Aung Entertainment

  • Home
  • Aung Entertainment

Aung Entertainment my favourite is Westlife

19/12/2023

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

14/11/2023
မနက်ဖြန်မှာကျင်းပမယ့် ကမ္ဘာ့အဆင်မှီ UFCပြိုင်ပွဲကြီးမှာ မြန်မာအလံကို ဂုဏ်ယူဝင့်ကြွားစွာလွမ်းခြုံပြီး ပွဲထွက်လာမယ့် ဂျော့...
11/11/2023

မနက်ဖြန်မှာကျင်းပမယ့် ကမ္ဘာ့အဆင်မှီ UFCပြိုင်ပွဲကြီးမှာ မြန်မာအလံကို ဂုဏ်ယူဝင့်ကြွားစွာလွမ်းခြုံပြီး ပွဲထွက်လာမယ့် ဂျော့ရှုဝါဗန်

ချင်းတိုင်းရင်းသား ဂျော့ရှုဝါဗန်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့နံနက်ပိုင်းမှာ ဖိုက်တာကင်ဗင်ဘော်ဂျာနဲ့ ပွဲထိုးမှာဖြစ်ပါတယ်။

နှစ်ယောက်စလုံးက ဒီနေ့မှာပဲ ပြိုင်ပွဲအတွက်ဆေးစစ်တာနဲ့ သတ်မှတ် ဝိတ်ချိန်တာ အောင်မြင်သွားပြီဖြစ်ပါတယ်။

အဲ့တော့ UFCမှာ အလံသတ်မှတ်ချက် ပယ်ဖျက်လိုက်တာကြောင့် ဂျော့ရှုဝါဗန်ဟာ မနက်ဖြန် UFCပြိုင်ပွဲကြီးမှာ မြန်မာအလံကို ဂုဏ်ယူဝင့်ကြွားစွာလွမ်းခြုံပြီး ပွဲထွက်လာမှာဖြစ်ပါတယ်။

🔴 ကြော်ငြာကဏ္ဍ 🔴

ဘောလုံးဂိုးသွင်းကောင်းတဲ့ ကိုကိုတို့အတွက် နိုင်ငံတကာပွဲစဉ်ကို တစ်နေရာတည်းမှာ တိုက်ရိုက်ကြည့်ရှုပြီး စိတ်ကြိုက်လောင်းလို့ရမယ်နော်

(bell) မင်မင်နဲ့တူတူ နေ့စဉ် Clubmm ပေချ့်မှာဂိုးပေါင်းခန့်မှန်းပြီး ဆုကြေးငွေယူမလား ရနေပြီနော်

တစ်နေရာတည်းမှာအစုံရတာမလို့ စိတ်ဝင်စားလို့ အကောင့်ဖွင့်မယ်ဆိုရင် မင်မင်တို့နဲ့ တိုက်ရိုက်ဆက်သွယ်လိုက်နော် (soccer)(heart)
ဆက်သွယ်ရန်📞....
☎️Viber: +959793699043 Line : သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။
" အသေးစိတ်သိရှိလိုသည်များကို ပိန်ပိန်သွယ်သွယ်မင်မင်လေးတွေဖြေကြားဖို့ စောင့်မျှော်နေပါပြီရှင့် "

10/11/2023
ကောလင်းမြို့သိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးပြီး ၂၁ ဦးလက်နက်ချ အညံ့ခံ၊ PDF ရဲဘော် ၃ ဦးကျဆုံး ရန်က...
10/11/2023

ကောလင်းမြို့သိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးပြီး ၂၁ ဦးလက်နက်ချ အညံ့ခံ၊ PDF ရဲဘော် ၃ ဦးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်မြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်သေ ဆုံးပြီး ၂၁ ဦးလက်နက်ချအညံ့ခံကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင် သတင်း ထုတ်ပြန်သည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်မှ နိုဝင်ဘာလ ၅ ရက် ည ၇ နာရီခန့်အထိ ကောလင်းမြို့ သိမ်း တိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီဘက်မှ ၅၀ ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း ၂၁ ဦး ရှိ ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၉ လက်၊ Jammer ၄ ခု၊ ခဲယမ်း၊ ကျည်အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ ကောလင်းမြို့ကို အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၆၉ တပ်မှ ဒုဗိုလ်မှူးကြီး သက်ပိုင်မြင့် ဦးစီး အင်အား ၅၇ ဦးက အထက်တန်းကျောင်း၌လည်းကောင်း ၊ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၁၁ ၊ ၁၂၀ တပ်မှ ဒုဗိုလ်မှူးကြီး သိန်းဇော်လင်း ဦးစီးပြီး အင်အား (၄၀) ခန့်က အထွေထွေအုပ်ချုပ်ရေးရုံး၌ လည်းကောင်း ၊ ဒုရဲမှူး သန်းလွင် (မြို့နယ်မှူး) ဦးစီး ရဲအင်အား ၆၆ ဦးက ရဲစခန်း၊ ရွှေနွယ်ဖြိုး လက် ဖက် ရည်ဆိုင်နှင့် မီးရထားဘူတာတို့၌ လည်းကောင်းတပ်စွဲကာ ထိန်းချုပ်ထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် အမှတ် ၁ တပ် ရင်း၊ အမှတ် ၂ တပ်ရင်း၊ စစ်ကိုင်းတိုင်း ပကဖ၊ ကောလင်းခရိုင်/မြို့နယ် ပကဖနှင့် Federal Wings ပူး ပေါင်း အဖွဲ့တို့မှ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖြတ်တောက်ရေးအနေဖြင့် ကောလင်းခရိုင် အမှတ် တပ်ရင်း ၃ တပ်ရင်း ၄ နှင့် ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြို့သိမ်းတိုက်ပွဲ ၃ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက် တာတိုက်လေယာဉ်နှင့် ကန့်ဘလူမြို့ တကရ-၆၀၀၆ မှ တက်လာသည့် Mi-35 ရဟတ်ယာဉ်တို့ဖြင့် လေ ကြောင်း တိုက်ခိုက်မှုပေါင်း ၄၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ ၊ စစ်ဦးစီးရုံးက ထုတ်ပြန် ထား သည်။

📢မိဘပြည်သူများအားလုံးမင်္ဂလာပါခင်ဗျားCDF-Matupi၊ တပ်ရင်း-၂ မှ ပထမဆုံးအကြိမ်​အနေဖြင့် M-4 နှစ်လက်ဝယ်ယူနိုင်ရေးအတွက် ကံစမ်...
20/10/2023

📢မိဘပြည်သူများအားလုံးမင်္ဂလာပါခင်ဗျား

CDF-Matupi၊ တပ်ရင်း-၂ မှ ပထမဆုံးအကြိမ်​အနေဖြင့် M-4 နှစ်လက်ဝယ်ယူနိုင်ရေးအတွက် ကံစမ်းမဲလက်မှတ်များကို ရက်ပေါင်း(၄၀)အတွင်း ရောင်းချသွားပါမည်။

CDF-Matupi၊ တပ်ရင်း-၂ အတွက် M-4 နှစ်လက်ဝယ်ယူနိုင်ရေးကျပ်သိန်းပေါင်း ၄၀၀ ရံပုံငွေရှာဖွေပွဲ၊ ကံစမ်းမဲဖွင့်ပွဲအစီအစဥ်ကို လာမည့် Sweet Decemberတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းကိုလည်း ကြိုတင်အသိပေးလိုပါသည်။

CDF-Matupi၊ တပ်ရင်း-၂ သည် စစ်ရေးအရအလွန်အရေးပါသော ဟားခါး-မတူပီလမ်းတွင် တပ်စခန်းချထားပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေအများဆုံးတပ်ရင်းတစ်ခုလည်းဖြစ်သည်။

တပ်ရင်း-၂ သည် တပ်ဖွဲ့ဝင်အင်အားအလွန်များပြားသော်လည်း လက်နက်ခဲယမ်းလိုအပ်ချက်​ကို ကြီးကြီးမားမားကြုံတွေ့နေရပြီး M-4 နှစ်လက်ဝယ်ယူနိုင်ပါက တိုက်ပွဲတိုင်းတွင် များစွာအထောက်အကူပြုမည်ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပတွင် နေထိုင်ကြသော “မတူ”လူမျိုးများအပါအဝင် မြန်မာပြည်သူအားလုံးအနေဖြင့် မင်းအောင်လှိုင်ဦးဆောင်သော အာဏာရှင်စနစ်ကို ဖြုတ်ချ၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် ပါဝင်အားဖြည့်ကူညီပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

မြန်မာပြည်သူလူထုက မျှော်လင့်လျှက်ရှိသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီအတွက် ယခုပြုလုပ်သည့် ကံစမ်းမဲအစီအစဉ်တွင် လက်တွေ့ပါဝင်ပေးကြပါရန် ထပ်မံမေတ္တာရပ်ခံအပ်ပါသည်။

🇲🇲နိုင်ငံအလိုက် ကံစမ်းမဲတစ်စောင်ရဲ့တန်ဖိုး

US $ 15
India- 400
မြန်မာ- 10000
ဩဇီ- 20
မလေး- 30
ထိုင်း- 250
ကိုးရီးယား- 10000
ဂျပန်- 1500
EURO- 10
ဖိလစ်ပင်း- 400
တရုတ် - 50
စင်ကာပူ - 15
အစ္စရေး- 30

💶ဆုကြေးက ဘယ်လောက်လဲ ?

ပထမဆု - Iphone 15 Pro
ဒုတိယဆု - ကွန်ပျူတာ HP
တတိယဆု- ရိုးရာနွားနောက်(အထီး)
နှစ်သိမ့်ဆု - ၇ ဆု
(တစ်ဦးလျှင် ရူပီး-၁၀၀၀၀)စီ

⏰ကံစမ်းမဲလက်မှတ်ရောင်းမည့် ကာလ?

အောက်တိုဘာ (၂၅)ရက်မှ ဒီဇင်ဘာလ (၅) ရက်နေ့အထိ ရောင်းချသွားပါမည်။

🎊ကံစမ်းမဲလက်မှတ်များကို နိုင်ငံအလိုက် ကိုယ်စားလှယ်များမှတဆင့် ဝယ်ယူနိုင်သလို Future Hope Foundation Pageမှ တိုက်ရိုက်ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါသည်။

မတူပီ-ဟားခါးလမ်း၊ ဖနိုင်ကျေးရွာနှင့် ခရိုင်ရုံးအကြားတွင်matupi cdf တိုက်ရင်း 2 မှ ရဲတစ်ဉီး လက်နက်နှင့်အတူ ဖမ်းဆီး=======...
28/07/2023

မတူပီ-ဟားခါးလမ်း၊ ဖနိုင်ကျေးရွာနှင့် ခရိုင်ရုံးအကြားတွင်matupi cdf တိုက်ရင်း 2 မှ ရဲတစ်ဉီး လက်နက်နှင့်အတူ ဖမ်းဆီး
=======================================

ဇူလိုင်(၂၈)၊၂၀၂၃။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ ညနေ (၃း၃၀) ခန့်အချိန်တွင် မတူပီ-ဟားခါးလမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီခရိုင်ရုံးအကြား တစ်နေရာတွင် CDF-Matupi မှ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် ချမ်းမြေ့အောင် (ကိုင်ပိုင်အမှတ် လ-၂၃၁၉၀၈) အား ခြောက်လုံးပြူးပစ္စတိုတစ်လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ ကျည်ဆံ (၅၈) ထောင့်နှင့်တကွ လက်ရဖမ်းဆီး နိုင်ခဲ့ပြီး ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီဘက်မှ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲကြောင် matupi cdf တိုက်ရင်း 2 မှထုတ်ပြန်သည်။

မုံရွာတွင် သာစည် ရဲစခန်းမှ ကွမ်းယာ ထွက်ဝယ်သည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးရန်ကုန်၊ မေ 23စစ်ကိုင်းတိုင်း၊ မုံရွာမြို...
23/05/2023

မုံရွာတွင် သာစည် ရဲစခန်းမှ ကွမ်းယာ ထွက်ဝယ်သည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ မေ 23

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် သာစည်ရဲစခန်းမှ ကွမ်းယာဝယ်ရန် ထွက်လာသည့် ရဲနှစ်ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးသွားကြောင်း ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၀ ရက် နေ့လည် ၁၂ နာရီခန့်က သာစည်ရဲစခန်းမှ အရပ်ဝတ်ဖြင့် ထွက်လာပြီး ကွမ်းယာဝယ်နေ သော ရဲနှစ်ဦးကို ပုဏ္ဏက ပြောက်ကျား တပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၁ ၊ မုံရွာခရိုင် တပ်ရင်း၂၅ တပ်ခွဲ ၄ တို့ပူးပေါင်းကာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲ တစ်ဦး ထိမှန်ပြီး ထွက်ပြေးသွားရာ ရဲစခန်းအရောက်သေဆုံးသွားပြီး ကျန်ရဲတစ်ဦးမှ ထိမှန်ခြင်းမရှိပဲ လွတ်မြောက် သွား ကြောင်း သိရသည်။

“ခွေးတွေက နေ့တိုင်းကွမ်းယာထွက်နေကျ၊ အရင်က အခုစားတဲ့ဆိုင်မဟုတ်ဘူး၊ အခုစားတဲ့ဆိုင်ရှေ့က ဆိုင်မှာ ဝယ်နေကြ၊ တစ်ယောက်ကတော့ အတိုပါတယ်ထင်တယ်၊ ကျနော်တို့လဲမြင်ရော သင်္ကာဖြစ်လို့ အစီအစဉ်မကျပဲပစ်ခတ်ခဲ့ရတာ၊ စခန်းကလည်းနီးနေတော့၊ ကျနော်တို့ပစ်လို့ ထိတဲ့တစ်ကောင်ဆိုရင် ကုန်းပြီးပြေးတာ၊ သိပ်တောင်မပြေးနိုင်ဘူး၊ စခန်းရောက်တော့ သေသွားတယ်” ဟု ပုဏ္ဏက ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲများမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်နိုင်မရှိ ပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပြီးနောက် ရွာထဲသို့ လှည့်ပတ်ဆဲဆိုသောင်း ကျန်းကာ ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်လုပ်ဖို့ ဟားခါးသွားရင်း လမ်းမှာ သတ်ဖြတ်မီးရှို့ခံထားရသူ ၂ ဦးရဲ့အလောင်းတွေ့ရှိ========================= ...
23/05/2023

နိုင်ငံကူးလက်မှတ်လုပ်ဖို့ ဟားခါးသွားရင်း လမ်းမှာ သတ်ဖြတ်မီးရှို့ခံထားရသူ ၂ ဦးရဲ့အလောင်းတွေ့ရှိ
========================= မေလ ၂၃၊ ၂၀၂၃။

ချင်းပြည်နယ်၊ တီးတိန်မှ ဟားခါးမြို့သို့ နိုင်ငံကူးလက်မှတ်လုပ်ရန် သွားရင်း ဖလမ်း-ဟားခါးလမ်းမှာ ပျောက်ဆုံးသွားသူ တီးတိန်မြို့ ဒေသခံ ၂ ဦးရဲ့ သတ်ဖြတ်မီးရှို့ခံထားရတဲ့ ရုပ်အလောင်းကို မနေ့ မေလ ၂၂ ရက်နေ့မနက်ပိုင်းက မိသားစုဝင်များက တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

လွန်ခဲ့သော မေလ ၂ ရက်နေ့တွင် တီးတိန်မြို့နေ မကျင်းဟောက်ဝုန် ၃၇ နှစ်နဲ့ဟားခါးမြို့နေ အသက် ၃၂ နှစ်အရွယ် ဦးလျန်းဇထွန်းတို့ ၂ ဦးဟာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ ဖလမ်းမြို့ကနေ ဟားခါးမြို့ကို ဆိုင်ကယ်နဲ့ခရီးသွားရာမှာ ချွန်ကျုံးရွာနဲ့ဟားခါးအကြားမှာ အဆက်အသွယ်မရတော့ပဲပျောက်ဆုံးသွားရာကနေ မိသားစုဝင်တွေက အဲ့ဒီနေရာဝန်းကျင်ကို မနေ့ မေလ ၂၂ ရက်က သွားရောက်ရှာဖွေကြရာမှာ သတ်ဖြတ်မီးရှို့ခံထားရသော ပျက်ဆီးနေတဲ့ရုပ်အလောင်း ၂ ခု ကို တွေ့ရှိခဲ့ကြတာဖြစ်ပြီးမကျင်ဟောက်ဝုန်ယူသွားတဲ့ စီးကွင်းထိုးတီးတိန်ရိုးရာထဘီနှင့် ရိုးရာလည်ဆွဲက
ကိုရုပ်အလောင်းဘေးမှာတွေ့ရှိပြီး ပျောက်ဆုံးနေတဲ့ သူတွေဖြစ်ကြောင်း မိသားစုဝင်တွေက အတည်ပြုခဲ့ကြောင်း The Tedim Times တွင် ဖော်ပြထားပါသည်။

မိုခါမုန်တိုင်းကြောင့် မတူပီမြို့နယ်မှာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးမေလ ၁၅ရက်၊ ချင်းဂျာနယ်မိုခါမုန်တိုင်းကြောင့် ချင်းပြည်န...
15/05/2023

မိုခါမုန်တိုင်းကြောင့် မတူပီမြို့နယ်မှာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီး

မေလ ၁၅ရက်၊ ချင်းဂျာနယ်

မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းမှာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးသွားကြောင်း သတင်းရရှိပါတယ်။

မတူမြို့နယ်၊ လိုင်လင်းပီမြို့ပေါ် မှာ လူနေအိမ် ၁၁၇လုံးပျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းဌာနများမှာ တဆင့်သိရပါတယ်။

မတူပီမြို့နယ်၊ စန်ဘောင်ရပ်ကွက်မှာလည်း လူနေအိမ် ၂၀လုံးခန့် အမိုးလန် ပျက်စီးသွားတယ်လို့ သိရပါတယ်။

မတူမြို့နယ်အတွင်း ကျေးရွာ ၆ရွာမှာလည်း မုန်တိုင်းကြောင့် လူနေအိမ်တွေ ပျက်စီးသွားပါတယ်။ အိုင်ကာရွာ၊ ရွာဗားရွာ၊ လုံးခင်းရွာ၊ တိန်ဆီးရွာ၊ သွီးလောရွာနဲ့ ဖာနိုင်ရွာတို့မှာ လူနေအိမ် ၂၀၀ ၀န်းကျင် ပျက်စီးသွားပါတယ်။

ဖာနိုင်ရွာမှာ လူနေအိမ်ပျက်စီးမှုများပြားပြီး ရေဇွာမြို့မှာလည်း အိမ်ပျက်စီးမှု တစ်ချို့ရှိကြောင်း သိရပါတယ်။

"ဒီနေ့ဘာဖြစ်ခဲ့လဲ"ဒီနေ့(မေလ ၁၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်သမျှ ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလို...
11/05/2023

"ဒီနေ့ဘာဖြစ်ခဲ့လဲ"

ဒီနေ့(မေလ ၁၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်သမျှ ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

▪️မိုချာမုန်တိုင်းလေတိုက်နှုန်း မူလခန့်မှန်းချက်ထက် ပိုပြင်းလာနိုင်

မိုချာ(မိုခါ)ဆိုင်ကလုန်းမုန်တိုင်​အားအ​ကောင်းဆုံးအချိန်ဟာ ​မေလ ၁၃ ရက်မှာဖြစ်ပြီး ​ ​မေ ၁၄ ရက်မနက်ပိုင်း မြန်မာနဲ့ ဘင်္ဂလား​ဒေ့ရှ်နိုင်ငံကြားမှ ကုန်းတွင်းပိုင်းဖြတ်သန်းချိန်မှာ ​လေတိုက်နှုန်း တစ်နာရီလျှင် အနည်းဆုံးမိုင် ၈၀ ​ကျော်မှ အများဆုံး မိုင် ၁၀၀ ​ကျော် တိုက်ခိုက်နိုင်တယ်လို့​ အိန္ဒိယမိုး​ဇလက ဒီ​နေ့ထုတ်ပြန်ပါတယ်​။ မြန်မာနိုင်ငံ ​ကျောက်ဖြူမြို့ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတို့ကြား ဝင်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိနေတာပါ။ အိန္ဒိယမိုးဇလရဲ့ မနေ့က ခန့်မှန်းချက်မှာ မိုချာဆိုင်ကလုန်းမုန်တိုင်းဟာ တစ်နာရီ ​လေတိုက်နှုန်း ၆၈-၇၄ မိုင်ကျော် မှ အများဆုံး ၈၀ မိုင်နှုန်းဖြင့် ကမ်း​ခြေကို ဖြတ်​ကျော်ဝင်​ရောက်နိုင်​တယ်လို့ ကနဦးခန့်မှန်းထားရာ ဒီနေ့ ခန့်မှန်းချက်မှာတော့ ၈၇-၉၃ မိုင်မှ ၁၀၂ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ပြောင်းလဲခန့်မှန်းပါတယ်။

▪️ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းမည်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)နဲ့ တပ်မဟာ(၆)နယ်မြေမှာ တိုက်ပွဲဝင်နေတဲ့ ဒရုန်းတပ်ဖွဲ့ Federal Wings ရဲ့မြေပြင်တိုက်ခိုက်ရေး ဒရုန်းအဖွဲ့ဝင်များမှ အင်အားအချို့ကို ထုတ်နုတ်စုစည်းကာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁၈၀၁)ဒရုန်းတပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီး ကွပ်ကဲမှုအဆင့်ဆင့်ခံယူမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးပါတယ်။ Federal Wings ကော်မတီဟာ Federal Wingsရဲ့ နည်းပညာဆိုင်ရာလုပ်ငန်းများ၊ Research & Development လုပ်ငန်းများ၊ ရန်ပုံငွေရရှိရေးလုပ်ငန်းများ၊ ပစ္စည်းရွေးချယ်ဝယ်ယူခြင်း လုပ်ငန်းများကို NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

▪️မြန်မာ့အရေးက အာဆီယံအသိုင်းအဝိုင်းရဲ့ဖွံ့ဖြိုးမှုကို အဟန့်အတားမဖြစ်သင့်ဘူးလို့ အင်ဒိုသမ္မတပြော

လက်ရှိမြန်မာ့အခြေအနေက အာဆီယံအသိုင်းအဝိုင်းရဲ့ဖွံ့ဖြိုးမှု အရှိန်မြှင့်တင်ရေးကြိုးပမ်းမှုတွေကို အဟန့်အတားမဖြစ်သင့်ဘူးလို့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာ သမ္မတဂျိုကိုဝီဒိုဒိုက ပြောဆိုခဲ့တာပါ။ မနေ့က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံရှိ ပါဝင်ပတ်သက်သူ(stakeholder)အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးဆက်လက်လုပ်ဆောင်ဖို့ ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုကို အားပေးထောက်ခံကြောင်း ဖော်ပြခဲ့ပါတယ်။

▪️ကော့ကရိတ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးရမ်းပစ်လို့ အရပ်သားတစ်ဦးသေ၊ ရှစ်ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေလို့ အရပ်သားပြည်သူ ထိခိုက်မှုများရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ရဲ့ စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက ညဘက်မှာ ဒေသတွင်းရှိကျေးရွာများသို့ လက်နက်ကြီး ရမ်းပစ်နေတယ်လို့ဆိုပါတယ်။ မိုးတွင်းကာလဖြစ်လို့ ရွှေ့ပြောင်းဖို့လည်း အခက်အခဲရှိနေတယ်လို့ ဒေသခံက ပြောပါတ​ယ်။

▪️KNU နယ်မြေမှာ ဒီနှစ်အတွင်း စစ်ကောင်စီ တပ်ရင်းမှူးလေးဦးအပါအဝင် ၁,၇၀၀ ကျော်သေဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဒီနှစ်လေးလတာအတွင်း တိုက်ပွဲ ၁,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ KNUဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ မှ ဧပြီအထိ လေးလအတွင်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၊ ၎င်းတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) များအကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတ​ယ်။ စစ်အုပ်စုဘက်မှ ၁,၇၃၆ ဦးသေဆုံးကာ ၁,၁၈၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေထဲ တပ်ရင်းမှူးလေးဦး၊ ဒုတပ်ရင်းမှူး ငါးဦးပါဝင်တယ်လို့ ဖော်ပြပါတယ်။ KNLAနဲ့ KNDO ဘက်မှ ၅၉ဦး ကျဆုံးကာ ၁၉၆ ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

▪️CDF ဆဲန်ထန်ဌာနချုပ်နဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံတိုက်ခိုက်

ချင်းပြည်နယ် ဟားခါးမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်(CDF) - ဆဲန်ထန်(Senthang)ရဲ့ ဌာနချုပ်နဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီက မနေ့ညသန်းခေါင်အချိန်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF ဆဲန်ထန် သတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၈ ရက်မှာ CDF ဆဲန်ထန် ဌာနချုပ်နဲ့ တပ်စခန်းကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ညက ထပ်မံတိုက်ခိုက်လာတာပါ။ မနေ့ညက တိုက်ခိုက်မှုမှာ အဆောက်အဦထိခိုက်မှုရှိခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့ CDF ဆဲန်ထန် သတင်းရင်းမြစ်က ပြောပါတယ်။

▪️ဘော်လခဲမြို့တွင်းတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ ဝန်ထမ်းများထွက်ပြေး

ကရင်နီပြည်နယ်၊ ဘော်လခဲမြို့မှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဝန်ထမ်းနဲ့ အသိုင်းအဝိုင်းများထွက်ပြေးကာ အရာရှိများမှာ အခကြေးငွေပေးကာ ရဟတ်ယာဉ်နဲ့ ထွက်ခွါအသုံးပြုခွင့်ရရှိတယ်လို့ မြို့ခံသတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီတပ်မှာ ထွက်ပြေးတဲ့ ဝန်ထမ်းများရဲ့ အချက်အလက်ကို သိမ်းဆည်းခြင်း၊ ဖုန်းများ စစ်ဆေးမှုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဘော်လခဲမြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာလေးခုကို မေလ ၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

▪️ပုလဲနယ် ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိတယ်လို့ M7 People's Defense Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဇာမဏီက ပြောပါတယ်။ မနေ့ညပိုင်းက ကန့်ဒေါင့်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ သုံးနာရီခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ M7 People's Defense Force က အသိပေးပါတယ်။

▪️ကလေးမြို့ ရာဇာဂြိုလ်ရွာတိုက်ပွဲပြင်းထန်၊ PDF ရဲဘော်တစ်ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရာဇာဂြိုလ်ကျေးရွာမှာ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်တွေက ပြောပါတယ်။ ရာဇာဂြိုလ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီနေ့မနက်အစောပိုင်းမှာ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး PDF)က တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး PDF)မှ ရဲဘော်ကျော်ကြီးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီး ပစ်ကူတွေ အသုံးပြုခဲ့တယ်လို့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

▪️စလင်းနယ် သရက်တောရဲစခန်းကို PDFများ သွားရောက်တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ သရက်တောနယ်မြေရဲစခန်းကို ဒေသအခြေစိုက် PDF ရဲဘော်များသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ မနေ့ မနက်အစောပိုင်းက သရက်တောနယ်မြေရဲစခန်းကို PDF ရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းဖို့ပြင်ဆင်ထားခဲ့ပေမယ့် သတင်းပေါက်ကြားမှုကြောင့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ စလင်းဒေသခံတစ်ဦးက ပြောပါတယ်။

▪️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း မုံရွာမြို့လယ်ရှိ မီးပွိုင့်ထိပ်အနီးမှာ တော်လှန်လူငယ်များက တရုတ်အလံကို မီးရှို့ပြီး "China Stop.Killing Myanmar People by Supporting Fascist Criminals" ဘန်နာ ချိတ်ဆွဲကာ စစ်အုပ်စုကို ထောက်ခံအားပေးတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်က "ခင်ဗျားတို့ကောက်ရိုးမီးတွေရဲ့ နာကျင်မှုက ဘယ်နှစ်ရက်စာလဲ" စာသားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ဆင်နွှဲခဲ့ကြပါတယ်။
လက်ပံတောင်းတောင်ဒေသပြည်သူများကလည်း "သို့ . . တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" စာသားကိုင်ဆောင်ပြီး မြန်မာပြည်သူများအပေါ် လေးစားတန်ဖိုးမထားဘဲ အကြမ်းဖက်သမားစစ်အုပ်စုကို ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာ အထွေထွေသပိတ်ကော်မတီနဲ့ ဒေသခံပြည်သူများပူးပေါင်းကာ "ဖောက်ပြန်သူမှန်သမျှ တော်လှန်ကြ"၊ "အတွေးအခေါ်အမှားတွေစွန့်လွှတ်ကြ ရှေးရိုးစွဲအယူအဆအမှားတွေ တိုက်ဖျက်ကြ" စတဲ့စာသားပါ ဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် "ကြောက်စေချင်လို့ဖိနှိပ်တာကို ညီညွတ်မှုနဲ့တွန်းလှန်ကြ စည်းလုံးခြင်းသည် အင်အားပဲ" စာတန်းကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်?

သျှမ်းပြည် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပြည်သူ့စစ်များ စောင့်ဆိုင်းပေးနေရစိုင်းဆိုင်လျန် ၊ ၂၀၂၃ မေလ ၁၁ ရက်သျှမ်းပြည်အတွင...
11/05/2023

သျှမ်းပြည် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပြည်သူ့စစ်များ စောင့်ဆိုင်းပေးနေရ

စိုင်းဆိုင်လျန် ၊ ၂၀၂၃ မေလ ၁၁ ရက်

သျှမ်းပြည်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပြည်သူ့စစ်များ နှင့် အရာရှိ ဗိုလ်များပါ လာရောက်စောင့်ဆိုင်းပေးနေရကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည် တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင်ထဲရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များထဲ ပြည်သူ့စစ်များ လာရောက်စောင့်ပေးနေရကြောင်း ခရီးသွားသူများထံ သိရှိရသည်။

အဆိုပါ ပြည်သူ့စစ်များ စောင့်ဆိုင်းပြီး စစ်ဆေးပေးနေသည့် ဂိတ်များသည် မိုင်းကိုင် နှင့် နမ့်စန် စသည့် မြို့တွင်လည်း ပြည်သူ့စစ်များက သွားရောက် စောင့်ဆိုင်းနေရကြောင်း သိရသည်။

“ သျှမ်းပြည်ဘက်မှာကတော့ ပြည်သူ့စစ် နဲ့ တပ်တွေဆိုရင်တော့ ပြည်သူ့စစ်တွေကပဲ လုံခြုံရေးပေးတာ။ ဂိတ်တွေလည်း စောင့်ပေးတယ်။ မိုင်းကိုင်ဘက်မှာ သျှမ်းတပ် ၂ တပ် ရှုပ်နေတုန်းကဆိုရင် ၇၅၈ ပြည်သူ့စစ်က လုံခြုံရေးယူပေးတာ။ ပြီးတော့ မိုင်းနောင် - မိုင်းရှုးလမ်းကြားမှာလည်း တာဝန်ယူပေးတာ။ နမ့်စန်ဘက်ဆိုရင်တော့ SSS က တာဝန်ယူပေးတာ” ဟု လွိုင်လင်မြို့နယ်အတွင်း နေထိုင်သူက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် နိုင်ငံတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နှင့် တိုင်းရင်းသားလက်နက်ကိုင် အချို့ကို စစ်မျက်နှာ ဖွင့်ထားရသည့်အတွက်ကြောင့် တပ်သား အင်းအားနည်းလာကြောင်း သိရသည်။

ထိုသို့ တပ်သားအင်းအားနည်းလာသည့်အပေါ် အောက်ခြေတပ်သားများသည် ရှေ့တန်းထွက်နေရပြီး အရာရှိဗိုလ်များက စစ်ဆေးရေးဂိတ်တွင် စောင့်နေရကြောင်း သိရသည်။

“ ဒီ သျှမ်းပြည်က အောက်ခြေတပ်သားတွေက ရှေ့တန်းထွက်နေရတယ်။ အရာရှိတွေကတော့ ဂိတ်စောင့်ပြီးတော့ တောင်းစားနေကြတယ်။ ကျေးသီး - လားရှိုးလမ်းဖက်တွေမှာ သွားကြည့်လို့ရတယ်။ ၁ ပွင့် ၂ ပွင့်တွေပဲ ဂိတ်ကိုစောင့်နေကြတာ။ ဒါကို ကြည့်မယ်ဆိုရင် အောက်ခြေတပ်သားတွေကတော့ စစ်မြေပြင်မှာ ရောက်နေတယ်လို့ ယူဆရတယ်” ဟု သျှမ်းပြည်တွင်း ကားမောင်းနေသည့် ကားသမားတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီတပ်သားများသည် သျှမ်းပြည် ၊ ကရင်နီပြည် ၊ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် စသည့်ပြည်နယ်တွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် စစ်မျက်နှာဖွင့် တိုက်ခိုက်နေရသည်။

စစ်တပ်အာဏာသိမ်း ၂ နှစ်တာ ကာလအတွင်း ကရင်နီပြည် စစ်ကောင်စီ နှင့် PDF တို့တိုက်ပွဲကြားတွင် စစ်ကောင်စီတပ်သား (၁,၉၉၅) ဦး သေဆုံးသွားခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

မိုခါမုန်တိုင်း အရှိန်မြင့်လာပြီး မြန်မာပြည်သူ  ၂ သန်းကျော်ထိခိုက်နိုင်၊ စစ်​တွေမြို့က မုန်တိုင်းဖြတ်ဖွယ်ရှိသည့် လမ်း​ကြ...
11/05/2023

မိုခါမုန်တိုင်း အရှိန်မြင့်လာပြီး မြန်မာပြည်သူ ၂ သန်းကျော်ထိခိုက်နိုင်၊ စစ်​တွေမြို့က မုန်တိုင်းဖြတ်ဖွယ်ရှိသည့် လမ်း​ကြောင်းတွင် ကျ​ရောက်​နေ

ရန်ကုန်၊ မေ ၁၁

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ဒီကနေ့မှာ ပိုမို အရှိန်ကောင်းလာတာကြောင့် အနီရောင်အဆင့် သတ်မှတ်လိုက်တယ်လို့ Global Disaster Alert and Coordination SYSTEM GDACS အရေးပေါ် ထုတ်ပြန်ထားပါတယ်။

အဆိုပါ မိုခါမုန်တိုင်းကြောင့်မြန်မာပြည်က လူ၂သန်းကျော်ထိခိုက်နိုက်တယ်လို့ဆိုပါတယ်။ မုန်တိုင်းကြောင့်ထိခိုက်နိုင်တဲ့လူဦးရေအများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပြီး လူဦးရေကိုးသိန်းကျော်အထိခိုက်နိုင်တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်က လူဦးရေ ၉၃၀,၀၀၀ ကျော်၊ မကွေးတိုင်းအတွင်း လူဦးရေ ၁၇၀,၀၀၀ နှင့် စစ်ကိုင်းတိုင်း လူဦးရေ ၄၄၀,၀၀၀ တို့ဟာ အန္တရယ်ရှိတဲ့ လေပြင်းတိုက်ခတ်မှု ခံရနိုင်တယ်လို့ GDACS က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

လက်ရှိ မုန်တိုင်းဖြတ်သန်းဖွယ်ရှိတဲ့ လမ်း​ကြောင်းက စစ်​တွေမြို့ကို ဖြတ်သန်းနိုင်ဖွယ်ရှိတဲ့ အ​ခြေ​အ​နေရှိ​နေတယ်လို့ မိုးဇလခန့်မှန်းချက်​တွေက ဆိုပါတယ်။

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးရန်ကုန်၊ မေ ၁၁ စစ်ကိုင်းတိုင်း၊ ပုလဲမ...
11/05/2023

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာရှိ နယ်မြေရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း M7 People’s Defense Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ မေလ ၁၀ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်မှ ည ၁၂ နာရီခန့်အထိ ပုလဲမြို့နယ်၊ မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမပေါ်ရှိ အကြမ်းဖက်စစ်သား အင်အား ၇၀ ခန့်ဖြင့်တပ်စွဲထားသော ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တပ်ရင်းတွေ ၊ LPDF တွေ အများကြီးနဲ့ ဝင်တိုက်ခဲ့တာပါ၊ စခန်းသိမ်းဖို့ ကြိုး စားခဲ့တာ၊ စခန်းတော့ မသိမ်းနိုင်ခဲ့ဖူး၊ စခန်းနားကို ပေ ၈၀ အကွာလောက်အထိတော့ ကပ်နိုင်ခဲ့တယ်၊ ခွေးတွေဘက်က ၆၀ မမတွေနဲ့လည်း ပြန်ပစ်တယ်။စစ်ကူလာတာတော့ မရှိပါဘူး” ဟု M7 People’s Defense Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သ တင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ၂၀၂ တပ်ရင်း M7 PEOPLE'S DEFENSE FORCE အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး စိုးရိမ်ရကြောင်း M7 PEOPLE'S DEFENSE FORCE ထံမှ သိရသည်။

နေတိုး မဟာမိတ် ၁၃ နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မယ့် နေရာကို ရုရှား စစ်သင်္ဘောတွေ ချဉ်းကပ်လာနေမဲခေါင်၊ မေ ၅မေ ၈ ရက်နေ့က...
05/05/2023

နေတိုး မဟာမိတ် ၁၃ နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မယ့် နေရာကို ရုရှား စစ်သင်္ဘောတွေ ချဉ်းကပ်လာနေ

မဲခေါင်၊ မေ ၅

မေ ၈ ရက်နေ့ကနေ စပြီး နေတိုး မဟာမိတ် ၁၃ နိုင်ငံက တပ်တွေ စုပေါင်း စစ်ရေးလေ့ကျင့်မယ့် နော်ဝေ မြောက်ပိုင်း ပင်လယ်ပြင်ကို ရုရှား စစ်သင်္ဘောတွေ ချဉ်းကပ်လာနေကြောင်း သိရပါတယ်။

အမေရိကန် အပါအဝင် မဟာမိတ်နိုင်ငံပေါင်း ၁၃ နိုင်ငံက စစ်သင်္ဘောပေါင်း ၂၀ ကျော်၊ လေယာဉ် ၃၅ စီး၊ ကုန်းတွင်း တပ်ဖွဲ့ ၈ ဖွဲ့ ပါဝင်မယ့် အာတိတ်စက်ဝိုင်းတွင်း လေကြောင်း၊ ရေကြောင်း ဒုံးကျည်ကာကွယ်ရေး စုပေါင်း လေ့ကျင့်မှုကို Formidable Shield လို့ နာမည်ပေးထားပြီး ယူကေနဲ့ နော်ဝေက ပူးတွဲ အိမ်ရှင်အဖြစ်နဲ့ စစ်သည်ပေါင်း ၄,၀၀၀ ကျော် ပါဝင် လေ့ကျင့်သွားကြမှာ ဖြစ်ပါတယ်။

ရုရှား ရေတပ်နဲ့ လေတပ်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း နော်ဝေနဲ့ နီးတဲ့ ဘားရန့်နဲ့ ပင်လယ်ဖြူထဲမှာ မကြာခဏ ဆိုသလို ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်နေခဲ့တဲ့ အတွက် နော်ဝေ အစိုးရက ခြိမ်းခြောက်လာတဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ စစ်ရေး အသုံးစားရိတ် ပိုတောင်းပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှု လုပ်ရကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီလို အခြေအနေမှာ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက နျူကလီးယား တင်ဆောင် ဒုံးတွေပါတဲ့ ရုရှား စစ်သင်္ဘော ၇ စီးဟာ ခိုလာကျွန်းဆွယ်ကနေ စတင်ထွက်ခွာလာပြီး စစ်ရေးလေ့ကျင့်မယ့် မြောက်ပင်လယ် နယ်နမိတ်ဘက်ကို ခုတ်မောင်းလာနေရာမှာ အနီးစပ်ဆုံးနေရာကို ရောက်လာနေကြောင်း၊ နော်ဝေ မြောက်ပိုင်းက အရေးပါတဲ့ စစ်ရေး အခြေခံ အဆောက်အအုံတွေကို ရုရှား စစ်သင်္ဘောတွေက ပစ်ခတ်တိုက်ခိုက်လာမယ့် စိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း နော်ဝေ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရုရှား စစ်သင်္ဘော ၇ စီး နော်ဝေနိုင်ငံဘက် အနီးဆုံး ခုတ်မောင်းလာမှုဟာ ကိုဗစ်ကပ်ဆိုးဖြစ်ပြီးနောက် အင်အား အများဆုံးနဲ့ အနီးကပ်ဆုံး လာရောက်ခြိမ်းခြောက်တာဖြစ်ပြီး ဒီခြိမ်းခြောက်မှုကို တန်ပြန်ရေးအတွက် နေတိုး မဟာမိတ်အဖွဲ့ဝင် ၁၃ နိုင်ငံဟာ Formidable Shield စစ်ရေးလေ့ကျင့်မှုမှာ ရုရှား စမ်းသပ်ပစ်ခတ်လက်နက် တွေဖြစ်တဲ့ ရေငုပ်သင်္ဘောကနေ ပစ်တဲ့ဒုံး၊ အသံထက်မြန်တဲ့ဒုံး၊ ခရုဇ်ဒုံးတွေကို တန်ပြန်ဖျက်ချပစ်ခတ်တဲ့ လက် တွေ့ လေ့ကျင့်ပစ်ခတ်မှုတွေပါ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရွှေဘိုမြို့နယ်၊ တည်သီးတော ရွာမှ ပျူစောထီး ညို့ဌေးဦးနှင့် နန်းအောင်တို့ကို ဖမ်းဆီးရာတွင် ပြန်လည်ခုခံ၍  ၂ ဦးလုံး  ပွဲချင်...
05/05/2023

ရွှေဘိုမြို့နယ်၊ တည်သီးတော ရွာမှ ပျူစောထီး ညို့ဌေးဦးနှင့် နန်းအောင်တို့ကို ဖမ်းဆီးရာတွင် ပြန်လည်ခုခံ၍ ၂ ဦးလုံး ပွဲချင်းပြီး‌ သေဆုံး၊ ငါန်းဇွန်တွင် ငါန်းမြာကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာရှိ ပျူစောထီး ညို့ဌေးဦးနှင့် နန်းအောင်ကို မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန် စောင့်ဆိုင်းဖမ်းဆီးရာ ပြန်လည်ခုခံ၍ ပစ်ခတ်ခဲ့သဖြင့် ၂ ဦးလုံးပွဲချင်းပြီး သေဆုံးကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်- Wild Tiger LPDF အဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

ညို့ဌေးဦးနှင့် နန်းအောင်သည် တည်သီးတော့ ပျူစောထီးခေါင်းဆောင် မောင်ဆန်း၏ တပည့်များဖြစ်ပြီး ရွှေဘိုမြို့မှ တည်သီးတောကျေးရွာသို့ ဈေးဝယ်ပြီး အပြန်တွင် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့ဘက်က လက်လုပ် သေနတ်အတိုပါတယ်။ ကြိုသိလို့ စောင့်တာ။ အခုထိ အလောင်းလည်း လာမကောက်ကြသေးဘူးဗျ” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်- Wild Tiger LPDF အဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF)အဖွဲ့ နှင့် ဗိုလ်ဂျပန်ကြီး - SHWEBO LPDF၊ DOG KILLER SHWEBO- LPDF၊‌ဖားရွှေကျော် ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မတစ်ထောင် (တစ်ကောင်ဘွား)- ဒီပဲယင်းအဖွဲ့၊ တောင်သူကြီးများအဖွဲ့ - LDF ၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၅ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း၊ ငါန်းဇွန်မြိုနယ်၊ ငါန်းမြာကြီးကျေးရွာ အုပ် ချုပ် ရေးမှူးကို အောင်သန်းဇော်သည် လက်ဖက် ရည်ဆိုင်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်၍ လက်ဖက် ရည်သောက်ပြီး နေအိမ်အပြန် သေနတ်ဖြင့် ပစ်ခတ်ခံရကာ အောင်သန်းဇော် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ABSDF နှင့် PDF တပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့်  စစ်ကောင်စီတပ်သား ၆၁ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိရန်ကုန်...
05/05/2023

ABSDF နှင့် PDF တပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆၁ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ

ရန်ကုန်၊ မေ 5

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF စစ်ကြောင်း ၃ နှင့် PDF တပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင် စစ်ကောင်စီတပ်သား ၆၁ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ABSDF Column - 3 က သတင်းထုတ်ပြန်သည်။

ABSDF ကျောင်းသားတပ်မတော် ABSDF စစ်ကြောင်း ၃ အနေဖြင့် လက်ရှိ တပ်ရင်း ၂ ရင်း ဖြစ်တဲ့ ယောဒေသ မှာရှိသည့် အမှတ် ( ၁၂ ) တပ်ရင်း နှင့် ချင်းတွင်းဒေသ တပ်ရင်း တို့ဖြင့် မကွေးတိုင်း စစ်ကိုင်းတိုင်းတို့တွင် PDF တပ်ရင်းများ ၊ Local PDFများ ၊ ပ.က.ဖ များဖြင့် တွဲဖက်၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ABSDF နှင့် PDF တပ်များ ပူးပေါင်းတိုက်ခိုက်ကြရာတွင် မတ်လ ၃၁ရက်နေ့တွင် ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းကို ဂန့်ဂေါခရိုင် PDF တပ်ရင်းများ၊ ပ.က.ဖများဖြင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူ အင်အား ၄၅ ဦးခန့်သေဆုံး ၊ ၁၀ ဦးဒါဏ်ရာရ ရှိခဲ့ပြီး ၊ရန်သူ့ လက်နက် G3 ၄ လက် ၊ G4 ၁လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၃ရက်နေ့တွင် ဂန့်ဂေါမြို့ မြစ်သာမြစ်ရိုးအတိုင်းထွက်ခွာ စစ်ကြောင်ထိုးလာသည့် အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကြောင်းကို ဂန့်ဂေါခရိုင် PDFတပ်ရင်းများ ၊ Local PDF များ ၊ ပ.က.ဖများဖြင့် ပူးပေါင်း၍ ဂန့်ဂေါမြို့ စိုင်ဒူးကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။


ထို့အတူ ဧပြီလ ၅ရက်နေ့တွင် ပုလဲမြို့နယ် ဇီဖြူကုန်းရွာမှ ကန်းထောင့် ရဲစခန်းသို့ ထွက်ခွာလာသည့် စစ်တပ်နှင့် ပျူစာထီးများကို ကန်းထောင့်ကျေးရွာ အနီးတွင် ABSDF ချင်းတွင်းဒေနှင့်ညီနောင် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း၊ ဧပြီလ ၇ ရက်နေ့တွင်မူ ဂန့်ဂေါမြို့ ခ.လ.ရ ( ၅၀ ) မှ ထွက်ခွာလာသော အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနှင့် ဂန်ဂေါမြို့နယ် လာပို့ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

05/05/2023
04/05/2023
ဟားခါး-ဖလမ်းအကြားတွင် ကျဆုံးသွားသော CNA ရဲဘော် ၂ဦးကို သင်္ဂြိုဟ်======ယနေ့ ဧပြီ ၁၄ရက်နေ့တွင် ဖြစ်ပွားတဲ့ ဟားခါး-ဖလမ်းအကြ...
14/04/2023

ဟားခါး-ဖလမ်းအကြားတွင် ကျဆုံးသွားသော CNA ရဲဘော် ၂ဦးကို သင်္ဂြိုဟ်
======
ယနေ့ ဧပြီ ၁၄ရက်နေ့တွင် ဖြစ်ပွားတဲ့ ဟားခါး-ဖလမ်းအကြားတိုက်ပွဲတွင် ကျဆုံးသွားသော ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့နှစ်ဦးဖြစ်ကြသည့် ဒရုန်းဆရာ ဗိုလ်ဆလိုင်းရှိန်းထက်အောင်နဲ့ ဗိုလ်ဆလိုင်းဗန်ဗျက်ထောင်းတို့နှစ်ဦးကို ယနေ့ည‌နေပိုင်းတွင် ဂုဏ်ပြုသင်္ဂြိုလ်ခဲ့ကြောင်း သိရပါတယ်။

Address


Telephone

+918448813896

Website

Alerts

Be the first to know and let us send you an email when Aung Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share