26/03/2024
ဂျပန်နိုင်ငံမှာ IT အလုပ်နဲ့သွားရောက်နိုင်ဖို့ ဘာတွေကြိုပြင်ထားရမလဲ
အလုပ်အကိုင်ရှားပါးလာမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာမှုတွေက တနေ့တခြား မြင့်မားလာတယ်။ စား၀တ်နေရေးတွေကျပ်တည်းလာတယ်။ ဒီတော့ ရေကြည်ရာမျက်နုရာ တစ်နယ်ရပ်ခြား နိုင်ငံခြားကို အလုပ်သွားလုပ်ဖို့ ပြင်ဆင်ကြရတော့တယ်။ နိုင်ငံခြားသွားမယ်ဆိုတော့လည်း ဘယ်နိုင်ငံကိုသွားရမလဲ၊ ဟိုရောက်ရင်ရော လစာဘယ်လောက်ရမှာလဲ ၊ ပင်ပန်းတာတွေလုပ်ရမှာလား စသဖြင့် အမျိုးမျိုးပူပန်ကြရပြန်တယ်။ ကိုယ်ကအခု IT နယ်ပယ်ထဲမှာပဲ အလုပ်လုပ်ကိုင်နေတယ်။ နိုင်ငံခြားရောက်ရင်လည်း IT နယ်ပယ်မှာထဲမှာပဲ ဆက်ပြီး အလုပ်လုပ်ချင်တဲ့သူတွေအတွက် ဂျပန်နိုင်ငံက အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုရင် ကမ္ဘာပေါ်ကနိုင်ငံတွေထဲမှာ IT နဲ့ပတ်သတ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းအများဆုံးနိုင်ငံက ဂျပန်နိုင်ငံဖြစ်နေလို့ပါ။ ဒါကြောင့် ဂျပန်နိုင်ငံကို IT အလုပ်နဲ့ သွားရောက်လုပ်ကိုင်လိုတဲ့ လူငယ်တွေအတွက် ဂျပန်နိုင်ငံမှာ IT အလုပ်ရဖို့ ဘယ်လိုအရည်အချင်းတွေလိုအပ်သလဲ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲဆိုတာ ကျွန်တော်လက်လှမ်းမှီသလောက် ပြောပြပါ့မယ်။
ဘာသာစကား
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့စိတ်ကူးထားတယ်ဆိုရင်တော့ IT အလုပ်မှမဟုတ်ပါဘူး ဘာအလုပ်ပဲလုပ်လုပ် ဂျပန်စကားကို အရေး၊ အပြော ၊အဖတ် တတ်မြောက်ထားဖို့လိုအပ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရုံးသုံးစကားကို ဂျပန်ဘာသာစကားအဖြစ်သတ်မှတ်ထားပြီး ဂျပန်နိုင်ငံသား 99% က ဂျပန်ဘာသာစကားကိုပဲ အသုံးပြုပါတယ်။ ဒီတော့ ဂျပန်ဘာသာစကား မတတ်ရင် ဂျပန်နိုင်ငံမှာ အလုပ်လုပ် ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဂျပန်ဘာသာစကားကို သင်ယူမယ်ဆိုရင် N5,N4, N3, N2 ,N1 Level (၅) ခုအထိရှိပါတယ်။ ဂျပန်နိုင်ငံမှာ IT အလုပ်နဲ့ သွားရောက်လုပ်ကိုင်မယ်ဆိုရင်တော့ အနည်းဆုံး ဂျပန်ဘာသာစကားကို N3 လောက်အထိပြီးထားသင့်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံကို IT အလုပ်နဲ့သွားရောက်မယ်ဆိုရင် ဂျပန်ဘာသာစကားကို N3 Level အထိရောက်အောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
အလုပ်အကိုင် အခွင့်အလမ်း
ဂျပန်နိုင်ငံမှာဆိုရင် IT နဲ့ပတ်သတ်တဲ့ အလုပ်အကိုင်များစွာရှိပါတယ်။
(၁) Software Engineer/Developer
(၂) Web Developer
(၃) Mobile App Developer
(၄) Data Analyst/Scientist
(၅) Cybersecurity Specialist
(၆) IT Project Manager
(၇) Systems Administrator/Engineer
(၈) Network Engineer
(၉) Cloud Engineer
(၁၀)AI/Machine Learning Engineer
အရင်ဆုံးကိုယ်က ဘယ်နယ်ပယ်မှာ လုပ်ချင်တာလဲဆိုတာ စဉ်းစားပါ။ ပြီးရင်ကိုယ်နဲ့ကိုက်ညီမယ့် /ကိုယ်ဝါသနာပါတဲ့အလုပ်ကို ရွေးချယ်ပါ။ ဘယ်နယ်ပယ်မှာလုပ်ချင်တာလဲဆိုတာ ရွေးချယ်ပြီးပြီဆိုရင်တော့ လိုအပ်တဲ့ Skill တွေကို လေ့လာထားပါ။ သင်တန်းတွေတက်ပါ။ ကိုယ်ဖက်က ဘာသာစကားနဲ့ လိုအပ်တဲ့အရည်အချင်းတွေ ပြည့်စုံနေပြီဆိုရင်တော့ ဂျပန်နိုင်ငံကို IT အလုပ်နဲ့သွားဖို့က မခက်တော့ပါဘူး။ အားလုံးပဲ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။