ့ရဖူးလို့လားမသိ သိပ်မဖြုံတော့ဘူး

ကျနော်မေ့နိုင်မယ် မထင်တာ အဲ့နေရာ အရမ်းလှလွန်းတယ်
တောင်၂ တောင်ကြားထဲက နေရာလေး Ganwoljae လို့ခေါ်တာပေါ့ အမြင့် 900 m မှာရှိတာ
Rest camp ရှိတယ် mess hall လေးတခုရှိတယ်
တခြားတောင်တွေစီကို ဒီကတဆင့် ခရီးဆက်ရမှာပါ

Diet အနေထားနဲ့ တောင်တက်ရတာတော့မမိုက်၀ူးဗျ သူများတွေ ကြက်ကြော်တွေထမင်းလိပ်တွေထည့်လာပြီး mess hall က ခေါက်ဆွဲပြုတ်ဘူးတွေ ပူပူနွေး စားနေကျချိန် ကိုယ်က ကြက်ဥပြုတ်အေးအေးကြီး chicken breast နဲ့ ဆလတ်ရွက်တွေ၀ါးနေရတယ်
တခြားပါတာ vitamin C ဆေးပြားပဲပါတော့ အာ့ကြီး ငုံတက်နေရတယ်

အဲ Ganwoljae ရောက်မှ သိခဲ့ရတာ အဲ့နေရာက နာမည်ကြီး drama Crash Landing on you ရိုက်ခဲ့တဲ့နေရာတဲ့ဗျ
အစက para gliding စီးတဲ့နေရာထင်တယ် အူဆန်ကနေ မြောက်ကိူရီးယားကတော့ အတော်ဝေးတာ ဇာတ်လမ်းဆိုတော့လည်း 😁

အဲ့နေရာကနေကို အတော်မခွာနိုင် လှလို့
သို့သော်လည်း တောင်တတောင်ထိပ်တော့ရောက်ရအုံးမယ်လေ ဆက်တက်လာခဲ့ပါတယ် မြေသားနည်းပြီး ကျောက်သားတွေကြည့်မို့ တက်ရတာ တိုင်တော့ပတ် ကိုယ်က amateur အဆင့်
ဘေးကြည့်တော့လည်း အနက်ကြီး
တောင်တက်တယ်ဆိုထဲက အမြင့်ကလည်း မကြောက်တတ်တာမို့သာ

အဲ့လို့နဲ့ ဆက်တက်ခဲ့ပါတယ် မတရား အအေးကြီးထဲ တနာရီခွဲ လောက်ဆက်တက်ခဲ့ပါတယ်

ကြိုးစားတက်ရင်းနဲ့ပဲ နောက်ဆုံးတော့
Ganwolsan 1069m ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်

ကျနော် တောင်တက်ရတာပဲကြိုက်တယ် အဆင်းမကြိုက်ပါဘူး တောင်တက်တာ ကျန်းမာရေးနဲ့ညီညွတ်သလောက် အဆင်းက ဒူး နဲ့ ခြေဖဝါးက်ု အတော်ထိတယ်
ဖြစ်နိုင်ရင် zipline လေးနဲ့ ၀ှီးခနဲသာ ဆင်းချင်ပါတယ်

Ganwolsan အတက်ခက်တော့ အဆင်းပ်ိုတိုင်ပတ်ပါတယ်
သို့သော် ကျနော်က တခြား professional ကြောင့် rappelling နည်းနည်းရလို့ အထိန်း ကြိုးလေးနဲ့ တောင်ကိုကန်ပြီး မြန်မြန်ဆင်းနိုင်ပင်မယ့် ကောင်မလေးက အဆင်းကြောက်လို့ တလမ်းလုံး သူ့သာ ဂရုစိုက်လက်တွဲခေါ်ခဲ့ရတယ်
ပြုတ်ကျမလို ခြေနေပါ ဖြစ်ခဲ့သေး လက်မြဲလို့သာ

ဘယ်လိုဖြစ်ဖြစ် အောင်မြင်ခဲ့ပါတယ် သွားဖူးသမျှထဲ အလှဆုံးတောင်တန်းတခူပါပဲ

11/11/2024

19th Busan Fireworks Festival 2024
Gwanganli

စနေနေ့က ဘူဆန်မြို့ ဂွမ်းအန်းလီကမ်းခြေမှာ ကျင်းပခဲ့တဲ့တနိုင်ငံလုံးမှာအကြီးဆုံး ၁၉ ကြိမ်မြောက်  ဘူဆန်မီးပန်းပွဲတော် ရောက်ရ...
11/11/2024

စနေနေ့က ဘူဆန်မြို့ ဂွမ်းအန်းလီကမ်းခြေမှာ ကျင်းပခဲ့တဲ့
တနိုင်ငံလုံးမှာအကြီးဆုံး ၁၉ ကြိမ်မြောက် ဘူဆန်မီးပန်းပွဲတော် ရောက်ရှိခဲ့ပါတယ်ခဗျ

လူ၁သန်းကျော်လာရောက်ခဲ့ပါတယ်
တစ်နာရီကြာမီးပန်းအလှတွေ မြင်ခဲ့ရပြီး
ကျနော် မြင်ဖူးသမျှထဲအလှဆူံးပွဲလို့ပြောလို့ရပါတယ်

Video တွေကိုနောက်ပို့စ်တခူတင်ပေးပါမယ်ခဗျ

ကျနော့် အမြင့်ဆုံးမှတ်တိုင်တစ်ခု သို့မဟုတ် ကျနော့်အတွက်အပြောင်းအလဲတစ်ခု ကျနော် page မှာ အတော်ကြာကြာစာမရေးနိုင်ဘူး အကြောင...
18/10/2024

ကျနော့် အမြင့်ဆုံးမှတ်တိုင်တစ်ခု သို့မဟုတ် ကျနော့်အတွက်အပြောင်းအလဲတစ်ခု

ကျနော် page မှာ အတော်ကြာကြာစာမရေးနိုင်ဘူး အကြောင်းကတော့ အလုပ်ထွက်ပြီး အလုပ်မရတဲ့ အချိန်ကကြာလာတော့ ကျနော် စိတ်ဓါတ်တွေကျလာတာကြောင့်လည်းပါတယ် ကျနော် စိတ်ဓါတ်ကျတော့ ဘာတွေလုပ်လာလဲဆိုရင် တောင်တက်တယ် အကြောင်းရင်းက က်ိုယ့်ကိုယ်ကို ပင်ပန်းအောင်လုပ်နေတာ ပင်ပန်းနေရင် သိပ်တွေးမိမှာ မဟုတ်ဘူးလေ
တောင်တက်တုန်းမှာ တောတောင်အလှရယ် အေးချမ်းမှုတွေခံစားရပြီး ထိပ်ရောက်သွားတဲ့ ခံစားချက်ကလည်းကောင်းတယ်လေ
ပြန်အဆင်းကျတော့လည်း မမှောင်ခင်တောထဲက ထွက်ရမယ်ဆိူတဲ့ စိတ်ပဲရှိတာ အဆောင်ပြန်ရောက်ရင် မောပြီးအိပ်ရော

အဲ့လိုနဲ့ပဲ အလုပ်ကမရ တောင်တွေတက် လှေကားတက် လေ့ကျင့်ခန်းတွေလုပ်နေခဲ့တယ်
တနေ့တော့ ကျနော် အမြင့်ဆုံးတောင်တက်ကြည့်ချင်တယ်လို့ စိတ်ကူးမိသွားတယ်
ကိူရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတောင်ကတော့ ဂျယ်ဂျူကျွန်းက hallasan 한라산 ဖြစ်ပြီး 6347 ပေ မြင့်ပါတယ် ကျနော်အဲ့ထိတော့မသွားနိုင်ဘူးလေ ရုပ်ရှင်တွေလည်းရိုက်တဲ့ နာမည်ကြီး တောင် ဒုတိယအမြင့်ဆုံး Jirisan 지리산 6282 ပေကို သွားဖို့ ဆုံးဖြတ်လိုက်တယ်

Jirisan ကြီးက အတော်ကြီးတယ်ဗျ ပြည်နယ် ၄ခုလောက်က တက်လို့ရတယ်
တောင်တက်လမ်းကိုကိုလေ့လာခဲ့ပင်မယ့် အများဆုံးတက်ကြတာ ၂ရက်လောက်အချိန်ပေးရပြီး အတက်မကြမ်း လမ်းရှည်တဲ့လမ်းပေါ့ ကျနော်က ၂ရက်တော့ အဆင်မပြေ တရက်ထဲ အပြီးတက်နိုင်တဲ့ လမ်းကြမ်းကို ရွေးခဲ့မိတယ်

အဲ့လိုနဲ့ ကျနော် 5.10.2024 မနက်၇နာရီမှာ တောင်တက်ဖို့ equipment တွေပြင်ဆင်ပြီး
ဘူဆန်ကနေ စထွက်ခဲ့ပါတယ် တလမ်းလုံးတော့ စိတ်ထဲ ယုံကြည်ချက်မရှိပါ
Jirisan တောင်ခြေ 중산리 ဂျုံးဆန်းရီစခန်းကို ရောက်တော့ ၉နာရီ နောက်ကျပြီ
မနက် ၆ လောက်စတက်မှ အဆင်ပြေတာလို့ blog တွေ့တာကို အပြန်မှောင်ရင် တကယ်အဆင်မပြေ ကိုယ်တွေမှာ ညဖြတ်သန်းဖို့ဘာမှမပါ စ ကထဲက အဲ့ဒါကိုတွေးစိုးရိမ်နေပြီ

အဲ့လိုစတက်ခဲ့တယ် လမ်းမှာ point က ၃ခု
칼바위 ခါးရ်ဘာ၀ီလို့ခေါ်တဲ့ ဓါးပုံစံကျောက်ဆောင်
ပြီးလမ်းတ၀က် 로터리대피소 Rotary emergency shelter အာ့က ဆောက်လက်စရှိသေး ပြီးတော့ ကိုရီးယားနိုင်ငံ အမြင့်ဆုံးနေရာမှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်း 법계사 ဘော့ဂယဲဆာ ရှိတယ်
အဲ့ဒါ ပြီးရင်တော့ 천왕봉 ချောင်၀မ်းဘုံးဆိုတဲ့ jirisan ရဲ့ အမြင့်ဆုံးတောင်ထိပ်ကိုရောက်ပါတယ်

၉နာရီမှာစထွက်လာပြီးတော့
၉နာရီနဲ့ မိနစ် ၄၀ မှာ ခါးလ်ဘာ၀ီ 칼바위 ဆိုတဲ့ ဓါးပူံစံ ကျောက်ဆောင်ကိုရောက်တယ်
လမ်းတလျှောက် တောင်ကျ ရေတံခွန် စမ်းချောင်းဘေးက လာရတော့ ရေစီးသံလေးနဲ့ သာယာ လမ်းကလည်း အဆင်ပြေပါသေးတယ်

အဲ့ဒီ ဓါးပူံစံ ကျောက်ဆောင်ကို ကျော်လာပြီးနောက် ကြိုးတံတားငယ်တခုဖြတ်ရပါတယ်
ဖြတ်ပြီးတာ လမ်းကစအတက်ကြမ်းတော့တာပဲ ပတ်၀န်းကျင်လည်း မလှနိုင်တော့ သစ်ပင်ကလွဲပြီး ဘာမှမမြင်ရ အတက်တွေ တအားမတ် ကျောက်တုံးလှေကားတွေကတအားမြင့်ပြီး တချို့နေရာတွေမှာ ချောက်တွေနဲ့ တကယ့်ကို ဂရုစိုက်သွားရတဲ့လမ်းပါပဲ
လူသေထားတဲ့ accident တွေရှိခဲ့လို ပိုဂရုစိုက်ရပါတယ်
ပြီးတော့ တက်နေရင်းနဲ့ကို ကျနော့် အတွေ့အကြုံအရရော stamina အတော်ခမ်းနေတော့ ငါတို့ လမ်းတ၀က်တောင်ရောက်ပါ့မလား လမ်းမှာ လက်လျှော့ကုန်တဲ့လူတွေလည်းများတယ် ကိုယ်ကိုယ်တိုင်လည်း အကြိမ်ကြိမ် လက်လျှော့ချင်နေပြီ ဆက်မတက်နိုင်တော့ဘူး.. ပြန်အဆင်း ဒုက္ခရောက်မှာလည်းစိုးရိမ်လို့... ...ဓါးပူံစံကျောက်ကနေ
Rotary စခန်းထိရောက်ဖို့က တစ်နာရီနဲ့ မိနစ်၄၀ ကြာပါတယ် အဲ့ခရီးက တကယ်ဆိုးတယ် ဆက်သွားရင်းနဲ့ တုံးခေါက်သံ တတုတ်တုတ်နဲ့ ကြားတော့ ဟာ
ဘုန်းကြီးကျောင်းက အသံပဲ နီးပြီထင်တယ်ဆိူပြီး ဆက်အားတင်းတက်လေ
အသံက ဝေးသွားလိုက် နီးလာလိုက် အစအနကို မမြင်ရပါ နောက် မိနစ် ၄၀ လောက်ဆက်သွားတော့မှ ဘုန်းကြီးကျောင်းနေရာကို လှမ်းမြင်ရပြီး Rotary စခန်းကို ရောက်ခဲ့ပါတယ်

စခန်းမှာရှိတာဆိုလို့ ဆောက်လက်စတွေရယ် နံစော်နေတဲ့ mobile အိမ်သာ ၄ လုံးပဲရှိပါတယ် နံမှာပေါ့. ပေ ၄၀၀၀ ကျော်က အိမ်သာကို လာသန့်ရှင်းမယ့်သူ မရှိဘူးလေ

ဆက်သွားပြီးတော့ ဘော့ဂယဲဆာ ဘူရားကျောင်းရှေ့မှာ ရေဖြည့်ရင်း ထည့်လာတဲ့ နေ့လည်စာ စားပြီးတော့ ခဏနားခဲ့ပါတယ်
ကြာကြာလည်း မနားနိုင်ပါ အောက်ပြန်အဆင်း မှောင်မှာကို ကြောက်တယ်လေ

ဆက်အားတင်းတက်ရတယ်
စားပြီးလို့လားမသိ အားပြည့်လာတော့ တက်ချင်စိတ်လေးကဖြစ်လာ ၁၅မိနစ်ပါပဲ ထပ်မောသွားတယ်

လမ်းကလည်း ခက်သထက်ကို ခက်လာတာပါပဲ ဒါပင်မယ့် ကျနော် အတော်မြင့်မြင့်ကိုရောက်လာပြီဗျ ဘေးရှုခင်းကြည့်လိုက်တော့ အားပါးပါး တခြားတောင်တွေက ဟိုးအောက်မှာ ကျန်ခဲ့ပြီ ဆောင်းဦး သစ်ပင်တချို့ကလည်း အနီရောင်ပြောင်းစပြုလာတာမို့ view ကလည်း တကယ်လှလာပါတယ် အဲ့ဒါတွေကြောင့်သာ ဆက်တက်နိုင်တာ

တစ်နာရီခွဲလောက်တက်ပြီးတော့ တောင်ထိပ်ကနီးတော့နီးလာပြီဗျ ဒါပင်မယ့် နီးလေ လမ်းကပိုပင်ပန်းလေပဲ အပင်ပန်းဆုံး နောက်ဆုံးတောင်ထိပ်ရောက်အောင်တက်ရတဲ့ မီတာ ၁၀၀ လှေကားတွေပါ
Rotary စခန်းကနေ ၂နာရီခွဲကြာပြီးနောက်

အမြင့်ဆုံး Jirisan တောင်ရဲ့ ချောင်၀မ်းဘုံးထိပ်ကို ရောက်ခဲ့ပါပြီ တိမ်တွေအပေါ်မှာပေါ့ဗျာ တိမ်ပင်လယ်လည်းမြင်ဖူးသွားပြီ
အပေါ်ကနေ နာရီ၀က်မျှ နားပြီးနောက်

တောင်က မြူဖုံးသွားပြီ ဆင်းမှကိုရမှာ လမ်းပါမမြင်ရတော့တာ ခပ်သွက်သွက်ဆင်းနိုင်မယ်ထင်ခဲ့ပင်မယ့် မြင့်လွန်းတော့ အဆင်းလည်း အတော်ဂရုစိူက်ရတယ် အတက်ကထက်ကို ပိုအချိန်ကြာတယ်လို့ ထင်ခဲ့ရ

နေ့လည် ၃ မှာဆင်းခဲ့တယ်
ဘုရားကျောင်းလည်း၀င်ဖူးတယ်ရှိအောင်၀င်ခဲ့ပါတယ်
Rotary စခန်းကို၀င်တော့ ၄ခွဲနေပြီ အဲစခန်းကနေ
ဓါးပုံစံကျောက်ထိက အပင်ပန်းဆုံးပဲ ဒူးတွေတကယ်ထိပါတယ်
တောင်တက်တာပဲကောင်းပါတယ် ဆင်းတာက ခြေထောက်အတွက်ကျန်းမာရေးနဲ့မညီညွတ် zipline လေးနဲ့ ၀ှီးခနဲဆင်းလိူ့ရရင်ကောင်းမယ် ...

ခါးလ်ဘာ၀ီ ဓါးပုံစံကျောက်ရောက်တော့ မှောင်သွားပြီ ခြေထောက်လည်း limit ရောက်သွားပြီ မရတော့ဘူး
အမှောင်ထဲ ဖုန်းမီးလေးဖွင့်ပြီး စမ်းတ၀ါးဝါးနဲ့ မိနစ်၄၀ လျှောက်ရင်း တောင်ခြေစခန်းကိုရောက်ခဲ့ပါတယ်

တောင်က နောက်တခါ ပြန်မတက်ချင်အောင် ဖြစ်သွားတယ်ဗျ အဆင်းကျ အတော်ခက်ခဲတယ်

ဒါပင်မယ့်လည်း အမြင့်ဆုံးတောင်တက်အပြီးမှာ တိုက်ဆိုင်တာလားတော့မသိ နေရာထိုင်ခင်း အဆင်ပြေပြေနဲ့ အလုပ်ရတာပါပဲ အပြောင်းအလဲတွေဖြစ်လာခဲ့တယ်ပေါ့

Jirisan ကိုတက်နိုင်ခဲ့ခြင်းဟာ
ကျနော့် ဘ၀မှာ တကယ် ကြိုးစားပြီးလုပ်နိုင်တဲ့ခဲ့တဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုပါ

ကျနော်နဲ့ ယောဆူ ၄ မနက်ခင်းကျ အိပ်ယာထနောက်ကျတယ်ဗျ မနေ့ညက ခရီးပန်းထားလို့နေမယ်မနက်ပိုင်းက ရောဆူမြို့ထဲသွားမှာပါ ရောဆူမြိူ့...
09/10/2024

ကျနော်နဲ့ ယောဆူ ၄

မနက်ခင်းကျ အိပ်ယာထနောက်ကျတယ်ဗျ မနေ့ညက ခရီးပန်းထားလို့နေမယ်
မနက်ပိုင်းက ရောဆူမြို့ထဲသွားမှာပါ
ရောဆူမြိူ့ထဲ မနေ့ကဖြတ်လာရင်းနဲ့ စိတ်၀င်စားစရာကတွေ့ခဲ့မိသေးတယ်ဗျ
ဘာလဲဆိုတော့ စတော်ဘယ်ရီမုန့်တမျိုးပါ
မြိူ့လည်ခေါင်ဆိုင်းဘူတ်အကြီးကြီးနဲ့ကိုတွေ့တာ
နာမည်ကြီးပုံရတယ်

တည်းခိုတဲ့ 무인모텔 လူမဲ့မိုတယ်ကနေ ထွက်လာပြီးနောက် ၁၅မိနစ်အကြာမှာ ရီဆွန်းရှင်းရင်ပြင်ကို ရောက်လာခဲ့ပါတယ်
ရီဆွန်းရှင်းက်ို ဂိမ်းဆော့တဲ့သူတွေရော အတော်များများသိကြမှာပါ ဂျိုဆွန်းခေါတ် နာမည်ကြီး ရေတပ်စစ်သူကြီးတစ်ဦးပါ သူ့ရဲ့ နာမည်ကျော် ဂေါ်ဘုတ်ဆွန်း သံချပ်ကာ လိပ်တိုက်လှေကြီးဟာ ရီဆွန်းရှင်းရင်ပြင်မှာ ၀ံ့ကြွားနေတာပဲဗျာ ရေတပ်အလံတလူလူနဲ့ ရီဆွန်းရှင်းရင်ပြင်ရောက်တာ စိတ်ထဲတောင်တမျိူးဖြစ်တယ်ဗျ ယခင်စစ်မှုရေးရာလေ့လာသူမို့လားမသိ ဒီနေရာရောက်တဲ့အခါ ကလေးတယောက်လိုပဲ ပျော်နေရောဗျာ
တိုက်လှေကြီးပေါ်လည်း တက်လေ့လာလို့ရပြီး
စစ်သည်၀တ်စုံ၀တ်ကာ ဓါတ်ပုံရိုက်နိုင်ပါတယ် ပိုက်ဆံမပေးရပါဘူးဗျ သံချပ်ကာတိုက်လှေကြီးအတွင်းမှာတော့ ဂျိုဆွန်းခေါတ် နာမည်ကြီးတိုက်လှေ ဆာမူရိူင်းတွေကြောက်ခဲ့တဲ့ တိုက်လှေကြီးရဲ့ structure ကိုတွေ့ရမှာပါ

လှေပေါ်မှာ အ၀လေ့လာပြီးတော့ ခုနက စတော်ဘယ်ရီဆိုင်းဘုတ်ကြီးရှိတဲ့နေရာကိုရောက်လာခဲ့ပါတယ်
သူက starwberry mochi ဆိုင်ဗျ 1968 ထဲကတဲ့ လူတွေအုံလိူ့ တန်းစီရတဲ့ အတန်းကြီးက အရှည်ကြီး
စျေးကြည့်တော့လည်း ဟော!! ဘာ စတော်ဘယ်ရီ မုန့်မလို့ ဒီလောက်စျေးကြီးရတာလဲဆိုပြီး မစားပဲ ဆက်သွားခဲ့ပါတယ် အဲ့လိုနဲ့ အနားက 진남상가길 ဂျင်းန်နမ်းစျေးလမ်းရောက်တော့မှ အမြည်းကျွေးတဲ့
Stawberry mochi ကို စားမိပြီး wow!! ဘာလို့ဒီလောက်ကောင်းရတာလဲ တကယ်ပါ အရမ်းကိုစားကောင်းတာ အဲ့ဒါကြောင့်လည်း စျေးကြီးနေရတာကို တခုချင်းရော ၀ယ်လို့ရလားဆိူပြီး မုန့်လေးတခူကို ၀မ် 4500 ပေးပြီး၀ယ်ခဲ့ပါတယ်

နောက်ဆုံး၀င်ခဲ့တဲ့နေရာကတော့ 진남관 သမိုင်းပြတိုက်ပါ ဂျိုဆွန်းခေါတ် ရောဆူနဲ့ တောင်ပင်လယ်တ၀ိုက် တိုက်ပွဲတွေရယ် အကုန်မှတ်တမ်းတွေ သမိုင်း၀င်ပစည်းတွေနဲ့အတူရှိနေပါတယ်
Admiral:roaring current, Noryang Deadly sea တို့ ကြည့်ထားတဲ့ ကိုယ့်အတွက်
အဲ့ထဲရောက်တော့ ကြက်သီးထမိတယ်
နောက်ဆုံး စစ်သူကြီးရီ ကျသွားတဲ့ ပြကွက်နေရာရောက်တော့လည်း ၀မ်းနည်းမိတယ်
အဲ့ကစကားကလည်း နာမည်ကြီးတယ်လေ
ဂျပန်တွေကြောက်တာ သူပဲ ရှိတာမို့
သူသေတာ ဂျပန်တွေမသိစေနဲ့လို့ ပြောခဲ့ပါတယ်
Noryang တိုက်ပွဲမှာ စစ်သူကြီးကျခဲ့ပင်မယ့် တိုက်ပွဲဗုံကြီးကို ဆက်တီးနေခဲ့ပြီး တိုက်ပွဲပြီးမှသာ ကျဆူံးကြောင်း ရဲမက်တွေသိခဲ့ရတာလေ

အဲ့ပြတိုက်က တကယ်သဘောရတဲ့နေရာပါ
ခုတော့ တနိုင်ငံလုံးဟာ စစ်သူကြီးရီရဲ့ ရုပ်တုတွေရှိနေခဲ့တာ နိုင်ငံကို ခုထိကာကွယ်နေသယောင်ပင် တွေးမိပါတယ်

ပြတိုက်ဘေးက ပန်းချီလမ်းဆက်လျှောက်သွားတော့ စစ်သူကြီးရီ ရဲ့ စကားတွေကို နံရံတွေမှာ ရေးသားထားတာတွေ့ရပါတယ်

အဲ့ပြတိုက်က ကျနော့်ရဲ့ ရောဆူခရီးစဥ် နောက်ဆုံးနေရာဖြစ်ပြီး ရောဆူကပြန်တော့လည်း တကယ်၀မ်းနည်းစွာပြန်ခဲ့ရတယ် တကယ်သဘောကျမိခဲ့တဲ့ မြိူ့လေးပါ အပြန်လမ်းခရီးကတော့ ကားမောင်းတာလည်း စိတ်မပါခဲ့ပါဘူးဗျာ
ညနေ ဘူဆန်ပြန်ရောက်ပြီး ခရီးစဥ်ပြီးဆုံးခဲ့ပါတယ်

Address

Busan

Website

Alerts

Be the first to know and let us send you an email when Koko's Day out posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share