Zin Yaw 105

Zin Yaw 105 Zin Yaw 105 News
သတင်းထူးများကို အချိန်နဲ့ တပြေးညီ
ပေးပို့နိုင်ပါသည် ။ ။ ။

13/09/2022

၁၂.၉.၂၀၂၂ ရက်နေ့တိုက်ပွဲတွင် KIA ရင်း(၁၄) မှရှေ့တန်းတိုက်ခိုက်ရေးပင်မစခန်းနှင့် ဒွန်ဘန်မြို့နယ်ဝါရာဇွပ်တိုက်နယ်အုပ်ချုပ်ရေးရုံးတို့အား မိမိတို့ဝါရာဇွပ်ဌာနေပြည်သူ့စစ်နှင့်ပူးပေါင်းအဖွဲ့မှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲဖြစ်စဉ် ရန်သူ့ထံမှ
၁။ ဆန်အိတ်၅၀
၂။ ကား၁စီး
၃။ ဆိုင်ကယ်၁၀စီး
၎။ ယူနီဖောင်းဂိုထောင်၁ခု
၅။ ကွန်ပြူတာ၂လုံး ၊အစာခြောက်များစုဆောင်းထားသည့်ဂိုထောင်၁လုံး လူနေတဲဂိုထောင်အလုံး(၅၀)လက်နက်နှင့်ဆက်စပ်ပစ္စည်းများသိမ်းစီးရမိခဲ့ပြီး မိမိတို့ပူးပေါင်းအဖွဲ့မှထိခိုက်ကျဆုံးမှု့(လုံးဝ)မရှိပဲ အားလုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသတင်းမှန်ထုတ်ပြန်ကြေညာအပ်ပါသည်။

ဝါရာဇွပ်ပြည်သူ့စစ်
13.9.2022

၁၁.၉.၂၀၂၂ 👏🏅🥇မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား 🏆အခြေခံပညာကျောင်းပေါင်းစုံ ​ဘောလုံးပြိုင်ပွဲတွင် ပထမ ဆုရရှိခဲ့​သော (...
11/09/2022

၁၁.၉.၂၀၂၂ 👏🏅🥇

မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား 🏆

အခြေခံပညာကျောင်းပေါင်းစုံ ​ဘောလုံးပြိုင်ပွဲတွင်

ပထမ ဆုရရှိခဲ့​သော ( အထက ကွေ့ဝမ်း)

ဘောလုံးအသင်းအဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်

ကျောင်းအုပ်ဆရာမကြီးများ နှင့် ကျေးလတ်အုပ်ချုပ်အဖွဲ့ တို့မှ

ဆုပေးအပ်ဂုဏ်ပြုပွဲအခမ်းအနား ။ ။ ။

⚽🏆🏅🎖🥇🥈🥉🎗

11/09/2022

မနေ့ကဖစ်သည်

10.9.2022

11/09/2022

အထက ကွေ့ဝမ်း 😍

11/09/2022

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 💚 ⚽⚽⚽⚽⚽⚽

အထက ကွေ့ဝမ်းအသင်းမှ မွန်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ဖလား ရရှိခဲ့

မုဒုံ အထက ကွေ့ဝမ်း (VS) မလမ အထက ၆

⚽⚽⚽⚽ 4 " 📸 ⚽⚽⚽ 3 "

10.9.2022



https://www.facebook.com/profile.php?id=100072189439482

"၃.၉.၂၀၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း ရေပူစစ်ဆေးရေးဂိတ်တွင် တရားမဝင် သယ်ဆောင်လာသော ပစ္စတို ၈ လက်နှင့်အတူ ကျည်ဆံ အများအပြား ဖ...
03/09/2022

"၃.၉.၂၀၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း ရေပူစစ်ဆေးရေးဂိတ်တွင် တရားမဝင် သယ်ဆောင်လာသော ပစ္စတို ၈ လက်နှင့်အတူ ကျည်ဆံ အများအပြား ဖမ်းဆီးရမိ"

လက်နက်ခဲယမ်းများ သယ်ဆောင်လာသော ကားသည် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အမြဲတမ်းလိုလို ဝင်/ထွက် သွားလာမှုရှိပြီး ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်မှုမရှိပဲ ရုံးတွင်းရှိ တစ်စုံတစ်ယောက်သောသူဖြင့် ပူးပေါင်းကာ အကြမ်းဖက်အဖွဲ့အစည်းများသို ပို့ဆောင်မည်ဟု ကနဦးသိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပုံရိပ်ကို အသုံးချကာ လက်နက်မှောင်ခို ပြုလုပ်နေသည်ဟုပင် ဆိုနိုင်သည်။

အဆိုပါယာဉ်ကို မောင်းနှင်ခဲ့ဖူးသူမှာ ခွင့်ယူထားသူ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း သိရသည်။

နောက်ကွယ်မှ ကွင်းဆက်များကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါကြောင်း....

(တရားခံကို ရဲက မဖော်ရင် Page က ဖော်တဲ့ အခါကျမှ အရှက်ကွဲနေမယ်နော် By Name နဲ့ မပြောချင်လို့ ဖျောက်ထားတာ)

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပရွာမှာရှိတဲ့ သဘာဝတရားရိပ်သာခွဲကနေ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ သံဃာ၊ သီလ...
03/09/2022

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပရွာမှာရှိတဲ့ သဘာဝတရားရိပ်သာခွဲကနေ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ သံဃာ၊ သီလရှင်နဲ့ PDF ဘေးရှောင် (၃၈)ဦးတို့ဟာ ဒီကနေ့ (စက်တင်ဘာ ၃ ရက်) မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်းသိရပါသည်။

3.9.2022

03/09/2022

Bp 40 အကြွေးပြန်ယူနေပီနော်
AAဓာတ်ခဲတွေ
မြေသြဇာတွေဖစ်ကုန်ပီ 😅

03/09/2022

ဒါတောင် အမြည်းလေးထုတ်ပြထားတာ😋😎

03/09/2022

🇲🇲 Myanmar ARMY 🛡💚🤗

03/09/2022

ပလက်ဝမြို့နယ် နှမဒါကျေးရွာအနီးတိုက်ပွဲတွင် AA အဖွဲ့မှ အရာရှိအပါအဝင် အမြောက်အများသေဆုံးဒဏ်ရာရ

စက်တင်ဘာလ ၃ ရက်

ကျောက်တော်-ပလက်ဝ-မီဇိုရမ်လမ်းကြောင်း လုံခြုံရေးဆောင်ရွက်နေသော ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာအနီးရှိ အင်အားနည်းပါးသည့် လုံခြုံရေးအဖွဲ့ကို မနေ့က AA အဖွဲ့မှအင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးပစ်ကူများအား ထိထိရောက်ရောက်အသုံးပြု၍ ပြင်းပြင်းထန်ထန်ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် AA အဖွဲ့မှ အရာရှိအပါအဝင် အောက်ခြေအဖွဲ့ဝင်များစွာထိခိုက်အကျဆုံးခဲ့ပြီး ရှေ့တိုးနိုင်ခြင်းမရှိဘဲ ထွက်ပြေး သွားခဲ့တယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်တစ်ခုကနေ သိရပါတယ်။

“ကုလားတန်မြစ်ကနေ စက်လှေနဲ့ ဒဏ်ရာရတဲ့သူတွေကို သယ်ထုတ်သွား တယ်ဗျ တော်တော်အထိနာတဲ့ပုံဘဲ ပုလင်းချိတ်ပြီး ထမ်းထုတ်နေတာကိုလည်း တွေ့လိုက်ရတယ်ဗျ”လို့ မျက်မြင်တွေ့ရှိရသူတစ်ဦးက ပြောဆိုသွားပါတယ်။
AA အဖွဲ့ဟာ အောက်ခြေအဖွဲ့ဝင်များ သေဆုံးဒဏ်ရာရမှုများစွာဖြစ်ပေါ် နေတဲ့အတွက် ၎င်းသတင်းပေါက်ကြားမှုမရှိစေရန် မိသားစုဝင်များနှင့် ဆက်သွယ် ခွင့်ပိတ်ပင် သတင်းအမှောင်ချကာ ရခိုင်မီဒီယာများမှတစ်ဆင့် တိုက်ပွဲအောင် နိုင်သည့်ပုံစုံမျိုး သတင်းအမှားများ ထုတ်လွှင်နေသော်လည်း မြေပြင်တွင် နေ့စဉ် နှင့်အမျှ AA အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ မြင့်တက်လျက်ရှိနေပါတယ်။

လက်ရှိအချိန်မှာ AA အဖွဲ့အောက်ခြေငယ်သားများဟာ လူသားအရင်းအမြစ် ကို တန်ဖိုးထားခြင်းမရှိတဲ့ သူတို့ရဲ့ ခေါင်းဆောင်များ ကိုယုံကြည်မှုလျော့နည်း လာပြီး ဆက်လက်တိုက်ခိုက်လိုခြင်းမရှိတဲ့အတွက် ပြည်မသို့ထွက်ပြေးသူများ ပြားနေတယ်လို့ သိရပါတယ်။
Photo; တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် AA အဖွဲ့ဝင် တစ်ဦး


03/09/2022
မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများအား ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ခြိမ်းခြောက်ငွေကြေးတောင်းယူခဲ့သူ အမျိုးသား ၅ ဦး၊ ရဲပြေ...
02/09/2022

မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများအား ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ခြိမ်းခြောက်ငွေကြေးတောင်းယူခဲ့သူ အမျိုးသား ၅ ဦး၊ ရဲပြေးတစ်ဦးနှင့် ပူးပေါင်းကျူးလွန်သူ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့အား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ စက်တင်ဘာ ၂

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေး လုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ အလေးထားဆောင်ရွက်လျက်ရှိရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ကြိုးပမ်းတိုက်ဖျက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ၍ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သောကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း အမြောက်အမြားဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများအား တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားများ၌ နှစ်စဉ်မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါ သည်။
ထိုသို့ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သကဲ့သို့ အကျင့်ပျက်ဝန်ထမ်းအချို့နှင့် မသမာသူများက မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်သူများ အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ ဥပဒေနှင့်အညီ အရေးယူ ခြင်းမရှိဘဲ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက အသွင်ယူ စုံစမ်းထောက်လှမ်းစောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ဩဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရေတာရှည် လမ်းဟောင်း၌ ငွေကြေးခြိမ်းခြောက်တောင်းခံသူများဖြစ်သည့် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းသစ်နေသူများဖြစ်ကြသည့် တင်ဝင်းအောင်(ခ)တင်ကြီး(၂၈)နှစ်နှင့် မင်းအောင်(ခ) အောင်ထက်မြတ်(၂၈)နှစ်တို့ ၂ ဦးအားလည်းကောင်း။
ည ၈ နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ “Real Link” Hotel ၌ ဗဟန်းမြို့နယ်၊ ရေတာရှည် ရပ်ကွက်၊ ရေတာရှည်လမ်းသစ်နေ နိုင်လင်းအောင်(ခ)ဝဏ္ဏ(၂၅)နှစ်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၂) ရပ်ကွက်၊ လူငယ်သစ္စာလမ်းနေသူများဖြစ်သည့် ခိုင်မျိုးဝင်း(ခ)ဘုန်းလူ(၂၇)နှစ်နှင့် ရဲတပ်သား အဆင့်မှ ရဲပြေးအဖြစ်ကြေငြာခံထားရသူ ဝေဖြိုးထွန်း(ခ)ဝေဖြိုး(၂၇)နှစ်တို့အားလည်းကောင်း၊
ည ၈ နာရီခွဲအချိန်တွင် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းဟောင်း၌ ရေတာရှည်ရပ်ကွက်၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းနေ ဥက္ကာမင်း(ခ)လင်းသန့်ဦး(၂၄)နှစ်အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ၆ ဦး၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူများထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံရာတွင် ၎င်းတို့နှင့်အတူ ဗဟန်းမြို့မရဲစခန်းမှ ရဲတပ်သား ၄ ဦးနှင့် ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲတပ်သား ၂ ဦးတို့ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြကြောင်း သိရှိရ သဖြင့် အဆိုပါ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့အား သက်ဆိုင်ရာရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက် “One Stop Mart” အရှေ့တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိသော အမျိုးသား ၂ ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၃၅ သိန်းအားလည်းကောင်း၊ တာမွေမြို့နယ်ရှိ ဟိုတယ်ပိုင်ရှင်တစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၆၀ သိန်းအားလည်းကောင်း။
၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း တာမွေမြို့နယ် “The Maze Club”ကားပါကင်၌ မူးယစ် ဆေးဝါးများရောင်းချနေသူဟု ယူဆရသူ နေထက်လင်း(စိစစ်ဆဲ)ထံမှ ငွေကျပ် ၃၅ သိန်းအား လည်းကောင်း၊ အဆိုပါနေရာ၌ပင် အောင်လေး(စိစစ်ဆဲ)ထံမှ ငွေကျပ်သိန်း ၈၀ အားလည်းကောင်း၊ မရမ်းကုန်း မြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် တံတားလေးလမ်းထောင့်ရှိ Club ၊ Bar ၊ KTV တို့တွင် DJ တီးခတ်သူ တစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၁၄၉ သိန်းအားလည်းကောင်း။
ဇူလိုင်လအတွင်း မရမ်းကုန်းမြို့နယ် “ကာဆာ KTV” ဆိုင်ရှေ့၌ ပြည့်စုံ(စိစစ်ဆဲ)ထံမှ ငွေကျပ် ၅၀ သိန်းအားလည်းကောင်း၊ ဗဟန်းမြို့နယ် “Jinkidf” စားသောက်ဆိုင် ကားပါကင်၌ အညာသား(စိစစ်ဆဲ)ထံမှ ငွေကျပ်သိန်း ၄၀ အားလည်းကောင်း။
ဩဂုတ်လအတွင်း ကမာရွတ်မြို့နယ် “The Next Level KTV Bar” ကားပါကင်၌ သူရိန် (စိစစ်ဆဲ)ထံမှ ငွေကျပ်သိန်း ၃၀ အားလည်းကောင်း၊ မရမ်းကုန်းမြို့နယ် “Solo Club” ကားပါကင်၌ မင်းသူ(စိစစ်ဆဲ)ထံမှ ငွေ ၃ သိန်းကျပ်အားလည်းကောင်း၊ ဗဟန်းမြို့နယ် “Music Buzz KTV”၌ ဒန်နီယယ်လ်(စိစစ်ဆဲ)ထံမှ ငွေကျပ် ၄ သိန်းကျပ်အားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ “City Mart”အရှေ့၌ “မူလန် Bar”တွင် DJ တီးခတ်သူ တစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၁၃၀၀၀၀ ကျပ်အားလည်းကောင်း၊ ဗဟန်းမြို့နယ် “VIP KTV” ကားပါကင်၌ ဘာမီတွန်(မ)(စိစစ်ဆဲ)ထံမှ ငွေကျပ် ၆ သိန်းအားလည်းကောင်း၊ ဒဂုံမြို့နယ် “PIONEER Club”၌ မိုးမင်းဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၁၄ သိန်းအားလည်းကောင်း၊ တာမွေမြို့နယ်၊ “Tristar Hotel”၌ Kelvin(စိစစ်ဆဲ)ထံမှ ငွေကျပ် ၂၀၀ သိန်းတို့အားလည်းကောင်း စုစုပေါင်း(၁၄)ကြိမ်တွင် ငွေကျပ် ၇၀၇ သိန်း ၃ သောင်းကျပ်အား ခြိမ်းခြောက်တောင်းခံခဲ့ကာ ရရှိသည့်ငွေများအား ခွဲဝေသုံးစွဲခဲ့ကြကြောင်း သိရှိရသည်။
ခြိမ်းခြောက်ငွေတောင်းခံမှု စုစုပေါင်း ၁၄ ကြိမ်အား ဥက္ကာမင်း(ခ)လင်းသန့်ဦး၊ ရဲတပ်သား အဆင့်မှ ရဲပြေးကြေငြာခြင်းခံထားရသူ ဝေဖြိုးထွန်း(ခ)ဝေဖြိုးနှင့် နိုင်လင်းအောင်(ခ)ဝဏ္ဏတို့ ၃ ဦးက ဦးဆောင်ကျူးလွန်ခဲ့ကြကာ ခိုင်မျိုးဝင်း(ခ)ဘုန်းလူမှ ၈ ကြိမ်၊ တင်ဝင်းအောင်(ခ)တင်ကြီးမှ ၄ ကြိမ်၊ ရဲတပ်သား ၅ ဦးနှင့် မင်းအောင်(ခ)အောင်ထက်မြတ်တို့မှ ၂ ကြိမ်နှင့် ရဲတပ်သားတစ်ဦးမှ ၁ ကြိမ်စီ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်၊
ထိုသို့ မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းချသူများထံမှ ငွေကြေးများအား မူးယစ်ဆေးဝါးတားဆီး နှိမ်ရေးရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ဖမ်းဆီး၊ ခြိမ်းခြောက်ငွေတောင်းခံခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ရဲပြေးတစ်ဦးတို့အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့် နယ်ဘက်ဆိုင်ရာ ရာဇသတ်ကြီး ဥပဒေအရ လည်းကောင်း၊ ဥက္ကာမင်း(ခ)လင်းသန့်ဦးပါ ၅ ဦးအား ရာဇသတ်ကြီးဥပဒေအရ လည်းကောင်း ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘ ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံခြင်းများအား သိရှိ၊ ကြုံတွေ့၊ ကြားသိရပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် တာဝန်ရှိသူများထံ လျှို့ဝှက်စွာ အသိပေးသတင်းပို့တိုင်ကြား နိုင်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

02/09/2022

🇲🇲 🌠🌠🌠🌠🌠 💙

01/09/2022

💙💙💙💙💙

👮 👮

ပြည်သူတွေအတွက်ဆိုကူညီပါရစေတဲ့ 🏃

ဒါမဲ့ သူတို့ဘဝတွေ ဒုက္ခတွေ အတွက်တော့🚶

💙💙💙💙💙

01/09/2022

💙💙💙💙💙

👮 🇲🇲 👮

ပြည်သူတွေအတွက်ဆိုကူညီပါရစေတဲ့ 🏃

ဒါမဲ့ သူတို့ဘဝတွေ ဒုက္ခတွေ အတွက်တော့🚶

💙💙💙💙💙

 #ဆရာမလေးအဖြစ်အပျက်ကရင်နာစရာကောင်းလွန်းလှပါလားကွာ၊၊😢အညာသားတောသားPDFတွေ အားနည်းသူမိန်းမတယောက်ကို လက်ပြန်ကြိုးတုပ်ပြီးမှPD...
01/09/2022

#ဆရာမလေးအဖြစ်အပျက်ကရင်နာစရာကောင်းလွန်းလှပါလားကွာ၊၊😢

အညာသားတောသားPDFတွေ အားနည်းသူမိန်းမတယောက်ကို လက်ပြန်ကြိုးတုပ်ပြီးမှ
PDF၅ယောက်က ဝိုင်းဝန်းTက်ဖြတ်နေမှုပါ
အော်နေတဲ့ မင်းတို့ ဓမ္မက ဒါလာလို့ မေးချင်တယ်။

ဂန့်ဂေါခရိုင်
မင်းရွာက ဒေါ်ယမင်းအေးဆိုတဲ့ ကျောင်းဆရာမလေးတစ်ယောက်ဟာ
တစ်ကယ်တော့ မိဘနှစ်ပါးနှင့်အတူမိသားစုလေးကို ရိုးရိုးသားသားရှာဖွေလုပ်ကိုင်ကျွေးမွေးစောင့်ရှောက်နေရှာတဲ့ စိတ်ရင်းအင်မတန်ကောင်းလှတဲ့ကျောင်းဆရာမလေးတစ်ယောက်ပါ၊၊

လူ့စိတ်မရှိတဲ့
ပြည့်သူ့ကာကွယ်ရေးအမည်ခံ pdf
ယောက်ကျားရင့်မာကြီးတွေက မျက်နှာကိုပဝါစည်းပြီး ဖမ်းဆီးခဲ့ခါ အခုလို
အရင်မေးပါတယ် မဟုတ်ဘူးလားတဲ့
ဒါနဲ့ ဆရာမလေးက အရမ်းကြီးကိုကြောက်လှန့်တုန်လှုပ်လွန်းလှတဲ့ အသံလေးနဲ့ မဟုတ်ပါဘူး မKillပါနဲ့ မKill ပါနဲ့
လို့ အတန်တန်တောင်းပန်နေရှာတဲ့ကြားကနေ pdfတစ်ယောက်က လည်ပင်းကို
ဓါးမြောင်းနဲ့ထိုးစိုက်လိုက်ပါတယ်၊၊

အဲ့မှာဆရာမလေးက တအား တအားနဲ့ မပီကလညပီကလာ ကြောက်လှန့်ညီးညူအားငယ်စွာအကူညီတောင်းသံလေးနဲ့ ဝေဒနာကိုလိမ့်ခံနေရစဉ် တစ်ခြားတစ်ယောက်က ဘယ်ဘက်ရင်အုံကို ဓါးနဲ့ထပ်ပြီးထိုးစိုက်ချလိုက်ပြန်တယ် နောက်ပြီးထပ်ခါထပ်ခါ ၄/၅ချက်ဆက်တိုက်ထိုးစိုက်နေပါတော့တယ်၊ဆရာမလေးကိုနောက်က ချုပ်ထားတဲ့pdfတစ်ယောက်က လည်ဂုတ်ကိုထပ်ပြီးခုတ်ချလိုက်ပြန်ပါတယ် ဒီအချိန်မှာတော့ဆရာမလေး ဘာမှန်းမသိနိုင်တော့
ပထမဆုံးဆရာမလေးလည်ပင်းကို ဓါးနဲ့စိုက်လိုက်တဲ့pdfက လည်ပင်းကိုဓါးနဲ့ဖြတ်လှီးနေပါတော့တယ်၊၊

နောက်ဆုံးတော့
တိုင်းပြည်ရဲ့အဖိုးတန် ဥယြာဉ်မှူး
ဆရာမလေးတစ်ယောက် လူစိတ်မရှိကြသော pdf တို့ရဲ့ ရက်စက်ယုတ်မာစွာ Kill ဖြတ်ခြင်းခံလိုက်ရပြန်ပြီပေါ့၊၊

ရင်ထဲစိတ်မကောင်းဆုံးတစ်ခုကို
ပြောပါဆိုလျှင် ဆရာမလေးရဲ့ မိဘနှစ်ပါးနဲ့မိသားစုကို ဘယ်သူကမှ ခုချိန်ထိတာဝန်မယူပေးနိုင်ကြခြင်းဟာဖြင့်အတော့်ကို ရင်နာလို့မဆုံးပါပဲ၊၊

တာဝန်ရှိသူများ
ကြားသိနိုင်ကြပြီး အမြန်ဆုံးတာဝန်ယူပေးနိုင်ကြပါစေ၊၊
😭

Crd;

# နောင်ရိုး

😰😰 မကြည့်ရက်စရာ,, video file ပါ။

01/09/2022

💙💙💙💙💙

👮 👮

ပြည်သူတွေအတွက်ဆိုကူညီပါရစေတဲ့ 🏃

ဒါမဲ့ သူတို့ဘဝတွေ ဒုက္ခတွေ အတွက်တော့🚶

💙💙💙💙💙

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမသမာမှုနဲ့ စွဲထားတဲ့ကိစ္စ မနက်ဖြန် အမိန့်ချဖို့ရှိနေ၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးထ...
01/09/2022

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမသမာမှုနဲ့ စွဲထားတဲ့ကိစ္စ မနက်ဖြန် အမိန့်ချဖို့ရှိနေ

၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရာဇသတ်ကြီး ပုဒ်မ-၁၃၀ (က) အမှုကို မနက်ဖြန် (စက်တင်ဘာ ၂ ရက်)မှာ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ အပြီးသတ် အမိန့်ချဖို့ ရှိနေတယ်လို့ အမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး အဲဒီအထဲက ၁၀ မှုအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရပြီး ဖြစ်တာကြောင့် မနက်ဖြန် အမိန့်ချဖို့ရှိနေတဲ့ ပုဒ်မ- ၁၃၀ (က) ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ နောက်ထပ် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရရင်တော့ စုစုပေါင်း ထောင် အနှစ် ၂၀ ထိ ကျခံရဖို့ ရှိနေတာပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ဦးမင်းသူတို့ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာ သုံးခဲ့သည့်အတွက်တရားစွဲခံထားရကြောင်းသိရသည်။

1.9.2022

01/09/2022

ည​နေ ၂၉.၅ Gold
၁ရက်အတွင်း ၇ သိန်း​ကျော်ကျ

01/09/2022

ဒေါ်လာ​ဈေးကျ
ထိုင်းဘတ်​ဈေးကျ
မြန်မာ​ငွေ တန်ဖိုး ၂၈ % ယ​နေ့ပြန်တက်လာ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နိုင်ငံတော် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် ပတ်သ...
01/09/2022

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)
နိုင်ငံတော် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် ပတ်သက်၍
ထုတ်ပြန်ကြေညာချက်

ရက်စွဲ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၂)ရက်

၁။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊
လက်ရှိနိုင်ငံရေး အထွေထွေအကျပ်အတည်းများ ဖြေရှင်းရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်
အဖြေရှာရေးတို့အား ရည်မှန်း၍ ဖိတ်ခေါ်ချက်အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်
ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးရန် ၂၀၂၀ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့တွင် ဥက္ကဌ
ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်သို့ စေလွှတ်ခဲ့ပါသည်။

၂။ နေပြည်တော်ခရီးစဉ်းအတွင်း RCSS ကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်
၂၀၂၂ခုနှစ်၊ သြဂုတ်လ (၂၉)တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံတော် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့်
ဩဂုတ်လ (၃၀)ရက်နေ့မှ စက်တင်ဘာလ (၁)ရက်နေ့အထိ ဆက်လက် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

၃။ နိုင်ငံတော် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် (၃)ရက်တာ တွေ့ဆုံနွေးရာတွင် လက်ရှိနိုင်ငံရေး
အထွေထွေအကျပ်အတည်း ဖြေရှင်းရေးအတွက် RCSS၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံ၊
အနာဂတ် ဖက်ဒရယ်
ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ RCSS၏ ဖက်ဒရယ်အခြေခံမူများ၊ ယုံကြည်မှု တည်ဆောက်ရေး
ဆိုင်ရာ လုပ်ငန်းများ၊ ဒေသခံ ပြည်သူလူထုအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများအား RCSS ကိုယ်စားလှယ်
အဖွဲ့က ဆွေးနွေးခဲ့ပြီး နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ
ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ဇယား (၂) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဥပဒေပြုစာရင်း၊
ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) (၂)နှင့် (၃)ပါ သဘောတူညီချက်များအား ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိမရှိ လေ့လာသုံးသပ်ချက်များနှင့် အခြား
အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။

၎။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ
အခြေခံမူများအပေါ် နှစ်ဦးနှစ်ဖက် ရပ်တည်ချက်များနှင့် ပတ်သက်၍ ညှိနှိုင်းရန် ခက်ခဲခြင်း၊
နိုင်ငံတော်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့က ဆွေးနွေးသည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း အပေါ် RCSS
ကိုယ်စားလှယ်အဖွဲ့က ပြန်လည်ဆွေးနွေးရန် အဆင့်သင့်မဖြစ်ခြင်း၊ RCSS၏ အဆိုပြုချက်များကိုလည်း
ပြန်လည်ဆွေးနွေးရန်အတွက် နိုင်ငံတော် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့က အခက်အခဲရှိသဖြင့် နောင်
တွေ့ဆုံပွဲများတွင် နှစ်ဖက် အဆိုပြုချက်များအား ဆက်လက် တွေ့ဆုံဆွေးနွေးညှိနှိုင်းသွားရန် သဘောတူခဲ့
ကြောင်း ထုတ်ပြန်ကြေညာပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ

1.9.2022

01/09/2022
01/09/2022

Address

Choman

Telephone

+959686923928

Website

Alerts

Be the first to know and let us send you an email when Zin Yaw 105 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zin Yaw 105:

Videos

Share