𝚈𝚒𝚗 𝚔𝚑𝚠𝚒𝚗 𝚝𝚊𝚠 𝚑𝚕𝚊𝚗 𝚢𝚊𝚢𝚢

𝚈𝚒𝚗  𝚔𝚑𝚠𝚒𝚗  𝚝𝚊𝚠  𝚑𝚕𝚊𝚗  𝚢𝚊𝚢𝚢 𝚈𝚒𝚗 𝚔𝚑𝚠𝚒𝚗 𝚝𝚊𝚠 𝚑𝚕𝚊𝚗 𝚢𝚊𝚢𝚢, ニュース・メディアのウェブサイト, Yokohamaの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

永久に閉鎖。
11/09/2021

🚨Oktwin Breaking News 🚨

အုတ်တွင်းမြို့၊မဲကုန်းရပ်ကွက်
အထူး သတိပြုကြရန်‼️
ယနေ့ည မဲကုန်းရပ်ကွက်အား ပေါ်တာဆွဲရန်
စစ်ခွေးများ ဒလန် အိမ်မှာ စုနေသည် ဟု
သတင်းရရှိထားပါတယ်ဗျာ
အားလုံး အထူး သတိရှိကြပါ။

သတင်းထူးရင်လည်း page သို့ လာရောက်ပြောကြားနိုင်ပါတယ်။

07/09/2021

လေတပ်ဖွဲ့စည်းထားပြီဖြစ်ကြောင်း
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သတိပေး
Source Ye Minn AAC

အားလုံးကို ကြေငြာချင်တာလေးတစ်ခုက သတိပေးချင်တာပေါ့ဗျာ....သတင်းတွေ တင်တာက တင်ပါ ကောင်းပါတယ်ဗျာဒါပေမယ့် False Newsတွေကို အထ...
07/09/2021

အားလုံးကို ကြေငြာချင်တာလေးတစ်ခုက
သတိပေးချင်တာပေါ့ဗျာ....
သတင်းတွေ တင်တာက တင်ပါ ကောင်းပါတယ်ဗျာ
ဒါပေမယ့် False Newsတွေကို အထူးသတိရှိပါ
Source တိကျမှ တင်စေချင်လိုပါတယ်။🙏
ဒါက အရေးကြီးတဲ့ အချက်လေး မို့ပါ
ကျွန်တော်ရဲဘောတွေရော ပြည်သူတွေရော
ဘေးကင်းကြဖို့ မျှော်လင့်ပါတယ်ဗျ💪

ကျွန်တော်တို့ အနေနဲ့ကလည်း သတင်းတွေကို သေချာစုံစမ်းပြီးမှ
တင်ပေးနေပါတယ်ဗျ🙏🙏🙏

07/09/2021

📌📌ရန်ကုန်မှာ
ပို့ဆောင်ရေးစစ်လေယာဉ်တွေ
တစီးပြီးတစီး မနားတမ်းထွက်ခွာနေ တယ်ဟု
သတင်းရရှိ📌📌

07/09/2021

D-Day စသည့်နေ့၌ စကစ၏ လက်နက်စက်ရုံသို့သွယ်တန်းထားသည့် မီးလိုင်းကို PDF ဖြတ်တောက်😉
တတ်နိုင်တဲ့ဘက်က
ကူညီကြဖို့
သတင်းလာပေးစို့💪

D day ကြေငြာ လိုက်ပြီဆိုတော့ အရေးကြီးတာတွေပြင်ဆင်သင့်တာတွေ..online ရနေတုန်းပြင်ဆင်ထားကြပါ..NUG အစိုးရအဖွဲ့အစည်ကလည်းဘာတွေ...
07/09/2021

D day ကြေငြာ လိုက်ပြီဆိုတော့ အရေးကြီးတာတွေပြင်ဆင်သင့်တာတွေ..
online ရနေတုန်းပြင်ဆင်ထားကြပါ..

NUG အစိုးရအဖွဲ့အစည်ကလည်းဘာတွေဘာတွေလုပ်ဖို့ ညွှန်ကြားထားပါတယ်

အပိုင်း (1)
https://m.facebook.com/story.php?story_fbid=160623262874089&id=100188938917522

အပိုင်း (2)
https://www.facebook.com/100188938917522/posts/160626366207112/

အပိုင်း (3)
https://www.facebook.com/100188938917522/posts/161999992736416/

အပိုင်း (4)
https://www.facebook.com/100188938917522/posts/162721162664299/

အပိုင်း (5)
https://www.facebook.com/100188938917522/posts/163716175898131/



လက်ရှိတော်လှန်းရေးက တရားနည်းလမ်းကျတဲ့ တော်လှန်ရေးဖြစ်သည်။ ရေရှည်ငြိမ်းချမ်းသောနိုင်ငံ တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည...
07/09/2021

လက်ရှိတော်လှန်းရေးက တရားနည်းလမ်းကျတဲ့ တော်လှန်ရေးဖြစ်သည်။ ရေရှည်ငြိမ်းချမ်းသောနိုင်ငံ တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ တော်လှန်ရေး ဖြစ်တယ်။

📌Breaking News📌ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ စစ်အာဏာရှင်ကို ချေမှုန်း တိုက်ခိုက်သည့် D-Day အဖြစ် ကြေညာကြောင်း NUG သမ္မတ...
07/09/2021

📌Breaking News📌

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ စစ်အာဏာရှင်ကို ချေမှုန်း တိုက်ခိုက်သည့် D-Day အဖြစ် ကြေညာကြောင်း NUG သမ္မတ ဒူဝါလရှီးလက ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၇

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ စစ်အာဏာရှင်ကို တော်လှန်သည့် ပြည်သူ့တော်လှန်ရေး စတင်သည့် D-Day အဖြစ် ကြေညာကြောင်း NUG သမ္မတ ဒူဝါလရှီးလက အရေးပေါ် မိန့်ခွန်းထုတ်ပြန်၍ ကြေညာနေပြီဖြစ်သည်။

တရားမဝင် စစ်အာဏာရှင်ကို ဖြုတ်ချရန် လိုအပ်သည့်အတွက် ယနေ့မှစတင်၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာကြောင်း NUG အစိုးရကလည်း တရားဝင် အမိန့် ကြေညာချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ် ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမိန့်ကြေညာချက်အမှတ် (၁/၂၀၂၁)

၇ စက်တင်ဘာလ ၂၀၂၁

“အရေးပေါ်အခြေအနေ ကြေညာခြင်း”

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အဓမ္မလုယူသိမ်းပိုက်ထားရုံမက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိခြင်း၊ ပြည်သူများကလည်း နည်းလမ်းစုံဖြင့် စစ်အာဏာရှင်အုပ်စိုးမှုအား ခုခံတွန်းလှန်လျက်ရှိခြင်း၊ ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာခြင်း ဟူသော ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

၂။ အရေးပေါ်အခြေအနေ သက်ရောက်သည့်နယ်မြေသည် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်သည်။

ဒူဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

🔔အုန်းပင်ရွာကို စစ်ကားတစ်စီး ချီတက်သွားတယ်လို့သတင်းရထားပါတယ် 🔔စောနကဗုံးသတင်းကလဲတင်လုပ်ကြံတယ်လို့ခန့်မှန်းသိရှိရပါတယ် #ကျ...
06/09/2021

🔔အုန်းပင်ရွာကို စစ်ကားတစ်စီး ချီတက်သွားတယ်လို့သတင်းရထားပါတယ် 🔔
စောနကဗုံးသတင်းကလဲတင်လုပ်ကြံတယ်လို့ခန့်မှန်းသိရှိရပါတယ်
#ကျွန်တော်တို့pageလေးကိုအုတ်တွင်းမြို့ကသတင်းတွေလာရောက်ပေးပို့နိုင်ပါတယ်

06/09/2021

Breaking news ‼️‼️‼️‼️

ယနေ့ည ၈နာရီခွဲဝန်းကျင်တွင်
အုတ်တွင်းမြို့ အရှေ့ဘက်အုန်းပင်ကျေးရွာ ဒလန်တစ်ဦးအိမ်တွင် ဗုံးတစ်လုံးတွေ့ရှိသဖြင့် အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်အမြောက်အများသွားရောက်၍
ပြည်သူများစိတ်အနှောက်အယှက်ဖြစ်စေရန်အတွက် သေနတ်များဆက်တိုက်ဖောက်လျက်ရှိသည်

Send a message to learn more

MRTV မှာ ကြေ​ငြာသွားတာ ဒီနေ့ည10နာရီခွဲ အင်တာနက်လိုင်းများ စတင်ပိတ်မည်ဆိုတာ...ပိတ်ချင်ပိတ် မပိတ်ချင်​နေ လီးပါပဲ☺  တကယ်ဖြတ...
06/09/2021

MRTV မှာ ကြေ​ငြာသွားတာ ဒီနေ့ည10နာရီခွဲ အင်တာနက်လိုင်းများ စတင်ပိတ်မည်ဆိုတာ...ပိတ်ချင်ပိတ် မပိတ်ချင်​နေ လီးပါပဲ☺

တကယ်ဖြတ်ခဲ့မယ်ဆိုရင်တော့ See ya'll later poh ✨

05/09/2021

ရွာသစ်ရွာ တွင် အပြစ်မဲ့ရွာသား နှစ်ဦးကို စစ်ကောင်စီတပ်မှ ရိုက်နှက်ဖမ်းဆီး။
-------------------------------------------------------
ရေတာရှည်၊ စက်တင်ဘာ ၃၊ ၂၀၂၁။

ရွာသစ်ကျေးရွာနေ အပြစ်မဲ့ ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃ ရက် ညသန်းခေါင်ချိန်က ဖမ်းဆီးသွား ကြောင်း ဒေသခံများအပြောအရသိရသည်။

ရေတာရှည်မြို့နယ်အပိုင် ရွာသစ်ကျေးရွာမှ ဦးညွှန့်၀င်းနှင့် ဦတင်မြင့်တို့ကို ၎င်းတို့၏နေအိမ်များရှိရာသို့ စစ်တပ်က ည ၁၂ နာရီခွဲဝန်းကျင်တွင် ဝင်ဖမ်းခြင်းဖြစ်သည်။

ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ဒလန်များ၏ သတင်းပေးချက်အရ လာရောက် ရှာဖွေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့်သူများကို ရိုက်နှက်ဖမ်းဆီး စစ်မေးခဲ့ကြောင်း ကျေးရွာ‌နေသူ များကပြောသည်။

ဦးညွှန့်၀င်းနှင့် ဦးတင်မြင့်တို့ကို အာဏာသိမ်း‌တပ်ထောပ်တိုင် ဒလန်များက အစောပိုင်းကတည်းက စောင့်ကြည့်ခဲ့ရာ သူတို့က တိမ်းရှောင်နေပြီးမှ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။

“ဦးညွှန်၀င်းနဲ့ ဦးတင်မြင့်တို့အိမ် ကို ဝင်စစ်တယ်ညက၊ ပြီးတော့ ပါသွားတယ်။ ကွင်းဆက်လို့တော့ ပြောတာကြားရတယ်။ ည ၁၂ နာရီထိုးလောက်မှာ သူ့တို့‌ေနအိမ်မှာပဲ အဖမ်းခံရတာ" လို့ရွာခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ရွာသစ်ကျေးရွာမှ စစ်ထွက်တဦးလည်း အသတ်ခံခဲ့ရသည်။

ဆွာ သတင်းမှန် ပြန်ကြားရေး

📌Breaking News📌❗ယနေ့ည ❗အုတ်တွင်းမြို့ရှိ CDM သမားများ📌ကို စစ်အကြမ်းဖက်အုပ်စုမှဒလန်အကူညီနှင့်အတူဖမ်းဆီးမည်ဟုသတင်းရထားပါသည...
02/09/2021

📌Breaking News📌
❗ယနေ့ည ❗
အုတ်တွင်းမြို့ရှိ CDM သမားများ📌ကို
စစ်အကြမ်းဖက်အုပ်စုမှဒလန်အကူညီနှင့်
အတူဖမ်းဆီးမည်ဟုသတင်းရထားပါသည်။
Source Comfirm 📌

📌အုတ်တွင်း CDM အထူးသတိရှိပါဗျာ📌ဟုတ်သော််ရှိမဟုတ်သော်ရှိ သတိနဲ့ နေကြပါ 🩹
02/09/2021

📌အုတ်တွင်း CDM အထူးသတိရှိပါဗျာ📌
ဟုတ်သော််ရှိမဟုတ်သော်ရှိ
သတိနဲ့ နေကြပါ 🩹

  cmt
02/09/2021

cmt

မန္တလေးမြို့တွင် အခက်အခဲများကြားမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၂၀၅ ရက်မြောက်အဖြစ် သံဃသမဂ္ဂစစ်ကြောင်းသည် စက်တင်ဘာ ၁ တွင် ခ...
01/09/2021

မန္တလေးမြို့တွင် အခက်အခဲများကြားမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၂၀၅ ရက်မြောက်အဖြစ် သံဃသမဂ္ဂစစ်ကြောင်းသည် စက်တင်ဘာ ၁ တွင် ချီတက်ခဲ့သည်။ ဓာတ်ပုံ-CJ

သံဃာများက စစ်အာဏာရှင်လက်အောက်မှ မြန်မာပြည်သူများအတွက် ပရိတ်ရွတ်ဖတ်မေတ္တာပို့ခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

YGN‼ကြည့်မြင်တိုင်စခအင်အား ၁၀၀လောက် ဒလန်တွေပါရပ်ကွက်ထဲ တိုက်တွေကိုနေရာယူထား
01/09/2021

YGN‼ကြည့်မြင်တိုင်

စခအင်အား ၁၀၀လောက် ဒလန်တွေပါ

ရပ်ကွက်ထဲ တိုက်တွေကိုနေရာယူထား

01/09/2021

"Breaking News"
=============

နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော ညီညီအောင်ထက်နိုင်ရဲ့ အမွှာအကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်အား အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းစီးခဲ့ရာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရပါသည်။ယခုအခါ ကိုကိုအောင်ထက်နိုင်၏ မိခင်ဖြစ်သူအား ဓားစာခံအဖြစ် ဖမ်းဆီး၍ ကိုကိုအောင်ထက်နိုင်အား လာရောက်အဖမ်းခံရန် ဖုန်းဖြင့်ဆက်သွယ်ကာ အကျပ်ကိုင်နေသည်ဟု သိရပါသည်။လာရောက်ဖမ်းဆီးရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။



Breaking News!!စစ်ခွေးတွေ ဘို့မယ်ရွာထဲ ရောက်နေကြပါပြီခင်ဗျ။ရွာသူ/ရွာသားများ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်ခင်ဗျ။Septembe...
01/09/2021

Breaking News!!

စစ်ခွေးတွေ ဘို့မယ်ရွာထဲ ရောက်နေကြပါပြီခင်ဗျ။ရွာသူ/ရွာသားများ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်ခင်ဗျ။
September1(1:35PM)

01/09/2021

#တောင်ငူသတိ

အုတ်တွင်းမှ‌ တောင်ငူဖက် သို့ school busဖြင့်ခွေးများလိုက်ပါသွားသည်ကိုတွေ့မြင်ခဲ့ကြောင်းသတင်းရင်းမြစ်တစ်ခုမှပေးပို့လာပါတယ် အစစအရာရာဂရုစိုက်ကြပါရဲဘော်တို့

01/09/2021

September~~~~
အားလုံးအတွက် ကံဆိုးခြင်းတွေပပျောက်ပြီး ကံကောင်းခြင်းတွေ ယူဆောင်လာပေးပါ ၀မ်းနည်းမှုတွေ ပပျောက်ပြီး ပျော်ရွှင်မှုတွေပဲ ယူဆောင်လာပေးပါ🤍

အားလုံးကျန်းမာရေး အထူးဂရုစိုက်ကြပါဗျ

#အရေးတော်ပုံအောင်ရမည်

ကျွန်တော်တို့တစ်ခုလောက်တိုက်တွန်းချင်တာလေးရှိလို့ပါဗျတကယ်တော့Up တွေSavemyanmarရေးတာတွေကအထောက်အကူမဖြစ်ဘူးဗျတကယ်တမ်းPdfတွေ...
01/09/2021

ကျွန်တော်တို့တစ်ခုလောက်တိုက်တွန်းချင်တာလေးရှိလို့ပါဗျ
တကယ်တော့Up တွေSavemyanmar
ရေးတာတွေကအထောက်အကူမဖြစ်ဘူးဗျ
တကယ်တမ်းPdfတွေကိုကူညီချင်ရင် (မလှူနိုင်ရင်တောင်မှပေါ့ဗျာ)Click to donate လေးလုပ်ပီး
လှူလို့ရပါတယ်ဗျာ

https://t.me/click2donate
https://t.me/wedonate

Link တွေနှိပ်ပီး လှူကြမယ်

ရစပတ်ပေးတယ်😆  ဟွန့် ခုတော့ရွှံ့ထဲနစ်နေပီမလား..
31/08/2021

ရစပတ်ပေးတယ်😆
ဟွန့် ခုတော့ရွှံ့ထဲနစ်နေပီမလား..

31/08/2021

အုတ်တွင်း

CDMကျောင်းဆရာတစ်ဦး ဖခင်ဖြစ်သူမွေးနေ့တွင်ဖခင်ကိုကန်‌ေတာ့ရန်ခဏပြန်လာစဉ် စကစ မှမတရားဖမ်းဆီး!!

31/08/2021

Attention Please🔔

ကျနော် Twitterအကြောင်းလေးပြောချင်လို့ပါ

ကျနော်တို့နယ်ဘက်မှာဆို twitterအသုံးပြုသူ တကယ်နည်းပါတယ်

များသောအားဖြင့်မရှိကိုမရှိသလောက်ပါပဲ

ဒါဆိုtwitterကဘာလဲ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိ🤔

Twitter ဆိုတာ Social media တစ်ခုပါပဲ

ဒီ Revolution ကာလမှာတော့twitterက ပြည်သူ့အသံလို့ဆိုလို့ရတဲ့အနေထားမှာရှိနေပါပြီ

ဆိုတော့ကျနော်တို့ ဒီ Febကနေ Augလထိ Twitter ရဲ့အကျိုးသက်ရောက်မှုတွေက

တနေ့တာ Hashtagတွေနဲ့အတူ

အခုလက်ရှိမှာ အာဆီယံအကြီးကဲတွေကိုဖိအားပေးနိုင်တဲ့အခြေနေ

စစ်အစိုးရနဲ့လက်တွဲတဲ့ကုမ္ပဏီတော်တော်များများကိုဖိအားပေးပြီးလက်တွဲ ဖြုတ်အောင်ထိစွမ်းဆောင်နိုင်ခဲ့တယ်

ကျနော်တို့တိုင်းပြည်မှာဖြစ်ပျက်နေတာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့မတရားဖိနှိပ်မှုတွေကို

နိုင်ငံတကာရဲ့ attention ရအောင် တနေ့တာ hashtag တွေ trending ဝင်အောင်စွမ်းဆောင်နိုင်တယ်

fbမှာလို credit ပေါင်းများစွာ ဆိုက်ဝါးတွေလည်း နည်းတယ်

တကယ်တန်းဆိုup တွေsave myanmarတွေကမထိရောက်ပါဘူး အချိန်ကုန်လူပင်ပန်းတယ် ဒါတွေကိုလက်ညောင်းခံပြီး မန့်တွေမှာရေးနေမယ့်အစား

Twitterမှာသွားtweet တာကပိုပြီးအကျိုးသက်ရောက်မှုပိုရှိပါတယ်

နည်းနည်းပြင်ပေးမယ်နော်
"Twitter ဘယ်လိုသုံးရမလဲဆိုတာကို အသေးစိတ်သိချင်‌တယ်ဆိုရင်တော့ page cbမှာ လာရောက်မေးနိုင်ပါတယ်ဗျ"

"Twitter မှာ Tweet ရန်အတွက် အဆင်သင့်လုပ်ပေးနေတဲ့ Telegram channelတွေလဲရှိ‌တယ်ဆိုတော့ Telegram accလေးတွေလဲဖွင့်ထားကြဖို့ လိုအပ်ပါတယ် Revolution tweet အတွက်လိုအပ်တဲ့ Telegram channel များကိုလဲ page cbတွင်လာရောက်တောင်းနိုင်ပါတယ်ဗျ"

တန့်ဆည်အတွင်း ဝင်ရောက်မွှေနှောက်ပြီး ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ယာဉ်တန်း အဆင့်ဆင့်မိုင်းဆွဲခံရသဖြင့် (၂၅) ဦးထက်မနည်း သေဆ...
31/08/2021

တန့်ဆည်အတွင်း ဝင်ရောက်မွှေနှောက်ပြီး ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ယာဉ်တန်း အဆင့်ဆင့်မိုင်းဆွဲခံရသဖြင့် (၂၅) ဦးထက်မနည်း သေဆုံးပြီး အများအပြားသေဆုံး
*************************

သြဂုတ်လ ၃၁ PDF Channel

ယနေ့ ဩဂုတ်လ (၃၁) ရက် ညနေ (၃) နာရီအချိန်ခန့် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများအား ဝင်ရောက်မွှေနှောက်စီးနင်းပြီး ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကား (၃) စီးပါ စစ်ယာဉ်တန်း ဒီပဲယင်းအရောက်၌ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးမှ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကား (၃) စီးပါ စစ်ယာဉ်တန်းမှာ ဒီပဲယင်းမြို့နယ်ရှိ ကြည်ရွာနှင့် ရွာသစ်ရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကား (၁) စီး မီးလောင်သွားကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

ယင်းမီးလောင်သွားတဲ့ စစ်ကားအား ထားခဲ့ပြီး ဆက်ထွက်လာရာ ဒီပဲယင်းမြို့နယ် ကြခတ်ရွာအနီး ထပ်မံမိုင်းဆွဲခံရပြီး စိုင်ပြင်ရွာအထွက် ဘုတလင်မြို့နယ်အရောက်တွင်လည်း နောက်တစ်ခါ ထပ်မံပြီး မိုင်းဆွဲခံရကြောင်း သိရသည်။

ဤသို့ အဆင့်ဆင့်မိုင်းဆွဲခံရသဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ (၂၅) ဦးထက်မနည်း သေဆုံးပြီး အများအပြားဆန့်ငင်ဆန့်ငင်ဖြစ်နေကြကြောင်း ၎င်းဒေသခံမှ ဆက်လက်ပြောဆိုသည်။



ပုံဟောင်းဖြစ်သည်။

31/08/2021

နိုင်ငံရေးရော ရောဂါကြောင့်ရော ကျွန်တော်တို့ရဲ့ပြည်သူတွေ စိတ်ဓာတ်ကျနေရောပေါ့
ကျွန်တော်တို့လည်း တူတူပါပဲ
အရာရာ နှောင့်နှေးနေရပြီ
အဓိက ကတော့ သွေးမအေးကြဖို့ပါပဲ
အကူအညီလိုတဲ့အခါတိုင်း ကျွန်တော်တို့ရဲ့ pageလေးကိုသတိရပေးပါ
သတင်းတစ်ခုခုရတိုင်း လာပြောဖို့ ဝန်မလေးပါနဲ့
မကြောက်ပါနဲ့ ကြောက်ခေတ်ကို မှောက်ပစ်ဖို့ အသားကုန်အော်ခဲ့ပြီးမှ ဘာကိုကြောက်နေကြမှာလဲ
လိုတာရှိလည်းလာပြောပြီး အကူညီတောင်းလို့ရပါတယ် ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်က ကူညီသွားဖို့ အသင့်ပါပဲ။
ပြည်သူနှင့် တသားတည်း.........

ဒီပဲယင်းနယ်မှာ စစ်ကောင်စီယာဉ်တန်း ၃ ကြိမ်ဗုံးခွဲတိုက်ခိုက်ခံရ ===============================ဒီပဲယင်းမြို့နယ်အတွင်းဝင်ရေ...
31/08/2021

ဒီပဲယင်းနယ်မှာ စစ်ကောင်စီယာဉ်တန်း ၃ ကြိမ်ဗုံးခွဲတိုက်ခိုက်ခံရ
===============================

ဒီပဲယင်းမြို့နယ်အတွင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ကားများကို ယနေ့နေ့ခင်းတွင် သုံးကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမှထွက်ခွာလာသော စစ်ကောင်စီတပ်ကားကြီးသုံးစီးသည် ဒီပဲယင်းမြို့နယ် ဘုရားထွက်ရွာကားဂိတ်အနီးတွင်တစ်ကြိမ်၊ နောက်ထပ်လေးမိုင်ခန့်အကွာ ကြခတ်ရွာအနီးတွင်တစ်ကြိမ်နှင့် စိုင်ပြင်ကြီးရွာအနီးတွင် တစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

“တန့်ဆည်ဘက်က ကပေါင်းကျရွာနဲ့လိပ်ခြံရွာကိုဝင်မွှေပြီးထွက်လာတဲ့ယာဉ်တန်းပါ၊ သုံးစီးကိုပထမအကြိမ် မိုင်းနှစ်လုံးခွဲတော့ တစ်စီးထိတယ်၊ မီးခိုးတွေအတော်ထွက်လာတယ်၊ အထိအခိုက်များနိုင်တယ်၊သူတို့ဆက်မောင်းသွားပြီး ကြခတ်ရွာနားရောက်တော့ နောက်တစ်ကြိမ် ထပ်ခွဲတယ်၊ အဲ့မှာလည်းအထိအခိုက်များမယ်၊ ဘယ်လိုသိရလဲဆိုရင် မိုင်းကွဲတဲ့နေရာရောက်တော့ အဲနေရာမှာသွေးကွက်ကြီးတွေတွေ့တယ်လို့သတင်းပို့တယ်၊ စစ်သားအလောင်းတွေတော့မတွေ့ဘူး၊ သူတို့သယ်သွားတာထင်တယ်၊ နောက်ထပ် စိုင်ပြင်ကြီးရွာနားရောက်တော့လဲ ၅ လုံးလောက်ထပ်အခွဲခံရသေးတယ်” ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မွန်းလွဲ ၂ နာရီခွဲ၊၄ နာရီဝန်းကျင်နှင့် ၄ နာရီခွဲအချိန်ဖြစ်ပွားသောပေါက်ကွဲမှုများအပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများအားစစ်ဆေးပြီးနောက် ဘုတလင်ဘက်သို့ဆက်လက်ထွက်ခွာသွားသည်။

31.8.2021
Source:https://www.facebook.com/216265185075061/posts/4721694561198745/

ဟုတ်ကဲ့! အခုဆိုရင်တော့ကျွန်တော်တို့ မြန်မာနိုင်ငံကို မတရားသဖြင့်အာဏာသိမ်းခဲ့တာ 7လရှိပါပီ 🇲🇲🚫မသေ သင့်ပဲ တန်ဖိုးရှိတဲ့ အသက...
31/08/2021

ဟုတ်ကဲ့! အခုဆိုရင်တော့ကျွန်တော်တို့ မြန်မာနိုင်ငံကို မတရားသဖြင့်အာဏာသိမ်းခဲ့တာ 7လရှိပါပီ 🇲🇲🚫

မသေ သင့်ပဲ တန်ဖိုးရှိတဲ့ အသက်ပေါင်းများစွာလဲပေးစပ်ခဲ့ရပါပြီ။
မိတ်ဆွေများခင်ဗျာ!!!
ကျွန်တော် တို့ရဲ့ ★𝚈𝚒𝚗 𝚔𝚑𝚠𝚒𝚗 𝚝𝚊𝚠 𝚑𝚕𝚊𝚗 𝚢𝚊𝚢𝚢!!! page​ဟာ ပဲခူးတိုင်း​ဒေသကြီး အခြေစိုက် တော်လှန်သော သတင်းသမားများဖြစ်ပြီးတော့တော်လှန်ရေးကာလအတွင်း ပြည်သူများအားအထောက်အကူဖြစ်စေမည့် သတင်းအချက်အလက် များကို အချိန်မီ ပို့ဆောင်ပေးနိုင်ရန်နဲ့ တော်လှန်ရေးကို တစ်ဖက်တစ်လမ်းမှ အကူအညီ ပေးနိုင်ရန် ရည်ရည်ရွယ်ပါတယ်မြို့အားလုံးရဲ့သတင်းအချက်အလက်များကို အချိန်မီရရှိနိုင်ဖို့ မိတ်ဆွေတို့ရဲ့အကူအညီများစွာ လိုအပ်နေပါတယ် မိတ်ဆွေတို့ရဲ့ ပတ်ဝန်းကျင်မှာ ထူးခြားဖြစ်စဉ်များ ရှိခဲ့ရင် သက်သေနှင့်တစ်ကွ ပေးပို့ပေးကြဖို့ အကူအညီ တောင်းချင်ပါတယ်
မိတ်‌ဆွေတို့ ရရှိထားတဲ့ သတင်းအချက်အလက်များကို Page messengerတွင် ပေးပို့ခြင်းဖြင့် ကူညီပါဝင်ပေးကြပါ
ကျွန်တော်တို့pageလေးကိုလဲ likeလုပ်ပေးသွားကြပါအုံး.....

အရေးတော်ပုံ အောင်ရမည်🇲🇲❤

住所

Yokohama, Kanagawa

ウェブサイト

アラート

𝚈𝚒𝚗 𝚔𝚑𝚠𝚒𝚗 𝚝𝚊𝚠 𝚑𝚕𝚊𝚗 𝚢𝚊𝚢𝚢がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する


ニュース・メディアのウェブサイトのその他Yokohama

すべて表示