Life Coaching

Life Coaching Every person is unique!
လူတိုင်းဟာ ထူးချွန်သူတွေပါ

စာအုပ်တွေဟာ အတိတ်ခေတ်နဲ့ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်၊ ကျွန်တော်တို့ခေတ်နဲ့ အနာဂတ်ခေတ်တို့ကို ပေါင်းကူးပေးတဲ့ တံတားတွ...
17/11/2024

စာအုပ်တွေဟာ အတိတ်ခေတ်နဲ့ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်၊ ကျွန်တော်တို့ခေတ်နဲ့ အနာဂတ်ခေတ်တို့ကို ပေါင်းကူးပေးတဲ့ တံတားတွေဖြစ်တယ်...။

မြသန်းတင့် [ ၁၉၂၉- ၁၉၉၈ ]

ဆက်ဆံရေးတွေ ခိုင်မြဲချင်ရင်လူအများရှေ့မှာ ချီးမြှောက်ပြီးနှစ်ယောက်တည်းတွေ့ချိန်မှာဝေဖန်မှာ....
15/11/2024

ဆက်ဆံရေးတွေ ခိုင်မြဲချင်ရင်လူအများရှေ့မှာ ချီးမြှောက်ပြီး
နှစ်ယောက်တည်းတွေ့ချိန်မှာ
ဝေဖန်မှာ....

Social Media ကနေ အနားယူပြီး ကိုယ့်ရဲ့ ပန်းတိုင်ကို အာရုံစိုက်ဖို့ အချိန်တန်ပြီလို့ ခံစားမိတယ်" "Social Media ကနေ ခဏလေး ပ...
14/11/2024

Social Media ကနေ အနားယူပြီး ကိုယ့်ရဲ့ ပန်းတိုင်ကို အာရုံစိုက်ဖို့ အချိန်တန်ပြီလို့ ခံစားမိတယ်"

"Social Media ကနေ ခဏလေး ပြတ်တောက်ပြီး ကိုယ့်ဘဝကို ပိုပြီး ပျော်ရွှင်စေချင်တယ်။ သင်တို့လည်း ဒီလို အခွင့်အရေးကို အသုံးချကြည့်ပါ"

, ,

ခဏခဏ ကိုယ့်ရှေ့ငြီးပြနေတတ်တဲ့သူရှိနေပြီဆို နားငြီးခံနားမထောင်ပါနဲ့ ။တစ်ခွန်းတည်းပြန်မေးလိုက်ပါ..."မင်းဘယ်လောက် ကြိုးစားက...
13/11/2024

ခဏခဏ ကိုယ့်ရှေ့ငြီးပြနေတတ်တဲ့သူရှိနေပြီဆို နားငြီးခံနားမထောင်ပါနဲ့ ။တစ်ခွန်းတည်းပြန်မေးလိုက်ပါ...

"မင်းဘယ်လောက် ကြိုးစားကြည့်ပြီးပြီလဲ"လို့

အလုပ်တစ်ခုကို ရလဒ်ထွက်တဲ့ထိ မလုပ်ဘူးဆိုရင် ဒါကအချိန်ဖြုန်းခြင်း သက်သက်ပဲ...။
10/11/2024

အလုပ်တစ်ခုကို ရလဒ်ထွက်တဲ့ထိ မလုပ်ဘူးဆိုရင်
ဒါကအချိန်ဖြုန်းခြင်း သက်သက်ပဲ...။

ကိုယ့်ကိုကိုယ် အဆိပ်ခတ်သတ်နေတဲ့ သူတွေရဲ့ စရိုက် (၁၀)မျိုး
09/11/2024

ကိုယ့်ကိုကိုယ် အဆိပ်ခတ်သတ်နေတဲ့ သူတွေရဲ့
စရိုက် (၁၀)မျိုး

နေ့စဥ်အပျံမလေ့ကျင့်ဘဲမြင့်မြင့်မပျံနိုင်တဲ့ ကိုယ့်ရဲ့အတောင်တွေကိုစိတ်မပျက်နဲ့         #စာပေဟောပြောပွဲ  #မြန်မာ  #စာပေ
07/11/2024

နေ့စဥ်အပျံမလေ့ကျင့်ဘဲ
မြင့်မြင့်မပျံနိုင်တဲ့
ကိုယ့်ရဲ့အတောင်တွေကို
စိတ်မပျက်နဲ့




#စာပေဟောပြောပွဲ
#မြန်မာ
#စာပေ

That is hope!
04/11/2024

That is hope!

31/10/2024

ခွင့်လွတ်နားလည်ပေးတတ်ဖို့ သင်ယူနေရင်း
ခံစားချက်တွေကြားမှာ တွယ်ငြိနေတတ်တယ်။
ကိုယ့်ကိုယ်ကို ပြန်မြင်နိုင်အောင်ကြည့်ပါ။
ကိုယ့်အကြောင်းကိုသိပါ။
ကိုယ့်ဘဝကိုနားလည်ပါ။
ကိုယ့်ကိုယ်ကို ခွင့်လွတ်ပါ။..

"DV တင်ဖို့ ဘာကြောင့် လိုက်ပြောနေတာလဲ"           DV ခေါ် Diversity Visa နဲ့ အမေရိကားကို လာရင် Green Card ချက်ချင်းရလို့ ...
29/10/2024

"DV တင်ဖို့ ဘာကြောင့် လိုက်ပြောနေတာလဲ"
DV ခေါ် Diversity Visa နဲ့ အမေရိကားကို လာရင် Green Card ချက်ချင်းရလို့ လိုက်ပြောနေရတာပါ။ လူတိုင်းလျှောက် လူတိုင်းပေါက်တဲ့ လျှောက်လွှာ မဟုတ်တာက DV ပါ။

တစ်ကမ္ဘာလုံး လျှောက်ထားသူ ၂၂-၂၃ သန်းကျော် ထဲကမှ လူပေါင်း ၁၂ဝဝဝဝ ကျော်လောက်ကို မဲဖေါက်ထားပေးပြီး ၁ နှစ်စာလုံးအတွက် Green Card ပေါင်း ၅၅ဝဝဝ အထိ(မိသားစုဝင်အရေအတွက်ပါ အပါအဝင်) ထုတ်ပေးပါတယ်။ ကုန်သွားတာကို Exhausted ဖြစ်တယ်လို့ ခေါ်ပါတယ်။

DV စ တင်ကာလ အောက်တိုဘာလကနေ နောက် ၁ နှစ် စက်တင်ဘာလ ၃ဝ ရက်နေ့အထိ(၁ နှစ်တိတိ အချိန်ကာလကြားမှာ) အမေရိကန်သံရုံးမှာ အင်တာဗျူးဝင်လို့ ဗီဇာလက်ထဲ မရောက်ဘူးဆိုရင် DV ပေါက်ပေမဲ့ အမေရိကား လာခွင့်မရှိပါဘူး။ Green Card ပေါင်း ၅၅ဝဝဝ ပေးတာ ပြည့်သွားရင် Case Number Cutoff ဖြစ်သွားပြီး ရပ်သွားပါတယ်။

DV က DV သပ်သပ် ဖြစ်ပြီး အမေရိကန်သံရုံးက ကပ်ပေးလိုက်တဲ့ ဗီဇာပါတဲ့ ပါ့စပို့စာအုပ်နဲ့သာ အမေရိကားကို ဝင်ရောက်ရတာ ဖြစ်ပါတယ်။

DV ရဲ့ ကောင်းကွက်တွေကို ပြန်ပြောရရင်
🟢🟢🟢 အမေရိကားကို ရောက်တာနဲ့ Green Card ချက်ချင်းရတယ်(အခမဲ့ မဟုတ်ပါ၊ DV ဗီဇာကြောင့် Green Card ကို ဝယ်ယူခွင့် ရှိပါတယ်၊ ၂၃၅ ဒေါ်လာ။ KCC က ဒေါ်လာ ၃၃ဝ)။

🟢🟢🟢 SSN မကြာခင် ရတယ်။ အဲဒီ SSN နဲ့ Green Card ရှိရင် အမေရိကန်တွေနည်းတူ ဘယ်အလုပ်မဆို လုပ်ခွင့်ရှိတယ်(မိမိက မတတ်ကျွမ်းလို့ အလုပ်မရရင်သာ နေမယ်၊ အလုပ်မှန်သမျှ တရားဝင် လုပ်လို့ရတယ်)။

🟢🟢🟢 အမေရိကားကနေ ပြည်ပခရီးထွက်ခွာပြီး ၁ နှစ်အတွင်း ပြန်ဝင်လို့ရတယ်(အများအားဖြင့် ၆ လ ဒီဘက်နေ၊ ၆ လ မြန်မာပြည် ပြန်နေသူတွေ ရှိကြပါတယ်)။

🟢🟢🟢 Green Card ရဲ့ အာနိသင် ၁ နှစ်ထက် ပြည်ပမှာ ပိုနေချင်ရင် Re-Entry လျှောက်လို့ရတယ်(လက်ဗွေနှိပ်ရတယ်၊ စာအုပ်သက်တမ်း ၂ နှစ်ရှိတယ်။ Green Card မရှိရင် Re-Entry လျှောက်လို့မရ)။

🟢🟢🟢 Green Card နဲ့ အမေရိကားမှာ ၁ နှစ်နေပြီးရင် ကောလိပ်ကျောင်း တက်တဲ့အခါ ကျူရှင်ကြေးက မပေးရသလောက်အထိ သက်သာသွားတယ်(သာမန်ကျောင်းသားတွေက အပြည်ပြည်ဆိုင်ရာကြေး ပေးနေရပါတယ်)။

🟢🟢🟢 SSN နဲ့ Green Card ရှိရင် စတော့ရှယ်ယာတွေမှာ ဝင်ရင်းနှီးမြှုပ်နှံလို့ရတယ်(မရှိလည်း ရအောင် ဝယ်ရောင်းလုပ်သူတစ်ချို့ရှိတာ ကြားဖူးပါတယ်)။

🟢🟢🟢 Green Card ကိုင်ထားပြီး ပြည်တွင်းမှာ တစ်ဆက်တည်း၊ အပိုင်းပိုင်း အပြတ်ပြတ် နေထိုင်တာကို ပြန်ပေါင်းခြင်း ၅ နှစ် ပြည့်ရင် အမေရိကန် နိုင်ငံသားလျှောက်ခွင့် စာမေးပွဲကို ဝင်ဖြေလို့ရတယ်။ အောင်ရင် ကျမ်းကျိန်ခြင်းကတဆင့် အမေရိကန် နိုင်ငံသား ခံယူလို့ရတယ်။

🟢🟢🟢 အဲဒါပြီးရင် အမေရိကန် နိုင်ငံကူးစာအုပ်အပြာကိုင်ပြီး တိုင်းပြည်တော်တော်များများကို ဗီဇာကင်းလွတ်ခွင့်နဲ့ ခရီးထွက် ကမ္ဘာပတ်နိုင်ပါမယ်။ ဒါတင်မကသေးပါဘူး၊ ကနေဒါနဲ့ မက္ကဆီကို တို့ကို သီးသန့်ခရီးထွက်နိုင်တဲ့ Passport Card လုပ်လို့ရတယ်။

🟢🟢🟢 ဒီလို လုပ်လို့ရတယ် ဆိုတာတွေဟာ အားလုံး ငွေပေးဝယ်ရတာတွေ ဖြစ်ပါတယ်။ SSN ကတော့ အခမဲ့ ရတယ်။ အမေရိကားရောက်လာတဲ့ ရွှေ့ပြောင်းသူတစ်ယောက်ကို SSN ထုတ်ပေးတယ်ဆိုတာ အမေရိကန်အစိုးရက သူ့လုပ်အားခကနေ အခွန်ကောက်ဖို့ ဖြစ်ပါတယ်။

🟢🟢🟢 SSN = Social Security Number ဖြစ်လေတော့ အမေရိကန် နိုင်ငံသားတစ်ယောက် အသက်ကြီးလာပြီး စီနီယာ ၅၅ နှစ်ကျော်တာနဲ့ Social Security Benefit ဆိုပြီး ပြန်ပေးတယ်။ Social Security Benefit ဆိုတာ ပင်စင် မဟုတ်ပါ။ ပင်စင်က ၆၇ နှစ်မှ ယူနိုင်တာ ဖြစ်ပြီး စောယူလို့ရတဲ့ ပရိုဂရမ်တွေ ရှိပါတယ်။

ဒါတွေကို ဖတ်ပြီးရင်တော့ ရဲ့ ဆိုးကျိုးတွေကို နောက်တစ်ပုဒ် ထပ်ရေးပါဦးမယ်။

၁ဝ/၁၂ တန်း အောင်ပြီးသူ တစ်ယောက် အတွက် DV Program တင်ဖို့

(၁) နာမည်
(၂) မွေးနေ့သက္ကရာဇ်
(၃) မွေးဖွားတဲ့မြို့
(၄) နေရပ်လိပ်စာ
(၅) အီးမေးလ်
(၆) ဖုန်းနံပါတ်
(၇) ပညာအရည်အချင်း/၁ဝ တန်းအောင်/မအောင်
(၈) အိမ်ထောင်ရှိ/မရှိ/ကလေးအရေအတွက်
(၉) ၆ လအတွင်းရိုက်ထားတဲ့ 2" X 2" ပတ်လည် (600x600 Pixels) အဖြူနောက်ခံ ဓာတ်ပုံ ၁ ပုံ (Soft Copy-240 kb ထက် ဖိုင်ဆိုဒ်မကြီးရ) တို့သာ လိုပါတယ်။

#မိသားစုလိုက်လျှောက်ရင်

(၁ဝ) မိသားစုဝင်တွေရဲ့ နာမည်
(၁၁) မိသားစုဝင်တွေရဲ့ မွေးနေ့
(၁၂) မိသားစုဝင်‌တွေရဲ့ မွေးရပ်
(၁၃) မိသားစုဝင်‌တွေရဲ့ ဓာတ်ပုံ(၁ ဦး ၁ ပုံစီ) တို့ဖြစ်ပါတယ်။

ဒီလို DV တင်တဲ့အချိန်မှာ #မလိုသေးတဲ့အချက်အလက်တွေက

~ပါ့စပို့
~မွေးစာရင်း
~သေစာရင်း
~၁ဝ တန်းအောင်လက်မှတ်
~လက်ထပ်စာချုပ်
~ကွာရှင်းစာချုပ်
~ဒေါ်လာငွေသားတချို့တို့ ဖြစ်ပါတယ်။

******အိမ်ထောင်စုဇယား၊ သန်းခေါင်စာရင်း မလိုပါ******

(မှတ်ချက်။ ။ ၂၁ နှစ်ကျော်သွားတဲ့ သားသမီးကို တွဲလျှောက်မရ။ မောင်နှမ တွဲလျှောက်မရ။ မြေးအဖွား တွဲလျှောက်မရ။ တူအရီး တွဲလျှောက်မရ။ ဦးလေး အဒေါ် တွဲလျှောက်မရ။ လက်မထပ်ရသေး တွဲလျှောက်မရ။ မကြာခင် လက်ထပ်မယ် တွဲလျှောက်မရ။ ကလေးက ဗိုက်ထဲမှာ မွေးတော့မယ် တွဲလျှောက်လို့မရ။ သမီးရည်းစား စုံတွဲ လက်မထပ်ရသေးဘူး လင်မယားအနေနဲ့တွဲလျှောက်မရ။ သားသမီးက ဦးဆောင်ပြီး မိဘကိုတွဲလျှောက်မရ။ အချက်အလက်တူတာကို ၂ ကြိမ်တင်မိရင် ပယ်မဲပါ။)

တင်ရမယ့်ရက်
October 2nd-November 5th ကြား

တင်ရမယ့် တစ်ခုတည်းသော လိပ်စာ
https://dvprogram.state.gov/

အောင်မြင်ကြပါစေ။

Crd

DV တင်တာက နိုဝင်လာ ၅ ရက်နေ့ နောက်ဆုံးဖြစ်ပါတယ်ခင်ဗျာ...တစ်ပတ်သာ လိုတော့တာမို့ အကြောင်းမျိုးမျိုးကြောင့် အခက်ခဲရှိလို့ ကိ...
28/10/2024

DV တင်တာက နိုဝင်လာ ၅ ရက်နေ့ နောက်ဆုံးဖြစ်ပါတယ်ခင်ဗျာ...တစ်ပတ်သာ လိုတော့တာမို့ အကြောင်းမျိုးမျိုးကြောင့် အခက်ခဲရှိလို့ ကိုယ်တိုင် တင်လို့ အဆင်မပြေရင် အခမဲ့ ကူပြီးတင်ပေးပါ့မယ်ခင်ဗျာ။ ကျွန်တော့် youtube channel
(https://www.youtube.com/)
လေးကို Subscribe လုပ်ပြီး ကွန်မန့်မှာ DV ဆိုပြီး ရေးခဲ့ပေးပါခင်ဗျာ... ကျွန်တော်ဘက်မှ ပြန်လည်ဆက်သွယ်ပေးပါ့မယ်...

မတရားလက်တစ်စုံက အခြားသူတွေရဲ့ အသက်ကိုပစ်ခတ်လွယ်တဲ့ ဒီလောကမှာ, သမိုင်းရဲ့အထောက်အထားတွေကပြသနေသလို, အပြစ်မဲ့တဲ့အသက်တွေဟာ လူ...
27/10/2024

မတရားလက်တစ်စုံက အခြားသူတွေရဲ့ အသက်ကိုပစ်ခတ်လွယ်တဲ့ ဒီလောကမှာ,
သမိုင်းရဲ့အထောက်အထားတွေကပြသနေသလို,
အပြစ်မဲ့တဲ့အသက်တွေဟာ လူ့အသိုင်းအဝိုင်းရဲ့ အကြမ်းဖက်မှုတွေကြောင့် ထပ်မံပြီးခံစားနေရဦးမှာပဲ။
ဤကမ္ဘာမှာ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။

26/10/2024

နိုဝင်ဘာ ၅ရက် နောက်ဆုံးမို့ formတင်ကြပါခင်ဗျာ....မတင်တတ်ရင် cb လာခဲ့ပါ ကူညီပေးပါ့မယ်ခင်ဗျာ

၁မိနစ်စာ အတွေးအမြင်မှ ဘဝအတွက်အထောက်အကူပြုဖို့ မျှော်လင့်ပါတယ်...
26/10/2024

၁မိနစ်စာ အတွေးအမြင်မှ ဘဝအတွက်အထောက်အကူပြုဖို့ မျှော်လင့်ပါတယ်...

ဒီလိုချိန်မှာ မြန်မာပြည်သူတွေစစ်အတွင်းမှာ ဗုံးကျဲ ဖမ်းဆီး သတ်ဖြတ်ခံနေရချိန်Miss ပွဲတွေအာရုံစိုက်နေတာဟာ တကယ်ဒုက္ခခံနေရသူအ...
25/10/2024

ဒီလိုချိန်မှာ မြန်မာပြည်သူတွေ
စစ်အတွင်းမှာ ဗုံးကျဲ ဖမ်းဆီး သတ်ဖြတ်ခံနေရချိန်
Miss ပွဲတွေအာရုံစိုက်နေတာဟာ တကယ်ဒုက္ခခံနေရသူအပေါ် စာနာစိတ်ကင်းမဲ့တဲ့သဘောပါပဲ ...

ကိုယ့်လျှောက်သွားမယ့်လမ်းပေါ်မှာ အခြားသူတွေက ဆူးငြောင့်ခလုတ်တွေကို ဝင်ရောက်ရှင်းလင်းပေးကြလိမ့်မယ်လို့ မမျှော်လင့်အပ်ဘူး။...
25/10/2024

ကိုယ့်လျှောက်သွားမယ့်လမ်းပေါ်မှာ
အခြားသူတွေက ဆူးငြောင့်ခလုတ်တွေကို
ဝင်ရောက်ရှင်းလင်းပေးကြလိမ့်မယ်လို့
မမျှော်လင့်အပ်ဘူး။ ဆူးငြောင့်တွေ
လာချမထားဘူးဆိုရင်ပဲ ကျေးဇူးတင်ရမယ်တဲ့ဗျ။

နန္ဒာသိန်းဇံ

မပြောနဲ့၊ အလုပ်နဲ့ သက်သေပြပါ။*******မြေကို လျှို့ဝှက်ပြီး ဝယ်ပါ။ အိမ်ကို တိတ်တိတ်ဆိတ်ဆိတ် ဆောက်ပါ။ ပြီးတော့မှ အိမ်တက်ပွဲ...
23/10/2024

မပြောနဲ့၊ အလုပ်နဲ့ သက်သေပြပါ။
*******

မြေကို လျှို့ဝှက်ပြီး ဝယ်ပါ။ အိမ်ကို တိတ်တိတ်ဆိတ်ဆိတ် ဆောက်ပါ။ ပြီးတော့မှ အိမ်တက်ပွဲကို လူသိရှင်ကြား ကျင်းပလိုက်ပါ။

တိတ်တိတ်လေး ပိုးပန်းပါ။ နှစ်ကိုယ်ကြား လက်ထပ်ခွင့် တောင်းပါ။ ပြီးမှ မင်္ဂလာဆောင်ကို လူအများရှေ့မှာ ဆင်နွှဲလိုက်ပါ။

သင့်ကို မနှစ်မြို့တဲ့သူတွေကို သင့်ရဲ့ လက်တွေ့ဘဝကိုပဲ မြင်ခွင့်ပေး။ သင့်ရဲ့ ရည်မှန်းချက်တွေကို မမြင်စေနဲ့။

စစ်တုရင်ကစားတဲ့အခါ စကားမပြောဘူး။ လက်တွေ့ အကွက်ရွှေ့တယ်။ စစ်တုရင်ကစားရင်း တစ်ခါပဲ စကားပြောရတယ်။ "ငါ နိုင်ပြီ"လို့ ကြေညာတဲ့အခါပဲ။ ဘဝဆိုတာလည်း စစ်တုရင်လိုပဲ။ သင် ဘာလုပ်မယ်ဆိုတာ တစ်ရွာလုံးသိအောင် ကြိုမပြောနဲ့။ တိတ်တိတ်လေး လုပ်ပါ။


住所

Okayama-shi, Okayama
700-0000

営業時間

月曜日 09:00 - 17:00
火曜日 09:00 - 17:00
水曜日 09:00 - 17:00
木曜日 09:00 - 17:00
金曜日 09:00 - 17:00

電話番号

09797223625

ウェブサイト

アラート

Life Coachingがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Life Coachingにメッセージを送信:

ビデオ

共有する