Saw Htar Hnin

Saw Htar Hnin နေ့စဥ်သီတင်းထူးသီတင်းဦးများ💯
လူအချင်းချင်းလှည့်ပက်ခြင်းကင်းရှင်းကြပါစေ❤

26/01/2025

ရန်ကုန်ဘက်မှာ မိန်းခလေးများအထူးသတိထားပါ
ကားပေါ်ဆွဲတင်တယ် မေ့ဆေးပေးမယ်
ကျားဖျန့်ဆီရောင်းစားတယ် အမျိုးသားဆိုရင်
စစ်သားစုဆောင်းရေးကိုပို့တယ်
အမျိုးသမီးပေါက်ဈေးက တယောက်သိန်း ၈၀,
အမျိုးသားက ၆၀ ရတယ်လို့ ရန်ကုန်မှာ လူလိုက်ဖမ်းတဲ့အဖွဲ့ ၄ ဖွဲ့ရှိတယ်လို့သိရပါတယ်။
ခြောက်တာမဟုတ်ပါဘူး သတိပေးတာပါ။
ဂရုတစိုက်နဲ့သွားလာစေချင်ပါတယ်။

📛မန္တလေးဆိုင်ကယ်သူခိုးတွေမိပြီ📛 📛မန္တလေးမြို့ပေါ်ရှိ လူခြေတိတ်ဆိပ်သော ရပ်ကွက်များတွင် အုပ်စုဖွဲ့၍ လမ်းသွားလမ်းလာပြည်သူမျ...
26/01/2025

📛မန္တလေးဆိုင်ကယ်သူခိုးတွေမိပြီ📛

📛မန္တလေးမြို့ပေါ်ရှိ လူခြေတိတ်ဆိပ်သော ရပ်ကွက်များတွင် အုပ်စုဖွဲ့၍ လမ်းသွားလမ်းလာပြည်သူများဆီမှ
ဖုန်းများ၊ ပိုက်ဆံအိတ်များ၊ ဆိုင်ကယ်များကို မ​ကြာခန ခိုးဆိုးလုယက်မှု ကျူးလွန် နေသူ တရားခံ လူငယ် ၆ ဦးကို ပြည်သူလူထု၏ စုပေါင်းအင်အားဖြင့် လုယက်ရာမှ ရရှိထားသည့် ခိုးရာပါ ဆိုင်ကယ် ၃ စီးနှင့်အတူဖော်ထဖမ်းဆီးရမိတယ်လို့သိရှိရပါတယ်
တရားခံတွေကတော့ (ဝဲမှယာ)
မင်းထက်၊ ချမ်းမြေ့အောင်(ငချမ်း)၊ အောင်ရဲငြိမ်း(ဖိုးငယ်)၊ သန့်ဇင်(အောင်သန်းဦး)၊ အောင်သူရကျော်၊ အောင်ကိုမင်းတို့ဖြစ်ကြပါတယ်
၎င်းတို့၏ ထွက်ဆိုချက်အရ 23ရက်နေ့ကဖြစ်ခဲ့သောလုယက်မှုမှာလဲ သူတို့ဖြစ်ကြောင်းထွက်ဆိုထားပါတယ်
(မသိသေးတဲ့လူတွေအတွက်မန့်မှာ vd linkထည့်ပေးထားပါတယ် အတော်ဆိုးတဲ့ကောင်တွေပါ)
ဖမ်းမိထားသောတရားခံများကိုလဲ သက်သေခံပစ္စည်းများနှင့်အတူသက်ဆိုင်ရာ ရဲစခန်းကိုအိပ်နှံလိုက်ပီဖြစ်ကြောင်းသိရှိရပါတယ်😢
#မြန်မာသတင်း

ဤ​မော်တော် ဆိုင်ကယ်ပိုင်ရှင် ယဥ်အမှတ် (mdy 36w 39923)📛📛မိသားစုများသိရှိစေရန် ကူညီပီးshareပေးကြပါဗျာ🙏🙏 ဇန်နဝါရီလ ၂၅ရက် နေ...
25/01/2025

ဤ​မော်တော် ဆိုင်ကယ်ပိုင်ရှင် ယဥ်အမှတ် (mdy 36w 39923)
📛📛မိသားစုများသိရှိစေရန် ကူညီပီးshareပေးကြပါဗျာ🙏🙏

ဇန်နဝါရီလ ၂၅ရက် နေ့ ညနေပိုင်းတွင်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရှိ ကျီတော်ကုန်း ရပ်ကွက် ရန်ကုန် -မန္တလေးကားမ ကြီး လမ်းဟောင်းပေါ်ရှိ ထီလာဟော်တယ် အနီးတွင် ဆိုင်ကယ် နံပါတ် MDY 36W 39923 ကလစ်ဘီး အဖြူရောင် ကို စီးနင်းလာ​သော အမျိုးသား သည် လမ်းဘေးတွင်
စက်ပျက်၍ ရပ်​ေနသော သုံးဘီး တစ်စီး အားတိုက်မိပြီး ဆိုင်ကယ်စီးလာ​ေသာ အမျိုးသားမှာ လွင့်စင်၍ လမ်းဘေးမှ ဖြတ်၍ သွားသော Light Truck ယာဉ်အောက်ဝင်ကာ ပွဲချင်းပီး ကွယ်လွန် သွားသောကြောင့် သူ၏ဆွေမျိုးများနှင့် မိသားစုများ သိရှိရန် တင်ပြအပ်ပါသည်ခင်ဗျာ
သူ၏ မိသားစုများသိရှိရန် ကူညီပေးကြပါခင်ဗျာ🙏🙏

#လူပျောက် #ပြည်ပရောက်မြန်မာ

ကလေးသူခိုးနှင့် ကိုယ်တွင်းစျေးကွက် ______ဖမ်းမိထားသော ကလေးသူခိုးများ၏ ပြောဆိုမှူများအရ ၎င်းတို့မှာ ကလေးကစားစရာအရုပ်များက...
25/01/2025

ကလေးသူခိုးနှင့် ကိုယ်တွင်းစျေးကွက်
______

ဖမ်းမိထားသော ကလေးသူခိုးများ၏ ပြောဆိုမှူများအရ ၎င်းတို့မှာ ကလေးကစားစရာအရုပ်များကို ဓာတုဗေဒဆေားများဖြင့်စီမံ၍ ရန်ကုန် နှင့်မန်းလေး လိုမြို့ကြီးများတွင်အဖွဲ့လိုက်လှုပ်ရှားကာ ခိုးယူကြောင်းသိရှိရပါသည်

ဇန်နဝါရီလ ၁၇ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖမ်းဆီးရမိခဲ့ သောသူခိုး၅ယောက်အနက်
ခေါင်းဆောင်ဖြစ်သူ ရှမ်းလေး(ခ)ပု၏
ဝန်ခံချက်အရ

တရုတ်ပြည် မှောင်ခိုစျေးကွက်တွင် ကလေးကိုယ်တွင်းအင်္ဂါစျေးကွက်မှာကြီးထားနေကြောင်းနှင့်
ကလေး
ကျောက်ကပ်တစ်စုံ ကို တရုပ်ယွမ် ၅ထောင်မှ ၂၀၀၀၀ အထိ ၊ အသဲတစ်စုံကို တရုပ်ယွပ် ၁၀၀၀၀မှ ၅၀၀၀၀အထိ ပေါက်စျေးရှိပြီး အပြိုင်အဆိုင်စျေးပေး၍ဝယ်ယူကြကြောင်းနှင့် အချို့မှာ လိုချင်တဲ့အစိတ်ပိုင်းကိုစျေးကြီးပေး၍ အော်ဒါမှာထားကြကြောင်းသိရှိရပါသည်

ပေါက်စျေးရှိပြီး အသဲမှာ ယွမ်တစ်သောင်းခွဲမှ
ယွမ်ငါးသောင်းထိ စျေးကွက်တွင် ဝယ်လိုသူများက
အပြိုင်အဆိုင် ကမ်းလှမ်းမှုများရှိကြောင်း
သိရပါသည်။
#လူပျောက် #လူပျောက်ကြေညာ #မြန်မာသတင်း

 #လူပျောက်ကြေညာ ကျွန်မ တူလေးပျောက်သွားတာ အခုပြန်မတွေ့သေးလို့ပါရှင်😭🙏🙏 မြောက်ဥက္ကလာမှာလည်း ပျောက်သွားပြန်ပြီ၊ ကျူရှင်သွား...
25/01/2025

#လူပျောက်ကြေညာ
ကျွန်မ တူလေးပျောက်သွားတာ အခုပြန်မတွေ့သေးလို့ပါရှင်😭🙏🙏

မြောက်ဥက္ကလာမှာလည်း ပျောက်သွားပြန်ပြီ၊ ကျူရှင်သွားတုန်း ပျောက်သွားတာပါ။

မြောက်ဥက္ကလာ ဝေဘာဂီမှာနေတဲ့ ကျွန်တော့်တူ ဖိုးပြည့်

၈-၁-၂၀၂၅ ရက်နေ့က မြောက်ဥကလာ ဝေဘာဂီက ကျွန်မတူလေး ဖိုးပြည့် မနက် ၆:၃၀ လောက် အိမ်ကနေ ကျူရှငိသွားရင် ပျောက်သွားတာ အခုထိပြန်မတွေ့သေးပါဘူးရှင်😭😭😭

အကယ်၍တွေ့ခဲ့ပါက အောက်ကဖုန်းလေးကိုဆက်သွယ်ပေးလို့ရပါတယ်ရှင်🙏
09979840963( ပီတာအောင်)
#လူပျောက် #ပြည်သူ့စစ်မှုထမ်းဥပဒေ

ပြည်ပရောက်မြန်မာများ စစ်မှုထမ်းရန်မှတ်ပုံတင်ရမည်ဖြစ်ပြီး အထောက်ထား အခိုင်အမာမပြနိုင်ပါက တရားခံပြေး ဖြစ်မည်ဂျူချန်းမဇ္ဈိမ...
25/01/2025

ပြည်ပရောက်မြန်မာများ စစ်မှုထမ်းရန်မှတ်ပုံတင်ရမည်ဖြစ်ပြီး အထောက်ထား အခိုင်အမာမပြနိုင်ပါက တရားခံပြေး ဖြစ်မည်

ဂျူချန်း

မဇ္ဈိမ။ ။စစ်မှုထမ်းအသက်အရွယ်အတွင်းအကျုံးဝင်သော ပြည်ပရောက်မြန်မာများလည်း မိသားစုမှ တဆင့် ကိုယ်စား မှတ်ပုံတင်စာရင်းပေးသွင်းထားရမည်ဖြစ်ပြီး ခိုင်လုံသည့်အထောက်အထားမပြနိုင်ပါက ပြည်သူ့စစ်မှုထမ်းခြင်းကိုရှောင်လွှဲခြင်းဖြင့် ဥပဒေအရ အရေးယူနိုင်ကြောင်း စစ်ကောင်စီ၏ ဇန်နဝါရီလ ၂၃ ရက် နေ့က ပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပါရှိသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ၏ အခန်း(၆) အပိုဒ်(၃၃)တွင် စစ်မှုထမ်းအသက်အရွယ်ရောက်သူ နိုင်ငံသား တိုင်း မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းခံရသူသည် သတင်းပေးပို့ရန်ပျက်ကွက်ပါက ပျက်ကွက်သူ မိသားစုဝင်တဦးဦးက ဆင့်ခေါ်ခံရသူသည် မည်သည့်အကြောင်းကြောင့်(သို့မဟုတ်)မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ခိုင်လုံသည့်အထောက်အထားနှင့်အတူတင်ပြကာ ကိုယ်စား မှတ်ပုံတင်စာရင်းသွင်း ရမည်ဖြစ်ပြီး ထိုသို့လိုက်နာခြင်းမရှိသူဖြစ်စေ၊ ခိုင်လုံသောအထောက်အထားတင်ပြနိုင်ခြင်း မရှိသည်ဖြစ်စေ သတင်းပို့ရန်ပျက်ကွက်နေသူသည် ပြည်သူ့စစ်မှုထမ်းခြင်းကိုရှောင်လွှဲခြင်းဖြင့် ဥပဒေပုဒ်မ(၂၃) ပုဒ်မ ခွဲ(က)ကို ဖောက်ဖျက်ကျူးလွန်သည်ဟု မှတ်ယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“မှတ်ပုံတင်တဲ့ချိန်မှာ နိုင်ငံခြားရောက်နေတယ်ဆို ခိုင်လုံတဲ့အချက်အလက်ပြပေးရတယ်။ ဥပမာ ဂျပန်ကို သွားရင် စေလွှတ်လိုက်တဲ့ကုမ္ပဏီရှိရမယ်။ ထိုင်းဆိုလည်း ထိုင်း၊ စင်္ကာပူဆိုလည်း စင်္ကာပူ၊ ကိုးရီးယားဆို လည်း ကိုးရီးယားပေါ့လေ၊ ဒီဘက်က အလုပ်သမားအေဂျင်စီတွေရှိတယ်။ သူတို့ကနေတဆင့် ဆက်သွယ် ပြီး သွားထားတယ်၊ ဘယ်နေ့ဘယ်ရက်က သွားတယ်၊ ဘာအလုပ်ကိုင်နဲ့သွားတယ်၊ လစာဘယ်လောက် ရှိတယ် စတဲ့အထောက်အထားတွေပေါ့။ ပြည်တွင်းကစေလွှတ်လိုက်တဲ့ အထောက်အထားတွေတင်ပြပေး ရမယ်ပေါ့။ အဲဒီလိုမရှိဘဲနဲ့ မိမိတို့သဘောဆန္ဒအလျောက် နိုင်ငံခြားတိုင်းပြည်ကိုထွက်သွားမယ်၊ အခြား နေရာဒေသတွေကိုရောက်သွားမယ်ဆိုရင်တော့ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့လူကို မှတ်တမ်းတင်ပြီးတော့ သူ့ကိုတရားစွဲမှာပေါ့။ ပြီးရင် တရားခံပြေးကြေညာမယ်၊ ဖမ်းဝရမ်းထုတ်ထားမှာပေါ့” ဟု ဥပဒေပညာရှင် တဦးက ရှင်းပြသည်။

ထိုသို့ အထောက်အထားခိုင်လုံခြင်း ရှိ၊ မရှိကို မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က စိစစ်မည်ဖြစ် ပြီး ဆုံးဖြတ်ချက်က ၎င်းတို့၏လက်ထဲတွင်သာ ရှိသည်။ အထောက်အထားမခိုင်လုံဟု မြို့နယ်အဖွဲ့က မှတ်ချက်ပြုပါက ဆင့်ခေါ်ခံရသူသည် ရောက်ရာနေရာမှပြန်လာကာ စစ်မှုထမ်းရမည်ဖြစ်ပြီး ထိုကဲ့သို့လုပ် ဆောင်ခြင်းမရှိပါက အရေးယူခံရမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းခြင်းကိုရှောင်လွှဲခြင်းဖြင့် ပုဒ်မ(၂၃)အရ စစ်မှုထမ်းမှတ်ပုံတင်ရန်ပျက်ကွက်ပါက ထောင် ဒဏ်သုံးနှစ်ကျခံရမည်ဖြစ်ပြီး ပြစ်ဒဏ်ကျခံပြီးနောက်တွင်လည်း စစ်မှုထမ်းဆောင်ရန် ပြန်လည်သတင်းပို့ ရမည်ဖြစ်သည်။

ယင်းအပြင် အသက်ပြည့်မီသည့်လူငယ်များအားလုံးကိုလည်း စစ်ကောင်စီကမှတ်ပုံတင်ခိုင်းကာ ဆေး အောင်ပြီးသူများသည် စစ်မှုထမ်းအတွက် စောင့်ဆိုင်းနေရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့် မပြုကြောင်း နည်းဥပဒေတွင် ထည့်သွင်းထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်းဥဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက် နေ့တွင် အတည်ပြုပြီးနောက် တနှစ်နီးပါးအကြာ ၂၀၂၅ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေ ထွက်ရှိလာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာမန်အရပ်သားများတွင် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုး သားများနှင့် အမျိုးသမီးများတွင် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း၊ ဆရာဝန်၊ အင်ဂျင်နီယာကဲ့သို့သော အတတ် ပညာရှင်များကမူ အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု စစ်မှုထမ်းသက်ကို သတ်မှတ်ထားသည်။

စစ်မှုထမ်းရမည့်သက်တမ်းကို နှစ်နှစ်ဟုသတ်မှတ်ထားသော်လည်း အရေးပေါ်အခြေအနေဟု သတ်မှတ် ပါက စစ်မှုထမ်းကာလကို ငါးနှစ်အထိ သက်တမ်းတိုးနိုင်ကြောင်း ဆိုထားသည်။

စစ်မှုထမ်းအပတ်စဉ်တခုတွင် သင်တန်းသား ၅,၀၀၀ ခေါ်ယူရန်သတ်မှတ်ထားပြီး လက်ရှိတွင် စစ်ကောင် စီက စစ်မှုထမ်းအပတ်စဉ်(၉)အထိ ခေါ်ယူထားပြီး ဖြစ်သည်။

စာတည်း။ ။စောဖေ

ပုံအညွှန်း - ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ် အသီးသီးတွင်ကျင်းပ ခဲ့ကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။(Photo – CINCDS)

#ပြည်သူ့စစ်မှုထမ်းဥပဒေ
#ပြည်ပရောက်မြန်မာ
#ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ

24/01/2025

ရှုံးပြီ သန့်ဇင်ရေ😢

အဆိုတော် မာရစ်ဇ ကွယ်လွန်😭😭😭ဇန်နဝါရီ 23ရက်နေ့ ညနေပိုင်းတွင် အဆိုတော်မာရစ်ဇကွယ်လွန်သွားကြောင်း နီးစပ်သူများထံမှသိရပါသည်ဂန်...
24/01/2025

အဆိုတော် မာရစ်ဇ ကွယ်လွန်😭😭😭

ဇန်နဝါရီ 23ရက်နေ့ ညနေပိုင်းတွင် အဆိုတော်မာရစ်ဇကွယ်လွန်သွားကြောင်း နီးစပ်သူများထံမှသိရပါသည်

ဂန်နဝင်အဆိုတော်တစ်ယောက်ကွယ်လွန်သွားရတာ နှမျောစရာအရမ်းကောင်းပါတယ် သူတို့သီချင်းတွေပဲနားထောင်နေရတာ အခုနောက်ပိုင်းအဆိုတော်တွေကိုခံစားလို့မရဘူး တောသားတေဟု အဆနုတော်မာရစ်ဇရဲ့ ပရိတ်သတ်တစ်ဦးက ကွယ်လွန်ခြင်းအပေါ်မှတ်ချက်ပြုထားပါတယ်😍


#အဆိုတော် #မာရဇ္ဇ #မြန်မာသတင်း


တချိန်ချိန်မှာအသုံးပြုဖို့ သင့်ဖုန်းထဲမှာသိမ်းထားပါ သူငယ်ချင်းတွေကိုလဲ မျဝေပါ__________________💯 ဟင်းအိုးထဲကို ဆားအခတ်မျ...
24/01/2025

တချိန်ချိန်မှာအသုံးပြုဖို့ သင့်ဖုန်းထဲမှာသိမ်းထားပါ သူငယ်ချင်းတွေကိုလဲ မျဝေပါ__________________

💯 ဟင်းအိုးထဲကို ဆားအခတ်များသွားလျှင် အာလူးအခွံနွာပြီးသား သုံးလေးလုံးထည့်ပေးပါ ပြီးမှအာလူးကိုထုတ်ပါ

မနက်စာအတွက် ပဲပြုတ် ပြုတ်သည့်အခါ စားချင်စဖွယ် နူးနူးညံညံလေးဖြစ်နေအောင် ပထမရေလဲပြီး ထန်းလျက်နှစ်လုံးထည့်ပြုတ်ပါ

ကန်စွန်းရွက်ကို မာမာဆက်ဆက် အစိမ်းရောင်လေး အတိုင်းပဲ စားချင် ပါက အဖုံးမအုပ်ပါနဲ့

ဒန်အိုးဒန်ခွက်များတွင် အညစ်အကြေးများသန့်ရှင်း ပြောင်စင်လိုပါက ဂေါ်ဖီထုတ်ဖြင့်ပွတ်ပါ

လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ

အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ

ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ

အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ

ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ

ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ

အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်

ဟင်းချိုလိုသော်..ဘူးသီးခြောက်ခတ်ပြီးသောက်ရင်ချိုပါသည်

မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ

အဝတ်မှင်စွန်းသော်...ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ

ကြမ်းပိုးရှိသော်.....ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ

ခံတွင်းနံ့မကောင်းသော်...သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီးသွားတိုက်ပါ။(သို့မဟုတ်)ပရုတ်မှုန့်ထည့့်ပြီးသွားတိုက်ပါ

ဟင်းများဆားငန်သော်...မီးခဲရဲရဲ တစ်ခဲထည့်ပါ။(၂)မိနစ်ခန့်ကြာ၌ပြန်ထုတ်ယူပါ

ကွမ်းသွေးစွန်းသော်....ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ

နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ

ပရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ

ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ

သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ

ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ

ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ

ဒူးရင်းသီးတောက်သော် ဒူးရင်းသီးအခွံထဲရေထည့်၍ သောက်ပါ။ရေဝအောင်ချိုး၊မင်းကွတ်သီးစားပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်

ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ

မှိုနှင့်တညင်းသီးတောက်သော် တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ

သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ

ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ

မျက်နှာလှပလိုသော် မျက်နှာမသက်မှီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပါ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်

ခရီးသွား ကားမူးသော် ချက်ကို ပလာစတာလုံအောင်အုပ် ကပ်ပြီးခရီးသွား ကားမမူးပါ

ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်ဆလတ်ရွက်ကို နေ့စဉ်ထမင်းစား တိုင်းတို့စရာအဖြစ်စားပါ

ရှောက်ပင်အသီးတင်လိုသော် ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ

ဒူးနာသော် ဘဲဥအကာလိမ်းပါ

အနံ့ဆိုးကင်းလိုသော် အိမ်သာ(သို့မဟုတ်) ငါးပိ,ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်

23/01/2025

လူပျောက်ကြေညာများ လူလိမ်ကောင်များနှင့်ပက်သက်တာများ မတရားခံရမှူများကို လာရောက်ပြောပြပေးလို့ရပါတာ်ရှင့်

23/01/2025

ဟန်နီလေးပြောပြီ ပြည့်သူ့ဘက်တော်သားတေဖြန့်ဝေကြပါ🙏

edit - ပြန်တွေ့ပါပြီ😍 #လူပျောက်ကြော်ငြာ မသင်းနန္ဒာအောင်(ဘ)ဦးသိန်းဦးမြင့်၊Grade-12၊ ထ-၃၊ စမ်းချောင်းသည် ၁၇.၁.၂၀၂၅ (သောကြာ...
23/01/2025

edit - ပြန်တွေ့ပါပြီ😍
#လူပျောက်ကြော်ငြာ
မသင်းနန္ဒာအောင်(ဘ)ဦးသိန်းဦးမြင့်၊Grade-12၊ ထ-၃၊ စမ်းချောင်းသည်

၁၇.၁.၂၀၂၅ (သောကြာ)နေ့၊မနက်တွင် စမ်းချောင်း မြို့နယ်မင်္ဂလာလမ်း နေအိမ်မှကျူရှင်တက်ရန်သွားရောက်ခဲ့ရာမှယ‌ေန့ထိနေအိမ်သို့ပြန်ရောက်ရှိလာခြင်းမရှိဘဲပျောက်ဆုံးနေပါသည်။

👪မိဘဆွေမျိုးများမှလိုက်လံစုံစမ်းရှာဖွေနေသော်လည်း၊သတင်းအစအနမရရှိသေးပါသဖြင့် အောက်ဖေါ်ပြပုံပါ သမီးလေး မသင်းနန္ဒာအောင် အားတွေ့ရှိမိသူများ၊ သတင်းသိရှိသူများ ရှိပါက၊

ဖုန်းနံပါတ်.09983982049 သို့လည်းကောင်း၊
ဖုန်းနံပါတ်.09754753534သို့လည်းကောင်း ဆက်သွယ်အကြောင်းကြား ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါ တယ်🙏🙏🙏

edit ပြန်တွေ့ပါပြီတဲ့💙😭သားသား ပျောက်သွားလို့😭အမြန် ကူရှာပေးကြပါအုံးနော် 😭😭😭🙏🙏အရမ်းစိတ်ပူနေရပါပြီ😭😭22.1.25 နံနံက် (၉) နာရ...
23/01/2025

edit ပြန်တွေ့ပါပြီတဲ့💙
😭သားသား ပျောက်သွားလို့😭အမြန် ကူရှာပေးကြပါအုံးနော် 😭😭😭🙏🙏
အရမ်းစိတ်ပူနေရပါပြီ😭😭

22.1.25 နံနံက် (၉) နာရီနှင့် (၉) နာရီခွဲ ဝန်းကျင်တွင်
သားသား မောင်ဧပြီကျော်
အသက်-4နှစ်
09403787819
နေအိမ်က 49 စျေးအနောက်ဖက် ပိတောက်လမ်း
(၄၉) ရပ်ကွက် ဒဂုမြို့သစ်မြောက်ပိုင်း
ကျောင်းသွားဖို့ ပြင်ဆင်နေတုန်း ပျောက်သွားပါသဖြင့်
ကူညီပေးကြပါရန်

Myint Maw #လူပျောက်ကြော်ငြာ

မင်္ဂလာရှိလှ တဲ့နံနက်ခင်းလေးမှာ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းစိတ်ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ💙🙏
22/01/2025

မင်္ဂလာရှိလှ တဲ့နံနက်ခင်းလေးမှာ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းစိတ်ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ💙🙏

အင်္ဂါသားတေရှိလား😁ရှိရင်hiသွား ရှောင်ရအောင်လို့🤣
22/01/2025

အင်္ဂါသားတေရှိလား😁
ရှိရင်hiသွား ရှောင်ရအောင်လို့🤣

22.1.2025 တွင်လူ နှင့်အတူ ကားပါပျောက်သွားပါသဖြင့် တွေ့ရှိပါက ဆက်သွယ်ပေးပါရှင်🙏🙏 ထိုက်ထိုက်တန်တန် ကျေးဇူးဆက်ပါမည်🙏🙏📛 Toyo...
22/01/2025

22.1.2025 တွင်လူ နှင့်အတူ ကားပါပျောက်သွားပါသဖြင့် တွေ့ရှိပါက ဆက်သွယ်ပေးပါရှင်🙏🙏 ထိုက်ထိုက်တန်တန် ကျေးဇူးဆက်ပါမည်🙏🙏

📛 Toyota Vitz 2E/3513
📛 အမည် နေလင်းဦး Nay Lin Oo
📛 အရပ် ၆ ပေ
📛 ကတုံးဆံပင်ပေါက် နှင် ခပ်ဝဝ
တွေ့ရှိပါက ဆက်သွယ်ရန်👇👇👇09455225712
09421082367
09799699251
#လူပျောက်ကြော်ငြာ

ရိုးပတီသီးကဘာဖြစ်လို့လဲဟင်😊
22/01/2025

ရိုးပတီသီးကဘာဖြစ်လို့လဲဟင်😊

နှစ်ပေါင်း 20 ကြာပီးနောက် တိုးတတ်လာမယ့်မြန်မာပြည်ကိုAiနဲ့ ပုံဖော်ခိုင်းကြည့်တဲ့အခါ😮😮😮အခုတော့ လူတစ်စုကြောင့်😪😪😪
22/01/2025

နှစ်ပေါင်း 20 ကြာပီးနောက် တိုးတတ်လာမယ့်မြန်မာပြည်ကိုAiနဲ့ ပုံဖော်ခိုင်းကြည့်တဲ့အခါ😮😮😮
အခုတော့ လူတစ်စုကြောင့်😪😪😪

住所

Toshima, Tokyo

電話番号

+81635253163

ウェブサイト

アラート

Saw Htar Hninがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ビデオ

共有する