18/03/2024
အမေးအများဆုံးဖြစ်တဲ့ part-time & accommodations ရယ် ကျောင်းကိုဘယ်ကလျှောက်လဲဆိုတာကို ပြောပြချင်ပါတယ်။
🙋♀️ပထမဆုံးအနေနဲ့ပြောချင်တာက အခုအချက်အလက်တွေက ကိုယ်တိုင်မလာခင် တခုချင်းရှာထားတာတွေပါ ဒါပေမယ့် တခါတလေ ကွဲပြားမှုလေးတွေရှိနိုင်တာမို့ ကိုယ်တိုင်ပြန်ရှာပြီး verifyစေချင်ပါတယ်။
ကိုယ်တိုင်တော့အချိန်ပိုင်းမလုပ်နိုင်သေးပါဘူးရှင့် တနှစ်မာစတာကိုမှ ယူမိတဲ့မေဂျာက လေ့လာစရာတွေများနေလို့ မလုပ်သေးဘဲ ကျောင်းစာကို အဓိကလိုက်လုပ်နေတာပါ။
🍀ဒီမှာလည်း စလုံး ICAမှာ student pass လျောက်သလိုမျိုး GNIB cardကို လျောက်ရပါတယ် အဲ့တာက ဒီက residency card ပေါ့။ အဲ့အတွက် appointment ကိုဖုန်းဆက်ယူရပါတယ်။တကယ်လို့လာဖြစ်ရင် ရောက်တာနဲ့ ဖုန်းဆက်ပြီး appointment ယူထားလိုက်ပါ (မြန်မာကို မြန်မာလို့မသိပါဘူး မိုင်ယမ်မာ လို့ပြောကြပါလိမ့်မယ်🥲အဲ့ထက်ဆိုးလာရင် စာလုံးတလုံးချင်းသာပေါင်းပြလိုက်ပါ။ Yangonထက် Rangoonကိုသူတို့သိပါတယ်) ။ အစိုးရ၀န်ထမ်းတွေက စိတ်ရှည်ပြီးသဘောကောင်းကြတာ ဘယ်ရုံးသွားသွားစိတ်ချမ်းသာရပါတယ်😊
အဲ့ကဒ်နှစ်ခုရဖို့ ~တလလောက်တော့ကြာပါမယ်။
✳️Part-time ကရှာရလွယ်လား
ဒီမှာကျောင်းတွေမှာ Part-time အတွက် companies တွေကျောင်းကိုလာပြီး လျောက်ဖို့ သတင်းအချက်အလက် emailတွေပေးတာမျိုးလုပ်ပါတယ်။ indeed မှာလည်း အများကြီးခေါ်ပါတယ်။ အလုပ်မရွေးရင် ကိုယ့်ကျောင်းချိန်က အရမ်းစာမများရင် အဆင်ပြေမှာပါ
✳️ရောက်ရောက်ချင်း part-time လုပ်လို့ရလား
မရပါဘူးရှင့်။ အပေါ်ကပြောတဲ့ ကဒ်တွေလျောက်ပြီး လက်ထဲရောက်မှ အလုပ်တွေက လက်ခံပါလိမ့်မယ်။ အဲ့ကဒ်တွေအတွက် ကျောင်းက reference letter တွေကို ကျောင်းတက်ပြီး တပတ်အတွင်းပေးတတ်ပါတယ်
✳️တပတ်ကိုဘယ်နှနာရီလုပ်လို့ရလဲ
ပုံမှန်ကတပတ်ကို နာရီ ၂၀ရပါတယ်။ နွေရာသီဆိုရင် နာရီ ၄၀ရပါတယ်။
✳️တနာရီ ဘယ်လောက်ရနိုင်လည်း
€11 ကတော့အနည်းဆုံးရပါတယ် Updated infoကို Indeed Ireland မှာဖြစ်ဖြစ်အကြမ်းဖျဉ်းတချက်ကြည့်ကြည့်ပါနော်
✳️ Part-time နဲ့ အိမ်လခ နေစားရိတ်ကာမိလား
အဲ့တာကတော့ပြောဖို့ခက်ပါတယ်။ ကိုယ့်ရဲ့ preference နေထိုင်မှုပုံစံအပေါ်လည်းမူတည်ပါမယ်။
🏡တယောက်ခန်း၊ shared room ၊ student accommodation၊ home stay တမျိုးစီမှာနေရာအနီးအဝေးပေါ်မူတည်ပြီး ဈေးနည်းဈေးများရှိပါတယ်။
ကိုယ့်ကျောင်းနဲ့အနီးအဝေး အချိန်ကုန်မှု ကားခတွေပါထည့်တွက်ပြီးငှားစေချင်ပါတယ်။
💸အိမ်လခက Euro 600-1200ကြားရှိပါမယ် ဈေးကတော့အပေါ်ကအချက်တွေကိုမူတည်ပြီးတော့ကွာမှာပါ။
🥪🍚စားစရိတ်ကတော့ ကျောင်းအများစုက နေ့တိုင်းတက်ရတာမျိုးမဟုတ်တော့ ချက်စားဖို့အဆင်ပြေပါတယ်။ ဒီမှာ ကျောင်းသားအကုန်နီးပါလည်း ချက်စားကြပါတယ်။
💸တပတ်ကို ချွေတာရင် ယူရို 50-60လောက်ဆို ကောင်းကောင်းချက်စားလို့ရပါတယ်။
နွားနို့ ဟင်းသီးဟင်းရွက်တွေကလည်း လတ်ဆတ်ပါတယ်။
အိုင်ယာလန်နွားနို့က လူတိုင်းပြောရလောက်အောင် ကောင်းပါတယ်😊
🚨Rice cooker လေးတော့သယ်ခဲ့ပါ ဒီမှာဈေးကြီးပါတယ်။ ဆန်ကတော့ Lidl မှာ Basmatiကတန်ပါတယ်
🚋 Transportation ကတော့ ရထား (DART) , Tram နဲ့ Busဆိုပြီးရှိပါတယ်။ ကျောင်းသားကဒ်နဲ့ဆိုရင် ထက်၀က်သက်သာပါတယ်။
💸 transportation feeကို adminကကျောင်းနားနေတာဟုတ်လို့ ကျောင်းနဲ့အဝေးမှာနေတဲ့ classmate တယောက်လောက်ကို ပြန်မေးပြီး update ပေးထားပါမယ်😊
Accommodation and part-time အတွက် သိသလောက် website လေးတွေ ယုံကြည်ရတဲ့ linkလေးတွေ shareပေးထားပါတယ်😊
🏡Accommodation အတွက်🏡
Shared room or private room
https://www.spotahome.com/s/dublin
https://www.daft.ie/homes-to-rent
Student accommodation
https://www.universityliving.com/ireland/city/dublin
https://host-students.com/locations/dublin/
https://www.hubbleliving.com/locations/student-accommodation-dublin
https://livstudent.com/dublin/
Homestay (Dublin)
https://www.homestay.com/ireland/dublin
💸 Part-timeအတွက်💸
https://ie.indeed.com/
https://www.jobs.ie/jobs/part-time?radius=20
wrkwrk.ie
careers.europcar.ie
👩🏫ကျောင်းလျောက်ဖို့ကို အေးဂျင့်ကမှလက်ခံတဲ့ကျောင်းဆိုရင် -
စလုံးကနေဆို IDP Singapore ကို recommend လုပ်ပါတယ် နှေးပေမယ့် သူတို့က ဘာ feeမှမတောင်းပါဘူးရှင့်
တကယ်လို့ တခြားကနေဆိုရင် Applyboard,
QS Student Applyမှာတချက်ကြည့်ကြည့်နော်
Proposal တွေအတွက်စာကြည့်နေရလို့ တခါတလေစာမပြန်ဖြစ်ရင် နားလည်ပေးဖို့ request လုပ်ထားချင်ပါတယ်😊
အဆင်ပြေပါစေ 😊🇮🇪🍀
#အိုင်ယာလန်