Salai Linyn Donn

Salai Linyn Donn I can't do anything without God

26/09/2023

ခေတ်ပြိုင်နိုင်ငံရေးမူဝါဒ(Contenporary Political Theory)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ခေတ်ပြုင်နိုင်ငံရေးမူဝါဒဆိုတာ ဒီတိုင်းရိုးရိုးလေးစဥ်းစားကြည့်ရင်ရိုးရှင်းသလိုလိုနဲ့ ရှုပ်ထွေးနေတာကိုလည်းတွေ့ရပါတယ်။တစ်ချို့သောသူတွေက. နိုင်ငံတစ်ငံနှင့်တစ်နိုင်ငံရဲ့ နိုင်ငံရေးပြိုင်ဆိုင်မှု၊စီပွားရေး၊လူမှုရေး အရ နိုင်ငံရေးပြိုင်ဆိုင်မှု စသည်တို့ဖြင့်ရှုမြင်ကြပါတယ်။ကျွန်တော့်အမြင်ကလည်းခုစာဖတ်သူတွေနဲ့တူချင်မှတူမှာပါ။ကျွန်တော်က နိုင်ငံရေးသမားမဟုတ်သလို ဖရောဖယ်ရှင်နယ်တစ်ယောက် လည်းမဟုတ်ခဲ့ဘူးဆိုတာရိုးရိုးသားသားဝန်ခံချင်ပါတယ်။
မတူညီတဲ့လူတွေမှာမတူညီတဲ့ အတွေးအခေါ် ၊မတူညီတဲ့အမြင် ကိုယ်စီကိုယ်စီပိုင်ဆိုင်ထားတာကိုလည်းနားလည်ထားပါတယ်။
အရင်ဆုံးနိုင်ငံရေးလို့ပြောလိုက်ရင် မေးခွန်းထုတ်စရာတွေရှိပါတယ်။နိုင်ငံရေးဆိုတာဘာလဲ့?နိုင်ငံရေးဆိုတာ တစ်ချို့သောသူတွေက ဘယ်သူတွေကိုအရင်ဆုံးပြေးမြင်လဲ့ဆိုတော့ သမ္မတ၊လွတ်တော်ကိုယ်စားလှယ်၊ဝန်ကြီးချုပ် စသည်ဖြင့် သူတွေကိုပဲ့နိုင်ငံရေးသမားထင်ပြီး သူတို့ကနိုင်ငံရေးပဲ့မြင်ကြတာများပါတယ်။ တကယ်တော့နိုင်ငံရေးဆိုတာ ပြည်သူလူထုနဲ့ဖွဲ့စည်းတည်ထောင်
ထားတဲ့လူမှုအဖွဲ့အစည်း လို့ပဲ့ကျနော်ကမြင်ပါတယ်။ ဘာဖြစ်လို့လဲ့ဆိုတော့ ပြည်သူလူထု ရဲ့ စားဝတ်နေရေး၊စီးပွားဖွံဖြိုးတိုးတက်ရေး၊ကျန်းမာရေး၊ပညာရေး စသည့် ကိစ္စရပ်များ ကို ပြည်သူလူထုမှတစ်ဆင့်တာဝန်ခန့်အပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်များက နိုင်ငံရေးတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ရခြင်းပဲ့ဖြစ်ပါတယ်။
ဆိုတော့ 'ခေတ်ပြိုင်နိုင်ငံရေး'ဆိုတာဘာလဲ့?စဥ်းစား တွေးခေါ်စရာတွေဖြစ်ပါတယ်။တကယ်တော့ ခေတ်ပြိုင်နိုင်ငံရေးဆိုတာ နိုင်ငံရးရှုပ်ထွေးနေချိန်(သို့) တိုင်းပြည် အေးချမ်းတည်ငြိမ်မှုပျက်သုဥ်းသွား ချိန်တွေ ကျင့်သုံးဆောင်ရွက်ရမယ့်နည်းလမ်းတွေပဲ့ဖြစ်ပါတယ်။ ဒါဆိုရင် ဘာတွေရှုပ်ထွေးပြီးဘယ်လိုနည်းလမ်းတွေပါလိမ့်?။ဘယ်လို ပုံစံနိုင်ဖြေရှင်း သင့်မှာလဲ့ ဆိုတဲ့မေးခွန်းတွေက တန်းစီနေပြန်ပါတယ်။
နိုင်ငံရေးနဲ့ဒွိတွဲ့နေတဲ့ လူမှု​ ရေးဆိုင်ရာပြသနာ၊ ပါတီရေး ဆိုင်ရာပြသနာ တွေက နိုင်ငံရေးရဲ့အဓိကပြသနာဖြစ်တယ်လို့မြင်နေရပါတယ်။ဒီလိုပြသနာ တွေညှိနှိုင်း ဖြေရှင်းဆောင်ရွက်လို့ မရတဲ့အခြေအနေကို နိုင်ငံရှုပ်ထွေးမှုလို့ခေါ်ပါတယ်။ ဒီအချိန်မှာ နိုင်ငံတစ်နိုင်ငံရဲ့နိုင်တော်ကာကွယ်​ ရေးနှင့်လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတော်သမ္မတအပါအဝင် အထက်လွတ်တော် အောက်လွတ်တော်ရဲ့ထောက်ခံသဘောတူညီချက်ဖြင့် နိုင်ငံတော်ဖွဲ့သည်းပုံ အခြေခံဥပဒေ အရ နိုင်ငံတော်အာဏာ ကိုအချိန်ကာလတစ်ခုအထိ ထိန်သီမ်းနိုင်သည်။အဲဒါကို အာဏာထိန်းခြင်းလို့ခေါ်ပါတယ်။သိုသော် နိုင်ငံတာ်ရဲ့အာဏာ(တစ်နည်းအားဖြင့်)ပြည်သူလူထု၏အာဏာကိုအတင်းအဓမ သိမ်းယူပြီး ပြည်တွင်းစစ်ဖြစ်အောင်ဆောင်ရွက်ရွက်နေခြင်း၊ပြည်သူလူထုတစ်ရပ်လုံး၏ကန့်ကွက်ဆန္ဒပြ ကိုခံရခြင်း၊ ဝေဖန်မှုမျာကြုံရခြင်း၊နိုင်ငံရေး အရ လက်နက်ကို အင်အားကြီးများ အဆမတန် ပေါ်ပေါက်လာခြင်းများကြုံတွေ့ရခြင်းကို တန်ဖိုးမဲ့နိုင်ငံရေး(Value-free politics)ဟုခေါ်ပါတယ်။
ဒီလို တန်ဖိုးမဲ့နိုင်ငံရေး(Value-Free Politics)ကိုဖြေရှင်းဖို့က နည်းလမ်းနှစ်ခုပဲ့ဖြေရှင်းလို့ရတယ်။အပြုသဘောဆောင်(Positive)ဖြေရှင်းခြင်းနဲ့အပြုသဘောမဆောင်(Negative)နည်းလမ်းတွေပဲ့ဖြစ်ပါတယ်။အပြုသဘောမဆောင်တဲ့နည်းလမ်းတွေက ဖြေရှင်းတာလွယ်ပါတယ်။လူမျိုးတုန်း သတ်ဖြတ်ခြင်းအပါအဝင် စီးပွားရေးပိတ်ပင်ခြင်း၊ကျန်းမာရေးပိတ်ဆို့ခြင်း၊ပည်ာရေးအမှောင်ချခြင်းတွေပါဝင်ပါတယ်။
အပြုသဘော ဆောင်တဲ့ဖြေရှင်းခြင်းမှာ နှစ်ဖက်စလုံးတန်းတူညီမျှမှုကိုဖော်ဆောင်တဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းတွေပဲ့ဖြစ်ပါတယ်။လူမှုရေးပြသနာ၊ပါတီရေး ဆိုင်ရာပြသနာ တွေမှာ တရားမျှတမှု(Justice)၊တန်းတူညီမျှမှု(Equality)၊လွတ်လပ်မှု(Liberty) စသည့်အခြေပြသနာများကို ကူညီပံ့ပို့မှု ပြုလုပ်ပီးထိခိုက်မှု၊နစ်နာ မှု နည်းနိုင်သမျှ နည်းအောင်ပြုလုပ်ဖြေရှင်းရမှာဖြစ်ပါတယ်။မတူညီသော လူမျိုးများ၏မတူညီသော ဘာသာစကား၊စာပေ ယဥ်ကျေးမှု ကိုယ်ပိုင် လွတ်လပ်စွာ ပြဋ္ဌာန်းခွင့်တွေ လိုအပ်ပါတယ်။နိုင်ငံတကာရဲ့ ကူညီပ့ံပို့မှုနဲ့ အကြံပေးတောင်းခံမှုတွေလည်းလိုပါတယ်။
John Rawls,Robert Nozick,Habbermas. နိုင်ငံရေးအတွေးအခေါ်ပညာရှင်များရေးသားဖော်ပြထားတဲ့ ကောက်နုတ်ချက်များကို
သဘောကျလို့ မျှဝေပေးခြင်းသာဖြစ်ပါတယ်။အတိုချုပ်ပြောရရင် ခေတ်ပြိုင်နိုင်ငံရေး ဆိုတာ လူ့အခွင့်အရေးတန်းတူညီမျှမှုနဲ့ တရားမျှတမှုကိုအဃြေံတဲ့ ညှုံနှိုင်းဆောင်ရွက်ခြင်းနည်းလမ်းတွေပဲ့ဖြစ်ပါတယ်။

စက်တင်ဘာ ၂၆ရက် ၂၀၂၃

Address

Shillong

Telephone

+918798512090

Website

Alerts

Be the first to know and let us send you an email when Salai Linyn Donn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Salai Linyn Donn:

Share


Other Digital creator in Shillong

Show All