𝓡𝓔𝓛𝓐𝓧

𝓡𝓔𝓛𝓐𝓧 Thanks for all of your support and Love you all...💛🌻
(1)

Welcome to 𝓡 𝓔 𝓛 𝓐 𝓧! 🌟 Explore a harmonious blend of music videos,poems and engaging book readings.Join us as we celebrate creativity and find joy in every verse and melody!

ဒီမှာ ငါတို့အရွယ်ကလေအသားညိုညို တအားချိုတဲ့မောင်လေးကိုလည်း မောင် မဆိုးနဲ့ကွာပြီး မျက်စောင်းထိုးလို့ရတယ်သုံးနှစ်လောက်ကြီးတ...
04/02/2025

ဒီမှာ ငါတို့အရွယ်ကလေ
အသားညိုညို တအားချိုတဲ့မောင်လေးကိုလည်း
မောင် မဆိုးနဲ့ကွာပြီး မျက်စောင်းထိုးလို့ရတယ်

သုံးနှစ်လောက်ကြီးတဲ့ ကိုကြီးကိုလည်း အင်ဟင့်
ကိုကြီးနော်ဆိုပြီး ရင်ခွင်ထဲ ဝင်ချွဲလို့ရတယ်

ငါးနှစ် ခြော​က်နှစ်လောက်ကြီးတဲ့သူကိုလည်း
ဦးငယ်ရေ မီးကိုလေ.. ဆိုပြီး နှုတ်ခမ်းဆူပြီး
ပြေးပြေးတိုင်လို့ရတယ်

ရွယ်တူဆိုလည်း နင်ကလည်းဟာဆိုပြီး
ပုခုံးလေးမှီလိုက်လို့ရ အကုန်လုပ်လို့ရတယ်ဟာ
ဘာမှမလုပ်ချင်လို့ မလုပ်တာ.... :3

#𝓡𝓔𝓛𝓐𝓧

တောပန်းလေးတွေ ဆိုပေမဲ့သူတို့ရဲ့ အလှလေးတွေ စာဖွဲ့လို့မကုန်နိုင်အောင် လှနိုင်လေခြင်း...💐သာယာအေးချမ်းသော နေ့ရက်လေးကို ပိုင်...
04/02/2025

တောပန်းလေးတွေ ဆိုပေမဲ့သူတို့ရဲ့

အလှလေးတွေ စာဖွဲ့လို့မကုန်နိုင်အောင် လှနိုင်လေခြင်း...💐

သာယာအေးချမ်းသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။ ။

#𝓡𝓔𝓛𝓐𝓧

မျှော်လင့်ချက်နဲ့ နိုးထတယ် ..မပျော်ရွှင်ခြင်းတွေနဲ့ အလုပ်သွားရတယ်ပင်ပန်းမှုတွေနဲ့ အခန်းပြန်လာရတယ် သတိရခြင်းတွေနဲ့ အိပ်စက...
03/02/2025

မျှော်လင့်ချက်နဲ့ နိုးထတယ် ..
မပျော်ရွှင်ခြင်းတွေနဲ့ အလုပ်သွားရတယ်
ပင်ပန်းမှုတွေနဲ့ အခန်းပြန်လာရတယ်
သတိရခြင်းတွေနဲ့ အိပ်စက်တယ် ဒိီလောက်ပါပဲ။

#𝓡𝓔𝓛𝓐𝓧

03/02/2025

မတွေ့ကြရင်အကောင်းသား - စိုင်းဆိုင်မောဝ် // Lyrics Video🎵🎶

🎶မျက်နှာလှလှ သူ့ကိုတွေ့မှ စိတ်ပျော်ရွှင်..
မမြင်ပြန်လည်း အသည်းထဲမှာတစ်မျိုးခံစားသလိုပင်..
အစမှာ တို့နှစ်ယောက်မတွေ့ကြရင်..အကောင်းသားပေါ့ထင်..
ကိုယ့်မှာ သူ့ကို..မြင်ပါများတော့..စိတ်မှာချစ်ကျွမ်းဝင်..🎶

💙💙

#မတွေ့ကြရင်အကောင်းသား #စိုင်းဆိုင်မောဝ်



#𝓡𝓔𝓛𝓐𝓧

သိတာကို မသိသလိုနေပေးလိုက်တာကတဖက်လူကို ဦးစားပေးလိုက်တာသိပေမဲ့ နားမလည်သလိုနဲ့ ပြန်မေးတာကတဖက်လူအပေါ် လေးစားသမှုပြုတာပါနေရာတ...
03/02/2025

သိတာကို မသိသလိုနေပေးလိုက်တာက
တဖက်လူကို
ဦးစားပေးလိုက်တာ

သိပေမဲ့ နားမလည်သလိုနဲ့ ပြန်မေးတာက
တဖက်လူအပေါ်
လေးစားသမှုပြုတာပါ

နေရာတကာ ငါသိငါတတ်နဲ့
ဆရာကြီးအထာနေတတ်သူတွေအတွက်
တချို့လူတွေက နေရာဖယ်ကြဥ် ပေးထားတာ

အဲ့ဒီနေရာကို မယူချင်လို့
သီးသန့်ချန်ပေးထားတာကို
သူ့လောက်မှ နားမလည်ဘူးအထင်နဲ့
မိမိကိုယ်ကို အထင်ကြီးနေတဲ့သူ‌တွေရှိတယ်

နေရာတော်တော်များများမှာ
ဒီလိုမျိုးလူတွေရှိပါတယ်

ဒီလိုလူတွေနဲ့ တွေ့တဲ့အခါ
ပြိုင်မငြင်းပါနဲ့ အရှုံးသာပေးလိုက်ပါ
သူတို့ပျော်သွားပါလိမ့်မယ်

တချို့အရာတွေက ခေါင်းငုံ့ခံနေရတိုင်း
လေးစားလို့မဟုတ်သလို
အရှုံးပေးလိုက်တာမဟုတ်ဘူး

မတူလို့မတုလိုက်တာပါ......

ဘဝမှာ
ညဏ်နည်းတဲ့လူက လက်စားချေတယ်
ညဏ်ရှိတဲ့လူက ခွင့်လွှတ်တယ်
အတော်ဆုံးလူက လစ်လျူရှု့လိုက်တယ်

ဒီသုံးချက်ထဲက
သင်ကဘယ်လိုလူမျိုးလည်းဆိုတာ သိပြီး
လူတွေအပေါ်ဆက်ဆံနိူင်ရင်
အကောင်းဆုံးဘဝနေထိုင်ခြင်းပါပဲ...။ ။

#မေဆု(ရာမညမြေ)
#𝓡𝓔𝓛𝓐𝓧

03/02/2025

မောင့်ဆေးကျောင်းသူ - မိုးသောက်

🎶ရင်ခုန်သံ မင်းနားကြပ်လေးနဲ့ နားထောင်ပါဦး...🎶

🩶🩶

#𝓡𝓔𝓛𝓐𝓧

ဘဝကပုံပြင်တစ်ပုဒ်ဖြစ်မယ်ဆိုရင်မင်းနဲ့တွေ့ခဲ့ရတဲ့ အခန်းကအကောင်းဆုံးပါပဲ..၊နောက်ပြီး•••လူတွေအများကြီးနဲ့လည်း ထပ်မဆုံချင်တေ...
03/02/2025

ဘဝကပုံပြင်တစ်ပုဒ်ဖြစ်မယ်ဆိုရင်
မင်းနဲ့တွေ့ခဲ့ရတဲ့ အခန်းကအကောင်းဆုံးပါပဲ..၊

နောက်ပြီး•••
လူတွေအများကြီးနဲ့လည်း ထပ်မဆုံချင်တော့ဘူး..
မင်းနဲ့ပဲနောက်ဆုံးချိန်ထိအတူရှိချင်ပါတယ်...။ ။

🧡🧡

#𝓡𝓔𝓛𝓐𝓧

💛💛   #𝓡𝓔𝓛𝓐𝓧
03/02/2025

💛💛
#𝓡𝓔𝓛𝓐𝓧

ငွေရေးကြေးရေး အဆင်မပြေဖြစ်နေတဲ့သူရှေ့မှာ ကိုယ်လည်း ကြပ်တည်းနေကြောင်းပဲပြောဖြစ်တယ်။ အသည်းကွဲနေတဲ့သူရှေ့မှာ ကိုယ်လည်း ထားခ...
02/02/2025

ငွေရေးကြေးရေး အဆင်မပြေဖြစ်နေတဲ့သူရှေ့မှာ
ကိုယ်လည်း ကြပ်တည်းနေကြောင်းပဲပြောဖြစ်တယ်။

အသည်းကွဲနေတဲ့သူရှေ့မှာ
ကိုယ်လည်း ထားခဲ့ခံရကြောင်းပြောဖြစ်တယ်။

ကျန်းမာရေးမကောင်းသူရှေ့မှာ
ကိုယ်လည်း အစုံဖြစ်နေကြောင်းပြောပြဖြစ်တယ်။

ပညာရေး စိုးရိမ်နေသူရှေ့မှာဆိုရင် ရခဲ့တဲ့ဘွဲ့နဲ့
လုပ်နေတဲ့အလုပ်က ဘာမှမဆိုင်ကြောင်းပြောဖြစ်တယ်။

တစ်ခါတစ်လေ ကိုယ့်ရဲ့အဆင်မပြေမှုဟာ
သူတို့အတွက် စိတ်သက်သာရာရစေပါတယ်။
သူတစ်ယောက်တည်း ပင်ပန်းနေရတာမဟုတ်ဘူးလို့
ပေးသိပြီး အားပေးနှစ်သိမ့်တာမျိုးပေါ့။ 🤎

Aung Thu Moe

#𝓡𝓔𝓛𝓐𝓧

ကံကောင်းနေတယ်ဆိုတာ စိတ်ထားကောင်းလို့ပါ။ ပျော်ရွှင်နေတယ်ဆိုတာ အတွေးတွေ မှန်ကန်နေလို့ပါ ။ လောကမှာ အပြစ်ကင်းစင်ပြီး လုံးဝ စ...
02/02/2025

ကံကောင်းနေတယ်ဆိုတာ စိတ်ထားကောင်းလို့ပါ။

ပျော်ရွှင်နေတယ်ဆိုတာ အတွေးတွေ မှန်ကန်နေလို့ပါ ။

လောကမှာ အပြစ်ကင်းစင်ပြီး
လုံးဝ စိတ်ထားကောင်းတဲ့သူဆိုတာ မရှိပါဘူး ။
စိတ်ထားကောင်းအောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိတယ် ။

အမြဲတမ်း ပျော်ရွှင်နေတဲ့သူဆိုတာ မရှိပါဘူး ။
ပျော်အောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိပါတယ် ။

အမြဲတမ်း အဆင်ပြေတဲ့သူဆိုတာလည်း မရှိပါဘူး ။
ရောက်တဲ့နေရာမှာ အဆင်ပြေအောင်
ကြိုးစားနေထိုင်တဲ့ သူပဲ ရှိပါတယ် ။

ဘဝမှာ
ပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး ။
လူတိုင်းမှာ ပြည့်စုံအောင် ကြိုးစားနေတဲ့သူတွေကြီးပါ ။

မွေးဖွားကြတယ် ။
ရှင်သန်ကြတယ် ။
ပြီးတော့ မဖြစ်မနေ သေဆုံးသွားကြတယ် ။
တကယ်တမ်း တွေးကြည့်ရင် ဘဝဆိုတာ တိုတိုလေးပါ ။

ဒါကြောင့်
စိတ်ညစ်လည်း တစ်နေ့ ။ ပျော်လည်း တစ်နေ့ ။
အချိန်တွေ ကုန်ဆုံးသွားမည့်အတူတူ
နေ့ရက်တိုင်းမှာ ပျော်ရွှင်စွာ ဖြတ်သန်းပါ ။


#𝓡𝓔𝓛𝓐𝓧

လူတစ်ယောက်ကို တားဆီးနိုင်တာနှစ်ခုပဲ ရှိတယ်ပထမ တစ်ခုက သူကိုယ်တိုင်ဖြစ်ပြီးနောက်တစ်ခုက ချစ်ခြင်းမေတ္တာပဲ။ကိုယ့်အပေါ် ချစ်စ...
02/02/2025

လူတစ်ယောက်ကို တားဆီးနိုင်တာ
နှစ်ခုပဲ ရှိတယ်
ပထမ တစ်ခုက သူကိုယ်တိုင်ဖြစ်ပြီး
နောက်တစ်ခုက ချစ်ခြင်းမေတ္တာပဲ။

ကိုယ့်အပေါ် ချစ်စိတ်မှ မရှိရင်
ဘယ်တစ်ဦးတစ်ယောက်ကိုမှ
ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။

ချစ်စိတ်သာ ရှိရင်လည်း
ထိန်းချုပ် ချည်နှောင်နေစရာမလို
သူကိုယ်တိုင် စောင့်ထိန်းလိမ့်မယ်
ပြင်ဆင်လိမ့်မယ် ဆင်ခြင်လိမ့်မယ်
ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ အကျိုးသက်ရောက်မှုပဲ။

Lionel Sn
#𝓡𝓔𝓛𝓐𝓧

"အတူတူရှိသွားကြမလား"ဆိုတဲ့စိုးရိမ်စိတ်ထက်"အတူတူရှိသွားကြမယ်"ဆိုတဲ့ယုံကြည်စိတ်ကိုပဲထားတယ်။မနက်ဖြန်တွေကိုတွေးမကြောက်ဘူးအနာ...
02/02/2025

"အတူတူရှိသွားကြမလား"ဆိုတဲ့
စိုးရိမ်စိတ်ထက်
"အတူတူရှိသွားကြမယ်"ဆိုတဲ့
ယုံကြည်စိတ်ကိုပဲထားတယ်။

မနက်ဖြန်တွေကိုတွေးမကြောက်ဘူး
အနာဂါတ်တွေကိုမထိန်လန့်ဘူး။

ဒီနေ့ဟာ ကိုယ်တို့အတွက်အသေချာဆုံးနဲ့
ကိုယ်တို့ပိုင်ဆိုင်ထားလို့ရတဲ့နေ့ပဲ။

ကိုယ်တို့မရသေးတဲ့အရာတွေအပေါ်
စိတ်ရောက်နေမယ့်အစား
ကိုယ်တို့ရနေတဲ့အရာကိုဂရုစိုက်နေတာဟာ
ကိုယ်တို့အတွက် အမြတ်ပဲ။

ဒီနေ့ကိုပျော်အောင်နေကြမယ်
ဒီနေ့မှာ စိတ်ချမ်းသာစေရမယ်။

သေချာတဲ့အရာမှာပျော်နေမယ်ဆို
မသေချာတဲ့နေ့တွေအတွက်
ပူပင်စိတ်တွေဟာ သူ့အလိုလိုပျောက်ရှသွားလိမ့်မယ်။

အချစ်ရေ...
တကယ်ပျော်ရွှင်ချင်ပြီး စိတ်ချမ်းသာချင်တယ်ဆိုရင်
ဒီနေ့ကိုပဲ ကိုယ်တို့တွေအာရုံစိုက်ကြရအောင်
ဒီနေ့စပြီး ပျော်ပျော်နေကြရအောင်။


#𝓡𝓔𝓛𝓐𝓧

ငယ်ငယ်တုန်းက မိဘတွေ ဘာလို့ မနက်စောစောထတယ် ဆိုတာ မသိပေမယ့် ကြီးလာတော့ နားလည်လာတယ်၊ သူတို့ကို နှိုးထစေတာက နာရီမဟုတ်ဘဲ အသက်...
02/02/2025

ငယ်ငယ်တုန်းက မိဘတွေ ဘာလို့
မနက်စောစောထတယ် ဆိုတာ မသိပေမယ့်
ကြီးလာတော့ နားလည်လာတယ်၊
သူတို့ကို နှိုးထစေတာက နာရီမဟုတ်ဘဲ
အသက်ရှင်ရမဲ့ အရေးကြီးမှုနဲ့ တာဝန်တွေပါ။ ။

#𝓡𝓔𝓛𝓐𝓧

တစ်ယောက်အကြောင်း တစ်ယောက်သိပြီးတစ်ယောက်ကိုတစ်ယောက် သေချာပေါက်လိုအပ်နေတဲ့ ငါတို့ဟာ ဝမ်းနည်စွာနဲ့ပဲဘယ်တော့မှ  အတူမရှိနိုင်...
02/02/2025

တစ်ယောက်အကြောင်း တစ်ယောက်သိပြီး
တစ်ယောက်ကိုတစ်ယောက် သေချာပေါက်
လိုအပ်နေတဲ့ ငါတို့ဟာ ဝမ်းနည်စွာနဲ့ပဲ
ဘယ်တော့မှ အတူမရှိနိုင်တော့ဘူး။ ။

-နွေးငယ်
#𝓡𝓔𝓛𝓐𝓧

လှနိုင်လွန်းတယ် ပန်းနေကြာရယ်🌻နေကြာပန်းလေးက  နေရဲ့အလင်းကို မတောင်းတပဲ ရနေသလိုမျိုး..အားလုံးလည်း ဘဝမှာ ကိုယ်လိုချင်တဲ့အရာလ...
02/02/2025

လှနိုင်လွန်းတယ် ပန်းနေကြာရယ်🌻
နေကြာပန်းလေးက နေရဲ့အလင်းကို
မတောင်းတပဲ ရနေသလိုမျိုး..

အားလုံးလည်း ဘဝမှာ
ကိုယ်လိုချင်တဲ့အရာလေးတွေ
အတိုင်းအဆမရှိရကြပါစေ🫶💛....။ ။

#𝓡𝓔𝓛𝓐𝓧

သူ့ပုံစံကလည်းကိုယ့်ကိုနာကျင်စေတယ်ကိုယ့်ဘက်ကလည်းမပြတ်နိုင်ဘူးဆိုရင်ထပ်ပြီး ချစ်လိုက်ဖို့ပဲအကြံပေးချင်တယ်။ဝဋ်မကုန်သေးတာလည်...
01/02/2025

သူ့ပုံစံကလည်းကိုယ့်ကိုနာကျင်စေတယ်
ကိုယ့်ဘက်ကလည်းမပြတ်နိုင်ဘူးဆိုရင်
ထပ်ပြီး ချစ်လိုက်ဖို့ပဲအကြံပေးချင်တယ်။

ဝဋ်မကုန်သေးတာလည်းဖြစ်နိုင်တယ်
ကိုယ့်ဘက်ကမပြတ်သားနိုင်သေးတာလည်းဖြစ်နိုင်တယ်
အချိန်မတန်သေးတာလည်းဖြစ်နိုင်တယ်။

အချိန်တန်ရင်အားလုံးဟာ
နေရာအမှန်ကိုရသွားပါလိမ့်မယ်
နာကျင်နေတာမှန်ပေမယ့်
ဒီထက်အများကြီးလိုက်မခံစားတော့ပါနဲ့
အများကြီးတွေးရင် အများကြီးခံစားရလိမ့်မယ်။

တစ်ချို့ဒဏ်ရာတွေဟာ ဆေးထည့်လို့မပျောက်ဘူး
ဒဏ်ရာကိုဒဏ်ရာနဲ့ပြန်ကုမှပျောက်တာ။

မပြတ်သားနိုင်သေးတာမှန်ရင်
ပြတ်သားသွားနိုင်မယ့်အထိဆက်ချစ်လိုက်ပါ
တကယ်နာကျင်လာတဲ့အခါ
နှလုံးသားကသူ့အလိုလိုဖယ်ခွာသွားပါလိမ့်မယ်...။


#𝓡𝓔𝓛𝓐𝓧

住所

Toshima, Tokyo

ウェブサイト

アラート

𝓡𝓔𝓛𝓐𝓧がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ビデオ

共有する