Shwe Tway Shwe Tway, デジタルクリエイター, Utsunomiya-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。
(1)

အချစ်ရေ _           ကိုယ်တို့ ဆိုင်ရွေးမှန်သွားပြီ။ဘယ်လောက်များ အရသာရှိလဲ မသိဘူး။အရင်လူတွေက ပန်းကန်တွေပါ ကိုက်ဖဲ့စာ:သွာ:...
17/10/2024

အချစ်ရေ _
ကိုယ်တို့ ဆိုင်ရွေးမှန်သွားပြီ။
ဘယ်လောက်များ အရသာရှိလဲ မသိဘူး။
အရင်လူတွေက ပန်းကန်တွေပါ ကိုက်ဖဲ့စာ:သွာ:ကြတယ်။

17/10/2024
ကျွန်တော် ပုဇွန်ထုပ်ဆိုလုံးဝမစားပါ ပုဇွန်အကောင်သေးရင်တော့စားသည် ပုဇွန်ထုပ်ကိုစိတ်နာသွားသည့်အကြောင်းရင်းကတော့မအူပင်ဘက်ကရွ...
13/10/2024

ကျွန်တော် ပုဇွန်ထုပ်ဆိုလုံးဝမစားပါ
ပုဇွန်အကောင်သေးရင်တော့စားသည်

ပုဇွန်ထုပ်ကိုစိတ်နာသွားသည့်အကြောင်းရင်းကတော့
မအူပင်ဘက်ကရွာလေးတစ်ရွာကို
အလုပ်ကိစ္စတခုကြောင့်
လုပ်ဖော်ကိုင်ဖက်ငါးယောက်နဲ့
ခရီးထွက်ဖြစ်ရာမှစသည်
တည်းမည့်အိမ်ရောက်တော့ အကုန်လုံးခြေပစ်လက်ပစ်နားကြ
ရေချူ ိးကြနဲ့ နေ့လယ်စာစားချ ိန်နီးသွားလေပြီ
အိမ်ရှင်ကဧည့်ဝတ်ကျေတာမှ
ဟိုဖက်တောင်လွန်သည်

ပုဇွန်ထုပ်အကောင်ကြီးတွေအကောင်သုံးဆယ်လောက်ကိုတစ်ဝက်ချက်တစ်ဝက်သုပ် မီးကင် အချဉ်ဟင်း ငပိရည် တို့စရာနဲ့စုံနေအောင်ထမင်းဝိုင်းပြင်ပေးသည်

ဗိုက်ဆာဆာနဲ့စားလိုက်ကြတာဆိုတာအိမ်ရှင်မိသားစုအတွက်
ပုဇွန်အမြီးဖျားလေးပင်မကျန်တော့ပါ
ဗိုက်ကားမှသတိရကြသည်
အရှက်ပြေ တစ်ယောက်ကထပြောသည်။

"ဟာ... ဦးလေး တို့အတွက် ဟင်းမကျန်တော့ဘူး အားနာလိုက်တာဗျာ ခရီးပန်းလာတော့စားကောင်းကောင်းနဲ့
စားလိုက်မိတာ "
"အားနာရမယ့်လူတွေမှမဟုတ်တာဆရာလေးတို့ရယ်
ပုဇွန်က ဒီမှာကပေါတယ်အဝသာစား ကျွန်တော်တို့က စားရတာငြီးငွေ့လွန်းလို့စားချင်တော့ဘူးရယ်
ဧည့်သည်တွေလာမှလတ်လတ်ဆတ်ဆတ်ဖမ်းပြီး
ချက်ကျွေးတာ ပိုက်ဆံပေးဝယ်ရတာမဟုတ်ဘူး အားမနာပါနဲ့ ဆရာလေးတို့စားကောင်းရင်ညစာလည်း
ပုဇွန်ပဲလုပ်ပေးမယ်လေ"

"ဒီလိုဆိုကောင်းတာပေါ့ ကျွန်တော်မြို့မှာကစျေးကြီးတယ်
မပြန်ခင်အဝစားသွားရမယ် "
"အို ရတယ်ပါ့ 24နာရီထိုင်စားချင်လည်းဖြစ်တယ်"
"အာ အဘကလည်းဘယ်ဖြစ်မလဲဗျ တစ်နေ့4ခါပဲရမယ်ပေါ့"

ဝင်ပြောလိုက်သူကအိမ်ရှင်ရဲ့သားအငယ်ကောင် အလွန်ဆုံးရှိမှရှစ်နှစ်ကိုးနှစ် အကြီးကောင်လေးကဆယ်တစ်နှစ်ဆယ်နှစ်နှစ်အရွယ်
အကိုဖြစ်သူနှင့်အိမ်ရှေ့ကွပ်ပျစ်မှာစစ်သားအရုပ်တွေနဲ့
စစ်တိုက်တိုင်းဆော့နေရင်းမှအဖေကိုလှမ်းပြောခြင်းဖြစ်သည်
"အငယ်ကောင် တိတ်ဇမ်း လျှာမရှည်နဲ့ အကြီးကောင်လည်းရှိတာကိုး ဘာလို့မရရမှာလဲ" အဖေကလှမ်းမာန်လိုက်သည်
"အေးလေဗျာ သူ2ခါ သား2ခါ 4ခါပေါ့ဗျ"

ဟုမကျေမနပ်အငယ်ကောင်လေးကရေရွတ်နေသည်
အကြီးကောင်ကရယ်သည်
ကျွန်တော်လည်းအံ့သြသွားသည် ဒီလက်တောက်လောက်လေးတွေက
ဒီလောက်ပုဇွန်ကြီးတွေကိုဘယ်လိုများဖမ်းလာပါလိမ့်ဟု
စဉ်းစားခန်းဝင်မိသည်
မွေးမြူ ရေးကန်တွေကသွားခိုးတယ်ထင်တယ်
တစ်ယောက်ကို 2ခါဆီအလှည့်ကျသွားခိုးကြတာများလား
အင်း မေးစမ်းကြည့်ဦးမှ
"ဦးလေး ကလေးတွေကပုဇွန်ဖမ်းတတ်တယ်လား"
"ဖမ်းတတ်တာပါ့ ကျွမ်းမှကျွမ်း ဒီရွာက ကလေး လူကြီး အကုန်တတ်တယ်"
သူငယ်ချင်းများကလည်းဝမ်းသာအားရနဲ့
"ကလေးတွေပါတတ်တော့ကောင်းတာပေါ့ ပိုစားရတာပေါ့"
ဟုပြောတော့ဘာမှမပြောဘဲအိမ်ရှင်က
ပြု ံးပြု ံးကြီးနေနေသည်
"ကဲ ကဲ ဆရာလေးတို့နားကြဦး ညနေအရက်သောက်ချင်ကြလား"
"ဟာ သောက်ချင်တာပေ့ါ ဦးလေးရယ် များများနဲ့ကောင်းကောင်းလေးလုပ်ပေးနော်"
"ရတယ် မပူနဲ့ အိမ်မှာပဲသောက်ကြ
ချက်ကြီးဆိုင်ကသွားဝယ်ပေးထားမယ်"

"အမြည်းကပုဇွန်ကင်လေး အသုပ်လေးထည့်ပေးနော်"
"စိတ်ချ လုပ်ပေးမယ်
လောလောဆယ်တရေးတမောအိပ်ကြဦး"
"ဟုတ် ကျေးဇူးတင်ပါတယ်ဦးလေး"
အကုန်လုံးတုံးလုံးပက်လက်ကျောဆန့်ရင်းတခေါခေါနဲ့
အိပ်ပျော်ကုန်ကြသည်
ကျွန်တော်တစ်ယောက်တည်းသာအိပ်မပျော်ဘဲစဉ်းစားခန်းဝင်နေသည်
ကျွန်တော်ကငါးမျှားရတာဝါသနာပါသည် ပုဇွန်လည်းမျှားဖူးသည် ပုဇွန်ကငါးနဲ့မတူချေ တခါမိဖို့အရေးအကြာကြီးမေ့လောက်အောင်စောင့်ရသည်
ဒီကလေးတွေမနက်တစ်ပိုင်းတည်းနဲ့ဒီလောက်အများကြီး
ဘယ်လိုများ မျှားပါလိမ့် စဉ်းစားမရပေ
အိမ်အတွင်းခန်းမှအသံကြိတ်ကြိတ်နဲ့ပြောနေသံကြား၍
နားစွင့်ကြည့်မိသည် အဖေကအငယ်ကောင်ကိုပြောနေခြင်းဖြစ်သည်
"ဟေ့ကောင် သွား ပုဇွန်သွားဖမ်းတော့"
"ဟာဗျာ အဘကလည်းမနက်ကတစ်ခါသွားပြီးပြီလေ
အကိုကြီးသွားခိုင်း "
"ဧည့်သည်များတယ် များများရမှဖြစ်မယ် မင်းပါလိုက်သွား"
"မရလောက်တော့ပါဘူးဆိုအဘကလည်း"
"မင်းကိုအာ့ကြောင့်မနက်က
ကောင်ညှင်းပေါင်းအများကြီးစားပါပြောတာကို"
"စားတာပဲဗ် "
"ကဲ စကားမရှည်နဲ့ သွားတော့ နေစောင်းတော့မယ် ငါထမင်းအိုးတည်လိုက်ဦးမယ်"
အခန်းထဲမှခြေသံများထွက်သွားသံကြားရသည်
ပုဇွန် ကောက်ညှင်းပေါင်းဘာများပါလိမ့်ဆက်စပ်လို့မရချေ
ကျွန်တော်လည်းခြေသံမကြားအောင်တိတ်တိတ်လေး
ဖွလျှောက်ပြီးထွက်သွားသောကလေးနှစ်ယောက်နောက်
လိုက်လေသည် ကိုယ်ပါလာမှန်းသူတို့ကမသိကြ
ရွာထိပ်ကချောင်းလည်းရောက်ရော ကလေးနှစ်ယောက်က
သူတို့ပေါင်လောက်မရောက်တရောက်ရေအနက်တွင်
ဘောင်းဘီလေးတွေချွ တ်သည်
'အင် ဘာလုပ်ကြတာတုန်းဟ'
ခြု ံကွယ်ကနေချောင်းကြည့်နေရင်းမှ အဖြေကိုဘွင်းဘွင်းကြီးမြင်လေတော့သည်
ဖင်လေးတွေကုန်းပြီးအီးပါနေခြင်းဖြစ်သည်
သူတို့ဖင်ကအီး၂တုံးစီထွက်သွားတော့မှချက်ချင်းကိုယ်ကို
လှည့်ပြီးသူတို့ပါချလိုက်သောအီးတုံးကိုမမှိတ်မသုန်
ကသိုဏ်းရှုနေကြသည် ၂မိနစ်လောက်ကြာသောအခါ အီးတုံးပတ်လည်တွင်ရေပလုံစီထနေသည်
ထိုအချိန်တွင် ကမြင်းမသားလေးနှစ်ကောင်က
ဆတ်ကနဲနဲ့အီးတုံးကိုလှမ်းကိုင်လိုက်သည်
သူတို့လက်ထဲတွင်ပါလာသည်မှာအီးတုံးမဟုတ်
ပုဇွန်ထုပ်များ ယက်ကန်ယက်ကန်နဲ့ နှုတ်ခမ်းမွှေးကျွတ်မတတ်ရုန်းနေကြသည်
သူတို့ပါလိုက်သောအီးတုံးများကိုပုဇွန်များကလာစားကြခြင်း
ဖြစ်ပေသည် အာ့အချိန် နှုတ်ခမ်းမွှေးကကောက်ဆွဲဖမ်းခံလိုက်ရခြင်းဖြစ်သည် မနက်ကအားရပါးရစားခဲ့သည်များကိုပြန်မြင်ယောင်ကာ လည်ချောင်းထဲမှာပျူ ိ့တက်လာသည်
ပုဇွန်ခေါင်းထဲတွင်ချေးတွေပဲရှိသည်ဆိုသည်မှာ
အလကားဟုတ်ဟန်မတူပေ
ကိုယ်လည်းအန်လို့အပြီးသူတို့လည်းလက်နှစ်ဖက်အပြည့်
ပုဇွန်ရနေပြီ ကမ်းပေါ်ပြန်တက်လာကြသောအခါ ကျွန်တော့ကိုမြင်သွားသည်
"ဟာ လေးလေး ဘာလုပ်နေတာလဲ" အိုးတိုးအန်တန်းနဲ့အကြီးကောင်က မေးသည်
"မင်းတို့ပုဇွန်ဖမ်းတာလိုက်ကြည့်တာ"
"ဟီးဟီး လေးလေး ညစာပုဇွန်စားဦးမလား"
နှုတ်သွက်သောအငယ်ကောင်ကပြန်မေးသည်
"တော်ပြီ ဟေ့ကောင် မစားဘူး"
"ဟုတ်တယ် မစားနဲ့ လေးလေး ကျွန်တော်တို့တရွာလုံးမစားဘူး ဧည့်သည်တွေပဲကျွေးတာ"

"သေစမ်းဟဲ့ နန္ဒိယ" 😁😁 ဆိုပြီးကိုယ့်နဖူးကိုယ်ပဲပြန်ရိုက်လိုက်မိလေတော့သည်

😁။11.10.2024
credit:

တခါ ကရန်ကုန်မြို့ပြများ
13/10/2024

တခါ ကရန်ကုန်မြို့ပြများ

12/10/2024

ကုန်ကျစရိတ် အနည်းငယ် ဖြင့် အိမ်သုံးမီးဖိုပြုလုပ်နည်း

အရင်းအနှီးမလို့ပဲ အိမ်မှာ နေရင်း အပိုဝင်ငွေတစ်လ ၂သိန်း ရရှိနိုင်တဲ့ ကောက်ရိုးမှို စိုက်နည်း
07/10/2024

အရင်းအနှီးမလို့ပဲ အိမ်မှာ နေရင်း အပိုဝင်ငွေတစ်လ ၂သိန်း ရရှိနိုင်တဲ့ ကောက်ရိုးမှို စိုက်နည်း

ရေသန့်ဘူး နဲ့ ကောက်ရိုးမျိူးစေ့လေးပဲလိုပါတယ်

ONE Friday Fights - 81 ၏ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဥ်တွင် ဂျပန်ကစားသမား တာခဲရူကမြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ကို ဒုတိယအ...
27/09/2024

ONE Friday Fights - 81 ၏ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဥ်တွင် ဂျပန်ကစားသမား တာခဲရူက
မြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ကို ဒုတိယအချီတွင်
အလဲထိုးဖြင့်အနိုင်ရခဲ့သည်။
သန့်ဇင်သည် ONE လက်အောက်တွင် သုံးပွဲထိုးသတ်ရာ ယခင် နှစ်ပွဲ အနိုင်ရခဲ့ပြီး ပထမဆုံးရှုံးပွဲ
ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
Photo: ONE Championship Thailand

နောက် ၂ ပွဲပြီးရင်တော့ သန့်ဇင်ပွဲလာပါပြီ
27/09/2024

နောက် ၂ ပွဲပြီးရင်တော့ သန့်ဇင်ပွဲလာပါပြီ

Video in comment
04/09/2024

Video in comment

01/09/2024

အိမ်နောက်ဘေးစိုက်ခင်းကနေပိုက်ဆံရှာမယ်
စိုက်ပျိုးရေးကို စိတ်ဝင်စားသူ အပိုငွေရှာချင်သော အိမ်ထောင်ရှင်များကြည့်ရန်

https://www.youtube.com/watch?v=LWF9MCOzA_4&t=2s
01/09/2024

https://www.youtube.com/watch?v=LWF9MCOzA_4&t=2s

စိုက်ပျိုးရေးကို စိတ်ဝင်စားသူ အပိုငွေရှာချင်သော အိမ်ထောင်ရှင်များကြည့်ရန်

25/12/2023

မနေ့ညက ရှမ်းယူနိုက်တဲ့ဗိုလ်လူပွဲမှာဖြစ်တာတဲ့

05/12/2023

ball fight

住所

Utsunomiya-shi, Tochigi

ウェブサイト

アラート

Shwe Twayがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ビデオ

共有する