13/12/2025
-င် နူသွားမယ်😂 Adam 先生さん
အမေရိကန်ဂေါင်းကြီးရယ် ဂျပန်မလေးရယ်နဲ့ တောအကျဆုံးတောင်ကို တက်ကြမယ်⛰️🥾 // Mount Hiei Kyoto 🇯🇵
အားလုံးဘဲ မင်္ဂလာပါ ကျွန်တော်တို့ ဒီနေ့ကတော့ Videoမတင်တာ ခြောက်လကျော်လောက် အကြာမှာ Hiking Videoလေးနဲ့ ပြန်လာပါပြီခင်ဗျာ😂
ပြီးခဲ့တဲ့လတွေမှာ အလုပ်ဘက်ကို အာရုံစိုက်နေတာနဲ့ တော်တော်ကြာ ပျောက်မိသွားလို့ ဘော်ဒါတွေအားလုံးကို Sorryပါဗျ 😄🙏🏻
ဒီVideoလေးကတော့ ကျွန်တော်တို့ Japanနိုင်ငံ၊ Kansaiဒေသ၊ Samuraiများရဲ့ မြို့တော်လို့ တင်စားရတဲ့ Kyotoမြို့ရဲ့ အရှေ့မြောက်ဘက်က Hieiဆိုတဲ့ တောကျကျ တောင်ကို Followerတွေနဲ့အတူ Hikeကြတဲ့ Videoလေးဘဲဖြစ်ပါတယ်ခင်ဗျ🇯🇵🚵🏻♂️
ထုံးစံအတိုင်း အခွီတစ်သိုက် နဲ့ လမ်းလဲပျောက်ခဲ့သေးတာမလို့ (နှစ်နာရီလောက် လူသံမကြားရတော့ဘဲ အနည်းငယ် ကြောက်သွားရတယ်) အားလုံးဘဲ ကြည့်ရတာ ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ😂🫰🏻
နောက်ထပ်လဲ Kansaiဒေသ ဝန်းကျင်မှာ ဒါမျိုးတောင်တက်တာ လေးတွေနဲ့ အမျိုးမျိုးလုပ်ဖို့ရှိတာမလို့ ကျွန်တော်Postလေးတွေ တင်ပေးမှာမလို့ Joinလို့ ရပါတယ်ခင်ဗျာ😛
စောင့်နေပေးကြတဲ့ ဘော်ဒါတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ💪🏻