SUGER MUSIC

SUGER MUSIC 09683255209

08/11/2022

အကျိုးလိုမှ ညောင်ရေသွန်တတ်တဲ့

လူတစ်ချို့ကြောင့်............... #

ဖြူစင်ပြီး ပရဟိတစိတ်ရှိတဲ့

မင်းရဲ့နှလုံးသားတစ်စုံကိုတော့

အရောင်မဆိုးပစ်လိုက်ပါနဲ့... #

Crd. Suger

The difference between successful and unsuccessful people...
18/10/2022

The difference between successful and unsuccessful people...

25/09/2022

သင်ကိုယ်တိုင်မပြောင်းလဲနိုင်တော့တဲ့အခါမျိုး

မှာဆိုရင် ပတ်ဝန်းကျင်က ပြောင်းလဲပေးတာကို

သင်လက်ခံနိုင်ရမယ် # #

အချို့အောင်မြင်နေကြတဲ့လူတွေဆို ပတ်ဝန်းကျင်

ကြောင့် သူတို့ဒီနေရာ/ဒီရာထူး/ ဒီလိုအောင်မြင်မှု

မျိုးကို ရရှိ ရောက်ရှိနေကြတယ်ဆိုတာကို အမြဲ

ထုတ်ပြောလေ့ရှိကြပါတယ် # #

ပတ်ဝန်းကျင်ဆိုတာက သင်ကောင်းကောင်း

ဆိုးဆိုး ဝေဖန်တယ်ဆိုပေမဲ့...အမှန်တကယ်တော့

ရှေ့ဆက်သွားဖို့ လှေကထစ်ဆိုတာလည်းမမှားပါ # #

@ Suger

 #အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးဆိုတာကို သက်သေပြခဲ့သူများ #
06/08/2022

#အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးဆိုတာကို သက်သေပြခဲ့သူများ #

06/06/2022

ဘယ်လောက်ပဲ ခံနိုင်ရည်ရှိတယ်လို့ပဲပြောပြော**.....*ဘဝတစ်ကွေ့ရဲ့အလှည့်အပြောင်း
ကိုတော့ ဘယ်သူမှ*..*.ခံနိုင်ရည်ရှိမှာမဟုတ်ဘူး...
ကြုံလာတဲ့...*.အခက်အခဲ အလှည့်အပြောင်းတွေ
ကို. အံတုရင်ဆိုင်နေကြရတာပါပဲ.*...*အဲဒါကြောင့်
ဒီလူကံကောင်းလိုက်တာ*....*ဟိုလူကံကောင်းလိုက်တာလို့ ...လွယ်လွယ်နဲ့မပြောလိုက်ပါနဲ့..***
ဒီလို ကံကောင်းတယ်လို့ အပြောခံရတဲ့.လူတွေက
အရင်က ဘယ်လောက်ခက်ခက်ခဲခဲရုန်းကန်းနေရမလဲဆိုတာ... သူကိုယ်တိုင်ကလဲဲပီး...အခြားသူမသိနိုင်ပါဘူး....***

Crd.. SUGER

""အတွေ့အကြုံကနေမှ -တန်ဖိုးရှိသော စကားများ ""
20/05/2022

""အတွေ့အကြုံကနေမှ -တန်ဖိုးရှိသော
စကားများ ""

21/04/2022

"မပြီးဆုံးသေးပဲနဲ့ဒီလူကိုယ့်အပေါ်

အရမ်းကောင်းပါတယ်လို့

အရင်ဆုံးမချီးကျူးမိစေနဲ့.." #

crd

10/04/2022

"ပြည့်စုံမှ စီးပွားရေး လုပ်မယ်

ဆိုရင် ​ဘယ်တော့မှ ဖြစ်လာ

မှာမဟုတ်ဘူ"

30/03/2022

တစ်ခါတစ်လေ ကိုယ်ကိုတိုင်ပဲ

သံပုရာသီး ဖြစ်လိုက်ပါ

လူတိုင်းအပေါ် ချိုနေစရာမှမလိုတာ

ချဥ်လိုက်ပါ တစ်ခါတစ်လေ

အချဥ်က လူနဲ့တည့်ပါတယ်

Crd Sayar အောင်သင်း

27/03/2022

ပျော်ပျော်နေတတ်လို့ အမြဲပြုံးပြနေတာ

စိတ်မှတ်မရှိလို့ ရယ်ပြနေတာမဟုတ်ဘူး

ကိုယ့်အပေါ်မှာတစ်ခါလောက် ကောင်းပြ

ခဲ့ရုံနဲ့ ကိုယ်က ဆယ်ခါလောက်ပြန်ကောင်းဖို့

ဝန်မလေးဘူး..

ကိုယ့်အပေါ်ကောင်းခဲ့သူကို သတိရသလို

ကိုယ့်အပေါ်မကောင်းခဲ့သူကိုလည်း

မမေ့ပါဘူး....

ဘယ်သူတွေက ကိုယ့်ကိုဘာလုပ်ခဲ့တယ်ဆိုတာ

အသက်ရှုတိုင်းသတိရတယ်..

Crd...Suger

24/02/2022

လဲကျတဲ့အချိန်မှာ ထူပေးမဲ့လက်တစ်စုံ

ကိုမျော်လင့်မနေပါနှင့်..ဘာကြောင့်လဲဆိုတော့

အဲဒီလက်တစ်စုံဟာ အမြဲတမ်းမင်းကို

မကူညီပေးနိုင်ပါဘူး...အဲဒီလိုအချိန်ရောက်ရင်

မင်းကိုယ်တိုင်ပဲကြိုးစားရမှာပါ.. # # #

ရာသီဥတုက အမြဲတမ်းကိုယ့်ဘက်မှာ

ရှိမနေနိုင်ပါဘူး...

​ကိုယ့်ရဲ့ကြိုးစားမှုကသာ အဓိကပါ # #

14/02/2022

လောကကြီးမှာ ကိုယ့်ရဲ့

ကံကောင်းမှုတိုင်းဟာ

လူတစ်ဦးတစ်ယောက်ရဲ့

ဖြည့်ဆည်းပေးမှုလည်း

ပါဝင်နိုင်တယ်ဆိုတာ မမေ့သင့်ပါ # # #

Crd. Original writer

11/02/2022

ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ
မင်းသမီးကို ကားတိုက်ပြီး သေရမယ့်
ဇာတ်ဝင်ခန်းရိုက်ဖို့အတွက် ရှူတင်မန်နေဂျာက
အငှါးကား လိုက်ရှာရသတဲ့ ……..

ရုပ်ရှင်ရိုက်တာဆိုတော့ ဒါရိုက်တာ
စိတ်တိုင်းမကျမချင်းအထပ်ထပ်ပြန်ရိုက်ရမှာမို့
အချိန်ကုန်၊ရမယ့်ငွေက မစို့မပို့ဆိုတော့
taxi သမားတွေက သိပ်မလိုက်ချင်ကြဘူး …

ရှူတင်မန်နေဂျာလည်း မင်းသမီးကို
တိုက်မယ့်ကားရဖို့ အချိန်
အတော်ကြာအောင် ရှာရင်း တိုင်ပတ်နေတာပေါ့ …

အဲဒီထဲမှာ ရုပ်ရှင်ပိုးရှိတဲ့ ကားသမားတစ်ယောက်က
ကျေကျေနပ်နပ်လက်ခံပြီး လိုက်လာသတဲ့။
သူပါရမယ့် ဇာတ်ဝင်ခန်းက
ဘယ်လိုပုံစံလဲ မေးတော့
မင်းသမီးကို ကားနဲ့တိုက်မိတဲ့အခန်း ဖြစ်ကြောင်း
ရှူတင်မန်နေဂျာက ပြောပြတယ်။

ကားသမားက အဲဒါဆို သူလည်း ပါရမှာပေါ့ ….
သူ အကောင်းဆုံး သရုပ်ဆောင်
ပေးပါ့မယ် ဘာညာပြောလာတော့ ရှူတင်မန်နေဂျာ စိတ်ညစ်ရပါရော။
ဟုတ်တယ်လေ၊ကားနဲ့ မင်းသမီးကို တိုက်၊
မင်းသမီးက သွေးအိုင်ထဲ လဲကျ၊
မင်းသားရောက်လာပြီး ပွေ့ထူ၊ စကားတွေပြော၊
ဘေးက လူတွေဝိုင်းအုံကြည့်ကြတယ့် ဇာတ်ဝင်ခန်း
တစ်ခုမှာ ကားသမားရဲ့ မျက်နှာ ဘယ်ပါပါ့မလဲ ???

ဘယ်လိုလုပ်ပြီး သရုပ်ဆောင်ဖို့ အခွင့်အရေးရပါ့မလဲ?
တကယ်လိုအပ်တာက ကားပဲလေ …..

ရှူတင်မန်နေဂျာကလည်း
သရုပ်ဆောင်ဖို့ တက်ကြွနေရှာတဲ့
ကားဆရာကို အားနာတာတစ်ကြောင်း၊
အငှါးကားနောက်ထပ် ထပ်ရှာဖို့
မလွယ်တာကတစ်ကြောင်းမို့
ကားဆရာကို ….
ခင်ဗျား သရုပ်ဆောင်ရမှာပါလို့ လိမ်ပြောလိုက်တယ်။

ဘယ်လိုလိမ်ပြောသလဲဆိုတော့
မင်းသမီးကို ခင်ဗျားကားနဲ့ တိုက်ပြီးရင်
ကားတံခါးကိုဖွင့်ပြီး
နောက်ကိုမကြည့်စတမ်း ပြေးပေတော့ …

ခင်ဗျားနောက်က လူအုပ်ကြီးက
ဝိုင်းရိုက်ဖို့ လိုက်လာမှာလို့ဖြီးလိုက်တယ်။
ကားသမားကတော့ စိတ်ချ ဆရာ၊
သဘာဝ ကျအောင် ပြေးပြမယ်ဆိုပြီး တက်ကြွနေတယ်။

ရိုက်ကွင်းရောက်တော့
ရီဟာဇယ်ခဏလုပ်ပြီး ရုပ်ရှင်ရိုက်ပါလေရော။
ကားသမားက သင်ထားတဲ့အတိုင်း
သူ့ကားကိုမှန်မှန်လေးမောင်းလာ၊
ပြေးထွက်လာတဲ့ မင်းသမီးကို တိုက်၊
မင်းသမီးလဲကျသွားတာနဲ့
ကားဆရာက တံခါးကို ဝုန်းကနဲဖွင့်ဆင်းပြီး
ဖိနပ်ပါကျွတ်ကျန်အောင်
သုတ်ခြေတင်ပြေးတော့တာပဲ ….

အကြောင်းအရင်းမသိတဲ့ ရုပ်ရှင်အဖွဲ့သားတွေက
အားလုံးကြောင်ကြည့်နေကြတယ် …..
ကားဆရာက အိုက်တင်မပီပြင်မှာစိုးလို့
နောက်ကို လှည့်မကြည့်ဘဲ
တန်းနေအောင် ပြေးချသွားလိုက်တာ
သူတို့မ္ကၥိတစၧဳံးအထိပဲတဲ့ …..

သူ့စိတ်ထဲမှာတော့ နောက်က ကင်မရာနဲ့
လိုက်ရိုက်နေတယ် ထင်ရှာမှာပေါ့။

ရှူတင်မန်နေဂျာက
အကျိုးအကြောင်း ပြောပြလိုက်တော့မှ
ဒါရိုက်တာအပါအဝင် အဖွဲ့သားအားလုံး
တဝါးဝါး ပွဲကျအောင် ရယ်ကြသတဲ့။
အတော်လေးကြာမှ ချွေးသံရွှဲရွှဲနဲ့ ကားသမား
ပြန်ရောက်လာပြီး
(ဘယ့်နှယ်လဲ ဆရာတို့၊ ကျွန်တော် ပြေးတဲ့
အိုက်တင် ပီပြင်လား၊ အဆင်ပြေလား)မေးသတဲ့။

ကားဆရာကို သနားလည်းသနား၊
အားလည်းနာသွားတဲ့ ဒါရိုက်တာက
(ခင်ဗျား အိုက်တင် အရမ်းကောင်းတယ်)
ဘာညာနဲ့ နှစ်သိမ့် အားပေးလိုက်ရသတဲ့။
ဇာတ်လမ်းက ဒီအထိတော့ ပြုံးစရာပါပဲ။

နောက်ဆုံးပိတ်စာကြောင်းလေးကို ဖတ်ရမှ
စာဖတ်သူကျွန်တော်လည်း ပြုံးရာကနေ
ငိုင်တွေသွားမိတော့တယ်။

(ကျွန်တော်တို့ရော ဘဝမှာ
ကိုယ်မပါတဲ့အခန်းအတွက်
ဘယ်လောက်များ ပြေးခဲ့ကြပြီးပြီလဲ).....တဲ့။

ကိုယ့်ကို ''အပျော်ပေးဆော့တဲ့'' လူတွေအတွက်၊
'' ထမင်းသိုး ဟင်းသိုး'' လို့ သဘောထားကြတဲ့
ပတ်ဝန်းကျင်အတွက် …..
ကိုယ့်ရဲ့ ပါဝင်ကြိုးပမ်းမှုကို အသိအမှတ်
မပြုကြတဲ့ အသိုင်းအဝိုင်းအတွက်
ကျွန်တော်တို့ ဘယ်နှကြိမ်ကစားပေးခဲ့ရပြီလဲ ???

ခွန်အားတွေ၊ချွေးစက်တွေ
ဘယ်လောက်တောင်များ ပေးဆပ်ခဲ့ရပြီလဲ????
ပြေးရင်း ကစားရင်း မောလာလို့
ခဏနားချိန်မှာ စဉ်းစားကြည့်ကြပါဦး။

Credit - နီကိုရဲ

07/02/2022

သူများတွက်ကို ကြိုးစားပေးရင်း

တစ်ခါတစ်လေ

ကိုယ့်အတွက် ကိုကြိုးစားဖို့မေ့

သွားတတ်ကြတယ် # #

သူများခံစားချက်အတိုင် လိုက်လျောရင်း

တစ်ခါတစ်လေ

ကိုယ့်ရဲ့ခံစားချက် ကိုလိုက်လျောဖို့မေ့သွား

တတ်ကြတယ် # #

08/01/2022

ဘဝမှာသဘောအကျဆုံးအကောင်တွေထဲမှာ တောင်ဆိတ်တွေပါတယ်။ သူတို့ဟာအန္တရာယ်နဲ့နေသားကျနေတယ်။..
တကယ်တော့သူတို့မှာ မျောက်တွေလိုနီးရာကိုဖမ်းယူဆုပ်ကိုင်ဖို့ အမြီးနဲ့လက်တွေမပါဘူး။ သူတို့မှာခွာတွေပဲပါတယ်။ အဲ့ဒီခွာကအသက်ပဲ။..
အဲ့ဒီခွာတွေနဲ့ နေသားကျအောင် balancing ကိုသုံးပြီး ကျောက်တောင်တွေကိုဖြတ်လျှောက်ကြတယ်။..
နေ့စဉ်အခက်အခဲတွေကိုဖြတ်လျှောက်ရတာများတော့ အခက်အခဲတွေကို သူတို့မမှုတော့ဘူး။ ..
အဲ့ဒီမှာ အခက်အခဲကသူတို့ရဲ့အားသာချက်ပြန်ဖြစ်သွားတယ်။ ..
သူတို့နယ်ပယ်မှာ သူတို့လိုအခက်အခဲကိုမဖြတ်ကျော်နိုင်တဲ့ မြေခွေးတွေ၊ ကျားသစ်တွေက သူတို့ကိုဖမ်းမစားနိုင်ဘူး။ နောက်ပြန်လှည့်လှည့်သွားရတယ်။..
ကျားသစ်ဟာ ကမ္ဘာပေါ်မှာအမြန်ဆုံးသတ္တဝါထဲမှာပါတယ်ဆိုပေမယ့် မြေညီကွင်းပြင်ထဲမှာသာသူက သားကောင်ကိုလိုက်ဖမ်းတာမြန်တာ။..
တောင်ဆိတ်တွေကိုကြည့်လိုက်ရင် တောင်ဘယ်လောက်မြင့်မြင့်၊ ကမ်းပါးဘယ်လောက်မတ်မတ်၊ လမ်းဘယ်လောက်ကြမ်းကြမ်း ရအောင်တက်မယ်ဆိုတဲ့ စိတ်ရှိတာတွေ့ရတယ်။..
တောင်စောင်းအစွန်းမှာနေနေတဲ့ တောင်ဆိတ်မှာ confidence ကိုယ့်ကိုယ်ကိုယုံကြည်စိတ်အပြည့်ရှိတယ်။ ပြုတ်ကျမှာစိုးရိမ်စိတ်တစ်စိမှရှိတဲ့ပုံမရဘူး။..
ဒါတွေဟာအလကားတော့ရမလာဘူး။ နေ့စဉ်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေက တောင်ဆိတ်ကို ကမ်းပါးစွန်းကိုမမှုစေတော့ဘူး။..
ကျနော့်ခေါင်းရင်းမှာ တောင်ဆိတ်ရုပ်တုလေးတစ်ခုရှိတယ်။ ဘဝမှာအခက်အခဲတွေကြုံလာတိုင်း ကျနော်ကတော့ တောင်ဆိတ်ပုံကိုပြန်ပြန်ကြည့်ပြီး အားယူလေ့ရှိတယ်။..
ကိုယ်ရင်မဆိုင်ချင်လည်းရင်ဆိုင်ရလာတဲ့အခက်အခဲကို တောင်ဆိတ်လို used to အသားကျသွားဖို့ ကိုယ့်ဟာကိုယ်သတိပေးလေ့ရှိတယ်။

Credit # Maung Thar Cho

23/12/2021

( ဘဝ ) ဆိုတာကို မမှတ်မိတော့ရင်

( ဘဝင် ) ဆိုတာ ဖြစ်လာပါတယ်

ကိုယ်ဘယ်နေရာရောက်ရောက်

ဘယ်ရာထူးပဲရ နေပါစေ #

ကိုလာခဲ့တဲ့ဘဝကို မမေ့ပါနှင့် # #

Crd # #

14/12/2021

နေဝင်သွားရင် လထွက်လာမယ် တစ်ဖန် နေထွက်လာရင် လ ကပျောက်ကွယ်သွားမယ်သဘာဝတရားကြီးက အရာရာ ကောင်းဖို့အတွက် ပုံမှန်လည်ပတ်နေတာပါ ကျနော်တို့လူသားတွေလည်း ဖြစ်လာသမျှ အကောင်း( အဆိုး ) ဆိုတာကြီးကို လက်ခံနိုင်ရမယ် ( အကောင်းကိုပဲလက်ခံလို့မရဘူး) နေ့ကြီးပဲ တောင်းတလို့မရသလို
ညကြီးပဲနဲ့လည်းတောင်းတလို့မရနိုင်ပါဘူး အဲဒါကြောင့် ( ဘဝ ) မှာ အကောင်းဆုံးဖြစ်နေတဲ့အချိန်မှာ ပျော်ပါ / အဆိုးဆုံးဖြစ်လာတဲ့အချိန်မှာလည်း
ခံနိုင်ရှိအောင်ကြိုးစားပါ အားမငယ်ပါနဲ့
ည ပြီးရင် နေ့ ရောက်လာသလို
အဆိုးပြီးရင် အကောင်း ရောက်လာမှာပါ
အရာရာက ကောင်းဖို့အတွက်ဖြစ်လာတာပါ # # #

Crd Mr. Suger

Address

Hpo-chang
Hong Kong

Website

Alerts

Be the first to know and let us send you an email when SUGER MUSIC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category