LHA’s Quotes

LHA’s Quotes ဤPGသည်မြတ်စွာဘုရားရှင်၏မေတ္တာရိပ်အောက်တွင်တည်ရှိသော​ကြောင့်ရောက်လာသူများစိတ်ချမ်းသာကိုယ်ကျန်းမာပါ​စေ

05/02/2024

ချစ်သူမရှိတဲ့ညတစ်ညဟာ ဗလာနတ္ထိပါပဲ

ပစ္စပ္ပုန်ဟာမှောင်ပါတယ် အနာဂတ်မဲ့ပါပဲ

အကြိမ်ကြိမ်အခါခါကျရှုံးနေရပါတယ်
ဒါပေမယ့် အခါခါ အချိန်ကြာကြာချစ်ပါတယ်

#သံပေတံ
Feb6, 2024 1:08

10/01/2024

"Your laughter is the melody that brightens my darkest days."
"In your eyes, I see a universe full of love, hope, and endless possibilities."
"Every moment spent with you feels like a beautiful dream I never want to wake up from."
"You are the missing piece I never knew my heart needed."
"Your presence is a soothing symphony that calms the chaos within me."
"In a room full of people, my eyes always search for you because you are my home."
"The way your smile lights up your face is my favorite sight in the world."
"With you, every moment feels like a timeless love story."
"You are not just my love; you are my best friend and my greatest adventure."
"In your embrace, I've found a sanctuary where love knows no bounds."

#ဘေဘီပေတံ
Jan 10, 2024 3:52

06/01/2024

ကမ္ဘာတစ်ဖက်ခြမ်းမှာ နာရီကွဲပြားစွာ
ရှင်သန် နေထိုင်နေကြပေမယ့်လည်း

ယုံကြည်စွာရှင်သန်နေကြတာက ရေစက်ရှိတဲ့
မျှော်လင့်ချက်တွေကြောင့်ဖြစ်၍

ကိုယ်ချင်းစာမှုနဲ့အပြန်အလှန်ဂရုစိုက်နေကြတာ
ဟာတစ်ဦးအပေါ်တစ်ဦးထားရှိကြတဲ့သံယောဇဉ်မေတ္တာဓာတ်ကြောင့်ဖြစ်ပြီး

စိတ်ရှည်သည်းခံနားလည်ပြီးအချိန်တစ်ခု
ပန်းတိုင်ကိုစောင့်ဆိုင်းနေကြတာဟာအဓိပ္ပာယ်တွေပြည့်စုံနေတဲ့ ပေါင်းရမယ့်အချစ်ကြောင့်ဖြစ်တယ်

#ဘေဘီပေတံ
Jan7, 2024 3:02

26/12/2023

ပြီးတာတွေ ကံမပါဘူး
သဘောထားပြီး မေ့ပါစေလိုက်တော့

ယုံယုံကြည်ကြည်နဲ့
စျေးဗန်းသာဆက်ခင်းနေ ..

ဘာလုပ်လုပ်ဘယ်လိုနေနေ
ချစ်တဲ့သူ သင့်ဆီရောက်လာလိမ့်မည်

ဆရာကြီး မင်းသိင်္ခရဲ့ တပည့်တစ်ဝမ်းကွဲ

#ကျောက်ကျောပေတံ
Dec26, 23 7:48

21/12/2023

အနားမှာရှိတုန်း အရာရာကို တန်ဖိုးထားပါ
ဆိုတဲ့ စကားဟာ သိပ်မှန်ပါတယ်

ကံကုန်လို့ ပြန်မဆုံတဲ့အခါ ဘောင်အတွင်းအပြင်ဘယ်လိုအားထုတ်ကြိုးစားပါစေ ဒီဘဝကဒီမျှလောက်သာပဲမလို့

တွေ့ဆုံနေရတဲ့အချိန်တွေကို တန်ဖိုးထားပါ
အချိန်နာရီ တွေရွေ့နေသလောက် အဖြစ်အပျက်တွေကလဲ ပြောင်းလဲကြစမြဲမို့ပါ

လိုက်လျောညီထွေနေတတ်သူတစ်ယောက်ဖြစ်အောင်ကြိုးစားရင်းနဲ့

#သံပေတံ
Dec21, 2023 1:40

20/12/2023

“စွန့်လွှတ်ခြင်း အနုပညာ..”

ကိုယ်ကချစ်ပေမယ့်
ကိုယ့်ကိုမချစ်တဲ့သူကို

ပျော်ရွှင်ဖို့အတွက်
လူကြီးလူကောင်းဆန်ဆန်
သဘောထားကြီးကြီး

စွန့်လွှတ်ပေးနိုင်ခြင်းဟာလဲအချစ်ပါပဲတဲ့

#သံပေတံ (ရင်ဘတ်ဖြင့်ရေးသားသည်)
Dec 20, 23 2:35

19/12/2023

လူကိုကြိုက်တာလုပ်တာ
မင်းအပြစ်မဟုတ်ဘူး
စိတ်ကိုနာကျင်အောင် လုပ်ရင်တော့
မင်းအပြစ်ဖြစ်သွားပြီ သူငယ်ချင်း

#ကျောက်ကျောပေတံ
Dec 19, 23 1:31

19/12/2023

“တစ်ဦးမေတ္တာ တစ်ဦးမှာ ..”

ကျွန်တော်တို့ဟာ …မေတ္တာချမ်းသာတဲ့သူတွေဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်က မေတ္တာပေးလာပါက မေတ္တာပြန်ပေးဖို့ အဆင်သင့်ပါပဲ ..

#သစ်သားပေတံ
Dec19, 23 1:13

18/12/2023

“ယှဉ်ပြိုင်ရဲတာပေါ့ အလွမ်းတွေရယ် “

လွမ်းဆွတ်တဲ့အကြောင်းတွေ
ပြိုင်ပြောကြရင် ငါ့ကို ဘယ်မီပါ့မလဲ

ငါ လွမ်းနေခဲ့ရတာက
ခဏတာမဟုတ်တဲ့
တစ်ဘဝစာ ခံစားချက်တွေနဲ့
အသင်္ချေ လေကွာ

#သစ်သားပေတံ
Dec18, 23 2:38

18/12/2023

“မေတ္တာစစ်ရင် အောင်မြင်ပါရစေ ..”

ကုစားခြင်းတွေကို မုန်းတဲ့ကျွန်တော်ဟာ
ပြန်လည်ကုစားခဲ့ရတာလဲ အကြိမ်ကြိမ်ပါပဲ
ဒီတစ်ခါတော့ တစ်ခါတည်းအောင်မြင်ခွင့်ပေးပါ
ဘယ်လောက်ကြိုးစားဖြေဖြေ မဖြေနိုင်တဲ့
ချစ်ခြင်းစာမေးပွဲကြီးရယ်

#သစ်သားပေတံ
Dec 18, 23 2:35

15/12/2023

အရမ်းချစ်မိတဲ့သူတွေဟာ
သူတို့ အရမ်းချစ်နေရသူ အလိုကျ
လုပ်ပေးတတ်ကြပါတယ်
အဓိကက အချစ်ခံရသူ
ပျော်ဖို့ပဲ မဟုတ်လား…

သို့သော်လည်းပဲ 💔

#သစ်သားပေတံ
Dec15, 23, 5:06

I've received 200 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉
14/12/2023

I've received 200 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉

14/12/2023

မပိုင်ဆိုင်ရခင်မှာ ပိုင်ဆိုင်ဖို့
ကြိုးစားတတ်ကြပြီး ..
ပိုင်ဆိုင်ရပြီးတဲ့နောက်မှာ
ထိန်းသိမ်းဖို့ကြိုးစားရပါတယ်

မေတ္တာဆိုတာ စိတ်ရှည်သည်းခံရတဲ့
တာဝေးအပြေးပြိုင်ပွဲတစ်ခုပါ ..

#သစ်သားပေတံ
Dec14, 23 4:08

13/12/2023

သံသရာစက်ဝိုင်းရှိနေသေးသရွှေ့တော့
တစ်စုံတစ်ယောက်ရဲ့ တော်စပ်ခဲ့ဖူးသော
ရည်းစားဟောင်းဖြစ်ခဲ့ဖူးသလို တစ်စုံတစ်ယောက်ရဲ့ ဆုံတွေ့လာမယ့်
ရည်းစားအသစ်ဖြစ်နေဦးမှာပဲ
ဒါကတော့ မင်းနဲ့မတွေ့ခင်ထိပါပဲ

မင်းနဲ့တွေ့ပြီးတဲ့နောက်
သံသရာစက်ဝိုင်းဖြတ်လိုက်ပါပြီ
အဆုံးအစမရှိဘဲ ဆက်သွားနေမယ့်
မျဉ်းဖြောင့်ကြီးကိုဖြစ်လို့

#ကျောက်ကျောပေတံ
Dec13, 23 3:19

13/12/2023

အများကြီးမလေ့လာနဲ့
မင်းခက်ခဲနေတဲ့အချိန်မှာ
သူတို့ဘယ်လိုဆက်ဆံလဲ
အဲဒါ သူတို့ရဲ့စိတ်ရင်းပဲ

#သံပေတံ
Dec13, 23 3:15

13/12/2023

“အချစ်သည် စိတ်ကျန်းမာရေးကို ..”

အဆုံးစွန်ထိချစ်ဖို့ ဆုံးဖြတ်လာကြပြီဆိုရင်လေ
ပိုက်ဆံ စည်းစိမ် လဲ အဓိကမကျတော့ဘူး
ရှာတတ်တဲ့ အရည်အချင်းရှိတယ်လေ
ရုပ်ရည် ခန္ဓာ ဥစ္စာပကာသနလဲ မမက်မောတော့ဘူး
လှပမှုဆိုတာအချိန်ရှိတယ် အချိန်တန်အိုရနာရမှာပဲ

ကိုယ့်အတွက် စိတ်လုံခြုံမှုပေး ကိုယ်ချင်းစာတရားထားနိုင်ပြီး နေ့ရက်တိုင်း အမြဲအတူရှိနေသလိုခံစားရမယ့် ရင်ချင်းဆက်လို ဘယ်သွားသွား လူမပါရင်တောင် အနားမှာရှိနေပါလားဆိုတဲ့ ယုံကြည်နားလည်မှု ခံစားချက်မျိုးနှင့် ဘဝကို ဦးဆောင်လမ်းညွှန်ပေးနိုင်မယ့် အရည်အချင်းရှိရင် အချစ်စစ်ဆိုတာ ရှာစရာမလိုဘဲ အလိုလို ဖြစ်ပေါ်လာပါတယ် ..

မချစ်တတ်ဘူး ထုတ်မပြတတ်ဘူး မလုပ်ပြတတ်
မရိုတတ်ဘူးဆိုတာ အကြောင်းပြချက်နာမ်စားတွေပါ ချစ်တဲ့သူက အရာရာ ဘာဖြစ်ဖြစ် ချစ်တယ် ..

ချစ်တဲ့စကား ၄နဲ့စား
အကြွင်း သုညမယုံရ
ဒီမှာကြည့်ပါ ချစ်သုခ

#သံပေတံ
Dec13, 23 1:30

13/12/2023

“မေတ္တာထားတတ်ရင် အေးချမ်းပါတယ်”

ချစ်တုန်းက အကောင်းဆုံးချစ်ပေးခဲ့ပြီးပြီမလား
မစွန့်လွှတ်နိုင်လို့လဲ ပြန်လာဖို့ကြိုးစားပြခဲ့ပြီးပြီလေ
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ တစ်ဖက်ကပြတ်သားပြီးထွက်သွားဖို့အချိန်ယူဆုံးဖြတ်ပြီးပြီဆိုရင် အတ္တတွေမာနတွေ ခဝါချပြီး လူကြီးလူကောင်းဆန်ဆန် လေးစားမှုများစွာနဲ့ အဝေးကိုထွက်သွားသင့်ပြီမလား ..

လူတိုင်းမှာသူ့နေရာနဲ့သူတန်ဖိုးရှိတဲ့အတွက် ခံစားပါ ဝအောင်ငိုလိုက်ပါ အချိန်တွေအကြာကြီးတော့မဖြစ်စေနဲ့ပေ့ါ အချိန်တွေကရပ်တန့်နေတာမဟုတ်တော့ အိပ်မက်တွေ ဖြစ်ချင်တဲ့အရာတွေနောက်လိုက်ရဦးမှာမလား ..

တစ်ချိန်ကချစ်ခဲ့ဖူးတဲ့ သူတစ်ယောက်ပဲ သံယောဇဉ်ဖြစ်တည်ခဲ့တဲ့ရေစက်ကို ထောက်ထားပြီး စိတ်ဒဏ်ရာတွေသွားပေးနေမယ့်အစား အဝေးကနေပဲ ငြိမ်နေပေးလိုက်တော့လို့မရဘူးလား အားငယ်တတ်သူတွေမို့ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်သန်မာသန်မာ စိတ်ပိုင်းဆိုင်ရာကတော့ မှီခိုချင်ကြတာချည်းပဲ ..

ချစ်တယ်မလား အမုန်းမခံချင်ဘူးမလား အကောင်းဆုံးနည်းပြောပြလိုက်မယ် .. စိတ်လုံခြုံမှုပေးလိုက်ပါ ကျန်နေတဲ့သက်တမ်းတစ်လျှောက် ပျော်ရွှင်မှုပေးလိုက်ပါ အကောင်းအဆိုးက ကိုယ်နဲ့မဆိုင်တော့လို့ ကျန်တာက ဆုံးဖြတ်ချက်ချတဲ့သူနောက် လိုက်သွားပါလိမ့်မယ် ..

သူလဲကံကောင်းပါစေ
မင်းလဲ ကံကောင်းပါစေ
မချစ်နဲ့မဟုတ်ဘူး ချစ်ပါ
အဝေးကနေ ချစ် ..စိတ်ဒုက္ခမပေးပဲချစ်
အချစ်တွေထဲမှာလဲ အဝေးကနေချစ်နေရတာလေးက အရသာရှိပြီး ကြီးမြတ်ပါပေတယ် ..
လူတိုင်းဟာ တန်ရာတန်ရာသတ်မှတ်ပေးပြီးသားမို့ မလောပါနဲ့ Right Personဆိုတာရောက်လာမှာပါ

စိတ်ရှည် သည်းခံပါ သူငယ်ချင်း ..

#သစ်သားပေတံ
Dec13, 23 1:22

12/12/2023

အသက်တွေကြီး အချိိန်တွေကြာလာတဲ့အခါ
စိတ်လုံခြုံမှုပေးနိုင်ဖို့ပဲ ကြိုးစားဖြစ်တော့တယ်
အရာရာပင်ပန်းလာပြီလေ .. စိတ်လေးတော့ချမ်းသာအောင် ထားပေးသင့်တယ် မဟုတ်လား

#သံပေတံ
Dec 13, 23 4:24

住所

Okayama-shi, Okayama
700-0016

電話番号

+817090550747

ウェブサイト

アラート

LHA’s Quotesがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

LHA’s Quotesにメッセージを送信:

ビデオ

共有する