Today Situations in Myanmar

Today Situations in Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Today Situations in Myanmar, News & Media Website, Delhi.

India နိုင်ငံ၊ နယူးဒေလီမှာ မြန်မာပြည် 10တန်း အောင်လက်မှတ်ရှိယုံနဲ့ University ‌၀င်ခွင့်ရမဲ့အခွင့်အရေး(အသက်မကန့်သတ်ထားပါဘ...
30/03/2024

India နိုင်ငံ၊ နယူးဒေလီမှာ မြန်မာပြည် 10တန်း အောင်လက်မှတ်ရှိယုံနဲ့ University ‌၀င်ခွင့်ရမဲ့အခွင့်အရေး(အသက်မကန့်သတ်ထားပါဘူး) ၊ မြန်မာပြည်ကနေ စစ်တပ်ထဲမ၀င်ချင်လို့ ဘယ်သွားရမှန်းမသိတဲ့သူတွေအတွက် လမ်းညွှန်ပေးလိုပါတယ် ရွေးချယ်စရာ Course တွေအများကြီးရှိတဲ့အပြင်၊ entrance exam ‌ဖြေစရာမလိုတော့ ကိုယ်တွေတွက် ကျောင်းလခလေးသွင်းယုံနဲ့ တက်ခွင့်ရမှာပါ international students အတွက် 50% အထိ scholarship ‌ရနိုင်မှာဖြစ်ပြီး၊ UN card ၊ယာယီ card နဲ့ တက်လို့ ရမှာဖြစ်ပါတယ်။
စိတ်၀င်စားတဲ့သူတွေအတွက် link ချပေးထားပါတယ်၊ အကူညီလိုအပ်တဲ့သူတွေအတွက်၊ စုံစမ်းမေးမြန်းနိုင်သလို့ ၊ ယုခုလက်ရှိတက်ရောက်နေတာ မြန်မာကျောင်းသားတွေဆီကလည်း အကြံဉာဏ်တောင်းခံနိုင်ပါတယ်ရှင်၊ ခုကစပြီး addmission စတင်လက်ခံနေပြီး
August လမှာ ကျောင်းစတက်ရတော့မှာဖြစ်ပါတယ်။ ကျောင်းကအဆောင်စရိတ်က ဈေးကြီးတယ်လို့ထင်တဲ့သူတွေအတွက် အပြင်အဆောင်ဌားခ မြန်မာငွေ လစဉ် 2သိန်းခွဲလောက်ကုန်ကျမှာဖြစ်ပြီး (စားစရိတ်မပါ)ကိုယ့်ဖာသာကိုယ် စိတ်ကြိုက် ချက်စားနိုင်မှာဖြစ်ပါတယ် ။
Note : မြန်မာပြည်ကနေ စိတ်၀င်စားသူများ ကျောင်း website ကနေမဆက်သွယ်ပါနဲ့ သူတို့က 12တန်းအောင်လက်မှတ်တောင်းမှာပါ၊ ရှိရင်ရပါတယ် 10 အောင်လက်မှတ်ဘဲရှိတဲ့သူက ကျမကို ဆက်သွယ်နိုင်ပါတယ် မြန်မာကျောင်းသားဟောင်းတွေကြိုးပမ်းမူကြောင့် 10တန်းအောင်လက်မှတ်နဲ့လက်ခံတာဖြစ်တဲ့အတွက် online ကနေမဆက်သွယ်ဘဲ ကျောင်းသားဟောင်းတွေဆီကတဆင့်ဆက်သွယ်ရင် တက်ရောက်ခွင့်ရမှာဖြစ်ပါတယ် https://admissions.sharda.ac.in/apply/?utm_source=Google_Search&utm_medium=cpc_Brand&utm_campaign=2024-Brand-PANIndia(EX)&utm_keyword=sharda%20university&gad_source=1&gclid=Cj0KCQjw8J6wBhDXARIsAPo7QA_4gcnuyJKtCuHnz82hqxMaF1MfocLYc1scsK67u-aTEQSih6kBqsUaAqxuEALw_wcB

2021 Feb 1           |🌑🌑🌑🌑          |2022 Feb 1
01/02/2022

2021 Feb 1
|
🌑🌑🌑🌑
|
2022 Feb 1

ဇွန် (၁၉ )ရက် ကျိုင်းတုံ ၌ည (၉ )နာရီ တွင် (၁)နှစ်ကျော် သမီးလေး နေမကောင်းသဖြင့် ဖခင်ဖြစ်သူက ၎င်း၏ကလေးကို တဖက်တွင်ပွေ့ချီပြီး...
23/06/2021

ဇွန် (၁၉ )ရက်
ကျိုင်းတုံ ၌ည (၉ )နာရီ တွင် (၁)နှစ်ကျော် သမီးလေး နေမကောင်းသဖြင့် ဖခင်ဖြစ်သူက ၎င်း၏ကလေးကို တဖက်တွင်ပွေ့ချီပြီး ဆိုင်ကယ်မောင်းကာ ဆေခန်းပြခဲ့သည်။ နေအိမ်အပြန်လမ်းတွင် စကစ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကား၊ စစ်ကား ၊ ရဲကား တို့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရာ လမ်းရှောင်မောင်းခဲ့သော်လည်း ထွေအုပ်ကားက လိုက်လံတိုက်ခဲ့သည်။

ထိုကားတိုက်မှုကြောင့် လက်တွင် ပွေ့ချီထားသည့် (၁)နှစ်ကျော်သမီးလေး လွင့်ထွက်သွားပြီး၊ ခေါင်းကို အုတ်နှင့် စောင့်မိကာ ဒဏ်ရာပြင်းထန်းမှုကြောင့် (၁၀)မိနစ်အကြာတွင် ကလေးသေဆုံးခဲ့သည်။
Crd #

စစ်သင်တန်းတတ်ချင်သူများအတွက်ဆက်သွယ်ဖို့ လိပ်စာ NUGထုတ်ပြန်ဖေဖော်ဝါရီလ (၁)ရက်နေ့ ကစလို့ မြန်မာအကြမ်းဖက်စစ်အုပ်စု က မတရား ...
02/06/2021

စစ်သင်တန်းတတ်ချင်သူများအတွက်ဆက်သွယ်ဖို့ လိပ်စာ NUGထုတ်ပြန်
ဖေဖော်ဝါရီလ (၁)ရက်နေ့ ကစလို့ မြန်မာအကြမ်းဖက်စစ်အုပ်စု က မတရား အာဏာ သိမ်းပြီး နောက်မှာ ပြည်သူတွေထဲက လူငယ်တွေအနေနဲ့ ပြည်သူတွေကို ပြန်လည် ကာကွယ် ဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ EAOs များထံ ၀င်ရောက်ကာ စစ်သင်တန်း များ သင်ကြားလျက်ရှိရာမှာ မေလ(၂၈) နေ့က အပတ်စဉ်(၁)သင်တန်းသားများ စစ်သင်တန်းဆင်းပြီဖြစ်ပြီး နောက်ထပ် သင်တန်းများကိုလဲ ဆက်လက်ပို့ချ သင်ကြားလျက်ရှိပါတယ်။
အခုလက်ရှိ NUG ကာကွယ်ရေး၀န်ကြီး ဌာန လက်အောက်ရှိ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိတဲ့ စစ်သင်တန်းတွေမှာ ပြည်သူ့အတွက် ကာကွယ်ရေးတာဝန် ထမ်းချင်သူတွေ အနေနဲ့ NUGကနေ အီးမေးလ်လိပ်စာတစ်ခု ထုတ်ပြန်ပေး ခဲ့ပါတယ် ၊အဲ့ဒီ မေးလ် လိပ်စာကတော့ [email protected] ဖြစ်ပြီး အဲ့ဒီကို ပေးပို့မေးမြန်းလို့ရပါတယ်၊ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် မေးလ်လိပ်စာဖြစ်ပြီး နီးစပ်ရာ လိုက်မေးတာမျိုးမလုပ်ဘဲ တိုက်ရိုက် အီးမေးလ်ပို့ ဆက်သွယ်ဖို့ ထုတ်ပြန်ချက်မှာ ထည့်သွင်း မှာကြားထားပါတယ်။

According to reports, a package was thrown in front of the primary school on Zalun Road in Sanchaung Township.At around ...
02/06/2021

According to reports, a package was thrown in front of the primary school on Zalun Road in Sanchaung Township.
At around 11 a.m. on June 2, four police and military vehicles arrived and closed Zalun Road for nearly half an hour, warning residents on the street not to leave their homes.
စမ်းချောင်းက မူလတန်းကျောင်းရှေ့ ဗုံးလန့်
စမ်းချောင်းမြို့နယ်၊ဇလွန်လမ်းထဲက မူလတန်းကျောင်းရှေ့မှာအထုပ်တစ်ထုပ်လာပစ်သွားတဲ့အကြောင်းသတင်းအရ မိုင်းရှင်းလင်းရေးအဖွဲ့တွေက လာရောက်ရှင်းလင်းခဲ့ရာမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းမဟုတ်ဘဲ အမှိုက်ထုပ်တစ်ခုကိုပဲတွေ့ခဲ့ရပါတယ်။
ဒီကနေ့ ဇွန်လ ၂ ရက် မနက် ၁၁ ဝန်းကျင်က ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ ရဲနဲ့စစ်ကား ၄ စီးရောက်လာပြီး ဇလွန်လမ်းကို နာရီဝက်နီးပါး ပိတ်ချလိုက်ပြီး လမ်းထဲက ပြည်သူတွေကိုလည်း အိမ်ထဲကအိမ်ပြင်မထွက်ကြဖို့ သတိပေးခဲ့ပါတယ်။
အဲ့ဒီနောက် မိုင်းရှင်းလင်းရေးအဖွဲ့တွေက စစ်ဆေးခဲ့ပြီး အမှိုက်ထုပ်လို့ သိရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအမှိုက်ထုပ်ကိုသယ်မသွားကြဘဲ လမ်းဘေးမှာသာထားခဲ့ကြပါတယ်။
ဒီသတင်းအပါအဝင် နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-57242648

According to reports, a package was thrown in front of the primary school on Zalun Road in Sanchaung Township.At around ...
02/06/2021

According to reports, a package was thrown in front of the primary school on Zalun Road in Sanchaung Township.
At around 11 a.m. on June 2, four police and military vehicles arrived and closed Zalun Road for nearly half an hour, warning residents on the street not to leave their homes.
စမ်းချောင်းက မူလတန်းကျောင်းရှေ့ ဗုံးလန့်
စမ်းချောင်းမြို့နယ်၊ဇလွန်လမ်းထဲက မူလတန်းကျောင်းရှေ့မှာအထုပ်တစ်ထုပ်လာပစ်သွားတဲ့အကြောင်းသတင်းအရ မိုင်းရှင်းလင်းရေးအဖွဲ့တွေက လာရောက်ရှင်းလင်းခဲ့ရာမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းမဟုတ်ဘဲ အမှိုက်ထုပ်တစ်ခုကိုပဲတွေ့ခဲ့ရပါတယ်။
ဒီကနေ့ ဇွန်လ ၂ ရက် မနက် ၁၁ ဝန်းကျင်က ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ ရဲနဲ့စစ်ကား ၄ စီးရောက်လာပြီး ဇလွန်လမ်းကို နာရီဝက်နီးပါး ပိတ်ချလိုက်ပြီး လမ်းထဲက ပြည်သူတွေကိုလည်း အိမ်ထဲကအိမ်ပြင်မထွက်ကြဖို့ သတိပေးခဲ့ပါတယ်။
အဲ့ဒီနောက် မိုင်းရှင်းလင်းရေးအဖွဲ့တွေက စစ်ဆေးခဲ့ပြီး အမှိုက်ထုပ်လို့ သိရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအမှိုက်ထုပ်ကိုသယ်မသွားကြဘဲ လမ်းဘေးမှာသာထားခဲ့ကြပါတယ်။
ဒီသတင်းအပါအဝင် နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-57242648

ဒီနေ့ ဇွန် ၁ ရက်မှာ အခြေခံပညာကျောင်းတွေကို နိုင်ငံတဝန်း စတင်ဖွင့်လှစ်ပေမယ့်အပြည့်အ၀ မလည်ပတ်နိုင်သလို ကျော....

On the other side of Monywa, several villages went on strike against the military dictatorshipThe Irrawaddy June 1 2021S...
01/06/2021

On the other side of Monywa, several villages went on strike against the military dictatorship
The Irrawaddy June 1 2021
Sagaing Division Many villagers on the other side of Monywa protested this morning against the military dictator.
Photo: CJ


မုံရွာတဖက်ကမ်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်
ဧရာဝတီ၊ ဇွန် ၁၊ ၂၀၂၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တဖက်ကမ်းရှိ ရွာပေါင်းစုံသပိတ်စစ်ကြောင်းမှာ ယနေ့ မနက်ပိုင်းတွင် လူထုအင်အားမြောက်များစွာဖြင့် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဓာတ်ပုံ - CJ

Military council guards with unemployed parents at some schools in Mandalayမန္တလေးစာသင်ကျောင်းတစ်ချိူ့ တွင် အလုပ်အကိုင်မ...
01/06/2021

Military council guards with unemployed parents at some schools in Mandalay
မန္တလေးစာသင်ကျောင်းတစ်ချိူ့ တွင် အလုပ်အကိုင်မရှိမိဘများနှင့်အတူ စစ်ကောင်စီပူပေါင်း ကင်းစောင့်။
Photo-CJ

ကိုဗစ်နိုင်တင်း ကူးစက်မှုတွေ ရှိထားတဲ့ စစ်တွေမြို့မှာလည်း အခြေခံပညာကျောင်းတွေကို ဒီနေ့ ဇွန်လ တစ်ရက်မှာ ပြန်ဖွင့်ပြီဖြစ်ပ...
01/06/2021

ကိုဗစ်နိုင်တင်း ကူးစက်မှုတွေ ရှိထားတဲ့ စစ်တွေမြို့မှာလည်း အခြေခံပညာကျောင်းတွေကို ဒီနေ့ ဇွန်လ တစ်ရက်မှာ ပြန်ဖွင့်ပြီဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တွေက ကျောင်းတွေမှာ ဆရာရော၊ကျောင်းသားတွေပါ ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းတွေနဲ့ ကျောင်းတက်စာသင်နေကြတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်ထဲ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ တပ်မတော်တို့ကြားက ပြီးခဲ့တဲ့ ၂ နှစ် တိုက်ပွဲတွေကြောင့် ဒေသခံကလေးငယ်တွေ အခြေခံပညာမသင်ကြားနိုင်ဖြစ်ခဲ့သလို ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကိုဗစ်ကပ်ရောဂါကြောင့် စာသင်နှစ်နားတဲ့အခါ ကျောင်းမတက်နိုင်ဖြစ်ခဲ့ရတာပါ။

ဒီအခြေအနေတွေကြောင့် ရခိုင်မှာ ဒေသခံတွေက ကိုယ့်ရင်သွေးတွေကို ကျောင်းပြန်တက်စေချင်တဲ့စိတ်ဆန္ဒရှိတဲ့အကြောင်း ဘီဘီစီကို အစောပိုင်းက ပြောထားပါတယ်။

ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57242648

ကလေးမြို့တွင် ကျောင်းတတ်သူ မတွေ့ရဟု ဒေသခံများဆို Locals say no schoolteacher found in Kalemyo In Kalemyo, Sagaing Region...
01/06/2021

ကလေးမြို့တွင် ကျောင်းတတ်သူ မတွေ့ရဟု ဒေသခံများဆို
Locals say no schoolteacher found in Kalemyo
In Kalemyo, Sagaing Region, there were few students in the past, but no one will start school on June 1, according to locals. On May 31, clashes broke out between the Kalay People's Defense Force (Kalay) and the military council in Kalemyo Township. Office PDF (Kalay) issued a warning on May 31 not to stay in camps and buildings
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ယခင်နေ့များကကျောင်းအပ်နှံသူ အနည်းအကျဥ်းရှိသော်လည်း ကျောင်းစတင်တက်ရောက်ရမည့် ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ကျောင်းတက်သူမရှိကြောင်း ဒေသခံများထံမှသိရသည်။
မေလ ၃၁ ရက်နေ့ကလည်း ကလေးမြို့နယ်တွင် ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF (Kalay) နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကလေးမြို့နေပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်များ နေရာယူထားတဲ့ ကျောင်း၊ ရုံး၊ စခန်းနဲ့ အဆောက်အဦးတွေမှာ မနေကြရန် မေလ ၃၁ ရက်နေ့က PDF (Kalay) က သတိပေးထုတ်ပြန်ထားပါသည်။

ကန်ကြီးထောင့်မြို့နယ် စျေးမီးလောင်ကျွမ်းဧရာဝတီ၊ ဇွန် ၁ ၊ ၂၀၂၁Market fire in Kangyidaung TownshipThe Irrawaddy June 1 202...
01/06/2021

ကန်ကြီးထောင့်မြို့နယ် စျေးမီးလောင်ကျွမ်း

ဧရာဝတီ၊ ဇွန် ၁ ၊ ၂၀၂၁

Market fire in Kangyidaung Township

The Irrawaddy June 1 2021

Ayeyarwady Division A fire broke out at Si Pin Thar Yar Market in Ward 1 in Kangyidaung Township at around 3 am today (June 1).

The blaze destroyed more than 190 shops and more than 170 shops, destroyed some nearby homes and put out the blaze at around 4am.

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အမှတ် ၁ ရပ်ကွက် စည်ပင်သာယာဈေးမှာ ယနေ့ (ဇွန်လ ၁ ရက်) မနက် ၃ နာရီကျော်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ထိုသို့ မီးလောင်မှုကြောင့် ဆိုင်ခန်း ၁၉၀ ကျော်မှ ၁၇၀ ကျော် မီးလောင်ခဲ့ပြီး အနီးရှိ နေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့ကာ နံနက် ၄ နာရီကျော်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးပေ။

ဓာတ်ပုံ - CJ


ချင်း ပြည်နယ်, ဟားခါးမြို့တွင်ကျောင်းတက်ရောက်သူမရှိယနေ့ စစ်ကောင်စီမှ ကျောင်းတက်ရန်ဖွင့်ထားသော်လည်း ဟားခါးမြို့တွင် တက်ရေ...
01/06/2021

ချင်း ပြည်နယ်, ဟားခါးမြို့တွင်ကျောင်းတက်ရောက်သူမရှိ
ယနေ့ စစ်ကောင်စီမှ ကျောင်းတက်ရန်ဖွင့်ထားသော်လည်း ဟားခါးမြို့တွင် တက်ရောက်သူ တစ်ဦးမှ မရှိပဲ ကျောင်းတံခါးများလည်း ပိတ်ထားကြောင်းသိရသည်။ဟားခါးမြို့တွင် ယခင်နေ့ကကျောင်းအပ်နှံသူ အချို့ရှိသော်လည်း ယနေ့ကျောင်းတက်ရောက်သူ မရှိ၍ ကျောင်းမတက်ကြကြောင်းလည်းသိရသည်။

ဇွန်လ(၁)ရက်နေ့၊ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အထက (၁၄)၊ ကျောင်းပြန်တက်ကြတဲ့ မြင်ကွင်း
01/06/2021

ဇွန်လ(၁)ရက်နေ့၊ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အထက (၁၄)၊ ကျောင်းပြန်တက်ကြတဲ့ မြင်ကွင်း

မေလ ၃၁ရက်နေ့ ၊ယမန်နေ့က ထားဝယ်မြို့ ကြက်စားပြင်မှာ ကျည်ထိပြီးလူငယ် လေး (၁)ဦးကျဆုံးသွားကြောင်းသိရ။ဇွန် ၁၊၂၀၂၁။
31/05/2021

မေလ ၃၁ရက်နေ့ ၊ယမန်နေ့က ထားဝယ်မြို့ ကြက်စားပြင်မှာ ကျည်ထိပြီးလူငယ် လေး (၁)ဦးကျဆုံးသွားကြောင်းသိရ။
ဇွန် ၁၊၂၀၂၁။

ကလေးမြို့ သာစည်ရွာတွင် စစ်တပ်နှင့် ဒေသကာကွယ်ရေး အဖွဲ့ များကြား တိုက်ပွဲ ဖြစ်နေဧရာဝတီ၊ မေ ၃၁၊ ၂၀၂၁ကလေးမြို့ ၊ သာစည်ကျေးရွ...
31/05/2021

ကလေးမြို့ သာစည်ရွာတွင် စစ်တပ်နှင့် ဒေသကာကွယ်ရေး အဖွဲ့ များကြား တိုက်ပွဲ ဖြစ်နေ

ဧရာဝတီ၊ မေ ၃၁၊ ၂၀၂၁

ကလေးမြို့ ၊ သာစည်ကျေးရွာတွင် ယနေ့ နေ့လယ်ပိုင်းမှ စတင်ကာ ကလေးမြို့ ပြည်သူ့ လုံခြုံရေးအဖွဲ့ (KCA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ကလေး/ PDF)တပ်ဖွဲ့ များနှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ဒီမနက် တက္ကသဟောင်း ကိုလှိုင်ထွန်းနဲ့ သာစည်ရွာ ဥက္ကဌကို ဝင်ဖမ်းရာကနေ စတာ။ သူတို့ဘက်က အင်အား ၆၀ လောက် ရှိတယ်။ အစတော့ ကျနော်တို့ ဝင်ရင် လူထုနာမှာဆိုးလို့ စောင့်နေတာ။ သူတို့ ရွာထဲက ပြန်မထွက်တော့ အခု ၁၂ နာရီ ကျော်မှာ တိုက်ပွဲ စဖြစ်နေပြီ”ဟု ကလေး PDF အဖွဲ့ဝင်တဦးက ပြောသည်။

ယနေ့ မနက် ၅ နာရီခန့်တွင် ကလေးမြို့ သာစည်ကျေးရွာတွင် နေထိုင်သူ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်ဟောင်း ကိုလှိုင်ထွန်းကို လာရောက် ဖမ်းဆီးခဲ့ပြီး ကျေးရွာ ဥက္ကဌနှင့် တူမ ဖြစ်သူတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ရွာထဲ တွင် ဝင်ရောက် တပ်စွဲ၍ သေနတ်များ ပစ်ဖောက်နေကြောင်း ဒေသခံတချို့က ပြောသည်။

“အခု ကျနော်တို့လည်း ပုန်းနေရတယ်။ အပြင်မထွက်ရဲဘူး။ သူတို့ မဲမဲမြင်ရာ လိုက်ပစ်နေကြတာ”ဟု သာစည်ကျေးရွာ သားတဦးက ပြောသည်။

လက်ရှိတွင် သာစည် ကျေးရွာထဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့် နေရာ ယူထားပြီး တိုက်ပွဲမှာ ပိုမို ပြင်းထန် လာဖွယ် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကြောရေးတွင် စစ်ကောင်စီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ကလေးမြို့မှ ဆိုင်ကယ်ပြင်ဆရာ ကိုမင်းမင်းဆိုသူမှာလည်း ကလေးမြို့ ၊ သာစည်ရွာသား တဦး ဖြစ်သည်။

ကလေးမြို့သည့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည့် မြို့ တမြို့ ဖြစ်ပြီး စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသူ ၃၀ ကျော်၊ အဖမ်းခံရသူ ၁၀၀ နီးပါး ရှိနေပြီး ဖြစ်ကြောင်းလည်း သိရသည်။

(ကလေးမြို့တွင် မတ်လအတွင်း တိုက်ပွဲများ စတင်ခဲ့စဉ်က ပုံအဟောင်း ဖြစ်ပါသည်)


-------------------------
အမှီအခိုကင်းသည့် မီဒီယာများ လွတ်လပ်စွာ ရပ်တည်နိုင်ရေး ဧရာဝတီ ကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ် ပါသည်။
သင်၏ ကူညီမှုကို အောက်ပါလင့်ခ်အား နှိပ်၍ ဆောင်ရွက်နိုင်ပါသည်။
https://burma.irrawaddy.com/donate

Miss Universe Myanmar 2020Miss Universe 2020 National Costume Winner Miss Thuzar Wint Lwin ဟာ Tulsa မြို့ကို ရောက်ရှိနေပ...
30/05/2021

Miss Universe Myanmar 2020
Miss Universe 2020 National Costume Winner
Miss Thuzar Wint Lwin ဟာ Tulsa မြို့ကို ရောက်ရှိနေပါပြီ 🥰🥰🥰

ဒီနေ့ည ၇:၀၀နာရီ-၁၀:၀၀နာရီအထိ Myanmar Christian Church မှာ ဂုဏ်ပြုဧည့်ခံပွဲလေး ဆက်လက်ပြုလုပ်သွားပေးမှာဖြစ်ပါတယ်။ သူဇာမြို့က ရွှေမြန်မာတွေအားလုံး အတူဆုံကြရအောင်နော် 🇲🇲🇺🇸🙏🙏🙏

Myanmar Christian Church
Crd #
2121 E 69th St, Tulsa, OK 74136

အကြမ်းဖက်စစ်အုပ်စု၏ ကားများ ကူးဆိပ်နှင့်မထောကြား၌ ပစ်ခတ်ခံရ၊တပ်သား(၄)ဦးသေဆုံး၃၀ရက် မေလ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်၂၀၂၁ ခုန...
30/05/2021

အကြမ်းဖက်စစ်အုပ်စု၏ ကားများ ကူးဆိပ်နှင့်မထောကြား၌ ပစ်ခတ်ခံရ၊တပ်သား(၄)ဦးသေဆုံး
၃၀ရက် မေလ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်
၂၀၂၁ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဖာပွန်သို့ ရိက္ခာ နှင့် ဆေးဝါးအမျိုးမျိုးကို ပို့ဆောင်သော အကြမ်းဖက်စစ်အုပ်စု၏ ကား ၁၁ စီး ပြန်ဆင်းလာသောအခါ ကူးဆိပ် နှင့် မထောကြား၌ ကရင်အမျိုးသားလွတ်မြေက်ရေးတပ်မတော် နှင့် ထိတွေ့ကာ ပစ်ခတ်မှု ( ၂ ) ကြိမ် ဖြစ်ပွားခဲ့ပါသည်။
အကြမ်းဖက်စစ်အုပ်စုမှ လက်ကြီးနှင့်လက်နက်ငယ်များ မြောက်များစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်ဟုလည်း ဒေသခံများက ပြောကြားခဲ့ပါသည်။
ပထမအကြိမ် ပစ်ခတ်မှုသည် နံနက် ၇း၂၅ မိနစ်အချိန်၌ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ် ပစ်ခတ်မှုသည် မွန်းလွဲပိုင်းအချိန်၌ ဖြစ်ပွားခဲ့ပါသည်။
ထိုပစ်ခတ်မှု ( ၂ ) ကြိမ် လုံးတွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိခဲ့ပါသည်။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ ကား ၂ စီးသည် လုံးလုံးပျက်စီးခဲ့ပြီး အခြားကားများသည်လဲ ထိခိုက် ချွတ်ယွင်းမှု အများအပြားလည်းရှိခဲ့ပါသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်တွင် ထိခိုက်ကျဆုံးမှုမရှိပေ။
ဤကဲ့သို့သော ပစ်ခတ်တိုက်ခိုက်မှုမျိုးသည် ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ တစ်ခုတည်း အတွင်းမှာသာ ဖြစ်ပွားခဲ့သည်မဟုတ်ဘဲ ကေအဲန်ယူ၏ အခြားသော ခရိုင် နှင့် တပ်မဟာ များမှာလည်း မကြာခဏ ဖြစ်ပွားမှုရှိခဲ့ပါသည်။

29/05/2021

နန့်မွန်းမြို့မှာတိုက်ပွဲဖြစ်နေပါပြီ။
ည၁၂ နာ ရီ ၄၅ မှစပစ်ကြတာပါအချက်ပေါင်းရာနဲ့ချီနေပါပြီ
speak out လုပ်ပေးကြပါ။

crd

အမေရိကန်က အိန္ဒိယ၊ ဗီယက်နမ်တို့နဲ့ သီးခြားစီဆွေးနွေးစဥ် မြန်မာ့အရေးဆွေးနွေးThe United States, India; Separate talks with...
29/05/2021

အမေရိကန်က အိန္ဒိယ၊ ဗီယက်နမ်တို့နဲ့ သီးခြားစီဆွေးနွေးစဥ် မြန်မာ့အရေးဆွေးနွေး
The United States, India; Separate talks with Burma on Burma
US Secretary of State Dr Jain Shankar, who is in the United States, met with US Secretary of State Anthony Blinkin on May 28 to discuss the military coup in Burma, the US government said in a statement. The meeting focused on regional cooperation as well as the fight against Kovis. They also discussed global climate change and support for Afghanistan.
He said in a telephone conversation with Vietnamese Foreign Minister Bu Thanh on May 27 that he had raised concerns about Burma, especially the importance of US-led ASEAN.
အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဂျိုင်ရှန်ကာနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်တို့ မေလ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းခံရမှု အခြေအနေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန်အစိုးရဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ တွေ့ဆုံမှုမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအပြင် ကိုဗစ် နှိမ်နင်းရေး၊ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု တိုက်ဖျက်ရေးနဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ထောက်ပံ့ရေး ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ မေလ ၂၇ ရက်နေ့က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဘွေသန်းဆန်နဲ့ ဖုန်းဆက် စကားပြောခဲ့တဲ့ အချိန်မှာလည်း မြန်မာ့အရေးကိစ္စ စိုးရိမ်စရာအခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ပြီး အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ အာဆီယံရဲ့ အဓိကကျမှုကို အလေးထားကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
BBC

ယနေ့ ပစ်ခတ်မှုကြောင့် ဂန့်ဂေါပြည်သူ ၃ ဦးသေဆုံးခဲ့ရယနေ့ မေလ ၂၈ ရက် မှာ ဂန့်ဂေါမြို့နယ်နဲ့ ကလေးမြို့ကြားလမ်းမမှာ နှမ်းခါး...
28/05/2021

ယနေ့ ပစ်ခတ်မှုကြောင့် ဂန့်ဂေါပြည်သူ ၃ ဦးသေဆုံးခဲ့ရ

ယနေ့ မေလ ၂၈ ရက် မှာ ဂန့်ဂေါမြို့နယ်နဲ့ ကလေးမြို့ကြားလမ်းမမှာ နှမ်းခါး ရဲလှရွာ မွေ့လယ်ရွာတွေမှာ ဒေသခံပြည်သူတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်မှုဖြစ်ပွားပြီး ကျေးရွာအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေမီးတွေနဲ့ရှို့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်သွားလို့ ပြည်သူ ၃ယောက် ကျဆုံးခဲ့ရတယ်လို့ဒေသခံတွေထံမှသိရပါတယ်။

UN envoy urges Burma to engage with NUGThe UN Secretary-General's Special Representative for Burma, Christine Shranabarg...
28/05/2021

UN envoy urges Burma to engage with NUG
The UN Secretary-General's Special Representative for Burma, Christine Shranabargana, told a news conference at the Foreign Correspondents' Club in Tokyo, Japan, that the NUG needs the support of UN member states.
NUG နဲ့ ဆက်ဆံရေးလုပ်ဖို့ နိုင်ငံတကာကို မြန်မာဆိုင်ရာကုလကိုယ်စားလှယ်တိုက်တွန်း
NUG အမျိုးသားညီညွတ်ရေးအစိုးရဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံအားပေးမှု လိုအပ်နေတာကြောင့် NUG နဲ့ ဆက်သွယ် စကားပြောဖို့ သူတိုက်တွန်းလိုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂနာက ဂျပန်နိုင်ငံ တိုကျိုမြို့က နိုင်ငံခြား သတင်းထောက်များ ကလပ်အသင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

နယ်စပ်မြို့ မူဆယ်မှာ ဒီနေ့ မေလ ၂၈ ရက် မနက်ပိုင်းက မူဆယ်ဆေးရုံအနီးမှာ ဖြစ်တဲ့ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး နောက် ၂...
28/05/2021

နယ်စပ်မြို့ မူဆယ်မှာ ဒီနေ့ မေလ ၂၈ ရက် မနက်ပိုင်းက မူဆယ်ဆေးရုံအနီးမှာ ဖြစ်တဲ့ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး နောက် ၂ ဦးဒဏ်ရာရသွားပါတယ်။

သေဆုံးသူဟာ မူဆယ်မြို့က ပုဂ္ဂလိကကုမ္ပဏီစည်ပင်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ ကွတ်ခိုင်ဆေးရုံကို ပို့ဖို့ပြင်နေတယ်လို့ သိရပါတယ်။

ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57242648

KIA တပ်သား (၄) ယောက် နိုင်ငံ့တာဝန်ထမ်းဆောင်နေရင်း ကျဆုံး(Rest In Power)၂၇ ၊ ၅ ၊ ၂၀၂၁ ။ယမန်နေ့ မေလ (၂၆) ရက်နေ့ ညနေပိုင်းအ...
27/05/2021

KIA တပ်သား (၄) ယောက် နိုင်ငံ့တာဝန်ထမ်းဆောင်နေရင်း ကျဆုံး
(Rest In Power)

၂၇ ၊ ၅ ၊ ၂၀၂၁ ။

ယမန်နေ့ မေလ (၂၆) ရက်နေ့ ညနေပိုင်းအချိန် KIA တပ်သား (၄) ယောက် နိုင်ငံ့တာဝန်ထမ်းဆောင်နေရင်း ကျဆုံးသွားကြောင်း သိရသည်။
t.me/mctvclubmyanmar
/67
https://t.me/mctvclubmyanmar/67

သာကေတမှာ ပေါက်ကွဲမှု ငါးကြိမ် ဆက်တိုက်ဖြစ်သာကေတမှာ ဒီနေ့ မေ ၂၇ ရက်မနက်ပိုင်း ၇ နာရီခွဲကျော်ကစလို့ ပေါက်ကွဲမှု ဆက်တိုက် င...
27/05/2021

သာကေတမှာ ပေါက်ကွဲမှု ငါးကြိမ် ဆက်တိုက်ဖြစ်
သာကေတမှာ ဒီနေ့ မေ ၂၇ ရက်မနက်ပိုင်း ၇ နာရီခွဲကျော်ကစလို့ ပေါက်ကွဲမှု ဆက်တိုက် ငါးကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲသံတွေကို သာကေတ ရန်ပြေ၊ မာန်ပြေ၊ ၄ တောင်၊ ၄ မြောက်ရပ်ကွက်က ဒေသခံတွေ ကျယ်လောင်စွာကြားခဲ့ရပါတယ်။
မနက် ၇ နာရီ ၅၅ မှာတစ်ကြိမ်၊ ၈ နာရီထိုးခါနီးမှာတစ်ကြိမ်၊ ၈နာရီခွဲမှာ နှစ်ကြိမ်နဲ့ ကိုးနာရီ ထိုးခါနီးမှာတစ်ကြိမ် စုစုပေါင်း ငါးကြိမ်ပေါက်ကွဲသံကိုကြားရတာဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် သာကေတမြို့နယ်၊ မာန်ပြေ လမ်း ၂၀ အရှေ့က နေအိမ်တစ်အိမ်မှာ ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
Update: မနက် ကိုးနာရီ ၁၅ မိနစ်မှာ နောက်တစ်ကြိမ် ထမ်မံပေါက်ကွဲတာကြောင့် စုစုပေါင်း ပေါက်ကွဲမှု ခြောက်ကြိမ် ရှိပြီဖြစ်ပါတယ်။
ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-57242648
ပုံစာ-မနေ့က သာကေတ Fortune ပလာဇာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လမ်းသွားလမ်းလာတချို့ကို စစ်ဆေးနေစဉ်

ဖမ်းဆီးထိန်းသိမ်းခံထားရသည့်ရုပ်ရှင်သရုပ်ဆောင် ​ပြေတီဦး၊အိန္ဒြာကျော်ဇင်၊မေတိုးခိုင်တို့ကို မနက်ဖြန် ရုံးထုတ်စစ်ဆေးမည်
26/05/2021

ဖမ်းဆီးထိန်းသိမ်းခံထားရသည့်ရုပ်ရှင်သရုပ်ဆောင် ​ပြေတီဦး၊အိန္ဒြာကျော်ဇင်၊မေတိုးခိုင်တို့ကို မနက်ဖြန် ရုံးထုတ်စစ်ဆေးမည်

ကျီခါးမြို့ဒေသခံ ၁၀၀ ခန့် အသက်ရှူကျပ်ရောဂါခံစားနေရကာအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေချင်းပြည်နယ် နယ်စပ်မြို့​လေး...
26/05/2021

ကျီခါးမြို့ဒေသခံ ၁၀၀ ခန့် အသက်ရှူကျပ်ရောဂါခံစားနေရကာအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

ချင်းပြည်နယ် နယ်စပ်မြို့​လေးဖြစ်သည့်
ကျီးခါးမြို့(တွန်းဇံမြို့နယ်)တွင် ​​ဒေသခံ လူဦးရေ ၁၀၀ ခန့် Covid-19ကဲ့သို့ အသက်ရှုကျပ်​ခြင်း ကူးစက်​ရောဂါတစ်မျိုး အပြင်အထန်ခံစား​နေကြသဖြင့် အ​ရေး​ပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်းသိရသည်။

 ကျီးခါးမြို့တွင် တိုက်နယ်​ဆေးရုံသာရှိပီး အသက်ရူကျပ်ရောဂါခံစားနေရသူ ဒေသခံ လူဦးရေ ၁၀၀ ခန့်ကိုကျန်းမာ​ရေးပြုစု​ရေးတွင် အခက်အခဲများစွာရှိကာ ကျန်းမာရေးဝန်ထမ်းများနှင့်အသက်ရူစက်oxygen အဓိကလိုအပ်​နေကြောင်းသိရသည်။



26/05/2021

ဘာမှမပြောတော့ဘူးနော် Skill လေးတွေတချက်ရှိးလိုက် ကြွေသွားမယ် ဒါ ဆရာတွေကို သင်တန်းပေးနေတာနော်
Crd #

ဖမ်းဆီးခံထားရတဲ့မချယ်ရီမိုးမြင့်၊ကိုစည်သူမိုးမြင့် နဲ့ ကိုဝေယံမိုးမြင့်တို့ (၃) ဦးစလုံးယနေ့ ပြန်လည်လွတ်မြောက်မေလ ၂၆၊၂၀၂၁...
26/05/2021

ဖမ်းဆီးခံထားရတဲ့မချယ်ရီမိုးမြင့်၊ကိုစည်သူမိုးမြင့် နဲ့ ကိုဝေယံမိုးမြင့်တို့ (၃) ဦးစလုံးယနေ့ ပြန်လည်လွတ်မြောက်
မေလ ၂၆၊၂၀၂၁။

Address

Delhi

Telephone

+61412271661

Website

Alerts

Be the first to know and let us send you an email when Today Situations in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Today Situations in Myanmar:

Videos

Share


Other News & Media Websites in Delhi

Show All