ဗုဒ္ဓ၏အဆုံးအမ-Buddha's Teachings-仏教の教え

ဗုဒ္ဓ၏အဆုံးအမ-Buddha's Teachings-仏教の教え ဘေးရန်ကင်း၍ စိတ်နှလုံး အေးချမ်းကြပ?

17/07/2023

မိမိအိမ်တွင်း၌ပင် ကိုးပါးသီလတရား ကိုယူပါ
🙏🙏🙏
ကြာချိန်(၁၃)မိနစ်
မီတာ(၁၄)MB
Crd # original

17/07/2023

ငါးပါးသီလ တရားေတာ္ ( ငါးပါးသီလ ဆောက်တည်ကြပါ)🙏🙏🙏
ကြာချိန်(၂၇)မိနစ်
မီတာ(၂၂)MB
Crd # original

17/07/2023

တရားထိုင်ကြမယ်🙏🙏🙏
ကြာချိန်(၂၁)မိနစ်
မီတာ(၂၀)MB
Crd # original

17/07/2023

သံသရာမှ လွတ်မြောက်ရန် ကံတရား (၄)မျိုး🙏🙏🙏
ကြာချိန်(၁:၀၆)နာရီ
မီတာ(၆၈)MB
Crd # original

17/07/2023

ကုသိုလ်၏ ထူးထူးခြားခြားအကျိုးပေးပုံများ🙏🙏🙏
(၁)နာရီ(၇)မိနစ်
(၆၈)မီတာ MB

Crd # original

16/07/2023

မစားသင့်သော
အသား(၁၀)မျိုး
🙏🙏🙏
(၁၅)မိနစ်
(၁၇)mb

Crd # original

16/07/2023

ကုသိုလ်ကောင်းမှု
နှင့် အကျိုးကျေးဇူးများ
🙏🙏🙏
(၂၈)မိနစ်
(၂၉)mb

Crd # original

16/07/2023

ရှင်သီဝလိမယ်တော်
၏ သင်္ခန်းစာ🙏🙏🙏
(၃၃)မိနစ်
(၃၅)mb

Crd # original

16/07/2023

လူတွေရဲ့အသက်ဆိုတာ
ဘာခေါ် လဲ🙏🙏🙏
(၁၉)မိနစ်
(၂၂)mb

Card # original

16/07/2023

အသိဉာဏ်ပေါ်မှ
နိဗ္ဗာန် ရောက်🙏🙏🙏
(၅၁)မိနစ်
(၅၃)mb

Crd # original

16/07/2023

တဏှာ ဆန္ဒ
ဖယ်ရှား ကြ🙏🙏🙏
(၁)နာရီ(၀၅)မိနစ်
(၆၁)mb

Crd # original

16/07/2023

တရားမထိုင်နိုင်သူတေ
အတွက်
တရားရှုနည်းများ🙏🙏🙏
(၁၉)မိနစ်
(၂၁)mb

Crd # original

16/07/2023

စိတ်ကိုစောင့်ရှောက်
နိဗ္ဗာန်ရောက် 🙏🙏🙏
(၁:၀၀)နာရီ
(၆၅)mb
Crd # original

16/07/2023

ဝိပဿနာကုသိုလ်ကို
ယူထားကြပါ🙏🙏🙏
(၁၄:၀၀)မိနစ်
(၂၅)mb

Card # original

16/07/2023

ဝိပဿနာ ကျင့်တဲ့
ထားရဲ့စိတ်🙏🙏🙏
(၁၃:၀၀)မိနစ်
(၁၅)mb

Crd # original

16/07/2023

ရောဂါဝေဒနာများအားလုံးကို
သက်သာ၊ ပျောက်ကင်းစေ
သောနည်းလမ်းများ
🙏🙏🙏
(၇:၀၀)မိနစ်
(၂၂)mb

Crd # original

16/07/2023

သံသရာ မှ အမြန်ဆုံးလွတ်မြောက်စေတဲ့
ကျင့်ကြံအားထုတ်နည်း။
🙏🙏🙏
(၁၉:၀၀)မိနစ်
Crd # original

16/07/2023

ရုပ် နဲ့ နာမ် ကို အလွယ်ကူဆုံးခွဲခြားနည်း။🙏🙏🙏
(၂၂:၀၀)မိနစ်
Crd # original

16/07/2023

စိတ်ကို ဆေးကြောပီးမှ
တရားထိုင်ကြည့်ပါ၊
🙏🙏🙏
(၁၈:၀၀)မိနစ်

16/07/2023

ဂုဏ်တော်ပွါးတတ်မှ
တန်ဖိုးရှိ တရား🙏🙏🙏
Crd # original

16/07/2023

ဆုတောင်းတဲ့ပြည့်စေတဲ့
နည်း 🙏🙏🙏
(၁၃:၀၀)မိနစ်
Crd # original

16/07/2023

လူငယ်များအတွက်
တန်ဖိုးကြီးသော
ဗုဒွ လမ်းညွှန်(၁၀)ချက်

16/07/2023

ကိုယ်စောင့်နတ်
အိမ်စောင့်နတ်တွေဆိုတာ...
🙏🙏🙏

Crd # original

14/07/2023

ပဠာန်း၊ပရိတ် တရားတော်များ မနက်တိုင်းဖွင့်၍
မင်္ဂလာယူ ရန်ဖြစ်ပါသည်🙏🙏🙏(၁)
Crd # original

14/07/2023

နံနက်ခင်းတိုင်းဖွင့်ရန် ပရိတ်ကြီး၁၁သုတ် ၊ ပဌာန်းတရားတော် ၊ မဟာသမယသုတ် နှင့် ဓာရဏပရိတ်🙏🙏🙏

Crd # original

14/07/2023

ကာမဂုဏ်ကင်းတဲ့ပီတိ(တရားတော်)
🙏🙏🙏
Crd # original

14/07/2023

ကိုယ့်ဘဝ ကိုယ်ပြင်
တရားတော်🙏🙏🙏

Crd # original

14/07/2023

မတွေးသင့်သော အတွေးများ၊🙏🙏🙏

Crd # original

09/06/2023

Credit to original uploaders.
မထေရ်မြတ် တို့၏ တရားထူးများ(၂)
မွေးဖွားခြင်းဟာ
သေဆုံးခြင်းမှာ
ပြီးဆုံးသတ်သည် တရားတော်🙏🙏🙏

09/06/2023

Credit to original uploaders.
မထေရ်မြတ် တို့၏ တရားထူးများ(၁)
ဘဝ နှင့်သံသရာ တရားတော်🙏🙏🙏

💿Unicode Version📀၀ဋ္ဋ်ဆိုတာ လည်တတ်ပါတယ်__________________________ကောင်းမှုပြုလုပ်ရင် ကောင်းကျိုးခံစားရပြီး မကောင်းမှုပြု...
09/06/2022

💿Unicode Version📀
၀ဋ္ဋ်ဆိုတာ လည်တတ်ပါတယ်
__________________________

ကောင်းမှုပြုလုပ်ရင် ကောင်းကျိုးခံစားရပြီး မကောင်းမှုပြုရင် မကောင်းကျိုးကို ခံစားရပါတယ်။ ကိလေသာ ကင်းစင်ပြီး နိဗ္ဗာန်သို့ မရောက်မချင်း ကိုယ်ပြုသမျှ ကောင်းမှု မကောင်းမှုများ၏ အကျိုးကို သံသရာတွင် ကျင်လည်နေသမျှ ကာလပတ်လုံး ခံစားရမှာဖြစ်ပါတယ်။ ဘုရားရဟန္တာတို့တောင်မှ ရှောင်လွဲ လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင် နောက်ဆုံးဘ၀တွင် ပေးဆပ်တော်မူခဲ့ရသော ၀ဋ္ဋ်တော်(၁၂)ပါးကို ဖော်ပြ လိုက်ပါတယ်။

(၁) ဒုက္ခရစရိယာ ခြောက်နှစ်ကျင့်ရခြင်း။

ကဿပဘုရားရှင်လက်ထက် ဇောတိပါလပုဏ္ဏားဖြစ်စဉ် ဘုရားဖြစ်မည်ဆိုလျှင်ခြောက်လမဟုတ်ခြောက်နှစ် ဒုက္ခရစရိယာကျင့်ပါမည်ဆိုသော ၀စီပါတ်တော်။

(၂) စိဉ္စမာဏ ကိုယ်၀န်နှင့်တကွ စွပ်စွဲခြင်းခံရခြင်း။

ရှေးအခါက သေသောက်ကြူးဖြစ်စဉ် ပစေ္စကဗုဒ္ဓါ တစ်ပါးအား ဆွမ်းရပ်တော်မူရာ အကျင့်ယုတ် ဟုပြော မိခြင်း ၀ိပါတ်တော်။

(၃)သုန္ဒရီပရိဗိုဇ်မ၏ အစွပ်စွဲခံရခြင်း။

ရှေးအခါက မုနာဠိအမည်နှင့် လူဖြစ်စဉ် ပစေ္စကဗုဒ္ဓါအား အကျင့်ယုတ်ဟု စွပ်စွဲခဲ့ခြင်း ၀ိပါတ်တော်။

(၄)သုန္ဒရီသေရာတွင် တိတ္တိသတင်းလွင့်၍ လူအများယုံမှားခံရခြင်း။

အလောင်းတော်ရသေ့ဖြစ်စဉ် ဈာန်ပျံရသေ့ တစ်ဦးအား ငြူစူခဲ့ဖူးသော ဣသာ၀ိပါတ်တော်။

(၅) ဒေ၀ဒတ်၏ ကျောက်တုံးလှိမ့်ချခြင်းကို ခံရခြင်း။

သူကြွယ်မျိုးဖြစ်စဉ်ညီကို လှည့်ဖြားခေါ်သွား၍ ကျောက်လွှာဖြင့် ဖိညှပ်ထုသတ်ခဲ့မိသော ၀ိပါတ်တော်။

(၆)ကျောက်လွှာထိခြင်းကြောင့် ခြေမတော်တွင် သွေးစိမ်းတည်ရခြင်း။

ရှေးက သူငယ်ဖြစ်စဉ် ပစေ္စက ဗုဒ္ဓါတစ်ပါးအား ခဲဖြင့်ပစ်ရာ ခြေတွင် သွေးယိုခဲ့ဖူးသော ၀ိပါတ်တော်။

(၇)ဆွမ်းခံကြွတော်မူရာ ဒေ၀ဒတ်တို့၏ အစီရင်ဖြင့် နာဠာဂီရီဆင်နှင့်တွေ့ခြင်း။

ရှေးအခါက ဆင်ထိန်းဖြစ်စဉ်ရှင် ပစေ္စကဗုဒ္ဓတစ်ပါးအား ဒေါသဖြင့်ဆင်နှင့်လိုက်၍တိုက်ခဲ့သော ၀ိပါတ်တော်။

(၈) ခြေမတော်တွင် ကျောက်လွှာကြောင့် အနာတည်ရာဇီ၀က ဓားနှင့်ခွဲခြင်း။

ပဒေသရာဇ်မင်းဖြစ်စဉ် မူးယစ်သောက်စားလူအရှင်လတ်လတ်ကို ဓားဖြင့်ထိုးဖြတ်ခြင်းပြုခဲ့သော ၀ိ ပါတ်တော်။

(၉)ရံဖန်ရံခါ ခေါင်းခဲတော်မူရခြင်း။

ရှေးအခါက တံငါဖြစ်စဉ် ငါးဦးခေါင်းကို ထုရိုက်ရာတွင် ၀မ်းမြောက်ခဲ့ဖူးသော ၀ိပါတ်တော်။

(၁၀)မာရ်နိုှုးဆော်၍ ေ၀ရဉ္စာတိုင်းသားတို့၏ ကပ်လှူသောမုယောဆွမ်းကို စားတော်မူရခြင်း။

မထင်မရှားသောအမျိုးသားဖြစ်စဉ် ရဟန်းတော်များ ဆွမ်းစားနေသည်ကို ဆွမ်းကြမ်းစားဟု ပြစ်မှား ပြောဆို ခဲ့ဖူးသော ၀ိပါတ်တော်။

(၁၁)ခါးတော်ကိုက်ခဲသော ေ၀ဒနာခံစားရခြင်း။

ရှေးသောအခါ လက်ေ၀့ှသမားဖြစ်စဉ် နိုင်လျှင် ခါးရိုးကို မြေနှင့် ကိုင်ရိုက်ခဲ့ဖူးသော ၀ိပါတ်တော်။

(၁၂)ဆန္ဒန်ဆယ်စီးအားကြီးတော်မူငြားသော်လည်း ၀မ်းတော်သွန်၍ အလွန်အားနွဲတော်မူရခြင်း။

ဆေးဆရာဖြစ်စဉ် သူဌေးသားတစ်ယောက်အား ကုစားရာအခမပေးလို၍ မသက်သာသေးဟု လိမ်လည်ပြော ဆိုရာတွင် ၀မ်းလားဆေးကို တိုက်ကျွေးခဲ့ဖူးသော၀ိပါတ်တော်။

ဤ၀ိပါတ်တော်များကိုဖော်ပြရခြင်းကတော့ မြတ်စွာဘုရားရှင်တောင်မှအလောင်းတော်ဘ၀ကပြုလုပ်ခဲ့သော အသေးအမွှားကိစ္စလေးများကို ပရိနိဗ္ဗာန်မပြုမီ နောက်ဆုံးဘ၀အထိ ပြန်လည်ပေးဆပ် ရခြင်းကိုလူတိုင်းကို သိစေချင်၍ဖြစ်ပါတယ်။ ဘယ်အရာမဆိုပေါ့ပေါ့တန်တန်နဲ့ အသေးအမွှားလေးပါလို့ သဘောထားပြီး အပျော် အပျက်အနေနဲ့ ပြောလိုက်ပေမယ့် အဲဒီအသေးအမွှားလေးတွေကလည်း တနေ့မှာ ပြန်လည်ပေးဆပ်ရမည် မှာ

@@@@@@@@@@@@@@@@@@@@@@@@@@

💿Zawgyi Version📀

၀ဋ္ဋ်ဆိုတာ လည်တတ်ပါတယ်
__________________________

ကောင်းမှုပြုလုပ်ရင် ကောင်းကျိုးခံစားရပြီး မကောင်းမှုပြုရင် မကောင်းကျိုးကို ခံစားရပါတယ်။ ကိလေသာ ကင်းစင်ပြီး နိဗ္ဗာန်သို့ မရောက်မချင်း ကိုယ်ပြုသမျှ ကောင်းမှု မကောင်းမှုများ၏ အကျိုးကို သံသရာတွင် ကျင်လည်နေသမျှ ကာလပတ်လုံး ခံစားရမှာဖြစ်ပါတယ်။ ဘုရားရဟန္တာတို့တောင်မှ ရှောင်လွဲ လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင် နောက်ဆုံးဘ၀တွင် ပေးဆပ်တော်မူခဲ့ရသော ၀ဋ္ဋ်တော်(၁၂)ပါးကို ဖော်ပြ လိုက်ပါတယ်။

(၁) ဒုက္ခရစရိယာ ခြောက်နှစ်ကျင့်ရခြင်း။

ကဿပဘုရားရှင်လက်ထက် ဇောတိပါလပုဏ္ဏားဖြစ်စဉ် ဘုရားဖြစ်မည်ဆိုလျှင်ခြောက်လမဟုတ်ခြောက်နှစ် ဒုက္ခရစရိယာကျင့်ပါမည်ဆိုသော ၀စီပါတ်တော်။

(၂) စိဉ္စမာဏ ကိုယ်၀န်နှင့်တကွ စွပ်စွဲခြင်းခံရခြင်း။

ရှေးအခါက သေသောက်ကြူးဖြစ်စဉ် ပစ္စေကဗုဒ္ဓါ တစ်ပါးအား ဆွမ်းရပ်တော်မူရာ အကျင့်ယုတ် ဟုပြော မိခြင်း ဝိပါတ်တော်။

(၃)သုန္ဒရီပရိဗိုဇ်မ၏ အစွပ်စွဲခံရခြင်း။

ရှေးအခါက မုနာဠိအမည်နှင့် လူဖြစ်စဉ် ပစ္စေကဗုဒ္ဓါအား အကျင့်ယုတ်ဟု စွပ်စွဲခဲ့ခြင်း ဝိပါတ်တော်။

(၄)သုန္ဒရီသေရာတွင် တိတ္တိသတင်းလွင့်၍ လူအများယုံမှားခံရခြင်း။

အလောင်းတော်ရသေ့ဖြစ်စဉ် စျာန်ပျံရသေ့ တစ်ဦးအား ငြူစူခဲ့ဖူးသော ဣသာဝိပါတ်တော်။

(၅) ဒေ၀ဒတ်၏ ကျောက်တုံးလှိမ့်ချခြင်းကို ခံရခြင်း။

သူကြွယ်မျိုးဖြစ်စဉ်ညီကို လှည့်ဖြားခေါ်သွား၍ ကျောက်လွှာဖြင့် ဖိညှပ်ထုသတ်ခဲ့မိသော ဝိပါတ်တော်။

(၆)ကျောက်လွှာထိခြင်းကြောင့် ခြေမတော်တွင် သွေးစိမ်းတည်ရခြင်း။

ရှေးက သူငယ်ဖြစ်စဉ် ပစ္စေက ဗုဒ္ဓါတစ်ပါးအား ခဲဖြင့်ပစ်ရာ ခြေတွင် သွေးယိုခဲ့ဖူးသော ဝိပါတ်တော်။

(၇)ဆွမ်းခံကြွတော်မူရာ ဒေ၀ဒတ်တို့၏ အစီရင်ဖြင့် နာဠာဂီရီဆင်နှင့်တွေ့ခြင်း။

ရှေးအခါက ဆင်ထိန်းဖြစ်စဉ်ရှင် ပစ္စေကဗုဒ္ဓတစ်ပါးအား ဒေါသဖြင့်ဆင်နှင့်လိုက်၍တိုက်ခဲ့သော ဝိပါတ်တော်။

(၈) ခြေမတော်တွင် ကျောက်လွှာကြောင့် အနာတည်ရာဇီ၀က ဓားနှင့်ခွဲခြင်း။

ပဒေသရာဇ်မင်းဖြစ်စဉ် မူးယစ်သောက်စားလူအရှင်လတ်လတ်ကို ဓားဖြင့်ထိုးဖြတ်ခြင်းပြုခဲ့သော ဝိ ပါတ်တော်။

(၉)ရံဖန်ရံခါ ခေါင်းခဲတော်မူရခြင်း။

ရှေးအခါက တံငါဖြစ်စဉ် ငါးဦးခေါင်းကို ထုရိုက်ရာတွင် ၀မ်းမြောက်ခဲ့ဖူးသော ဝိပါတ်တော်။

(၁၀)မာရ်နှိုးဆော်၍ ဝေရဉ္စာတိုင်းသားတို့၏ ကပ်လှူသောမုယောဆွမ်းကို စားတော်မူရခြင်း။

မထင်မရှားသောအမျိုးသားဖြစ်စဉ် ရဟန်းတော်များ ဆွမ်းစားနေသည်ကို ဆွမ်းကြမ်းစားဟု ပြစ်မှား ပြောဆို ခဲ့ဖူးသော ဝိပါတ်တော်။

(၁၁)ခါးတော်ကိုက်ခဲသော ဝေဒနာခံစားရခြင်း။

ရှေးသောအခါ လက်ဝှေ့သမားဖြစ်စဉ် နိုင်လျှင် ခါးရိုးကို မြေနှင့် ကိုင်ရိုက်ခဲ့ဖူးသော ဝိပါတ်တော်။

(၁၂)ဆန္ဒန်ဆယ်စီးအားကြီးတော်မူငြားသော်လည်း ၀မ်းတော်သွန်၍ အလွန်အားနွဲတော်မူရခြင်း။

ဆေးဆရာဖြစ်စဉ် သူဌေးသားတစ်ယောက်အား ကုစားရာအခမပေးလို၍ မသက်သာသေးဟု လိမ်လည်ပြော ဆိုရာတွင် ၀မ်းလားဆေးကို တိုက်ကျွေးခဲ့ဖူးသောဝိပါတ်တော်။

ဤဝိပါတ်တော်များကိုဖော်ပြရခြင်းကတော့ မြတ်စွာဘုရားရှင်တောင်မှအလောင်းတော်ဘ၀ကပြုလုပ်ခဲ့သော အသေးအမွှားကိစ္စလေးများကို ပရိနိဗ္ဗာန်မပြုမီ နောက်ဆုံးဘ၀အထိ ပြန်လည်ပေးဆပ် ရခြင်းကိုလူတိုင်းကို သိစေချင်၍ဖြစ်ပါတယ်။ ဘယ်အရာမဆိုပေါ့ပေါ့တန်တန်နဲ့ အသေးအမွှားလေးပါလို့ သဘောထားပြီး အပျော် အပျက်အနေနဲ့ ပြောလိုက်ပေမယ့် အဲဒီအသေးအမွှားလေးတွေကလည်း တနေ့မှာ ပြန်လည်ပေးဆပ်ရမည် မှာ မလွဲဧကန်ဖြစ်ပါတယ်။ နောင်သံသရာကို ထားလိုက်ပါအုံး။ ယခု လက်ရှိ ဘ၀မှာတောင် ကိုယ်ကတော့ အပျော်အပျက်အနေနဲ့ ပြောလိုက်သော စကားကြောင့်သူတစ် ပါး ထိခိုက်နစ်နစ်သွားရင် အဲဒီသူအတွက် ဘယ်လောက်နစ်နာသွားမလဲ။ ဒါကြောင့်ဘာကိုမဆို မလုပ်ခင်ကတည်းက သူကငါ့ကို ပြောလိုက်ရင် ငါဘယ် လိုခံစားရမလဲဆိုတာကို တွေးတောဆင်ခြင် သုံးသပ်နိုင်ကြပါစေ။

Telegram တွင် join ပေးထားကြပါ 🙏🙏ဗုဒ္ဓ၏အဆုံးအမများဗုဒ္ဓစာပေများ အပြင် သုတ၊ရသ စာပေများကို အခမဲ့ ဖြန့်ဝေသွားပါမယ်။ အားလုံးက...
18/11/2021

Telegram တွင် join ပေးထားကြပါ 🙏🙏
ဗုဒ္ဓ၏အဆုံးအမများ
ဗုဒ္ဓစာပေများ အပြင် သုတ၊ရသ စာပေများကို အခမဲ့ ဖြန့်ဝေသွားပါမယ်။ အားလုံးကျန်းမာ ချမ်းသာကြပါစေ။
https://t.me/buddha_teachings12

ဗုဒ္ဓစာပေများ အပြင် သုတ၊ရသ စာပေများကို အခမဲ့ ဖြန့်ဝေသွားပါမယ်။ အားလုံးကျန်းမာ ချမ်းသာကြပါစေ။

ပြည်သူ့တော်လှန်ရေးနေ့အဖြစ် ကြေညာလိုက်ပြီဆိုတော့ အားလုံး သိထားရမယ့် အကြောင်းအရာကို ပို့စ်တစ်ခုထဲ ပြန်စုပေးထားပါတယ်။ တစ်ခါ...
07/09/2021

ပြည်သူ့တော်လှန်ရေးနေ့အဖြစ် ကြေညာလိုက်ပြီဆိုတော့ အားလုံး သိထားရမယ့် အကြောင်းအရာကို ပို့စ်တစ်ခုထဲ ပြန်စုပေးထားပါတယ်။

တစ်ခါတည်း ဖုန်းထဲ save ထားကြပါ ညီကိုတို့။

သူ့ကျွန် မခံမည်
27/08/2021

သူ့ကျွန် မခံမည်

သူ့ကျွန် မခံမည် သူ့ကျွန် မခံမည် ဘုရားရှင်က ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား The Truth of Suffering)ကို အသေးစိတ် ကွက်ကွက်ကွ...

၃၁ ဘုံမှာ သတ္တဝါ တွေ ဘာကြောင့် မကုန်နိုင် တာလဲ
26/08/2021

၃၁ ဘုံမှာ သတ္တဝါ တွေ ဘာကြောင့် မကုန်နိုင် တာလဲ

၃၁ ဘုံမှာ သတ္တဝါ တွေ ဘာကြောင့် မကုန်နိုင် တာလဲ ၃၁ ဘုံမှာ သတ္တဝါ တွေ ဘာကြောင့် မကုန်နိုင် တာလဲ မေး။ ။အရှင် ဘုရာ.....

အင်္ဂုလိမာလဘာကြောင့်အပါယ်မကျရသလဲ
26/08/2021

အင်္ဂုလိမာလဘာကြောင့်အပါယ်မကျရသလဲ

အင်္ဂုလိမာလဘာကြောင့်အပါယ်မကျရသလဲ *အင်္ဂုလိမာလဘာကြောင့်အပါယ်မကျရသလဲ* တစ်ခါတစ်ရံ ရောဂါဘယ်လောက်ကြီးကြီး ဆေး...

26/08/2021
26/08/2021
19/06/2021

သူတော်ကောင်းတရားနာခြင်းအကျိူး #၅မိနစ်တရားတော် #ဆရာတော်အရှင်သူရိယ

Unicode💠စေတနာသုံးတန်​💠Zawgyi                  ****************     ☘️ဗုဒ္ဓဘာသာဝင်တွေဟာ လှူတဲ့အခါ စေတနာ ၃မျိုး ထားပြီး လှ...
06/06/2021

Unicode💠စေတနာသုံးတန်​💠Zawgyi
****************
☘️ဗုဒ္ဓဘာသာဝင်တွေဟာ လှူတဲ့အခါ စေတနာ ၃မျိုး ထားပြီး လှူတတ်ကြတယ်။ အဲဒါက
၁။ မလှူခင် ထားတဲ ပုဗ္ဗစေတနာ၊
၂။ လှူနေစဉ်ထား တဲ့ မုဥ္စစေတနာ၊
၃။ လှူပြီးထားတဲ့ အပရ စေတနာ။
🔺 အဲဒီ စေတနာ သုံးတန် ပြဌာန်းမှုအရ အရ လှူဒါန်းတဲ့ အလှူဒါနဟာ အကျိုးဖြစ်ထွန်းတယ်လို့ ဗုဒ္ဓဘာသာ ၀င်တွေ နားလည်ထားကြပါတယ်။ နောက်ပြီး ဗုဒ္ဓ္ဒဘာသာအယူမှာ စေတနာဟာ ကံဖြစ်တယ်။ ကျေးဇူးရှင် တောင်မြို့ ဆရာတော်ကြီး အရှင်ဇနကာဘိ၀ံသက စေတနာတွေသည် ဖြစ်ပြီးလျှင် ချုပ်ကြသော်လည်း တစ်ခါတည်းမျိုးပြုတ်အောင် ချုပ်ပျောက်ကြသည်မဟုတ်၊ နောင်အခါ အကျိုးပေးရန် မိမိတို့ သတ္တိကို မြုပ်နှံ၍ ချုပ်သွားကြသည် လို့ ရေးတော်မူခဲ့တယ်။ ဆိုလိုတာက တော့ စေတနာမှာ ဒါနမှာ ကံသတ္တိတွေ ရှိတယ်။ အဲဒီ ကံသတ္တိတွေက နောင်အခါမှာ အကျိုးပေး တယ်။ ဒါကြောင့် ဒါန ပြုတဲ့အခါ ပုဗ္ဗ၊ မုဥ္စ၊ ပရ စေတနာ သုံးတန် ပြဌာန်းပုံကို လိုက်ပြီး အကျိုးပေး မတူကြဘူး။
💠ဘယ်လို အကျိုးပေး မတူလည်းဆိုရင် ဒါနပြုရာမှာ စေတနာဟာ အဓိက ကျတယ်။ ဒါန စွန့်ကြဲမှု တစ်ခု ပြုတိုင်းမှာ စေတနာ သုံးမျိုး ပါတယ်။ အလှူတစ်ခုပြုလုပ်တော့မယ် ဆိုရင် ကြံစည်တာကအစ ထင်ရှားကျော်စောလိုစိတ် ၊ မိမိ လှူနိုင်ကြောင်းကြွားလိုစိတ်၊ တချို့က အာဏာရှိသူတွေနှင့် ရင်းနှီး ကျွှမ်းဝင် လိုစိတ်များနဲ့ လှူတယ်။ အဲဒီ ပုဗ္ဗစေတနာ သန့် မသန့်ပေါ်မှာ မူတည်ပြီး ဒါန အကျိုးပေးချင်းကွာတယ်။ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန့်ဆုတ်တဲ့ စိတ် မလှူလိုတဲ့ စိတ်တွေလည်း ဖြစ်တတ်ကြတယ်။ ဒီလို မဖြစ်စကောင်းပါဘူး၊ ဒါနပြုမယ် ကြံစည်ကတည်းက ၀မ်းမြောက်ရွှင်လန်းတဲ့စိတ် နဲ့ အရာရာ ကို ကျေကျေ နပ်နပ် စီမံနိုင်ရပါမယ်။
🚩နောက်စေတနာက မုဥ္စ စေတနာတဲ့။ စွန့်လွတ်ခြင်း အနက်ဖြစ်ပါတယ်။ ဒီစေတနာက စွန့်လွတ် လှူဒါန်းနေ တုန်းမှာဖြစ်တဲ့ စေတနာပါ။ ဒီလို လှူနေတုန်းမှာလည်း အကုသိုလ်စိတ်တွေ မဖြစ်ရဘူး၊ အလှူခံပုဂ္ဂိုလ်ကို ကပ်ငြိ တဲ့ တဏှာလောဘ စိတ် မဖြစ်ရဘူး၊ ဒီလို လှူဒါန်းတဲ့ အတွက် ငါ့ကိစ္စကို ကူညီဆောင်ရွက် မှာပဲ ဆိုတဲ့ လောဘအကျိုးကိုလည်း မမျှော်ဘဲ ရက်ရက်ရောရော စွန့်လွတ်တာကို မုဥ္စစေတနာလို့ခေါ်ပါတယ်။
🔹နောက်တစ်ခုက အလှူ အထမြောက်သွားလို့ အဲဒီ ကုသိုလ်နှင့် ပတ်သက်ပြီး ဖြစ်တဲ့စေတနာ၊ အပရစေတနာ လို့ ခေါ်ပါတယ်။ လှူလိုက်ရ လို့ အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေ တာ၊ နောက်ထပ် လှူချင်စိတ် စေတနာတွေ ဖြစ်နေတာ၊ အဲဒါကို အပရစေတနာ လို့ခေါ်တယ်။
🔺အဲဒီ စေတနာ သုံးတန်မှာ တွန့်တိုတဲ့ စိတ်၊ စေတနာ ပါသွားရင် လှူရင် လှူတဲ့အတွက် စည်းစိမ်ကိုတော့ ရပါ တယ်။ ဒါပေမဲ့ သူဌေးဖြစ်ပြီး မစားရက်၊ မဝတ်ရက်၊ တင့်တောင်တင့်တယ် မနေရက်ဘူး။ အဲဒီလို သူဌေး ကပ်စီးနှဲတွေကိုတွေ့ဖူးမှာပါ။ အဲဒီလို သဌေးမျိုးတွေ ဘုရားရင် လက်ထက်တော် အခါကတည်းက ပေါ်ခဲ့ဖူး တယ်။ အာဂန္ဆု သူဌေးဆိုတာ ကုဋေရှစ်ဆယ်မက ကြွယ်ဝတယ်။ ဒါပေမဲ့ ၀တ်တော့ လျှော်နဲ့ ရက်တဲ့ အဝတ် ပုဆိုးကို ၀တ်တယ်။ သူတစ်ပါးစွန့်ပစ်တဲ့ ရထားကျိုးကို ကောက်ယူပြီး စီးတယ်။ ထန်းလက်ကို ထီး လုပ်ပြီး ဆောင်းတယ်။ ဆန်ကွဲ ဟင်းနုနွယ် ကန်စွန်းရွက်တွေကို ရောကျိုတဲ့ ယာဂု ကိုသောက် တယ်၊ သေတော့ သူ့ ဥစ္စာ ပစ္စည်းတွေကို မင်း ဘဏ္ဌာအဖြစ် သိမ်းယူတာခံရတယ်။ သူက တော့ အပါယ် ကို ရောက်သွားတယ်။ အဲဒါ ဘာဖြစ်လို့လည်း ဆိုရင် ရှေးဘဝက အရှင်ပစ္စေက ဗုဒ္ဓါ ဆွမ်းကပ်လှူတဲ့အခါ၊ ပရစေတနာ တွန့်တိုခဲ့လို့ ဖြစ်ရတာ လို့ မြတ်စွာဘုရားက ဟောတော်မူတယ်။
💧ပုဗ္ဗစေတနာ တွန့်တို တဲ့ သူတွေလည်း ရှိတယ်နော်.... တချို့ ခြံတံခါးတွေမှာ အလှူခံ မဝင်ရ လို့ ရေးထားတာတွေ့ရတတ်တယ်။
🔺ရှေးတုန်းက သာဝတ္ထိပြည်က နန္ဒသူဌေးမျိုးပေါ့။ သူကလည်း ပုဗ္ဗစေတနာ တွန့်တိုလို့ သူ့ခြံထဲကို အလှူခံ ပုဂ္ဂိုလ် မဝင်နိုင်အောင် အစောင့်အရှောက်နဲ့ ထားတယ်။ သူသေတော့ မြို့ပြင် ဒွန်းစဏ္ဌားအမျိုးမှာ ဖြစ်တယ်။ အိမ်ခြေငါးရာလုံးပင် ဆန်ကွဲ ဆန်ညာတောင် ရှာလို့မရဘူးတဲ့။ ဒီတော့ ရွာသားတွေက ငါတို့ရွာမှာ သူယုတ် မာ ပဋိသန္ဓေနေတယ်နဲ့ တူတယ် ဆိုပြီး ရွာသားတွေကို တစ်ဝက်စီ ခွဲပြီး ရှာလိုက်တာ လူယုတ်မာ သန္ဓေနေ တဲ့ အိမ်ကို နောက်ဆုံးရောက်တယ်။ ရွာက အဲဒီ ကိုယ်ဝန်ဆောင် လင်မယားကို နှင်ထုတ်ကြတယ်။ ရွာ တံခါး၀ ဇရပ်မှာ ဒီကလေးကို မွေးရတယ်။ ဒီကလေး သွားလာဆော့ကစားတဲ့ အရွယ်တိုင်အောင် ထမင်း တစ်လုပ် မစားရဘူး၊ သစ်ရွက်သစ်သီး သစ်ဥတွေ ရှာစားရတယ်။ နောက်ဆုံးတော့ မိဘတွေလည်း မခံနိုင် တာနှင့် သူ့လက်ထဲ အိုးခြမ်းပဲ့ကို ထည့်ပြီး ထမင်းတောင်စားချေဆိုပြီး လွတ်လိုက်ရတယ်။ အဲဒီ ၀တ္တုဟာ ပုဗ္ဗစေတနာ တွန့်တိုတဲ့လူရဲ့ အကျိုးပေးပါပဲ။
💠အကျိုးရှိတဲ့ အလှူကို လှူနိုင်ပြီး ကောင်းမွန်တဲ့ စိတ်ထားတွေ ထားနိုင်စေရန် တိုက်တွန်းလိုပါတယ်။ ဗုဒ္ဓဘာသာ အယူအဆမှာ အလှူဒါန ပြုတာဟာ မျိုးစေ့ စိုက်တာနှင့် တူတယ်လို့ လက်ခံ ယုံကြည်ကြတယ်။ ဒါကြောင့် ကျေးဇူးရှင် တောင်မြို့ ဆရာတော်ကြီး ရှင်ဇနကာဘိ၀ံသက အလှူခံ မှာ လယ်ပမာ၊ လှူရှာသူများ လယ်သမား၊ အများလှူဖွယ် မျိုးစေ့နှယ်၊ နောင်ဝယ် အသီးစား လို့ လင်္ကာသံပိုင်း လေးစပ်ဆိုပြီး ဆုံးမတော်မူခဲ့တာပါ။

Credit:To. ဓမ္မပန်းခင်း
အခု​ခေတ်​ အလှူရှင်​​တွေ အလှူခံ​တွေ ဖြစ်​​နေတဲ့ ပြဿနာ​လေး​တွေ ​တွေ့ရပါတယ်​...
အလှူရှင်​များကလည်​း အပရစေတနာ ဆိုတဲ့ လှူပြီးစိတ်​​စေတနာအ​ပေါ် ​လောဘ​လေးကပ်​မိပြီး တကယ်​မှ ပူ​ဇော်​ကြရဲ့လားဆိုတဲ့စိတ်​ဖြစ်​ကြပါတယ်​...ဒါကလည်​း ပုထုဇဉ်​သ​ဘောမို့ အပြစ်​လို့မဆိုသာ​ပေမယ်​့ အကုသိုလ်​ဖြစ်​သွားပြီဆိုတာ မသိကြလို့ပါ.....အဲ့စိတ်​က တကယ်​​တော့ ကိုယ်​့နစ်​နာမှု ကိုယ်​ရှာတာပါ..စဉ်​းစားကြည်​့ရင်​ ပိုက်​ဆံလည်​းကုန်​​သေးတယ်​ ၊ ၀ိရိယစိုက်​ပြီး လှူ​ပေးတဲ့ အချိန်လည်​း ကုန်​​သေးတယ်​...​စေတနာမပြတ်​တဲ့ အကုသိုလ်​လည်​းရအုံးမယ်​...တကယ်​က အလှူရှင်​က နစ်​နာမှုကြီးပါတယ်​.....ကိုယ်​့လက်​ထဲက လှူလိုက်​တဲ့ ပစ္စည်​းတစ်​ခုဟာ အလှူခံပုဂ္ဂိုလ်​ ဘာလုပ်​လုပ်​ သူ့ကိစ္စသာဖြစ်​ပါတယ်​...သူမမှန်​ရင်​ သူ့လမ်​းသူသွားပါလိမ်​့မယ်​....ကိုယ်​့လမ်​းအမှန်​ကို​တော့ အကျိုး​ပေးမသန်​​အောင်​ ​မျှော်​လင်​့ချက်​နဲ့ ​လောဘမကပ်​မိကြရင်​ အလှူအ​ပေါ် ပိတိဖြစ်​ပြီးရင်​းဖြစ်​ ကုသိုလ်​ပွားပြီးရင်​းပွားနဲ့ နိဗ္ဗာန်​အ​ထောက်​အပံ့​ကောင်​းကြီးဖြစ်​ပါပြီ....အလှူခံပုဂ္ဂိုလ်​များအ​နေနဲ့လည်​း မိမိနဲ့ထိုက်​တန်​လို့ ကုသိုလ်​ထူးလို့ရတဲ့ ပစ္စည်​းအ​ပေါ် အကုသိုလ်​မဖြစ်​​စေပဲ ကုသိုလ်​သာပွားများဖြစ်​​အောင်​ ​စေတနာအထူးထားပြီး ပြုမူသုံးစွဲကြရင်​ နှစ်​ဦးနှစ်​ဖက်​ အကျိုးများ​စေမှာပါပဲ....
ဓမ္မမိတ်​​ဆွေများ အစဉ်​​လေးစားလျှက်​ 🙏🙏🙏
Credit:To. ဓမ္မပန်းခင်း

Unicode💠စေတနာသုံးတန်💠Zawgyi
****************
☘️ဗုဒ္ဓဘာသာဝင်တွေဟာ လှူတဲ့အခါ စေတနာ ၃မျိုး ထားပြီး လှူတတ်ကြတယ်။ အဲဒါက
၁။ မလှူခင် ထားတဲ ပုဗ္ဗစေတနာ၊
၂။ လှူနေစဉ်ထား တဲ့ မုဉ္စစေတနာ၊
၃။ လှူပြီးထားတဲ့ အပရ စေတနာ။
🔺 အဲဒီ စေတနာ သုံးတန် ပြဌာန်းမှုအရ အရ လှူဒါန်းတဲ့ အလှူဒါနဟာ အကျိုးဖြစ်ထွန်းတယ်လို့ ဗုဒ္ဓဘာသာ ၀င်တွေ နားလည်ထားကြပါတယ်။ နောက်ပြီး ဗုဒ္ဓ္ဒဘာသာအယူမှာ စေတနာဟာ ကံဖြစ်တယ်။ ကျေးဇူးရှင် တောင်မြို့ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက စေတနာတွေသည် ဖြစ်ပြီးလျှင် ချုပ်ကြသော်လည်း တစ်ခါတည်းမျိုးပြုတ်အောင် ချုပ်ပျောက်ကြသည်မဟုတ်၊ နောင်အခါ အကျိုးပေးရန် မိမိတို့ သတ္တိကို မြုပ်နှံ၍ ချုပ်သွားကြသည် လို့ ရေးတော်မူခဲ့တယ်။ ဆိုလိုတာက တော့ စေတနာမှာ ဒါနမှာ ကံသတ္တိတွေ ရှိတယ်။ အဲဒီ ကံသတ္တိတွေက နောင်အခါမှာ အကျိုးပေး တယ်။ ဒါကြောင့် ဒါန ပြုတဲ့အခါ ပုဗ္ဗ၊ မုဉ္စ၊ ပရ စေတနာ သုံးတန် ပြဌာန်းပုံကို လိုက်ပြီး အကျိုးပေး မတူကြဘူး။
💠ဘယ်လို အကျိုးပေး မတူလည်းဆိုရင် ဒါနပြုရာမှာ စေတနာဟာ အဓိက ကျတယ်။ ဒါန စွန့်ကြဲမှု တစ်ခု ပြုတိုင်းမှာ စေတနာ သုံးမျိုး ပါတယ်။ အလှူတစ်ခုပြုလုပ်တော့မယ် ဆိုရင် ကြံစည်တာကအစ ထင်ရှားကျော်စောလိုစိတ် ၊ မိမိ လှူနိုင်ကြောင်းကြွားလိုစိတ်၊ တချို့က အာဏာရှိသူတွေနှင့် ရင်းနှီး ကျွှမ်းဝင် လိုစိတ်များနဲ့ လှူတယ်။ အဲဒီ ပုဗ္ဗစေတနာ သန့် မသန့်ပေါ်မှာ မူတည်ပြီး ဒါန အကျိုးပေးချင်းကွာတယ်။ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန့်ဆုတ်တဲ့ စိတ် မလှူလိုတဲ့ စိတ်တွေလည်း ဖြစ်တတ်ကြတယ်။ ဒီလို မဖြစ်စကောင်းပါဘူး၊ ဒါနပြုမယ် ကြံစည်ကတည်းက ၀မ်းမြောက်ရွှင်လန်းတဲ့စိတ် နဲ့ အရာရာ ကို ကျေကျေ နပ်နပ် စီမံနိုင်ရပါမယ်။
🚩နောက်စေတနာက မုဉ္စ စေတနာတဲ့။ စွန့်လွတ်ခြင်း အနက်ဖြစ်ပါတယ်။ ဒီစေတနာက စွန့်လွတ် လှူဒါန်းနေ တုန်းမှာဖြစ်တဲ့ စေတနာပါ။ ဒီလို လှူနေတုန်းမှာလည်း အကုသိုလ်စိတ်တွေ မဖြစ်ရဘူး၊ အလှူခံပုဂ္ဂိုလ်ကို ကပ်ငြိ တဲ့ တဏှာလောဘ စိတ် မဖြစ်ရဘူး၊ ဒီလို လှူဒါန်းတဲ့ အတွက် ငါ့ကိစ္စကို ကူညီဆောင်ရွက် မှာပဲ ဆိုတဲ့ လောဘအကျိုးကိုလည်း မမျှော်ဘဲ ရက်ရက်ရောရော စွန့်လွတ်တာကို မုဉ္စစေတနာလို့ခေါ်ပါတယ်။
🔹နောက်တစ်ခုက အလှူ အထမြောက်သွားလို့ အဲဒီ ကုသိုလ်နှင့် ပတ်သက်ပြီး ဖြစ်တဲ့စေတနာ၊ အပရစေတနာ လို့ ခေါ်ပါတယ်။ လှူလိုက်ရ လို့ အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေ တာ၊ နောက်ထပ် လှူချင်စိတ် စေတနာတွေ ဖြစ်နေတာ၊ အဲဒါကို အပရစေတနာ လို့ခေါ်တယ်။
🔺အဲဒီ စေတနာ သုံးတန်မှာ တွန့်တိုတဲ့ စိတ်၊ စေတနာ ပါသွားရင် လှူရင် လှူတဲ့အတွက် စည်းစိမ်ကိုတော့ ရပါ တယ်။ ဒါပေမဲ့ သူဌေးဖြစ်ပြီး မစားရက်၊ မဝတ်ရက်၊ တင့်တောင်တင့်တယ် မနေရက်ဘူး။ အဲဒီလို သူဌေး ကပ်စီးနှဲတွေကိုတွေ့ဖူးမှာပါ။ အဲဒီလို သဌေးမျိုးတွေ ဘုရားရင် လက်ထက်တော် အခါကတည်းက ပေါ်ခဲ့ဖူး တယ်။ အာဂန္ဆု သူဌေးဆိုတာ ကုဋေရှစ်ဆယ်မက ကြွယ်ဝတယ်။ ဒါပေမဲ့ ၀တ်တော့ လျှော်နဲ့ ရက်တဲ့ အဝတ် ပုဆိုးကို ၀တ်တယ်။ သူတစ်ပါးစွန့်ပစ်တဲ့ ရထားကျိုးကို ကောက်ယူပြီး စီးတယ်။ ထန်းလက်ကို ထီး လုပ်ပြီး ဆောင်းတယ်။ ဆန်ကွဲ ဟင်းနုနွယ် ကန်စွန်းရွက်တွေကို ရောကျိုတဲ့ ယာဂု ကိုသောက် တယ်၊ သေတော့ သူ့ ဥစ္စာ ပစ္စည်းတွေကို မင်း ဘဏ္ဌာအဖြစ် သိမ်းယူတာခံရတယ်။ သူက တော့ အပါယ် ကို ရောက်သွားတယ်။ အဲဒါ ဘာဖြစ်လို့လည်း ဆိုရင် ရှေးဘဝက အရှင်ပစ္စေက ဗုဒ္ဓါ ဆွမ်းကပ်လှူတဲ့အခါ၊ ပရစေတနာ တွန့်တိုခဲ့လို့ ဖြစ်ရတာ လို့ မြတ်စွာဘုရားက ဟောတော်မူတယ်။
💧ပုဗ္ဗစေတနာ တွန့်တို တဲ့ သူတွေလည်း ရှိတယ်နော်.... တချို့ ခြံတံခါးတွေမှာ အလှူခံ မဝင်ရ လို့ ရေးထားတာတွေ့ရတတ်တယ်။
🔺ရှေးတုန်းက သာဝတ္ထိပြည်က နန္ဒသူဌေးမျိုးပေါ့။ သူကလည်း ပုဗ္ဗစေတနာ တွန့်တိုလို့ သူ့ခြံထဲကို အလှူခံ ပုဂ္ဂိုလ် မဝင်နိုင်အောင် အစောင့်အရှောက်နဲ့ ထားတယ်။ သူသေတော့ မြို့ပြင် ဒွန်းစဏ္ဌားအမျိုးမှာ ဖြစ်တယ်။ အိမ်ခြေငါးရာလုံးပင် ဆန်ကွဲ ဆန်ညာတောင် ရှာလို့မရဘူးတဲ့။ ဒီတော့ ရွာသားတွေက ငါတို့ရွာမှာ သူယုတ် မာ ပဋိသန္ဓေနေတယ်နဲ့ တူတယ် ဆိုပြီး ရွာသားတွေကို တစ်ဝက်စီ ခွဲပြီး ရှာလိုက်တာ လူယုတ်မာ သန္ဓေနေ တဲ့ အိမ်ကို နောက်ဆုံးရောက်တယ်။ ရွာက အဲဒီ ကိုယ်ဝန်ဆောင် လင်မယားကို နှင်ထုတ်ကြတယ်။ ရွာ တံခါး၀ ဇရပ်မှာ ဒီကလေးကို မွေးရတယ်။ ဒီကလေး သွားလာဆော့ကစားတဲ့ အရွယ်တိုင်အောင် ထမင်း တစ်လုပ် မစားရဘူး၊ သစ်ရွက်သစ်သီး သစ်ဥတွေ ရှာစားရတယ်။ နောက်ဆုံးတော့ မိဘတွေလည်း မခံနိုင် တာနှင့် သူ့လက်ထဲ အိုးခြမ်းပဲ့ကို ထည့်ပြီး ထမင်းတောင်စားချေဆိုပြီး လွတ်လိုက်ရတယ်။ အဲဒီ ၀တ္တုဟာ ပုဗ္ဗစေတနာ တွန့်တိုတဲ့လူရဲ့ အကျိုးပေးပါပဲ။
💠အကျိုးရှိတဲ့ အလှူကို လှူနိုင်ပြီး ကောင်းမွန်တဲ့ စိတ်ထားတွေ ထားနိုင်စေရန် တိုက်တွန်းလိုပါတယ်။ ဗုဒ္ဓဘာသာ အယူအဆမှာ အလှူဒါန ပြုတာဟာ မျိုးစေ့ စိုက်တာနှင့် တူတယ်လို့ လက်ခံ ယုံကြည်ကြတယ်။ ဒါကြောင့် ကျေးဇူးရှင် တောင်မြို့ ဆရာတော်ကြီး ရှင်ဇနကာဘိဝံသက အလှူခံ မှာ လယ်ပမာ၊ လှူရှာသူများ လယ်သမား၊ အများလှူဖွယ် မျိုးစေ့နှယ်၊ နောင်ဝယ် အသီးစား လို့ လင်္ကာသံပိုင်း လေးစပ်ဆိုပြီး ဆုံးမတော်မူခဲ့တာပါ။

Credit:To. ဓမ္မပန်းခင်း
အခုခေတ် အလှူရှင်တွေ အလှူခံတွေ ဖြစ်နေတဲ့ ပြဿနာလေးတွေ တွေ့ရပါတယ်...
အလှူရှင်များကလည်း အပရစေတနာ ဆိုတဲ့ လှူပြီးစိတ်စေတနာအပေါ် လောဘလေးကပ်မိပြီး တကယ်မှ ပူဇော်ကြရဲ့လားဆိုတဲ့စိတ်ဖြစ်ကြပါတယ်...ဒါကလည်း ပုထုဇဉ်သဘောမို့ အပြစ်လို့မဆိုသာပေမယ့် အကုသိုလ်ဖြစ်သွားပြီဆိုတာ မသိကြလို့ပါ.....အဲ့စိတ်က တကယ်တော့ ကိုယ့်နစ်နာမှု ကိုယ်ရှာတာပါ..စဉ်းစားကြည့်ရင် ပိုက်ဆံလည်းကုန်သေးတယ် ၊ ဝိရိယစိုက်ပြီး လှူပေးတဲ့ အချိန်လည်း ကုန်သေးတယ်...စေတနာမပြတ်တဲ့ အကုသိုလ်လည်းရအုံးမယ်...တကယ်က အလှူရှင်က နစ်နာမှုကြီးပါတယ်.....ကိုယ့်လက်ထဲက လှူလိုက်တဲ့ ပစ္စည်းတစ်ခုဟာ အလှူခံပုဂ္ဂိုလ် ဘာလုပ်လုပ် သူ့ကိစ္စသာဖြစ်ပါတယ်...သူမမှန်ရင် သူ့လမ်းသူသွားပါလိမ့်မယ်....ကိုယ့်လမ်းအမှန်ကိုတော့ အကျိုးပေးမသန်အောင် မျှော်လင့်ချက်နဲ့ လောဘမကပ်မိကြရင် အလှူအပေါ် ပိတိဖြစ်ပြီးရင်းဖြစ် ကုသိုလ်ပွားပြီးရင်းပွားနဲ့ နိဗ္ဗာန်အထောက်အပံ့ကောင်းကြီးဖြစ်ပါပြီ....အလှူခံပုဂ္ဂိုလ်များအနေနဲ့လည်း မိမိနဲ့ထိုက်တန်လို့ ကုသိုလ်ထူးလို့ရတဲ့ ပစ္စည်းအပေါ် အကုသိုလ်မဖြစ်စေပဲ ကုသိုလ်သာပွားများဖြစ်အောင် စေတနာအထူးထားပြီး ပြုမူသုံးစွဲကြရင် နှစ်ဦးနှစ်ဖက် အကျိုးများစေမှာပါပဲ....
ဓမ္မမိတ်ဆွေများ အစဉ်လေးစားလျှက် 🙏🙏🙏
Credit:To. ဓမ္မပန်းခင်း

住所

Shinjuku-ku, Tokyo

ウェブサイト

アラート

ဗုဒ္ဓ၏အဆုံးအမ-Buddha's Teachings-仏教の教えがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ビデオ

共有する

カテゴリー


動画クリエイターのその他Shinjuku-ku

すべて表示